အငြိုးအတေးဝိညာဉ်တစ်ကောင် အစိမ်းရောင်အဦးထုပ် အဆောင်းခံရရင် ပိုပြီးတော့ ရက်စက်လာမှာလား။
Vol. 7 Ch. 69
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားအနည်းဆုံးဖြစ်သော တန်ဝမ်ကျဲနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြမ်းခံဆုံးဖြစ်သော ဘရိုက်တို့ ပူးပေါင်းပြီး ဝိုင်းရံပိတ်ဆို့မှုကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့သည်။
တန်ဝမ်ကျဲသည် သူကိုယ်တိုင် ဓားနှင့်အထိုးခံရလျှင် ဘာဖြစ်မည်နည်းဟု သိချင်မိသော်လည်း သူ၏ရင်ခွင်ထဲရှိ ဘရိုက်မှာမု သွေးများတဖွားဖွားထွက်နေသော်လည်း မည်သို့မျှ မသေနိုင်သည်ကို မြင်သောအခါ လူတစ်ဦးစီတွင် ရုပ်ခန္ဓာမတူညီကြကြောင်း သူနားလည်လိုက်လေသည်။ ဘရိုက် မသေနိုင်ခြင်းမှာ သူလည်း မသေနိုင်ဟု မဆိုလိုပေ။
ထူးဆန်းသည်မှာ ဓားချက်များ လာသည့်အခါတိုင်း ဘရိုက်သည် သူ၏လက်ထဲတွင် ဟိုဘက်ဒီဘက် လှးည်ထွက်သွားပြီး လမ်းကြောင်းကို အမြဲတမ်း ပိတ်ဆို့ပေးနေခြင်းပင်။ သူသည် ဒိုင်းတစ်ခုထက်ပင် ပို၍ အသုံးဝင်နေခဲ့လေသည်။
ဘရိုက်: “ခင်ဗျား... ကျုပ်ကို ဓားစာခံလို သုံးနေတာလား။”
“ကျုပ် ခင်ဗျားကို ဆေးရုံပို့ပေးမလို့ပါဗျာ။”
တန်ဝမ်ကျဲသည် ဘရိုက်ကို ပို၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။ ဤမျှ အသုံးဝင်သော လူသားဒိုင်းမှာ ဤကမ္ဘာတွင် အနုနယ်ဆုံးဖြစ်သော သူ့အတွက် အသင့်တော်ဆုံးပင်။
သူသည် ရှေ့သို့ အနည်းငယ် ပြေးထွက်လိုက်ပြီး ကွင်းပြင်တစ်ခုသို့ ရောက်လာသောအခါ ရုတ်တရက် ရပ်လိုက်၏။
နောက်မှ လိုက်လာသော လီဇနီးမောင်နှံသည်လည်း ရပ်တန့်သွားခဲ့သည်။ သူတို့သည် ဓားများဖြင့် ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် တန်ဝမ်ကျဲသည် သူ၏လက်ထဲမှ ဘရိုက်အား ဝှေ့ယမ်းလိုက်သည်ကို တွေ့လိုက်ရလေသည်။ သူသည် မော်ရှန်းကျန်းမာရေးလက်သီးသိုင်းကို လေ့ကျင့်ထားသည်မှာ မကြာသေးသော်လည်း သူ၏ကြိုးစားအားထုတ်မှုကြောင့် အဆင့် ၃ ရောက်လာနီးပါးနေပြီဖြစ်သည်။ လက်သီးချင်းယှဉ်တိုက်ရာတွင် ကျွမ်းကျင်သော မော်ရှန်းတပည့်များထဲတွင်ပင် သူသည် အလယ်အလတ်အဆင့်ဟု ဆိုနိုင်ပေသည်။
သူသည် ဘရိုက်ကို လက်နက်တစ်ခုကဲ့သို့ ဝှေ့ယမ်းခြင်းဖြင့် မစ္စတာလီကို နောက်သို့ ဆုတ်သွားစေခဲ့၏။ တစ်ချိန်တည်းမှာပင် တန်ဝမ်ကျဲသည် ၎င်းကို အခွင့်ကောင်းယူကာ မစ္စလီကို ကန်ထုတ်လိုက်လေသည်။ ကျဉ်းမြောင်းသော နေရာလေးထဲမှ လွတ်မြောက်သွားပြီး တစ်ချက်တည်းနှင့် မသေနိုင်သည့် ဒိုင်းတစ်ခု ရှိနေသရွေ့ တန်ဝမ်ကျဲ၏ ကိုယ်ခံပညာဖြင့် ဤဇနီးမောင်နှံကို ဖိအားမရှိ ကိုင်တွယ်နိုင်ပေသည်။
ဤဆူညံသံများကြောင့် တိုက်၏ လုံခြုံရေးဝန်ထမ်းများလည်း ရောက်ရှိလာခဲ့ကြလေသည်။
လူများမှာ ပထမထပ်ဆီသို့ တဖြည်းဖြည်း လျှောက်လာခဲ့ကြသည်။
“မလှုပ်နဲ့။”
အနောက်မှ ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် တန်ဝမ်ကျဲသည် စဉ်းစားမနေတော့ဘဲ ဘရိုက်ကို ဆွဲလှည့်ကာ သူ့ရှေ့တွင် အကာအကွယ်အဖြစ် ကာထားလိုက်တော့၏။
ဒိုင်း
ဘရိုက်: “အား!”
“ဟေ့... ဓားစာခံကို လွှတ်လိုက်စမ်း။ အားကျဲ... မစိုးရိမ်နဲ့။ ငါ မင်းကို ကယ်မယ်။”
လီယွန်သည် သူ၏ပစ္စတိုကို ကိုင်ထားပြီး တရားမျှတစွာ ပြောလိုက်သည်။
အမှန်တကယ်တွင် ကြမ်းပြင်ပေါ်တွင် လဲနေသော လီဇနီးမောင်နှံမှာသာ တစ်ဦးကိုတစ်ဦး နားမလည်စွာ ကြည့်လိုက်ကြလေသည်။
ဘရိုက်: “ကျေးဇူးပြုပြီး...ကျုပ်က ဓားစာခံ အလုပ်ခံထားရတာပါဗျာ။”
လီယွန်: “ဟုတ်လား။ ဆောရီးပါ။”
သူသည် သူ၏ပစ်မှတ်ကို ပြောင်းလိုက်ပြီး သေနတ်ကို မစ္စတာလီဘက်သို့ ချိန်လိုက်၏။
မစ္စတာလီက အံကြိတ်လိုက်လေသည်။
“ဒီနေ့ ငါ မင်းတို့ကို မသတ်နိုင်ပေမဲ့ ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ခုနစ်ရက်မြောက်ညမှာ အငြိုးကြီး ဝိညာဉ်အဖြစ် ပြန်လာပြီး မင်းတို့အသက်ကို ယူမယ်ကွ။”
သူ၏အမေ ကလဲ့စားချေရန် ပြန်လာသည့် ဖြစ်ရပ်ကြောင့် မစ္စတာလီသည် သေဆုံးပြီးနောက် အငြိုးကြီးဝိညာဉ် ဖြစ်နိုင်သည်ဟု လုံးဝယုံကြည်နေခဲ့သည်။ ထိုစဉ်....
ဒိုင်း
လီယွန်၏လက်သည် ထပ်မံတုန်ခါသွားပြီး သေနတ်သံမှာ ထပ်မံထွက်လာခဲ့ပြန်သည်။
ဘရိုက်: “အား!!”
ရုတ်တရက် သေနတ်ဒဏ်ရာကို ကာကွယ်ရန် ပစ်ထုတ်ခံလိုက်ရသော ဘရိုက်သည် သူ၏ရင်ဘတ်ရှိ ကျည်ဆန်ဒဏ်ရာကို ကြည့်ကာ တန်ဝမ်ကျဲကို ဝမ်းနည်းကြေကွဲစွာဖြင့် ပြန်ကြည့်လိုက်လေသည်။
ထိုကျည်ဆန်မှာ မစ္စတာလီကို ချိန်ထားခြင်း ဖြစ်သည်မှာ ရှင်းနေပါလျက် အဘယ်ကြောင့် သူ့ကို အကာအကွယ်အဖြစ် ပစ်ထုတ်ခံရသနည်း။
တန်ဝမ်ကျဲမှာမူ ရှေ့သို့ ခုန်ထွက်သွားပြီဖြစ်သည်။ သူသည် မြေပြင်ကို ဘယ်လက်ဖြင့် ထောက်ကာ လျှောတိုက်သွားပြီး မစ္စလီ လွှတ်ချလိုက်သော ဓားကို ကောက်ယူလိုက်၏။ ထို့နောက် လက်ကောက်ဝတ်ကို လှည့်ကာ ပစ်လိုက်ရာ ဓားသည် မစ္စတာလီ၏ ဝမ်းဗိုက်ကို တည့်တည့်ထိမှန်သွားတော့သည်။
“မင်း...”
မစ္စတာလီ၏ မျက်လုံးများ ပြူးထွက်သွားပြီး ဒဏ်ရာကို ဖိကာ လဲကျသွားတော့လေသည်။
“ကောင်းပြီ...အချိန်မီလေးပဲ။”
တန်ဝမ်ကျဲ သက်ပြင်းချလိုက်၏။ လီယွန်သာ မစ္စတာလီကို သတ်လိုက်လျှင် ထိုလူ သေချာပေါက် သေလိမ့်မည်ဖြစ်သော်လည်း အခြားသူတစ်ဦးက သတ်လျှင်မူ ကယ်တင်၍ ရနိုင်သေးကြောင်း သူသိသည်။ လီယွန်၏ စွမ်းရည်များကို သူ အတော်လေး ယုံကြည်ထားခဲ့သည်။
ထိုလူ၏ ပါးစပ်မှာ အလွန်ပင် နိမိတ်ဖတ်နိုင်လှပေသည်။
သူ လီယွန်ကို လှည့်ကြည့်လိုက်သောအခါ လီယွန်က...
“ပြီးသွားပြီ။ ငါတို့လို သရဲဖမ်းဆရာတွေ သတ်တဲ့သူကို ဘယ်လိုမှ ကယ်လို့မရတော့ဘူး။”
တန်ဝမ်ကျဲ: “ငလူး... မင်းက နိယာမတွေကို ပြောင်းပြန်လှန်နေတာလားကွ။”
လီယွန်: “အမှန်အတိုင်းပြောရရင် မနေ့ညက ပြန်သွားပြီးနောက် မင်းရဲ့ မော်ရှန်းသရဲဖမ်းနည်းတွေကို ငါ စဉ်းစားကြည့်ခဲ့တယ်။ အဲဒီထဲမှာ သိပ္ပံနည်းကျ အချက်အလက်တွေ အများကြီး ရှိနေတာကို ငါတွေ့ခဲ့ရတယ်။ ဒါက သာမန် အယူသီးမှုတင် မဟုတ်ဘူး။ ငါတို့လို ထူးခြားတဲ့ စွမ်းရည်ရှိသူတွေ သတ်တဲ့သူဆိုရင် ကယ်လို့မရနိုင်တော့ဘူး။”
တန်ဝမ်ကျဲ: “တောက်... သွားပြီကွာ။”
ထိုစဉ် မစ္စလီက မတ်တပ်ထရပ်လာခဲ့သည်။
“နင် ငါ့ယောက်ျားကို သတ်လိုက်တယ်ပေါ့။ အား... ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အငြိုးကြီး ဝိညာဉ်အဖြစ် ပြန်လာပြီး ကလဲ့စားချေမယ်။”
တန်ဝမ်ကျဲသည် ထရပ်ကာ ဘရိုက်ဆီသို့ လျှောက်သွားပြီး သူ့ကို တွဲထူလိုက်ရင်း ပြောလိုက်သည်။
“သေစရာ မလိုပါဘူး။ မင်းက ဒီလောက်လှတာ။ ငယ်ရွယ်ချောမောပြီး ပိုက်ဆံရှိတဲ့သူတစ်ယောက်ကို ရှာဖို့ဆိုတာ လွယ်လွယ်လေးပဲ။ မင်းယောက်ျား သေသွားတဲ့အတွက် ငါ မင်းကို ဂုဏ်တောင် မပြုရသေးဘူး။”
လီယွန်ကလည်း ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်။ ဒါဆို မင်းပဲ သူ့ကို ယူလိုက်ပါလား။”
တန်ဝမ်ကျဲ: “ရတာပေါ့၊ ငါက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် စတေးဖို့ အသင့်ပါပဲ။”
ဘရိုက်: “တစ်ယောက်ယောက် ကျုပ်ကို ဆေးရုံ ပို့ပေးလို့ ရမလား။”
ကံမကောင်းစွာဖြင့် မည်သူမျှ သူ၏စကားကို ဂရုမစိုက်ကြပေ။
လီယွန်: “မင်းက စကားကြီးစကားကျယ် ပြောနေတာပဲ၊ ရရင်လည်း လုပ်ကြည့်လေ။”
တန်ဝမ်ကျဲ: “ငါ မလုပ်ရဲဘူးလို့ မင်း ထင်နေတာလား။”
လီယွန်: “မင်း မလုပ်ရဲဘူးလို့ ငါ လောင်းကြေးထပ်တယ်။”
ဘရိုက်: “ကျုပ်ပဲ သူ့ကို ယူလိုက်ရင်ကော။”
“လစ်စမ်း။ ဒီလို ပစ္စည်းကောင်းက မင်းဆီ ဘယ်လိုလုပ်ပြီး ရောက်လာမှာလဲကွ။”
တန်ဝမ်ကျဲနှင့် လီယွန်တို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
မစ္စလီ: “နင်တို့ ငါ့ကို စော်ကားနေတာပဲ။ ငါ အခုချက်ချင်း သတ်သေပစ်မယ်။”
လီယွန်သည် သေနတ်ကို ချက်ချင်းမြှောက်လိုက်၏။ တန်ဝမ်ကျဲက လျင်မြန်စွာဖြင့် ဘရိုက်ကို ပစ်ထုတ်ကာ မစ္စလီအတွက် ကျည်ဆန်ကို ကာကွယ်ပေးလိုက်သည်။
ဘရိုက်မှာ နောက်ထပ် ကျည်ဆန်တစ်ချက် ထပ်မှန်သွားပြီး မြေပြင်ပေါ်တွင် လိမ့်ထွက်သွားတော့လေသည်။
“အား! မင်းတို့...”
တန်ဝမ်ကျဲ: “သူ့မှာ လက်နက်လည်း မရှိဘူး။ နောက်ပြီး ငါတို့က အမိုးပေါ်မှာလည်း မဟုတ်ဘူး။ သူ သတ်သေတာကို တားဖို့ သေနတ်ပစ်စရာ မလိုပါဘူး။”
“အဲဒါလည်း ဟုတ်တာပဲ။”
လီယွန် ခေါင်းညိတ်ကာ သေနတ်ကို ပြန်သိမ်းလိုက်သည်။
သို့သော် မစ္စလီမှာ လက်တွေ့သမား ဖြစ်၏။ သူမသည် မျက်စိမမှိတ်သေးသော မစ္စတာလီအနားသို့ ပြေးသွားပြီး ဓားကိုဆွဲကာ သူမ၏ လည်ပင်းကို ထိုးရန် ကြံလိုက်လေသည်။ ထိုစဉ် လီယွန်သည် “ဓားလက်ချောင်း” ပုံစံလုပ်ကာ သူမဘက်သို့ ဝှေ့ယမ်းလိုက်လေသည်။
မစ္စလီ၏ လက်ထဲရှိ ဓားမှာ မမြင်ရသော စွမ်းအားတစ်ခုဖြင့် လွင့်ထွက်သွားတော့၏။
တန်ဝမ်ကျဲ၏ မျက်လုံးများ ပြူးထွက်သွားခဲ့သည်။ သူ မမှားဘူးဆိုလျှင် လီယွန်သည် စောစောက “ဓားလက်ချောင်း” အစီအရင်ကို သုံးလိုက်ခြင်းဖြစ်သည်။ ထိုအစီအရင်မှာ ဆရာကြီးချန်ပြင်ဆင်ထားသော အစီအရင်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် သူတစ်ယောက်တည်းသာ သိသည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
သူ လီယွန်ကို ကြည့်လိုက်သည်။
“မင်း ဒါကို ဘယ်လိုသိတာလဲ။”
လီယွန်: “မင်းဆီက သင်ထားတာလေ။ အစီအရင်တွေက တကယ်ရှိတာပဲ။ ငါ လေ့ကျင့်ကြည့်တော့မှ တွေ့ခဲ့ရတာ...”
“အား ငါ သေချင်တယ်။”
မစ္စလီမှာ သူမ သတ်သေရန် ကြိုးစားခြင်းကို မည်သူမျှ ဂရုမစိုက်သဖြင့် စိတ်ပျက်နေ၏။
“တစ်ယောက်လောက် ကျွန်တော့်ကို ဆေးရုံ ပို့ပေးကြပါဦး...။”
ဘရိုက်က ဘေးမှ တိုးတိုးလေး ပြောလိုက်သည်။
တန်ဝမ်ကျဲသည် လျှာကိုကိုက်ပြီး သတ်သေရန် ကြိုးစားနေသော မစ္စလီကို ကြည့်ကာ သူ၏ ထုံးစံအတိုင်း ပြောလိုက်တော့လေ၏။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါ မင်းကို ပိုက်ဆံပေးမယ်၊ ဟုတ်ပြီလား။”
ပိုက်ဆံပေးမည်ဆိုသော စကားမှာ အမြဲတမ်း ထိရောက်လှပေသည်။
ထိုစကားကို ကြားသည်နှင့် မစ္စလီ၏ မျက်နှာပေါ်မှ အမုန်းတရားများ ပျောက်ကွယ်သွားတော့သည်။
“ဘယ်လောက်လဲ။”
“ငါးသန်း လေးသိန်း ခုနစ်သောင်း ငါးထောင်။ ဒါပေမဲ့ ငါ့ဆီမှာ အခု အကုန်မရှိသေးဘူး။ အရစ်ကျပေးရင်ရော လက်ခံလား။”
“ငါးသန်းကျော်လား။ ရတယ်။”
မစ္စလီ ပြုံးလိုက်၏။ ငယ်ရွယ်ချောမောပြီး ပိုက်ဆံရှိတဲ့ သူဌေးလေးလား။ ဒီမှာ တစ်ယောက်ရှိနေတာပဲ မဟုတ်ဘူးလား။ ဘေးမှာ လဲနေတဲ့ မစ္စတာလီလား။ အချစ်ဆိုတာ ဒီရေလိုပဲလေ။ အခုတော့ ဒီရေ ကျသွားပြီ။
အနည်းဆုံးတော့ တစ်ယောက်ကို ကယ်တင်နိုင်ခဲ့ချေပြီ။
လီယွန်သည် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း သူ၏ ဦးထုပ်ပေါ်မှ ခေါင်းကို ကုပ်လိုက်၏။
“သူက အကြောင်းပြချက် မရှိဘဲ အငြိုးအတေးတွေနဲ့ သေသွားတာ။ ပြီးတော့ သေခါနီးမှာ သူ့မိန်းမကို တခြားသူက လုသွားတာကိုလည်း မြင်သွားရသေးတယ်။ ခုနစ်ရက်မြောက်နေ့ ပြန်လာတဲ့အခါ သူက မကြုံစဖူး ရက်စက်တဲ့ ‘အစိမ်းရောင်အဦးထုပ်ဆောင်းခံလိုက်ရတဲ့ အငြိုးကြီးဝိညာဉ်’ ဖြစ်လာလိမ့်မယ်။ ငါတို့ ကြိုတင်မပြင်ဆင်ထားရင် အဲဒီညမှာ သွေးချောင်းစီးလိမ့်မယ်။”
တန်ဝမ်ကျဲ: “မင်းရဲ့ နိယာမတွေကို အသစ်ထပ်မထည့်ပါနဲ့တော့ကွာ။”
လီယွန်၏ “ရွှေပါးစပ်” ကြောင့် မစ္စတာလီမှာ အစွမ်းများ အဆမတန် တိုးလာတော့မည် ဖြစ်သည်။ ဤအတိုင်းဆိုလျှင် ဆရာဘိုးဘေး ဆင်းလာလျှင်ပင် အနိုင်ယူရန် ခက်ခဲသွားပေလိမ့်မည်။
အပြင်ဘက်တွင် ရဲကားဥသြသံများ ကြားနေရပြီဖြစ်သည်။
ဘေးမှ ကြည့်နေသော လုံခြုံရေးဝန်ထမ်းများလည်း ယခုမှ လှုပ်ရှားလာခဲ့ကြ၏။
“လူသတ်သမား ဘယ်မှာလဲ။”
ရဲများ ရောက်လာပြီး မေးလိုက်သည်။
အားလုံးက လက်မြှောက်လိုက်ကြပြီး ဘရိုက်သည်ပင် တန်ဝမ်ကျဲကို ညွှန်ပြလိုက်ကြ၏။
“သူပဲ...။”
တစ်စုံတစ်ယောက်၏ နောက်ကျောမှ ဓားဖြင့်ထိုးခြင်းကို ခံလိုက်ရသလိုပင်။ အထူးသဖြင့် အတူတိုက်ပွဲဝင်ခဲ့သော ဘရိုက်က သူ့ကို ညွှန်ပြလိုက်ခြင်းကြောင့် တန်ဝမ်ကျဲမှာ သူ့ကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်လိုက်မိသည်။
ငါတို့ အတူတူ သေဘေးက လွတ်လာတာကို မင်းက ငါ့ကို ဒီလို သစ္စာဖောက်ရသလားကွ။ နောက်တစ်ခါကျရင် ငါ မင်းကို ဒိုင်းအဖြစ်ပဲ သုံးတော့မယ်။
တန်ဝမ်ကျဲကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ စစ်ဆေးမေးမြန်းပြီးနောက် သူသည် အနားယူရန် သီးသန့် အချုပ်ခန်းလေးတစ်ခုကို ရရှိခဲ့လေသည်။
ထိုစဉ် ရဲအရာရှိတစ်ဦး ဖြတ်သွားသည်ကို တန်ဝမ်ကျဲ မြင်လိုက်ရရာ သူက ပြောလိုက်၏။
“ဆရာ ကျုပ်ကို ကူညီပေးလို့ ရမလား။”
ဆယ်မိနစ်အကြာ၊ ရဲစခန်းအပေါက်ဝ၌...
တန်ဝမ်ကျဲသည် ဆေးလိပ်တစ်လိပ်ကို သောက်ရင်း နှုတ်ဆက်နေသော ရဲအရာရှိကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“သွားပြီနော်။”
...
တိုက်သို့ ပြန်ရောက်လာသောအခါ...။
တန်ဝမ်ကျဲသည် သူ၏အဝတ်အစားများကို ချွတ်ကာ ရေမိုးချိုးပြီး ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်လိုက်လေသည်။
ခုနစ်ရက်မြောက်ည သရဲပြန်လာမည့်ကိစ္စထက် လီယွန် ဓားလက်ချောင်း အစီအရင်ကို သုံးနိုင်သွားခြင်းကို သူ ပို၍ စိုးရိမ်နေခဲ့သည်။ ဒါက လုံးဝ ယုတ္တိမရှိပေ။
“မရဘူး။ ဒီည သူနဲ့ အစီအရင်တွေအကြောင်း သွားဆွေးနွေးရမယ်။”
ဒေါက် ဒေါက်
တံခါးခေါက်သံ ကြားလိုက်ရ၏။
တန်ဝမ်ကျဲ တံခါးဖွင့်လိုက်သောအခါ အံ့သြစရာကောင်းသည်မှာ ပြင်ဆင်ခြယ်သထားသော မစ္စလီ ဖြစ်နေခဲ့လေသည်။
“မစ္စလီ ဘာကိစ္စရှိလို့လဲ။”
“ရှင် အရစ်ကျပေးမယ်ဆိုလို့ ပိုက်ဆံလာတောင်းတာလေ။”
“ကောင်းပြီ၊ အထဲဝင်ပြီး ခဏစောင့်ပေးပါ။”
ထို့နောက် တန်ဝမ်ကျဲသည် အခန်းထဲဝင်သွားကာ ပိုက်ဆံအချို့ကို ထုတ်ယူလိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက် ပိုက်ဆံအကြွေများဖြင့် ပြန်လဲလိုက်၏။ သူဌေးတန်က အကြွေများကို ဂရုမစိုက်ပေ။
“ဒီမှာ ငါးရာ။ ငါ မင်းကို နေ့တိုင်း ငါးရာပေးမယ်။ နှစ်ပေါင်း ၃၀ ပေးရင် ငါးသန်း လေးသိန်း ခုနစ်သောင်း ငါးထောင် ပြည့်လိမ့်မယ်။”
မစ္စလီ၏ မျက်နှာပေါ်မှ အပြုံးများ တောင့်ခဲသွားခဲ့သည်။
“ရှင် လာနောက်နေတာလား။”
သူမသည် တန်ဝမ်ကျဲကို ချောမောပြီး ရက်ရောသူဟု ထင်ထားခဲ့ခြင်းဖြစ်၏။ တန်ဝမ်ကျဲကလည်း သူမကို ယူမည်ဟု လူပုံအလယ်တွင် ပြောထားခဲ့သည် မဟုတ်ပါလား။ အခုတော့ တစ်နေ့ ၅၀၀ ဆိုသည်မှာ မိန်းကလေးတစ်ယောက်ကို ငှားရမ်းခပေးသလို ဖြစ်နေခဲ့လေသည်။
တန်ဝမ်ကျဲ: “ဒါက ဈေးကွက်ပေါက်ဈေးထက် အများကြီး ပိုပါတယ်ဗျာ။”
မစ္စလီ၏ မျက်နှာပေး မကောင်းသည်ကို မြင်သောအခါ တန်ဝမ်ကျဲက ထပ်ပြောလိုက်သည်။
“ဒါဆိုရင် ဒီတိုက်ခန်းကိုပဲ မင်းကို ပေးလိုက်မယ်လေ။”
ပိုင်ဆိုင်မှုများမှာ သူ့နောက်သို့ ပါမည်မဟုတ်သဖြင့် သူသည် အလွန်ရက်ရောပေသည်။ မစ္စလီ၏မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားတော့၏။
“ရှင့်မှာ ရည်းစားရှိလား။”
“လောလောဆယ်တော့ သုံးယောက်ရှိပါတယ်။”
တန်ဝမ်ကျဲ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
သူမက ရယ်မောလိုက်ပြီး တန်ဝမ်ကျဲ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်လေသည်။ သူမ၏အကြည့်မှာ တန်ဝမ်ကျဲ၏ ပေါင်ကြားဆီသို့ ရောက်သွားသောအခါ တန်ဝမ်ကျဲ အလိုအလျောက် ဖုံးကွယ်လိုက်မိသည်။
“မစ္စလီ... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါ။”
ကပ္ပတိန်လု ခံစားချက်ကို သူ အခုမှ နားလည်လိုက်တော့လေသည်။
နှောင့်ယှက်ခံရခြင်းဆိုတာ ဒါမျိုးကိုး။
မစ္စလီသည် ငွေငါးရာယူကာ ပြန်ထွက်သွား၏။ သို့သော် သူမသည် တံခါးဝတွင် ရပ်ကာ ပြုံးလျက် တိုးတိုးလေး ပြောလိုက်သည်။
“ရှင် ကျွန်မကို ယူမယ်ဆိုတာ တကယ်လား။ မဟုတ်ရင်တော့ ကျွန်မ သေပြီးရင် သရဲအဖြစ်နဲ့ ရှင့်ကို လာရှာမှာနော်။”
...
လီယွန်သည် သရဲဖမ်းရန်အတွက် အလွန်တက်ကြွနေဆဲပင်။
သို့သော် လုံခြုံရေးဝန်ထမ်းများမှာ သရဲတစ်ခါမှ မမြင်ဖူးသဖြင့် အရူးတစ်ယောက်၏ သင်တန်းကို မတက်ချင်ကြပေ။
တန်ဝမ်ကျဲသည် အားကွမ်ဆိုသော မိန်းကလေးကိုလည်း အစမှအဆုံးထိ မတွေ့ရသေးပေ။
တန်ဝမ်ကျဲက မေးလိုက်သည်။
“ဒီနေ့ သင်တန်းတက်မှာ ငါတို့နှစ်ယောက်တည်းလား။”
ထိုလုံခြုံရေးဝန်ထမ်းများသည် သိပ်အသုံးမကျသော်လည်း သူတို့၏ ကိုယ်ခံအားမှာမူ မြင့်မားလှပေသည်။ လူများလေ ဒဏ်ရာကို ကာကွယ်ပေးမည့်သူ ပိုများလေပင်။ သူနှင့် လီယွန် နှစ်ယောက်တည်းဆိုလျှင် သူအရင် အသတ်ခံရနိုင်ခြေ များသည်။
ထိုအရာကိုတွေးမိပြီးနောက် တန်ဝမ်ကျဲက ပြောလိုက်၏။
“မရဘူး။ သူတို့ လာကို လာရမယ်။”
“သူတို့ကို ဘယ်လိုခေါ်ရမှာလဲ။”
“ဥပမာ... သရဲနဲ့ တွေ့ခိုင်းလိုက်ရင်ရော။ သူတို့ မြင်ဖူးသွားရင် ယုံသွားမှာပဲ။”
“ဒါက လွယ်ပါတယ်။ ငါ့ဆီမှာ နွားမျက်ရည် ရှိတယ်။ ဒါက ပါးစပ်ဆေးရည် မဟုတ်ဘူးနော်။ မျက်လုံးမှာ သုတ်လိုက်ရင် သရဲကို မြင်ရလိမ့်မယ်။ ပြီးရင်တော့... ဟဲဟဲ။ ဒါပေမဲ့ သူတို့က ငါတို့ကို မယုံရင် ဘာလုပ်မလဲ။”
နာရီဝက်အကြာတွင် ကပ္ပတိန်လု ဦးဆောင်သော လုံခြုံရေးဝန်ထမ်းများ၊ တန်ဝမ်ကျဲနှင့် လီယွန်တို့သည် လုံခြုံရေးရုံးခန်းသို့ ရောက်ရှိလာခဲ့ကြ၏။
“ဟေ့... အရူး မစ္စတာတန်က ငါတို့ကို ယဉ်ယဉ်ကျေးကျေး ဖိတ်ထားလို့သာ လာတာနော်။ ငါက မစ္စတာတန်ပေးတဲ့ ငွေအိတ်ကို လိုချင်လို့ မဟုတ်ဘူး။ သူ့မျက်နှာကို ထောက်လို့သာ လာခဲ့တာ။”
ပိုက်ဆံရမည်ဆိုလျှင် သရဲဖမ်းသင်တန်း တက်ရသည်မှာ သူတို့အတွက် ပြဿနာမရှိပေ။ ခုနစ်ရက်ပဲလေ၊ တိုက်ထဲမှာပဲ အလုပ်လုပ်ရမှာဆိုတော့ အပိုဝင်ငွေရတာပေါ့။
တန်ဝမ်ကျဲ စိတ်အေးသွား၏။ အသားဒိုင်း အများအပြားအပြင် ဘရိုက်လည်း ရှိနေသည်ဖြစ်ရာ ရက်လည်ညကို ဒဏ်ရာမရဘဲ ဖြတ်ကျော်နိုင်ရန် အလားအလာမှာ ကောင်းမွန်နေပြီဖြစ်သည်။
သူ စဉ်းစားနေစဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရပြီး ရုံးခန်းထဲမှာ တိတ်ဆိတ်သွားခဲ့သည်။
တံခါးနှင့် အနီးဆုံးရှိသော လုံခြုံရေးဝန်ထမ်းက တံခါးဖွင့်လိုက်ရာ အံ့သြသွားခဲ့၏။
“မစ္စလီ...။”
မစ္စလီသည် လူသတ်ရန် ကြိုးစားခဲ့ပြီး ထောင်မှ ထွက်ပြေးလာသူဖြစ်သော်လည်း ရဲများက သူမကို မရှိသလိုမျိုး သဘောထားနေကြလေသည်။ တန်ဝမ်ကျဲသည်လည်း လူသတ်ပြီး ရဲစခန်းမှ ထွက်လာသော်လည်း မည်သူမျှ လာမဖမ်းကြပေ။
ဤကမ္ဘာမှ လူအားလုံးမှာ ဤအရာကို သဘာဝကျသည်ဟု ထင်နေကြပုံရသည်။
မစ္စလီသည် ထိုလူများကို တွန်းဖယ်ကာ တန်ဝမ်ကျဲကိုသာ စိုက်ကြည့်လိုက်၏။
“အားကျဲ ဒီည အားလား။”
တန်ဝမ်ကျဲ: “အားပါတယ်၊ ဒါပေမဲ့...”
မစ္စလီ: “ဒီည ရှစ်နာရီခွဲ ဟောင်ကျင်း စားသောက်ဆိုင်မှာ စားပွဲမှာထားတယ်။ ရှင် ရောက်မလာရင်တော့ ရှင့်ကို နှစ်ပိုင်းပိုင်းပစ်မှာနော်။”
တန်ဝမ်ကျဲ: “မင်း ငါ့ကို တကယ် ချစ်တာပဲ။”
မစ္စလီကာ ပြုံးပြကာ ထွက်ခွာသွားခဲ့သည်။ လုံခြုံရေးဝန်ထမ်းများမှာမူ တစ်ဦးကိုတစ်ဦးသာ ကြည့်နေလိုက်ကြ၏။
ထိုစဉ် သံမဏိသတ္တိက ရုတ်တရက် မေးလိုက်သည်။
“အငြိုးကြီးဝိညာဉ်တစ်ကောင် အစိမ်းရောင်အဦးထုပ် အဆောင်းခံရရင် ပိုပြီးတော့ ရက်စက်လာမှာလား။”
တန်ဝမ်ကျဲသည် သံမဏိသတ္တိဆီသို့ ပြေးသွားပြီး ခုန်ကန်လိုက်၏။
“လစ်စမ်း။”
သံမဏိသတ္တိကို ကန်ထုတ်ပြီးနောက် သူသည် လီယွန်ဆီသို့ ပြေးသွားပြီး လီယွန် မဖြေခင်မှာပင် ပါးစပ်ကို ပိတ်လိုက်လေသည်။
“ငါတို့ အစီအရင်တွေအကြောင်း ဆွေးနွေးကြရအောင်။ သရဲဖမ်းသင်တန်းကို မြန်မြန်စရမယ်။ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး။”
တန်ဝမ်ကျဲက လီယွန်ကို မျက်စိမှိတ်ပြလိုက်၏။ လီယွန်ကလည်း သဘောတူသည့်အနေဖြင့် မျက်စိပြန်မှိတ်ပြလိုက်လေသည်။
ထိုအရာကို မြင်တော့မှ တန်ဝမ်ကျဲ လက်လွှတ်ပေးလိုက်သည်။
“ဖူး... ဖူး ငါ တစ်ခုလောက် မေးပါရစေ။ မင်း အိမ်သာတက်ပြီး လက်မဆေးဘူးလား။”
လီယွန်၏ စိတ်ကူးများမှာ အလွန်မြန်ဆန်လှပေသည်။
“ငါက အိမ်သာထဲမှာ ညာလက်ကို သုံးတာကွ။”
တန်ဝမ်ကျဲက ရွံရှာသော မျက်နှာဖြင့် သူ၏ လက်ဖဝါးမှ တံတွေးများကို သုတ်ပစ်လိုက်၏။
“ဒါဆို ဘာလို့ ထူးဆန်းတဲ့ အနံ့ရနေတာလဲ။”
လီယွန်က ရေတစ်ခွက်သောက်ပြီး ပလုတ်ကျင်းလိုက်သည်။
“မင်းက တော်တော်တန်သွားတာပါနော် ဟုတ်ပြီလား။ ဘာလို့ဆို ဒါက တစ်ခါတုန်းက ငါ့ရဲ့ ဘယ်လက်နဲ့ ‘သူငယ်ချင်းထက် ပိုတဲ့’ ပတ်သက်မှု ရှိခဲ့ဖူးနယ်လေ။”
“ငလူးမ...။”
မည်သို့ပင်ဖြစ်စေ သရဲဖမ်းသင်တန်း စတင်ခဲ့ပြီဖြစ်သည်။ တန်ဝမ်ကျဲသည် လီယွန်၏ စွမ်းရည်များကို သင်ယူနိုင်မလားဆိုသည်ကို အလွန်စိတ်ဝင်စားနေမိလေသည်။