← Chapters

ချူးကလန်

Vol. 55 Ch. 763

ချူးကလန်

Vol. 55 Ch. 763

ရွှမ်ကျိုးမြို့တော်၏ မြို့ရိုးနံရံပေါ်တွင် ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူသုံးဦး ရှိနေပြီး လေထုမှာ ပြင်းထန်စွာ တုန်ခါနေရသည်။

ရိချိုးရွှယ်မှာ ထိုပုံရိပ်များကြောင့် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် စကားဆိုလိုက်သည်။ "အော်...ဘယ်သူများလဲလို့။ ချူးကလန်ရဲ့ သခင်ကြီး ချူးလုံပဲ။ ကျွန်မလို အဆင့်နိမ့်တဲ့ လူတစ်ယောက်ဆီ မျိုးနွယ်စုခေါင်းဆောင် ချူးလုံကိုယ်တိုင် လာစရာမလိုပါဘူး။"

ထိုသုံးဦးလုံး၏ အလယ်တွင် နေရာယူထားသော အရပ်ရှည်ရှည်၊ ခန့်ခန့်ညားညားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှ ပြောလိုက်သည်။ "တူမလေးချိုးရွှယ်က စကားအပိုတွေ ပြောနေတာပဲ။ မင်းကြောင့် ဒီကိုလာခဲ့တာ မဟုတ်ဘူး။ ငါ့သားကို သတ်သွားတဲ့ကောင်ကြောင့် လာခဲ့တာ။"

သူသည် ဇူယွမ်အား စူးရဲစွာကြည့်လျက် အေးစက်စွာ ပြောလိုက်သည်။ "ချိုးရွှယ်....မင်းသူ့ကို ငါ့လက်ထဲ အပ်မယ်ဆိုရင် မြို့ထဲအေးအေးဆေးဆေး ပေးဝင်လိုက်မယ်။"

ကြည့်ရသည်မှာ သခင်ကြီး ချူးလုံသည် ချူးကျီထံမှ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအားလုံးကို သိရှိပြီးဟန် ရှိသည်။

ရိချိုးရွှယ်မှ မထီမဲ့မြင် စကားဆိုလိုက်သည်။ "ကျွန်မက မြို့ထဲဝင်ဖို့အတွက်တောင် ချူးမိသားစုခေါင်းဆောင်ဆီက ခွင့်တောင်းနေရမှာလား။"

"တူမလေး ချိုးရွှယ်....ရိမိသားစုနဲ့ ချူးမိသားစု ဆက်ဆံရေးက မဆိုးပါဘူး။ မင်းအဖေ မရှိတော့ ငါတို့ချူးမိသားစုက မင်းတို့ကို အတက်နိုင်ဆုံး ကူညီစောင့်ရှောက်ခဲ့တာပဲမလား။ အပြင်လူတစ်ယောက်အတွက်နဲ့ မိသားစု နှစ်ခုကြားက ဆက်ဆံရေးကို အပျက်ခံမလို့လား။" ချူးလုံမှ ခံစားချက်ကင်းမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

ရိချိုးရွှယ်မှ အေးစက်စွာ တုံ့ပြန်လိုက်သည်။ "အဲ့လိုပြောမှ ဒီခရီးတလျှောက် ချူးမိသားစုရဲ့ ကာကွယ်ပေးမှုတွေကို ကျေးဇူးတင်ရတော့မလိုပဲ။"

သူမသည် ထိုစကားအား ပြောနေရင်းဖြင့် အဆက်မပြတ် ရယ်မောနေသည်။

"ချူးကျီက မင်းတို့ကိုသတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ချူးယန်ကို သတ်သွားတဲ့ကောင်ကို ဖမ်းချင်ရုံပါပဲ။ မင်းသာ အဲ့ကောင်ကို ချူးကျီဆီ ပေးခဲ့မယ်ဆိုရင် အထင်လွဲစရာတွေတောင် ဖြစ်လာမှာ မဟုတ်ဘူး။" ချူးလုံမှ စကားဆိုလိုက်သည်။

သူသည် ဇူယွမ်အားကြည့်ကာ ဆက်လက်ပြောလိုက်သည်။ "ဒူးထောက်ပြီး အဖမ်းခံစမ်း။ အဲ့ဒါဆိုရင် မင်းကိုသက်သက်သာသာ ပေးသေမယ်။"

"မင်းက ငါ့ရဲ့သားကို သတ်ခဲ့တယ်။ အဲ့ဒါကြောင့် ဘယ်သူကမှ ကာကွယ်ပေးလို့ရမယ် မထင်နဲ့။"

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ “ဒါကဘဝမှာ ပထမဆုံးအနေနဲ့ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူတစ်ယောက်က စကားကြီး စကားကျယ်တွေ ပြောတာကြားဖူးတာပဲ။ ကျုပ်ကပဲ လောကကြီးအပေါ် အမြင်မရှိတာလား။ ဒါမှမဟုတ် ခင်ဗျားကပဲ ဝါးလုံးခေါင်းထဲ လသာနေတာလား။"

ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများမှာ

တိုက်ပွဲစွမ်းရည် ပြင်းထန်ကြပါသော်လည်း ဇူယွမ်မှာ သူတော်စင်အဆင့် ရှိသူများ၏ တိုက်ပွဲအား မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးခြင်း ဖြစ်သည်။ ရှန့်ယွမ်နှင့် နှိုင်းယှဉ်လျှင်ပင် ချူးကလန်၏ သခင်ကြီးဆိုသူမှာ တောသူဋ္ဌေးအဆင့်မျှသာရှိပြီး ရှန့်ယွမ်သည် အင်ပါယာတစ်ခု၏ ဧကရာဇ်အဆင့်မျှ ကွာခြားပေသည်။

"ကောင်းကင်ဘုံနေမင်းအဆင့်က မမြင့်ဘူးဆိုရင်တောင် မင်းလိုကောင်မျိုးကိုတော့ တစ်ခါထဲ သတ်ပစ်လိုက်လို့ရတယ်။" ချူးလုံမှ ခက်ထန်စွာ ပြောလိုက်သည်။ "တူမလေး ချိုးရွှယ်....မင်းသူ့ကို ငါ့ဆီပေးဖို့ စိတ်ကူးမရှိဘူးလား။"

ဇူယွမ်မှာ ချူးလုံထံမှ သတ်ဖြတ်လိုသော အငွေအသက်များကို ခံစားနေမိသည်။ သူ၏အမူအရာမှာ တည်ငြိမ်နေပါသော်လည်း သိပင်မသိလိုက်ပဲ နောက်သို့ခြေနှစ်လှမ်းမျှ ဆုတ်လိုက်မိ၏။

သူသည် ရိချိုးရွှယ်အပေါ် အပြည့်အဝ ယုံကြည်ချက်မရှိပေ။ အကယ်၍ သူမသာ အနည်းငယ် တွေဝေနေခဲ့ပါက ဆုတ်ခွာထွက်ပြေးရန် တွေးတောထားလိုက်သည်။

ကောင်းကင်ဘုံနေမင်းအဆင့်များနှင့် ယှဉ်၍မတိုက်နိုင်ပါသော်လည်း လွတ်မြောက်အောင် ထွက်ပြေးရန် ဇူယွမ်မှ ယုံကြည်ချက်အပြည့် ရှိသည်။

ကောင်းကင်ဘုံနေမင်းအဆင့်နှင့် ရင်ဆိုင်ရာတွင် လွတ်မြောက်အောင် ထွက်ပြေးနိုင်ခြင်းသည် ရှက်စရာမဟုတ်ပဲ အရည်အချင်းတစ်ခုပင် ဖြစ်သည်။

ရိချိုးရွှယ်မှာ အနည်းငယ်မျှပင် တွေဝေနေဟန်မရှိပဲ ချူးလုံကိုသာ စူးစိုက်ကြည့်ရှုနေလေသည်။ သူမသည် ပြတ်သားစွာ ဆုံးဖြတ်ထားပုံ ရသည်။

"မင်းက ဆုံးဖြတ်ပြီးပြီဆိုတော့လည်း ငါလည်း လုပ်စရာရှိတာ လုပ်ရတော့မှာပဲ။"

ဝုန်း.....

ချူးလုံ၏ အေးစက်စက်အသံနှင့်အတူ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ပေရာကျော်မျှရှိသော နေလုံးကြီးတစ်ခု ဖြစ်တည်လာသည်။

ထိုနေလုံးကြီးသည် သန့်စင်သော ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားပြီး ကောင်းကင်ထက်၌ စွမ်းအင်များ ဖြန့်ကျက်နေလျက် ရှိသည်။

ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ရိချိုးရွှယ်မှာ တောင်ကြီးတစ်လုံးဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ တုန်ရီလာရသည်။

ဘန်း.....

ချူးလုံသည် ပေထောင်ကျော်မျှရှိသော ချီလက်ဝါးကြီးတစ်ခုအား ဖြစ်ပေါ်စေကာ ဇူယွမ်အား ရိုက်ချလိုက်သည်။

ကြီးမားလှသော ချီလက်ဝါးကြီးသည် သလင်းကျောက်ဖြင့် ပြုလုပ်ထားသကဲ့သို့ ကြည်လင်တောက်ပနေသည်။ ထိုသည်ကို ကြည့်ခြင်းအားဖြင့်ပင် ချူးလုံ၏ ချီစွမ်းအင် ထိန်းချုပ်နိုင်စွမ်းမှာ မည်မျှကြောက်စရာကောင်းကြောင်း သိရှိနိုင်ပေသည်။ ကောင်းကင်ဘုံနေမင်းအဆင့်နှင့် နတ်ဘုံခန်းဝါအဆင့်တို့၏ ခြားနားချက်မှာ အလွန်ကြီးမားလွန်းလှသည်။

ချူးလုံသည် ရိချိုးရွှယ်အား ရှောင်ရှားတိုက်ခိုက်ခြင်း မပြုပေ။ သူသည် ရိမိသားစု၏ သခင်မလေးအား လူမြင်ကွင်း၌ မသတ်ဖြတ်ရဲပါသော်လည်း နာကျင်မှုများ ခံစားရအောင် ပြုလုပ်လိုသည်။

ဇူယွမ်မှာ ချီလက်ဝါးကြီးအား တွေ့မြင်လိုက်ရပြီးနောက် ဆုတ်ခွာထွက်ပြေးရန် ပြင်ဆင်လိုက်ပါသော်လည်း ရိချိုးရွှယ်မှ ညင်သာစွာ စကားဆိုလိုက်သည်။ "စိတ်မပူပါနဲ့။"

သူ၏ခြေလှမ်းများ ရပ်တန့်သွားပါသော်လည်း ချီစွမ်းအင်များ အချိန်မရွေး ပေါက်ကွဲရန် အသင့်ဖြစ်နေသည့်အလား ဆူပွက်နေသည်။

ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်နေသည့် ကြီးမားလှသော ချီလက်ဝါးကြီးမှာ တောင်ကြီးတစ်လုံးသဖွယ် အောက်သို့ကျဆင်းလာလေသည်။

ထိုလက်ဝါးကြီးနှင့် ဇူယွမ်တို့ထိတွေ့ရန် ဆယ်ပေမျှပင် မလိုတော့သောအချိန်တွင် တည်ငြိမ်နေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။ "ချူးလုံ...မင်းက မြို့တံခါးလို နေရာမျိုးမှာတောင် ငါတို့ရိမိသားစုရဲ့ သခင်မလေးကို အနိုင်ကျင့်ရဲတယ်ပေါ့။"

ယင်းစကားသံနှင့်အတူ တောက်လောင်နေသော သွေးနီရောင် စွမ်းအင်စက်ဝန်းကြီးတစ်ခုအား မြင်တွေ့လိုက်ကြရသည်။

ဝုန်း....

၎င်းသွေးနီရောင် စွမ်းအင်စက်ဝန်းကြီးနှင့် ကြီးမားလှသော ချီလက်ဝါးကြီးတို့ တွေ့ဆုံသွားကြသည်။ လေထုမှာ ပြင်းထန်စွာ ပေါက်ကွဲသွားရပြီးနောက် မီးစမီးပွားများ ထွက်ပေါ်လာကာ အချိန်အတော် ကြာမြင့်သွားမှ လေနှင့်အတူ ငြိမ်သက်ပျောက်ကွယ်သွားသည်။

ဇူယွမ်မှ မော့ကြည့်လိုက်သောအခါတွင် ကောင်းကင်ထက်တွင် ရှိနေသော ပုံရိပ်နှစ်ခုအား တွေ့ရှိလိုက်ရသည်။

ထိုနှစ်ဦးအနက် အရှေ့တွင် ရပ်နေသူမှာ အဖြူနှင့်အမည်း ရောနှောနေသော ဆံနွယ်များရှိနေပြီး တက်ကြွမည့်ဟန်ရှိသော်လည်း အေးစက်ခက်ထန်ပုံရသော သက်ကြီးပိုင်း လူကြီးတစ်ယောက် ဖြစ်သည်။ ကျန်တစ်ဦးမှာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ချူးလုံထက်မနိမ့်သော စွမ်းအင်များကို ပိုင်ဆိုင်ထားပုံ ရသည်။

၎င်းတို့မှာ ရိမိသားစု၏ ကောင်းကင်ဘုံနေမင်းအဆင့် အကြီးအကဲများ ဖြစ်သည်။

ထိုအချိန်၌ပင် မြို့တံခါးအနီးသို့ ပုံရိပ်အသီးသီး ရောက်ရှိလာကြသည်။

ယင်းတို့မှာ ဤနေရာတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို သတိထားမိသွားကာ ရောက်ရှိလာကြခြင်းပင်။

သို့သော် ထူးဆန်းစွာပင် မည်သူကမှ ဝင်ရောက်တားဆီးလိုကြဟန် မရှိပေ။ ရှောင်ရွှမ်းစီရင်စု၏ အုပ်စိုးသူသခင်ဖြစ်သော ရိကလန်၏ သခင်ကြီးသည် သားရဲတစ်ထောင်တောင်တန်းအတွင်း သေဆုံးသွားခဲ့ပြီးနောက် ထိုရာထူးနေရာမှာ လစ်လပ်နေခဲ့သည်။ ရိမိသားစုနှင့် ချူးမိသားစုတို့သည် လူမြင်ကွင်းတွင်ရော၊ နောက်ကွယ်တွင်ပါ ထိုနေရာအား ရယူနိုင်ရန် တိုက်ခိုက်နေခဲ့ကြသဖြင့် ရွှမ်ကျိုးမြို့တော်မှ လူများအတွက် ရိကလန်နှင့် ချူးကလန်တို့အကြားရှိ တိုက်ပွဲများမှာ ထူးဆန်းသော အရာတစ်ခု မဟုတ်တော့ပေ။

ချူးလုံမှာ ရိကလန်မှ အဖိုးအိုအား မြင်တွေ့လိုက်ရသောအခါ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

"အကြီးအကဲ ချင်းကျီပါလား။"

"တူမလေး ချိုးရွှယ်ကို တိုက်ခိုက်ဖို့လာတာ မဟုတ်ဘူးလို့ ကျုပ်ပြောပြီးသားပဲ။ ကျုပ်ဒီကိုလာခဲ့တာ ကျုပ်သားကို သတ်သွားတဲ့ကောင်ကိုဖမ်းဖို့။ ကျုပ်က သားအတွက် လက်စားချေမယ့်ကိစ္စမှာ ရိမိသားစုက ဝင်နှောင့်ယှက်မလို့လား။"

ရိချိုးရွှယ်မှ အေးစက်စွာ စကားဆိုလိုက်သည်။ "ချူးယန်က သုန်းအာကို ပြန်ပေးဆွဲဖို့ လုပ်ခဲ့တာလေ။ အဲ့ဒါကြောင့် သူသေသွားရတာတော့ သူ့ကိစ္စပဲ။"

"အဓိပ္ပါယ်မရှိတာ။ ချိုးရွှယ်....ငါ့သားသေသွားပြီဆိုတာနဲ့ မင်းသူ့ကို နာမည်ဖျက်လို့ ရမယ်မထင်နဲ့။"

ချူးလုံမှာ ကောင်းကင်ထက်တွင် ရှိနေသော ရိကလန်၏ အကြီးအကဲအားကြည့်ကာ ဆက်လက်ပြောလိုက်သည်။ "အကြီးအကဲ ချင်းကျီ....အုပ်စိုးသူသခင်ရိ သားရဲတစ်ထောင်တောင်တန်းထဲမှာ သေသွားရတာကို ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ ဒီတောအတွင်း ကျုပ်တို့ချူးကလန်ကလည်း ရွှမ်ကျိုးမြို့တော်မှာ ဘာပြဿနာမှ မဖြစ်စေခဲ့ဘူးမလား။ ရိကလန်ကိုများ ကျုပ်တို့ချူးကလန်က တစ်ခုခု ထိခိုက်စေခဲ့လို့လား။"

"ကျုပ်သားသေသွားရတဲ့ကိစ္စကို ခင်ဗျားတို့ ရိကလန်က မဖြေရှင်းပေးဘူးဆိုရင်တော့ ခင်ဗျားတို့က ကျုပ်တို့ကို အထင်အမြင်သေးနေလို့ပဲ။ ခင်ဗျားတို့က ကျုပ်တို့ချူးကလန်ထက် နောက်ခံအင်အား တောင့်တယ်ဆိုရင်တောင် ကျုပ်တို့က ဒီပြဿနာကို လုံးဝမလွှတ်ပေးနိုင်ဘူး။"

"ကျုပ်သားကို သတ်သွားတဲ့ကောင်ကို ကျုပ်လက်ထဲမအပ်ရင် ခင်ဗျားကို ရိကလန်ကို တိုက်ခိုက်ဖို့ပဲ ရှိတော့မယ်။"

ချူးလုံမှာ ရွှမ်ကျိုးမြို့တော် တစ်ခွင်လုံးကြားအောင် ကြေညာလိုက်သည်။

ရိကလန်နှင့် ချူးကလန်တို့မှာ အုပ်စိုးသူသခင်နေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်နေကြပါသော်လည်း တစ်ဖက်နှင့်တစ်ဖက် မျက်နှာပျက်ရအောင်အထိ မလုပ်ခဲ့ကြဘူးပေ။ အဘယ့်ကြောင့်ဆိုသော် ချူးကလန်မှာ အုပ်စိုးသူသခင်နေရာအား ရယူရန် ချို့ယွင်းချက်များစွာ ရှိနေသောကြောင့် ဖြစ်သည်။

သို့သော် ချူးမိသားစု၏ သခင်လေး သေဆုံးသွားသည့်အတွက်ကြောင့် ချူးလုံမှာ ရိမိသားစုအား စိန်ခေါ်နေပြီပင်။

ကောင်းကင်ထက်တွင် ရှိနေသော ချင်းကျီမှာ ချူးလုံ၏ ရည်ရွယ်ချက်အား နားလည်နေဟန်ဖြင့် မျက်မှောင်ကျုံ့လိုက်သည်။ အကယ်၍ ချူးလုံ၏ တောင်းဆိုချက်အား ငြင်းပယ်ခဲ့ပါက ရိကလန်နှင့် ချူးကလန်အကြားတွင် အမှန်တကယ် တိုက်ပွဲဖြစ်လာပေလိမ့်မည်။

ထိုအတွက် ရိကလန်မှ သေချာပြင်ဆင်ထားခြင်း မရှိသေးပေ။

ရိချင်းကျီမှ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် ရိချိုးရွှယ်မှာ ချူးလုံအား စူးစိုက်ကြည့်ရှုလျက် တစ်မြို့လုံးကြားအောင် ပြောလိုက်သည်။

"ရှင့်ရဲ့အကြံအစည်တွေကို ကျွန်မ မသိဘူးများ ထင်နေလား။ ရှင်တို့ချူးကလန်က တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ကျွန်မက ရိကလန်ကို ကိုယ်စားပြုပြီး လက်ခံပေးရမှာပေါ့။"

"ကျွန်မတို့ဖက်က လူတစ်ယောက်ကို အညံ့ခံခိုင်းဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး။"

All Chapters