← Chapters

ပဲငံပြာရည် (အပိုင်း ၂)

Vol. 4 Ch. 34

ပဲငံပြာရည် (အပိုင်း ၂)

Vol. 4 Ch. 34

နေခင်းဘက်၏ ပြင်းပြလှသော အပူရှိန်က တဲအမိုးပေါ်သို့ အငြိုးတကြီး ကျရောက်နေသည်။ တဲအတွင်းဘက်မှ လေထုထဲတွင်မှု လတ်လတ်ဆတ်ဆတ် သွေးညှိနံ့များ ပျံ့နှံ့နေသည်။ ကျိုးယိနိုက ကျောကို ဆန့်ကာ မတ်မတ်ရပ်နေပြီး သူ၏ ကြိမ်ချပ်ဝတ်တန်ဆာပေါ်ရှိ သွေးကွက်များက သူ၏ တည်ငြိမ်သော အမူအရာနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

သူ၏မျက်စိရှေ့တွင် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့သည့် ရင့်ကျက်လှသော မျက်ဝန်းပိုင်ရှင်တစ်ဦး ရှိနေပြီး သူ့၏သွေးစွန်းနေသော ချပ်ဝတ်တန်ဆာကို အသေးစိတ် စစ်ဆေးနေသည်။ စစ်သူကြီး၏ ထိုစူးရှသော အကြည့်များက ကျိုးယိနိုကိုပင် အနည်းငယ် နေရခက်စေသည်။ ထိုအချိန်တွင် တပ်မှူးဝမ်က ကြမ်းရှရှ အသံဖြင့် ချောင်းတစ်ချက်ဟန့်ကာ စကားစလိုက်သည်။ သူ၏စကားလုံးများထဲတွင် အံ့အားသင့်နေသည့် အရိပ်အယောင်များ ရောယှက်ပါဝင်နေသည်။

“စစ်သူကြီးမင်း၊ ကျွန်တော်မျိုးလည်း ဒီကြိမ်ချပ်ဝတ်တန်ဆာကို ပစ္စည်းတွေ သယ်ဖို့အတွက်ပဲ သုံးလို့ရတဲ့ ပစ္စည်းတစ်ခုလို့ ထင်ထားခဲ့တာပါ၊ ဒါက အရမ်းပေါ့ပါးတော့ ပစ္စည်းတွေ သယ်ရတာ အရမ်းလွယ်ကူပါတယ်၊ ဒါက ဒီလောက်အထိ အသုံးဝင်လိမ့်မယ်လို့တော့ တစ်ခါမှ မတွေးမိခဲ့ဘူး"

ထို့နောက် သူက ကျိုးယိနိုဘက်သို့ လက်ညှိုးညွှန်ပြရင်း စကားဆက်ပြောနေပြန်သည်။

"ကျွန်တော်မျိုးကိုယ်တိုင် စမ်းသပ်ကြည့်ပြီးပါပြီ၊ ဒါကို ဓားနဲ့ခုတ်ရင်တောင် အစင်းကြောင်းပဲ ကျန်ခဲ့တယ်၊ အတွင်းကို လုံးဝ မဖောက်ဝင်နိုင်ဘူး"

စစ်သူကြီးကျုံးက သွေးစွန်းနေသော ကြိမ်ချပ်ဝတ်ကို သေချာကြည့်ပြီးနောက် ကျိုးယိနိုကို စူးစူးစိုက်စိုက် ကြည့်ကာ မေးမြန်းလိုက်သည်။

"ဒီလောက်ကောင်းတဲ့ ပစ္စည်းရှိတာကို ဘာလို့ စောစောစီးစီး အစီရင်မခံခဲ့တာလဲ?"

ကျိုးယိနိုက ဒူးတစ်ဖက် ထောက်လိုက်ပြီး ခပ်ကျယ်ကျယ် ပြန်လည်ဖြေကြားလိုက်သည်။

"ဒီကြိမ်ချပ်ဝတ်က ကျွန်တော်မျိုးရဲ့ဇနီး အိမ်မှာ လက်နဲ့ ရက်လုပ်ပေးလိုက်တဲ့ ပစ္စည်းပါ။ ကျွန်တော်မျိုးရဲ့ဇနီးပြောတာတော့ ကြိမ်တွေကို ထုံဆီနဲ့ စိမ်ပြီး ရက်လုပ်ထားလို့ ဓားနဲ့ဖြတ်ရင်တောင် ကျိုးသွားမှာ မဟုတ်ဘူးတဲ့၊ ဒါကို ကျွန်တော်မျိုး စစ်မှုထမ်းရမှာမို့ ရက်ပေးလိုက်တာပါ၊ ဒါပေမယ့် ကျွန်တော်မျိုးက ဒါကို ပစ္စည်းတွေသယ်ဆောင်ဖို့ပဲ သုံးလေ့ရှိပြီး စစ်မြေပြင်ကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ၊ တကယ်ထိရောက်မှု ရှိ မရှိ မသိသေးတော့ မျက်စိစုံမှိတ်ပြီး မပြောပြရဲပါဘူး"

တပ်မှူးဝမ်က သူ့မျက်ဝန်းထောင့်များ တွန့်သွားသည်အထိ သဘောတကျ ရယ်မောလိုက်သည်။

‘အင်း... ဒီကောင်လေးကတော့...’

သူက ဘေးနားတွင် ကျောက်ရုပ်ကဲ့သို့ အရိုအသေပေးနေသော ကျိုးယိနိုကို ကြည့်ရင်း ဝင်ပြောလိုက်သည်။

“စစ်သူကြီးမင်း၊ သူက ကျွန်တော်မျိုး လူသစ်စုဆောင်းဖို့ သွားရင်း ရှာတွေ့ခဲ့တဲ့ လူကောင်းလေးပါ။ ကျွန်တော်မျိုးတို့ တိုက်ပွဲအတွက် စစ်ချီခဲ့တဲ့ လမ်းခရီးတွေမှာ စခန်းချဖို့တောင် အိပ်မက် မမက်ရဲခဲ့တဲ့ ခက်ခဲတဲ့ ညတွေကို မှတ်မိသေးတယ် မဟုတ်လား? အားလုံးကလည်း ပင်ပန်းနေတဲ့အပြင် အရိုးကွဲမတတ်လည်း အေးနေသေးတယ်၊ လေကလည်း ဝိညာဉ်တောင်တုန်လောက်အောင် မြည်ဟည်းတိုက်ခတ်နေတာမျိုးလေ၊ အဲဒီလိုအချိန်မှာ ဆားအိုးကြီးတွေကို ထုတ်ပြီး ဟင်းချက်ဖို့ဆိုတာ တကယ်ကို စိတ်ပျက်စရာပါဗျာ။ ဒါပေမယ့် ဒီဦးနှောက်ကောင်းတဲ့ကောင်လေးကတော့..."

တပ်မှူးဝမ်က ကျိုးယိနို၏ ပခုံးကို ပုတ်ရင်း ဆက်ပြောလိုက်သည်။

"သူကတော့ သူ့အိတ်ထဲကနေ ထူးဆန်းတဲ့အရာတွေကို ထုတ်လာခဲ့တယ်။ အဲဒါက ဂျင်းမှုန့်တွေ ရောကြော်ထားတဲ့ ဂျင်းပုဇွန်ခြောက်ကြော်တဲ့၊ အဲဒါက လုံးဝကို အံ့ဩစရာအကောင်းဆုံးပဲ။ ရေနွေးတည်ပြီး သောက်ရတဲ့ အသုံးမဝင်တဲ့ ဆားနဲ့မတူဘူး၊ ရေဆူအောင် စောင့်နေဖို့လည်း မလိုဘူး၊ အမှောင်ထဲမှာ စမ်းတဝါးဝါး လုပ်နေစရာလည်း မလိုဘူး။ ရေထဲကို အဲဒါလေးတွေ ထည့်လိုက်တာနဲ့ ဂျင်းနံ့က တလှိုင်လှိုင်တက်လာတာ၊ အအေးဒဏ်ကို တိုက်ထုတ်ပေးနိုင်သလို စားချင်စိတ်လည်း တိုး‌စေတယ်၊ ပြီးတော့.....”

တပ်မှူးဝမ်က ကိုယ်ကို ရှေ့သို့ ကိုင်းကာ တစ်စုံတစ်ခုကို လျှို့လျှို့ဝှက်ဝှက် ပြောနေသလိုမျိုး လေသံကို လျှော့ချပြီးမှ ဆက်ပြောနေလေသည်။

"အဲဒီ ဂျင်းမှုန့်က... တကယ့်ကို အစွမ်းထက်တယ်! အဲဒီဂျင်းမှုန့်က အေးစိမ့်နေတဲ့ လေပြင်းတွေကြားထဲမှာတောင် ကျွန်တော်မျိုးတို့ကို ချွေးထွက်လာစေပြီး အအေးမိတာကို တားဆီးပေးခဲ့တယ်။ ရိုးရှင်းတဲ့ ကြိုးစားအားထုတ်မှုလေးဆိုရင်တောင် ဒီလို ပင်ပန်းဆင်းရဲမှုတွေ ပြည့်နေတဲ့ ခရီးရှည်ကြီးအတွကတော့ တကယ့်ကို ထူးခြားတဲ့ ပြောင်းလဲမှုကို ဖြစ်စေခဲ့တယ်။ အဲဒါကြောင့် စစ်တပ်တစ်ခုလုံးမှာ ဒါကိုအသုံးပြုဖို့ ကျွန်တော်မျိုး တိုက်တွန်းခဲ့တာပါ။ ဒီအကြံကောင်းအတွက်တော့ သူ့ကိုပဲ ကျေးဇူးတင်ရမှာ"

ကျိုးယိနိုကတော့ သူ့ဇနီးကိုသာ ဆက်ကြွားနေလေသည်။

"ဂျင်းမှုန့်နဲ့ ပုဇွန်ခြောက်ကြော်ကလည်း ကျွန်တော်မျိုးရဲ့ဇနီး အိမ်ကနေ ပြင်ဆင်ပေးလိုက်တာပါ၊ မြောက်ဘက်ရဲ့ အအေးဒဏ်က ပြင်းထန်လွန်းတော့ အေးစိမ့်တဲ့လေက လူ့အသက်ကိုတောင် ရန်ရှာနိုင်တယ်လို့ ကျွန်တော်မျိုးရဲ့ဇနီးက ပြောခဲ့ပါတယ်၊ ဒါကို မကြာခဏ စားပေးမယ်ဆိုရင် အအေးမိတာကို ကာကွယ်ပေးနိုင်လိမ့်မယ်တဲ့"

စစ်သူကြီးကျုံးက သဘောကျနေဟန်ဖြင့် ပြုံးနေရင်း ခပ်တိုးတိုး အသံဖြင့် စကားစလာခဲ့သည်။

"စိတ်ဝင်စားစရာပဲ၊ မင်းရဲ့ဇနီးက တကယ်ကို ဉာဏ်ကောင်းတယ်၊ မင်းရဲ့ အခုနာမည်ကိုတောင် သူကပဲ ရွေးချယ်ပေးခဲ့တယ်လို့ ငါ ဝမ်တုန်းဆီကနေ ကြားမိသလိုပဲ"

ကျိုးယိနိုက တလေးတစား ဦးညွှတ်ပြီးမှ ပြန်ဖြေလိုက်သည်။

"စစ်သူကြီးမင်း ကြားတဲ့စကားက အမှန်ပါ၊ ဇနီးသည်က ကျွန်တော်မျိုးရဲ့နာမည်ကို ရွေးပေးရုံတင်မကဘဲ စာလုံးတွေကိုပါ စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့ပါတယ်။ သူရဲ့ ကြိုးစားအားထုတ်မှုကြောင့် စစ်တပ်ထဲရောက်လာတဲ့အချိန်မှာ ဝမ်တာ့ရန်ရဲ့ သတိထားမိခြင်းကို ရနိုင်ခဲ့တာပါ"

ကျိုးယိနို၏ မျက်ဝန်းထဲတွင် ကျေးဇူးတင်နေသည့် အရိပ်အယာင်များ ထွက်ပေါ်လာပြီး တပ်မှူးဝမ်က လှမ်းကြည့်လိုက်သည်။

"ဝမ်တာ့ရန်က ကျွန်တော်မျိုးရဲ့ အလားအလာကို မြင်ခဲ့ပြီး ကျွန်တော်မျိုးကို လမ်းပြပေးခဲ့ပါတယ်၊ ဆရာတစ်ယောက်လို အမြဲတမ်း သင်ကြားပေးပြီး အစစအရာရာ ပံ့ပိုးကူညီပေးခဲ့ပါတယ်။ အခု ဝမ်တာ့ရန်နဲ့ ကျွန်တော့မျိုးဇနီးတို့ရဲ့ သင်ကြားပေးမှုတွေကြောင့် ကျွန်တော်မျိုးကိုယ်တိုင် စာရေး စာဖတ်လုပ်နိုင်ပါပြီ၊ အခု အိမ်ကို စာရေးတဲ့အခါ ဘယ်သူ့ကိုမှ အကူအညီတောင်းစရာမလိုတော့ပါဘူး”

စစ်သူကြီးက အားရပါးရ ရယ်မောပြီးမှ ချီးကျုးစကားဆိုလိုက်သည်။

"ဒီလောက် ပညာရှိတဲ့ ဇနီးသည်ရှိမှတော့ ဝမ်တုန်းရေ... မင်းအောက်ကနေ အရည်အချင်းရှိတဲ့ စစ်ရေးအကြံပေးတစ်ယောက် ထွက်ပေါ်လာနိုင်တယ်နော်”

တပ်မှူးဝမ်ကလည်း အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"ဒါက စာပေတတ်တဲ့ အရပ်ဘက်အရာရှိတစ်ယောက်တင်မကပါဘုးဗျာ၊ ကျိုးယိနိုက ခွန်အားလည်း ရှိပြီး အင်မတန် သန်မာတဲ့သူပဲ။ သားကောင်ဖျက်တဲ့ ဓားမကြီးကိုတောင် အသာလေး ကိုင်တွယ်နိုင်တယ်၊ အခု သူကိုယ်ပေါ်က သွေးတွေကလည်း သူ့သွေးတွေ မဟုတ်ဘဲ ရန်သူတွေရဲ့ သွေးတွေပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား? ပြီးတော့ ကျွန်တော် သူ့အကြောင်းစကြားဖူးတုန်းက သူက အဲဒီဉာဏ်ကောင်းတဲ့မိန်းခလေးနဲ့ လက်ထပ်နိုင်ဖို့ တောင်ပေါ်မှာ သုံးရက်သုံးညလုံး အငတ်ခံ စောင့်ပြီး ကြမ်းတမ်းတဲ့ ကျားတစ်ကောင်ကို ဖမ်းခဲ့တယ်ဆိုပဲ။ ဒါကိုကြည့်ရင် သူက စာပေရော စစ်‌‌ရေးပါ ကျွမ်းကျင်ပြီး နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရလာမယ့်သူဖြစ်လာနိုင်တယ်"

စစ်သူကြီး၏ ရင့်ကျက်လှသော မျက်နှာပြင်ထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းကို ခပ်သွက်သွက် ညိတ်လိုက်သည်။ သူက သူ့အသက်အရွယ်နှင့် အတွေ့အကြုံအပေါ် မူတည်ပြီး သူ သိထားသည့်အရာကို မျှဝေပေးလာခဲ့သည်။

"ငါတို့ စစ်တပ်ထဲမှာ သတ္တိဆိုတာ သူ့အလိုလို ရောက်လာတဲ့ ဆုလာဘ်ပဲ၊ မင်း ရဲရင့်ပြီး စွမ်းဆောင်နိုင်သရွေ့ ကောင်းမွန်တဲ့ ဆုလာဘ်တွေ မရမှာကို စိတ်ပူနေစရာမလိုဘူး၊ ရဲစွမ်းသတ္တိ ပြသနိုင်တဲ့ စစ်သည်တစ်ယောက်က ဘယ်လိုအဆင့်အတန်းအထိမဆို တက်လှမ်းနိုင်တယ်၊ ရန်သူကို ရဲရဲရင့်ရင့် တိုက်ခိုက်နေသ‌ရွေ့ တစ်နေ့နေ့မှာ စစ်သူကြီးလည်း ဖြစ်လာနိုင်တယ်၊ ဒီနေရာက စစ်သည်အများစုက စာဖတ်တတ်တဲ့သူတွေ မဟုတ်ဘူး၊ သူတို့ရဲ့ စစ်ရေးအောင်မြင်မှုတွေကို သူတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ သွေးထွက်သံယိုမှုတွေကနေ ရရှိလာတာ”

ထို့နောက် သူ့လေသံက ပိုတည်ငြိမ်လေးနက်သွားပြီး ဆက်ပြောပြလာခဲ့သည်။

"တကယ်တော့ အခု ငါတို့လည်း တကယ်ကို ခက်ခဲတဲ့ အချိန်တွေ ဖြစ်နေတယ်၊ တိုင်းပြည်က အဆက်မပြတ် ဖြစ်နေတဲ့ စစ်ပွဲတွေအတွက် ထောက်ပံ့နေရတော့ ဘဏ္ဍာတိုက်လည်း ဟောင်းလောင်းဖြစ်နေပြီ၊ စစ်တပ်ရိက္ခာနဲ့ လက်နက်တွေကလည်း ကန့်သတ်ချက် ရှိနေတယ်။ ကျိုးယိနို... အခု မင်းဇနီး ရက်လုပ်ပေးလိုက်တဲ့ ဒီကြိမ်ချပ်ဝတ်က တကယ့်ကို အဖိုးဖြတ်လို့မရတဲ့ အထောက်အကူတစ်ခု ဖြစ်လာပြီ"

ကျိုးယိနိုက အရေးတကြီးဟန်ဖြင့် စကားဖြတ်ပြောလိုက်သည်။

"စစ်သူကြီးမင်း... ဒီကြိမ်ချပ်ဝတ်က နေ့စဉ်သုံးအတွက်ပဲ သင့်တော်ပါတယ်။ မီးနဲ့ တိုက်ခိုက်မှုတွေအတွက်တော့ ခံနိုင်ရည်နည်းပါတဲ့အပြင် ပိုအန္တရာယ် ဖြစ်စေလိမ့်မယ်။ ဒါပေမယ့် ဝတ်ရတာ အရမ်းလွယ်တဲ့အပြင် ခါးမှာ အမြန်ဖြုတ်လို့ရတဲ့ ချိတ်ခါးပတ်လည်း ရှိတယ်၊ တကယ်လို့ မီးနဲ့တိုက်ခိုက်ခံရရင် ချပ်ဝတ်ကို အမြန် ချွတ်နိုင်ဖို့က အရေးအကြီးဆုံးပဲ၊ ဒီလိုမျိုး ချိတ်နဲ့ဆိုရင်တော့ တစ်ချက်ဆွဲရုံနဲ့ ဖြုတ်လို့ ရပါတယ်"

စစ်သူကြီးကျုံးကလည်း သူ၏ကြမ်းတမ်းသော လက်ဖြင့် ကြိမ်ချပ်ဝတ်၏ မျက်နှာပြင်ပေါ်ကို စမ်းကြည့်နေသည်။ ထို့နောက် သူက အနုစိတ်ရက်လုပ်ထားပုံများကို ကြည့်လိုက်ပြီး စဉ်းစားဟန်ပါသော အပြုံးဖြင့် တပ်မှူးဝမ်ဘက်သို့ လှည့်ကာ လေသံတိုးတိုးဖြင့် ချီးကျူးလိုက်သည်။

"ဒါက တကယ်ကို ထူးခြားတဲ့ ဖန်တီးမှုပဲ၊ ဒါတွေကို ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ နည်းနည်းပါးပါး ပြုပြင်ဖို့တော့ လိုကောင်းလိုလာလိမ့်မယ်၊ ဒါပေမယ့် အလွယ်တကူရနိုင်တဲ့ ကြိမ်တွေကို သုံးတာက တကယ့်ကို အလားအလာရှိတဲ့ အစားထိုးပစ္စည်းပဲ၊ ထုတ်လုပ်မှုက နည်းနည်း ဒုက္ခများပေမယ့် သံသံချပ်ကာတွေထက် ရနိုင်ဖို့ ပိုလွယ်တယ်၊ မင်း စဉ်းစားကြည့်စမ်း၊ တပ်ထဲက စစ်သည်တိုင်း ဒီလိုပေါ့ပါးပြီး လှုပ်ရှားရလွယ်ကူတဲ့ ချပ်ဝတ်တွေ ဝတ်ထားနိုင်မယ်ဆိုရင် သူတို့ရဲ့ လှုပ်ရှားမှုတွေ ပိုမြန်လာပြီး တိုက်ခိုက်နိုင်စွမ်းကလည်း အတုမရှိ ဖြစ်လာလိမ့်မယ်။ ကျိုးယိနိုလို စစ်သည်တွေရယ်၊ ဒီလို ထူးခြားတဲ့ ချပ်ဝတ်တွေရယ်သာ ရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ငါတို့လက်ထဲမှာပဲ"

တပ်မှူးဝမ်ကလည်း ဝမ်းသာအားရ ဒူးတစ်ဖက်ထောက်ကာ ဦးညွှတ်ထောက်ခံလိုက်သည်။ သူ၏အသံတွင်လည်း စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။

"ဒါဆို ဒီလက်အောက်ငယ်သားက စစ်သူကြီးမင်း ကျိုးယိနိုမျိုး ငယ်ရွယ်တဲ့ တပ်မှူးတစ်ယောက် ထပ်ရလာလို့ ဂုဏ်ပြုပါတယ်"

စစ်သူကြီးကျုံးက အံ့ဩဟန်ဖြင့် တဟားဟား ရယ်မောလိုက်သည်။

"ဟား ဟား၊ သူက ဒီဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်၊ ဒါပေမယ့် အလောတကြီး လုပ်လို့တော့ မဖြစ်သေးဘူး။ ဒါက သူ့ရဲ့ပထမဆုံး တိုက်ပွဲပဲ ရှိသေးတယ်။ ဝမ်တုန်း၊ သူ့ကို တပ်ခွဲမှူး အဆင့်ပဲ အရင်ပေးထားပြီး မင်းရဲ့လက်အောက်မှာ ထားလိုက်။ ပြီးတော့ မင်းရဲ့ နှိမ့်ချတတ်တဲ့ စိတ်ထားကလည်း တကယ်ကို ချီးကျူးစရာပဲ၊ စိတ်ချပါ၊ မင်းရဲ့ သတ္တိနဲ့ စွမ်းဆောင်မှုတွေလည်း အလကားမဖြစ်စေရပါဘူး၊ မင်းရဲ့ စွမ်းဆောင်ရည်တွေကို ဧကရာဇ်မင်းမြတ်ရဲ့ ‌‌‌‌‌‌‌ ‌‌‌ ရွှေနားတော်အထိ ပေါက်ရောက်အောင် ငါ စီစဉ်ပေးပါ့မယ်"

ဝမ်တုန်းက ပြုံးဖြဲဖြဲဖြင့် တုံ့ပြန်လိုက်သည်။

"အမှန်အတိုင်း ပြောရရင် စစ်သူကြီးမင်းက ကျွန်တော်မျိုးကို ဟန်ရေးပြတတ်ပြီး ကြွားဝါနေတဲ့သူလို့ မထင်ရင်ပဲ ကျွန်တော်မျိုး ကျေနပ်ပါပြီ"

စစ်သူကြီးကျုံးက တဟားဟား ရယ်မောလိုက်ပြီး ဝမ်တုန်းဘက်သို့ လက်ညှိုးထိုးကာ ဆူပူကြိမ်းမောင်းလိုက်သည်။

"ကောက်စုတ်လေး၊ မင်းက အဲဒီကိစ္စကို အခုထိ မှတ်ထားသေးတယ်ပေါ့"

ထို့နောက် သူက ခေါင်းကို မော့ကာ အားရပါးရ ထပ်မံရယ်မောနေလေသည်။ ထိုရယ်သံမှာက အမှန်တကယ် နွေးထွေးပြီး ရိုးသားလွန်းလှသည်။

စစ်ဆေးရေးအတွက် နှစ်ရက်ကြာ ပေးထားခဲ့ရသော ကြိမ်ချပ်ဝတ်ကို ပြန်လည်ရရှိချိန်တွင် ကျိုးယိနိုက ချပ်ဝတ်၏မျက်နှာပြင်ပေါ်မှ ဖြူဖျော့ဖျော့ အခြစ်ရာလေးများကို သူ၏လက်ချောင်းများဖြင့် အသာအယာ ပွတ်သပ်နေခဲ့သည်။ ထိုရင်းနှီးနေသော အထိအတွေ့က သူ့ရင်ထဲကို နွေးထွေးသွားစေပြီး အိမ်၌ သူ့ကို စောင့်မျှော်နေမည့် ဇနီးလေး၏ ပုံရိပ်ကို ချက်ချင်း တွေးမိသွားစေသည်။ ဤချပ်ဝတ်က သူမ၏ မယိုင်လဲသော ပံ့ပိုးကူညီမှုနှင့် သူမ သူ့ဘေး၌ မရှိသည့်တိုင်အောင် အမြဲရှိနေပေးသည့် နှစ်သိမ့်မှုတစ်ခုကဲ့သို့ပင်။

‘အပြင်ကနေ စစ်မှုလာထမ်းရတဲ့ သူတို့လို သာမန်လူတွေတောင် စစ်ရေးအောင်မြင်မှုတွေ ရလိုက်တာနဲ့ အရာရှိအဆင့်အထိ တက်လှမ်းနိုင်တယ်တဲ့လား? ဒါက မထင်မှတ်ဘဲ ပေါ်ပေါက်လာတဲ့ အခွင့်အရေးပဲ၊ တကယ်လို့ အဲ့ဒါကသာ အမှန်ဖြစ်ခဲ့ရင် သူ တင်းရှန်းအတွက် ဂုဏ်သရေရှိတဲ့ အဆင့်အတန်းတစ်ခုအထိ သွားနိုင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား?’

‘သူ တကယ်ကြိုးစားနိုင်ခဲ့ရင် တင်းရှန်းလည်း သူတစ်ပါးရဲ့လှောင်ပြောင်မှုတွေ ဝေဖန်ကဲ့ရဲ့မှုတွေကို ခံစားရတော့မှာ မဟုတ်ဘူး’

ထိုအတွေးများက စုန့်တင်းရှန်းအား သက်သေပြလိုသော ကျိုးယိနို၏ရင်ထဲမှ ဆန္ဒများကို လျှံတက်လာစေသည်။

‘တင်းရှန်း ငါနဲ့ လက်ထပ်လိုက်တာက ဆင်းရဲဒုက္ခတွေ ခံရဖို့ မဟုတ်ဘဲ တောက်ပတဲ့ အနာဂတ်ဆီသို့ သွားဖို့ တံခါးပေါက်တစ်ခု ဖြစ်စေရမယ်’

စုန့်တင်းရှန်းက နှာချေလိုက်ပြီး စောင်ကို ဖယ်ကာ ထထိုင်လိုက်သည်။

နွေရာသီ၏ အကြွင်းအကျန် အပူရှိန်များက ဆက်လက်စွဲကပ်နေဆဲဖြစ်ရာ ဆောင်းဦးရာသီက အမည်ခံမျှသာဖြစ်ပြီး နှစ်လိုဖွယ်ကောင်းသော အေးမြမှုမရှိဘဲ ပူပြင်းခြောက်သွေ့မှုများကသာ ကြီးစိုးနေသည်။ လေထုထဲတွင်လည်း အသက်ရှူရကျပ်လှသော ပျင်းရိငြီးငွေ့မှုများ ပြည့်နှက်နေပြီး သူမ တောင့်တခဲ့သော လန်းဆန်းသည့် နံနက်ခင်းများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ ပို၍ဆိုးသည်မှာ ဤထူးဆန်းသော ရာသီဥတုတွင် ခြင်များ အလွန်အမင်း ပေါများလာခြင်းပင်။ ပုံမှန်ဆိုလျှင် ယုံကြည်အားကိုးရသော ပိုးသတ်ဆေးမှိုင်းနံ့များကလည်း ယခုတစ်ကြိမ်တွင် ခြင်များကို မတားဆီးနိုင်တော့ပေ။ ခြင်ဆေးများကို တစ်ခုပြီးတစ်ခု ထွန်းထားသော်လည်း သူမ၏ အသားပေါ်တွင် ယားယံစေသည့် အဖုအပိန့် နီနီများ ထွက်ပေါ်နေကာ လက်မောင်းများမှတစ်ဆင့် မျက်နှာပေါ်အထိပင် အညှာအတာမဲ့ ကျူးကျော်နေကြသည်။ အေးမြသော ဆောင်းဦးလေပြေနှင့် ငြိမ်းချမ်းသော ညနေခင်းများဟူသည်က ရက်စက်လှသော စိတ်ကူးယဉ်အိမ်မက်တစ်ခုအလား ဖြစ်နေလေသည်။

စုန့်တင်းရှန်းက ငယ်စဉ်ကတည်းက ခြင်ကိုက်ခံရလွယ်သူဖြစ်ပြီး အခုထိတိုင် ခြင်များကို ဆွဲဆောင်နေဆဲဖြစ်သည်။ ကံဆိုးစွာဖြင့် သူမ၏ အရေပြားက ဤခြင်ငယ်လေးများအတွက် ကြယ်ငါးပွင့်အဆင့်ရှိသော စားတော်ပွဲကြီးတစ်ခုကဲ့သို့ ဖြစ်နေပုံရသည်။ နွေရာသီက သူမအတွက် တိုက်ပွဲတစ်ခု ဖြစ်ပြီး ပြတင်းပေါက်များကို ပိတ်ထားလျှင်လည်း အိုက်စပ်လှသော အပူရှိန်ကြောင့် ချွေးရွှဲနစ်ကာ စိတ်ပျက်လက်ပျက်ဖြင့် လန့်နိုးလာရပြန်သည်။ ယခုနွေရာသီတွင်လည်း သူမ တော်တော်လေး ဒုက္ခရောက်နေခဲ့ရသည်။ အခန်းထဲမှ အပူရှိန်ကြောင့်ဖြစ်စေ၊ ခြင်များကြောင့်ဖြစ်စေ ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့သည့် ညများလည်း များနေပြီ ဖြစ်သည်။

ယခုခေတ်ကာလတွင် လျှပ်စစ်ပန်ကာနှင့် လေအေးပေးစက်ကလည်း အိမ်မက်ပင် မက်၍မရနိုင်သော အရာများဖြစ်နေကြပြီး ထိရောက်သော ခြင်ဆေးများကလည်း သာမန်မိသားစုများအတွက် လက်လှမ်းမမီနိုင်လောက်အောင် ဈေးနှုန်းကြီးမြင့်လှပေသည်။

စုန့်တင်းရှန်းတစ်ယောက် နေရောင်ခြည်နွေးနွေးအောက်တွင် သမ်းဝေ အကြောဆန့်ရင်း ထရပ်လိုက်စဉ် သစ်သားခုတင်အဟောင်း၏ မြည်သံက ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုကို ချိုးဖျက်သွားသည်။

သူမ၏ အာရုံများက စားပွဲပေါ်ရှိ မြေအိုးများဆီသို့ ရောက်ရှိသွားသည်။ ထိုအိုးများထဲတွင် သူမ သီတင်းပတ်ပေါင်းများစွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ရသော ပဲငံပြာရည်များ ရှိနေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမ အနည်းငယ် မြည်းစမ်းကြည့်ခဲ့ပြီး ဈေးကွက်ထဲတွင် ရောင်းချနေသော ပဲငံပြာရည်များနှင့်မတူဘဲ ပိုမိုလေးနက်ပြီး ချိုမြိန်သော အရသာရှိကြောင်း သူမ သတိပြုမိခဲ့သည်။ ယခုအချိန်ကတော့ ထိုပဲငံပြာရည်များမှာ စစ်ထုတ်ရန် စတင်ရတော့မည် ဖြစ်သည်။

သူမ အိုးအတွင်းသို့ ငုံ့ကြည့်လိုက်ချိန်တွင် ပြောင်းလဲမှုကို တွေ့လိုက်ရသည်။ လွန်ခဲ့သောရက်များက တွေ့ခဲ့ရသည့် ပဲစေ့များနှင့် ဆားရည်တို့ ရောနှောသွားပြီး အရောင်ဖျော့ဖျော့ အရည်ကြည်များ မရှိတော့ပေ။ ထိုအစား မဟော်ဂနီရောင်ရင့်ရင့် အရည်များက နေရောင်အောက်၌ တလက်လက် တောက်ပနေသည်။ ကောင်းစွာအချဉ်ပေါက်ထားသော ပဲရနံ့နှင့် ဆားငန်နံ့တို့ ရောယှက်နေသည့် မွှေးပျံ့သောအနံ့က သူမ၏နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာစေသည်။

ဤသည်မှာ ဤပဲငံပြာရည်အိုးလေး ပြည့်စုံသွားစေရန် သူမ ပေးဆပ်ခဲ့ရသော အချိန်များအတွက် ရရှိသည့် ဆုလာဘ် ဖြစ်သည်။ အစပိုင်းတွင် ကုန်ကြမ်းများကို ဖြုန်းတီးသည်ဟု ဝေဖန်ခဲ့သော ဖန့်ရှီပင်လျှင် ယခုအခါ ဤပဲငံပြာရည်အိုးများကို အံ့သြတကြီး ငေးမောကြည့်နေရသည်။ ထို့ပြင် သူမ၏ စိတ်ဝင်စားမှု မြင့်တက်လာသည့်အလျောက် နေ့စဉ် ပဲငံပြာရည်အိုးများကို လာရောက်ကူညီ မွှေပေးခြင်းဖြင့် သူမ၏ ဂရုစိုက်မှုကို ပြသနေသည်။

ပဲငံပြာရည်အပြင် စုန့်တင်းရှန်းက ငရုတ်သီးအနှစ်များ ပြည့်လျှံနေသော အိုးကြီးသုံးလုံးကိုလည်း ပြုလုပ်ထားသေးသည်။ လေထုထဲတွင် စပ်ရှရှနှင့် မွှေးရနံ့များ သင်းပျံနေပြိး လွန်ခဲ့သော နွေဦးရာသီ၏ ပေါကြွယ်ဝမှုများကို ဖော်ပြနေသည်။

ထိုနွေဦးရာသီ၌ မြေလွတ်မြေရိုင်းများပေါ်တွင် သူမ စိုက်ပျိုးခဲ့သော ငရုတ်သီးများက အခြားအရာနှင့်မတူသော အထူးအထွက်နှုန်းကို ပေးစွမ်းခဲ့သည်။ အမြဲတမ်း တီထွင်ကြံဆတတ်သော စုန့်တင်းရှန်းက သီတင်းပတ်ပေါင်းများစွာ အချိန်ယူပြီး ထိုငရုတ်သီးများကို အကြမ်းဖက် ဖြစ်အောင် ကြိတ်ခွဲခဲ့သည်။ ထို့နောက် ဤအရသာရှိသော ဟင်းခတ်အနှစ် ဖြစ်လာစေရန် ပဲစေ့များနှင့်အတူ သေသေချာချာ အချဉ်ဖောက်ခဲ့ခြင်း ဖြစ်သည်။ ထွက်ရှိလာသော ငရုတ်အနှစ်က အညိုရောင်အစက်အပြောက်လေးများပါသည့် အနီရောင်ရင့်ရင့် ဖြစ်ပြီး အချိုနှင့်အစပ် အရသာနှစ်မျိုးလုံးကို ပေးစွမ်းနိုင်ရာ စုန့်တင်းရှန်း ပြင်ဆင်မည့် နူးညံ့သော ဟင်းလျာများအတွက် အကောင်းဆုံးသော အားဖြည့်ဖက် ဖြစ်ပေလိမ့်သည်။

ငရုတ်သီးအချို့ကို ကြက်သွန်ဖြူငရုတ်နှစ်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသောငရုတ်သီးများကို ပဲငရုတ်အနှစ်အဖြစ် ဖန်တီးထားခဲ့သေးသည်။ ယခုအချိန်တွင် ထိုကြက်သွန်ဖြူငရုတ်နှစ်က စုန့်မိသားစု၏ ထမင်းဝိုင်းတွင် မရှိမဖြစ် ဟင်းခတ်အနှစ်တစ်ခု ဖြစ်လာခဲ့သည်။ ဖြူလွှသော မုန့်ပြားများပေါ်တွင် တောက်ပသော အနီရောင်များ ရှိနေသည်က အစားအစာသူတိုင်း၏ စားချင်စိတ်ကို မြှင့်တင်ပေးနိုင်သည်။

တခါတရံတွင် စုန့်ကျစ်ယွမ်က ထိုအနှစ်ကို မုန့်ပေါင်းနှင့်ပင် တွဲဖက်စားသောက်တတ်သေးသည်။ တစ်လုပ်စားလိုက်တိုင်း ကြက်သွန်ဖြူ၏ စူးရှသောအရသာနှင့် ငရုတ်သီး၏ ချိုစပ်စပ်အရသာတို့ ပေါင်းစပ်ကာ အရသာဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားရစေသည်။

ယခင်က ငရုတ်သီးနံ့ရရုံနှင့်ပင် နှာခေါင်းရှုံ့ကာ မျက်ရည်များဝဲပြီး ရေကို အလုအယက် လိုက်ရှာခဲ့ရသည့် အခြေအနေနှင့် အတော်ပင် ကွာခြားသွားပြီ ဖြစ်သည်။ တစ်ချိန်က ရန်သူကဲ့သို့ဖြစ်ခဲ့သော ဤအစပ်အနှစ်က ယခုအခါ နှစ်သိမ့်မှုပေးနိုင်သော အရာတစ်ခု ဖြစ်လာခဲ့သည်။

ဤသည်မှာ သူတို့မိသားစု၏ ဖြတ်သန်းလာရသော ခရီးစဉ်ကို ထင်ဟပ်နေခြင်းလည်း ဖြစ်နိုင်သည်။ ရိုးရာဓလေ့များနှင့် လူငယ်တို့၏ ထက်သန်သော စိတ်ဓာတ်တို့ ပေါင်းစပ်ကာ အရာအားလုံးကို သဟဇာတဖြစ်အောင် ချက်ပြုတ်ထားသကဲ့သို့ ဖြစ်သည်။ ဆောင်းဦး၏ အေးမြသောလေပြေက သစ်ရွက်များကို တောက်ပသော အရောင်များ ဆိုးခြယ်လိုက်ချိန်တွင် တစ်ပြည်လုံးရှိ တောင်သူလယ်သမားများကလည်း ဆောင်းဂျုံများ စိုက်ပျိုးပြီးစီးခဲ့ကြပြီ ဖြစ်သည်။ နွေရာသီ၏ ပေါကြွယ်ဝမှုများဖြင့် ပြည့်နှက်ခဲ့သော လယ်ကွင်းပြင်များက ယခုအခါ မြေဆီလွှာကောင်းများပေါ်တွင် အတန်းလိုက် သေသေချာချာ စိုက်ပျိုးထားပြီး ဖြစ်သည်။ မြေကြီးထဲတွင် ကိန်းအောင်းနေသော မျိုးစေ့တိုင်းကလည်း ပေါကြွယ်ဝသော ရိတ်သိမ်းချိန်တစ်ခုကို ပေးစွမ်းရန် ကတိပြုနေကြသည်။

ယခုနှစ်တွင် ကောက်ပဲသီးနှံများ အဆမတန် ထွက်ရှိလိမ့်မည်ဟူသော ကောလာဟလများကလည်း လေနှင့်အတူ ထွက်ပေါ်နေသည်။ နူးညံ့သော နွေနေရောင်ခြည်က ယခင်ရိတ်သိမ်းချိန်ကို ကောင်းစွာ အားပေးခဲ့သဖြင့် အိမ်တိုင်း၏ စပါးကျီများလည်း ပြည့်လျှံနေလေသည်။

ယခုအခါ နောက်ထပ်ထွက်ရှိလာမည့် ထူးကဲသော အထွက်နှုန်းကို မျှော်လင့်ရင်း လေထုထဲတွင် ရင်ခုန်ကြည်နူးမှုများ ပြည့်နှက်နေသည်။ မြေကြီးနှင့် နှစ်ရှည်လများ ရင်းနှီးခဲ့သော အတွေ့အကြုံရင့် လယ်သမားအအိုကြီးများကလည်း တစ်ဦးကို တစ်ဦး ကြည့်ကာ နားလည်မှုရှိရှိ ပြုံးနေကြသည်။ မီးဖိုချောင်တိုင်းမှ ထွက်ပေါ်လာသော အသစ်စက်စက် ဖုတ်ထားသည့် မုန့်ပေါင်းနံ့လေးများက ဆောင်းရာသီအတွက် စိတ်ကို ပို၍ ကြည်နူးစေပေသည်။

ဆောင်းဦး၏ အေးမြသောလေပြေနှင့်အတူ စတုတ္ထစုန့်အဘိုးကြီး၏ အိမ်ထောင်စုအတွင်းတွင်လည်း ရင်းနှီးနေကျ လှုပ်ရှားမှုများ ရှိနေပြီး တကျွတ်ကျွတ် ဆူညံနေသည်။ လူအများစုက ဆောင်းရာသီတွင် အနားယူအိပ်စက်တတ်ကြသော်လည်း သူတို့မိသားစုအတွက်တော့ အလုပ်အရှုပ်ဆုံး အချိန်ဖြစ်လာခဲ့သည်။ ဆောင်းတွင်းဟင်းလျာ လိုအပ်ချက် မြင့်မားလာမှုကြောင့် စုန့်ကျစ်ယွမ်၏ ဝက်သားဆိုင်ကို ပြန်လည်ဖွင့်လှစ်လိုက်ရသည်။

ယနေ့က မိသားစုတစ်ခုလုံးအတွက် အမှန်တကယ် အလုပ်ရှုပ်သော နေ့တစ်နေ့ ဖြစ်ပြီး ပဲငံပြာရည်၊ ကြက်သွန်ဖြူငရုတ်အနှစ်နှင့် ပဲငရုတ်အနှစ်အိုးကြီးများထဲမှ အဖတ်များကို စစ်ထုတ်သည့် လုပ်ငန်းစဉ်တွင် လူတိုင်း တက်တက်ကြွကြွ ဝိုင်းဝန်းကူညီခဲ့ကြသည်။ ဟင်းခတ်အနှစ် တစ်မျိုးစီကို အိုးကြီး သုံးလုံးစာစီ စစ်ထုတ်နိုင်ခဲ့ကြပြီး သူတို့၏ အလုပ် အတော်အတန် အခြေကျနေပြီဖြစ်ကြောင်း ပြသနေသည်။ သူတို့ကိုယ်တိုင် စားသုံးရန် တစ်အိုး သိမ်းထားပြီး ကျန်နှစ်စည်ကို အသားဆိုင်သို့ ရောင်းရန် ယူသွားခဲ့ကြသည်။

အမှန်စင်စစ် ငရုတ်သီးက ထိုဒေသတွင် အထူးအဆန်း ဖြစ်နေပြီး ပဲငံပြာရည်လောက် ရောင်းအားမကောင်းနိုင်ဟု သူတို့ ခန့်မှန်းခဲ့ကြသည်။ သို့သော်လည်း မျှော်လင့်ချက်များကို ဆန့်ကျင်လျက် ငရုတ်သီးအနှစ်က ရောင်းအားအကောင်းဆုံး ဖြစ်လာခဲ့သည်။ ဤမျှော်လင့်မထားသော အောင်မြင်မှုက စားသုံးသူများ၏ အရသာသစ်များကို စမ်းသပ်လိုစိတ်နှင့် ပြင်းရှသော အရသာသစ်များကို လက်ခံချင်ကြောင်း မီးမောင်းထိုးပြနေသည်။

All Chapters