အိပ်မက်ဆိုးသစ်သီး....
Vol. 75 Ch. 1052
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
ပထမရင်းမြစ်ကမ္ဘာ။
ဘိုးဘေးခြောက်ယောက်ကလည်း လင်းယွမ်၏ အချိန်အတိုင်းအတာမှ ဝေဝါးသွားသည်ကို တွေ့ရှိလိုက်ရသည်။
" ငါ့အထင် မကြာခင် နဂါးငွေ့တန်းရဲ့ စွမ်းအားက ငါ့တို့ကို လုံးဝ ကျော်တက်သွားတော့မှာပဲ။ " တဖုဘိုးဘေးက တွေးလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်။
" ဟမ် ဘာလို့ ဆက်ကြည့်လို့မရတော့တာလဲ။ "
လင်းယွမ်က အနာဂတ်တွင် အချိန်အရှင်သခင်ဖြစ်လာမည်မှာ သေချာသောကြောင့် သူတို့က အသက်ဆယ်ချောင်းရှိလျှင်တောင် လင်းယွမ်ကို ရန်စမည်မဟုတ်ပေ။ လင်းယွမ်က သူ၏ မူလခန္ဓာကိုယ်သုံးခုလုံး ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။
" ခရီးဆက်ကြတာပေါ့။ " ထိုက်ကျိမူလစိတ်ဝိညာဉ်က ယင်ယန်အသက်နှစ်ခုပန်းရှိရာသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။
" အင်မော်တယ်ရွှေက ဒီလောက်တောင်ကြီးတာလား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
" ဖိနှိပ်စမ်း။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ရွှေတောင်ကြီးကို ဖိနှိပ်လိုက်သည်။
လင်းယွမ်က အင်မော်တယ်ရွှေတောင်ကြီးကို သိမ်းဆည်းလိုက်ပြီး ထိုထဲတွင် အင်မော်တယ်ရွှေများကို စားသောက်နေသော ရွှေရောင်ပိုးကောင်လေးတစ်ကောင် ရှိနေသည်ကို တွေ့လိုက်ရသည်။
" ဟမ် " လင်းယွမ်က ဆက်သွားရင်း အတွေးနက်သွားသည်။ " ဒါက ငါမြင်တွေ့ခဲ့ရတဲ့ အချိန်အတိုင်းအတာတွေထဲက အကြီးမားဆုံးအခွင့်အရေးလား။ "
ယင်ယန်အသက်နှစ်ခုပန်းရှိရာသို့ သွားရာလမ်း၌ လင်းယွမ်က သူ၏ အနာဂတ်အချိန်အတိုင်းအတာကို အမြဲစောင့်ကြည့်နေခဲ့သည်။ သူ လှုပ်ရှားသင့် မလှုပ်ရှားသင့်ကိစ္စများကို ဆုံးဖြတ်နေခြင်းဖြစ်သည်။
" အနာဂတ် အချိန်အတိုင်းအတာထဲမှာ ဒီအခွင့်အလမ်းကို အချိန်သက်ရှိနှစ်ယောက်က ပစ်မှတ်ထားပြီးသားဖြစ်နေတယ်။ အရင်တုန်းက ဒီအချိန်အတိုင်းအတာကို စောင့်ကြည့်တုန်းက ဝေဝါးပြီး မရှင်းမလင်းဖြစ်နေခဲ့တယ်။ "
ထိုအချိန်သက်ရှိနှစ်ယောက်မှာ သာမန်မဟုတ်ကြောင်း လင်းယွမ်က တွေ့ရှိခဲ့ရသည်။ အကယ်၍ သူက လှုပ်ရှားပြီး သယတို့နှင့် ယှဉ်ပြိုင်ခဲ့လျှင် စစ်မှန်သော အချိန်အရှင်သခင်၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။
ထို့ကြောင့် လင်းယွမ်က လမ်းတစ်လျှောက်တွင် အခြားအချိန်သက်ရှိများနှင့် မထိတွေ့စေရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ ရှစ်ခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်ဖြစ်သော အရှင်သခင်အခွင့်အာဏာကို နိုးထပြီးနောက် လင်းယွမ်၏ ကိုယ်ပိုင်အချိန်အတိုင်းအတာက ချိတ်ပိတ်သွားပြီဖြစ်သည်။
အကယ်၍ သူက အခြားအချိန်သက်ရှိများနှင့် ထိတွေ့နေလျှင်တောင် သူတို့အတွက် တစ်စုံတစ်ခု သိရှိရန် ခက်ခဲသွားပြီဖြစ်သည်။
" ငါတစ်ချက်လောက် စမ်းကြည့်လို့ရတယ်။ " လင်းယွမ်က ဒိုင်မန်းရှင်းအက်ကြောင်းထဲတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ခဏအတွင်း သူက ရာနှင့်ချီသော အချိန်အတိုင်းအတာများကို စောင့်ကြည့်ပြီး ဖြစ်သည်။
" အခြေအနေက ဒီလိုဆိုမှတော့ ဒါဆို ငါလှုပ်ရှားလိုက်တော့မယ်။ " လင်းယွမ်က စိတ်ပိုင်းဖြတ်လိုက်သည်။ " အဲ့ဒီအခွင့်အလမ်းက ရင့်ကျက်ဖို့ နောက်ထပ်နှစ်တစ်ရာလောက် လိုသေးတယ်။ "
လင်းယွမ်က သူ၏ မူလခန္ဓာကိုယ်ကို ဆင့်ခေါ်ရန် ထိုက်ကျိမူလစိတ်ဝိညာဉ်ကို အခြေပြုမှတ်အဖြစ် စတင်အသုံးပြုလိုက်သည်။ မူလခန္ဓာကိုယ်က ဤနေရာသို့ ရောက်ရှိလာရန် အလွန်ဆုံး နှစ်အနည်းငယ်သာ ကြာမြင့်ပေလိမ့်မည်။
အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်ရာကြာသွားခဲ့သည်။ ကြီးမားလှသော အနက်ရောင်သစ်ပင်ကြီးတစ်ပင်က အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ဖြည်းညင်းစွာ လွင့်မျောနေသည်။
ထိုအနက်ရောင်သစ်ပင်ကို အိပ်မက်ဆိုးသစ်ပင်ဟုခေါ်ပြီး ၎င်းမှ အိပ်မက်ဆိုးသစ်သီးက စတင်ထွက်ပေါ်လာသည်။ အိပ်မက်ဆိုးမျိုးနွယ်များက ရူးသွပ်သွားကြပြီး အိပ်မက်ဆိုးသစ်သီးရှိရာသို့ ဦးတည်လာကြသည်။ အိပ်မက်ဆိုးသစ်ပင်ပတ်လည်ရှိ အချိန်လေဟာနယ်က အေးခဲသွားပြီး ကြီးမားသော မျက်နှာကြီးတစ်ခု ထွက်လာခဲ့သည်။
" ဒါက အချိန်သက်ရှိတစ်ယောက်ပဲ။ "
"မျက်နှာတစ်ထောင် ဒီအိပ်မက်ဆိုးသစ်သီးက ငါ့အတွက်ပဲ။ "
အချိန်သက်ရှိနှစ်ယောက်က ပြင်းထန်သော တိုက်ပွဲတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
" အိပ်မက်ဆိုးသစ်သီး " အချိန်သက်ရှိနှစ်ယောက်တိုက်ခိုက်နေစဉ် သစ်ပင်၏ ထိပ်ဖျားတွင် ပုံရိပ်တစ်ခုက တိတ်တဆိတ် ပေါ်လာသည်။ ၎င်းမှာ လင်းယွမ်ပင်ဖြစ်၏။
" ဒီအိပ်မက်ဆိုးသစ်သီးက အချိန်သက်ရှိတစ်ယောက်ရဲ့ စိတ်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်။ " လင်းယွမ်၏ မျက်လုံးများတွင် လိုချင်တပ်မက်မှုများ ပေါလာသည်။
" ရယူမယ်။ " လင်းယွမ်က လက်လှမ်းပြီး အိပ်မက်ဆိုးသစ်သီးကို ယူလိုက်သည်။ ကြီးမားသော အိပ်မက်ဆိုးသစ်သီးက လင်းယွမ်၏ အတွင်းစကြာဝဠာထဲသို့ တိုက်ရိုက်ရောက်ရှိသွားသည်။
" ဒါ ဘယ်သူလဲ။ " အသီးပျောက်ကွယ်သွားခြင်းက အချိန်သက်ရှိနှစ်ယောက်၏ အာရုံကို ဆွဲဆောင်သွားသည်။ သူတို့ မြင်တွေ့ခဲ့ရသော အချိန်အတိုင်းအတာများတွင် ထိုမြင်ကွင်းမျိုး တစ်ခါမှမရှိခဲ့ပေ။
" ကဲ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က အချိန်သက်ရှိနှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်သည်။ သူ၏ ပုံရိပ်က တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။
" မဖြစ်ဘူး။ " မျက်နှာတစ်ထောင်က ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး လင်းယွမ်ကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
လင်းယွမ်၏ ပုံရိပ်က ရုတ်တရက် ပေါ်လာသည်။ မကြာမီ သူ၏ စိတ်ထဲတွင် တုန်လှုပ်မှုတစ်ခု ပေါ်လာသည်။
" ထွက်သွားမှဖြစ်မယ်။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။ သူ၏ လက်ရှိစွမ်းအားက အချိန်သက်ရှိနှစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
လင်းယွမ်က နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ်သွားသည်။ အချိန်သက်ရှိနှစ်ယောက်က အလွန်ဒေါသထွက်သွားကြသည်။ သို့သော် မျက်နှာတစ်ထောင် အချိန်သက်ရှိက လိုက်လံတိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ ဆင်ခြင်တုံတရားက သူ့ကို ပြန်လည်ထိန်းချုပ်လိုက်သည်။
" သွားပြီး မနှောက်ယှက်တာ အကောင်းဆုံးပဲ။ " မျက်နှာတစ်ထောင်အချိန်သက်ရှိက လိုက်လံတိုက်ခိုက်ရန် အကြံကို ချက်ချင်း လက်လျှော့လိုက်သည်။
ဒိုင်မန်းရှင်းအက်ကြောင်းထဲတွင် မျက်နှာတစ်ထောင်နှင့် လင်းဟန်ကွေ့တို့က အဝေးသို့ လှမ်းကြည့်နေကြသည်။
" မျက်နှာတစ်ထောင် အဲ့ဒါမင်းရဲ့ အပေါင်းအသင်းလား။ အထင်ကြီးစရာပဲ။ " လင်းဟန်ကွေ့က မျက်နှာတစ်ထောင်ကို ကြည့်ပြီး ပြောလိုက်သည်။
" ငါ သူ့ကို မသိဘူး။ " မျက်နှာတစ်ထောင်အချိန်သက်ရှိက ခေါင်းခါလိုက်သည်။ သူကလည်း လင်းဟန်ကွေ့ တစ်စုံတစ်ယောက်ကို အကူအညီတောင်းထားသည်ဟု ထင်ခဲ့သည်။
" မသိဘူးလား။ " လင်းဟန်ကွေ့က ထိုစကားကို သံသယမဝင်ပေ။ အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်ကို လှည့်စားရန် သို့မဟုတ် ဖုံးကွယ်ရန် ခက်ခဲလှသည်။
" ဘယ်သူထင်မိမှာလဲ။ ငါတို့ နှစ်ပေါင်းများစီစဉ်ခဲ့ပေမယ့် ငါတို့နှစ်ယောက်လုံး အိပ်မက်ဆိုးသစ်သီးကို မရခဲ့ကြဘူး။ " မျက်နှာတစ်ထောင် အချိန်သက်ရှိက ရေရွတ်လိုက်သည်။
ယနေ့အတွက် သူတို့က နှစ်ပေါင်းသန်းချီ အချိန်အတိုင်းအတာများကို စောင့်ကြည့်ခဲ့ကြသည်။ အိပ်မက်ဆိုးသစ်သီးကို ရရှိနိုင်ခြေ ၆၀ ရာခိုင်နှုန်းရှိသည်ဟု တွက်ချက်ထားခဲ့ခြင်းဖြစ်သည်။
" ငါတို့တွေ မမြင်နိုင်တဲ့ အချိန်အတိုင်းအတာတွေ ရှိနေတာကတော့ သာမန်မဟုတ်ဘူး။ " လင်းဟန်ကွေ့က လေးနက်စွာ ပြောလိုက်သည်။
" ဖြစ်နိုင်တာ သူက အလွှာဆယ့်သုံး အထွတ်အထိပ် ရောက်ခါနီးနေတာ ဒါမှမဟုတ် အချိန်အရှင်သခင်တစ်ယောက်နဲ့ နက်ရှိုင်းတဲ့ ပက်သက်မှုမျိုး ရှိနေလိမ့်မယ်။ " မျက်နှာတစ်ထောင်အချိန်သက်ရှိက ခေါင်းညိမ့်လိုက်သည်။ " ဘာပဲဖြစ်ဖြစ် ငါတို့ သွားမရှုပ်တာ အကောင်းဆုံးပဲ။ "
" ဒါပေမယ့် အဲ့လိုတည်ရှိမှုမျိုးက အိပ်မက်ဆိုးသစ်သီးကို စိတ်ဝင်စားပြီး ဘာလို့ကိုယ်တိုင်တောင် လာယူတာလဲ။ " လင်းဟန်ကွေ့က နားမလည်နိုင်ဖြစ်နေသည်။
သက်ဆိုင်ရာအချိန်အတိုင်းအတာကို မမြင်နိုင်သည့်အတွက် သူတို့က လင်းယွမ်၏ ရည်ရွာ်ချက်ကို မသိနိုင်ကြပေ။
မျက်နှာတစ်ထောင်အချိန်သက်ရှိက ခေါင်းခါလိုက်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
အဝေးရှိ အိပ်မက်ဆိုးသစ်ပင်ပေါ်မှ အိပ်မက်ဆိုးမျိုးနွယ်များက နောက်ဆုံးတွင် ခေါင်းမော့ကြည့်လိုက်ကြသည်။
" ကြီးမြတ်တဲ့အချိန်သက်ရှိတွေ ထွက်သွားပြီလား။ " အိပ်မက်ဆိုးမျိုးနွယ်ဝင်များက စကားပြောလိုက်ကြသည်။
" မီတာတစ်သောင်းရှိတဲ့ အိပ်မ်ဆိုးသစ်သီးကို အချိန်သက်ရှိတစ်ယောက်က ယူသွားပြီ။ "
အလွန်ဝေးကွာသော နေရာတစ်ခုတွင် လင်းယွမ်က ရပ်လိုက်သည်။ " ငါ့နောက်ကို လိုက်မလာကြဘူးပဲ။ "
အိပ်မက်ဆိုးသစ်သီးကို လုယူပြီးနောက် အရှင်သခင်အခွင့်အာဏာကြောင့် အချိန်သက်ရှိနှစ်ယောက်က သူ့နောက်သို့ မလိုက်ရဲကြပေ။ အချိန်သက်ရှိများက အကျိုးနှင့်အပြစ်ကို အကောင်းဆုံးချိန်ဆတတ်သူများ ဖြစ်ပြီး စိတ်လိုက်မာန်ပါ လုပ်ဆောင်ကြခြင်းမရှိပေ။
" သူတို့သာ လိုက်လာရင် ငါပြန်ပေးလိုက်မလို့ပါပဲ။ " လင်းယွမ်က တွေးလိုက်သည်။ သူက အစပိုင်းတွင် အိပ်မက်ဆိုးသစ်သီးကို လုယူရန် ကြိုးစားခြင်းမှာ စမ်းသပ်မှုတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
" ပြန်ရောက်ပြီ။ " လင်းယွမ်၏ မူလခန္ဓာကိုယ်က ဖရိုဖရဲဟင်းလင်ပြင်သို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။
" ရတနာတွေအများကြီးပဲ။ " လင်းယွမ်က အလွန်ကျေနပ်နေသာ်။ တန်ဖိုးအရှိဆုံး အိပ်မက်ဆိုးသစ်သီးအပြင် အခြားရတနာများလည်း ပါဝင်သည်။ သူက တန်ဖိုးရှိသော ရတနာများကို ရရှိခဲ့သည့်အတွက် စိတ်ကြည်လင်နေသည်။
" ထိုက်ကျိမူလစိတ်ဝိညာဉ်ပြန်ရောက်လာရင် မူလစိတ်ဝိညာဉ်ရဲ့ အဆုံးမဲ့အမှုန်ကမ္ဘာတွေကို ငါဖွင့်နိုင်ပြီ။ ရတနာအကြွင်းအကျန်အချို့ကိုတော့ လူသားမျိုးနွယ်ရဲ့ ရတနာတိုက်ထဲကို ထည့်ပေးလိုက်မယ်။ "