← Chapters

သူက အမဲသားမစားဘူး

Vol. 7 Ch. 62

သူက အမဲသားမစားဘူး

Vol. 7 Ch. 62

သူတို့သုံးယောက် ဝိုင်စက်ရုံမှ ထွက်လာချိန်တွင် တစ်စုံတစ်ယောက်က အနီးအနား၌ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။ ထိုသူသည် သူတို့ကို မြင်သည်နှင့် အပြေးလေး ရောက်လာပြီး တန်ဝမ်ကျဲ၏ နားနားသို့ ကပ်ကာ စကားအနည်းငယ် တိုးတိုးပြောလိုက်သည်။

“ဦးလေးကျန့်...ကျုပ် လုပ်စရာလေးတွေ ပေါ်လာလို့။ ဦးလေးတို့ သားအဖ အိမ်တော်ကို အရင်ပြန်ပြီး နားနှင့်လိုက်ကြပါ။”

တန်ဝမ်ကျဲက ပြောလိုက်သည်။

“ကောင်းပါပြီ...ဂျူနီယာဦးလေး။ မင်းရဲ့ ကိစ္စတွေကိုသာ အေးအေးဆေးဆေး သွားလုပ်လိုက်ပါ။”

တန်ဝမ်ကျဲ မြင်းလှည်းဖြင့် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရှီကျန့်နှင့် သူ၏သားတို့သည်လည်း အခြားမြင်းလှည်းတစ်စီးဆီသို့ လျှောက်သွားကြတော့လေသည်။

သားအဖနှစ်ယောက် ယှဉ်တွဲလျှောက်လာရင်း ရှီကျန့်က တိုးတိုးလေး ပြောလိုက်သည်။

“မင်းက နောက်နေတာလားကွ။ လျှို့ဝှက်ကျင့်စဉ်တွေကို ဒီလောက် ပေါပေါလောလော ရောင်းစားလို့ ရမလား။ ဒါသာ လူသိသွားရင် ငါ ဘယ်လိုလုပ်ပြီး စီနီယာအစ်ကိုကြီး အဖြစ် ရပ်တည်နိုင်တော့မှာလဲ။”

“အဖေ အဲဒါ ငွေဒင်္ဂါး ၅,၀၀၀ တောင်လေ။”

ရှီရှောင်ကျန့်က သွားရည်ကျမတတ် ဖြစ်နေ၏။ သူဌေးကြီးတန် ချမ်းသာမှန်း သိသော်လည်း ဤမျှအထိ ကြွယ်ဝလိမ့်မည်ဟုတော့ သူမထင်ထားခဲ့ပေ။ အစက ငွေဒင်္ဂါး ၁၀၀ ဆိုလျှင်ပင် အများကြီးဟု ထင်ခဲ့သော်လည်း ယခု ငွေဒင်္ဂါး ၅,၀၀၀ ဟု ကြားလိုက်ရချိန်၌ သူ၏စိတ်များ လှုပ်ရှားသွားခဲ့ရလေသည်။

“ဒီကိစ္စကို နောက်တစ်ခါ ထပ်မပြောနဲ့တော့။”

သူတို့ မြင်းလှည်းနားသို့ ရောက်လာသောအခါ တန်အိမ်တော်မှ အစေခံတစ်ဦးက သေတ္တာငယ်လေးတစ်လုံး ကိုင်ပြီး ချဉ်းကပ်လာခဲ့သည်။

“ဦးလေးကျန့်...ဒါက ကျုပ်တို့ သခင်ကြီးပေးခိုင်းလိုက်တဲ့ ဆုကြေး ငွေဒင်္ဂါး ၁၀၀ ပါ။”

“အင်း။”

ရှီကျန့်က ခေါင်းငြိမ့်ရင်း သားဖြစ်သူကို ကြည့်လိုက်သည်။ ရှီရှောင်ကျန့်က ဝမ်းသာအားရ ရှေ့တိုးလာပြီး သေတ္တာကို လှမ်းယူလိုက်၏။

ငွေဒင်္ဂါး ၁၀၀ ၏ အလေးချိန်မှာ အတော်လေး လေးသော်လည်း သူ့ရင်ထဲတွင်မူ ဂွမ်းစကဲ့သို့ ပေါ့ပါးနေ၏။

ထို့နောက်ဘသားအဖနှစ်ယောက် မြင်းလှည်းပေါ် တက်လိုက်ကြလေသည်။ ဒင်္ဂါး ၁၀၀ အကြောင်း ဘာမှ ထပ်မပြောကြတော့ပေ။ ရှီကျန့်က စည်းစိမ်ကို မမက်မောသလို ရှီရှောင်ကျန့်ကလည်း ထိုငွေများကို သူ့အိတ်ထဲ ဝမ်းသာအားရ ထည့်လိုက်သည်။ သူတို့ကြားတွင် အမြဲတမ်း ဤသို့ပင်။

တန်ဝမ်ကျဲသည်မူ အထက်မှ အမိန့်အရ စုံစမ်းစစ်ဆေးမှုတစ်ခုတွင် ပူးပေါင်းဆောင်ရွက်နေခဲ့ရလေသည်။ မကြာသေးမီက ဘိန်းမှောင်ခိုမှုများမှာ အလွန်အမင်း များပြားလာသဖြင့် သူသည် ထိုအရာများကို အကုန် မီးရှို့ဖျက်ဆီးပစ်ချင်နေ၏။ ထို့ကြောင့် သူသည် စစ်ဆေးရေးဂိတ်များနှင့် ကင်းလှည့်ခြင်းများဖြင့် ညနက်သည်အထိ အလုပ်ရှုပ်နေခဲ့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ရှီကျန့်နှင့် တန်ဝမ်ကျဲတို့သည် ဖုန်းရွှေကြည့်ရန် ဝိုင်စက်ရုံသို့ ထွက်လာခဲ့ကြပြီး ရှီရှောင်ကျန့်ကမူ ပိုက်ဆံများကို ယူကာ အပြင်၌ ပျော်ပါးရန် ထွက်ခွာသွားခဲ့သည်။

ရှီကျန့်၏ လျှပ်စီးပညာရပ်မှာ အံ့မခန်းပင်။ တန်ဝမ်ကျဲသည် မိုးကြိုးလက်သီးကဲ့သို့ လျှို့ဝှက်ပညာရပ်ကို မရရှိနိုင်သေးသော်လည်း မိုးကြိုးလက်ဝါးအကြောင်း မေးမြန်းသည့်အခါ ရှီကျန့်က လိုလိုလားလားပင် လမ်းညွှန်ပြသပေးခဲ့သည်။

တစ်ဖက်လူ၏ စရိုက်ကို တဖြည်းဖြည်း နားလည်လာပြီးနောက် တန်ဝမ်ကျဲသည် ရှီကျန့်နှင့် နီးနီးကပ်ကပ် နေရသည်ကို သဘောကျလာခဲ့သည်။

အန်နီလား။ မြန်မြန်ဝေးဝေးသာ လစ်လိုက်စမ်းပါ။ အားကျန့် တစ်မျိုးထင်သွားလိမ့်မယ်။

မွန်းလွဲပိုင်းတွင် အိမ်တော်သို့ ပြန်ရောက်သောအခါ တန်ဝမ်ကျဲကးသည် ရှီကျန့်ကို နားနားနေနေ နေရန်သာ ပြောလိုက်ပြီး မနက်ဖြန်တွင်လည်း နောက်ထပ် ငွေဒင်္ဂါး ၁၀၀ ဖြင့် ဖိတ်ခေါ်လိုသည့် နေရာတစ်ခု ရှိသေးကြောင်း ပြောလိုက်လေသည်။

ရှီကျန့် အိမ်တော်သို့ ပြန်ရောက်ချိန်တွင် ရှီရှောင်ကျန့် မရှိသည်ကို တွေ့လိုက်ရသော်လည်း သူ သိပ်ပြိးစိတ်ထဲမထားခဲ့ပေ။

ရှီရှောင်ကျန့်သည် ညနက်မှ ပြန်ရောက်လာခဲ့ပြီး သူ့ကိုယ်၌လည်း အနံ့မျိုးစုံ စွဲကျန်နေခဲ့သည်။ ရှီကျန့် မျက်မှောင်ကျုံ့လိုက်သော်လည်း ဘာမှမပြောပေ။ သို့သော် သူ၏သား ယခုကဲ့သို့ ဖြစ်နေသည်ကို တန်ဝမ်ကျဲသာ မြင်သွားပါက သူ၏ မော်ရှန်းစီနီယာအစ်ကိုကြီးဟူသော ပုံရိပ်ကို ထိခိုက်နိုင်ပေသည်။

ကံကောင်းသည်မှာ သူတို့ ဤနေရာတွင် ကြာကြာနေမည် မဟုတ်ပေ။

‘ကလေးက ငယ်သေးတော့ နည်းနည်းပါးပါး ကစားချင်တာ သဘာဝပါပဲ‌လေ၊ ပိုက်ဆံလေး နည်းနည်းပါးပါး ကုန်ရုံပါပဲ’ ဟုသာ သူ တွေးလိုက်၏။

“မနက်ဖြန် ငါ မင်းရဲ့ ဂျူနီယာဦးလေးနဲ့ ထပ်ပြီးထွက်သွားရဦးမယ်။ ငါတို့ ဒီမှာ နောက်ထပ် ရက်အနည်းငယ် ထပ်နေရဦးမယ် ထင်တယ်။”

“သရဲထပ်ဖမ်းရမှာလား။”

ရှီရှောင်ကျန့်က မေးလိုက်သည်။

“အင်း။ သူပြောတာတော့ သံသယဖြစ်စရာ နေရာတစ်ခု ရှိသေးတယ်တဲ့။ ငါ့ကို လိုက်ခဲ့ပေးဖို့ ငွေဒင်္ဂါး ၁၀၀ ထပ်ပေးမယ်ပြောတယ်။”

“ဒီဂျူနီယာဘိုးဘိုးက တကယ် ချမ်းသာတာပဲ။”

ရှီရှောင်ကျန့်က မျက်လုံးလေး တောက်ပလာကာ ပြောလိုက်၏။

“စည်းစိမ်ဆိုတာ ပြင်ပပစ္စည်းတွေပဲ။ ငွေဒင်္ဂါး ၂၀၀ ဆိုရင် ငါတို့ အကြာကြီး သုံးလို့ရတယ်။ ယူနန်မှာ ‘ကြေးဝါချပ်ဝတ် အလောင်းကောင်’ တစ်ကောင် ပေါ်လာတယ်လို့ သတင်းကြားထားတယ်။ ဒီခရီးစရိတ်တွေနဲ့ဆိုရင် ငါတို့ အဲဒီကို သွားနိုင်ပြီ။”

ရှီကျန့်က ဆိုသည်။ ထိုအခါ ရှီရှောင်ကျန့်သည် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း တွန့်ဆုတ်နေ၏။

“ဘာဖြစ်လို့လဲ...။”

သားအကြောင်း အသိဆုံးမှာ ဖခင်ပင် ဖြစ်ရာ ရှီကျန့်က တစ်ခုခု မှားနေပြီဖြစ်ကြောင်း သိလိုက်သည်။

“အဖေ၊ အဲဒီ ငွေဒင်္ဂါး ၁၀၀ လေ... ကျွန်တော် ဒီနေ့ သုံးလိုက်တာ တစ်ဝက်တောင် မကျန်တော့ဘူး။”

လူ့သဘာဝအရ ငွေဒင်္ဂါး ၁၀ ပြား ရှိလျှင် ၁၀ ပြားဖိုး သုံးရန် နည်းလမ်း ရှိသလို၊ ၁၀၀ ရှိလျှင်လည်း ၁၀၀ ဖိုး ကစားရန် နည်းလမ်း ရှိပေသည်။ သူသည် ယနေ့တွင် သူဌေးသား အချို့နှင့် ဆုံခဲ့သေး၏။ ထိုသူတို့တွင် ကိုယ်ပိုင်ငွေ သိပ်မရှိကြသော်လည်း ရှီရှောင်ကျန့်နှင့် စရိုက်ချင်း တူညီကြပေသည်။ သူတို့၏ အပြောအဆို၊ အပြုအမူနှင့် အပျော်ရှာပုံများမှာ ရှီရှောင်ကျန့်ကို ကမ္ဘာအသစ်တစ်ခုကို ထုတ်ဖော်ပြသလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ၏ လက်ထဲမှ ငွေများမှာ ရေလိုပင် စီးထွက်သွားခဲ့တော့လေသည်။

“ကိစ္စမရှိပါဘူး၊ မနက်ဖြန် နောက်ထပ် ၁၀၀ ရဦးမှာပဲ။”

ရှီကျန့်က စိတ်ထဲမထားပေ။ စည်းစိမ်ဆိုသည်မှာ ပြင်ပပစ္စည်းသာ ဖြစ်သည်။ ကုန်သွားလျှင်လည်း ကုန်ပါစေပေါ့။

နောက်တစ်နေ့ နံနက်စောစောတွင်....။

“ဦးလေးကျန့် ဒီဘုရားကျောင်းမှာ ဘာပြဿနာရှိလဲ။”

တန်ဝမ်ကျဲက ကျိုးချွမ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းကို ညွှန်ပြရင်း မေးလိုက်သည်။

သူ၏အိပ်ရာဘေးမှာ တခြားသူတွေ လာဟောက်နေတာကို သူ ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲ။ အထဲ၌ နှစ်မွှာဝိညာဉ် ဇွန်ဘီ ရှိ၊ မရှိ သူ မသိသော်လည်း တစ်ချက်ကြည့်လိုက်ခြင်းက ဘာမှ မနစ်နာပေ။

“တကယ်ပဲ တစ်ခုခု မှားနေတာ ရှိတယ်။”

ရှီကျန့်က ခေါင်းလိုက်သည်။

“ဒါပေမဲ့ အသေးစိတ် သိရဖို့ဆိုရင်တော့ အတွင်းထဲအထိ ဝင်ကြည့်ရမယ်။”

ကမ္ဘာပေါ်တွင် ယုတ်ညံ့သော စွမ်းအင်များ ပေါက်ဖွားသည့် နေရာပေါင်း များစွာ ရှိသော်လည်း နေရာတိုင်းက ပြဿနာပေးသည်တော့ မဟုတ်ပေ။ ရှီကျန့်ကိုယ်တိုင်ပင် အတပ်မပြောနိုင်သေးပေ။

“ဝင်ကြည့်ကြမလား။”

ယခု ထိုနေရာတွင် အနောက်တိုင်း သာသနာပြုများ မရှိတော့ပေ။ အကယ်၍ အတွင်းထဲမှ အရာသာ လွတ်မြောက်သွားပါက ပတ်ဝန်းကျင်မြို့များမှာ ဇွန်ဘီမြို့တော်ကြီးများ ဖြစ်သွားပေလိမ့်မည်။

“ကောင်းပြီလေ။”

ထို့နောက် တံဆိပ်ခတ်နှိပ်ထားသော အစီအရင်များကို ခွာချကာ ဘုရားကျောင်းထဲသို့ ဝင်လိုက်ရာ ရှီကျန့်၏ မျက်မှောင်က အနည်းငယ် ကျုံ့သွားခဲ့ပြီး လက်ချောင်းများကြားတွင် လျှပ်စီးများ စတင် ဝင်းလက်လာခဲ့သည်။

တန်ဝမ်ကျဲသည်မူ ရှီကျန့်၏အနောက်ဘက် ခြေတစ်လှမ်းအကွာတွင်သာ နေလိုက်သည်။ သူက ပိုက်ဆံပေးထားပြီးသားဖြစ်ရာ ရှေ့ကနေ အတင်းတိုးဝင်နေစရာ အကြောင်းမရှိပေ။

“ဟိုမှာ...။”

ရှီကျန့်က တံခါးတစ်ခုကို တွန်းဖွင့်ပြီး ဘုရားကျောင်း၏ မြေအောက်ခန်းထဲသို့ ဝင်လိုက်ရာ ကြက်ခြေခတ်ပုံစံဖြင့် မြေပြင်ပေါ်တွင် ရိုက်နှက် ပိတ်ဆို့ထားခြင်း ခံထားရသော အနောက်တိုင်းသားတစ်ဦး၏ အလောင်းကို တွေ့လိုက်ရလေသည်။

“ဒါက ယုတ်ညံ့တဲ့ စွမ်းအင်တွေရဲ့ အရင်းအမြစ်ပဲ ဖြစ်ရမယ်။”

တန်ဝမ်ကျဲက ဆိုသည်။

“ဦးလေးကျန့် မြန်မြန် ဖျက်ဆီးပစ်လိုက်ပါ။”

သူဌေးကြီးတန်အတွက် အတွေ့အကြုံမှတ်တွေ ဘာတွေက အရေးမကြီးပေ။ အဓိကမှာ အန္တရာယ်ကို အမြစ်ပြတ် ဖယ်ရှားပစ်ရန်သာ ဖြစ်သည်စ်သည်။

“ကောင်းပြီ။”

ထို့နောက် ရှီကျန့်သည် သူ၏လက်ကို မြှောက်ကာ အနောက်တိုင်းသား အလောင်းဆီသို့ လျှပ်စီးတစ်ချက် ပစ်လွှတ်လိုက်၏။ ကြက်ခြေခတ်ပုံစံမှာ ချက်ချင်းပင် မီးလောင်ပြာကျသွားခဲ့သော်လည်း အံ့ဩစရာကောင်းသည်မှာ အလောင်းမှာ ပျက်စီးမသွားဘဲ ထူးဆန်းသောအော်သံနှင့်အတူ ပျံတက်လာခြင်းပင်။

“ဟင်...။”

ရှီကျန့် အံ့အားသင့်သွားခဲ့သည်။ သူ၏ တရားမျှတသော လျှပ်စီးမန္တန်က ၎င်းကိုဘာကြောင့် မဖျက်ဆီးနိုင်ရသနည်း။ ထို့အပြင် ပျံသန်းနိုင်သည့် ဇွန်ဘီ။ သူ တစ်ခါမှ မမြင်ဖူးပေ။

“ထင်တဲ့အတိုင်းပဲ...အနောက်တိုင်း ဇွန်ဘီတွေက ကြက်သွန်ဖြူနဲ့ ရေစင်ကိုပဲ ကြောက်တာ။ သူတို့ရဲ့ စနစ်က လုံးဝ တခြားစီပဲ။”

တန်ဝမ်ကျဲသည် ချက်ချင်းပင် တံခါးဝသို့ ဆုတ်ခွာလိုက်ပြီး တိုက်ပွဲနယ်မြေကို ရှီကျန့်အတွက်သာ ချန်ထားပေးလိုက်၏။

အနောက်တိုင်း ဇွန်ဘီက ရှီကျန့်ကို ကြည့်ကာ အစွယ်များထုတ်ပြီး အော်ဟစ်လိုက်ပြီးနောက် သွေးကြောင်စွာဖြင့် တန်ဝမ်ကျဲ ရှိရာဘက်သို့ အတင်းပြေးဝင်လာခဲ့လေသည်။

“ထွက်ပြေးမလို့လား။”

ထို့နောက် တန်ဝမ်ကျဲက ဇွန်ဘီနောက်က လူကို ညွှန်ပြကာ ပြောလိုက်သည်။

“သူက အမဲသားမစားဘူးနော်။”

အနောက်တိုင်း ဇွန်ဘီ:

ရှီကျန့်သည်မူ တည်တည်ငြိမ်ငြိမ်ဖြင့် ခုနစ်စင်ကြယ်ခြေလှမ်းကို လှမ်းလိုက်ပြီး လက်သီးနှစ်ဖက်ဖြင့် ၎င်းကို ထိုးနှက်လိုက်၏။ မြေအောက်ခန်း တစ်ခုလုံး လျှပ်စီးများဖြင့် ပြည့်နှက်သွားခဲ့ပြီး လျှပ်စီးပညာရပ်များမှာ ရေလျှံသကဲ့သို့ ပေါက်ကွဲထွက်လာခဲ့တောြလေသည်။

လျှပ်စီးများ ငြိမ်ကျသွား၏။

နေရာတွင် မီးကျွမ်းနေသော အလောင်းတစ်ခုသာ ကျန်ရစ်တော့လေသည်။

တန်ဝမ်ကျဲမှာ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ သူ လှည့်ကွက်တွေ မသုံးခဲ့မိခြင်းက အမှန်တကယ် ကံကောင်းသည်ဟု တွေးလိုက်မိသည်။ ရှီကျန့်၏ မိုးကြိုးလက်သီးမှာ နတ်ဘုရားနှင့် ဗုဒ္ဓများကိုပင် သတ်ပစ်နိုင်စွမ်း ရှိပေသည်။ ပညာရပ်စနစ်ချင်း မတူသော်လည်း တစ်ဖက်သတ် အနိုင်ယူနိုင်သော စွမ်းအားမျိုးပင်။

ရှီကျန့်ကို သွားပြီး ပြဿနာရှာခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အတူတူပင် ဖြစ်ရာ ၎င်းမှာ သူဌေးကြီးတန်၏ သတိကြီးသော လုပ်ရပ်နှင့် မကိုက်ညီပေ။ သူ့ကို သိသူတိုင်းက သူသည် စိတ်ထားကောင်းသူ တစ်ယောက်ဖြစ်ကြောင်း သိကြပေလိမ့်မည်။

“ဒီအနောက်တိုင်း ဇွန်ဘီက တကယ်ကို နည်းနည်း ပြဿနာရှိတယ်။ အကယ်၍သာ သူလွတ်သွားခဲ့ရင် လူတွေ အများကြီး ဒုက္ခရောက်ကုန်လိမ့်မယ်။”

ရှီကျန့်က တည်ငြိမ်စွာ ပြောလိုက်၏။ ထို့နောက် သူက မေးလိုက်သည်။

“ဂျူနီယာဦးလေး ‘သူက အမဲသားမစားဘူး’ ဆိုတာ ဘာကို ဆိုလိုတာလဲ။”

“ဦးလေးက ကျင့်ကြံသူ တစ်ယောက်ပဲလေ။ အမဲသားမစားတာက ပုံမှန်ပဲ မဟုတ်ဘူးလား။”

“အင်း ဟုတ်သားပဲ။”

ရှီကျန့်က ခေါင်းငြိမ့်သော်လည်း တစ်ခုခုတော့ လွဲနေသလို ခံစားနေရဆဲပင်...။

ထိုအချိန်တွင်၊ ထိုနေ့နံနက်ပိုင်း၌ ရှီရှောင်ကျန့်သည် သူဌေးသားများနှင့် ပြန်လည် ဆုံတွေ့ခဲ့ပြန်သည်။ သူ့တွင် ငွေဒင်္ဂါး ၄၀၊ ၅၀ ခန့်သာ ကျန်တော့သော်လည်း ယနေ့ည ပြန်လာလျှင် နောက်ထပ် ၁၀၀ ရမည်ဟု တွေးကာ စိတ်အေးလက်အေး ရှိနေခဲ့လေသည်။

ထိုသူဌေးသားများသည်လည်း သတင်းစုံစမ်းရာ၌ အလွန်ကျွမ်းကျင်ကြလှ၏။ ရှီရှောင်ကျန့်မှာ တန်အိမ်တော်မှ လာကြောင်းနှင့် အရက်အနည်းငယ် သောက်ပြီးနောက် ရှီရှောင်ကျန့်၏ အဖေမှာ တန်ဝမ်ကျဲ၏ ဝါစဉ်တူတူ အစ်ကိုကြီးဖြစ်ကြောင်း သူတို့ သိသွားကြတော့လေသည်။ သူတို့သည် ဝါစဉ်များကို ဂရုမစိုက်သော်လည်း တန်ဝမ်ကျဲက ရှီရှောင်ကျန့်၏ အဖေကို အလွန်အမင်း ရိုသေပြီး ပိုက်ဆံအမြောက်အမြား ပေးကြောင်းကိုတော့ သူတို့ သိထားကြပေသည်။

သူတို့သည် တန်ဝမ်ကျဲဆီက ပိုက်ဆံညှစ်ယူချင်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း အဆင့်အတန်း ကွာခြားလွန်းခြင်းနှင့် တန်ဝမ်ကျဲမှာ အကျင့်ဆိုး မရှိခြင်းတို့ကြောင့် ဆက်သွယ်၍ မရခဲ့ပေ။ ယခု ရှီရှောင်ကျန့်နှင့် အချိတ်အဆက် ရသွားပြီဖြစ်ရာ သူတို့ အကြံရသွားကြတော့သည်။

ထိုညတွင်... ထုံထုံအအ ဖြစ်နေသော ရှီရှောင်ကျန့် အိမ်ပြန်ရောက်လာပြီးနောက် သူ့အိတ်ကို စမ်းကြည့်ရာ ပိုက်ဆံများ ကုန်နေပြီး ၎င်းအစား အကြွေးစာချုပ် တစ်စောင်သာ ကျန်ရှိတော့လေသည်။

သို့သော် သူ ဂရုမစိုက်ပေ။ သူ၏အဖေက သူ့ကို အချစ်ဆုံးဖြစ်သည်။ စည်းစိမ်ဆိုတာ ပြင်ပပစ္စည်းသာဖြစ်ပြီး ထိုသူဌေးသားများ ပြောသလိုပင် သူနှင့် သူဌေးကြီးတန်မှာ မိသားစုဝင်တွေလို ဖြစ်နေကြပြီဖြစ်သည်။

အဲ့လူက သူ့အဖေကို ဒီလောက်ရိုသေနေတာပဲ၊ ပိုက်ဆံနည်းနည်းလောက် ပိုသုံးမိတာ ဘာဖြစ်မှာမို့လို့လဲ။

“အဖေ...ကျုပ် ဒီနေ့ ပိုက်ဆံတွေ အများကြီး သုံးမိသွားတယ်။”

သူက အိမ်ပြန်ရောက်လျှင် အလိမ္မာလေးဖြင့် အမှားဝန်ခံကာ အကြွေးစာချုပ်ကို ကမ်းပေးလိုက်၏။

ငွေဒင်္ဂါး ၁၀၀ တန် အကြွေးစာချုပ်။

ရှီကျန့် မျက်မှောင်ကျုံ့လိုက်သည်။

“ဂျူနီယာဦးလေးက ဒီနေ့အတွက် ငွေတွေ ရှင်းပေးပြီးပြီ။ မနက်ဖြန်ကျရင် အဲဒီပိုက်ဆံကို ယူပြီး အကြွေးသွားဆပ်လိုက်။ အကြွေးမဆပ်ဘဲ နေရင် ငါတို့ သိက္ခာကျလိမ့်မယ်။”

“ဟုတ်ကဲ့ အဖေ။”

ရှီရှောင်ကျန့်က ပြုံးကာ ပြန်ဖြေလိုက်၏။ သူသည် ဖခင်ဖြစ်သူ၏ စရိုက်ကို ကောင်းကောင်းကြီး သိထားပြီး ဖြစ်သည်။

ထို့နောက် သူက မေးလိုက်သည်။

“အဖေ သူဌေးကြီးတန်က ခိုင်းစရာ ရှိသေးတယ်တဲ့လား။”

“မရှိတော့ဘူး။”

ရှီကျန့်က ခေါင်းခါပြလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့မှာ ခရီးစရိတ် ကုန်သွားပြီလေ။ ယူနန်ကို သွားဖို့ လွယ်မှာ မဟုတ်တော့ဘူး။”

ရှီရှောင်ကျန့်ကလည်း ပြန်သွားဖို့ ဝန်လေးနေ၏။ ယခင်က သူ မိန်းကလေးများနှင့် အိပ်ချင်ခဲ့သော်လည်း ပိုက်ဆံမရှိသည့်အခါ “ဝိညာဉ်ထုတ်လွှတ်ခြင်း” ပညာကိုသာ အသုံးပြုပြီး သူတို့အခန်းထဲသို့ ခိုးဝင်ခဲ့ရသည်။

သို့သော် ထိုမိန်းကလေးများက အိပ်မက်ဆိုးမက်သကဲ့ အော်ဟစ်ငိုယိုနေကြသည်မို့ ဘာမှ ပျော်စရာမရှိခဲ့ချေ။ ယခု သူဌေးသားများနှင့် ပေါင်းလိုက်မှသာ တကယ့်အပျော်အပါးဆိုတာ ဘာလဲဆိုသည်ကို သူ သိလာရခြင်းဖြစ်သည်။ သူတို့သည် မနက်ဖြန်ကျရင် “အဆုံးစွန်သော ချမ်းသာသုခ” ကို ခံစားရအောင် ခေါ်သွားမည်ဟု သူ့ကို ပြောထားကြပေသည်။

သူ မနက်ဖြန်အထိတော့ နေချင်သေး၏။

“တခြားသူတွေက လာတောင်းဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ မော်ရှန်းစီနီယာအစ်ကိုကြီး ဖြစ်တဲ့ ငါက သူများဆီမှာ အလုပ်သွားတောင်းရမှာလား။”

ရှီကျန့်က တစ်ခွန်းတည်းနှင့် ငြင်းလိုက်သည်။ သူသည် သူ၏ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားသူပင်။

ရှီရှောင်ကျန့်မှာလည်း ဖခင်ဖြစ်သူမှာ ဂုဏ်သိက္ခာကို အသက်ထက်တန်ဖိုးထားမှန်း သိပေသည်။ သူ၏အဖေသည် သူ့ကို ချစ်သော်လည်း သိက္ခာကျအောင် လုပ်လျှင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည် ဖြစ်ပြီး တစ်ခါတစ်ရံ ခြေထောက်ပင် အကျိုးခံရနိုင်ပေသည်။

ဤသည်ကို တွေးမိတော့ သူ ဘာမှ ထပ်မပြောရဲတော့ပေ။

“အဖေ...ကျုပ်တို့ ခရီးစရိတ် ရှာဖို့ လိုသေးတယ်လေ။ ရက်အနည်းငယ်လောက် ထပ်နေရင်ရော။ တန်မိသားစုရဲ့ ဆိုင်အချို့ ပြုပြင်နေတယ်လို့ ကြားတယ်။ သူဌေးကြီးတန်က အဖေ့ကို ရိုသေတော့ အဲဒီအခါကျရင် ဖုန်းရွှေကြည့်ဖို့ လာတောင်းဆိုမှာ သေချာပါတယ်။”

သူက ပြောလိုက်၏။ သူ့ကို ရိုသေသည်ဟူသော စကားကြောင့် ရှီကျန့်က ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။ ဤသည်မှာလည်း သူ တန်ဝမ်ကျဲကို သဘောကျရသည့် အကြောင်းရင်းတစ်ခုပင်။ ထိုလူမှာ ငွေနံ့များ နံစော်နေသော်လည်း စကားပြောရာ၌ အလွန်ချိုသာပြီး သူပေးသည့် ဈေးနှုန်းမှာလည်း အလွန် စစ်မှန်သောကြောင့်ပင်။

“ဒါဆိုရင်လည်း နောက်ထပ် နှစ်ရက်လောက် ထပ်နေကြတာပေါ့။”

“ဟုတ်ကဲ့။”

ရှီရှောင်ကျန့် အလွန် ဝမ်းသာသွား၏။ နောက်ထပ် တစ်ရက် ထပ်နေရမည်ဆိုလျှင် လူချမ်းသာများ၏ အဆုံးစွန်သော ချမ်းသာသုခဆိုတာ ဘာလဲဆိုသည်ကို သူ သွားကြည့်နိုင်ပြီ မဟုတ်ပါလား။

All Chapters