← Chapters

ကောင်းကင်ဘုံဘိုးဘေး၏ ရှစ်ဆင့်မြောက်အဆုံးစွန်မီးတာအို

Vol. 136 Ch. 1878

ကောင်းကင်ဘုံဘိုးဘေး၏ ရှစ်ဆင့်မြောက်အဆုံးစွန်မီးတာအို

Vol. 136 Ch. 1878

ပင်မမီးကြောထဲ၌ သည်ဟိန်းသံမှာ ပဲ့တင်ထပ်နေသည်။ ၎င်းအသံ၌ ခုခံဖို့ ပြတ်သားမှုတို့နှင့် ပြည့်နှက်နေပုံရသည်။ အကွာအဝေးတစ်ခုရှိ လူငယ်အရွယ်အမျိုးသမီးသည်လည်း သည်ဟိန်းသံကို ကြားသည့်အခါ သူမ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူမ၏နောက်၌ ဝမ်လင်း၏မူလခန္ဓာကိုယ်က လိုက်ပါလာနေ၏။ သူတို့နှစ်ယောက်သည် မြေအောက်အတွင်းသို့ ပိုနက်သထက်နက်စွာ ရွှေ့လျားလာကြသည်။

လမ်းတလျှောက်၌ ထိုအမျိုးသမီးက ဝမ်လင်းကို လုံးဝ လစ်လျူရှုကာ မြန်နှုန်းအပြည့် ရွှေ့လျားနေသည်။ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က သူမထက် နိမ့်ပါးလှသည် ဖြစ်ရာ သူသည် သူမကို မရပ်တန့်နိုင်ပေ။ သို့ပေမည့် သူက ရပ်တန့်ခြင်းမန္တာန်ကို ပိုင်ဆိုင်ထားပေသည်။

သို့ပင်မည့်လည်း သူသည် ခုထိ ရပ်တန့်ခြင်းမန္တာန်ကို အသုံးမပြုသေးပေ။ ထိုမန္တာန်သည် အရေးကြီးဆုံး အခိုက်အတန့်၌ အသုံးပြုမှသာ အကြီးမားဆုံးသက်ရောက်မှုကို ဖြစ်စေနိုင်မည် မဟုတ်လား။

ထိုအမျိုးသမီး မြန်နှုန်းအပြည့် ပျံသန်းနေစဉ် သူမက ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာနှင့် နီးသထက်နီးလာသည်။ သူမ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားကာ အရာအားလုံးကို မြင်နေရ၏။ သူမက ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာကို တွေ့မြင်သည့်အခါ သူမ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။

“ဒါ…ဒါဟာ…ဒါဟာ အနှစ်သာရအစစ်အမှန်ခန္ဓာပဲ။ သူက မြေကမ္ဘာမီးကြောကို အသုံးချပြီး မီးအနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းနေတာပဲ…”

ထိုအမျိုးသမီးသည် ပင့်သက်ရှိုက်မိကာ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူမ၏ ဝတ်ရုံအောက်ရှိ ညာလက်မှာ အလိုလို လှုပ်ခါသွားသည်။ ထိုလှုပ်ခါမှုက ဝမ်လင်း မဟာအင်ပါယာတစ်ယောက်၏ ရတနာကို ထုတ်ယူခဲ့ချိန်ကထက် အားမနည်းပေ။ အမှန်တော့ ပို၍ပင် ပြင်းထန်သေး၏။ တကယ်တော့ သူမသည် မဟာအင်ပါယာတစ်ယောက်ကို လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။ သို့ပေမည့် အနှစ်သာရအစစ်အမှန်ခန္ဓာကိုမူ အကြိမ်ကြိမ် တွေ့မြင်ခဲ့ဖူးသည်။

မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေး၊ အရှင်ကုန်းနျန်ထံ၌လည်း အနှစ်သာရအစစ်အမှန်ခန္ဓာကို ပိုင်ဆိုင်ထားပေ၏။ ထိုလူငယ်အရွယ်အမျိုးသမီးက ထိုခန္ဓာကို ဖွဲ့စည်းဖို့ မည်မျှ ခက်ခဲကြောင်းနှင့် ၎င်းခန္ဓာမှာ မည်မျှအစွမ်းထက်ပုံကို  ကောင်းကောင်းကြီး သိသည်။ သူမသည် ဒီနေရာ၌ အနှစ်သာရခန္ဓာတစ်ခုကို မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

“သူက ငါ့ကို တခြားနေရာဆီ မျှားခေါ်နေတာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူက မြေကမ္ဘာမီးကြောရဲ့ အတွင်းနက်ပိုင်းမှာ ဝါးမြိုချင်နေတာပဲကို။ သူ့မှာ မဟာအင်ပါယာတစ်ယောက်ရဲ့ ရတနာ ရှိနေတာတောင် ဒီနေရာကို ရောက်လာခဲ့သေးတာဟာ အံ့ဩစရာ မရှိတော့ဘူး…”

“ဘာကြောင့်လည်းဆိုတော့ သူက ဒဏ္ဍာရီလာ ဖြစ်လုနီးပါး ဖွဲ့စည်းဖို့ အလွန်တရာ ခက်ခဲတဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းချင်နေတာပဲ…”

ထိုအမျိုးသမီး၏မျက်နှာသည် ဖြူရောသွားကာ သူမ၏မျက်လုံးထံမှ အေးစက်မှုတို့ ပေါက်ကွဲလာ၏။ သူမသည် အနှစ်သာရအစစ်အမှန်ခန္ဓာများနှင့် ပတ်သတ်၍ အတော်လေး သိထား၏။ သူမသည်လည်း ထိုသို့ခန္ဓာဖွဲ့စည်းရန် အိပ်မက်ရှိ၍ ဖြစ်သည်။ သူမက ဒီအနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းပြီးသည်နှင့် မြေကမ္ဘာပင်မမီးကြောသည် ပျက်စီးကာ ပျောက်ကွယ်သွားမည်ကို နားလည်ထားသည်။

“ငါ သူ့ကို အောင်မြင်ခွင့် ပြုလို့ မဖြစ်ဘူး…” ထိုလူငယ်အမျိုးသမီးက အံတင်းတင်းကြိတ်လိုက်၏။  မြေကမ္ဘာမီးကြော သွေ့ခြောက်သွားမည့် အခြေအနေ ဖြစ်စေ၊ သူမ၏ မနာလိုမှုကြောင့် ဖြစ်စေ သူမသည် ဒီအနှစ်သာရခန္ဓာ ဖွဲ့စည်းခြင်းကို ခွင့်မပြုပေးနိုင်ပေ။ သူမက သွေးအန်ထွက်ကာ ထိုသွေးနှင့် သူမ၏ခန္ဓာကိုယ်ကို ပေါင်းစည်းလိုက်၏။ ဖြတ်ခနဲအတွင်း သူမက အရင်ထက် ဆယ်ဆ ပိုမြန်သွားကာ ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ထံသို့ အရိပ်တစ်ခုနှယ် ဦးတည်တော့သည်။

ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာသည် စိတ်ဆန္ဒဟိန်းသံကို ထုတ်လွှတ်ပြီးနောက် ထိုနဂါးစိတ်ဝိညာဉ်၏ စိတ်ဆန္ဒသည် ပျက်စီးသွားလေသည်။ ဝမ်လင်း၏စိတ်ဆန္ဒက သိမ်းပိုက်လိုက်ရာ နဂါးစိတ်ဝိညာဉ်၏ နောက်ဆုံးလက်ကျန်ခုခံမှုသည်လည်း ပြိုလဲပျက်စီးသွားသည်။

နဂါးစိတ်ဝိညာဉ်၏ စိတ်ဆန္ဒ ပျက်စီးသွားသည့်အခါ၌ ဝမ်လင်း၏စိတ်ဆန္ဒက သိမ်းပိုက်စိုးမိုးကာ နဂါးစိတ်ဝိညာဉ်၏ လက်ကျန်ကို ဝါးမြိုဖို့ စတင်တော့သည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ဝမ်လင်း၏စိတ်၌ ပဲ့တင်ထပ်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဝမ်လင်း၏နတ်ဘုရားအာရုံသည် အဘက်ဘက်သို့ ပျံ့နှံ့လေ၏။ သူက မြေကမ္ဘာမီးကြော၏ အောက်ဘက်၊ မြေကြီးအတွင်းနက်ပိုင်းတွင်းမှာ နာကျင်ထိတ်လန့်စွာ အော်ဟစ်သံကို ဝိုးတဝါး ကြားလိုက်ရသည်။

ထိုဟိန်းသံ သူ့စိတ်ထဲသို့ ဝင်ရောက်လာချိန်၌ သူက နဂါးစိတ်ဝိညာဉ်၏ လက်ကျန်မီးကို စုပ်ယူခါစ ဖြစ်သည်။ ထိုဟိန်းအော်သံသည် သူ့စိတ်ထဲတွင် မိုးကြိုးသံအလား ပဲ့တင်ထပ်ဟန်ရကာ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်ပုံ ပေါ်သည်။

သူ့အမြင်မှာ ဝေဝါးသွားလေ၏။ ပြန်ကြည်လင်လာသည့်အခါ သူသည် ဟင်းလင်းပြင်တစ်ခု၌ ရောက်နေသည်။ ထိုဟင်းလင်းပြင်မှာ သိသာစွာ ကြီးမားလွန်းပြီး အဆုံးအစမဲ့လှသည့်ပုံ ပေါ်၏။ ဝမ်လင်းသည် ဒီနေရာတွင် ခန္ဓာ မရှိဘဲ ရပ်နေကာ ဘေးပတ်လည်သို့ ကြည့်ရှုလိုက်၏။

သူသည် သူ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိပေ။ သူ စိတ်ရှုပ်ထွေးမှုကို ခံစားနေရစဉ် အကွာအဝေးတစ်ခုမှ ကျယ်လောင်စွာ တုန်ဟည်းသံ ထွက်ပေါ်လာ၏။ သူ လှည့်ကြည့်လိုက်ချိန်၌ သူ့မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွား၏။

သူက နွားထီးတစ်ကောင်ကို တွေ့မြင်လိုက်သည်။

ထိုဧရာမနွားထီးကြီးကို ရေခဲဖြင့် ဝန်းရံထားကာ ကြယ်များကြား၌ အေးခဲတောင့်တင်းနေ၏။ ၎င်းသည် ကြီးမားလွန်းသဖြင့် အရွယ်အစားမှာ အဆုံးမဲ့လှသည့်နှယ်။ ၎င်းသည် ကောင်းကင်ထက်၌ ပေါ်လာဟာ ဟိန်းအော်သံ ထုတ်ဖော်သည်။

၎င်း၏ခန္ဓာကိုယ်မှာ ဖော်ပြ၍ မဖြစ်နိုင်လောက်အောင် ကြောက်ရွှံ့မှု ပျံ့လွင့်ကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။

ဝမ်လင်း၏ ခန္ဓာကိုယ်သည်လည်း အေးခဲတောင့်တင်းသွားပုံ ရ၏။ သူသည် သူ့ဘဝတွင် ခုလောက်ကြောက်မက်ဖွယ် ကောင်းလှသော သားရဲမျိုးကို မမြင်ဖူးခဲ့ချေ။ ထိုသားရဲထံမှ ထွက်ပေါ်နေသော အော်ရာက မဟာအင်ပါယာရွှမ်လောထက် အားမနည်းလေပေ။

“ကောင်းကင်ဘုံနွားထီး…”  သည်စကားနှစ်ခွန်းက ဝမ်လင်း၏စိတ်ထဲ၌ ရုတ်တရက် ပေါ်လာ၏။ သူ့စိတ်ထဲ၌ ကောင်းကင်ဘုံနွားထီးကုန်းမြေနှင့် ပတ်သတ်သည့် ဒဏ္ဍာရီများနှင့် ကောလာဟာလများ ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံဘိုးဘေးက နွားထီးတစ်ကောင်ကို သတ်ခဲ့ပြီး ၎င်းသားရဲ၏ခန္ဓာကိုယ်ကို ကုန်းမြေအဖြစ် ပြောင်းလဲပစ်ခဲ့သည် ဟူ၏။ ၎င်း၏စိတ်ဝိညာဉ်ကိုမူ သည်နေရာတွင် ချိပ်ပိတ်ခဲ့ကာ ကောင်းကင်ဘုံနွားထီးကုန်းမြေဟု အမည်ပေးခဲ့သည်ဟု ဆိုကြသည်။ သေမျိုးများ ပေါ်လာကာ ကျင့်ကြံသူများက သည်နေရာသို့ ရွှေ့ပြောင်းလာကြပြီး ကလန်များ တည်ထောင်ခဲ့ကြသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်လာခဲ့ပြီးနောက် ဒီကောင်းကင်ဘုံနွားထီးကုန်းမြေသည် ကောင်းကင်ဘုံကလန်၏ ကုန်းမြေခုနစ်ဆယ့်နှစ်ခုထဲမှ တစ်ခု ဖြစ်လာခဲ့ချေသည်။

ဝမ်လင်း၏စိတ်နှလုံးမှာ တုန်ယင်သွား၏။ ထိုကောလဟာလ သူ့စိတ်ထဲ၌ ပေါ်လာသည့်အခိုက်၌ ကောင်းကင်ဘုံနွားထီးသားရဲ၏ အထက်၌ ရွှေရောင်အလင်း တောက်ပလာခဲ့သည်။ ထိုရွှေရောင်အလင်းက ကောင်းကင်ကို ခြုံလွှမ်းကာ အင်ပါယာဝတ်ရုံ၊ သရဖူတစ်ခု ဆောင်းထားသော ပုံရိပ်တစ်ခုသည် ပေါ်လာသည်။

ထိုပုံရိပ် ပေါ်လာသည့်အခါ၌ ဟင်းလင်းပြင်မှာ ၎င်းဘာသာ တုန်ခါ၏။ နှိုင်းဆဖော်ပြ၍ မရသော ကောင်းကင်ဘုံစွမ်းအင် ပေါ်လာကာ သည်အေးစက်စက်အော်ရာနှင့် ထိပ်တိုက်တွေ့သည်။ လောကသည် တုန်ယင်ကာ အံ့ချီးဖွယ် မြင်ကွင်းတည်း။

“ကောင်းကင်ဘုံဘိုးဘေး…”  ဝမ်လင်းသည် ခန့်မှန်းနေစရာပင် မလိုပေ။ ဒဏ္ဍာရီများအရ သူသည် ထိုသူမှာ ဒဏ္ဍာရီပုဂ္ဂိုလ်ကျော် ကောင်းကင်ဘုံဘိုးဘေး ဖြစ်မှန်း ပြောနိုင်သည်။

“ငါ နဂါးစိတ်ဝိညာဉ်ရဲ့ စိတ်ဆန္ဒကို ဝါးမြိုခဲ့တဲ့နောက် မြေကြီးအောက်ခြေကနေ ထွက်ပေါ်လာတဲ့ ခပ်ဖျော့ဖျော့ ဟိန်းသံက ငါ့ကို ကောင်းကင်ဘုံဘိုးဘေး ဒီနွားထီးသားရဲကို ချိပ်ပိတ်ခဲ့စဉ်က အတိတ်ကာလကို ပြန်ခေါ်ဆောင်သွားတာများ ဖြစ်နိုင်မလား…”

“ဒါပေမဲ့ ကောင်းကင်ဘုံနွားထီးဟာ မီးဒြပ်စင်လို့ ဆိုကြတယ်။ ဘာကြောင့် ဒါက ရေခဲ ဖြစ်နေတာလဲ…”  ဝမ်လင်းသည် ဒီအဖြစ်ကို တွေ့မြင်ရချိန်၌ သူ့စိတ်နှလုံးမှာ တုန်ယင်ရလေ၏။

အင်ပါယာဝတ်ရုံဖြင့် ပုဂ္ဂိုလ် ပေါ်လာသည့်နောက် ကောင်းကင်ဘုံနွားထီးသည် တဖန် ဟိန်းအော်သံ ပေးပြန်သည်။ အက်သံများ ပဲ့တင်ထပ်လာကာ ရေခဲသည် ကောင်းကင်နွားထီးသားရဲ၏ ခန္ဓာကိုယ်အနှံ့သို့ မြန်မြန်ဆန်ဆန် ပျံ့နှံ့သည်။

သည်ကြောက်မက်ဖွယ်အားမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူပင် ခုခံနိုင်မည့် အရာ မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ ရွှမ်လောသည်ပင် ၎င်းကို တိုက်ခိုက်ဖို့ စွမ်းအားအပြည့်အဝ ထုတ်သုံးရနိုင်သည်။

ရေခဲက ကောင်းကင်ကို ချိပ်ပိတ်လာနေစဉ် အင်ပါယာဝတ်ရုံဖြင့်လူက သူ့လက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ဆန့်ထုတ်ပြီး အောက်ဘက်သို့ ဖိချသည်။ တချိန်တည်းမှာ ခမ်းနည်းထည်ဝါလှသော အသံတသံ ပဲ့တင်ထပ်သည်။

“ရှစ်ဆင့်မြောက်ကောင်းကင်ဘုံတာအို၊ အဆုံးစွန်မီးတာအို…”

ထိုစကားများ ပဲ့တင်ထပ်လာသည့်အခါ၌ အင်ပါယာဝတ်ရုံဖြင့်လူ၏ လက်ချောင်းများထံမှ အစိမ်းရောင်အခိုးအငွေ့တို့ ထွက်ပေါ်လာသည်။ ထိုအခိုးအငွေ့တို့မှာ သူ့လက်ချောင်းများ ပတ်လည်၌ ရစ်ဝဲကာ စက်ဝန်းကိုးခု ဖြစ်ပေါ်ပြီးနောက် ကောင်းကင်ထက်ရှိ ကောင်းကင်ဘုံနွားထီးသားရဲထံ ပျံသန်းလာခဲ့သည်။

ထိုအခိုးအငွေ့စက်ဝန်းကိုးခုသည် ကောင်းကင်ထက်သို့ ပျံသန်းလာရင်း ကြီးထွားလာကာ များမကြာမီတွင် အရွယ်အစားသည် အဆုံးမဲ့လုနီးပါး ဖြစ်လာသည်။ ယင်းတို့က ကောင်းကင်ဘုံနွားထီးနှင့် မြန်မြန်ဆန်ဆန် ထိပ်တိုက်တွေ့သည်။

ပထမစက်ဝန်းက ကောင်းကင်ဘုံနွားထီး၏ ရေခဲအော်ရာနှင့် ထိပ်တိုက်တွေ့သည်နှင့် ၎င်းအော်ရာကို ချက်ခြင်း လွင့်ပြယ်သွားစေသည်။ ဒုတိယစက်ဝန်းက ရေခဲကို ထွင်းဖောက်ကာ နွားထီးပေါ်သို့ ကျရောက်သည်။ သည့်နောက် ကျန်သည့်စက်ဝန်းခုနစ်ခုသည် တစ်ခုပြီးတစ်ခု ကျရောက်လာသည်။

ကောင်းကင်ဘုံနွားထီးသည် ရုန်းကန်ကာ မာန်သွင်းအော်ဟစ်နေ၏။ သို့သော် ၎င်းသည် ထိုအခိုးအငွေ့စက်ဝန်းတို့ကို ချိုးဖျက်နိုင်စွမ်း မရှိပေ။ ကိုးခုမြောက်စက်ဝန်း ကျရောက်လာချိန်၌ ကောင်းကင်ဘုံနွားထီး၏ ရေခဲအော်ရာသည် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ ထိုအစား ကြောက်မက်ဖွယ်မီး ပေါ်လာကာ ထိုနွားထီးကို မီးအသွင်နွားထီးသားရဲအသွင် ထင်ရစေသည်။

“ငါ့ကောင်းကင်ဘုံကလန်ကို ကျူးကျော်ရဲမှတော့ မင်းရဲ့ ခန္ဓာကိုယ်ဟာ မြေပြင်ထုအဖြစ်၊ မင်းရဲ့ မူလစိတ်ဝိညာဉ်ဟာ စိတ်ဝိညာဉ်တွေကို အားဖြည့်ပေးနိုင်တဲ့အရာအဖြစ်၊ မင်းရဲ့ အရိုးတွေဟာ အကြောတွေအဖြစ် အပြစ်ပေးခံရမယ်။ မင်းရဲ့ ဝိညာဉ်ဟာလည်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေအောက်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖိနှိပ်ခြင်း ခံရမယ်…”

ကောင်းကင်ဘုံနွားထီးသည် နာကျင်ထိတ်လန့်စွာ အော်သံပြု၍ ၎င်း၏ခန္ဓာကိုယ်သည် အဆုံးမဲ့ ကုန်းမြေတစ်ခုအဖြစ်သို့ ဖွဲ့စည်းဖြစ်ပေါ်လာချေသည်။ မရေမတွက်နိုင်သော တောင်တန်းများ မြေပြင်ထက်တွင် ပေါ်လာကာ ကောင်းကင်ဘုံနွားထီး၏ အရိုးများက အကြောများအဖြစ် ပြောင်းလဲ၏။ အဆုံးမဲ့မီးတို့သည် ပေါ်လာပြီး ကောင်းကင်ဘုံနွားထီး၏ အရိုးများသည် မြေကမ္ဘာပင်မမီးကြောအဖြစ်သို့ ပြောင်းလဲသည်။

မြေပြင်အောက်ခြေ၌ ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ်မှာ ဖိနှိပ်ခြင်း ခံရသည်။ ၎င်း၏ ငြင်းဆန်သောအော်ဟစ်သံကသာ မြေပြင်အတွင်းမှ ရံဖန်ရံခါ ထွက်လာလိမ့်မည်။ သို့သော် ၎င်း၏အသံကို မည်သူကမျှ ကြားနိုင်စွမ်း မရှိသည့်ပုံ ပေါ်သည်။

ဝမ်လင်းသည် ထိုအခြင်းအရာကို တွေ့မြင်သည့်နောက် သူ၏အမြင်မှာ ဝေဝါးလာ၏။ သူ့အမြင် ပြန်ကြည်လင်လာသည့်အခါ၌ သူသည် မြေကမ္ဘာမီးကြောထဲ၌ ပြန်ရောက်နေလေပြီ။ သည်အခိုက်၌ သူသည် ဟိုးမြေအောက်အတွင်းနက်ပိုင်းမှ ကောင်းကင်ဘုံနွားထီး၏ ဟိန်းအော်သံကို ကြားနိုင်စွမ်း ရှိလေသည့်အလား။

သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ခုထိ မပျောက်ကွယ်သေးဘဲ သူ၏အနှစ်သာရခန္ဓာ၊ဆံချည်မျှင်တို့သည် မြန်ဆန်စွာ ပြောင်းလဲကာ ဟင်္သာငှက်အမွှေးတောင်ကနေ အနက်ရောင်ဆံပင်တို့အဖြစ် ပြောင်းလဲသည်။ ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် အပြည့်အဝ ဖွဲ့စည်းပြီးလေတော့မည်။

ထိုအခိုက်၌ ဝမ်လင်း၏အနှစ်သာရခန္ဓာရှေ့တွင် ကြောက်မက်ဖွယ်သွေးအလင်း လင်းလက်လာ၏။ ထိုသွေးအလင်းအတွင်း၌ လှပသော လူငယ်အရွယ်အမျိုးသမီး ရှိသည်။ သူမက ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာ၏ ဆံချည်မျှင်တို့ မြန်ဆန်စွာ ဖွဲ့စည်းနေသည်ကို တွေ့မြင်သည့်အခါ စိတ်ပူပန်လာသည်။ သူမ၏မျက်လုံးထဲ၌လည်း သတ်ဖြတ်လိုစိတ် ပေါ်လာကာ သည်အနှစ်သာရခန္ဓာ ပြီးပြည့်စုံခြင်း မရှိခင် ဖျက်စီးပစ်ဖို့ မန္တာန်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ထိုအမျိုးသမီး၏နောက်တွင် လှိုင်းဂယက်များ ထလာကာ ဝမ်လင်း၏မူလခန္ဓာကိုယ်က လှမ်းထွက်လာ၏။ ထိုအမျိုးသမီးသည် တိုက်ခိုက်တော့မည့်အခိုက်၌ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ခနဲ လင်းလက်သွားသည်။ သူ တလမ်းလုံး ပြင်ဆင်ထားခဲ့သော ရပ်တန့်ခြင်းမန္တာန်က ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။

“ရပ်တန့်ခြင်းမန္တာန်…”

ကောင်းကင်နှင့်မြေကြီးကို ရပ်တန့်ခြင်း၊ မန္တာန်အားလုံးကို ရပ်တန့်ခြင်း၊ စိတ်ကို ရပ်တန့်ခြင်း၊ အရာအားလုံးကို ရပ်တန့်ခြင်း။ ဤသည်မှာ ဝမ်လင်း၏ ရပ်တန့်ခြင်းမန္တာန် ဖြစ်၏။

ထိုရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုလိုက်သည်နှင့် လူငယ်အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ခဏတာ ရပ်တန့်သွားကာ သူမ၏မန္တာန်သည် နှောက်ယှက်ခြင်း ခံလိုက်ရသည်။ သည်အခိုက်တွင် ဝမ်လင်းသည် သွေးအန်ထုတ်ကာ သူ့ခန္ဓာကိုယ်ထဲ၌ တစီစီအသံများ ပဲ့တင်ထပ်လာချေ၏။ သူ့ခန္ဓာကိုယ်တွင်းမှ သွေးမြူများစွာ ပန်းထွက်သည်။ သို့သော် သူက တုံ့နှေးခြင်းမရှိ ရှေ့တိုးလာ၏။ သို့ပေမည့် သူသည် ထိုအမျိုးသမီးကို တိုက်ခိုက်ခြင်း မဟုတ်၊ သူက သူမထံ၌ အကာအကွယ်ရတနာတချို့ ရှိကိုရှိရမည်ဟု တွက်ချက်ထားခဲ့ပြီး ဖြစ်သည်။

သူက ထိုအမျိုးသမီးထက်အရင် သူ့အနှစ်သာရခန္ဓာကိုယ် ရှိနေသော နေရာထံသို့ တည်နေရာရွှေ့ပြောင်းလိုက်၏။ သူမ၏မူလစိတ်ဝိညာဉ်က တဖန် ပြီးပြည့်စုံသွားတော့သည်။ တချိန်တည်းမှာ ဝမ်လင်း၏အနှစ်သာရခန္ဓာ ဆံချည်မျှင်က တခေါင်းလုံး အနက်ရောင်ဆံပင်အဖြစ်သို့ ပြောင်းသွားခဲ့လေပြီ။

ဝမ်လင်း၏အနှစ်သာရခန္ဓာထံမှ အစွမ်းထက်အော်ရာ ပေါက်ကွဲထွက်လာ၏။ သည်အခိုက်၌ ဝမ်လင်း၏မီးအနှစ်သာရအစစ်အမှန်ခန္ဓာသည် ဖွဲ့စည်းခြင်း ပြီးမြောက်လေပြီ။

ထိုအခါ လူငယ်အရွယ်အမျိုးသမီး၏ မျက်လုံးသည် ကျဉ်းမြောင်းသွားကာ သူမသည် ပြန်ကောင်းမွန်လာ၏။

“နင့်ကိုယ်ပွားနဲ့ မူလခန္ဓာကိုယ် ပေါင်းစပ်လိုက်ရင်တောင် ဒါဟာ မလုံလောက်သေးဘူး…”

ထိုအမျိုးသမီး၏ စိတ်နှလုံးမှာ တုန်ယင်နေ၏။ သူမသည် သူမကို ခုလိုမျိုး ရပ်တန့်စေနိုင်သော မန္တာန်မျိုးကို အရင်က လုံးဝ မမြင်ဖူးခဲ့ပေ။ သည်မန္တာန်၌ နက်ရှိုင်းသောနောက်ခံတစ်ခု ရှိနေရပေမည်။ သို့သော် သူမက ထိုမန္တာန်နှင့် ပတ်သတ်သည့်နောက်ခံကို မသိပေ။

သူမ ဝမ်လင်းထံ တိုးဝင်လာစဉ် ဝမ်လင်းက ရုတ်တရက် မော့ကြည့်ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။

“ရှစ်ဆင့်မြောက်ကောင်းကင်ဘုံတာအို၊ အဆုံးစွန်မီးတာအို…”

ဝမ်လင်းထံ၌ ကောင်းကင်ဘုံဘိုးဘေး၏ သွေးမျိုးဆက် မပိုင်ဆိုင်ထားပေ။ သို့သော် သူ့ထံ၌ တခြားနည်းလမ်းများ ရှိထားပေ၏။

All Chapters