← Chapters

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း ၃၂၂ ။ စားစရာလေ့ကျင့်မှု

"တာအိုရောင်းရင်းကူယွဲ့" ဘေးကလူကို မှတ်မိသွားပြီး တုန်းဝူရဲ့အမူအရာက ပျော်ရွှင်သွားကာ ဘေးကို အမြန်ရပ်ပြီး နွေးထွေးစွာပြုံးတော့တယ်။

"တာအိုရောင်းရင်းပြောတဲ့ ဓားဆယ်ချောင်းအင်းကွက်တွေရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျုပ်တို့ ဧည့်သည်ခန်းဆောင်ထဲမှာ ဆွေးနွေးကြမလား"

"သေချာပေါက်ပေါ့" ကူယွဲ့ မငြင်းဘဲ နောက်ကလိုက်ဖို့ ပြင်လိုက်တယ်။ ခဏနေတော့ သူ့ခြေလှမ်းတွေ ရပ်သွားပြီး နောက်ပြန်လှည့်ကာ ရှန်းရင်ကို ဆွဲခေါ်လိုက်ရတယ်။ ဒီတစ်ယောက်က သူသာ စောင့်ကြည့်မနေရင် သေချာပေါက် လမ်းပျောက်တော့မှာ။

"ဒီတစ်ယောက်က..." တုန်းဝူက ခုမှ ရှန်းရင်ကို သတိထားမိသွားတဲ့ပုံ။ သူ တွေးခဲ့တာ သူမက လေ့ကျင့်ဖို့ သွားမဲ့ တပည့်လားလို့။

"ကျုပ်ရဲ့... ဆရာတူညီမ ရှန်းရင်"

ကူယွဲ့ ပြန်ဖြေလိုက်တယ်။

"အိုး တာအိုရောင်းရင်းရှန်း၊ ကျေးဇူးပြုပြီး... အထဲကို ကြွပါ"

ဒီလိုနဲ့ သုံးယောက်သားက နတ်ကောင်းကင်ဂိုဏ်း ဧည့်သည်ခန်းမဆောင်ရှိရာဘက် အတူတူ သွားကြတော့တယ်။

နောက်မှာချန်ထားခံခဲ့ရတဲ့ လော့ဟုန် ။ ။ "..."

သူ ရုတ်တရက် ရိုးသားမှုဂိုဏ်းက ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းချုပ် သိပ်မလိုဘူးလို့ ခံစားလိုက်ရတယ်။

ကောင်းပြီလေ၊ အိမ်ပြန်ပြီး ဝိညာဉ်ကျောက်တုံးတွေကို ရေတွက်တာ ပိုကောင်းမယ်။

——————

ဒီတစ်ကြိမ် ရိုးသားမှုဂိုဏ်းကနေ လာတဲ့အရေအတွက်က မများဘူး။ စုစုပေါင်း ၃၀လောက်ပဲ။ မနက်ပိုင်းတုန်းက လော့ဟုန် သူတို့ကို လော့ထောင်ဦးဆောင်တဲ့အဖွဲ့နဲ့ ယိချင်းဦးဆောင်တဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲပေးခဲ့တယ်။

ယိချင်းက ပင်ကိုစရိုက် အေးစက်ပြီး စကားနည်းတယ်။ ဒါပေမဲ့ ဓားအင်းကွက်တွေမှာ သူ့ရဲ့ ကြမ်းကြုတ်ရက်စက်မှုကြောင့်ထင် တပည့်တွေက သူ့ကို အများကြီး အားကိုးကြပြီး မြင့်မားကာ သူတို့ လက်လှမ်းမမှီဘူးဆိုပြီး ပုံရိပ်ယောင်မြင်နေကြတယ်။ တူညီတဲ့အဆင့်နဲ့လူတွေအားလုံးက သူ့ကိုလေးစားကြပြီး အကြည့်တစ်ချက်တည်းနဲ့ သူတို့နာခံအောင် အတော်လေးလုပ်နိုင်တယ်။ ပြီးတော့ အများစုက ဓားကျင့်ကြံသူတွေ။ ဓားကျင့်ကြံမှုက ဓားတာအိုရဲ့နားလည်မှုကို အသားပေးပြီး အရေးကြီးဆုံးကတော့ လက်တွေ့တိုက်ခိုက်မှုတွေပဲ။ တစ်လုံးတည်းပြောရရင် လုပ်သာလုပ် ဆိုပြီးပဲရှိတယ်

ဒါကြောင့် သူတို့တွေက လမ်းလျှောက်ရင်း တခြားဝိညာဉ်ဆေးပင်တွေ၊ ဒါမှမဟုတ် လက်နက်သန့်စင်မှုကုန်ကြမ်းတွေကို သတိထားရှာပြီး မိစ္ဆာသားရဲတွေကို နည်းမျိုးစုံနဲ့ ရှောင်နေတဲ့ တခြားဂိုဏ်းတွေနဲ့ အတော်လေးကို ကွဲပြားတယ်။ သူတို့အုပ်စုက မိစ္ဆာသားရဲတွေအတွက်ပဲ လာခဲ့တာမို့ ရှောင်စရာမလိုတဲ့အပြင် အသိုက်တွေကိုပါ ရှာကြတယ်။ သူတို့က ဆန်းကြယ်ဘုံရဲ့အတွင်းပိုင်းတွေထိ တန်းတန်းမတ်မတ် သွားခဲ့တယ်။

ကံဆိုးမှုကြောင့်ထင် သူတို့လမ်းမှာကြုံတဲ့ မိစ္ဆာသားရဲတချို့က ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့်ပဲရှိတယ်။ သူတို့တွေ ဒီထက်ပိုအဆင့်မြင့်တာ တစ်ခုမှ မကြုံဘူး။ ဒုတိယနဲ့တတိယအဆင့် မိစ္ဆာသားရဲတွေက ချီမွမ်းမံမှု။

အဆင့်နဲ့တူတယ်။ သူတို့အတွက်လုံးဝ ခြိမ်းခြောက်မှုမရှိ။

သုံးရက်အကြာမှပဲ သူတို့ ပဉ္စမအဆင့်မိစ္ဆာသားရဲတစ်ကောင်နဲ့တွေ့တယ်။ လူတိုင်း ပျော်သွားပြီး

အင်းကွက်တစ်ခုဖန်တီးကာ စတင်တိုက်ခိုက်ကြတော့တယ်။ သူတို့ ခြောက်နာရီလောက်

အချိန်ဖြုန်းပြီးမှ အဲသားရဲကို အနိုင်ရခဲ့တယ်။ အဲချိန် ယိချင်းကလွဲ လူတိုင်း သူတို့ရဲ့ဝိညာဉ်စွမ်းအင်ကို သုံးပြီးပြီဖြစ်ကာ မလှုပ်နိုင်ကြတော့ဘူး။

ယိချင်းက တခြားသူတွေကိုကြည့်ပြီး သူ့ဓားကိုယူကာ သေနေတဲ့မိစ္ဆာသားရဲဆီ လျှောက်သွားလိုက်တယ်။ သူဓားကိုယမ်းလိုက်တော့ ဓားအလင်းရောင်က ဖျတ်ခနဲလက်သွားတယ်။ သူ မိစ္ဆာသားရဲကိုယ်ထဲကနေ ဝိညာဉ်ဆေးလုံးကို ထုတ်လိုက်ပြီး ကြည့်ကာ ရုတ်တရက် မော့ကြည့်မေးလာတယ်။

"ဘယ်သူ့မှာ ရေခဲဝိညာဉ်ကြောရှိလဲ"

အုပ်စုက မှင်တက်သွားပြီး တပည့်တစ်ယောက်က အူကြောင်ကြောင် လက်ကိုမြှောက်လာတယ်။

"ကျွန်တော်ပါ၊ ဒါပေမဲ့ ရေခဲနဲ့သစ်သားဝိညာဉ်ကြော၂ခုပါ"

"အိုး" ယိချင်းက လက်ထဲက မိစ္ဆာဝိညာဉ်ဆေးလုံးကို လှမ်းပစ်ပေးတယ်။

"ယူလိုက်"

"အာ... အာ" အဲတပည့်က ကြောင်အမ်းသွားပြီး အလိုလို လှမ်းဖမ်းလိုက်တယ်။

"ကျွန်တော့်ကို... ပေးနေတာလား" သူ ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ဘူး။ ဒါက မိစ္ဆာရဲ့ဝိညာဉ်ဆေးလုံးဖြစ်ပြီး ပဉ္စမအဆင့်နော် သူက ဒီလိုမျိုး ပေးပစ်တာလား။ လူတိုင်း စောနက တူတူတိုက်ခိုက်ခဲ့ကြပေမဲ့ ဆရာဦးလေးငယ်ကသာ အဓိကကျသူဆိုတာ လူတိုင်းသိတယ်။ သူ မရှိရင် သူတို့ ဒီမိစ္ဆာသားရဲကို အနိုင်ယူနိုင်လောက်မှာမဟုတ်ဘူး။

အကုန်လုံး အဲလိုကြောင်အမ်းအမ်း အမူအရာတွေနဲ့။ သူတို့ သေချာစဉ်းစားကြည့်တော့ လမ်းတစ်လျှောက် ဆရာဦးလေးငယ်က သူတို့ကို ဘေးကနေ စောင့်ရှောက်ပေးတာအပြင် တိုက်ခိုက်တာ ရှားပြီး ဘာမှလည်း ယူပုံမပေါ်။

ဒါက... အရမ်းကို ကိုယ်ကျိုးစွန့်လွန်းတာပဲ။

လူတိုင်းရဲ့နှလုံးသားက ခံစားချက်တွေနဲ့ နွေးထွေးကုန်တယ်။ သူတို့ တစ်ခုခုပြောမို့ရှိသေး မိစ္ဆာသားရဲရဲ့ ဟိန်းသံအကျယ်ကြီးကို ရုတ်တရက် ကြားလိုက်ရတယ်။ အရှေ့က သစ်ပင်တွေက လဲကျကုန်ပြီး မြေကြီးတောင် တုန်ခါနေပြီ။

လူအရပ်သုံးယောက်စာမြင့်တဲ့ သားရဲကြီးတစ်ကောင်က လူတိုင်းရှေ့မှာ။ သူ့ပုံစံက နွားရိုင်းတစ်ကောင်လိုပဲ၊ ဒါပေမဲ့ တစ်ကိုယ်လုံးမှာ အကြေးခွံတွေ။ ခေါင်းမှာ ချွန်မြတဲ့ ဦး‌ချိုနှစ်တန်းပါပြီး အနောက်မှာ အမြီးကိုးချောင်းက ယမ်းနေတယ်။ ခွာလေးချောင်းကနေ မီးတောက်တွေပါ ထွက်နေလေရဲ့။

သူက လူစုဆီ ကျယ်လောင်စွာ ဟိန်းဟောက်တော့ ချက်ချင်းပဲ ပူလောင်အိုက်စပ်တဲ့ အထိအတွေ့ ခံစားလိုက်ရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မီးစွဲကုန်သလိုပဲ။

"ဒါမီးတောက်ခွာသားရဲပဲ" တပည့်တစ်ယောက်က ထအော်တော့ လူတိုင်းရဲ့မျက်နှာ ဖြူစုတ်ကုန်တယ်။

"ဘုရားရေ၊ ဒါဆဋ္ဌမအဆင့်မိစ္ဆာသားရဲပဲ၊ ဒါ ရွှေအမြုတေအဆင့်နဲ့ ညီတယ်"

"ငါတို့ ဘာလုပ်ကြမလဲ၊ သူ့ကိုမနိုင်နိုင်ဘူး"

"ငါတို့မှာ အားမရှိတော့ဘူး၊ ဆရာဦးလေးငယ်၊ မြန်မြန်..."

ဘယ်သူမှ စကားမဆုံးခင် ဓားမိုးက သားရဲပေါ် ရွာချတယ်။ ချက်ချင်းပဲ လူတစ်ယောက်အရပ်သုံးဆစာ သားရဲကြီးက ဒယ်ပြားလိုဖြစ်သွားတယ်။ သူက ဘန်းခနဲ မြေကြီးပေါ် ဘုန်းဘုန်းလဲပြီး အသံမထွက်တော့ဘူး။

တပည့်အားလုံး ။ ။ "..."

"မင်းတို့ ဘာတွေပြောနေတာလဲ" ယိချင်းက နောက်လှည့်လာတယ်။

"ဘာ- ဘာမှမဟုတ်..."

"အိုး" ယိချင်းက ပြန်လှည့်သွားပြီး မိစ္ဆာသားရဲရဲ့ ဗိုက်ကို ဓားနဲ့တန်းခွဲကာ အနီရောင်အစေ့တစ်လုံး ထုတ်လိုက်တယ်။

"ဘယ်သူက မီးဝိညာဉ်ကြောလဲ"

"... ကျွန်... ကျွန်တော်ပါ"

"ယူလိုက်" သူက မိစ္ဆာအမြုတေကို ပစ်ပေးပြီး ဆောင့်ကြောင့်ထိုင်ချတယ်...။ နောက်တော့ သူ့ဓားနဲ့ အလောင်းဆီက အသားကို စလှီးတော့တာပဲ။

တပည့်အားလုံး ။ ။ "..."

ခဏနပေါဦး

သူတို့မျက်လုံးက သူတို့ကို လိမ်နေတာလား။ ဆရာဦးလေးငယ်က... မိစ္ဆာသားရဲအသားကို လှီးနေတယ်။

(⊙_⊙)

ဆေးလုံးသန့်စင်တာ ဒါမှမဟုတ် လက်နက်သန့်စင်တာမှာပဲဖြစ်ဖြစ် မိစ္ဆာသားရဲအသားက ကျင့်ကြံသူတစ်ယောက်အတွက် လုံးဝအသုံးမဝင်ဘူး။ ဆရာဦးလေးငယ်က ဘာကြောင့် အသားကိုလှီးနေတာလဲ။

သူက သူတို့ကို မိစ္ဆာအမြုတေတွေ ပေးပေမဲ့ သူတို့ အပြစ်ရှိသလိုခံစားရမှာ စိုးရိမ်လို့ သူတစ်ခုခုရတဲ့ပုံ ပေါ်အောင် အသုံးမဝင်တဲ့အသားတချို့ကို လှီးတဲ့ပုံ ဟန်ဆောင်နေတာလား။

တပည့်တွေ အချင်းချင်း ကြည့်ပြီး ရင်ထဲထိကုန်လို့ မျက်လုံးတွေမှာ မျက်ရည်တွေပြည့်လာတယ်။ အ... အရမ်း ရင်ထဲထိစရာပဲ။ သူတို့တွေ တကယ်တော့ ဒီလိုဆရာဦးလေးရတာ ကံကောင်းတာပေါ့။

"ဆရာဦးလေးငယ်" စောနက မီးဓာတ် မိစ္ဆာအမြုတေယူလိုက်တဲ့တပည့်က လက်ထဲက အမြုတေကို ကမ်းပေးလာတယ်။

"ကျွန်တော် တကယ်တော့... ဒီမိစ္ဆာအမြုတေကို အများကြီးအသုံးမလိုပါဘူး"

"ပြီးတော့ ကျွန်တော်ရောပဲ" ရေခဲယူတဲ့ တပည့်ကပါ ဝင်ပြောတယ်။

"ကျွန်တော်လည်း မလိုလောက်ဘူး"

ဒီတော့ ဆရာဦးလေးငယ်ဘာသာ သိမ်းထားလို့ရပါတယ်။ ကျွန်တော်တို့ကို ဂရုစိုက်တာပဲ မလုပ်ပါနဲ့။

ယိချင်း စိတ်ခံစားလွယ်နေတဲ့ အုပ်စုကို မော့ကြည့်ကာ ကြောင်အမ်းသွားတယ်။

"အိုး၊ ဒါဆိုလည်း လွှင့်ပစ်လိုက်လေ"

ပထမတပည့် ။ ။ "..."

ဒုတိယတပည့် ။ ။ "..."

ကျန်တဲ့တပည့်အားလုံး ။ ။ "..."

ယိချင်းက လူတိုင်းရဲ့မျက်နှာပေါ်က ဇဝေဇဝါအကြည့်ကို အာရုံမစိုက်။ သူက သိုလှောင်အိတ်ထဲ အသားကို ထိုးထည့်ပြီး လှည့်ပြောလိုက်တယ်။

"သွားကြစို့" အဲလိုပြောပြီး သူက ဆန်းကြယ်ဘုံရဲ့အတွင်းပိုင်းတွေဆီ လျှောက်လှမ်းခဲ့တယ်။

တခြားသူတွေ တစ်ယောက်နဲ့တစ်ယောက် ခဏကြည့်နေမိပြီး နောက်ကလိုက်ရတော့တယ်။ အထဲမှာတော့ သူတို့ပိုပြီးတောင် ရင်ထဲထိနေလေရဲ့။ ဆရာဦးလေးငယ်က သူတို့မရှက်အောင် မိစ္ဆာအမြုတေတွေကို ပြန်မယူတာပဲဖြစ်ရမယ်။ ဒီလိုပဲဖြစ်ရမယ်။

အဲလိုနဲ့ တူညီတဲ့အခြေအနေက နောက်ရက်တွေမှာလည်း ထပ်တလဲလဲဖြစ်နေတော့တယ်။

ပဉ္စမအဆင့် မိစ္ဆာသားရဲသတ်ခံလိုက်ရတယ်... ယိချင်းက အသားကိုလှီးနေလေရဲ့။

ပဉ္စမအဆင့် မိစ္ဆာသားရဲသတ်ခံလိုက်ရတယ်... ယိချင်းက အသားကို လှီးနေလေရဲ့။

သူတို့အဆင့်ထက် ကျော်လွန်တဲ့ သတ္တမအဆင့် မိစ္ဆာသားရဲကို သတ်နိုင်ခဲ့တယ်... ယိချင်းက အသားကို လှီးနေသေးတယ်။

သူတို့တွေ အဋ္ဌမအဆင့် မိစ္ဆာသားရဲနဲ့ကြုံတော့... ယိချင်းက အသားတစ်ပိုင်း ဖြတ်လို့ရအောင် အသည်းအသန် ကြိုးစားပြီး အတူတူ ထွက်ပြေးဖို့ သူတို့ကို ဦးဆောင်ခဲ့လေတယ်။

တပည့်အားလုံး ။ ။ "..."

ဆရာဦးလေးငယ်က လေ့ကျင့်ဖို့ အထဲလာတာ မဟုတ်ဘဲ ပါဝင်ပစ္စည်းတွေရှာဖို့ လာတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့်။ ဟင့်အင်း ဟင့်အင်း ဒါ သူတို့ ထင်ယောင်ထင်မှား ဖြစ်နေတာပဲဖြစ်ရမယ်။

…

အခန်း ၃၂၃ ။ ဆန်းကြယ်ဘုံအတွင်းပိုင်း

သူတို့တွေ အင်မတန်မြန်ဆန်တဲ့ အရှိန်နဲ့ ဆန်းကြယ်ဘုံရဲ့ အတွင်းပိုင်းကို ချဉ်းကပ်လာခဲ့တယ်။ သူတို့တွေ တတိယအဆင့်နဲ့အောက်က မိစ္ဆာသားရဲတွေကို အလှည့်ကျတိုက်ခိုက်ပြီး စတုတ္ထ ပဉ္စမအဆင့် မိစ္ဆာသားရဲကို တွေ့ရင်တော့ အတူတူတိုက်ခိုက်ကြတယ်။ ပဉ္စမအဆင့်အထက် သားရဲတွေအတွက်တော့ ဆရာဦးလေးငယ်က တိုက်ခိုက်ပေးတယ်။ အဋ္ဌမအဆင့်အထက် သားရဲတွေကို တွေ့ရင်တော့ တချိုးတည်း လစ်ပြေးကြတာပေါ့။ အန္တရာယ်များတဲ့ အခိုက်အတန့်တချို့ရှိခဲ့ပေမဲ့ သေဘေးအခြေအနေတွေတော့ မရှိခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆန်းကြယ်ဘုံက ရွှေအမြုတေအဆင့်က ဆန်းကြယ်ဘုံလေးတစ်ခုသာသာပဲ။

ယိချင်းက ရက်နှစ်ဆယ်ကျော် သားရဲတွေကို တိုက်ခိုက်ဖို့ အဖွဲ့ကို ဦးဆောင်ခဲ့တယ်။ သူ့ဘက်က သိုလှောင်အိတ်က အသားတစ်တုံးတောင် မထည့်နိုင်တော့မှ အဖွဲ့ဘက်လှည့်ပြီးပြောလေတယ်။

"ပြန်သွားကြရအောင်"

သူတို့ရဲ့ဝိညာဉ်ကြောတွေနဲ့ ဆိုင်တဲ့ မိစ္ဆာအမြုတေပုံကြီးကိုင်ထားတဲ့တပည့်တွေ ခေါင်းညိတ်လိုက်တယ်။ နောက်ဆုံးတော့ သူဆို့ ဆက်ပြီးသွားစရာမလိုတော့ဘူးပဲ။ မဟုတ်ရင် ဒီဆန်းကြယ်ဘုံထဲက မိစ္ဆာသားရဲတွေ တကယ်ပဲ မျိုးသုဉ်းသွားလောက်တယ်မလား။

သူတို့တွေ အမြန်ဆုံးအရှိန်နဲ့ ဓားတွေပေါ် ပျံတက်ကာ ပြန်ပျံဖို့လုပ်ပေမဲ့ အဝေးကနေ အစိမ်းရောင်အလင်းတစ်ခု တောက်ပလာတယ်။ လေထဲ ဘန်းခနဲပေါက်သွားပြီး ဖြည်းဖြည်းချင်း ပန်းပုံစံပေါ်လာတယ်။

"ဒါ... နီစိမ်းဂိုဏ်းရဲ့ အရေးပေါ်အချက်ပြမှုပဲ" တပည့်တစ်ယောက်က ထအော်တယ်။

"ဒီနေရာနဲ့ သိပ်ဝေးပုံမ‌ပေါ်ဘူး၊ တစ်ယောက်ယောက်က ဒုက္ခရောက်နေတဲ့ပုံပဲ"

အုပ်စုက ခေါင်းဆောင်နေတဲ့လူကို စူးစမ်းမှုနဲ့ ပြန်လှည့်ကြည့်လိုက်တယ်။

ယိချင်းက မျက်မှောင်ကြုတ်ကာ သူတို့ကိုလှမ်းကြည့်လိုက်တယ်။

"မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်ကြ၊ ငါ တစ်ချက်သွားကြည့်မယ်"

အဲလိုပြောပြီး သူကပျောက်ကွယ်လာတဲ့ အချက်ပြမှုရှိရာဘက် ပျံသန်းလာခဲ့တယ်။ တခြားတပည့်တွေက သူတို့ဓားတွေကို ထုတ်ကာ အနောက်ကလိုက်လာတယ်။

ဒါက ဆန်းကြယ်ဘုံထဲ အတော်လေး အတွင်းပိုင်းရောက်နေပြီမို့ တခြားဂိုဏ်းတွေကို မတွေ့ရတော့သလောက်ပဲ။ ဒါကြောင့် ဒီမှာပို့လွှတ်လိုက်တဲ့ အကူအညီအတွက် အချက်ပြမှုတွေက လူအနည်းစုပဲ မြင်ရလောက်တယ်။ သူတို့အပြင် အနားမှာ တခြားသူ ဘယ်သူမှမရှိတာလည်း ဖြစ်နိုင်တယ်။ သူတို့တွေက ဂိုဏ်းမတူပေမဲ့လည်း နှစ်ခုလုံးက အမတဂိုဏ်းတွေ။ ကူညီလို့ရရင် ကူညီမှာပေါ့။

အဲအချက်ပြမှုရှိရာဘက်က သိပ်မဝေးတာမို့ မိနစ်အနည်းငယ် ပျံသန်းပြီးနောက်မှာတင် သူတို့ ရောက်သွားခဲ့ကြတယ်။ အရင်ဆုံးရောက်သွားတဲ့ ယိချင်းက မြေကြီးပေါ် ဆင်းသက်ပြီးနေပြီဖြစ်ပြီး အရှေ့ကို မျက်နှာထားတင်းမာစွာ ကြည့်နေတယ်။ ပိန်းပိတ်အောင် မည်းနက်နေတဲ့ညွှန်စိမ့်တစ်ခုက သူတို့ရှေ့မှာ။ အမည်းရောင်ချီခပ်ပါးပါးအလွှာက အဲပေါ်ရှိနေပြီး ရွံစရာပူစီဖောင်းတွေက ဆူပွက်နေသလိုမျိုး ညွှန်ထဲကနေ ထွက်နေတယ်။ အသက်မသွင်းရသေးတဲ့ ဓမ္မလက်နက်တချို့က ညွှန်ပေါ်မှာ လွင့်မျောနေတယ်။

"ဆရာဦးလေးငယ်" တခြားတပည့်တွေက တစ်ယောက်ပြီးတစ်ယောက်ဆင်းလာကာ သူတို့အားလုံး ရှေ့ကညွှန်ကိုကြည့်လိုက်တယ်။

"ဒါက ဘယ်လိုလုပ် ဒီလိုဖြစ်နေတာလဲ၊ ဘာကြောင့် ရွှံ့ထဲမှာ မိစ္ဆာအရှိန်အဝါတွေ အများကြီးရှိနေရတာလဲ"

သူတို့ သေချာစဉ်းစားဖို့ အချိန်မရခင် ပျော်ရွှင်စွာ အံ့ဩသွားသံကို ကြားလိုက်ရတယ်။

"ဘေးအိမ်က အစ်ကိုကြီး ရှင်ပဲ"

သူတို့တွေ မှင်တက်သွားပြီး ညွန်အလယ်ကို လှမ်းကြည့်လိုက်ကြတယ်။ ညွှန်အလယ်က သစ်ပင်ကြီးတစ်ပင်က တုန်ခါသွားတယ်။ သူ့ကိုင်းတွေနဲ့ အရွက်တွေက ဟသွားတော့ နည်းနည်း ကလေးဆန်တဲ့ မျက်နှာတစ်ခုပေါ်လာတယ်။ သူမက ရှည်လျားတဲ့ ပန်းရောင် ဝတ်ရုံတစ်ခုဝတ်ထားပြီး အသက် ၁၃ ၁၄ အရွယ်။ သူမကိုယ်ခန္ဓာတစ်ဝက်က ရွှံ့ထဲမြုပ်နေပြီ။ လက်တစ်ဖက်က ပြုတ်ကျမှာကို ကြောက်သလိုမျိုး သစ်သားကိုင်းတစ်ခုကို တင်းတင်းဆုပ်ကိုင်ထားတယ်။ ဖြစ်နိုင်တာက သူမ ဆုပ်ကိုင်ထားတဲ့ သစ်ပင်ရဲ့ အရွက်တွေကထူလွန်းလို့ စောနက သူမကိုမမြင်ခဲ့တာပဲ။

"ညီမငယ်တစ်ယောက်ပဲ" ယိချင်းနောက်က တပည့်တစ်ယောက်က စိုးရိမ်ပူပန်သွားပြီး အလိုလို ရှေ့ကို ခြေနှစ်လှမ်းတိုးမိလိုက်တယ်။

"ခဏ"

"မလုပ်နဲ့"

ညွှန်ထဲက မိန်းကလေးနဲ့ ယိချင်း ပြိုင်တူအော်လိုက်ပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။ တပည့်ရဲ့ ခြေတစ်ဖက်က ညွှန်ထဲကို နင်းမိသွားပြီမို့ ချက်ချင်းပဲ ညွှန်တစ်ခုလုံးကို အသက်သွင်းလိုက်သလိုမျိုး အမည်းရောင်လှိုင်းကြီးတစ်ခု ပုတ်ခတ်ကာ ကောင်လေးဆီရောက်လာတယ်။

"နောက်ဆုတ်" ယိချင်း သူတို့ကို ကျယ်လောင်စွာ သတိပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ဓားနဲ့ အဲလှိုင်းမည်းကြီးကို ဖြတ်ခုတ်ဖို့ လွှဲယမ်းလိုက်ကာ နောက်ကို ခြေလှမ်းအနည်းငယ် ယိုင်သွားခဲ့တယ်။

"ဆရာဦးလေးငယ်၊ ခင်ဗျားနောက်မှာ..." တပည့်တစ်ယောက်က ထိတ်လန့်တကြား အော်တယ်။

သူတို့ နောက်လှည့်ကြည့်လိုက်တော့ ညွန်က သူတို့နောက်ကို ရောက်နေပြီဖြစ်ပြီး အလယ်မှာ ဝိုင်းထားလိုက်ပြီ။

"ဓားကိုစီးဖို့သုံးကြ" ယိချင်း အားလုံးကို ပျံတက်ဖို့ သတိပေးလိုက်တယ်။

တပည့်တွေက လက်သိုင်းကွက်တွေ စထုတ်သုံးကြပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။ ညွှန်က သူတို့ခြေထောက်အောက် ပျံ့နေတယ်။ သူတို့စောနလေးကတင် စုဝေးထားတဲ့ ဝိညာဉ်ချီက ချက်ချင်းဗလာကျင်းသွားပြီး သူတို့ခန္ဓာကိုယ်တွေ ထိန်းချုပ်မရစွာ စတင်နစ်မြုပ်လာတယ်။

"ဒီရွှံ့က ဝိညာဉ်ချီကို စုပ်နိုင်တာပဲ" တပည့်တွေ ထိတ်လန့်ကုန်တယ်။

ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ လူတိုင်း ညွန်ကြောင့်နစ်မြုပ်တော့မှာကို မြင်နေတော့ ဓားကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး ဓားချီတွေ သူ့တစ်ကိုယ်လုံးမှာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာတယ်။ သူဓားကို အလျင်စလို မြန်ဆန်တဲ့ အမူအရာနဲ့ ဝှေ့ယမ်းပြီး ညွန်နက်ကြီးကို ထိမှန်အောင် ဓားချီသောင်းချီ ထုတ်သုံးလိုက်တယ်။ အဲညွှန် နောက်ကို ဆုတ်သွားသွားချင်းမှာ ပိတ်မိနေတဲ့ တပည့်တွေကို တစ်ယောက်ပြီးတစ်ယောက် အပြင်ပစ်ထုတ်တော့တယ်။ ဒါပေမဲ့ ဒါက သူ့ကို ရွှံ့ထဲပိုပိုပြီး နစ်မြုပ်သွားစေလေရဲ့။

"ဆရာဦးလေးငယ်" တခြားတပည့်တွေ သူ့ရည်ရွယ်ချက်ကိုမြင်တော့ ချက်ချင်း ရင်ထဲထိသလို အင်မတန်လည်း ပူပန်သွားကြတယ်။ ဒီနှုန်းနဲ့ဆို သူ ပြန်လာနိုင်မှာမဟုတ်ဘူး

"သွား" ယိချင်းက နောက်ဆုံးတပည့်ကို အပြသ် ပစ်ထုတ်လိုက်ပြီး အသံဩရှရှနဲ့ပြောလိုက်တယ်။ ပြီးတော့ သူကိုယ်တိုင်ကတော့ ပင်ပန်းမှုကြောင့် ရွှံ့ထဲပိုတောင်နစ်မြုပ်သွားခဲ့လေရဲ့။ သူ ဆရာ့ရှေ့မှာ ဒီတပည့်တွေကို စောင့်ရှောက်မယ်လို့ပြောခဲ့တာမို့ တစ်ယောက်ချင်းစီ ဘေးကင်းမှဖြစ်မယ်

"ဆရာဦးလေးငယ်" သူတို့ အသည်းအသန် အော်လိုက်ပေမဲ့ ညွှန်နက်ကြီးက ယိချင်းခေါင်းထိပ်ကို လွှမ်းသွားပြီး သူရော စောနက နီစိမ်းဂိုဏ်းက မိန်းကလေးကိုပါ ပကတိအမှောင်ထုထဲ ဆွဲခေါ်သွားတာကို ကြည့်နေရုံပဲတတ်နိုင်ခဲ့တယ်။

***

နတ်ကောင်းကင်ဂိုဏ်း ဧည့်သည်ခန်း။

"အာ" စားသောက်နေတဲ့ ရှန်းရင်က ရုတ်တရက် ထရပ်တယ်။

"မင်း ဘာလုပ်နေတာလဲ" ကူယွဲ့ သူ့ကိုလှမ်းကြည့်လိုက်တယ်။

ရှန်းရင်က ခေါင်းစောင်းသွားပြီး ‌တစ်ခဏအကြာမှာတော့ ပုံမှန်အမူအရာနဲ့ ပြန်ထိုင်ချလေတယ်။

"ဘာမှမဟုတ်ပါဘူး၊ ထိုင်ပါများပြီး ကျောညောင်းလာလို့"

"ဖွီ" အလုပ်ရှုပ်လိုက်တာ ကူယွဲ့မျက်နှာပေါ် အထင်သေးတဲ့အမူအရာက အတိုင်းသား။

***

"ဆရာတူအစ်ကို ကျွန်မတို့ဘာလုပ်ကြမလဲ" ကယ်ခံလိုက်ရတဲ့ တပည့်တွေက လေထဲ သူတို့ဓားတွေပေါ်မှာ။ တိတ်ဆိတ်နေတဲ့ ညွှန်ကို စိတ်ပူပန်စွာ ငုံ့ကြည့်နေပြီး မျက်ရည်တွေက ထိန်းချုပ်မရစွာ ကျဆင်းနေကြတယ်။ ဆရာဦးလေးငယ်က သူတို့ကြောင့် အထဲကို စုပ်ယူခံလိုက်ရတာပဲ။

"ခဏ" သူတို့ထဲ အဆင့်အမြင့်ဆုံး တပည့်က နှုတ်ခမ်းကိုကိုက်တယ်။

"ဆရာဦးလေးငယ်က အရမ်းတော်လို့ သတ္တမအဆင့် မိစ္ဆာသားရဲကိုတောင် အနိုင်ယူနိုင်တာ၊ သေချာပေါက် အဆင်ပြေပါလိမ့်မယ်၊ ငါတို့ ဘယ်လိုပဲဖြစ်ဖြစ် သူပြန်ထွက်လာတဲ့ထိ စောင့်ကြမယ်"

"ဟုတ်တယ် ဆရာဦးလေးငယ်ကို ယုံတယ်၊ သူ သေချာပေါက် ထွက်လာနိုင်မှာ"

တခြားတပည့်တွေက သဘောတူကြောင်း ခေါင်းညိတ်ကြတယ်။

"ငါရောပဲ၊ သူထွက်မလာခင်ထိ ‌ဒီမှာစောင့်မယ်"

"ငါရောပဲ‌၊ သူက ငါတို့အသက်တွေကို ကယ်ခဲ့တာ၊ အဆိုးဆုံးမှ ဒီညွှန်နဲ့ အဆုံးထိ တိုက်ခိုက်ရုံပေါ့"

"ကောင်းပြီ၊ ဒါဆို ငါတို့နေကြမယ် ဒီမှာ တစ်ရက်စောင့်တာပေါ့၊ တကယ်လို့ အဲချိန်ထိ ဆရာဦးလေးငယ် ထွက်မလာသေးရင် ငါတို့ဝင်သွားပြီး တိုက်ခိုက်ကြမယ်"

"ကောင်းပါပြီ" တပည့်တွေ ခေါင်းညိတ်လိုက်ပြီး အားလုံး သူတို့ဓားတွေပေါ် ထိုင်ချလိုက်ကြတယ်။ ဝိညာဉ်ချီပြန်စုဖို့ တရားထိုင်ကြရင်း အောက်က ညွှန်ကို စိုက်ကြည့်နေကြလေတယ်။ သူတို့အားလုံး သုံးရက်အတွင်း ဆန်းကြယ်ဘုံတစ်ခုလုံး ပိတ်တော့မယ်ဆိုတာကို တစ်ခဏတာ မေ့သွားကြပုံပဲ။

***

ယိချင်းက အောက်ကို ကျဆင်းလာရင်း သူ့ရှေ့က အမှောင်ထုကို ခံစားလိုက်ရတယ်။ သူ့ကိုယ်က ချက်ချင်း ဗလာကျင်းသွားသလိုမျိုး ဘာဝိညာဉ်စွမ်းအင်မှ စုဆောင်းမရဘူး။ ပြီးတော့ ခန္ဓာကိုယ်က ပိုလေးလာပြီး တစ်စုံတရာက သူ့ကို ခပ်တင်းတင်းညှစ်နေလေရဲ့။ သူ့အနားကိုကပ်လာတဲ့ လေတိုးသံတွေကိုလည်း ဝိုးတဝါးကြားရတယ်။

သူ့နှလုံးသား တင်းကြပ်သွားတယ်။ သူ ချက်ချင်း သူ့တစ်ကိုယ်လုံးပေါ် ဓားချီတွေ တန်းဆွဲထုတ်လိုက်ပြီး ခန္ဓာကိုယ်မှာ ဝန်းရံထားလိုက်တယ်။ တစ်စုံတရာက သူ့ဘေးကနေ ပြန်ခုန်ထွက်သွားပြီး ညှစ်နေတဲ့အဲခံစားချက် ပျောက်ကွယ်သွားတယ်။

ပတ်ဝန်းကျင်က ပိန်းပိတ်အောင် မှောင်နေဆဲပဲ။ သူ အဖြေသိရအောင် ကောင်းကင်စိတ်အာရုံကို လွှတ်ဖို့ပဲရှိတော့တယ်။ အဲတော့မှ သိလိုက်ရတာက သူ အဆုံးမရှိတဲ့တွင်းကြီးလိုမျိုး တစ်စုံတစိခုထဲ အဆက်မပြတ်နစ်မြုပ်နေတယ်ဆိုတာကိုပဲ။ မိစ္ဆာအရှိန်အဝါတွေ စုပြုံနေတဲ့ သူ့ခြေထောက်အောက်မှာ လေပြင်းဓားတွေကို မထင်မရှားမြင်နေရတယ်။ သူတို့တွေက တချွင်ချွင်အသံတွေ ထွက်နေလေရဲ့။ လေပြင်းဓားနံရံတစ်ခု ဖန်တီးထားပြီး သူတို့က ညွှန်နက်ကြီးကို တိုက်ရိုက်ပိတ်ဆို့ထားသလိုပဲ။

…

အခန်း ၃၂၄ ။ ဆန်းကြယ်ဘုံထဲမှဘုံ

လေနံရံဘက်ခြမ်းမှာ ပန်းရောင်သဏ္ဌာန်ကိုယ်ခန္ဓာတစ်ခု နစ်မြုပ်နေပေမဲ့ အဲလူက ခံစားချက်မရှိသလိုမျိုး လေပြင်းဓားတွေ သူ့ကိုထိမှန်ကာ သွေးရာတွေပေါ်လာတာတောင် တုံ့ပြန်မှုမရှိဘူး။

ယိချင်း သူမက အရေးပေါ်အချက်ပြမှုကို ပို့တဲ့လူဆိုတာ မှတ်မိသွားတယ်။ သူ ဓားချီတွေကို သူမကို ဝိုင်းပြီး လေပြင်းဓားတွေရော ညွှန်ဆီကနေပါ ကာကွယ်လို့ရအောင် ပို့လွှတ်လိုက်တယ်။

နှစ်ယောက်သား လေပြင်းဓားတွေရဲ့ အောက်ခြေထိ ဆက်နစ်မြုပ်လာခဲ့တယ်။ ဆယ့်ငါးမိနစ်လောက် အကြာမှာတော့ လေပြင်းဓားတွေရော ညွန်ပါ ပျောက်ကွယ်သွားပြီး အောက်ကနေ ခပ်ရေးရေးအလင်းရောင်တစ်ခု ထွက်လာတယ်။ သူ့ကိုယ်ပေါ်က အရှိန်အဝါက တစ်နည်းနည်းနဲ့ နည်းနည်းပြန်ကောင်းလာတယ်။ သူတို့တွေ အောက်ခြေကို ရောက်နေတဲ့ပုံပဲ။

ယိချင်း သူ့ဝိညာဉ်ချီကို ထိန်းချုပ်ကာ အောက်ကို တန်းပျံသန်းသွားပြီး လမ်းမှာ တစ်ခါတည်း ကလေးမကိုပါ လှမ်းဖမ်းလိုက်တယ်။

မကြာခင် သူတကယ်ပဲ နေရာလွတ်တစ်ခုပေါ် ဆင်းသက်ရတယ်။ သူတို့ မြေအောက်ထဲရှိနေတာ ဖြစ်လောက်ပေမဲ့ ဒါက တမင်သက်သက် ဖန်တီးထားတဲ့နေရာလိုပဲ။ အရမ်းကိုကျယ်ပြန့်ပေမဲ့ မှောင်မည်းနေဆဲ။

ယိချင်း မြေကြီးပေါ်က ကလေးမကို ကြည့်လိုက်ကာ လက်သိုင်းကွက်တစ်ခု ဖန်တီးပြီး သူမမျက်ခုံးတွေကြား ညွှန်လိုက်တယ်။ နောက်အခိုက်အတန့်မှာတော့ ကောင်မလေးက နိုးလာခဲ့ပြီ။

"ဒါ... ဒါ ဘယ်နေရာလဲ" သူမက သွေးပျက်စွာနဲ့ ဟိုဟိုဒီဒီကြည့်တယ်။

ယိချင်း မီးတောက်တစ်ခုဆင့်ခေါ်ပြီး သူတို့ပတ်ဝန်းကျင်ကို ယာယီ ထိန်လင်းစေလိုက်တယ်။ ဒီတော့မှ ကလေးမက သူမဘေးက ယိချင်းကိုမြင်သွားတယ်။ အစက ထိတ်လန့်သွားပေမဲ့ နောက်တော့ အင်မတန် ပျော်ရွှင်သွားပါလေရော။

"ဘေးအိမ်က အစ်ကိုကြီး တကယ် ရှင်ပဲ၊ နောက်တစ်ကြိမ် ပြန်တွေ့ရတာ ကောင်းလိုက်တာ"

"မင်းက..." ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့ တွေ့ဖူးတာလား။

"ကျွန်မလေ ကျွန်မ" သူမက မျက်နှာကို အလောတကြီး လက်ညှိုးထိုးတယ်။

"နျိုနျိုလေ၊ အရင်က ဘေးအိမ်မှာနေခဲ့တာလေ"

ယိချင်း တစ်ခဏ မင်သက်သွားတယ်။ သူ့ခေါင်းထဲ နှပ်ချေးတွဲလောင်းနဲ့ ကလေးမတစ်ယောက်ပုံရိပ် ပေါ်လာပြီး အံ့ဩတကြီး ကြည့်လိုက်မိတယ်။

"မင်းက အမေဝမ်ရဲ့ မြေးမလား"

"အင်းအင်း" သူမက အသည်းအသန် ခေါင်းညိတ်တယ်။

"ကျွန်မ အစ်ကိုကြီးကို အမြဲ သတိရနေတာ၊ ဒါကြောင့် အစ်ကိုကြီး ကျင့်ကြံသူ ဖြစ်လာတော့ ကျွန်မရောပဲ ကျွန်မ နီစိမ်းဂိုဏ်းထဲဝင်တော့ ဆရာက နာမည်အသစ်ပေးခဲ့တာ၊ ခုပိုင်ဟယ်လို့ခေါ်တယ်"

ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။ မျက်နှာပေါ်မှာတော့ အေးစက်တည်ကြည်တဲ့အကြည့် ရှိနေဆဲ။

"ဒါက အဲညွန်ရဲ့အောက်ခြေပဲ၊ ပြီးတော့ အန္တရာယ်များတယ်၊ ငါတို့တွေ တစ်ချိန်လုံး သတိထားပြီး ဂရုစိုက်ရမယ်"

ပိုင်ဟယ်က ခေါင်းညိတ်ကာ အလောတကြီးထရပ်တယ်။

"ဂရုစိုက်ပြီး ဘေးအိမ်က အစ်ကိုကြီးနောက် လိုက်ပါ့မယ်"

"ငါက ယိချင်းလို့ခေါ်တယ်" သူ ဟိုဟိုဒီဒီကြည့်ရင်း သူမကို ပြန်ဖြေလိုက်တယ်။

"ဝင်ပေါက်တော့ ရှိလောက်တယ်၊ ဟိုဟိုဒီဒီကြည့်တာပေါ့"

"ကောင်းပါပြီ" ပိုင်ဟယ် ချက်ချင်း စိတ်လှုပ်ရှားသွားတယ်။ သူမ သူ့နောက်လိုက်ဖို့ အလျင်စလိုလုပ်ပြီး မျက်ဝန်းထဲမှာတော့ သူမဘေးကလုံးဝကို ယုံကြည်မှုအပြည့်။

နှစ်ယောက်သား ဆယ့်ငါးမိနစ်လောက် ရှေ့ကိုဆက်လျှောက်ခဲ့ပေမဲ့ ဘာမှရှာမတွေ့။ အဲတော့မှပဲ ယိချင်းနားလည်လိုက်တာ ဒီနေရာက ကြီးပြီး အရမ်းကို ဗလာကျင်းနေတယ်ဆိုတာပဲ။ အထောက်အပံ့အတွက် ဖြစ်ပုံပေါ်တဲ့ တိုင်လုံးတချို့အပြင် တခြားဘာမှကို မမြင်ရဘူး။

အဲဒီတိုင်လုံးတွေအကုန်လုံးကို ကျင့်ကြံသူတွေရဲ့ အရေးအသားနဲ့မတူဘဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကပုံပေါက်တဲ့ ထူးဆန်းတဲ့ အက္ခရာတွေအားလုံးနဲ့ ထွင်းထားတာပဲ။ အက္ခရာထွင်းတာတွေက နည်းနည်းဝိုးတဝါးဖြစ်နေတယ်။ နှစ်ယောက်သား ရှေ့ကို ဆက်လျှောက်လာလိုက်တာ အဲဒီတိုင်လုံးတွေတောင် မပြည့်စုံတော့ဘူး။ အများစုက ပြိုလဲနေပြီးသားတွေ။ ယိချင်း သူတို့အစွန်းဖျားနဲ့ မဝေးတော့ဘူးလို့ ခံစားလိုက်ရတယ်။

ရုတ်တရက် တောက်ပတဲ့အလင်းရောင်တစ်ခုက ဘယ်ကမှန်းမသိပေါ်လာပြီး ဂါထာတချို့ အသက်သွင်းခံရသလိုမျိုးအသံတွေ ထွက်လာတယ်။ နောက်တော့ ဘန်းခနဲအသံကျယ်ကြီး ပေါ်လာလေရဲ့။

ယိချင်းက မျက်မှောင်ကြုတ်ကာ သူ့နောက်ကလူကိုကြည့်ပြီး တစ်ချိန်တည်းမှာပဲ အဲအရပ်မျက်နှာဆီ ဓားပေါ်စတင်ပျံသန်းခဲ့တယ်။

နောက်အခိုက်အတန့်မှာတော့ စံအိမ်ကြီးတစ်ခု ရုတ်တရက် သူတို့ရှေ့ပေါ်လာတယ်။ ဒါပေမဲ့ သူ့ရဲ့အပြင်ပိုင်းကို ထူထဲကာ အလွယ်တကူ ဖောက်ထွက်လို့ရပုံ မပေါ်တဲ့ မိစ္ဆာအငွေ့အသက်တွေနဲ့ အမည်းရောင်အလွှာတစ်ခုရှိနေတယ်။

အဲမိစ္ဆာအငွေ့အသက်ရဲ့အရှေ့မှာတော့ လူတစ်ယောက်ရပ်နေတယ်။ သူက ရှည်လျားတဲ့ စိမ်းဖန့်ဖန့်မီးခိုးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်က မဆိုစလောက်ရှုပ်ပွနေတယ်။

သူက မိစ္ဆာအရှိန်အဝါကို အဆက်မပြတ် တိုက်ခိုက်နေပုံက ဝင်ဖို့ကြိုးစားနေသလိုပဲ။

"ဘယ်သူလဲ" အဲလူက သူတို့ကို သတိထားမိသွားပုံပေါ်ပြီး ပြန်လှည့်ကြည့်လာတယ်။

ယိချင်းနဲ့ ပိုင်ဟယ် အောက်ကို ပျံဆင်းလာပြီး သူနဲ့ ပေအနည်းငယ်အကွာမှာ ဆင်းသက်လိုက်တယ်။

"ယိချင်း မင်းပဲ" အဲလူမျက်လုံးတွေက ရုတ်တရက် ကျုံ့သွားပြီး ခံစားချက်မျိုးစုံ မျက်နှာပေါ် ဖြတ်ပြေးသွားခဲ့တယ်။ ကြည့်ရတာ အံ့ဩမှု၊ မချင့်မရဲဖြစ်မှု၊ ဒါမှမဟုတ် ရန်ငြိုးလိုမျိုးပဲ။ ဒါပေမဲ့ ချက်ချင်း ဒါတွေအားလုံး ပျောက်သွားပြီး သူတို့ကို မှုန်သုန်သုန် လှမ်းကြည့်တယ်။

"မင်းလည်း အရည်အချင်းနည်းနည်း ရှိမယ်မထင်ခဲ့ဘူး၊ ဒီကို တကယ်ရောက်လာတာပဲ"

ယိချင်းက လုံးဝ ဇဝေဇဝါဖြစ်သွားတယ်။

"မင်းက..."

အဲဒါဘယ်သူလဲ။

အဲလူမျက်နှာက တင်းမာသွားပြီး ဒေါသတွေ မီးမြှိုက်ခံလိုက်ရသလိုမျိုး သူ့ကိုယ်ထဲကနေ တလိပ်လိပ် တက်လာတယ်။ ဝါးစားမတတ်ပုံစံနဲ့ သူက ကြည့်တော့တယ်။

"မင်းက ငါ့ကိုမသိဘူးလို့ ပြောရဲတယ်လား"

"မသိဘူး" သူချက်ချင်း ဖြေလိုက်တယ်။

"မင်း..." အဲလူက ပိုတောင်ဒေါသထွက်လာကာ မျက်နှာထားက ပျက်ယွင်းသွားပြီး သူ့ဆီ တစ်ရှိန်ထိုး ပြေးလာကာ ဓားနဲ့ထိုးဖို့ပြင်နေသလိုမျိုးပဲ။ အတော်ကြာပြီးနောက်မှာတော့ တစ်ခုခုကို သတိရသွားလို့ထင် အသက်ပြင်းပြင်းရှူပြီး အံကြိတ်ပြောတယ်။

"ငါက ကျင်းချီ"

"ကျင်း... ချီ" ယိချင်း ခေါင်းကိုငုံ့ပြီး အသေအချာစဉ်းစားကာ ပိုတောင် မျက်မှောင်ကြုတ်သွားတယ်။ အဲဒီ ဆိုးဆိုးဝါးဝါး စိုက်ကြည့်မှုတွေကို ကြည့်ပြီး နောက်ဆုံးတော့ မှတ်မိသွားသလိုမျိုး မျက်ဝန်းတွေ တောက်ပသွားလေရဲ့။

"အိုး... ခွေးပဲ"

"..." ဘယ်သူက ခွေးတုံး။

"ဒါဆို ဒါ အစ်ကိုကြီခွေးပေါ့" ဘေးက ပိုင်ဟယ်က မျက်နှာပေါ် စိတ်လှုပ်ရှားနေတဲ့ အမူအရာ၊ အလင်းရောင် ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ရှေ့ကို တစ်လှမ်းတိုးလာတယ်။

"အစ်ကိုကြီးခွေးလည်း ကျင့်ကြံနေတာပေါ့၊ အရမ်းကိုကောင်းတယ် ကျွန်မက နျိုနျိုလေ၊ အစ်ကိုကြီးခွေး ကျွန်မကို မှတ်မိလား အစ်ကိုကြီးခွေး၊ ပြန်တွေ့ရမယ် မထင်ခဲ့ဘူး အစ်ကိုကြီးခွေး"

ကျင်းချီ အကြိမ်ပေါင်းများစွာ ဓားနဲ့ထိုးခံရသလို ခံစားရပေမဲ့ သူတို့ကို ဒေါသမထွက်နိုင်။ သူ အချိန်အတော်ကြာ အံကြိတ်ပြီးနောက်မှာတော့ သည်းခံလိုက်တယ်။

"နျိုနျို..." သူ့မျက်နှာက အကြိမ်ပေါင်းများစွာ ရှုံ့မဲ့နေတာ၊ မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့ရလို့ ပျော်ရွှင်မှုအရိပ်အယောင် နည်းနည်းလေးတောင် မရှိဘူး။ ပြုံးဖို့ ခက်ခက်ခဲခဲ ကြိုးစားနေသလိုမျိုးပေမဲ့ ပိုပြီးတောင် ခက်ထန်တဲ့အမူအရာအဖြစ် အဆုံးသတ်သွားခဲ့တယ်။

"မင်းမှာလည်း ခုနာမည်သစ် ရှိပြီထင်တာပဲ"

"ဒါပေါ့၊ ပိုင်ဟယ်လို့ ခေါ်တယ်လေ၊ ဆရာ ကျွန်မကို နာမည်ပေးခဲ့တာ"

"ပိုင်ဟယ်၊ ငါက ခုကျင်းချီလို့ခေါ်တယ်၊ မင်း ငါ့ကို ကျင်းချီလို့ပဲ ခေါ်လို့ရတယ်"

"ကောင်းပါပြီ အစ်ကိုကြီးခွေး၊ ကိစ္စမရှိပါဘူး အစ်ကိုကြီးခွေး"

"..." သူ လူသတ်မိလုနီးပါးပဲ။

"ဒါ ဘယ်နေရာလဲ" ယိချင်းက ရုတ်တရက် ပြောလာပြီး တစ်စုံတစ်ယောက်ရဲ့ ကြီးထွားလာတဲ့ သတ်ဖြတ်လိုစိတ်အရှိန်အဝါကို ကြားဖြတ်တယ်။

ကျင်းချီက မှင်တက်သွားပြီး ခုမှပဲ သူ့ရည်ရွယ်ချက်ကို သတိရသွားခဲ့တယ်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်တယ်။ စိတ်အေးအေးထား... သူ အဲပစ္စည်းကိုယူပြီး... ဒီဆန်းကြယ်ဘုံထဲကနေ ထွက်ပြီးချိန် သေချာပေါက် သူဒီနေ့ ဆုံးရှုံးခဲ့ရတဲ့ သိက္ခာကို ကျိန်းသေပေါက် ပြန်ယူမယ်။ သူ ရှေ့ကိုတက်ကာ တန်းပြောလိုက်တယ်။

"ငါလည်း မသိဘူး၊ ဒီမှာ ငါပိတ်မိနေတာ ၃ရက်ရှိပြီ၊ ဒါက အစွမ်းကြီးသူတစ်ယောက်ယောက်ရဲ့ ရှေးဟောင်းအမွေအနှစ် ဖြစ်နိုင်တယ်လို့ပဲ ဝိုးတဝါးစဉ်းစားမိတာ"

"အမွေအနှစ်" ပိုင်ဟယ် ထိတ်လန့်သွားတယ်။ ပြီးတော့ ရှေးဟောင်းတဲ့လေ သူမက ငယ်သေးပေမဲ့ အမွေအနှစ်တွေ အားလုံးက အခွင့်အရေးကောင်းတွေဆိုတာ ကြားဖူးတယ်။

ကျင်းချီမျက်လုံးထဲ တစ်စုံတရာ ဖြတ်ပြေးသွားတယ်။ သူက ဆက်ပြောတယ်။

"အရှေ့ဘက်က အဲတုန်းက ဒီဆန်းကြယ်ဘုံကို ဖန်တီးခဲ့သူရဲ့ စံအိမ်ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒီမိစ္ဆာအရှိန်အဝါတွေ ဝိုင်းနေတော့ ငါ အထဲကို ဝင်မရဘူးဖြစ်နေတာ"

သူက အရှေ့ကို လက်ညှိုးထိုးကာ အားရပါးရပြုံးတယ်။

"ငါတို့က တစ်ရွာတည်းကဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ကူညီသင့်တယ်လေ၊ ငါတို့ ဒီနေ့တူတူဝင်ပြီး အထဲက အခွင့်အရေးတွေကို မျှယူကြရင်ရော"

"အစ်ကိုကြီးခွေး၊ ဒီ မိစ္ဆာအရှိန်အဝါက အရမ်းပြင်းတယ်မလား"

ပိုင်ဟယ်က မျက်မှောင်ကြုတ်လိုက်တယ်။

ကျင်းချီ ပါးစပ်တွန့်သွားပြီး ခေါင်းညိတ်ပြလိုက်တယ်။

"အရမ်းပြင်းတာ အမှန်ပဲ၊ ငါ အားအကုန်ထုတ်သုံးပေမဲ့ ဖောက်ဝင်လို့မရဘူး၊ ဖောက်ဝင်ဖို့ဆို ငါတို့သုံးယောက်လုံးရဲ့ ခွန်အားကို တကယ်ပဲအတူတူပေါင်းစပ်ရမှာ စိုးရိမ်မိတယ်"

All Chapters