← Chapters

မောက်မာလွန်းတယ်

Vol. 28 Ch. 274

မောက်မာလွန်းတယ်

Vol. 28 Ch. 274

ဖူဝမ်နန်းတော်...

မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုလေးစုအနက်မှ တစ်စုအဖြစ်...

ဖူဝမ်နန်းတော်သည် အမှန်တကယ်ကို ဧရာမအင်အားစုကြီးတစ်စုပင်။

ယိုယွင်းပျက်စီးနေသော ရှေးဟောင်းမြို့တော်၏ အစွန်အဖျားတွင် ရွှေရောင်နန်းတော်တစ်ခု ခမ်းနားထည်ဝါစွာ ရပ်တည်နေပေ၏။

ထိုနန်းတော်သည် မျက်စိကျိန်းလောက်အောင် တောက်ပနေခဲ့ကာ ပတ်ဝန်းကျင်နှင့် လုံးလုံးလျားလျား ကိုက်ညီမှုမရှိသည့်အလားပင်။

ဤသည်မှာ နတ်ဆိုးမြို့တော်ရှိ ဖူဝမ်နန်းတော်၏ခြေကုပ်စခန်းပင်။

ဤအင်အားစုသည် သူတို့၏ယာယီစခန်းအဖြစ် မြေတစ်ကွက်ကိုသာ ယာယီသတ်မှတ်ထားသော တခြားဂိုဏ်းများ အင်အားစုများနှင့် မတူညီချေ။

ဤဖူဝမ်နန်းတော်သည် အလွန်လွှမ်းမိုးချုပ်ကိုင်ကာ ဂိုဏ်း၏နန်းတော်ကိုပင် ယူဆောင်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော ခန်းမကြီးထဲတွင် တောင့်တင်းသန်မာသော အဘိုးအိုတစ်ဦးက နဂါးကိုးကောင် အလှဆင်ထားသည့် ရွှေရောင်ပလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။

သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အရှိန်အဝါသည် ချောက်ကမ်းပါးတစ်ခုကဲ့သို့ နက်ရှိုင်းကာ သူ၏ခန္ဓာသည် ကြံ့ခိုင်ပြီး သူ့ထံမှ မြင့်မြတ်သည့်အရှိန်အဝါတစ်ရပ်ကို ထုတ်ဖော်ပြသထားသည်။

ဤလူသည် ဖူဝမ်နန်းတော်၏ လက်ရှိဂိုဏ်းချုပ် ဖူကျုံးပင်။

ဖူကျုံး၏အောက်တွင် အဆင့်မြင့်ဂိုဏ်းဝင်များ စုဝေးနေကြ၏။

သူတို့သည် အစစ်အမှန်နတ်ဆိုးမြို့တော် အမွေအနှစ်၏ အရေးကိစ္စကို ဆွေးနွေးနေကြခြင်းဖြစ်သည်။

သို့သော် အစည်းအဝေးသည် တစ်ဝက်တစ်ပျက်သို့ အရောက်မှာပင်...

နတ်ဘုရားအလင်းတန်းတစ်တန်းက ခန်းမ၏ပြင်ပမှ ပျံ့လွင့်လာပြီး ဖူကျုံး၏ရှေ့သို့ လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ရောက်ရှိလာကာ ပေါက်ကွဲသွားခဲ့သည်။

ထိုအရာသည် ပုံရိပ်ယောင်မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုပုံရိပ်ယောင်မြင်ကွင်းတွင် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့သည် ခုနစ်စင်ကြယ်ဓားဂိုဏ်းကို တိုက်ခိုက်နေပြီး အဆုံးမဲ့ မိုးကြိုးများ ကျဆင်းလာကာ ခုနစ်စင်ကြယ်ဓားဂိုဏ်းတပည့်များ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သည့်မြင်ကွင်းကို ပြသနေခဲ့သည်။

"အဖေ ကျွန်တော့်အတွက် ကလဲ့စားချေပေးရမယ်..."

"ရာသီလေးပါးဂိုဏ်း ဓားတစ်သောင်းဂိုဏ်းက လူတွေအားလုံးနဲ့ အဲ့ဒီသားရဲတွေပါ အောက်ဆင်းလာပြီးတော့ ကျွန်တော်နဲ့အတူ မြှုပ်နှံ့ခံရတာကို ကျွန်တော် လိုချင်တယ်..."

ငရဲမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ အက်ရှရှအော်ဟစ်သံများသည် ဤလောကရှိ ဖူနျန်၏ နောက်ဆုံးစကားများ ဖြစ်လာခဲ့သည်။

ရုတ်တရက် အပြောင်းအလဲများက ခန်းမထဲရှိ လူများအကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပေ၏။

သေချာသည်မှာ ထိုမြင်ကွင်းထဲရှိ အဓိကလူကို သူတို့ ရင်းနှီးကျွမ်းဝင်နေကြခြင်းပင်။

မြောက်ပိုင်းဒေသရှိ ထိပ်သီးတစ်ဝက်အဆင့် အင်အားစုတစ်စု၏ လက်ရှိဂိုဏ်းချုပ် ဖူနျန်....

သူသည် အလွန်အံ့အားသင့်ဖွယ် ပါရမီအရည်အချင်းရှိသော တည်ရှိမှုတစ်ခုပင်။

ထို့ပြင် ဖူနျန်သည် ဂိုဏ်းချုပ်၏မျိုးဆက်ဖြစ်ပုံရပြီး လူများအားလုံး မမျှော်လင့်ထားသောအရာ ဖြစ်သည်။

သူသည် တရားမဝင်သားတစ်ယောက် ဖြစ်ပုံရပေ၏။

ခုနစ်စင်ကြယ်ဓားဂိုဏ်းသည် ရုတ်တရက် ထင်ပေါ်ကျော်ကြားလာပြီး သူတို့နှင့် ဤမျှထိ နီးကပ်လာခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ သူတို့အကြား၌ ဤကဲ့သို့ ဆက်သွယ်မှုမျိုး ရှိနေခဲ့သည်။

ဤသတင်းက လူအများကို အလွန်အမင်း စိတ်လှုပ်ရှားမှု့ ဖြစ်စေနိုင်သည်။

သို့သော် ယခုအချိန်၌ သူသည် နတ်ဆိုးမြို့တော်တွင် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့၏လက်ချက်ဖြင့် သေဆုံးသွားခဲ့လေပြီ။

ခန်းမထဲတွင် ဖူကျုံး၏မျက်လုံးများက နက်ရှိုင်းနေပြီး သူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်အရိပ်အယောင်မျှ မရှိပေ။

သို့သော် သူ၏တင်းကြပ်စွာ ဆုပ်ထားသော လက်သီးများပေါ်ရှိ ထောင်တက်နေသော သွေးကြောများကို ကြည့်ခြင်းအားဖြင့် သူ၏စိတ်နှလုံးသားသည် အပြင်ပန်းကဲ့သို့ တည်ငြိမ်နေခြင်းမရှိကြောင်း မြင်တွေ့နိုင်သည်။

ဖူနျန်သည် တရားမဝင်သား ဖြစ်သည့်တိုင် သူသည် တစ်ချိန်က သူ၏သားအတွက် ဂုဏ်ယူဝင့်ကြွားခဲ့ပြီး ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ သူ၏သားသည် သေဆုံးသွားခဲ့လေပြီ။

သူ၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းများဖြင့် တလက်လက် တောက်ပနေခဲ့သည်။

ထိတ်လန့်ဖွယ် သတ်ဖြတ်လိုခြင်း အရှိန်အဝါများက သူ၏စိတ်အတွင်း၌ လှိုင်းထန်နေပေ၏။

"ဖူနျန်..."

ဤတိုးညင်းသော ရေရွတ်သံတွင် ဖူဝမ်နန်းတော် ဂိုဏ်းချုပ်၏ခံစားချက်များစွာ ပါဝင်နေခဲ့သည်။

အချိန်တခဏအတွင်းတွင် ခန်းမထဲ၌ အေးစက်မှုအရှိန်အဝါတစ်ရပ် သိသိသာသာ မြင့်တက်လာပြီး လူများအားလုံး အကြောင်းပြချက်မရှိဘဲ တုန်ရီသွားခဲ့ကြသည်။

ယခင်က ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သူတို့၏ ဂိုဏ်းချုပ်တို့ကြား ဆက်ဆံရေးအကြောင်းကို သူတို့ သိချင်နေခဲ့ကြသော်လည်း ယခုအချိန်တွင် အခိုင်အမာ အတည်ပြုနိုင်ခဲ့လေပြီ။

ဤအချိန်တွင် ဖူကျုံး၏ သတ်ဖြတ်လိုခြင်း အရှိန်အဝါသည် အမြင့်ဆုံးသို့ ရောက်ရှိနေပေ၏။

ဖူကျုံးက သူ၏စိတ်နှလုံးသားထဲရှိ လှိုင်းထန်နေသော ခံစားချက်များကို ဖိနှိပ်ပြီး အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။

"ရွှေနဲ့ငွေ အစောင့်အရှောက်တွေ ဘယ်မှာလဲ..."

"ဂိုဏ်းချုပ်....ဘာအမိန့်ပေးစရာ ရှိလို့လဲ..."

ရွှေနှင့်ငွေ အစောင့်အရှောက်များက ရှေ့သို့ ထွက်လာပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်ကြသည်။

"ရာသီလေးပါးဂိုဏ်းနဲ့ ဓားတစ်သောင်းဂိုဏ်းတို့ရဲ့ တည်နေရာတွေကို အမြန်ဆုံးစုံစမ်းဖို့ မင်းတို့နှစ်ယောက်ကို ငါ အမိန့်ပေးတယ်..... ငါ့သားနဲ့အတူ သူတို့ကို မြေမြှုပ်ပစ်ချင်တယ်..."

ဖူကျုံးသည် ယခင်က ဖူနျန်နှင့်သူအကြားရှိ ဆက်ဆံရေးကို ဖုံးကွယ်ထားခဲ့သည်။

ဂုဏ်သိက္ခာရှိသော ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ပြင်ပတွင် တရားမဝင်သားတစ်ယောက်ရှိနေခြင်းက လူကြားကောင်းသော ကိစ္စတစ်ရပ် မဟုတ်ချေ။

သို့သော် ယခုချိန်၌ သားဖြစ်သူ သေဆုံးသွားသဖြင့် သူ ထိုကဲ့သို့အရာများကို ဂရုမစိုက်နိုင်တော့ပေ။

ဤအချိန်တွင် သူ လုပ်ချင်သောအရာမှာ ကလဲ့စားချေရန်သာ ဖြစ်ပေ၏။

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."

ရွှေနှင့်ငွေ အစောင့်အရှောက်များ ပြန်လည်ဖြေကြားပြီးသည်နှင့်....

အဝေးမှနေ၍ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"မလိုပါဘူး ငါတို့ ဒီနေရာကို ရောက်နေပြီ..."

လူမရောက်မီ အသံက အရင်ရောက်လာခဲ့သည်။

လူများအားလုံး မော့ကြည့်လိုက်ရာ သူတို့ထံသို့ လျှင်မြန်စွာ ချဉ်းကပ်လာသော ပုံရိပ်နှစ်ခုကို မြင်တွေ့မိသည်။

ဤသည်မှာ တခြားလူမဟုတ်ဘဲ ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့ပင်။

ထိုလူနှစ်ဦးသည် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာခဲ့ပေ၏။

သူတို့ ခြေတစ်လှမ်းလှန်းလျှင် ပေတစ်ရာနီးပါးခန့် ရောက်ရှိသည်။

ခြေလှမ်းနှစ်လှမ်းသုံးလှမ်းအတွင်းမှာပင် သူတို့သည် ခန်းမထဲသို့ ရောက်ရှိလာခဲ့ကြ၏။

ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့သည် ပေါ့ပေါ့ပါးပါး အမူအယာဖြင့် ထိုင်ခုံများကိုရှာပြီး ဝင်ထိုင်လိုက်ကြသည်။

ကျီးဝူချန်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"ငါ ပြောမယ်... မင်းတို့ ဖူဝမ်နန်းတော်က ဘယ်လောက်တောင် အသိပညာ ကင်းမဲ့လိုက်လဲ....ဧည့်သည်တွေ ရောက်လာတာတောင် လက်ဖက်ရည်တစ်ခွက်လေးတောင် ချမပေးဘူး.... ဒါက မင်းတို့

ဖူဝမ်နန်းတော်ရဲ့ ဧည့်ဝတ်ကျေပွန်မှုလား..."

သူတို့၏ ဂရုမစိုက်သော အမူအယာက ဖူဝမ်နန်းတော်မှ လူများကို လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

မဟုတ်သေး....သူတို့သည် ဤမျှထိ အတင့်ရဲနေသလော...

ဤလူများသည် ဂိုဏ်းချုပ်၏မျိုးဆက်ကို သတ်ရုံသာမက သူတို့ကိုယ်သူတို့ ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ကြချေ။

ယခုအချိန်၌ ဤလူများသည် သူတို့၏တံခါးဝတွင်ပင် သူတို့ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ရဲနေကြလေပြီ။

ထိုမျှသာမက သူတို့သည် လက်ဖက်ရည် တည်ခင်းပေးရန်ပင် တောင်းဆိုနေပေ၏။

ဤမြင်ကွင်းသည် အလွန်အမင်း ယုံကြည်နိုင်စရာ မရှိလှပေ။

အလွန်အမင်း ယုံကြည်နိုင်စရာ မရှိလှသဖြင့် ဤသည်က သူတို့အား မဖြစ်နိုင်ဟူသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

"ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ...မင်းတို့က ငါတို့ ဂိုဏ်းချုပ်ရဲ့သားကို သတ်ခဲ့ရုံတင် မကဘူး.... အခု ငါတို့ရဲ့တံခါးဝအထိ လာပြီး ဖူဝမ်နန်းတော်ရဲ့ အာဏာကိုတောင် ရန်စရဲသေးတယ်ပေါ့..."

"ကျီးဝူချန် ပိုင်ဝူရှား... ဘယ်သူက မင်းတို့ကို ဒီလိုသတ္တိမျိုးတွေ ပေးလိုက်တာလဲ..."

ရုတ်ချည်းဆိုသလိုပင် ဖူဝမ်နန်းတော်မှ အကြီးအကဲတစ်ဦး ရှေ့သို့ထွက်လာကာ သူ၏ မျက်လုံးများဖြင့် ထိုလူနှစ်ဦးကို စူးစိုက်၍ကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူတို့နှစ်ဦးသည် ပထမတန်းစား အင်အားစုများ၏ဂိုဏ်းချုပ်များလည်းဖြစ်ပြီး မြောက်ပိုင်းဒေသတွင် ကြီးမားသော ဂုဏ်သတင်းများ ရှိသောကြောင့် သူတို့ကို မှတ်မိနေခြင်းမှာ အံ့အားသင့်စရာ ကိစ္စတစ်ရပ် မဟုတ်ချေ။

လူအများ၏ ဖုံးကွယ်မထားသော သတ်ဖြတ်ချင်သည့် မျက်နှာထားများကို ရင်ဆိုင်ရသော်လည်း ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့သည် ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိခဲ့ကြချေ။

သူတို့၏အဓိကအချက်မှာ အကြောက်အလန့်မရှိရန်ပင်။

ပိုင်ဝူရှားက သူ၏လက်ချောင်းများဖြင့် စားပွဲခုံကို ဖြည်းညှင်းစွာ ခေါက်လိုက်သည်။

ထို့နောက် သူက မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောဆိုလိုက်သည်။

"ငါက မင်းတို့လို သတ္တိကြောင်တဲ့ကောင်မျိုး မဟုတ်ဘူး...ငါ အဘိုးပိုင်က လာချင်တဲ့အချိန်လာပြီး သွားချင်တဲ့အချိန် သွားလို့ရတယ်...မင်းတို့က ငါ့ကို ဘာလုပ်နိုင်မှာလဲ..."

ဤသဘောထားက လူများအားလုံးကို ဒေါသထွက်သွားစေပေ၏။

မောက်မာလွန်းတယ်...ဒါက တကယ့်ကို အရမ်းမောက်မာလွန်းတယ်...

ယေဘုယျအားဖြင့် သူတို့ ဖူဝမ်နန်းတော်ကသာ တခြားလူများကို အနိုင်ကျင့်လေ့ရှိသည်။ တစ်စုံတစ်ယောက်က ရှေ့ထွက်လာပြီး ပြဿနာရှာခြင်းသည် ဖူဝမ်နန်းတော်၏ သမိုင်းတလျှောက်လုံးတွင် အလွန်ရှားပါးပြီး ရုန်းရင်းဆန်ခတ်ဖြစ်စေလောက်သော ကိစ္စတစ်ရပ်ပင်။

သို့သော် ယခုချိန်၌မူ လူတစ်ယောက်တည်း မဟုတ်ဘဲ နှစ်ယောက်ပင် ဖြစ်နေပေ၏။

ကျီးဝူချန်က ပိုင်ဝူရှားသည် သူ၏အခွင့်အရေးကို လုယူသွားသည်ကို မြင်တွေ့ချိန်၌ သူသည် မည်သည်ကြောင့် နောက်ကျကျန်ရစ်နိုင်မည်နည်း။

ဘာကြောင့် သူတို့နှစ်ယောက်က အရင် ရောက်လာခဲ့တာလဲ... အစွမ်းပြဖို့ မဟုတ်ဘူးလား...

အကယ်၍ ယခင်ကသာဆိုလျှင် ဖူဝမ်နန်းတော်သည် သူ ရန်စနိုင်သောအရာ မဟုတ်ပေ။

တစ်ဖက်လူက ခြေတစ်ချက် ဆောင့်ရုံဖြင့် သူ၏စိတ်နှလုံးသားက သုံးကြိမ်တိုင်တိုင် တုန်ရီသွားပေလိမ့်မည်။

ယခု၌မူ သူ့ထံတွင် ဤမျှထိ စွမ်းအားကြီးမားသော နောက်ခံရှိနေပြီဖြစ်ကြောင်းနှင့် ဖူဝမ်နန်းတော်ကို ကြက်သခင်ကြီးက ပစ်မှတ်ထားနေပြီဖြစ်ကြောင်း သူ သိရှိထားသဖြင့် ယခု သူ အစွမ်းမပြလျှင် နောက်ထပ်အခွင့်အရေး ရရှိတော့မည် မဟုတ်ချေ။

သူက ချက်ချင်းပြောဆိုလိုက်သည်။

"ငါ အရမ်းကို စိတ်ပျက်သွားပြီ...အစကတော့ ထိပ်သီးအင်အားစုတစ်စုမှာ တိမ်တွေလို များပြားတဲ့ ထိပ်သီးကျင့်ကြံသူတွေနဲ့ မိုးစက်တွေလို ပေါများတဲ့ ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူတွေ သေချာပေါက် ရှိလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ..."

"ဒါပေမဲ့ အခုတော့..."

သူ စကားပြောဆိုနေစဉ် လူအုပ်ကြီးကို မော့ကြည့်ပြီး အကဲခတ်လိုက်၏။

"မင်းတို့ရဲ့ အကြီးအကဲအဖွဲ့က တစ်ယောက်ချင်းစီတိုင်းက ရှုံတွနေတဲ့ ဖရဲသီး ဒါမှမဟုတ် ပုပ်ပွနေတဲ့ စွန်ပလွံသီးတွေလိုပဲ... ပြီးတော့ သူတို့ရဲ့ စွမ်းအားက ငါ့လောက်တောင် မမြင့်ဘူး သူတို့က စွမ်းဆောင်နိုင်မယ့်ပုံလည်း မပေါ်ဘူး..."

"ထိပ်သီးအင်အားစုဆိုတာ ဒါပဲလား..."

'ဒါပဲလား' ဟူသော စကားစုမှာ သိပ်မထိခိုက်သော်လည်း အလွန်စော်ကားရာ ရောက်ပေသည်။

ဤသည်က ဖူဝမ်နန်းတော်မှ အဖွဲ့ဝင်အားလုံး၏ ဒေါသများကို ချက်ချင်းပေါက်ကွဲသွားစေခဲ့သည်။

ထိုလူနှစ်ဦးအပေါ် သူတို့၏အကြည့်များက မီးတောက်များကို မှုတ်ထုတ်တော့မည့်အလားပင်။

သို့သော်လည်း ထိုလူနှစ်ဦးသည် လုံးလုံးလျားလျား ဂရုမစိုက်ခဲ့ချေ။

ပိုင်ဝူရှားက စားပွဲခုံပေါ်သို့ပင် တိုက်ရိုက်ခုန်တက်သွားခဲ့သည်။

ထို့နောက် သူသည် ဖူဝမ်နန်းတော်၏ဂိုဏ်းချုပ်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲလိုက်၏။

"မင်းက ဖူဝမ်နန်းတော်ရဲ့ဖူကျုံး မဟုတ်လား...မင်းကိုကြည့်ရတာ အတော်လေး ကြည့်ကောင်းသားပဲ..."

"ဒါပေမဲ့ မင်းမွေးထားတဲ့ သားက သိပ်ပြီးအသုံးမကျဘူး..."

"အဲ့ဒီ ဖူနျန်က ငါ့ရဲ့သခင်ကို စော်ကားရဲတယ်..."

"အခု သူက သူ့ရဲ့အပြူအမူတွေကို ပြန်ပြီးသင်ကြားဖို့ ငရဲကို ရောက်သွားပြီ..."

"ဆိုရိုးစကား ရှိတယ် 'ကလေးတစ်ယောက်ကို မဆုံးမရင် အဖေလုပ်တဲ့သူရဲ့အပြစ်ပဲ' တဲ့..."

"တကယ်လို့ မင်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သနားညှာတာဖို့ တောင်းပန်နိုင်ရင် မင်းရဲ့ ကောင်းမွန်တဲ့ သဘောထားကြောင့် ငါ့ရဲ့သခင် ကြက်သခင်ကြီးက မင်းကို အသက်ချမ်းသာပေးကောင်း ပေးလိမ့်မယ်..."

ဤစကားများသည် ဖူဝမ်နန်းတော်မှ လူများအတွက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်သည်မှာ သေချာပေါက်ပင်။

ဤသည်က အမှန်တကယ်ကို ဒေါသထွက်စရာ ကောင်းလှသည်။

ဤလူနှစ်ယောက်သည် လူသတ်ခဲ့ရုံသာမက ဤမျှထိ မောက်မာထောင်လွှားစွာဖြင့် သူတို့၏ ဂိုဏ်းသို့ လာရောက်ကာ သူတို့၏ဂိုဏ်းချုပ်အား ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရန်ပင် တောင်းဆိုရဲကြပေ၏။

ဤလူများသည် သူတို့၏ဖူဝမ်နန်းတော်ကို မည်သည့်နေရာဟု ထင်မှတ်နေကြသနည်း...

ခွေးနှင့်ကြောင်များပင် လွယ်လင့်တကူ နင်းခြေနိုင်သော အဆင့်နိမ့် အင်အားစုတစ်ခုဟု ထင်မှတ်နေသလော...

ဤအချိန်တွင် ကျီးဝူချန်သည် ပိုင်ဝူရှားက သူ၏ အခွင့်အရေးကို လုယူသွားသည့်အတွက် တိတ်တဆိတ် စိတ်တိုနေဆဲပင်။

ဖူဝမ်နန်းတော် ဂိုဏ်းချုပ်ကို လက်ညှိုးထိုးပြီး ကျိန်ဆဲခြင်းကဲ့သို့ ထိတ်လန့်ဖွယ်ရာကောင်းပြီး အထင်ကြီးစရာကောင်းသည့် လုပ်ရပ်မျိုးကို သူ မည်သည်ကြောင့် မတွေးတောမိခဲ့သနည်း။

သူသည် ပို၍ပြည့်စုံသော နည်းလမ်းဖြင့် မည်ကဲ့သို့ အစွမ်းပြရမည်ကို သူ၏စိတ်ထဲတွင် တွေးတောနေစဉ်မှာပင် ဖူဝမ်နန်းတော်မှ လူများက တိုက်ရိုက်လှုပ်ရှားလိုက်ကြပြီး သူ့အား စကားပြောဆိုရန် အခွင့်အရေး မပေးတော့ချေ။

All Chapters