← Chapters

ကျောင်းလုံမြို့တော် ၊ မိစ္ဆာမျိုးနွယ်တို့၏ ပင်မစခန်း။

Vol. 48 Ch. 521

ကျောင်းလုံမြို့တော် ၊ မိစ္ဆာမျိုးနွယ်တို့၏ ပင်မစခန်း။

Vol. 48 Ch. 521

"မဟာမိတ်ခေါင်းဆောင်... ပြဿနာက မိစ္ဆာမျိုးနွယ်တွေက မြို့တော်တွေအများကြီး တည်ဆောက်ထားတာပဲ… ကျုပ်တို့ ဘယ်မြို့ကို တိုက်ခိုက်သင့်သလဲ…"

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးက မေးမြန်းလိုက်၏။

မည်သို့ပင်ဖြစ်စေ ချန်လန်ပင်လယ်ဒေသတွင် ကမ္ဘာ့တံခါးပေါက်များစွာ ပေါ်ပေါက်လာခဲ့ပြီး၊ ထိုတံခါးပေါက်များမှ မိစ္ဆာသားရဲများစွာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်။

၎င်းတို့သည်လည်း ထိုကမ္ဘာ့တံခါးပေါက်များ၏ အနီးအနားတွင် မြို့တော်များကို တစ်ခုပြီးတစ်ခု တည်ဆောက်ထားကြလေသည်။

ဤမျှ များပြားလှသော မိစ္ဆာမြို့တော်များကို တစ်မြို့ပြီးတစ်မြို့ လိုက်လံတိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။

"ဒီကိစ္စကတော့... 'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်' ဆိုတာက တည်ဆောက်ဖို့ အဲ့ဒီလောက် မလွယ်ကူလှဘူး…"

"ဒါက ပဉ္စမအဆင့်အစီအရင်တစ်ခု ဖြစ်တာမလို့ အစီအရင်ပစ္စည်း အများကြီး ကုန်ကျတယ်…"

"မိစ္ဆာမျိုးနွယ်တွေအတွက်တောင်မှ အလွယ်ထုတ်ဖို့ဆိုတာ မလွယ်ကူဘူး…"

"ဒါကြောင့် သူတို့အနေနဲ့ 'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်' တစ်ခုပဲ တည်ဆောက်နိုင်လိမ့်မယ်…"

"ရထားတဲ့ သတင်းအချက်အလက်တွေအရ... သူတို့က မြူနှင်းနန်းတော်ရဲ့ ပင်လယ်နယ်မြေထဲက ကျွန်းတစ်ကျွန်းပေါ်မှာ ကျောင်းလုံမြို့တော် ကို တည်ဆောက်ထားကြတယ်…"

"အဲ့ဒီမြို့တော်က သူတို့ရဲ့ စစ်မှန်တဲ့ ပင်မစခန်းပဲ… ကျောင်းလုံမျိုးနွယ်တွေက ထိန်းချုပ်ထားတယ်…"

"'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်' ကလည်း အဲ့ဒီမြို့တော်ထဲမှာပဲ ရှိနေတယ်…"

"ဒါကြောင့် ကျုပ်တို့ အဓိကတိုက်ခိုက်ရမယ့်နေရာက ကျောင်းလုံမြို့တော် ဖြစ်တယ်…"

ဝူကျိတာအိုအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

သူ ရရှိထားသော သတင်းအချက်အလက် အများအပြားကို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ပေသည်။

"သူတို့က ဘာဖြစ်လို့ မြူနှင်းနန်းတော်ရဲ့ ပင်လယ်နယ်မြေထဲမှာ 'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်' ကို တည်ဆောက်ရတာလဲ… အဲဒီနေရာမှာ ထူးခြားချက် တစ်စုံတစ်ရာ ရှိနေလို့လား…" ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်ပြီး မေးလိုက်လေသည်။

"ဒီကိစ္စကတော့... ကြားသိရသလောက် အဲ့ဒီကျွန်းပေါ်မှာ ပဉ္စမအဆင့် ဝိညာဉ်သွေးကြော ရှိနေတယ်လို့ ဆိုတယ်…"

"တကယ်တော့ မူလက စတုတ္ထအဆင့်ကျွန်းတစ်ကျွန်းဖြစ်ပြီး စတုတ္ထအဆင့် ဝိညာဉ်သွေးကြောပဲ ရှိတာ…"

"ဒါပေမဲ့ ကမ္ဘာ့တံခါးပေါက် ပေါ်လာပြီးတဲ့နောက်မှာ ရှေးဟောင်းမိစ္ဆာကမ္ဘာဆီက သဘာဝဝိညာဉ်စွမ်းအင် အမြောက်အမြား စီးဝင်လာခဲ့တယ်…"

"မထင်မှတ်ဘဲ အဲ့ဒီစတုတ္ထအဆင့် ဝိညာဉ်သွေးကြောရဲ့ အဆင့်ကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားပြီးတော့… ပဉ္စမအဆင့် အောက်ခြေအဆင့် ဝိညာဉ်သွေးကြောအဖြစ် အဆင့်တက်သွားခဲ့တာ…"

"အဲ့ဒါကြောင့်လည်း မိစ္ဆာကျင့်ကြံသူတွေက 'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်' တည်ဆောက်ဖို့ အဲဒီနေရာကို ရွေးချယ်ခဲ့ကြတာပေါ့…"

"ဒီပဉ္စမအဆင့် ဝိညာဉ်သွေးကြောကိုသာ တိုက်စားဝါးမြိုနိုင်လိုက်ရင် မိုင်သန်းချီပတ်လည်က ပင်လယ်ပြင်တစ်ခုလုံး ရှေးဟောင်းမိစ္ဆာအရှိန်အဝါတွေ ဖုံးလွှမ်းသွားလိမ့်မယ်... အဲဒီနေရာကို ရှေ့တန်းစခန်းအဖြစ် အသုံးပြုပြီး ချန်လန်ပင်လယ်ဒေသရဲ့ ဝိညာဉ်သွေးကြောတွေကို ဆက်တိုက် ဝါးမြိုသွားကြမှာပဲ…"

ဝူကျိတာအိုအရှင်က ရှင်းပြလိုက်လေသည်။

"မဟာမိတ်ခေါင်းဆောင်... ကျုပ်ကတော့ ဒီအစီအစဉ်မှာ မသင့်လျော်တာ ရှိတယ်လို့ မထင်ဘူး…"

"ဒါက လူသားမျိုးနွယ်စုရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲဆိုတော့ သေချာပေါက် ဒီမိစ္ဆာကျင့်ကြံသူတွေကို တားဆီးရမှာပဲ…"

"ဒါပေမဲ့ ပြဿနာက မိစ္ဆာကျင့်ကြံသူအုပ်စုရဲ့ အင်အားက အရမ်းကို ထက်မြက်လွန်းတယ်… အနည်းဆုံး စတုတ္ထအဆင့် မိစ္ဆာသားရဲကောင်ရေ နှစ်ထောင်၊ သုံးထောင်လောက် ရှိနေတယ်…"

"ဒီလောက် ကြီးမားတဲ့အင်အားကို ကျုပ်တို့အားလုံး အတူတူတိုက်ခိုက်ရင်တောင်မှ ယှဉ်နိုင်ပါ့မလား…"

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအချို့က ဤအချက်ကို စိုးရိမ်နေကြလေသည်။

ဤတိုက်ပွဲတွင် အနိုင်ရရန်မျှော်လင့်ချက်မှာ အလွန်ပင် နည်းပါးသည်ဟု သူတို့ ခံစားနေရသည်။

မည်သို့ပင်ဖြစ်စေ ရန်သူ့အရေအတွက်မှာ အလွန်ပင် များပြားလွန်းလှပြီး လူသားကျင့်ကြံသူများအနေဖြင့် လုံးဝ ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်မျိုး မဟုတ်ချေ။

"စိတ်မပူပါနဲ့... အဲ့ဒီမိစ္ဆာသားရဲတွေရဲ့ အင်အားက တကယ်ပဲ အရမ်းကို အစွမ်းထက်ပါတယ်…"

"စတုတ္ထအဆင့် မိစ္ဆာသားရဲ နှစ်ထောင်၊ သုံးထောင်လောက် ရှိတာ… ကျိုးစွေ့က အကောင်တစ်ရာကျော် သတ်ဖြတ်လိုက်တယ် ဆိုပေမယ့်..."

"အဲ့ဒါက အစိတ်အပိုင်းတစ်ခုလောက်သာ ရှိပါသေးတယ်... သူတို့ကို အထိနာအောင်တော့ မလုပ်နိုင်သေးဘူး…"

"ဒီအချက်ကို ကျုပ်တို့ ကောင်းကောင်းသိပါတယ်... ဒါပေမဲ့ သူတို့ကို မနိုင်နိုင်ဘူးလို့တော့ မဆိုလိုဘူး…"

"ဘာလို့လဲဆိုတော့ ဒီတစ်ခေါက်မှာ ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချုံးရွှီတာအိုအရှင်နဲ့ ရွှမ်ပေါင်မျှော်စင်ရဲ့ သခင် ထျန်းဆွမ်းတာအိုအရှင်တို့ ကိုယ်တိုင် 'ကောင်းကင်အဆင့် ဝိညာဉ်ရတနာ' တွေကို ကိုင်စွဲပြီး တိုက်ပွဲဝင်ကြမှာပါ… ခင်ဗျားတို့လည်း 'ကောင်းကင်အဆင့် ဝိညာဉ်ရတနာ' တွေရဲ့ ကြောက်မက်ဖွယ်စွမ်းအားကို သိကြမှာပါ…"

"အစွမ်းကုန် တိုက်ခိုက်မယ်ဆိုရင် အချိန်တိုအတွင်း နတ်ဘုရားအသွင်ပြောင်းအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်တယ်…"

"ဒီလိုဆိုရင် သူတို့ဘက်က စတုတ္ထအဆင့်မိစ္ဆာသားရဲ အရေအတွက် ဘယ်လောက်ပဲများများ အလကားပါပဲ…"

ဝူကျိတာအိုအရှင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေလေသည်။

ဤသည်မှာ ချန်လန်ပင်လယ်ဒေသရှိ ဝိညာဉ်သန္ဓေသား အင်အားစုများ၏ ဝှက်ဖဲပင် ဖြစ်သည်။ ၎င်းမှာ 'ကောင်းကင်အဆင့် ဝိညာဉ်ရတနာ' ပင် ဖြစ်ပေ၏။

ချန်လန်ပင်လယ်ဒေသတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ မရှိသော်လည်း 'ကောင်းကင်အဆင့် ဝိညာဉ်ရတနာ' ၏ စွမ်းအားကို အသုံးပြု၍ နတ်ဘုရားအသွင်ပြောင်းအဆင့် စွမ်းအားကို ခေတ္တခဏ ထုတ်ဖော်နိုင်ပေသည်။ စတုတ္ထအဆင့်မိစ္ဆာသားရဲ အရေအတွက် မည်မျှပင် များပြားသည်ဖြစ်စေ အရာထင်မည် မဟုတ်ချေ။

"ဒီလိုကိုး..."

"ဒီလိုဆိုရင်တော့ ကျုပ်တို့ဘက်မှာ နိုင်ဖို့ အခွင့်အရေး ရှိတာပေါ့…"

ဤစကားကို ကြားသောအခါ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်လိုက်ကြတော့သည်။

'ကောင်းကင်အဆင့် ဝိညာဉ်ရတနာ' ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ သဘာဝကျကျ သိရှိကြသည်။ သာမန်ထက် ထူးကဲသော ရတနာများ ဖြစ်ကြပေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် စွမ်းအားကို ခေတ္တခဏသာ ထုတ်ဖော်နိုင်လျှင်ပင် ထိုစတုတ္ထအဆင့်မိစ္ဆာသားရဲအုပ်စုကို သုတ်သင်ချေမှုန်းရန် လုံလောက်ပေသည်။

"သမက်လေး... ဒီတစ်ခေါက် သမက်လေးလည်း ဝင်ပါဖို့ လိုလိမ့်မယ်…"

"ဘာပဲပြောပြော ဒါက လူသားမျိုးနွယ်စုရဲ့ ရှင်သန်ရပ်တည်ရေးအတွက် တိုက်ပွဲလေ…"

"ပြီးတော့ သမက်လေးဆီမှာလည်း 'ကောင်းကင်အဆင့် ဝိညာဉ်ရတနာ' ရှိတယ်လေ…"

"ချန်လန်ပင်လယ်ဒေသရဲ့ အမြင့်ဆုံး တိုက်ခိုက်ရေးအင်အားတွေထဲက တစ်ခုလို့ သတ်မှတ်နိုင်တာပဲ…"

ဝူကျိတာအိုအရှင်က ကျိုးစွေ့ကို ကြည့်လိုက်သည်။ ထင်ရှားသည်မှာ လက်ရှိ ကျိုးစွေ့သည်လည်း ချန်လန်ပင်လယ်ဒေသ၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်နေပြီ ဖြစ်သည်။

မူလက 'ကောင်းကင်အဆင့် ဝိညာဉ်ရတနာ' နှစ်ခုသာ ရှိသဖြင့် သေချာပေါက် စိတ်ချရသည်ဟု မဆိုနိုင်သေးပေ။

သို့သော် ယခုမူ နောက်ထပ်သော 'ကောင်းကင်အဆင့် ဝိညာဉ်ရတနာ' တစ်ခု ထပ်တိုးလာပြီဖြစ်ရာ အမှားအယွင်း မရှိနိုင်တော့ပေ။

"စိတ်ချပါ... ကျုပ်တာဝန်သာ ထားပါလေ…"

ကျိုးစွေ့က ခေါင်းညိတ်လိုက်၏။

ဤတစ်ကြိမ်တွင်မူ သူ၏မူလခန္ဓာကိုယ် ကိုယ်တိုင် တိုက်ပွဲဝင်ရတော့မည်ဟု နားလည်လိုက်လေသည်။

မှန်ပေသည်၊ ဤတိုက်ပွဲသည် ဧကန်မုချ အလွန်ပင် အန္တရာယ်များပေလိမ့်မည်။

ဆယ်ယောက်သွားမှ တစ်ယောက်ပြန်လာနိုင်မည့် အခြေအနေမျိုး မဟုတ်သော်လည်း သေဆုံးနိုင်ခြေအန္တရာယ်တော့ သေချာပေါက်ပင် ရှိနေချေသည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့၏ စစ်ပွဲဖြစ်ရာ မည်သည်မဆို ဖြစ်ပျက်သွားနိုင်ပေသည်။

ပြဿနာမှာ ယခုအချိန်တွင် သူ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်တော့ခြင်းပင် ဖြစ်သည်။

အကယ်၍ မိစ္ဆာမျိုးနွယ်၏ အစီအစဉ်သာ အောင်မြင်သွားပါက ကျင့်ကြံခြင်းလောက၏ မည်သည့်နေရာသို့ သူပုန်းအောင်းနေသည်ဖြစ်စေ အလကားပင် ဖြစ်ပေလိမ့်မည်။

ကျင့်ကြံခြင်းလောကတစ်ခုလုံးကို မိစ္ဆာမျိုးနွယ်များက ဝါးမြိုသွားပေလိမ့်မည်။ ဤသည်မှာ သူ သည်းခံနိုင်သော ကိစ္စမဟုတ်ပေ။

သိုသိုသိပ်သိပ်နေထိုင်ခြင်း ဆိုသည်မှာ လိပ်ခေါင်းကဲ့သို့ ဝင်ပုန်းနေခြင်း မဟုတ်ချေ။

လှုပ်ရှားသင့်သောအချိန်တွင် လှုပ်ရှားရမည်သာ ဖြစ်သည်မဟုတ်လော။

သူသည် သရဲဘောကြောင်ပြီး အလုပ်ရှုပ်မခံလိုသူ မဟုတ်ပေ၊ အန္တရာယ်မှန်သမျှကို မဖိတ်ခေါ်ချင်ရုံသက်သက်သာ ဖြစ်သည်။

သို့သော် အမှန်တကယ် လှုပ်ရှားရမည့်အချိန်သို့ ရောက်လာပါက တွန့်ဆုတ်နေမည် မဟုတ်ပေ။

"မဟာမိတ်ခေါင်းဆောင်... ဒါဆို ကျုပ်တို့ ဘယ်အချိန် လှုပ်ရှားကြမလဲ"

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးက မေးလိုက်လေ၏။

"ဒီကိစ္စကတော့... အလောတကြီး လုပ်စရာမလိုဘူး၊ လောလောဆယ် ပြင်ဆင်နေတုန်းမို့ပါ…"

"ဒါပေမဲ့ အချိန်အကြာကြီးတော့ စောင့်စရာ မလိုလောက်ဘူး…"

"အချိန်ကျရင် ခင်ဗျားတို့ကို အကြောင်းကြားပါ့မယ်…"

ဝူကျိတာအိုအရှင်က တိကျသောအချိန်ကို ထုတ်ဖော်မပြောခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူလျှိုများ ရှိနေနိုင်သည့် အခြေအနေကိုလည်း ကာကွယ်ရမည် မဟုတ်ပါလော။

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများထဲတွင် မိစ္ဆာမျိုးနွယ်၏ ဝယ်ယူခြင်းကို ခံထားရပြီး သစ္စာဖောက်ဖြစ်လာသူ ရှိမရှိ မည်သူ သိနိုင်ပါမည်နည်း။

ဖြစ်နိုင်ချေ နည်းပါးသော်လည်း မဖြစ်နိုင်ဟု မဆိုလိုပေ။ ကြိုတင်ကာကွယ်ထားခြင်းက ပိုကောင်းပေသည်။

ထို့ကြောင့် မည်သည့်အချိန်တွင် လှုပ်ရှားမည်ကို ဝိညာဉ်သန္ဓေသား အနည်းငယ်ကသာ သိရှိကြပေသည်။

............

တစ်ချိန်တည်းမှာပင် မြူနှင်းနန်းတော်ပင်လယ်နယ်မြေ၊ မင်ကွမ်းကျွန်း၌...။

မူလက ဤကျွန်းသည် ဤပင်လယ်နယ်မြေတွင် နာမည်ကြီးသော စတုတ္ထအဆင့် ကျွန်းတစ်ကျွန်းဖြစ်ပြီး မြူနှင်းနန်းတော်က ထိန်းချုပ်ထားခြင်း ဖြစ်သည်။

သို့သော် ကမ္ဘာများပေါင်းစပ်ခြင်းဖြစ်စဉ် ပေါ်လာပြီးနောက် ကမ္ဘာ့တံခါးပေါက်များမှ မိစ္ဆာသားရဲအများအပြား ထွက်ပေါ်လာခဲ့သည်။

ရလဒ်အနေဖြင့် မင်ကွမ်းကျွန်းကို မိစ္ဆာမျိုးနွယ်များက သိမ်းပိုက်လိုက်ကြသည်။

ကျွန်းပေါ်ရှိ လူသားအားလုံးမှာ မိစ္ဆာသားရဲများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး အစအနပင် မကျန်တော့ချေ။

ကျွန်း၏ပင်မဧရိယာတွင် “ကျောင်းလုံမြို့တော်” ဟူသော ကြီးမားသည့် မြို့ကြီးတစ်မြို့ ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် သူတို့ အချိန်အနှစ် (၂၀) ခန့် အကုန်အကျခံပြီး တည်ဆောက်ခဲ့သော မိစ္ဆာမြို့တော်ပင် ဖြစ်လေသည်။

အတွင်းထဲတွင် ရှေးဟောင်းမိစ္ဆာကမ္ဘာမှလာသော မိစ္ဆာသားရဲများ ကြိတ်ကြိတ်တိုး နေထိုင်ကြသည်။ အခြေခံအားဖြင့် စတုတ္ထအဆင့်မိစ္ဆာသားရဲ အများစုသည် ကျောင်းလုံမြို့တော်ထဲတွင် နေထိုင်ကြသည်ဟု ဆိုနိုင်ပေသည်။

ခေါင်းဆောင်ဖြစ်သော မိစ္ဆာကျင့်ကြံသူမှာ ကျောင်းလုံမျိုးနွယ်စုမှ အကြီးအကဲ 'ကျောင်းဝူဝေ' ဖြစ်၏။ စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံမှုရှိပြီး ကျင့်ကြံမှုသည် ပဉ္စမအဆင့်နှင့် အလွန်ပင် နီးစပ်နေကာ၊ ဝိညာဉ်သန္ဓေသားအဆင့်တွင် ပြိုင်ဘက်ကင်းသော မိစ္ဆာသားရဲဟု ဆိုနိုင်ပေသည်။

ကောလာဟလများအရ သူ၏ခန္ဓာကိုယ်ထဲတွင် နဂါးသွေးမျိုးဆက်တစ်မျှင် ပါဝင်နေသဖြင့်၊ သူ၏ခန္ဓာကိုယ်သည် အလွန်တရာ သန်မာလှပြီး၊ တစ်ကိုယ်လုံးရှိ မိစ္ဆာစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေနိုင်သည်ဟု ဆိုကြပေသည်။

စတုတ္ထအဆင့်မိစ္ဆာသားရဲ အများအပြားသည် ဤ 'ကျောင်းဝူဝေ' နှင့် ရင်ဆိုင်ရသောအခါ အသာတကြည် နာခံကြပြီး အနည်းငယ်မျှပင် ဖီဆန်ရဲခြင်း မရှိကြပေ။

မှန်ပေသည်၊ ကျောင်းလုံမျိုးနွယ်စုအပြင် ရှေးဟောင်းမိစ္ဆာကမ္ဘာမှလာသည့် အခြားသော အင်အားကြီး မျိုးနွယ်စုများလည်း ရှိသေးသည်။

ဥပမာအားဖြင့် မိစ္ဆာဖီးနစ်မျိုးနွယ်၊ မိစ္ဆာမြေခွေးမျိုးနွယ်၊ ဓာတ်ငါးပါးအကြေးခွံမျိုးနွယ်၊ မိစ္ဆာသိန်းငှက်မျိုးနွယ် စသည်တို့ ဖြစ်ကြလေသည်။

All Chapters