← Chapters

ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်စက်ဝန်းများ...

Vol. 75 Ch. 1053

ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်စက်ဝန်းများ...

Vol. 75 Ch. 1053

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" အိပ်မက်ဆိုးသစ်သီး " လင်းယွမ်က ယခုခရီးစဉ်၏ အကြီးမားဆုံး အကျိုးအမြတ်ကို ကြည့်လိုက်သည်။ အချိန်သက်ရှိများ၏ စံနှုန်းက အလွန်မြင့်မားပြီး အလွန်တန်ဖိုးကြီးသည့်အရာမဟုတ်လျှင် ဝင်ရောက်စွက်ဖက်ကြမည်မဟုတ်ပေ။

" ဒါကို သန့်စင်လိုက်မယ်။ " လင်းယွမ်က တုန့်ဆိုင်းခြင်းမရှိပေ။

အိပ်မက်ဆိုးများက လင်းယွမ်၏ စိတ်စွမ်းအားကို အဆက်မပြတ် သန့်စင်ပေးပြီး ယခင်က ရပ်တန့်ခဲ့သော စိတ်စွမ်းအားက တစ်ဖန် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

လင်းယွမ်က အရှင်မိုရှုဖန်တီးထားသော အခြားအလွှာဆယ့်သုံးအမွေအနှစ် ခြောက်ခုကိုလည်း နားလည်ရန် ကြိုးစားနေခဲ့သည်။

" အရှင်မိုရှုရဲ့ လမ်းစဉ်က အလားအလာအများကြီးရှိတာပဲ။ အချိန်သက်ရှိဖြစ်လာရင်တောင် အချိန်သက်ရှိတွေကြားမှာ အစွမ်းထက်တဲ့သူဖြစ်လာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။ သို့သော် အမွေအနှစ်ခုနှစ်ခုလုံးကို တပြိုင်နက်တိုးတက်ရန် အလွန်ခက်ခဲလှသည်။

ဒုတိယရင်းမြစ်ကမ္ဘာ။

လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

" သိုင်းတာအို..." နှစ်ပေါင်းတစ်သောင်းကျော် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် သိုင်းတာအိုက ဂိုဏ်းများကြားတွင် ထွန်းကားနေပြီဖြစ်သည်။

" အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဆဋ္ဌမအဆင့်ကို အပြည့်အဝ ကျင့်ကြံပြီးပြီ။ အလွှာဆယ့်သုံးကို တက်လှမ်းဖို့အတွက် ဖရိုဖရဲထိုက်ကျိလမ်းစဉ်က တတိယအဆင့်ကို ရောက်ဖို့ပဲ လိုတယ်။ "

အလွှာဆယ့်သုံးသို့ တက်လှမ်းရာတွင် ကြုံတွေ့ရမည့် အချိန်စက်ဝန်းစမ်းသပ်မှုကို လင်းယွမ်အနေဖြင့် အနာဂတ်အချိန်အတိုင်းအတာများမှ မမြင်နိုင်ပေ။

" ငါ့ရဲ့ လက်ရှိပြင်ဆင်မှုတွေကတော့ တည်ငြိမ်နေပါပြီ။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။

ထိုက်ကျိမူလစိတ်ဝိညာဉ်က နောက်ဆုံးတွင် ယင်ယန်အသက်နှစ်ခုပန်းရှိရာသို့ ရောက်ရှိသွားခဲ့သည်။ မြင့်မားသော ရေခဲတောင်ကြီးက အလွန်အေးစက်သော အော်ရာကို ထုတ်လွှတ်နေပြီး ၎င်း၏ အနီးတွင် ယန်မီးတောက်များ ပြည့်လျှံနေသော မီးတောင်ကြီးတစ်ခု ရှိနေသည်။

" ဒီဒိုင်မန်းရှင်းအက်ကြောင်းက တကယ်အံ့ဩစရာပဲ။ " လင်းယွမ်က စိတ်ထဲမှ အံ့ဩနေသည်။ " ယင်ယန်အသက်နှစ်ခုပန်းက ရေခဲတောင်နဲ့ မီးတောင်တို့ ထိစပ်နေတဲ့ ကြားနယ်မြေမှာ ပေါက်ဖွားလာတာပဲ။ "

ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားသော လက်ကြီးတစ်ဖက်က ရေခဲတောင်နှင့် မီးတောင်ဆီသို့ ဖြည်းညင်းစွာ လှမ်းလာခဲ့သည်။ လင်းယွမ်က သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်သောအခါ ရေခဲတောင်နှင့် မီးတောင်တို့က သူ၏ လက်ထဲတွင် ငြိမ်သက်စွာ ပျံဝဲနေသည်။ သူက ယင်ယန်အသက်နှစ်ခုပန်းကို ရရှိသွားခဲ့ပြီဖြစ်သည်။

ယင်ယန်အသက်နှစ်ခုပန်းက သူ့အတွက် အသုံးဝင်သောကြောင့် ၎င်းတို့ကို ပျိုးထောင်ပေးသော ရေခဲတောင်နှင့် မီးတောင်တို့ကိုပါ တစ်ခါတည်း ယူဆောင်သွားခြင်းဖြစ်သည်။

" ပြန်ဖို့ အချိန်ကျပြီ။ " လင်းယွမ်က ရေခဲတောင်နှင့် မီးတောင်တို့ကို အတွင်းစကြာဝဠာထဲသို့ ထည့်သွင်းပြီးနောက် ဖရိုဖကဲဟင်းလင်းပြင်သို့ ပြန်လည်ဦးတည်လာခဲ့သည်။ သူက အလွှာဆယ့်သုံးသို့ မရောက်ရှိသေးသောကြောင့် ဒိုင်မန်းရှင်းအက်ကြောင်းထဲတွင် ကြာကြာမနေဘဲ အမြန်ပြန်ခြင်းက အကောင်းဆုံးဖြစ်သည်။

" သာမန်အချိန်အတိုင်းဆိုရင် ငါက အနည်းဆုံး နှစ်ပေါင်းသောင်းချီ စောင့်ရလိမ့်မယ်။ ဒါပေမယ့် အခုတော့ နှစ်အနည်းငယ်က လုံလောက်သွားပြီ။ ဖရိုဖရဲထိုက်ကျိလမ်းစဉ်ရဲ့ တတိယအဆင့်က အလွှာဆယ့်သုံးမရောက်ခင် အမြင့်ဆုံးအဆင့်ပဲ။ "

နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ။

လင်းယွမ်က သီးခြားစကြာဝဠာ ၃၃ခုကို ဖန်တီးခဲ့သေည်လည်း နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေက လူသားမျိုးနွယ်၏ အဓိက ခံတပ်ကြီးအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

" ငါ လူသားမျိုးနွယ်ရဲ့ ရတနာတိုက်ထဲကို ရတနာအချို့ ထည့်ပေးမလို့ပဲ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

ရှချင်နှင့် ရှုချန်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ " လင်းယွမ် မင်းငါတို့ လူသားမျိုးနွယ်အတွက် လုပ်ပေးခဲ့တာတွေများပြီ။ မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုကို မထိခိုက်စေနဲ့။ "

လင်းယွန်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ ရုတ်တရက်ဆိုသလို ပစ္စည်းအမြောက်အမြားကျဆင်းလာပြီး သာမန်ရတနာများအပြင် အလောင်းများလည်း ပါဝင်နေသည်။

" ဒီအလောင်းတွေက ဒိုင်မန်းရှင်းအက်ကြောင်းထဲက သက်ရှိတွေရဲ့ အလောင်းတွေပဲ။ သူတို့ထဲမှာ ကောင်းမွန်တဲ့ လမ်းစဉ်တွေပါဝင်နေတယ်။ "

" ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေထက် ပိုပြီး အစွမ်းထက်တာလား။ " ရွှမ်ယွမ်က မှင်သက်သွားသည်။

ပြိုင်ဘက်ကင်းမဟာသူတော်စင်များထက် အစွမ်းထက်သော သက်ရှိပေါင်းများစွာကို လင်းယွမ်က သတ်ဖြတ်ပြီး ဤနေရာသို့ ယူဆောင်လာခဲ့သည်။ ရွှမ်ယွမ်နှင့် အခြားသူများက အသက်ပြင်းပြင်းရှူလိုက်ကြသည်။

" အဖေနဲ့အမေ..." လင်းယွမ်၏ အကြည့်က ဖရိုဖရဲဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်။

သူက လင်းချောင်ချန်နှင့် လုချုံးတို့ကို သီးခြားစကြာဝဠာတစ်ခုထဲတွင် နေထိုင်ရန် စီစဉ်ပေးထားပြီဖြစ်သည်။ သီးခြားစကြာဝဠာ ၃၃ခုက လူသားမျိုးနွယ်အတွက် လင်းယွမ် ဖန်တီးပေးထားသော အခိုင်မာဆုံးခံတပ်များဖြစ်သည်။

သူ၏ မိဘများက အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် အလားအလာမှာ မမြင့်မားလှပေ။ လင်းယွမ်က သူတို့၏ အသက်တံဆိပ်များကို သီးခြားစကြာဝဠာ၏ အချိန်မြစ်ထဲသို့ ပြောင်းရွှေ့ထားခဲ့သည်။ အသက်တံဆိပ်များက သီးခြားစကြာဝဠာ၏ အချိန်မြစ်အတွင်းရှိနေသောကြောင့် သူတို့၏ သက်တမ်းကန့်သတ်ချက်က မရှိတော့ပေ။

၎င်းမှာ လင်းယွမ်က သူ၏ မိဘများအတွက် အထူးလုပ်ဆောင်ပေးထားခြင်းဖြစ်သည်။

လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်ကို ဆက်လက်စောင့်ကြည့်နေသည်။

" ဒါက အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားတုန်း အချိန်စက်ဝန်းထဲမှာ ပိတ်မိသွားတဲ့ ဖရိုဖရဲအဆင့် အထွတ်အထိပ်တွေလား။ "

မည်သည့်ဒိုင်မန်းရှင်းတွင်ဖြစ်သေ အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားသည်နှင့် အချိန်စက်ဝန်းထဲသို့ ကျဆင်းခြင်းက ရှောင်လွှဲ၍ မရသော ကံကြမ္မာပင်ဖြစ်သည်။

" အများကြီးပါလား။ " လင်းယွမ်က ဝေ့ကြည့်လိုက်ရာ ပြန့်ကျဲနေသော အချိန်စက်ဝန်းများကို တွေ့လိုက်ရသည်။

" နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် " လင်းယွမ်က အချိန်စက်ဝန်းတစ်ခုကို ကြည့်လိုက်သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ပိတ်မိနေသော အချိန်စက်ဝန်းက ပတ်ဝန်းကျင်မှ အခြားအချိန်စက်ဝန်းများထက် ပိုမိုကြီးမားသည်။

"အလွှာဆယ့်သုံးကို ရောက်သွားရင် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ရဲ့ အချိန်စက်ဝန်းကို ထိုးဖောက်ဖို့ ငါကြိုးစားကြည့်ရမယ်။ "

လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် ကံတရားဆက်နွယ်မှုရှိပြီး သူချန်ထားခဲ့သော အကျိုးကျေးဇူးများကို ရရှိထားသည်။ သို့သော် အချိန်စက်ဝန်းကို ပြင်ပစွမ်းအားဖြင့် ထိုးဖော်ခဲ့လျှင် အတွင်း၌ ရှိသော သက်ရှိမှာ အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်လာရန် အခွင့်အရေးကို ဆုံးရှုံးသွားပေလိမ့်မည်။

" ပြီးတော့ ဧကရာဇ်ရွှမ်ဟွမ်။ သူက အချိန်စက်ဝန်းကို အတင်းအကျပ် ထိုးဖောက်ခဲ့လို့ လုံးဝပျက်စီးသွားခဲ့ရတယ်။ အချိန်သက်ရှိဖြစ်လာရင် သူ့ရဲ့ ချစ်သူအပါအဝင် အားလုံးကို ပြန်လည်ရှင်သန်အောင် လုပ်ပေးရမယ်။ " လင်းယွမ်က ကြိုတင်တွေးတောနေသည်။

အလွှာဆယ့်သုံး အချိန်သက်ရှိများက အလွှာဆယ့်နှစ် သက်ရှိများကို ပြန်လည်ရှင်သန်စေနိုင်စွမ်းရှိသည်။ သူတို့က အတိတ်တွင် တည်ရှိဖူးသရွေ့ သူတို့ကို ပြန်လည်ရှင်သန်စေနိုင်သည်။

လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးရှိ အချိန်စက်ဝန်းများကို ဆက်လက်စောင့်ကြည့်နေသည်။ အနက်ရှိုင်းဆုံးအပိုင်းက လုံးဝ တိတ်ဆိတ်နေပြီး လေ့လာရန်ပင် မသင့်တော့ပေ။

လင်းယွမ်က မကြာသေးမီက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားရင်း အချိန်စက်ဝန်းအတွင် ပိတ်မိသူများ ရှိနေသော အပြင်ဘက်နယ်မြေတစ်ဝိုက်တွင် လှည့်လည်ကြည့်ရှုနေခဲ့သည်။

" ဟမ် ဒီအချိန်စက်ဝန်းက..." လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ အချိန်စက်ဝန်းထက် ပိုမိုကြီးမားသော အချိန်စက်ဝန်းတစ်ခုကို ကြည့်လိုက်သည်။

" အချိန်စက်ဝန်းကို ထိုးဖောက်ဖို့ မျှော်လင့်ချက်ရှိနေတာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက အရှင်သခင်အခွင့်အာဏာမှတစ်ဆင့် အာရုံခံမိသောကြောင့် အခြားအချိန်သက်ရှိများထက် ပိုမိုတိကျစွာ ကောက်ချက်ချနိုင်လေသည်။

" ဒီအချိန်စက်ဝန်းရဲ့ အရှင်သခင်က လောဟောက်မဟာသူတော်စင်လား။ " လင်းယွမ်က ကြောင်းကျိုးဆက်နွယ်မှုကို အာရုံခံကြည့်လိုက်သည်။

" ဒီမဟာသူတော်စင်က ငါနဲ့ ဒီလောက်တောင် ကြောင်းကျိုးဆက်နွယ်မှုရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ "

လောဟောက်မဟာသူတော်စင်က အခြားမဟာသူတော်စင်များ သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်းရန် ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို စေခိုင်းခဲ့ပြီး ထိုသူနှစ်ယောက်က လင်းယွမ်၏ ဖရိုဖရဲကုန်းမြေအထိ ရောက်လာခဲ့ကြသည်။ ရလဒ်အနေဖြင့် လင်းယွမ်က သူတို့ကို အလွယ်တကူဖျက်ဆီးပစ်ခဲ့သည်။

ထို့ကြောင့် လောဟောက်မဟာသူတော်က အနှိုင်းမဲ့မဟာသူတော်စင်ဘွဲ့ကို လက်လျှော့ပြီး အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

" သူက အနှိုင်းမဲ့မဟာသူတော်စင်ဖြစ်ချင်တဲ့ စွဲလန်းမှုကို စွန့်လွှတ်လိုက်တာက သူ့အတွက် အချိန်သက်ရှိဘဖစ်လာဖို့ တံခါးဖွင့်ပေးလိုက်တာလား။ "လင်းယွမ်က အတွေးနက်သွားသည်။ လောဟောက်မဟာသူတော်စင်ပင် ၎င်းကို သတိပြုမိမည်မဟုတ်ပေ။

" စွဲလမ်းမှုလား။ " လင်းယွမ်က တွေးလိုက်သည်။ " စွဲလမ်းမှုက အချိန်စက်ဝန်းကို ထိုးဖောက်ဖို့ အများကြီး သက်ရောက်မှုရှိတာပဲ။ "

ဟင်းလင်းပြင်တစ်ခုတွင် အလွှာဆယ့်သုံးအချိန်သက်ရှိများက စုဝေးနေကြသည်။

" နဂါးငွေ့တန်းက ပိုပြီးတော့ ခန့်မှန်းရခက်လာပြီ။ "

" ဒါက အချိန်အရှင်သခင်ဖြစ်လာဖို့ ကံပါလာတဲ့ တည်ရှိမှုမျိုးပဲ။ "

" သူက အချိန်အရှင်သခင် ပြန်ဝင်စားတာဖြစ်ဖြစ်မဖြစ်ဖြစ် နဂါးငွေ့တန်းက ငါတို့ ဖရိုဖရဲဟင်းလင်းပြင်ကဆိုတာကတော့ အသေအချာပဲ။ " အရှင်မိုရှုက ပြုံး၍ ပြောလိုက်သည်။ " ဒိုင်မန်းရှင်းတစ်ခုတည်းက ဖြစ်တဲ့အတွက် ငါတို့ရဲ့ ဆက်ဆံရေးက ရင်းနှီးနေမှာပဲ။ "

All Chapters