← Chapters

ကောင်းကင်မြစ်နှလုံးသား...

Vol. 75 Ch. 1054

ကောင်းကင်မြစ်နှလုံးသား...

Vol. 75 Ch. 1054

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ဒါနဲ့ ကောင်းကင်မြစ်ဒိုင်မန်ရှင်းနယ်မြေက ဘယ်လိုရှိလဲ။ " အရှင်မိုရှုက အခြားအချိန်သက်ရှိများကို မေးလိုက်သည်။

ကောင်းကင်မြစ်ဒိုင်မန်းရှင်းနယ်မြေက ကြီးမားပြီး ရှုပ်ထွေးသော်လည်း ပြင်ပမှ အချိန်သက်ရှိများကို ပိတ်ပင်ထားခြင်းမရှိပေ။

" စိတ်ချပါ။ ဒီတစ်ခါ ပေါ်လာမယ့် ကောင်းကင်မြစ်နှလုံးသားက ငါတို့အတွက် ဖြစ်လိမ့်မယ်။ "

ကောင်းကင်မြစ်နှလုံသားဆိုသည်မှာ ရတနာတစ်ခုဖြစ်ပြီး ၎င်းကို သန့်စင်လိုက်လျှင် မူလရင်းမြစ်၏ လည်ပတ်ပုံများကို တိုက်ရိုက်သိမြင်နိုင်သည်။

" ဒါဆို နဂါးငွေ့တန်း အလွှာဆယ့်သုံးကို တက်လှမ်းတဲ့အခါ ငါတို့ သူ့ကို ပေးဖို့အတွက် လက်ဆောင်တစ်ခု ရပြီပေါ့။ "

ကောင်းကင်မြစ်နှလုံးသားက အချိန်သက်ရှိများအတွက် အိပ်မက်ဆိုးသစ်သီးထက်ပင် ပို၍ ဆွဲဆောင်နိုင်သည်။ အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိခြောက်ယောက်က အခြားအချိန်သက်ရှိများနှင့် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ကောင်းကင်မြစ်နှလုံးသားကို ရရှိနိုင်မည့်အခွင့်အလမ်းကို ရရှိခဲ့ကြခြင်းဖြစ်သည်။

ဒုတိယရင်မြစ်ကမ္ဘာ။

လင်းယွမ်က သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။ ထိုနေရာတွင် ရင်းမြစ်ကမ္ဘာ ၃၃ခု၏ ဆုံမှတ်များ ရှိနေသည်။ ယခုအချိန်တွင် သူက ဒုတိယရင်းမြစ်ကမ္ဘာအထိသာ လေ့လာရသေးပြီး ရင်းမြစ်ကမ္ဘာ ၃၁ခု ကျန်သေးသည်။

ယခင်က ဆင်းသက်ခြင်းမပြုသေးသည့် အကြောင်းရင်းမှာ နောက်ထပ် ရင်းမြစ်ကမ္ဘာက သူ့အတွက် အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြစ်စေသောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် သူ၏ စွမ်းအားက လုံလောက်အောင် သန်မာနေပြီး အလွှာဆယ့်သုံးသို့ တက်လှမ်းပြီးနောက် ဆက်လက်ူးစမ်းလေ့လာရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။

ထိုသို့တွေးပြီးနောက် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။ သူက သူ၏ စိတ်အသိတစ်စိတ်တစ်ပိုင်းကို ခွဲထုတ်လိုက်ပြီး ဂိတ်တံခါး၏ ရှုထောင့်မှတစ်ဆင့် တတိယရင်းမြစ်ကမ္ဘာကို လေ့လာရန် ကြိုးစားလိုက်သည်။

ထိုအရာမှာ လင်းယွမ်က ရင်းမြစ်ကမ္ဘာတစ်ခုသို့ ဆင်းသက်ခါနီးတိုင်း ပြုလုပ်လေ့ရှိသော အရာပင်ဖြစ်သည်။ သို့သော် နောက်ခဏတွင် လင်းယွမ်က ဂိတ်တံခါးမှ သတိပေးချက်တစ်ခုကို လက်ခံရရှိခဲ့သည်။

" အန္တရာယ်လား။ တတိယရင်းမြစ်ကမ္ဘာက ငါ့အတွက် ခြိမ်းခြောက်နိုင်လောက်တဲ့အထိ ဖြစ်နိုင်တာလား။ " လင်းယွမ်က သူ၏ စိတ်အသိကို ရုတ်သိမ်းလိုက်ပြီး နက်ရှိုင်းစွာ တွေးလိုက်သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆုံးဖြတ်ချက်အရ အန္တရာယ်ဆိုသည်မှာ လင်းယွမ်၏ မူလခန္ဓာကိုယ်များနှင့် ကိုယ်ပွားအားလုံး ပြန်လည်ကုစား၍ မရသော ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ခြေကို ရည်ညွှန်းခြင်းဖြစ်သည်။

မူလခန္ဓာကိုယ်များက ကြောင်းကျိုးဆက်နွယ်မှုသီးခြားဖြစ်တည်နေပြီး မှတ်ဉာဏ်ကလည်း ထိုသို့ဖြစ်နိုင်လေသည်။ အကြောင်းမှာ မူလခန္ဓာကိုယ်များအားလုံးက စိတ်အသိနှင့် မှာတ်ဉာဏ်တစ်ခုတည်း မျှဝေထားသောကြောင့် ဖြစ်သည်။

အကယ်၍ မှတ်ဉာဏ်ညစ်ညမ်းမှုတစ်ခုခုဖြစ်ပေါ်ခဲ့လျှင် ၎င်းက မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားအားလုံးကို သေချာပေါက် သက်ရောက်စေမည်ဖြစ်သည်။ ပထမရင်းမြစ်ကမ္ဘာကို စတင်ဆင်းသက်ချိန်တွငိ ဒုတိယရင်းမြစ်ကမ္ဘာကို လေ့လာကြည့်သောအခါတွင်လည်း ထိုသို့သော သတိပေးချက်မျိုး ရရှိခဲ့သည်။

ဒုတိယရင်းမြစ်ကမ္ဘာမှ နတ်ဆိုးစွမ်းအားက အနှစ်သာရအားဖြင့် အချိန်အရှင်သခင်တစ်ယောက်၏ လက်ကျန်စွမ်းအားပင်ဖြစ်သည်။ ၎င်း၏ အဆင့်က စိတ်ကူးမယဉ်နိုင်လောက်အောင် မြင့်မားသည်။ ထိုအချိန်က လင်းယွမ်အနေဖြင့် ၎င်းကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။

ယခုအခါတွင်မူ တတိယရင်းမြစ်ကမ္ဘာကို လေ့လာကြည့်ရာတွင်လည်း အလားတူသတိပေးချက်မျိုး ရရှိခဲ့သည်။

"တတိယရင်းမြစ်ကမ္ဘာက ဘယ်လိုကမ္ဘာမျိုးမလို့ ငါ့အတွက် ခြိမ်းခြောက်မှုပေးနိုင်ရတာလဲ။ " လင်းယွမ်က ထိတ်လန့်သွားခဲ့ရသည်။

သူ၏ အမြင်တွင် မူလခန္ဓာ သို့မဟုတ် ကိုယ်ပွားတစ်ခု ကျဆုံးသွားခြင်းမှာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ။ အဆိုးဆုံးမှာ သူက နောက်တစ်ကြိမ် ပြန်လည်ဆင်းသက်ရုံသာဖြစ်သည်။ လင်းယွမ်၏ လက်ရှိစွမ်းအားအရ မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားများကို ထိခိုက်စေနိုင်သည့်အရာမှာ များများစားစား မရှိပေ။

" တတိယရင်းမြစ်ကမ္ဘာမှာ အချိန်အရှင်သခင်တစ်ယောက်ယောက် ရှိနေတာလား။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်အရှင်သခင်၏ နည်းလမ်းများနှင့် စွမ်းရည်များမှာ နားလည်ရခက်ခဲလှသည်။ အစွမ်းထက်သော အချိန်အရှင်သခင်တစ်ယောက်က အတိတ်ကို အနည်းငယ် ပြောင်းလဲနိုင်စွမ်းရှိသည်။

သို့သော် အတိတ်ကို ပြောင်းလဲခြင်းက အလွှာဆယ့်လေး ပြည့်စုံသော အချိန်သက်ရှိ၏ အာရုံစိုက်မှုကို ခံရရန် အလွန်နီးစပ်သောကြောင့် ဖြစ်သည်။ အမှန်တကယ် အချိန်သက်ရှိများက သက်ရှိများ၏ ထိပ်ဆုံးတွင် ရပ်တည်နေကြသော်လည်း လက်တွေ့တွင်မူ ထိုအချိန်သက်ရှိများက ပြည့်စုံသောအချိန်သက်ရှိတစ်ယောက် မရည်ရွယ်ဘဲ ဖန်တီးထားသော အရုပ်များ ဖြစ်နိုင်ခြေရှိသည်။

ပြည့်စုံသော အချိန်သက်ရှိတစ်ယောက် ခွင့်ပြုမှသာ အချိန်သက်ရှိများ တည်ရှိနိုင်သောကြောင့်ဖြစ်သည်။

" ထားလိုက်ပါတော့။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သတိပေးချက်ကို လက်ခံခြင်းက ပိုကောင်းပေသည်။

သူက အလွှာဆယ့်သုံးသို့ မရောက်မီ တတိရင်းမြစ်ကမ္ဘာကို ဆင်းသက်ရန် ရည်ရွယ်ထားခြင်းမရှိပေ။ ယခုအချိန်တွင် လင်းယွမ်၏ စွမ်းအားက ကဏ္ဍပေါင်းစုံတွင် အကန့်အသတ်သို့ ရောက်နေပြီဖြစ်ပြီး ဆက်လက်တိုးမြှင့်နိုင်သောအရာမှာ ဖရိုဖရဲထိုက်ကျိလမ်းစဉ်သာဖြစ်သည်။

လင်းယွမ်က ယင်ယန်အသက်နှစ်ခုပန်းကို လေ့လာနေသောကြောင့် ဖရိုဖရဲထိုက်ကျိလမ်းစဉ်က လျင်မြန်စွာ တိုးတက်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် တတိယရင်းမြစ်ကမ္ဘာမှ အကျိုးအမြတ်များ ရရှိလျှင်တောင် လင်းယွမ်အတွက် ကြီးမားသော အထောက်အကူဖြစ်လာမည်မဟုတ်ပေ။ အလွှာဆယ့်သုံးသို့ ရောက်ပြီးမှ ဆင်းသက်ခြင်းက ပိုကောင်းလေသည်။

ဖရိုဖရဲဟင်းလင်းပြင်နှင့် အလွန်ဝေးကွာသော နေရာတွင် အဆုံးမရှိ ကျယ်ပြောလှသော ကောင်းကင်မြစ်တစ်စင်းက အချိန်လေဟာနယ်များစွာကို ဖြတ်သန်းစီးဆင်းသွားသည်။

၎င်းမှာ ကောင်းကင်မြစ်ဒိုင်မန်ရှင်း ဖြစ်ပြီး အလွန်ထူးခြားကာ ပြင်ပလူများကို ပတ်ပင်ထားခြင်းမရှိသော ဒိုင်မန်းရှင်းနယ်မြေတစ်ခုဖြစ်သည်။ ပိတ်ပင်ထားခြင်းမရှိသောကြောင့် ကောင်းကင်မြစ် ဒိုင်မန်းရှင်းတွင် အချိန်သက်ရှိတစ်ရာနီးပါး ရှိနေသည်။

" ကောင်းကင်မြစ်နှလုံးသား။ " ခန့်ညားထည်ဝါသော ကောင်းကင်မြစ်၏ အလယ်တွင် အချိန်သက်ရှိခုနှစ်ယောက်က မြင့်မားစွာ ရပ်နေကြသည်။

" အများဆုံး နှစ်လေးထောင်အတွင်း ကောင်းကင်မြစ်နှလုံးသားက ပုံပေါ်လာလိမ့်မယ်။ " အရှင်မိုရှုက ပြောလိုက်သည်။ သူတို့က ကောင်းကင်မြစ်နှလုံးသားကို လင်းယွမ်အား လက်ဆောင်ပေးကြမည်ဖြစ်သည်။

" ဟမ် မကောင်းတော့ဘူး။ " အရှင်မိုရှုက အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ရင်း တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

အနာဂတ်အချိန်အတိုင်းအတာတစ်ခုက ရုတ်တရက် လျင်မြန်စွ ပြန့်ကားလာပြီး အရှင်မိုရှုမြင်နိုင်သော အနာဂတ်အချိန်အတိုင်းအတာအားလုံး၏ သုံးပုံတစ်ပုံကို နေရာယူသွားခဲ့သည်။

" ဒါက ဘာလဲ။ " အရှင်မိုရှု၏ အမူအရာက လေးနက်သွားသည်။ " ထိုက်ရှုနယ်မြေက အချိန်သက်ရှိတွေကလည်း ဒီကောင်းကင်မြစ်နှလုံးသားကို လုယူချက်နေကြတာလား။ "

ထိုက်ရှုနယ်မြေက သန်မာသော ဒိုင်မန်းရှင်းနယ်မြေတစ်ခုဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်ထက် မနိမ့်ကျပေ။

" ထိုက်ရှုနယ်မြေက အချိန်သက်ရှိတွေ​က ကောင်းကင်မြစ်နှလုံးသားကို ဘာလို့အသည်းအသန် လိုချင်နေကြတာလဲ။ " အရှင်မိုရှုက နားမလည်နိုင်ဖြစ်သွားသည်။

ထိုဖြစ်နိုင်ခြေက အဆမတန်မြင့်တက်လာပြီး အချိန်အတိုင်းအတာ၏ သုံးပုံတစ်ပုံခန့်ထိ နေရာယူလာခဲ့သည်။ အချိန်သက်ရှိများက အနာဂတ်ကို သူတို့အလိုရှိသကဲ့သို့ ဖြစ်လာစေရန် ကြိုးစားကြသော်လည်း အမှန်တကယ် ဖြစ်လာမည်မဖြစ်လာမည်ကိုမူ ထိုအချိန်သက်ရှိများကိုယ်တိုင် သေချာမသိနိုင်ကြပေ။

" အရှင်မိုရှု အဲ့ဒီထိုက်ရှုနယ်မြေကို ဘယ်လိုလုပ်မလဲ။ " အချိန်သက်ရှိများက စိတ်လှုပ်ရှားသွားကြသည်။

" အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ထိုက်ရှုနယ်မြေက ဒီကောင်းကင်မြစ်နှလုံးသားအတွက် ငါတို့နဲ့ သေချာပေါက် ယှဉ်ပြိုင်လာတော့မှာပဲ။ "

" ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ " အနက်ရောင်ဝတ်စုံနှင့် အချိန်သက်ရှိ​က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

ထိုက်ရှုနယ်မြေက အလွှာဆယ့်သုံး အချိန်သက်ရှိ ကိုးယောက်ရှိသောကြောင့် ဖရိုဖရဲဟင်းလင်းပြင်ထက် သာလွန်လေသည်။

"ဘာလုပ်ရမှာလဲ။ ငါတို့တိုက်ခိုက်မှာပေါ့။ " လူခေါင်း မြွေခန္ဓာကိုယ်နှင့် အချိန်သက်ရှိက ပြောလိုက်သည်။

အလွှာဆယ့်သုံး အချိန်သက်ရှိများက အကျိုးအမြတ်ကို ချိန်ဆရာတွင် အတော်ဆုံးသူများဖြစ်ကြသည်။ ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများက ရှိနေရုံမျှဖြင့် ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိခုနှစ်ယောက်ကို လက်လျှော့သွားအောင် လုပ်နိုင်မည်မဟုတ်ပေ။

" ကောင်းပြီ။ ဒါဆို တိုက်ခိုက်ကြတာပေါ့။ " အရှင်မိုရှုက ခေါင်းညိမ့်လိုက်သည်။

" ထိုက်ရှုနယ်မြေက အသန်မာဆုံး အချိန်သက်ရှိက ငါ့လောက် အစွမ်းမထက်ပါဘူး။ ဒါကြောင့် တကယ်တိုက်ရမယ်ဆိုရင် ငါတို့မှာ အနိုင်ရရှိဖို့ အခွင့်အရေးရှိပါတယ်။ "

ဖရိုဖရဲဟင်းလင်းပြင်။

ယင်နှင့်ယန် အစွန်းရောက်စွမ်းအားများကိန်းအောင်းနေသော ထူးဆန်းသည့် ပန်းတစ်ပွင့်က လင်းယွမ်၏ ရှေ့တွင် ဖြည်းညင်းစွာ ပွင့်လန်းနေသည်။

" ယင်နဲ့ယန်.... ထိုက်ကျိ...." လင်းယွမ်က ၎င်းတို့ကို လေ့လာနေပြီး အသိအမြင်အသစ်များက သူ၏ အတွေးထဲသို့ ဝင်ရောက်လာသည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းသုံးထောင် ကုန်လွန်သွားခဲ့သည်။

လင်းယွမ်၏ မျက်လုံးများက တစ်ဖက်က အနက်၊ တစ်ဖက်က အဖြူဖြစ်နေပြီး ဖရိုဖရဲထိုက်ကျိလမ်းစဉ်က တတိယအဆင့်သို့ မြင့်တက်သွားခဲ့သည်။

" ဒါက ဒီလိုကိုး။ " လင်းယွမ်က ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများကို ပြန်မှိတ်လို​က်ရာ အဖြူအနက် ယင်ယန်စွမ်းအားများက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အရာအားလုံးက မူလအတိုင်း ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

All Chapters