သုံးဘက်သုံးလံမှ တုံ့ပြန်မှု
Vol. 55 Ch. 543
မြစိမ်းရောင် လှိုင်းတံပိုးများ လွင့်ပြယ်နေပြီး ငါးအုပ်များနှင့် ပုစွန်များမှာ လွတ်လပ်စွာ ကူးခတ်နေကြ၏။ ကြည်လင်လှသော ရေအောက်မျက်နှာပြင်အောက်တွင် ခန့်ညားထည်ဝါလှသော ကျောက်ဖြူနန်းတော်ကြီး တစ်ခု တည်ရှိနေသည်။
အရွယ်ရောက်ပြီးသော နဂါးမျိုးနွယ် တစ်ဦးဖြစ်သူ ခယ်လောင်ချီသည် ရွှေရောင်အစင်းပါ လိပ်မျိုးနွယ်စု၏ အကြွင်းမဲ့ ထောက်ခံမှုဖြင့် ကိုယ်ပိုင် နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ယခုအခါ သူသည် သန္တာပလ္လင်ထက်တွင် ထိုင်နေသည်။ သူ၏ မျက်နှာအမူအရာမှာ အေးစက်နေပြီး အောက်ဘက်သို့ စိတ်ပျက်လက်ပျက် ကြည့်နေ၏။
အသက်ကြီးရင့်လှသော ရွှေရောင်အစင်းပါ လိပ်နတ်ဆိုးကြီးတစ်ကောင်သည် ဒူးတစ်ဖက် ထောက်နေသည်။ သူ၏ မျက်နှာမှာ သတ်ဖြတ်လိုစိတ်များဖြင့် တင်းမာနေပြီး သူ၏ အရှိန်အဝါမှာကျောက်စိမ်းဖြူမြို့တော် က လူများနှင့် ယှဉ်နိုင်လောက်အောင်ပင် ပြင်းထန်လှသည်။
"ကျွန်တော်မျိုး တောင်းပန်ပါတယ်။ နဂါးမျိုးနွယ် သခင်လေးအနေနဲ့ အမိန့်တော် တစ်ရပ် ထုတ်ပြန်ပေးပါ။ ကျွန်တော်မျိုး ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ကောင်းကင်ဓားဂိုဏ်း ဆီကနေ ရှင်းပြချက် တောင်းပါရစေ"
"..."
ခယ်လောင်ချီသည် ခင်ဗျားတစ်ယောက်တည်းနဲ့လား ဆိုသည့် စကားကို မျိုသိပ်ထားလိုက်ရ၏။
ဒီအဘိုးကြီး ခေါင်းထဲရေပြည့်နေပြီလား။
နန်ဟုန် သားတော်ခုနစ်ပါးများမှာ အလွယ်တကူ ရန်စရမည့်သူများ မဟုတ်ပေ။ သူတို့ကို ဒေါသထွက်အောင် လုပ်မိလျှင် ထိုလူများက အသက်ကို ပဓာနမထားဘဲ တောင်ဘက်နဂါးနန်းတော်ကိုပင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် လုပ်နိုင်စွမ်း ရှိကြသည်။
သို့သော်လည်း... သူတို့ ချစ်မြတ်နိုးလှသော သားလေး၏ ကံကြမ္မာမှာ အမည်မသိ ဖြစ်နေ၏။ လိပ်မျိုးနွယ်စုက ပြင်ဆင်ထားသည့် မင်္ဂလာပွဲမှာ နာရေးပွဲ ဖြစ်သွားရန် အလားအလာ များနေသည်။
တောင်ဘက်နဂါးနန်းတော်သည် နန်ဟုန် သားတော်ခုနစ်ပါးများကို မကြောက်သည်မှာ အမှန်ပင်။ သို့သော် ခယ်လောင်ချီအနေဖြင့် နဂါးနန်းတော် တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပေ။
အထူးသဖြင့် ဤကိစ္စမှာ စစ်သူကြီးတစ်ဦး၏ သားနှင့်သာ သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
ခယ်လောင်ချီသည် ဤအမိန့်ကို မထုတ်ပြန်ချင်ပေ။
နဂါးနန်းတော်တွင် သူ၏ အဆင့်အတန်းမှာ မမြင့်လှသေးသဖြင့် နဂါးဘိုးဘိုးကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေမည့် ပြဿနာများကို မရှာချင်ပေ။
သူ၏ အကျင့်အရ နဂါးနန်းတော် အမည်ကို အသုံးချလိုက်ရုံနှင့် ပြဿနာ ၉၉ ရာခိုင်နှုန်းမှာ ပြေလည်သွားလေ့ ရှိသည်။ အကယ်၍ မပြေလည်လျှင် သူ၏ ပင်ကိုယ်ဗီဇအရ နောက်ဆုတ်လိုက်ရုံသာ ရှိသည်။
"ဘာတွေ အလောတကြီး ဖြစ်နေတာလဲ"
ထိုသို့ တွေးတောပြီးနောက် ခယ်လောင်ချီက နောက်ဆုံးတွင် စကားစလာသည်။"နန်ဟုန် သားတော်ခုနစ်ပါးတွေနဲ့ ညှိနှိုင်းတဲ့ကိစ္စကို ကျုပ်ရဲ့ စတုတ္ထအစ်ကိုက ကိုင်တွယ်နေတာ။ ကျုပ်က မဆင်မခြင် ဝင်ပါလိုက်ရင် နားလည်မှု လွဲတာတွေ ဖြစ်ကုန်လိမ့်မယ်။ ခင်ဗျားက ကျုပ်တို့ ညီအစ်ကိုချင်း စိတ်ဝမ်းကွဲအောင် လုပ်ချင်တာလား"
"ကျွန်တော်မျိုး... ကျွန်တော်မျိုး မဝံ့ရဲပါဘူး"
လိပ်နတ်ဆိုးကြီး၏ နှုတ်ခမ်းများ တုန်ရီသွား၏။ သူသည် ခယ်လောင်ချီ၏ စိုးရိမ်မှုကို ရိပ်မိသော်လည်း ပွင့်ပွင့်လင်းလင်း မပြောရဲပေ။
သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ဒူးနှစ်ဖက်စလုံးကို ထောက်လိုက်ကာ တောင်းပန်သည့် အမူအရာသို့ ပြောင်းလဲလိုက်သည်။
"ကျွန်တော်မျိုးတို့ လိပ်မျိုးနွယ်စုဟာ နဂါးမျိုးနွယ် သခင်လေးအပေါ် အမြဲတမ်း သစ္စာရှိခဲ့ပါတယ်။ ဘယ်လို အန္တရာယ်မျိုးကိုမဆို ရင်ဆိုင်ရဲသလို သေရမှာကိုလည်း မကြောက်ပါဘူး။ ကျွန်တော့်သားဟာသခင်လေးဘေးမှာ အမြဲတမ်း စောင့်ကြပ်ပေးခဲ့ပါတယ်။ သခင်လေးကိုယ်စား ရခဲ့တဲ့ ဒဏ်ရာတွေကိုတောင် သူက ဂုဏ်ယူစရာ အမှတ်အသားအဖြစ် နှစ်ပေါင်းများစွာ တန်ဖိုးထားခဲ့တာပါ။"
"အခုတော့ သူ့အသက်က စိုးရိမ်နေရပြီ။ ကျွန်တော် ဘာမှ ထပ်မတောင်းဆိုပါဘူး... အနည်းဆုံးတော့ သူ အသက်ရှင်နေသေးလား၊ သေသွားပြီလား ဆိုတာလေး သိပါရစေ။ အကယ်၍ သေသွားခဲ့ရင်လည်း ဘယ်သူက သတ်လိုက်တာလဲ ဆိုတာကို သိချင်ရုံတင်ပါဗျာ။"
အဘိုးကြီး လိပ်နတ်ဆိုး၏ စကားလုံးများမှာ ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသဖြင့် ပတ်ဝန်းကျင်ရှိ နတ်ဆိုးများမှာလည်း စာနာစိတ်များ ပေါ်ပေါက်လာကြ၏။
"တော်တော့၊ အဲဒါတွေကို သိဖို့အတွက် ကောင်းကင်ဓားဂိုဏ်းကို မေးနေစရာ မလိုဘူး။"
ခယ်လောင်ချီသည် သူ၏ မျက်လုံးထဲမှ စိတ်ပျက်မှုကို ဖုံးကွယ်ရင်း အဘိုးကြီး၏ ငိုချင်းချမှုကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။ "ကျုပ် မှတ်မိသလောက်ဆိုရင် အဲဒီအချိန်မှာ ကျုပ်ရဲ့ ၁၃ ယောက်မြောက် ညီလေး လည်း ရှိနေခဲ့တာပဲ။"
ဤနေရာတွင် သူသည် အေးစက်စက် လှောင်ပြုံး ပြုံးလိုက်မိသည်။ အခြားသူများက ခယ်ရှစ်စန်းသည် သူ၏ကိုယ်စား မင်္ဂလာဝေါယာဉ်ကို ဘေးကင်းအောင် လုပ်ပေးနေသည်ဟု ထင်ကြသော်လည်း၊ ထိုကောင်လေးမှာ တစ်ခုခု ကြံစည်နေသည်ကို ခယ်လောင်ချီ တစ်ဦးတည်းသာ သိပေ၏။
၁၃ ယောက်မြောက် ညီလေးသည် မကြာသေးမီက အစွမ်းများ သိသိသာသာ တိုးတက်လာခဲ့သည်။ သူ၏ ပစ်မှတ်မှာ အစ်ကိုဖြစ်သူများ ဖြစ်လာရန်မှာ ရှောင်လွှဲ၍မရပေ။
ကျန်ရှိနေသော နဂါးမျိုးနွယ် ၁၂ ဦးထဲတွင် ရန်စရန် အလွယ်ဆုံးမှာ သူပင် ဖြစ်သည်။
'ကောင်းပြီလေ၊ ဒီအဘိုးကြီးကိုတော့ အရင် ချော့ထားလိုက်ဦးမယ်။'
မကြာမီ လုပ်ဆောင်ရမည့် အရေးကြီးကိစ္စအတွက် သူတို့ကို လိုအပ်ဦးမည် မဟုတ်ပါလား။
ခယ်လောင်ချီသည် မျက်လုံးများကို မှိတ်လိုက်ပြီး လျှို့ဝှက်နည်းလမ်းတစ်ခုဖြင့် လူချင်းမတွေ့ရသည်မှာ ကြာပြီဖြစ်သော ညီဖြစ်သူကို ဆက်သွယ်လိုက်၏။ ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးများက မျှော်လင့်ချက်ဖြင့် ကြည့်နေစဉ် ခယ်လောင်ချီ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
သူသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏ လက်ဖဝါးကို အံ့သြစွာ ကြည့်လိုက်၏။ သူ၏ လက်ထဲတွင် သွေးအဆောင် တစ်ခု တိတ်တဆိတ် ပေါ်ထွက်လာ၏။
"သခင်လေး... ဘာဖြစ်လို့လဲ" လိပ်နတ်ဆိုးကြီးက စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။"
ခယ်လောင်ချီးသည် အလျင်အမြန် လက်သီးကို ဆုပ်လိုက်ပြီး "ခင်ဗျားရဲ့သားက သေသွားပြီလို့ ယူဆလို့ရတယ်၊ ဒါကြောင့် ဒီကိစ္စကို ထပ်ဆွေးနွေးနေစရာ မလိုတော့ဘူး။"
"သေပြီ..." အဘိုးကြီး လိပ်နတ်ဆိုး၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး စကားပင် မပြောနိုင်တော့ပေ။
"စိတ်ကို လျှော့ထားပါ။ ကောင်းကင်ဓားဂိုဏ်းက ခင်ဗျားကို အဖြေတစ်ခု ပေးလာအောင် ကျုပ် လုပ်ပေးမယ်။ သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်ရမယ်။"
ခယ်လောင်ချီသည် အေးအေးဆေးဆေး မတ်တတ်ရပ်လိုက်၏။ သူ၏ စကားတစ်ခွန်းကြောင့် အောက်ဘက်ရှိ နတ်ဆိုးများ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
နဂါးမျိုးနွယ် သခင်လေးက လိပ်မျိုးနွယ်စုအတွက်နဲ့ ကောင်းကင်ဓားဂိုဏ်းကို တကယ်ပဲ ရန်ပြုတော့မှာလား။
"ဒါပေမဲ့..."
"ကျုပ်ရဲ့ စတုတ္ထအစ်ကိုကို ပေးသင့်တဲ့ မျက်နှာသာတော့ ပေးရဦးမယ်။ သူ့ကို ကျုပ် အမြန်ဆုံး အသိပေးလိုက်မယ်။ ခင်ဗျားတို့ ခဏစောင့်ပါ။"
အဘိုးကြီးမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ အသံများပင် တုန်ယင်နေသည်။ "ကျွန်တော်မျိုး နားလည်ပါပြီ၊ ကျွန်တော်မျိုး စောင့်နိုင်ပါတယ်။"
"အခု အရေးကြီးတဲ့ ကိစ္စကို ပြောရအောင်။"
ခယ်လောင်ချီသည် လိပ်နတ်ဆိုးကြီး အနားသို့ လျှောက်သွားပြီး သူ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်၏။ "ကျုပ် အရမ်းကြီးမားတဲ့ အခွင့်အရေးတစ်ခုကို တွေ့ထားတယ်။ ဒါက နဂါးဘိုးဘိုးကြီးရဲ့ အလေးပေးမှုကို ကျုပ် ပြန်ရလာစေနိုင်တဲ့အထိ ကြီးမားတယ်။ အခု ခင်ဗျားကို ကျုပ်ရဲ့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ ကူညီစေချင်တယ်။"
"ခင်ဗျား ဒီကိစ္စကို ကောင်းကောင်း လုပ်နိုင်ခဲ့ရင် ခင်ဗျားတို့ လိပ်မျိုးနွယ်စုဟာ မျိုးဆက်ပေါင်းများစွာအထိ ကောင်းချီးတွေ ခံစားရလိမ့်မယ်။"
ထိုစကားကို ကြားသောအခါ အဘိုးကြီးမှာ ခန္ဓာကိုယ် တုန်တက်သွား၏။ ကတိပေးမှုထက် ထိုစကားများနောက်ကွယ်မှ အန္တရာယ်မှာ ပို၍ စိုးရိမ်စရာ ကောင်းနေသောကြောင့် ဖြစ်သည်။
"စိတ်ချပါ၊ ကျုပ် ခင်ဗျားကို ပြောပြီးသားပဲ။ ဒါက အခွင့်အရေးတစ်ခုပါ။" ခယ်လောင်ချီက နှစ်သိမ့်လိုက်သည်။
အဘိုးကြီးမှာ ဖြည်းညှင်းစွာ ခေါင်းမော့လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ကျွန်တော်မျိုး မေးပါရစေ သခင်လေး... အဲဒါက ဘယ်လို အခွင့်အရေးမျိုးလဲ"
ခယ်လောင်ချီ၏ မျက်လုံးထဲတွင် ရက်စက်မှုများ ပြည့်နှက်သွားပြီး သူ၏ အသံကို လျှို့ဝှက်စွာ ပေးပို့လိုက်၏။
"ဥပမာအားဖြင့်... မသေမျိုးဂိုဏ်းရဲ့ တာအိုသားတော်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်တာမျိုးပေါ့"
ထိုစကားကို ကြားလိုက်ရချိန်တွင် အဘိုးကြီးမှာ မယုံကြည်နိုင်စွာဖြင့် နောက်သို့ အကြိမ်ကြိမ် ဆုတ်သွားတော့သည်။ သူသည် မဖြစ်နိုင်သော ဟာသတစ်ခုကို ကြားလိုက်ရသလိုပင်။
သူက... မသေမျိုးဂိုဏ်းရဲ့ တာအိုသားတော်ကို သွားသတ်ရမယ်။
ဤအလုပ်၏ ခက်ခဲမှုမှာ တာအိုပေါင်းစည်းခြင်းအဆင့် အစွမ်းထက်သူတစ်ဦးကို သတ်ဖြတ်ခြင်းနှင့် မခြားနားပေ။ ပထမဦးစွာ နန်ဟုန် သားတော်ခုနစ်ပါးတွင် တာအိုသားတော် ၆ ဦးသာ ရှိပြီး တစ်ယောက်ချင်းစီမှာ အလွန် အစွမ်းထက်ကြသည်။
ထိုသူများ ဂိုဏ်းမှ ထွက်လာတိုင်း လူအများ၏ အာရုံစိုက်မှုကို ခံရသဖြင့် ချောင်းမြောင်း တိုက်ခိုက်ရန် အခွင့်အရေး မရှိသလောက်ပင်။
သူတို့နှင့် တိတ်တဆိတ် တွေ့ဆုံနိုင်ရန်အတွက်မှာလည်း အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိရန် လိုအပ်လေ၏။ ကလေးဘဝ သူငယ်ချင်းချင်းပင်လျှင် ဤသို့ လုပ်ဆောင်နိုင်ရန်မှာ မလွယ်ကူလှပေ။