မင်းဒီနေ့ သေခဲ့မယ်ဆိုရင် မင်းကို လရောင်အောက်မှာ မြှုပ်နှံပေးမယ်
Vol. 5 Ch. 419
ရော့စွေမြစ် တစ်နေရာတွင် လှေတစ်စင်း ရှိနေလေသည်။
လှေကို သေသေချာချာ ကြည့်မည် ဆိုပါက လှေဝမ်းဗိုက် အောက်ခြေနှင့် ရေမျက်နှာပြင်ကြားတွင် ချင်းကွမ်း အလင်းအလွှာ တစ်ခု ခြားနေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။ ထို့ကြောင့် လှေဝမ်းဗိုက်နှင့် ရော့စွေမြစ်ရေမှာ တိုက်ရိုက် ထိတွေ့နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ကြမ်းတမ်းသည့် မြစ်ရေသည် လှေဝမ်းဗိုက်ကို ထိုးခွဲ မပစ်နိုင်ခြင်း ဖြစ်လေသည်။
လှေပေါ်တွင် စားပွဲငယ် တစ်ခုရှိနေပြီး ထိုစားပွဲပေါ်တွင် သစ်သီးနှင့် အချိုပွဲမုန့်များ ရှိနေလေသည်။
အလွန် ချောမောလှပသော မိန်းကလေး တစ်ယောက်သည် လှေပေါ်ရှိ စားပွဲငယ်လေး ဘေးတွင် ထိုင်နေလေသည်။
ထိုမိန်းခလေးမှ အခြားသူမဟုတ်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ချင်းယင်းပင် ဖြစ်လေသည်။
ထိုအချိန်တွင် လေပြင်း တစ်ချက် တိုက်ခတ်လာပြီး လေထဲတွင် ချောမော ခန့်ညားသည့် တာအို ဆရာတစ်ပါး ပျံသန်းလာသည်ကို တွေ့မြင်ရလေသည်။
ချင်းယင်းက ထိုတာအိုဆရာကို အလွန်လေးစားသည့် အမူအရာဖြင့် ငေးကြည့်ရင်း ခေါင်းတစ်ချက် ညိတ်ပြ လိုက်လေသည်။
ထိုတာအိုဆရာမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ပျောက်ဆုံးနေသော တာအိုဆရာ ဟွမ်ကျန်းပင် ဖြစ်လေသည်။
ဟွမ်ကျန်းမှာ ယခင်ကထက်ပင် ပိုပြီး ချောမော ခန့်ညား နေသေးသည်။
ဟွမ်ကျန်းက လေထဲမှ လှေငယ်ထက်သို့ ဆင်းသက်လာပြီး ချင်းယင်း၏ ရှေ့တွင် မတ်တတ် ရပ်လိုက်လေသည်။ ချင်းယင်းက တောက်ပသည့် မျက်ဝန်းများဖြင့် ဟွမ်ကျန်းကို မော့ကြည့် လိုက်သည်။
"ဟွမ်ကျန်းအရှင်၊ နောက်ဆုံးတော့ ကျွန်မကို ပြန်ဆက်သွယ်ပြီပေါ့၊ ကောလာဟလတွေ ကြားရတာ ဟွမ်ကျန်းအရှင် တစ်ခုခု ဖြစ်ပြီ ထင်နေမိတာ"
"ချင်းယင်း၊ မင်းဘဝမှာ ရရှိခဲ့တဲ့ အရာအားလုံးက ကျုပ်ကြောင့် ရခဲ့တာလေ၊ ကျုပ်တို့ရဲ့ ဆက်နွှယ်မှုက နက်ရှိုင်းလွန်းတယ်၊ လူတိုင်းက ကျုပ်ကို ဒုက္ခရောက်နေပြီလို့ ထင်ကြပေမယ့် မင်းကတော့ ကျုပ်ကို ယုံကြည်ခဲ့တယ် မဟုတ်လား၊ အခုမှ မင်းနဲ့ လာဆက်သွယ်ရတာက အခုမှ ပထမဆုံး အကြိမ် အခွင့်အရေး ရတာလေ"
ဟွမ်ကျန်းက သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။
ဟွမ်ကျန်း အရှင်၏ မျက်ဝန်းများထဲတွင် ပင်ပန်း နွမ်းနယ် နေမှုများကို ချင်းယင်းသည် အထင်းသား တွေ့မြင် လိုက်ရလေသည်။
ဟွမ်ကျန်းက ချင်းယင်းကို ငယ်ငယ်လေး ကတည်းကပင် စောင့်ရှောက်ကာ ပညာ သင်ပေးခဲ့သူ ဖြစ်လေသည်။ ဟွမ်ကျန်းက သူမ၏ ခန္ဓာကိုယ်ထဲတွင် သူကိုယ်တိုင်၏ တန်ခိုးစွမ်းအား မျိုးစေ့ကို ထည့်သွင်း ပေးထားခဲ့သည်။ သူမ၏ သွေးကြော ဆုံချက် နေရာများတွင်ပင် ဟွမ်ကျန်း ရိုက်နှိပ်ထားသည့် သင်္ကေတများ ရှိနေဆဲ ဖြစ်လေသည်။ ဟွမ်ကျန်းသာ ရက်စက် ယုတ်မာသူ တစ်ယောက် ဖြစ်လျှင် သူမကို ဟွမ်ကျန်း၏ ကိုယ်ပွားအဖြစ် အချိန်မရွေး ပြောင်းလဲ ပစ်နိုင်ပေမည်။
ထိုအချက်ကြောင့်ပင် ဟွမ်ကျန်းက ချင်းယင်းကို ယုံကြည် စိတ်ချစွာဖြင့် ပြန်လည် ဆက်သွယ်ခဲ့ခြင်း ဖြစ်လေသည်။
ကျီမော့ တောင်ထိပ်တွင် ဟွမ်ကျန်းနှင့်အတူ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ပါး ပျောက်ဆုံး သွားခဲ့ပြီး ကျောက်ရှောင်ယွီက လော်ဝါဒ၏ သူတော်စင် မိန်းမပျို ဖြစ်သွားသည့် နောက်ပိုင်း ချင်းယင်းလည်း တစ်နေရာတွင် ပုန်းအောင်း နေခဲ့လေသည်။
ထို့နောက် သူမက ထိုက်ချန်းတောင်သို့ ပြန်သွား ခဲ့သေးသည်။ သို့သော် ယွိမင်နတ်ဘုရားက သူမကို လူရာပင် မသွင်းခဲ့ပါ။
သူမသည် ဟွမ်ကျန်းကို အလွန်မှ သတိရနေမိသည့် အချိန်တွင် ဟွမ်ကျန်းက သူမထံသို့ စိတ်စွမ်းအားဖြင့် ဆက်သွယ်ကာ မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ရန် ဆက်သွယ် သတိ ပေးခဲ့လေသည်။
သို့သော် ထိုစဉ်က သူမအနေဖြင့် ဟွမ်ကျန်း၏ စိတ်စွမ်းအားဖြင့် ဆက်သွယ်မှုက အလွန်အားနည်းသည့် အတွက် ထင်ယောင်ထင်မှား ဖြစ်သည်ဟုပင် ထင်ခဲ့မိလေသည်။ သို့သော်လည်း သူမက ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ ယခု နောက်ဆုံးတွင်တော့ ဟွမ်ကျန်းသည် သူမကို လူကိုယ်တိုင် ဆက်သွယ် လာခဲ့ပြီ။
ဟွမ်ကျန်း၏ ပုံစံက အရင်နှင့်မတူ။ တစ်မျိုး ထူးခြား နေလေသည်။
သူသည် ယခင်က ဟွမ်ကျန်းပင် ဖြစ်နေသည့်တိုင် တစ်ခုခု လိုအပ်နေသကဲ့သို့ ချင်းယင်း၏ စိတ်ထဲတွင် ခံစားနေရသည်။
ထို့ပြင် ဟွမ်ကျန်းသည် တစ်စုံတစ်ခုကိုလည်း ကြောက်ရွံ့ နေပုံ ရလေသည်။
“ဟွမ်ကျန်းအရှင်၊ ဘာများဖြစ်လို့လဲ၊ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကိုရော မပြန်ဘူးလား၊ ကျွန်မ ဟွမ်ကျန်း အရှင်အတွက် ဘာများ ကူညီပေးရမလဲ”
ချင်းယင်းက မေးလိုက်သည်။
ဟွမ်ကျန်းသည် ကျုန်းစန်းတောင် တည်ရှိရာနေရာကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“မင်း ကျုပ်ကို တိုက်ရိုက်တော့ ကူညီနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ လော်ဝါဒကို ဖျက်ဆီးဖို့ ကြံစည်နေတဲ့ လျှို့ဝှက်ဂိုဏ်းကလူကို မင်းဘာပဲလုပ်လုပ် ဖုံးကွယ်ထားလို့ မရနိုင်ဘူး၊ မင်းက ဘာမှ မလှုပ်ရှားပေမယ့် ဒီကိစ္စတွေက မင်းနဲ့တော့ ဆိုင်နေသေးတာပဲလေ"
ချင်းယင်းမှာ ဟွမ်ကျန်း စကားကြောင့် ထိတ်လန့် အံ့သြ သွားရလေသည်။ ဟွမ်ကျန်းပင် ကြောက်ရွံ့ ထိတ်လန့် နေရသည့် လျှို့ဝှက်ဂိုဏ်းမှ လူဆိုသည်မှာ မည်သူများပါလိမ့်။
သူမက မေးရန် ပြင်ဆင် လိုက်စဉ်မှာပင် ဟွမ်ကျန်းက စကား ဆက်ပြောလိုက်သည်။
“သူဘယ်သူလဲဆိုတာ မမေးနဲ့၊ သူ့မှာ နတ်ဘုရား တုံ့ပြန်မှု စွမ်းအား ရှိနေမှာ ကျုပ်စိတ်ပူနေလို့၊ သူ့မှာ နတ်ဘုရား တုံ့ပြန်မှု စွမ်းအားသာ ရှိနေမယ်ဆိုရင် သူ့အကြောင်း ပြောတာနဲ့ ချက်ချင်း သိသွားမှာပဲ”
ဟွမ်ကျန်းစကားကြောင့် ချင်းယင်းမှာ ဆက်မမေးရဲတော့ပေ။
သူမက ကျုန်းစန်းတောင် ရှိရာသို့ တစ်ချက် လှမ်းကြည့်လိုက်ရင်း…
“ဒီနေ့ ဆန်းကျန်းရန် နတ်ဘုရားနဲ့ ချန်ပေသိုတို့ ဓားသိုင်း ယှဉ်ပြိုင်မယ့်နေ့ပဲ၊ ဟွမ်ကျန်းအရှင်၊ သူတို့ရဲ့ ပြိုင်ပွဲကို လာကြည့်တာ ကျွန်မတို့တင် ဟုတ်မယ် မထင်ဘူး၊ နဂါးအသွင်ပြောင်း ရေကန်ကို ပိုင်ဆိုင်တဲ့ အရှေ့ပင်လယ် နဂါးမင်းလည်း ဒီမြစ်အောက်မှာ ရှိနေပါတယ်၊ သူက အရမ်းလျှို့ဝှက်ပြီး သိဖို့ ခက်ခဲတယ်၊ ဒါပေမဲ့ အဲဒီနဂါးမင်းက ကျွန်မရဲ့ ငယ်သား တစ်ယောက်ကို စားလိုက်လို့ ကျွန်မ ဒီကိစ္စကို သိရတာပါ"
"နဂါးတစ်ကောင်ကို ဘာလုပ်ရမှာလဲ၊ သူလာကြည့်ရတဲ့ အကြောင်းက ချန်ပေသိုကို သူကလေးစားလို့ပဲ၊ ပြီးတော့ သူက နဂါးဆိုပေမယ့် နဂါးအသွင်ပြောင်း ရေကန်ကြောင့်သာ မဟုတ်ရင် သူက နဂါးတစ်ကောင်တောင် ဖြစ်လာမှာ မဟုတ်ဘူး၊ ချန်ပေသိုက မိုးကိုခေါ်တော့ နဂါးဘုရင်တွေရဲ့ အုပ်စိုးမှုကို အလေးပေးရာ ကျတယ်၊ သူက ကျုန်းစန်းတောင် တောင်စောင့်နတ် ဖြစ်သလို ရော့စွေမြစ်ကိုလည်း ထိန်းချုပ်နိုင်တယ်၊ ဒါကြောင့် နဂါးမင်းက ဒီတိုက်ပွဲကို လာကြည့်တာပဲ"
ဟွမ်ကျန်းက အရှေ့ပင်လယ်နဂါးမင်း ရောက်လာရခြင်း၏ ရည်ရွယ်ချက်ကို ချင်းယင်းကို ရှင်းပြ လိုက်လေသည်။
ချင်းယင်းက…
“ချန်ပေသိုက အရမ်းတန်ခိုး စွမ်းအား မြင့်မားတဲ့ နတ်ဘုရား တစ်ပါးပဲ၊ ထျန်းရှန်းကျင်းက ရှေးဟောင်း နတ်မိစ္ဆတွေနဲ့ ဗောဓိသကျတွေတောင် သူ့ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး၊ ဆန်းကျန်းရန် နတ်ဘုရားက ဘယ်လောက်ပဲ တန်ခိုးစွမ်းအား မြင့်မားပါစေ ဒီတစ်ခါတော့ အနိုင်ရနိုင်ပါ့မလား"
"ဒီနေ့ ကျုပ် မင်းကိုတွေ့ဖို့ ဒီလောက်စွန့်စားပြီး ရောက်လာရတဲ့ အကြောင်းကတော့ ဒီတိုက်ပွဲမှာ ဆန်းလျန်သာ ရှုံးသွားခဲ့ရင် ဆန်းလျန်ကို ကယ်ဖို့အတွက်ပဲ"
ဟွမ်ကျန်းက လေးနက်သော အသံဖြင့် ချင်းယင်းကို ပြောလိုက်သည်။
“ဟင်…”
ချင်းယင်းမှာ မည်သည့် စကား ပြန်ပြောရမှန်း မသိတော့ပေ။
စိတ်ချင်း ဆက်သွယ်မှု ခံစားချက်သာမရှိလျှင် ချင်းယင်းသည် ဟွမ်ကျန်းကို ဟွမ်ကျန်း အတုဟု ထင်မှတ်မိမည်မှာ ကျိန်းသေ ဖြစ်လေသည်။ ဆန်းလျန်နှင့် ဟွမ်ကျန်းတို့မှာ အဆိုးဝါးဆုံး ရန်သူများ ဖြစ်ကြလေသည်။ ဟွမ်ကျန်းသည် ဆန်းလျန်ကို ကယ်တင်မည် ဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ဆန်းလျန်သည် လေထဲတွင် ရပ်နေလေသည်။
ကျုန်းစန်းတောင်မှ မိုးမြေစွမ်းအားများနှင့် ကြယ်တာရာတို့၏ တန်ခိုးစွမ်းအားများသည် ချန်ပေသိုကို ရင်ဆိုင် တိုက်ခိုက်ရာတွင် ဆန်းလျန်အတွက် မည်သို့မျှ အထောက်အကူ မပြုတော့ပေ။
ဆန်းလျန်သည် သူ့ကိုယ်သူသာ အားကိုး ရတော့မည် ဖြစ်လေသည်။
သူ့ဘဝ တစ်လျှောက်တွင် ကူရာကယ်ရာမဲ့သည့် ခံစားချက်ကို လုံးလုံးလျားလျား ခံစား နေရလေသည်။
ဆန်းလျန်က မှိတ်ထားသည့် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို တစ်ချက်အသာ ဝှေ့ယမ်းလိုက်သည်။
ထို့နောက်… သူက ကောင်းကင်ထက်မှ လပြည့်ဝန်းကို မော့ကြည့်လိုက်ပြီး…
“ဒီည လက အရမ်းသာနေတာပဲ၊ မင်းဒီနေ့သေခဲ့မယ် ဆိုရင် ကျုပ်မင်းကို လရောင်အောက်မှာ မြှုပ်နှံ ပေးမယ်”
“မင်းက ကိုယ်ပျောက် ဓားဝိညာဉ်ကို အဆင့်ရှစ်ဆင့် အထိ ရောက်အောင် ပြောင်းလဲထားတာ ကျုပ်သိသားပဲ၊ ဒါပေမဲ့ ဘယ်ဓားသိုင်းမဆို ကိုးဆင့်ရှိမှ ပြီးပြည့်စုံတယ်လို့ ခေါ်တယ်၊ မင်းရဲ့ ဓားသိုင်းက ကိုးဆင့် မရောက်မချင်း ပြည့်စုံမှာ မဟုတ်သေးဘူး၊ ပြီးတော့ ဓားသိုင်းတစ်ခု ပြီးပြည့်စုံဖို့ ဆိုတာလည်း ချက်ချင်း လုပ်ယူလို့ ရတဲ့ အရာမဟုတ်ဘူး၊ ကျုပ်က မင်းကို သုံးနှစ်တောင် အခွင့်အရေး ပေးခဲ့တယ်၊ မင်းကတော့ ဂိုဏ်းရဲ့ကိစ္စတွေနဲ့ အလုပ်ရှုတ်နေပြီး အခွင့်အရေးကို လက်လွှတ်ခဲ့တယ်၊ ဒီနေ့တော့ ဒီကျုန်းစန်းတောင်က အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့၊ ဒါပေမဲ့ ကျုပ်က မင်းကို အမြဲတမ်း သတိရနေမှာပါ၊ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ မပြည့်စုံတဲ့ ဓားသိုင်းကို မင်းက ပြီးပြည့်စုံ စေခဲ့တယ်လေ”
ချန်ပေသိုက အေးစက်စွာဖြင့် ပြောလိုက်သည်။
“မင်းက တကယ့်ကို အဆင့်မြင့် နတ်ဘုရားတစ်ပါးပါ၊ ဒါပေမဲ့ လောက တစ်ခုလုံးကို ကိစ္စတွေကို မင်းဘယ်လိုလုပ် အကုန် သိနိုင်မှာလဲ၊ မင်းက ဗုဒ္ဓမှ မဟုတ်ဘဲလေ"
ဆန်းလျန်က အေးဆေးစွာပင် ပြန်ပြောလိုက်လေသည်။
***