← Chapters

နတ်ဆိုးနတ်ဘုရားနှင့် တိုက်ခိုက်ခြင်း....

Vol. 75 Ch. 1055

နတ်ဆိုးနတ်ဘုရားနှင့် တိုက်ခိုက်ခြင်း....

Vol. 75 Ch. 1055

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ဖရိုဖရဲထိုက်ကျိလမ်းစဉ်ရဲ့ တတိယအဆင့်။ " လင်းယွမ်က ပြုံးလိုက်သည်။

မည်သည့်အနှောက်အယှက်မှ မရှိဘဲ နှစ်ပေါင်းသုံးထောင်ကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် သူက ဖရိုဖရဲထိုက်ကျိလမ်းစဉ်ကို တတိယအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲစွမ်းအား၏ ဆင့်ကဲပြောင်းလဲမှု ကန့်သတ်ချက်မှာ ဒုတိယအဆင့်သာ ဖြစ်သည်။ ပထမရင်းမြစ်ကမ္ဘာတွင်သာ နိယာမများတှင့် အခြေခံသဘောတရားများကို နားလည်ရန် ပိုမိုလွယ်ကူသောကြောင့် တတိယအဆင့်ကို ရရှိနိုင်ခြင်းဖြစ်သည်။

ထို့အပြင် တတိယအဆင့်မှာ ဖရိုဖရဲစွမ်းအား၏ ဆင့်ကဲပြောင်းလဲမှုအတွက် အမြင့်ဆုံးကန့်သတ်ချက် ဖြစ်နေပြီဖြစ်သည်။ ထိုထက်ကျော်လွန်သွားလျှင် အလွှာဆယ်သုံးနှင့် သက်ဆိုင်သွားပြီဖြစ်သောကြောင့် အချိန်သက်ရှိဖြစ်လာရန် လိုအပ်ပေသည်။

" မျှော်လင့်ထားတာထက် ပိုမြန်နေတာပဲ။ " လင်းယွမ်က အလွန်ကျေနပ်နေသည်။ " ဒါက ငါ့ရဲ့ ကန့်သတ်ချက်ပဲ။ အလွှာဆယ့်နှစ်ရဲ့ ကန့်သတ်ချက်လည်း ဖြစ်နိုင်တယ်။ "

လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ ဆဋ္ဌမအဆင့်ကို ကျွမ်းကျင်သွားပြီး သူ၏ မူလခန္ဓာကိုယ်သုံးခုလုံးကလည်း အဆုံးမဲ့အမှုန်ကမ္ဘာများကို တည်ဆောက်ပြီးသွားပြီဖြစ်သည်။ ယခု ဖရိုဖရဲထိုက်ကျိလမ်းစဉ်ကလည်း တတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

အလွှာဆယ့်သုံး အမွေအနှစ်များက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။ ၎င်းတို့အားလုံးက ဖရိုဖရဲဟင်းလင်းပြင်၊ ပထမရင်းမြစ်ကမ္ဘာနှင့် ဒုတိယရင်းမြစ်ကမ္ဘာများရှိ အချိန်သက်ရှိများထံမှ ရရှိလာခြင်းဖြစ်သည်။

" အလွှာဆယ့်သုံး အမွေအနှစ်တွေ..." လင်းယွမ်က ၎င်းတို့ကို သေချာပြန်လည်သုံးသပ်ကြည့်လိုက်သည်။ သူက အလွှာဆယ့်သုံး အမွေအနှစ်အားလုံးကို နားလည်ထားပြီးဖြစ်ပြီး ၎င်းတို့ကို ထပ်မံကျင့်ကြံရန် မလိုအပ်တော့ပေ။

လင်းယွမ်က အလွှာဆယ့်သုံး အမွေအနှစ်များကို လေ့လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အချိန်သက်ရှိအမျိုးမျိုး လျှောက်လှမ်းခဲ့သော လမ်းစဉ်များကို အကဲဖြတ်ရန်နှင့် သင့်တော်သော အချက်အလက်များကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းရန်ဖြစ်သည်။

လက်ရှိတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဖရိုဖရဲဟင်းလင်းပြင်၊ ပထမရင်းမြစ်ကမ္ဘာ၊ ဒုတိယရင်းမြစ်ကမ္ဘာနှင့် အဆင့်နိမ့်ကမ္ဘာအမျိုးမျိုးတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီဖြစ်ပြီး ၎င်းမှာ အမှန်တကယ်ပင် လင်းယွမ်ကိုယ်တိုင်၏ လွှမ်းမိုးမှု​ကြောင့်ဖြစ်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း ကျင့်ကြံရန် အလွန်သင့်တော်ပြီး ကြီးမားသော အလားအလာရှိနေသည်။ လင်းယွမ်၏ လွှမ်းမိုးမှုရှိလျှင်တောင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကျင့်ကြံရန် မသင့်တော်လျှင် ဘယ်သူမှကျင့်ကြံကြမည်မဟုတ်ပေ။

" ငါ့ရဲ့ လက်ရှိစွမ်းအားက သာမန်အချိန်သက်ရှိတွေထက် နည်းနည်းသာလွန်နေပြီထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

ယခု သူက အချိန်သက်ရှိများကို သူ၏ စံနှုန်းအဖြစ် အသုံးပြုနေပြီဖြစ်သည်။ သို့သော် သူက မည်သည့်အဆင့်သို့ ရောက်နေပြီကို သေချာမသိပေ။

" ဒုတိယရင်းမြစ်ကမ္ဘာက နတ်ဆိုးနတ်ဘုရားနဲ့ တိုက်ခိုက်ကြည့်ရင်ကောင်းမလား။ " လင်းယွမ်က ရုတ်တရက် တွေးလိုက်သည်။

နတ်ဆိုးနတ်ဘုရားက သာမန်အချိန်သက်ရှိတစ်ယောက်မဟုတ်ပေ။ သူက ကောင်းကင်အလင်းအရှင်သခင်၏ အမှောင်နတ်ဆိုးခန္ဓာဖြစ်ပြီး အနာဂတ်အချိန်အတိုင်းအတာများကို ဂရုမစိုက်ဘဲ လင်းယွမ်နှင့် တိုက်ခိုက်မည့်သူဖြစ်သည်။ အကြောင်းမှာ နတ်ဆိုးနတ်ဘုရားက ဗီဇသက်သက်ဖြင့် လှုပ်ရှားနေသောကြောင့် ဖြစ်သည်။

ကောင်းကင်အလင်းအရှင်သခင်၏ စွမ်းအားနှင့် စိတ်အသိကင်းမဲ့နေသော နတ်ဆိုးနတ်ဘုရားပင် အလွှာဆယ့်သုံး အချိန်သက်ရှိများကို ထိပ်တိုက်ရင်ဆိုင်နိုင်သည်။

ဒုတိယရင်းမြစ်ကမ္ဘာ။

လင်းယွမ်က တောင်ကုန်းတစ်ခု ပေါ်တွင် ထိုင်နေပြီး ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအားများက အလိုအလျောက် ဆုတ်ခွာသွားကြသည်။

" နတ်ဆိုးနတ်ဘုရား " လင်းယွမ်က ထရပ်လိုက်သည်။

နတ်ဆိုးနတ်ဘုရားက လင်းယွမ်နှင့် တိုက်ခိုက်ပြီးနောက် အလွယ်တကူ ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း နားလည်သွားခဲ့ပြီး ရင်းမြစ်ကမ္ဘာ၏ စိတ်အသိကို နှိမ်နင်းရန်သာ အာရုံစိုက်နေခဲ့သည်။ တစ်ချိန်တည်းတွင် အဆုံးမဲ့နတ်ဆိုးစွမ်းအားများကလည်း ရင်းမြစ်ကမ္ဘာကို တိုက်စားနေခဲ့သည်။

ထို့ကြောင့် နတ်ဆိုးနတ်ဘုရား ထွက်ပေါ်လာစေရန် ရင်းမြစ်ကမ္ဘာတွင် ပျံ့နှံ့နေသော နတ်ဆိုးစွမ်းအားများကို တိုက်စားပစ်ရန်သာ လိုအက်သည်။ နတ်ဆိုးစွမ်းအားများ နည်းပါးသွားလျှင် ကမ္ဘာစိတ်အသိက ပြန်လည်အားပြည့်သွားပြီး နတ်ဆိုးနတ်ဘုရားကို ခုခံမည်ဖြစ်သည်။

လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး မိုင်ပေါင်းဘီလီယံတစ်ရာကျော် ဖုံးလွှမ်းထားသော ထိုက်ကျိသင်္ကေတက ကောင်းကင်တွင် ပေါ်လာပြီး ဖြည်းညင်းစွာ လှည့်ပတ်ကာ နတ်ဆိုးစွမ်းအားများကို စတင်သန့်စင်တော့သည်။

မကြာမီ ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့နေသော နတ်ဆိုးစွမ်းအားများက ဆူပွက်လာသည်။ နတ်ဆိုးနတ်ဘုရားက တစ်စုံတစ်ခုကို ရှင်းလင်းစွာ အာရုံခံမိသွားပြီး ၎င်း၏ အစစ်အမှန် ပုံသဏ္ဍန်ကို ပြသလာသည်။

ရင်မြစ်ကမ္ဘာ၏ အလယ်တွင် လျို့ဝှက်ကမ္ဘာအတွင်း၌ ထာဝရဂိုဏ်းချုပ်များက နတ်ဆိုးစွမ်းအားများ၏ အပြောင်းအလဲကို အာရုံခံမိလိုက်ကြသည်။

" ဘာတွေဖြစ်နေတာလဲ။ နတ်ဆိုးနတ်ဘုရားက ထပ်ပေါ်လာပြန်ပြီလား။ "

" မဟုတ်သေးဘူး။ နတ်ဆိုးနတ်ဘုရား ပေါ်လာတာက ကမ္ဘာအလယ်မှာမဟုတ်ဘူး။ "

" အဲ့ဒါ အရှင်နဂါးငွေ့တန်းပဲ။ နတ်ဆိုးနတ်ဘုရားက အရှင်နဂါးငွေ့တန်းကို ပစ်မှတ်ထားနေတာပဲ။ "

လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို ထွက်ပေါ်လာရန် ဖိအားပေးနေသည်ကို ထိုဂိုဏ်းချုပ်များက သတိမပြုမိကြသဖြင့် သူတို့၏ အမူအရာများက လေးနက်နေကြသည်။ နတ်ဆိုးနတ်ဘုရားက လင်းယွမ်ကို နှိမ်နင်းရန် နည်းလမ်းရှာတွေ့သွားပြီး တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်သည်ဟု ဂိုဏ်းချုပ်များက တွေးမိသွားကြသည်။

" အရှင်နဂါးငွေ့တန်း အဆင်သင့်ရှိနေဖို့ မျှော်လင့်ရတာပဲ။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က ရေရွတ်လိုက်သည်။

ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်တွင် အဆုံးမဲ့အလင်းများကို ခုခံနေသော ထာဝရအရှင်သခင်များကလည်း ရင်းမြစ်ကမ္ဘာအတွင်းမှ လှုပ်ရှားမှုများကို အာရုံခံမိလိုက်ကြသည်။

" နဂါးငွေ့တန်းက နတ်ဆိုးစွမ်းအားတွေကို ချေမှုန်းနေတာလား။ "

ထာဝရအရှင်သခင်ဆယ့်သုံးယောက်က နတ်ဆိုးနတ်ဘုရားထွက်ပေါ်လာသည့်အကြောင်းရင်းကို ချက်ချင်း ဆုံးဖြတ်နိုင်ကြသည်။ ၎င်းမှာ လင်းယွမ်က စတင်လှုပ်ရှားလိုက်ခြင်းဖြစ်သည်။

" နဂါးငွေ့တန်းက လောလွန်းတယ်။ နတ်ဆိုးကပ်ဘေးကို အဆုံးသတ်ဖို့ နတ်ဆိုးစွမ်းအားတွေကို အခုလို ချေမှုန်းတာက နတ်ဆိုးနတ်ဘုရားရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုကို ရင်ဆိုင်ရလိမ့်မယ်။ " အနက်ရောင်လေဟာနယ်အရှင်သခင်က မျက်မှောင်ကြုတ်သွားသည်။

၎င်းက လင်းယွမ်၏ အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်စဉ်က ရရှိခဲ့သော ရလဒ်လည်း ဖြစ်သည်။ အဆုံးမဲ့အရှင်သခင်က လင်းယွမ်ကို ထိုကိစ္စနှင့် ပက်သက်၍ အထူးတလည် သတိပေးခဲ့သည်။

" နဂါးငွေ့တန်းက ဒီလိုလုပ်တာ သူ့မှာ အကြောင်းရင်း တစ်ခုခုရှိမယ်ထင်တယ်။ " ဝူရှန်းအရှင်သခင်က ပြောလိုက်သည်။

ယခုအခါ သူတို့က လင်းယွမ်၏ အနာဂတ်အချိန်အတိုင်းအတာကို မစောင့်ကြည့်နိုင်တော့သဖြင့် လင်းယွမ်နှင့် နတ်ဆိုးနတ်ဘုရား၏ ဒုတိယအကြိမ် ရင်ဆိုင်မှုရလဒ်ကို ဆုံးဖြတ်ရန် ခက်ခဲနေပြီး ယခင်က စောင့်ကြည့်ဖူးသော အနာဂတ်အချိန်အတိုင်းအတာများမှ ရရှိခဲ့သော အတွေ့အကြုံများကိုသာ အားကိုးနေရသည်။

" နဂါးငွေ့တန်းက နတ်ဆိုးနတ်ဘုရားနဲ့ ဆက်ပြီး တိုက်ခိုက်ချင်နေမှတော့ သူတို့တိုက်ပါစေ။ ဘာပဲဖြစ်ဖြစ် ဒါက အခြေအနေတစ်ခုလုံးကိုတော့ သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ " အဆုံးမဲ့အရှင်သခင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

" ပြီးတော့ ငါက ဝူရှန်းရဲ့ အမြင်ကို သဘောတူတယ်။ နဂါးငွေ့တန်း ဒီလိုလုပ်တာက သူ့မှာ ယုံကြည်မှုရှိလို့ဖြစ်ရမယ်။ "

သူတို့မြင်တွေ့ခဲ့ရသော အချိန်အတိုင်းအတာများအရ လင်းယွမ်က အလွန်သတိကြီးပြီး သူယုံကြည်မှုမရှိသောအရာကို လုပ်ဆောင်မည့်သူမဟုတ်ပေ။

" မှန်တယ်။ " အခြားထာဝရအရှင်သခင်များကလည်း ခေါင်းညိမ့်လိုက်ကြသည်။

" နဂါးငွေ့တန်းက နတ်ဆိုးနတ်ဘုရားကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရအောင်။ "

အဆုံးမဲ့အရှင်သခင်၏ ရှေ့တွင် လှိုင်းထလာပြီး ပုံရိပ်များပေါ်လာသည်။ ၎င်းမှာ လင်းယွမ် မတ်တပ်ရပ်လိုက်သော မြင်ကွင်းပင်ဖြစ်သည်။ အဝေးတွင် အဆုံးမဲ့နတ်ဆိုးစွမ်းအားများ စုစည်းလာပြီး နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်က ပေါ်လာသည်။

" နောက်ဆုံးတော့ ပေါ်လာပြီပဲ။ "လင်းယွမ်က အဝေးမှ နတ်ဆိုးနတ်ဘုရားကို ကြည့်လိုက်သည်။

နတ်ဆိုးနတ်ဘုရားက နဖူးတွင် ဦးချိုတစ်ချောင်း ပါရှိပြီး အနောက်တွင် အနက်ရောင်အမြီးတစ်ချောင်းက ခါယမ်းနေသည်။ ရင်းမြစ်ကမ္ဘာတစ်ခုလုံး ဖုံးလွှမ်းနေသော နတ်ဆိုးစွမ်းအားများက နတ်ဆိုးနတ်ဘုရား အသက်ရှူလိုက်သည့်အကြိမ်တိုင်း လှိုင်းထန်သွားခဲ့သည်။

" ဟမ် " လင်းယွမ်က နတ်ဆိုးနတ်ဘုရားမှာ ယခင်တစ်ကြိမ်နှင့် ကွဲပြားနေသည်ကို သတိပြုမိသွား၏။ ယခုအခါ သူက နတ်ဆိုးနတ်ဘုရားထံမှ ထွက်ပေါ်နေသော တောင့်တမှုတစ်ခုကို ခံစားလိုက်ရသည်။ နတ်ဆိုးနတ်ဘုရားက လင်းယွမ်ကို လိုချက်တပ်မက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

" အဲ့ဒါက ငါ့ရဲ့ အရှင်သခင်အခွင့်အာဏာကြောင့်လား။ " လင်းယွမ်က အကြောင်းရင်းကို ခန့်မှန်းမိလိုက်သည်။

သူစုစည်းထားသော အရှင်သခင်အခွင့်အာဏာက ကောင်းကင်အလင်းအရှင်သခင်ဆီမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ နတ်ဆိုးနတ်ဘုရားက ကောင်းကင်အလင်းအရှင်သခင်၏ အမှောင်နတ်ဆိုးခန္ဓာဖြစ်သောကြောင့် ၎င်းကို သဘာဝအတိုင်း လိုချင်တောင့်တနေခြင်းဖြစ်သည်။

ယခင် သူက ဤရင်းမြစ်ကမ္ဘာရှိ သက်ရှိများကို ဝါးမျိုပြီး အရှင်သခင်အခွင့်အာဏာကို ပြန်လည်ရယူရန် ရည်ရွယ်ခဲ့သည်။ အကယ်၍ နတ်ဆိုးနတ်ဘုရားက အရှင်သခင်အခွင့်အာဏာကို ပြန်လည်ရရှိခဲ့လျှင် သူ၏ စွမ်းအားက သိသိသာသာ မြင့်တက်သွားပေလိမ့်မည်။

All Chapters