ဘိုးဘေး ရောက်လာပြီ
Vol. 28 Ch. 276
ဤအချိန်တွင် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ ဆယ့်ခုနစ်ဦးလုံး မြေပြင်ပေါ်တွင် လဲကျနေသည်။ သူတို့တစ်ဦးစီတိုင်းသည် သွေးများအန်နေကြကာ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း သိသာထင်ရှားသည်။
မိုးကောင်းကင်ယံတွင် အစောပိုင်းက မိုးကောင်းကင်ထိ မြင့်တက်နေသော တိုင်ကြီးသည် ပျောက်ကွယ်သွားပြီး ကြက်ပေါက်စလေးတစ်ကောင်ဖြင့် အစားထိုးခြင်း ခံလိုက်ရပေ၏။
ထိုကြက်ပေါက်စလေးသည် လေထုထဲတွင် မတ်တတ်ရပ်နေပြီး လက်သီးဆုပ်အရွယ်အစားခန့်သာရှိသည်။
သူ၏ခေါင်းပေါ်ရှိ အမွှေးသုံးချောင်းသည် အထူးထင်ရှားနေပြီး လေထုထဲတွင် လူးလွန့်နေကာ အလွန်ထူးခြားပုံရပေ၏။
တစ်စုံတစ်ယောက်က မသိစိတ်မှနေ၍ တံတွေးတစ်ချက် မျိုချလိုက်သည်။
သူ၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုသို့ဆိုလျှင် အစောပိုင်းက ဧရာမခြေထောက်ကြီး၏ပိုင်ရှင်သည် ဤကြက်ပေါက်စလေး ဖြစ်နေသလော...
ထိုကြက်၏ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် မည်သို့ပင် ကြည့်စေကာမူ ဤသည်က မွေးဖွားလာသည်မှာ ကြက်ပေါက်စလေးတစ်ကောင်ပင်။
သို့သော် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ ဆယ့်ခုနစ်ဦးကို ကန်ချက်တစ်ချက်တည်းဖြင့် တိုက်ရိုက်ဖိနှိပ်လိုက်သည်မှာ ဤကြက်ပေါက်စလေးသာ ဖြစ်ပေ၏။
ထိုကန်ချက်တစ်ချက်က ဖူဝမ်နန်းတော်တစ်ခုလုံးကို တစစီဖြစ်သွားစေခဲ့သည်။
"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်က နောက်ဆုံး၌ သတိဝင်လာပြီး အက်ရှရှအသံဖြင့် အော်ဟစ်လိုက်သည်။
ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ ဆယ့်ခုနစ်ဦးမှ ထုတ်ဖော်နိုင်သော အံ့အားသင့်ဖွယ်စွမ်းအားကို မဆိုထားနှင့်...
ယန်သုံးပါးနယ်ပယ် တတိယအဆင့် ထိပ်သီးကျင့်ကြံသူဖြစ်သော သူတို့၏ ဂိုဏ်းချုပ်တစ်ဦးတည်းပင်လျှင် မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
ထိုသို့ဆိုသည့်တိုင် မြောက်ပိုင်းဒေသတစ်ခုလုံးကို အမြဲတစေ လွှမ်းမိုးအုပ်ချုပ်နိုင်ရန် လုံလောက်သလောက်နီးပါးဖြစ်သော ဤစွမ်းအားသည် ကန်ချက်တစ်ချက်တည်းဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရပေ၏။
ဤမြင်ကွင်းသည် သူတို့ကို နှစ်တစ်ရာခန့် ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်ပြီး အကန့်အသတ်မဲ့သော ရိုသေလေးစားမှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုတို့လည်း ပါဝင်နေခဲ့သည်။
ဤမျှထိ စွမ်းအားကြီးမားသော တည်ရှိမှုမျိုး...
သူက ဖူဝမ်နန်းတော်ကို အမှန်တကယ် တိုက်ခိုက်ခဲ့သည်။ သူ့ကို တားဆီးရန် သူတို့သည် မည်သည့်အရာကို အသုံးပြုနိုင်မည်နည်း။
သူတို့ရဲ့အသက်တွေနဲ့ ရင်းပြီး တိုက်ခိုက်ရမှာလား...
ဤအချိန်တွင် ဖူဝမ်နန်းတော်ဝင်များ၏စိတ်နှလုံးသားများ လှိုင်းထန်နေမှုနှင့် မတူညီဘဲ ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့သည် သွေးများဆူပွက်နေကြ၏။ သူတို့သည် ထိုမြင်ကွင်းကို စူးစိုက်၍ ကြည့်နေကြပြီး သူတို့၏နှလုံးသားများမှာ စိတ်လှုပ်ရှားစွာဖြင့် လည်ချောင်းထဲမှ ခုန်ထွက်လာတော့မည့်အလား ဖြစ်နေခဲ့သည်။
"ကြက်သခင်ကြီးက စွမ်းအားကြီးမားတယ်..."
သူတို့၏အသံများသည် အလွန်စူးရှနေပြီး အက်ကွဲတော့လုမတတ်ပင်။
လေဟာနယ်ထဲတွင် ထွက်ပေါ်လာသူမှာ အမှန်တကယ်ကို ကြက်ပေါက်စတစ် ဖြစ်ပေ၏။
ကြက်ပေါက်စတစ်သည် အလွန်စွမ်းအားကြီးမားမည်ဟု သူတို့ တွေးထင်ထားပြီးဖြစ်သည်။
သို့သော် သူသည် ဤမျှထိ ယုတ္တိမရှိလောက်အောင် စွမ်းအားကြီးမားနေလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ စိတ်ကူးယဉ်တွေးတောထားမိခြင်း မရှိချေ။
တစ်ဖက်လူများသည် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ ဆယ့်ခုနစ်ဦးပင်။
ထိုသို့ဆိုသည့်တိုင် သူတို့သည် ဤမျှထိ လွယ်လင့်တကူ ချေမှုန်းခြင်းကို ခံလိုက်ရပေ၏။
အကယ်၍ ကြက်ပေါက်စတစ်၏စွမ်းအားသည် ဤအတိုင်းအတာအထိ ထိတ်လန့်ဖွယ်ကောင်းနေပြီဆိုလျှင် သူ့ထက် ပို၍စွမ်းအားကြီးမားသော စာခြောက်ရုပ်ဆိုပါက မည်သို့ရှိနေမည်နည်း...
ထို့ပြင် သူတို့၏နောက်ကွယ်ရှိ အရှင်သခင်သည် မည်မျှထိ ထိတ်လန့်ဖွယ် ကောင်းနေမည်နည်း....
သူတို့နှစ်ဦးထံ၌ ခံစားချက်များ မြင့်တက်လာချိန်တွင် ကြက်ပေါက်စတစ်သည် လေဟာနယ်မှ ဆင်းသက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
သူ၏နူးညံ့သော အမွှေးများသည် လေထဲတွင်လူးလွန့်နေပြီး သူ့အား အလွန်သိမ်မွေ့ပြီး နုနယ်ပုံပေါက်စေသည်။
သို့သော် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ ဆယ့်ခုနစ်ဦးကို အနိုင်ယူနိုင်စွမ်းရှိသော စွမ်းဆောင်ရည်မျိုး ရှိခဲ့သည်မှာ ဤနုနယ်သော ခန္ဓာကိုယ်လေးပင်။
မိုးကောင်းကင်ယံကို အန်တုနိုင်သော သူ၏စွမ်းအားကြောင့် ယခုချိန်၌ သူ့ကို ကြည့်နေကြသော လူများအားလုံး ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရသည်။
နောက်ဆုံးတွင် ကြက်ပေါက်စတစ်၏ အကြည့်သည် ဖူကျုံးအပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။
"ကောင်လေး....မင်းဆီကနေ အဲ့ဒီ ခုနစ်စင်ကြယ်ဓားဂိုဏ်းချုပ်ဆိုတဲ့ကောင်ရဲ့အရှိန်အဝါကို ငါ ခံစားမိတယ်...မင်းက သူ့ရဲ့အဖေလား..."
ဖူကျုံးသည် ကြက်ပေါက်စတစ်ကို ကြည့်လိုက်ပြီး သူ၏စိတ်နှလုံးသားတွင် အကြောက်တရားများ လှိုင်းထနေသော သတ်ဖြတ်လိုခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ဖူနျန် ပေးပို့လိုက်သော မြင်ကွင်းများထဲတွင် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော နည်းလမ်းများဖြင့် ခုနစ်စင်ကြယ်ဓားဂိုဏ်းတစ်ဂိုဏ်းလုံးကို သုတ်သင်လိုက်သည်မှာ ဤကြက်ဖြစ်ပြီး ဖူနျန်ကို သတ်ဖြတ်ခဲ့သည်မှာလည်း သူသာ ဖြစ်ပေ၏။
သားတစ်ယောက် အသတ်ခံရခြင်းအတွက် အမုန်းတရားကို ဖြေရှင်း၍မရနိုင်ချေ။
ဤအချိန်တွင် သူသည် ထိုကြက်၏အသားများကိုစားပြီး အရိုးများကို ကိုက်ဝါးကာ သွေးများကို သောက်ချင်စိတ် ပေါက်နေခဲ့သည်။
ဒါပေမဲ့...
အမုန်းတရားက အမုန်းတရားသာဖြစ်ပြီး...
မည်သို့ပင်ဆိုစေကာမူ နက်ရှိုင်းသော စွမ်းအားကင်းမဲ့မှု ခံစားချက်တစ်ခုက သူ၏စိတ်အတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။
ပြိုင်ဘက်က အလွန်အမင်း စွမ်းအားကြီးမားနေသည်။
ဤကဲ့သို့ အလွန်အမင်း စွမ်းအားကြီးမားခြင်းက သူ့အား စိတ်ပျက်အားငယ်စေပြီး နက်ရှိုင်းသော အကူအညီမဲ့ခြင်း ခံစားချက်ကိုပင် ဖြစ်ပေါ်စေခဲ့ပေ၏။
ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ ဆယ့်ခုနစ်ဦးသည် တိုက်ခိုက်မှုတစ်ခုမျှကိုပင် သူနှင့် မယှဥ်ပြိုင်နိုင်ခဲ့ကြချေ။
ဤအချိန်တွင် သူ၏စိတ်ထဲ၌ ကြက်ပေါက်စတစ်သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် အဓိပ္ပါယ်တူစကားလုံး ဖြစ်နေသည်။
တစ်ဖက်ရန်သူသည် မည်ကဲ့သို့ ကျင့်ကြံခဲ့သည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။
ကြက်ပေါက်စလေးတစ်ကောင်၏ခန္ဓာကိုယ်ဖြင့် သူသည် ဤမျှထိ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်ပေ၏။
"ဝေါ့..."
သူ၏အတွေးများ မျောလွင့်သွားစဉ်မှာပင် သူသည် သွေးတစ်လုတ်ကို ထပ်မံ၍ အန်ထုတ်လိုက်သည်။
ကြက်ပေါက်စတစ်၏မေးခွန်းကို ရင်ဆိုင်ရချိန်တွင် သူက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဖူဝမ်နန်းတော်ရဲ့ အခြေခံအုတ်မြစ်က မင်း စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်နေတယ်...မင်း ခဏလောက် မောက်မာထောင်လွှားနိုင်တယ်ရင်တောင် ငါ့ရဲ့ ဖူဝမ်နန်းတော်ကို စော်ကားမယ်ဆိုရင် မင်း လောကကြီးရဲ့အဆုံးသတ်အထိ ဘယ်နေရာကိုပဲ ထွက်ပြေးထွက်ပြေး..... မင်းက သေချာပေါက် အသတ်ခံရပြီးတော့ မင်းရဲ့စိတ်ဝိညာဉ် ပျောက်ကွယ်သွားလိမ့်မယ်..."
ကြက်ပေါက်စတစ်သည် စွမ်းအားကြီးမားသော်လည်း ဖူကျုံးသည် နှိမ့်ချခဲ့ခြင်းမရှိချေ။
ဖူဝမ်နန်းတော်ဂိုဏ်းချုပ်အဖြစ် သူ၏ ဂုဏ်သိက္ခာအပြင် ဖူနျန်၏ဖခင်ဖြစ်သော သူ၏ အဆင့်အတန်းကလည်း သူ့အား ကြက်ပေါက်စတစ်၏ရှေ့တွင် ခေါင်းငုံ့ခွင့် မပေးခဲ့ပေ။
ထို့ပြင် သူ ရှုံးနိမ့်သွားသော်လည်း ဖူဝမ်နန်းတော်သည် အဆုံးစွန်သော အခြေအနေသို့ မရောက်သေးချေ။
ထိပ်သီးအင်အားစုလေးစုအနက်မှ တစ်စုဖြစ်သော ဖူဝမ်နန်းတော်သည် သူတစ်ဦးတည်းဖြင့် ဤဂုဏ်သတင်းကို ရရှိခဲ့ခြင်း မဟုတ်ပေ။
ယနေ့သည် ဘိုးဘေးကြီး ဆင်းသက်လာမည့်နေ့နှင့် တိုက်ဆိုင်နေပေ၏။
ဘိုးဘေးကြီး ရောက်လာသည်အထိ သူတို့ တောင့်ခံနိုင်သရွေ့ ဖူဝမ်နန်းတော်၏ အကျပ်အတည်းမှာ အလိုအလျောက် ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် သူ၏သား ဆုံးရှုံးရသော နာကျင်မှုအတွက်လည်း သူ လက်စားချေနိုင်ပေမည်။
ခေါင်းမာနေသော ဖူကျုံးကို ရင်ဆိုင်ရချိန်တွင် ကြက်ပေါက်စတစ်က ပြုံးလိုက်သည်။
"ကောင်လေး.... မင်းရဲ့ အရိုးတွေက တော်တော် မာတာပဲ..."
သူသည် သူ၏ကြက်ခြေထောက်ဖြင့် ကန်လိုက်ရာ ဖူကျုံးသည် ချက်ချင်းဆိုသလိုပင် ပေပေါင်းများစွာ အကွာသို့ လွင့်ထွက်သွားခဲ့သည်။
"ဖူး..."
သူသည် သွေးတစ်လုတ်ကို ထပ်မံ၍ အန်ထုတ်လိုက်ကာ သူ၏အရှိန်အဝါ အားနည်းလာခဲ့သည်။
"ဂိုဏ်းချုပ်..."
ဖူဝမ်နန်းတော်ဝင်များက အော်ဟစ်လိုက်ကြပြီး သူတို့တစ်ဦးစီတိုင်းတွင် ကြီးစွာသော ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေကြသော်လည်း မည်သူမျှ ရှေ့သို့ထွက်မလာရဲကြချေ။
ပြိုင်ဘက်သည် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ ဆယ့်ခုနစ်ဦးကို အနိုင်ယူထားပြီးဖြစ်ရာ သူတို့သည် သူ့ကို မည်သို့ တားဆီးနိုင်မည်နည်း။
ထို့နောက် အလွန်အမင်း စိတ်ကူးယဉ်ဆန်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့ပေ၏။
သူတို့တစ်ဦးစီသည် သူတို့၏ဂိုဏ်းချုပ်အတွက် စိတ်နှလုံးသားကြေကွဲမှုနှင့် ဝမ်းနည်းမှုတို့ နှစ်မျိုးလုံးကို ခံစားနေကြရသော်လည်း သူတို့၏ ခြေထောက်များသည် မြေပြင်ပေါ်တွင် သံမှိုစွဲထားသကဲ့သို့ ဖြစ်နေပြီး မည်သူမျှ ခြေတစ်လှမ်းပင် မရွှေ့နိုင်ကြချေ။
ကြက်ပေါက်စတစ်က ရှေ့သို့ အေးအေးဆေးဆေး လျှောက်လှမ်းလာခဲ့သည်။
သူသည် ဘုရင်တစ်ပါးနှင့် တူညီနေပြီး ဖူကျုံး၏ရှေ့သို့ တဖန်ပြန်၍ ရောက်ရှိလာပေ၏။
"ကြက်သခင်ကြီးက အရိုးမာတဲ့သူတွေကို အချစ်ဆုံးပဲ....မင်းရဲ့ပါးစပ်က ဆက်ပြီးမာကျောနေဖို့ ငါ မျှော်လင့်တယ်.... မဟုတ်ရင် ဒီကစားပွဲက ပျော်စရာကောင်းတော့မှာ မဟုတ်ဘူး..."
သူ စကားပြောဆိုနေရင်း တဖန်ထပ်၍ ကန်ကျောက်လိုက်သည်။
ယန်သုံးပါးနယ်ပယ် တတိယအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် သူ၏လက်ထဲတွင် ခုခံနိုင်စွမ်း တစိုးတစိမျှ မရှိခဲ့ချေ။
ဤသည်မှာ တစ်ဖက်သတ် ညှင်းပန်းနှိပ်စက်မှုပင်။
ကြက်ပေါက်စတစ်၏အကျင့်စရိုက်အရ ဖူကျုံး သေရမည်မှာ သေချာပေ၏။
မည်သို့ပင်ဆိုစေကာမူ တောမီးလောင်မှုကို ငြိမ်းသတ်၍ မရနိုင်ပေ။ နွေဦးလေ တိုက်ခတ်လာချိန်၌ ထိုအရာသည် တဖန်ပြန်၍ ထွက်ပေါ်လာတတ်သည်။
ရန်ငြိုးဖွဲ့ပြီးပြီဖြစ်ရာ အနာဂတ်ပြဿနာများကို ချန်ထားခဲ့ရန် အကြောင်းပြချက် မရှိတော့ချေ။
လူတချို့က သူ့အား ရက်စက်သည်ဟု ပြောကောင်း ပြောနိုင်သည်။
သို့သော် ဤသည်က ကြက်ပေါက်စတစ်၏စရိုက်ပင်။
ယခုချိန်၌ သူသည် ကျုံးချင်နှင့်အတူ အလုပ်လုပ်နေသဖြင့် သူ့ကိုယ်သူ များစွာထိန်းချုပ်ထားခဲ့သည်။
အကယ်၍ သူ၏အထွန်အထိပ်အချိန်တွင်သာဆိုလျှင် သူ့ကို ရန်သူအဖြစ် သတ်မှတ်ရဲသော မည်သူမဆို...
သူတို့ကို မသတ်မီ သူတို့၏ဇနီးမယားများနှင့်အတူ ပျော်ရွှင်စွာ ကစားမည်ဖြစ်ပြီး သူတို့နှင့် ရင်းနှီးကျွမ်းဝင်သော မည်သူမဆို သူ သတ်ဖြတ်မည့် စာရင်းထဲတွင် ပါဝင်နေပေမည်။
ဤသည်မှာ အစစ်အမှန် နတ်ဆိုးခေါင်းဆောင်တစ်ဦးဖြစ်သော ကြက်ပေါက်စတစ်ပင်။
သူ့ထံတွင် အကောင်း သို့မဟုတ် အဆိုးဟူသော အယူအဆ မရှိပေ။ သူသည် သူ၏ကိုယ်ပိုင် သဘောဆန္ဒများနှင့်အညီ အရာအားလုံးကို လုပ်ဆောင်တတ်သူ ဖြစ်ပေ၏။
ကြက်ပေါက်စတစ်၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ဖူကျုံး၏အသက်စွမ်းအင်များ တဖြည်းဖြည်း အားနည်းလာပြီး လုံးလုံးလျားလျား ငြိမ်းသေသွားတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ဤသည်က ဖူဝမ်နန်းတော်၏အဖွဲ့ဝင်များအားလုံးကို အလွန်အမင်း စိုးရိမ်ပူပန်သွားစေသည်။
သူတို့၏ စိတ်နှလုံးသားများအတွင်း၌ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
တခြားလူများကို အနိုင်ကျင့်လေ့ရှိသည်မှာ သူတို့၏ဖူဝမ်နန်းတော်ကသာ အမြဲတစေ ဖြစ်ခဲ့ပေ၏။
သို့သော် ယခုအချိန်၌ လူတစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာ သူတို့၏နယ်ထဲမြေတွင် ထင်ရာစိုင်း၍ သောင်းကျန်းနေကြသည်။
သူတို့၏ဂိုဏ်းချုပ်ကိုယ်တိုင်ပင်လျှင် ထိုရန်သူများ၏ရှေ့တွင် ကန်သတ်ခံရတော့မည့် အခြေအနေမျိုး ဖြစ်နေသည်။
မည်မျှထိ အရှက်ရစရာ ကောင်းသနည်း...
သူတို့တစ်ဦးစီသည် အလွန်ပြင်းထန်သော အမုန်းတရားများကို ခံစားနေကြရသည်။
ဤအမုန်းတရားသည် အမှန်တကယ်ကို ကောင်းကင်ထက် ပို၍မြင့်မားပြီး ပင်လယ်ထက်ပို၍နက်ရှိုင်းပေ၏။
သို့သော် သူတို့ မုန်းတီးနေသော်လည်း သူတို့ လုပ်နိုင်သောအရာဟူ၍ ဘာမှမရှိခဲ့ချေ။
သူတို့ထံ၌ နည်းလမ်းမရှိပေ။ နှစ်ဖက်အကြား၌ စွမ်းအားကွာဟချက်မှာ အလွန်ကြီးမားနေသည်။
အကယ်၍ သူတို့အားလုံး ရှေ့တက်သွားခဲ့လျှင်ပင် လွယ်လင့်တကူ ရှုံးနိမ့်သွားမည့်အပြင် အခြေအနေကို မည်သို့မျှ ပြောင်းပြန်လှန်နိုင်မည် မဟုတ်ချေ။
ပထမဆုံးအကြိမ်အဖြစ် နက်ရှိုင်းသော စွမ်းအားကင်းမဲ့မှု ခံစားချက်တစ်ခုကို သူတို့ ခံစားလိုက်ရသည်။
သူတို့၏ဂိုဏ်းချုပ် အရှက်ရနေသည်ကို သူတို့ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဤအချိန်တွင် ကြက်ပေါက်စတစ်သည် ဖူကျုံး၏ရှေ့တွင် ရပ်နေပြီး သူ၏မျက်လုံးအကြည့်သည် တည်ကြည်လေးနက်နေပေ၏။
"မင်းက တော်တော်လေး ခေါင်းမာတာပဲ...အစကနေ အဆုံးအထိ သနားညှာတာဖို့ တစ်ခါလေးတောင် မတောင်းဆိုခဲ့ဘူး..."
"မင်းက လေးစားစရာကောင်းတဲ့ လူတစ်ယောက်ပဲ..."
"ကောင်းပြီ..."
"မင်းအတွက် သိပ်ပြီး အခက်အခဲ မဖြစ်စေတော့ဘူး...မင်းရဲ့သားနဲ့ သွားတွေ့ဖို့ မင်းကို ငါ ပို့ပေးမယ်..."
ဖူကျုံး၏ လက်ရှိအခြေအနေအရ အကယ်၍ သူ နောက်တစ်ချက် အကန်ခံရပါက သေချာပေါက် ခံနိုင်ရည်ရှိတော့မည် မဟုတ်ချေ။
ထို့အပြင် နောက်ဆုံးအချိန်အခိုက်အတန့်တွင် ကွဲလွဲချက်များစွာ မကြာခဏ ပေါ်ပေါက်လာလေ့ရှိသည်။
ကြက်ပေါက်စတစ်သည် ဖူကျုံး၏အသက်ကို အဆုံးသတ်တော့မည့်အချိန်မှာပင်...
"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ ငါ့ရဲ့ ဖူဝမ်နန်းတော်မှာ ဒီလောက် မောက်မောက်မာမာ လုပ်ရဲတယ်ပေါ့..."
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံတစ်သံက လေဟာနယ်အတွင်းမှ ပွင့်အံ့ထွက်လာခဲ့သည်။
ထို့နောက် ကောင်းကင်ဘုံ၏စွမ်းအားကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်မှ ဆင်းသက်လာပေ၏။
ကြက်ပေါက်စတစ်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ထို့အပြင် ဤအသံကို ကြားလိုက်ရသော ဖူဝမ်နန်းတော်မှ အဖွဲ့ဝင်များအားလုံး စွမ်းအားများ ပြန်လည်၍ ပြည့်ဖြိုးလာခဲ့ကြသည်။
"ဘိုးဘေး ပြန်လာတာ...ဒါက ဘိုးဘေးပဲ..."
"ဘိုးဘေး ရောက်လာပြီ... ဂိုဏ်းချုပ်တော့ ကယ်တင်ခံရပြီ..."
"ဘိုးဘေးကြီးရဲ့စွမ်းအားက မကောင်းဆိုးဝါး စိတ်ဝိညာဉ်တွေအားလုံးကို သေချာပေါက် ရှင်းလင်းနိုင်လိမ့်မယ်..."