လူစုခြင်း
Vol. 44 Ch. 467
ကျောက်စားပွဲပေါ်တွင် လော့ရှီးက သူမ၏ဆံပင်များ ဖရိုဖရဲဖြစ်လျက် မှောက်ခုံကြီး အိပ်ပျော်နေ၏။
မကြာခင်မှာပင် ဟောက်သံသဲ့သဲ့ ထွက်ပေါ်လာပြီး ထန်ထျန်း အနီးကပ်ကြည့်လိုက်ရာ သူမ၏ ပါးစပ်မှ သရေ များပင် ယိုကျနေသည်ကို တွေ့လိုက်ရသည်။
ထန်ထျန်းက သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်ဖော်ကာ လော့ရှီး၏ လက်ရှိအခြေအနေကို စစ်ဆေးကြည့်ပြီးမှ အနည်းငယ် စိတ်အေးသွားရသည်။
အမှန်တကယ်ပင် မူးလဲသွားခြင်း ဖြစ်သည်။
သို့သော်လည်း မဖြစ်နိုင်သည် မဟုတ်ပါလား၊ သူမ သောက်လိုက်သည်မှာ အလွန်နည်းပါး သော တစ်ငုံစာလေးသာ ရှိသေးသည်။
ဤမိန်းကလေးက လိမ်ပြောနေတာလား၊ တကယ်တော့ အရက် တစ်စက်တောင် မခံနိုင်တဲ့သူများလား။
ထန်ထျန်း ခဏတာ စဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
လအင်မော်တယ်ဝိုင်က မူလကပင် ထူးဆန်းလှပြီး လူတစ်ဦးချင်းစီအပေါ် မူတည်ကာ အရသာမှာလည်း ကွဲပြားတတ်သည်။
ဝမ်ကျိယွီက ၎င်းကို သကြားရေဟု ထင်ခဲ့သည်၊ ကုရှောင်းရွှယ်က သောက်ပြီးနောက် တစ်ညလုံး ငိုခဲ့သည်၊ ကြောင်လေးကမူ ၎င်းကို အဆိပ်တစ်ခုကဲ့သို့ပင် သဘောထားခဲ့သည်။
လော့ရှီး၏ ယခုလို အမူအရာမှာလည်း တော်တော်လေး ထူးဆန်းလှပေသည်။
ကြည့်ရသည်မှာ နောင်တွင် သူ့ဘာသာ တစ်ယောက်တည်း သောက်ခြင်းက ပိုကောင်းပေလိမ့်မည်။ မတော်တဆ တစ်စုံတစ်ယောက်ကို အမှန်တကယ် အဆိပ်သင့်စေကာ သေဆုံးသွားစေရန် မဖြစ်သင့်ပေ။
ဘာပဲဖြစ်ဖြစ် အခုတော့ စမ်းသပ်ချက် ရလဒ်တွေကလည်း လုံလောက်နေပြီပဲ...
ထန်ထျန်းက ဝိုင်ကို သောက်ရင်း နောက်ဆက်တွဲ အခြေအနေများကို စဉ်းစားနေမိသည်။
ရှန်လင် အတွင်း သူ့အနေဖြင့် မည်သို့သော စွမ်းရည်များ ပြသနိုင်မည်၊ မည်သို့သော အကျိုးအမြတ်များ ရရှိမည်ဆိုသည်ကို သူ အမှန်တကယ် စိတ်မဝင်စားပေ။
သူ ပို၍ မျှော်လင့်ထားသည်မှာ တားမြစ်ရုပ်တုကို တိုက်ရိုက် ထိတွေ့ခွင့်ရမည့် ကိစ္စပင် ဖြစ်သည်။
ချင်းယွဲ့ဂိုဏ်းက ရုပ်တုဖြစ်စေ၊ ယခု တိမ်တိုက် ထျန်းဖူနန်းတော် က ရုပ်တုဖြစ်စေ သူက အဝေးကသာ လှမ်းကြည့်ခဲ့ရပြီး ဘာမှန်းမသိဘဲ ဝေဝေဝါးဝါးသာ မြင်ခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ အသေးစိတ်ကို ကောင်းကောင်း နားလည်နိုင်တော့မည် ဖြစ်သည်။
ထူးချွန်သော စွမ်းရည် ပြသနိုင်ခြင်းကလည်း အကျိုးကျေးဇူး ရှိပေသည်။ လော့ရှီး ပြောပြချက်အရ သူမတွင် ရေနှင့်သစ်သား လျှိုမြောင်မှ အချိန်မရွေး ထွက်ခွာနိုင်သော အခွင့်အရေး ရှိသည်ဟု သိရသည်။
၎င်းမှာ တော်တော်လေး အသုံးဝင်လှသည်။ ဘာပဲဖြစ်ဖြစ် ထျန်းရှထုန် မှာ အပြင်ဘက်တွင် ရှိနေသဖြင့် သူ အကြာကြီး ပျောက်ကွယ်နေခြင်းက မကောင်းနိုင်ပေ။
တစ်ခါတစ်ရံ အပြင်ဘက်သို့ ထွက်ကြည့်ရန် လိုအပ်သည်။
ရေနှင့်သစ်သား လျှိုမြောင်ထဲက နောင်အနာဂတ် အတွက်မူ အခြေအနေအရ ကြည့်လုပ်ရုံသာ ရှိသည်။
သူ၏ပန်းတိုင်မှာ တကယ့် မြင့်မြတ် သားတော် ဖြစ်လာရန်ပင်။
စဉ်းစားနေစဉ်အတွင်း ကောင်းကင်ယံမှာ တဖြည်းဖြည်း မှောင်ရီစပျိုးလာခဲ့သည်။
လော့ရှီးမှာမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်ကာ နိုးလာမည့် အရိပ်အယောင်ပင် မရှိချေ။
ထန်ထျန်း ခဏစဉ်းစားပြီးနောက် လက်ချောင်းဖြင့် အသာဝေ့ယမ်းကာ သူမ၏ ပတ်ပတ်လည်တွင် အတားအဆီး အလွှာတစ်ခု ချထားလိုက်သည်။ အကယ်၍ တစ်ခုခု လာရောက် နှောင့်ယှက်ပါက သူ ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။
ကျန်သည့် ကိစ္စများအတွက်မူ လော့ရှီးက အင်မော်တယ်ဘုရင် တစ်ဦးဖြစ်ရာ အအေးမိမှာကို စိုးရိမ်နေစရာ မလိုပေ။
သူမကို ဤနေရာမှာပင် ထားလိုက်တော့မည်။
ထိုအရာများကို ပြုလုပ်ပြီးနောက် ထန်ထျန်းက သူ့၏ အိပ်ခန်းသို့ ပြန်ခဲ့သည်။
ပထမဆုံးညတွင် သူ အနားမယူဘဲ ဤနေရာရှိ ကျင့်ကြံခြင်း အခန်းကို စမ်းသပ်ကြည့်ခဲ့သည်။
အမှန်တကယ်ပင် ကုံးချန် ခြံဝင်းနှင့် နှိုင်းယှဉ်လျှင် ဤနေရာရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ နိယာမစွမ်းအားများ၏ ထောက်ပံ့မှုကြောင့် ကျင့်ကြံခြင်း ထိရောက်မှုမှာ များစွာ သာလွန်လှသည်။
နှမြောစရာကောင်းသည်မှာ ယခုအခါ ထန်ထျန်းက ကျင့်ကြံခြင်း ပတ်ဝန်းကျင်အပေါ် လိုအပ်ချက်မှာ အလွန်ပင် လျော့နည်းသွားပြီ ဖြစ်သည်။ အင်မော်တယ်ဘုရင် အထက် ကျင့်ကြံခြင်း အဓိကအချက်မှာ ကောင်းကင်တာအို နိယာမများအပေါ်တွင်သာ မူတည်တော့သည်။
အကယ်၍ သူသာ အစကတည်းက ရေနှင့်သစ်သား လျှိုမြောင်သို့ ရောက်ရှိခဲ့ပါက အင်မော်တယ်ဘုရင် အဆင့်သို့ စောစီးစွာ တက်လှမ်းနိုင်ခဲ့မည်မှာ သေချာသည်။
သို့သော် ကံဆိုးခြင်းထဲက ကံကောင်းခြင်းဟု ဆိုရပေမည်။
သူ ထျန်းချီတောင်သို့ တိုက်ရိုက် မဝင်ခဲ့သောကြောင့်သာ သူနှင့် ကြောင်လေးက မည်သူမည်ဝါမှန်းမသိသော ပုဂ္ဂိုလ် တစ်ဦး၏ စောင့်ကြည့်ခြင်းကို ခံနေရကြောင်း သိခဲ့ရခြင်း ဖြစ်သည်။
မဟုတ်ပါက မဆင်မခြင် ကောင်းကင်ထိပ်ဆုံး သို့ တက်လှမ်းမိလျှင် မည်သို့သေဆုံးမည်ကိုပင် သိရမည် မဟုတ်ပေ။
ထိုသို့သော အဆင့်ရှိ တည်ရှိမှုကြီးများမှာ ထူးဆန်းသောဥ နေရာလွတ် ကို ကန့်သတ်နိုင်သော နည်းလမ်းများ ရှိမရှိ မည်သူသိနိုင်မည်နည်း။
သတိထားခြင်းကသာ အကောင်းဆုံး ဖြစ်သည်။
ခဏတာ ကျင့်ကြံပြီးနောက် ထန်ထျန်းက အခန်းထဲမှ ထွက်ကာ အိမ်ခေါင်မိုးပေါ်သို့ ပျံတက်လိုက်သည်။
ကောင်းကင်ယံတွင် လမင်းကြီးမှာ ချိတ်ဆွဲလျက်ရှိပြီး အေးစက်သော လရောင်ခြည်များက ပုခုံးပေါ်သို့ ဖြာကျနေသည်။
လရောင်ကို ခံစားရင်း ထန်ထျန်းက အိမ်ခေါင်မိုးပေါ်တွင် လှဲလျောင်းနေမိ၏။
ငွေရောင် ဝိုင်အိုးလေးကို ထုတ်ကာ တစ်ငုံချင်းစီ မှိန်ရေယှက်ရေ သောက်နေတော့သည်။
....
သုံးရက်တာ အချိန်မှာ ကုန်လွန်သွားခဲ့ပြီ။
ဤသုံးရက်အတွင်း ထန်ထျန်းက အပြင်သို့ မထွက်ဘဲ သူ၏ အုတ်နီရောင် ခြံဝင်းအတွင်း၌သာ နေခဲ့သည်။
ဤမျှအဆင့်အထိ ကျင့်ကြံပြီးသူတစ်ယောက်အဖို့ တစ်ယောက်တည်း နေရခြင်းမှာလည်း ပျင်းစရာ မဟုတ်ပေ။
စိတ်ပါလာလျှင် ကုချင်း သို့မဟုတ် အခြားသော တူရိယာများကို ထုတ်ကာ သူ့ဘာသာ တီးမှုတ် နေတတ်သည်။
ဤကာလအတွင်း လော့ရှီးမှာမူ လုံးဝ နိုးမလာဘဲ သရေ များ ယိုလျက် ဆက်လက် အိပ်ပျော်နေခဲ့သည်။
အကယ်၍ သူမ၏ အသိစိတ်မှာ တဖြည်းဖြည်း ပြန်လည် နိုးကြားလာနေသည်ကို ထန်ထျန်း သတိမပြုမိခဲ့လျှင် တစ်ခုခု ပြုလုပ်မိတော့မည် ဖြစ်သည်။
ရေနှင့်သစ်သား လျှိုမြောင်သို့ ရောက်ရှိပြီး စတုတ္ထမြောက်နေ့၊ အမှန်တကယ် ဂိုဏ်းဝင်သည့်နေ့နှင့် ရှန်လင် ကို ခံယူရမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။
နောက်ဆုံးတွင် လော့ရှီးက ဖြည်းညှင်းစွာ နိုးလာခဲ့သည်။
ထန်ထျန်းက ချက်ချင်း သိသွားကာ သူမ၏ ရှေ့သို့ ရောက်လာခဲ့၏။
လော့ရှီး၏ မျက်နှာပေါ်ရှိ နီမြန်းသော အရောင်များမှာ မပြယ်သေးဘဲ နှုတ်ခမ်းကို လျက်ရင်း လေးလံနေသော မျက်ခွံများကို အားယူကာ ဖွင့်လိုက်သည်။
နက်မှောင်သော ဆံပင်ရှည်များမှာ ဖရိုဖရဲ ဖြစ်နေပြီး အချို့မှာ မျက်နှာပေါ်တွင် ကပ်နေကာ အိပ်မက်ကြီးတစ်ခုမှ နိုးလာသကဲ့သို့ပင်။
သူမရှေ့ရှိ ထန်ထျန်းကို မြင်သောအခါ လက်မောင်းနှစ်ဖက်ကို ဆန့်ကာ အပျင်းကြော အကြီးအကျယ် ဆန့်လိုက်ပြီးနောက် နားထင်ကို နှိပ်ရင်း မေးလိုက်သည်။ "ကျွန်မတို့ ခုနက ဘယ်အကြောင်း ပြောနေတာလဲ"
ထန်ထျန်း : ...
ဤမိန်းကလေး၏ အသိစိတ်မှာ လွန်ခဲ့သော သုံးရက်က နေရာမှာပင် ရပ်တန့်နေဆဲ ဖြစ်သည်။
"မင်း ခုနကပဲ မင်းက အရက်သောက်ပြီး ကြီးပြင်းလာတာ၊ ဘယ်လိုပဲဖြစ်ဖြစ် မမူးဘူးလို့ ပြောခဲ့တာလေ"
ထန်ထျန်းက ပြော လိုက်သည်။
လော့ရှီးက ပြန်ပြောသည်။ "အော်... ဟုတ်သားပဲ၊ ဟုတ်တယ်"
"ရှောင်းယောင် မိသားစု တစ်ခုလုံးမှာ ကျွန်မကို မူးအောင် လုပ်နိုင်တဲ့ ဝိုင် မရှိဘူး၊ တခြား ဝိုင်တွေဆိုရင်တော့ ပိုတောင် မဖြစ်နိုင်သေးတယ်"
သူမ သတိမလည်သေးသော ပုံစံကို ကြည့်ကာ ထန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။ "ဒါဆို ငါ့ကို တစ်ချက်လောက် ရှင်းပြပါဦး"
"ဘာလို့ ငါ့ဝိုင်ကို တစ်ငုံ သောက်လိုက်ရုံနဲ့ သုံးရက်တိတိ အိပ်ပျော်သွားရတာလဲ"
လော့ရှီး ချက်ချင်းပင် ဆွံ့အသွား၏။
"ဟင်"
ထန်ထျန်းက သူမ၏ ရှေ့ရှိ ကျောက်စားပွဲပေါ်တွင် ကျန်ရစ်ခဲ့သော သရေ ကွက်ကြီးကို ညွှန်ပြလိုက်သည်။
လော့ရှီးမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
အချိန်အတော်ကြာပြီးမှ သူမက သူမကိုယ်တိုင် အမှန်တကယ်ပင် တစ်ငုံတည်းဖြင့် သုံးရက်တိတိ သတိမေ့မြောကာ မူးလဲသွားသည်ကို လက်ခံလိုက်ရတော့သည်။
"ကျွန်မ မှတ်မိသလောက်တော့ ရှင့်ဝိုင်အရသာက အရမ်း ထူးဆန်းတယ်"
"အထဲမှာ ကျယ်ပြောလှတဲ့ သမိုင်းကြောင်းတွေ အကုန်လုံး ဝှက်ထားသလိုပဲ၊ ပြီးတော့ အမျိုးမျိုးသော ခံစားချက်တွေလည်း စုပုံနေတယ်၊ စကားလုံးနဲ့ ဖော်ပြဖို့တောင် ခက်တယ်"
"ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ခံစားမိတယ်၊ အဲဒါက... အဆုံးမဲ့ နောင်တတွေပဲ"
ပြောရင်းနှင့် လော့ရှီးက မျက်မှောင်ကြုတ်ကာ ကျန်ရှိနေသော လအင်မော်တယ်ဝိုင်ကို ထပ်မံ သောက်ရန် ဝိုင်ခွက်ကို ကောက်ကိုင်လိုက်သည်။
ထန်ထျန်းက သူမကို အမြန်ပင် တားလိုက်ရသည်။
ဤမိန်းကလေး က ငါ့ဆီမှာ ဆက်ပြီး အိပ်နေဦးမလို့လား။
ဒီနေ့ သူ လုပ်စရာတွေ ရှိသေးသည် မဟုတ်ပါလား။
ထန်ထျန်း၏ သတိပေးမှုကြောင့် လော့ရှီးက သူ့ ခေါင်းကို အမြန် ပုတ်ကာ ပြောလိုက်သည်။ "ကျွန်မက ရှင်နဲ့ တိုက်ခိုက်ဖို့ လာတာလေ၊ အချိန်တွေ အလကား ကုန်သွားပြီ"
သူမက အကြီးအကျယ် နှမြောတသ ဖြစ်နေ၏။
ထန်ထျန်းကမူ ရယ်မောကာ "ငါက မင်းရဲ့ စိန်ခေါ်မှုကို လက်ခံမယ်လို့ မပြောရသေးပါဘူး"
"ဒါ့အပြင် အနည်းဆုံးတော့ ငါ ရှန်လင် ပြီးတဲ့အထိ စောင့်ပါဦး၊ ဒါမှ ပိုပြီး တရားမျှတမှာ မဟုတ်လား"
လော့ရှီးက အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒါဆို ဒီနေ့ ပြီးမှပဲ ပြောကြတာပေါ့"
"ရှင့်ဝိုင်က တကယ် ကောင်းတာပဲ၊ ကျွန်မကို နည်းနည်းလောက် ပေးလို့ ရမလား"
လော့ရှီးက မေးလိုက်သည်။
ထန်ထျန်း ခဏစဉ်းစားပြီးနောက် လော့ရှီး ခုနက မသောက်ရသေးသော ဝိုင်ကိုသာ ယူသွားခွင့် ပြုလိုက်သည်။
သူမကို အများကြီး ပေးရန် မဝံ့ရဲပေ၊ တကယ် တစ်ခုခု ဖြစ်သွားလျှင် မကောင်းပေ။
ထို့နောက် လော့ရှီးက ထိုနေရာတွင် ခဏထိုင်ကာ အသိစိတ် ပြန်လည် ကြည်လင်လာသည်အထိ စောင့်ဆိုင်းလိုက်သည်။
"ဒါနဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
လော့ရှီးက ပြော သည်။ "ရေနှင့်သစ်သား လျှိုမြောင် ထဲမှာ ရှင့်အပေါ် တစ်ခုခု ကြံစည်ချင်နေတဲ့ ကောင်တွေ ရှိတယ်"
"သူတို့အားလုံးက မြင့်မြတ် သားတော်လောင်းလျာ တွေပဲ၊ အင်မော်တယ်ဘုရင် တစ်ယောက်နဲ့ အင်မော်တယ်အရှင် နှစ်ယောက်"
"သူတို့က စစ်နတ်ဘုရား နန်းတော် က လူတွေပဲ၊ ဘာကြောင့်လဲဆိုတာ ရှင် သိမှာပါ"
"အချိန်ကျရင် လက်မနှေးနဲ့နော်၊ ရေနှင့်သစ်သား လျှိုမြောင် ရဲ့ စည်းကမ်းတွေက အပြင်ထက် အများကြီး ပိုလျော့ရဲတယ်၊ မတော်တဆ သတ်မိရင်တောင် ဘာမှမဖြစ်ဘူး"
ထန်ထျန်း တိတ်ဆိတ်သွားမိသည်။ ဤမိန်းကလေးက ဘာကြောင့် သူ့အစွမ်းအပေါ် ဤမျှအထိ ယုံကြည်နေရသနည်း။
စစ်နတ်ဘုရား နန်းတော်... အခြေအနေ တော်တော် ဆိုးနေပြီပဲ၊ အကယ်၍ တစ်စုံတစ်ယောက်က အစွန်းရောက်နေလျှင် သူ့ကို တကယ် လာနှောင့်ယှက်နိုင်ပေသည်။
တွေ့မှပဲ ရှင်းကြတာပေါ့။
"ကောင်းပြီ၊ ငါ သိပြီ"
ထန်ထျန်းက ပြောလိုက်သည်။
သူတို့နှစ်ဦး ခဏတာ စကားစမြည် ပြောဆိုနေစဉ်မှာပင် ထန်ထျန်း၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားမှာ တုန်ခါလာခဲ့သည်။
ယန်ရှို့အင်မော်တယ်အရှင်က သူတို့ကို လူစုဖို့ အပြင်သို့ ထွက်လာရန် ခေါ်လိုက်ခြင်းပင် ဖြစ်တော့သည်။