← Chapters

လင်းယွမ်၏ စွမ်းအား....

Vol. 75 Ch. 1056

လင်းယွမ်၏ စွမ်းအား....

Vol. 75 Ch. 1056

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" လာခဲ့။ မင်းရဲ့ စစ်မှန်တဲ့စွမ်းအားကို ငါ့ကို ပြစမ်း။ " လင်းယွမ်၏ ပုံရိပ်က ချက်ချင်း ကြီးမားလာပြီး အရာအားလုံး၏ အထက်တွင် မြင့်မားစွာ ရပ်ကာ သေးငယ်သော နတ်ဆိုးနတ်ဘုရားကို.ငုံ့ကြည့်လိုက်သည်။

ယခင်တိုက်ပွဲ၌ နတ်ဆိုးနတ်ဘုရားတွင် အသုံးမပြုရသော နည်းလမ်းများ ရှိနေသေးသည်ကို လင်းယွမ်က သိရှိခဲ့သည်။ နတ်ဆိုးနတ်ဘုရားက လင်းယွမ်ကို မကိုင်တွယ်နိုင်ကြောင်း သိရှိသွား၍သာ နောက်ဆုတ်သွားခဲ့ခြင်းဖြစ်သည်။

ဝုန်း....

နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်ကလည်း လျင်မြန်စွာ ကြီးမားလာပြီး ၎င်း၏ အနက်ရောင်ဝတ်ရုံကြီးက အဆုံးမဲ့အမှောင်ထုများ လွင့်ပျံကာ လင်းယွမ်ရှိရာသို့ ဖုံးလွှမ်းသွားသည်။ ထိုအချိန်တွင် ဧရာမအမြီးကြီးတစ်ချောင်းက အဆုံးမဲ့နတ်ဆိုးစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဝတ်ရုံကြီးအောက်တွင် ဖုံးကွယ်ကာ တိုက်ခိုက်လာသည်။ နတ်ဆိုးနတ်ဘုရား၏ စစ်မှန်သော တိုက်ကွက်က ထိုအမြီးကြီးပင်ဖြစ်သည်။

ကြောက်စရာကောင်းသော အမြီးက ပြင်းထန်သော စွမ်းအားများကို သယ်ဆောင်လာပြီး ၎င်းဖြတ်သန်းသွားသော နေရာရှိ အချိန်လေဟာနယ်က ပျက်စီးသွားခဲ့သည်။ ထိုတိုက်ကွက်၏ စွမ်းအားက ယခင်ထက် များစွာ သာလွန်လှသည်။

လင်းယွမ်၏ အရှင်သခင်အခွင့်အာဏာကြောင့် နတ်ဆိုးနတ်ဘုရားထံတွင် တစ်ခါမှမရှိဖူးသော ဝါးမြိုလိုစိတ်ဗီဇကို ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် သူက လင်းယွမ်ကို အစွမ်းကုန်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

နတ်ဆိုးနတ်ဘုရား၏ ကြောက်စရာကောင်းသော အမြီးကြီးနှင့် ရင်ဆိုင်ရသည့်တိုင် လင်းယွမ်က တည်ငြိမ်သွာ ရပ်နေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့အမှုန်ကမ္ဘာများက တိုက်ခိုက်မှုကို ခွဲထုတ်ပြီး အမှုန်ကမ္ဘာတစ်ခုစီ​က တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ခဲ့သည်။

" မင်းရဲ့ တိုက်ခိုက်မှုက အားနည်းလွန်းတယ်။ " လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို ကြည့်ပြီး ပြောလိုက်သည်။

နတ်ဆိုးနတ်ဘုရားက လင်းယွမ်​ပြောသည်ကို ဂရုမစိုက်သော်လည်း လင်းယွမ်၏ စွမ်းအားက ယခင်နှင့် လုံးဝ ပြောင်းလဲသွားသည်ကို ဗီဇအရ သိရှိလိုက်သည်။ နတ်ဆိုးနတ်ဘုရားက ဗီဇအရ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" နတ်ဆိုးနတ်ဘုရားရဲ့ အမြီးက ခွန်အားသက်သက်ပဲဆိုပေမယ့် ဒီလောက်အလွယ်တကူ တားဆီးခံလိုက်ရတာလား။ "

ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်တွင် ထာဝရအရှင်သခင်ဆယ့်သုံးယောက်က အနီးကပ် စော့်ကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူတို့က လင်းယွမ်၏ စွမ်းအားကို အသိအမှတ်ပြုထားကြသော်လည်း ယခုပြသလိုက်သော ခုခံနိုင်စွမ်းက အမှန်တကယ် ကြောက်စရာကောင်းလှသည်။ ခုခံမှုအပိုင်းတွင် ကျွမ်းကျင်သော ထာဝရအရှင်သခင် အနည်းငယ်သာ ထိုသို့ လုပ်ဆောင်နိုင်ကြသည်။

" ဒါက နဂါးငွေ့တန်းရဲ့ ယုံကြည်မှုလား။ " အနက်ရောင်လေဟာနယ်အရှင်သခင်က ခန့်မှန်းလိုက်သည်။

ထိုသို့သော ခုခံမှုမျိုးကို နတ်ဆိုးနတ်ဘုရားက ထိုးဖောက်နိုင်ရန် ခက်ခဲလှသည်။ ထို့ဖောက်နိုင်ခဲ့လျှက်တောင် တိုက်ခိုက်မှု၏ စွမ်းအားက လျော့နည်းသွားပြီး ခြိမ်းခြောက်မှုမရှိတော့ပေ။

" ဒီလိုကိုး။ နဂါးငွေ့တန်းက ထာဝရအရှင်သခင်တစ်ယောက်မဟုတ်ဘဲ ဒီလိုခုခံနိုင်စွမ်းရှိနေတာ သူက ဘယ်လိုများကျင့်ကြံထားတာလဲ။ " ဝူရှန်းအရှင်သခင်က ပြောလိုက်သည်။

" အနာဂတ်ကို ဖန်တီးဖို့ ကံပါလာတဲ့သူက ငါတို့နဲ့ သေချာပေါက်ကွာခြားမှာပေါ့။ " အဆုံးမဲ့အရှင်သခင်က ပြုံး၍ ပြောလိုက်သည်။

" အခု ငါ့အလှည့်ပဲ။ " လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို ကြည့်လိုက်သည်။ သူက သူ၏ ခုခံမှုကို စမ်းသပ်ရန်အတွက် နတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုကို ခံယူလိုက်ခြင်းဖြစ်သည်။နတ်ဆိုးနတ်ဘုရားက အစွမ်းကုန်တိုက်ခိုက်လျှင်တောင် သူ၏ ခုခံမှုကို ထိုးဖောက်နိုင်ရုံသာ ရှိပေလိမ့်မည်။

ဖရိုဖရဲထိုက်ကျိစွမ်းအားများက စုစည်းလာပြီး လင်းယွမ်၏ ရှေ့တွင် အဖြူအနက် တုတ်တစ်ချောင်း ပေါ်လာသည်။ လင်းယွမ်က ထိုက်ကျိတုတ်ချောင်းကို ကိုင်ဆွဲပြီး နတ်ဆိုးနတ်ဘုရားကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ယခုအချိန်တွင် လင်းယွမ်က သူ၏ စစ်မှန်သော စွမ်းအားနှင့် အချိန်သက်ရှိများကြား ကွာခြားချက်ကို သိလိုခြင်းဖြစ်သည်။ ထို့ကြောင့် သူက တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဖရိုဖရဲထိုက်ကျိဓားက အရာအားလုံးကို ဖြတ်တောက်နိုင်သော အဆုံးစွန်သော သတ်ဖြတ်နိုင်စွမ်းကို ကိုယ်စားပြုလျှင် ဖရိုဖရဲထိုက်ကျိတုတ်က အလုံးစုံကို လွှမ်းမိုးနိုင်သော တိုက်ခို်မှုတစ်ခုပင် ဖြစ်သည်။

ဝုန်း....

ထိုက်ကျိတုတ်ချောင်းက နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ နတ်ဆိုးနတ်ဘုရားက ခုခံရန် ကြိုးစားခဲ့သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုက်ကျိစွမ်းအားများက ဖြတ်သန်းစီးဆင်းသွားပြီး အဆုံးမဲ့နတ်ဆိုးစွမ်းအားများဖြင့် အပြန်အလှန် တိုက်စားကာ နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်ကပင မတည်မငြိမ်ဖြစ်လာသည်။

နတ်ဆိုးနတ်ဘုရားက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူက ပျံ့နှံ့နေသော နတ်ဆိုးစွမ်းအားများစွာကို တစ်ခါတည်း ဝါးမြိုလိုက်သည်။ ထိုနတ်ဆိုးစွမ်းအားများ၏ အကူအညီဖြင့် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်လည်တည်ငြိမ်လာပြီး ဖရိုဖရဲထိုက်ကျိစွမ်းအားများကို ချေဖျက်သွားသည်။

လင်းယွမ်က နတ်ဆိုးနတ်ဘုရား နတ်ဆိုးစွမ်းအားများ ဝါးမြိုနေသည်ကို ကြည့်နေခဲ့သည်။ ယခုက နတ်ဆိုးနတ်ဘုရား၏ အစွမ်းထက်ဆုံးပုံစံမဟုတ်ပေ။ သူ၏ အစွမ်းထက်ဆုံးပုံစံမှာ ကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့နေသော နတ်ဆိုးစွမ်းအားများကို တစ်နေရာတည်း ပြန်လည်စုစည်းလိုက်ခြင်းကသာ နတ်ဆိုးနတ်ဘုရား၏ အထွတ်အထိပ်ပုံစံပင် ဖြစ်သည်။

" နတ်ဆိုးနတ်ဘုရားရဲ့ အစွမ်းထက်ဆုံး ပုံစံက ဘယ်လောက်သန်မာမလဲဆိုတာ ငါသိချက်မိတယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ဆက်တိုက်ကြမယ်။ " လင်းယွမ်က ဖရိုဖရဲထိုက်ကျိတုတ်ကို ဆက်လက်ဝှေ့ရမ်းပြီး နတ်ဆိုးနတ်ဘုရားကို ရိုက်ချလိုက်သည်။

ရိုက်ချက်များက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းက အလွန်မြင့်မားသော အချိန်လေဟာနယ်နိယာမကို အသုံးချထားခြင်းဖြစ်သည်။ ရိုက်ချက်တစ်ချက်အောက်တွင် အချိန်လေဟာနယ်က အေးခဲသွားပြီး နတ်ဆိုးနတ်ဘုရားက ရှောင်တိမ်းနိုင်စွမ်းမရှိဘဲ ငြိမ်ခံနေရုံသာ ရှိတော့သည်။

ဝုန်း ဝုန်း ဝုန်း....

လင်းယွမ်၏ ရိုက်ချက်တစ်ခုစီက နတ်ဆိုးနတ်ဘုရားကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။ ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့နေသော အဆုံးမဲ့နတ်ဆိုးစွမ်းအားများရှိနေသော်လည်း နတ်ဆိုးနတ်ဘုရားက ရုန်းကန်နေရဆဲဖြစ်ပြီး ရိုက်ချက်တစ်ခုစီက နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်ကို ​မှေးမှိန်သွားစေခဲ့သည်။

" ဂါး..." နတ်ဆိုးနတ်ဘုရားက ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအားများက ပေါက်ကွဲသွားပြီး ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

သို့သော် လင်းယွမ်က ဖရိုဖရဲထိုက်ကျိလမ်းစဉ်ကို တတိယအဆင့်ထိ မြှင့်တင်ထားပြီး အဆုံးမဲ့အမှုန်ကမ္ဘာများကို တည်ဆောက်ထားသည်။ သူစုစည်းထားသော ဖရိုဖရဲထိုက်ကျိတုတ်က နက်ရှိုင်းသော လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ပေါက်ကွဲထွက်လာသော နတ်ဆိုးစွမ်းအားများက အဖြူအနက်တုတ်ကို မလှုပ်ခါနိုင်ခဲ့ပေ။

ဖရိုဖရဲထိုက်ကျိတုတ်က နော​က်တစ်ကြိမ် ဝှေ့ရမ်းသွားပြီး နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းန်စွာ ကျရောက်သွားသည်။

နတ်ဆိုးနတ်ဘုရားက ဆက်လက်ခုခံနေပြီး တစ်ခါမှအသုံးမပြုဖူးသော စွမ်းရည်များကို အသုံးပြုနေခဲ့သည်။ ၎င်းတို့ထဲမှ အချို့မှာ နတ်ဆိုးနတ်ဘုရား၏ မွေးရာပါစွမ်းရည်များ ဖြစ်သည်။

သို့သော် လင်းယွမ်၏ ရိုက်ချက်များအောက်တွင် နတ်ဆိုးနတ်ဘုရား၏ ခုခံမှုများက အချည်းနှီးသာဖြစ်သည်။ နတ်ဆိုးနတ်ဘုရားက နောက်သို့ ဆက်တိုက်ဆုတ်နေရပြီး ဖရိုဖရဲထိုက်ကျိတုတ်၏ ရိုက်ချက်များအောက်တွင် သူ၏ ခန္ဓာကိုယ်က ပြိုကွဲလာသည်။ သို့သော် နတ်ဆိုးနတ်ဘုရားက နတ်ဆိုးစွမ်းအားများကို ဝါးမြိုပြီး သူ့ကိုသူ ပြန်လည်ကုစားခဲ့သည်။

ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်တွင် စောင့်ကြည့်နေသော ထာဝရအရှင်သခင်များက တိတ်ဆိတ်သွားကြသည်။ အစပိုင်းတွင် သူတို့က လင်းယွမ်၏ ယုံကြည်မှုမှာ ခုခံမှုဖြစ်သည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခု နတ်ဆိုးနတ်ဘုရားကို ပြန်မတိုက်နိုင်လောက်အောင် ဖိနှိပ်ထားခြင်းက တိုက်ခိုက်မှုတွင်လည်း အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

သူတို့က လင်းယွမ်၏ ရိုက်ချက်တိုင်းတွင် နက်ရှိုင်းသော နိယာမများနှင့် အခြေခံသဘောတရားများ ပါဝင်နေသည်ကို မြင်တွေ့ခဲ့ရသည်။

" ကြောက်စရာကောင်းလိုက်တာ။ နဂါးငွေ့တန်းရဲ့ စွမ်းအားက ဘာလို့ဒီလောက်ထိ တိုးတက်လာတာလဲ။ ငါသာ နတ်ဆိုးနတ်ဘုရားရဲ့ နေရာမှာဆိုရင်လည်း ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ "

" နဂါးငွေ့တန်းရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် နတ်ဆိုးကပ်ဘေးကို အခုအဆုံးသတ်နိုင်ပြီ။ နတ်ဆိုးနတ်ဘုရားက လုံးဝ ခုခံနိုင်မှာမဟုတ်ဘူး။ "

ထာဝရအရှင်သခင်များက အံ့အားသင့်စွာဖြင့် ဆွေးနွေးနေကြသည်။ ထာဝရအရှင်သခင်ဆယ့်သုံးယောက်ထဲတွင် လေးငါးယောက်ကသာ လင်းယွမ်နှင့် ယှဉ်နိုင်ရန် ယုံကြည်မှုရှိကြသည်။

" နဂါးငွေ့တန်း..." အဆုံးမဲ့အရှင်သခင်က မြင်ကွင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

အကယ်၍ သူက နတ်ဆိုးနတ်ဘုရားနှင့် ရင်ဆိုင်ချိန်တွင်လည်း ထိုသို့လုပ်ဆောင်နိုင်သော်လည်း သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ထာဝရအရှင်သခင်တစ်ယောက်အနေဖြင့်သာ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

All Chapters