← Chapters

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း ၃၇၃ ။ စားဖိုမှူး အမျက်ထွက်

မြို့က အများကြီးပိုမှောင်လာတယ်။ ယင်လေပြင်းတွေက သူတို့နားဘေးက ဖြတ်တိုက်သွားတာမို့ နားအူလာတယ်။ အဲဒါကလွဲရင် အခြေအနေကထူးဆန်းနေတာ။ ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ လမ်းတစ်ဖက်တစ်ချက်စီမှာ တစ်ခုခုက သူတို့ဆီ အချိန်မရွေး ပြေးဝင်လာတော့မလိုမျိုးပဲ။

သူတို့ မှောင်မည်းနေတဲ့လမ်းတွေတစ်လျှောက် လျှောက်လာခဲ့တယ်။ အချိန်တချို့ကြာတော့ သူတို့တွေ ထောင့်တစ်နေရာဆီက‌ ထူးဆန်းတဲ့ဆူညံသံတွေ လာနေတာကြားရတယ်။ တစ်တော့တစ်တော့... တစ်ခုခု အသံမြည်နေတာပဲ။

"အဲဒါ ဘာ... ဘာအသံလဲ" စုန့်ရန်က ထခုန်တယ်။ သူ အတော်လေးကိုသွေးပျက်နေတာ။ သူ့အသံက ခုပိုပြီး မြင့်မြင့်လာတယ်။

"အဲဒါရေလား"

သူစကားဆုံးဆုံးချင်း သူ့ရှေ့ကလမ်းမှာ တစ်စုံတစ်ရာ လက်ခနဲတောက်ပသွားတယ်။

"အား" စုန့်ရန်က ထခုန်တယ်။ သူ တုန်ယင်နေရင်း အရှေ့ကိုလက်ညှိုးထိုးပြတယ်။

"တစ်ခုခု... တစ်ယောက်ယောက် ခုလေးတင်ဖြတ်လျှောက်သွားတယ်"

အရှေ့ကနှစ်ယောက်က ရပ်ပြီး အမှောင်ထဲ အဆုံးကိုမမြင်ရတဲ့ လမ်းရှည်ကြီးဘက်ကြည့်လိုက်တယ်။ ရဲရဲနီနေတဲ့အလင်းရောင်က တောက်ပလာပြီး အနီရောင်တွေ အပေါ်ကနေကျဆင်းလာတယ်။ သွေးပဲ - အနီရောင်က သူတို့မျက်လုံးကိုဖမ်းစားထားတယ်။

"သွေ-သွေ-သွေး" စုန့်ရန်ခြေထောက်တွေ ပျော့ခွေပြီး မြေကြီးပေါ်ကျသွားတယ်။

သွေးက ရပ်တော့မဲ့ပုံမပေါ်။ အချိန်ကြာလာတာနဲ့အမျှ သွေးတွေပိုပိုစီးကျလာကာ တစ်နေရာလုံးကို လွှမ်းသွားတယ်။ လမ်းတွေက အကုန်ရဲရဲနီတော့မယ်။ မြင်ကွင်းက တကယ်ကိုကြက်သီးထစရာ။ အေးစက်တဲ့‌ယင်လေပြင်းတွေနဲ့ ပေါင်းလိုက်တော့ ဒါက သရဲကားတွေထဲက တန်းထွက်လာတဲ့ ဇာတ်ကွက်တစ်ခုလိုပဲ။

တကယ်လို့...

လေထဲ သွေးတွေဖြည့်ထားတဲ့ ‌လက်ဆွဲပုံးတချို့ကို သယ်ပြီ မျောလွင့်နေတဲ့ တစ္ဆေတချို့ မရှိရင်ပေါ့။ သူတို့တွေက တန်းတောင်စီနေပြီး အလှည့်ကျ သူတို့ပုံးတွေကို သွန်နေတယ်။ ရှန်းရင် သူတို့ စကားပြောနေတာကို ဝိုးတဝါးတောင်ကြားနေရသလိုပဲ။

"မြန်မြန် မြန်မြန်၊ ခြောက်နေပြီ၊ ရေပုံးတွေဘယ်မှာလဲ၊ ပိုပြီးကြီးတာ ယူလာလို့မရဘူးလား"

"ဟောင်းလောင်းတစ္ဆေက သူ့အူတွေကို ဆေးကြောဖို့ ရေပုံးကြီးတွေကို ယူသွားတာ၊ ဒါငါတို့မှာ ရှိသမျှအကုန်ပဲ"

"မြန်မြန် မြန်မြန် မြန်မြန်၊ မြန်မြန် သွေးလောင်းချလိုက် သူတို့ကို ရေနှစ်ဖို့ သွေးကိုသုံး"

"အချိန်ကို ကောင်းကောင်းအသုံးချ၊ ငါတို့ သူတို့ကို သွေးနဲ့ မနှစ်နိုင်ရင်တောင် အသေခြောက်လိုက်လို့ရတယ်"

ဒါကြောင့်... သွေးတွေ ကောင်းကင်ကနေ ပိုစီးကျလာတယ်။ ဒါပေမဲ့ မျက်နှာပြင်က ကျယ်လွန်းပြီး သူတို့ရပ်နေတဲ့နေရာက တစ္ဆေတွေ သွေးလောင်းချနေတဲ့နေရာနဲ့ ဝေးလွန်းနေတယ်။ သူတို့တွေ သွေးတွေအပြည့်ရေပုံးတွေကို လောင်းနေပေမဲ့လည်း သွေးတွေက ရှန်းရင်နဲ့ယိချင်း ဘေးရှောင်ဖို့ လိုတယ်လို့မခံစားရခင်မှာတင် ခြောက်သွားတယ်။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ရုတ်တရက် ယိချင်းနဲ့ ရှန်းရင် တစ္ဆေတွေအစား အတော်လေး ပင်ပန်းသွားတယ်။

"ငါတို့ရောက်တော့မယ်၊ ခေါင်းပြတ်သရဲရော၊ သူ ပေါ်လာဖို့ အချိန်ကျပြီ"

"ငါဒီမှာ ငါဒီမှာ" မျက်နှာစိမ်းစိမ်း၊ ချွန်ထက်နေတဲ့သွားနဲ့ မကောင်းဆိုးဝါးပုံစံ တစ္ဆေက ဘယ်ကမှန်းမသိပေါ်လာတယ်။ သူက သူ့ကြောက်စရာအကောင်းဆုံးအမူအရာကို တပ်ဆင်ပြီး ချွန်ထက်နေတဲ့သွားတွေကို ဖြဲပြကာ ခေါင်းကို ပခုံးကနေ ဆွဲဖြုတ်လိုက်တယ်။ တစ္ဆေက တစ်အောင့်စဉ်းစားနေပြီး သူ ကြောက်စရာမကောင်းသေးဘူးလို့ စဉ်းစာနေတာအသိသာကြီး။ သူက ပခုံးတွေကြား ခေါင်းကို ပြန်ဖိလိုက်ပြီး အောက်ကအပေါက်ကို ပိုကျယ်ဟသွားစေကာ သူ့ခေါင်းအောက်ခြေကို သွေးနည်းနည်း ထပ်ပိုစွန်းသွားစေလိုက်တယ်။ သူ လည်ပင်းနဲ့ ခေါင်းကြား အပေါက်တစ်ခုပေါ်‌လာအောင် ခေါင်းကိုစောင်းလိုက်တယ်။ သွေးတွေက အဲအပေါက်ကနေ ပန်းထွက်တော့တယ်။

နောက်တော့ သူက လည်ချောင်းရှင်းပြီး သူ့ကိုယ်သူကိုယ်ထင်ပြကာ ယိချင်းနဲ့ ရှန်းရင်ဆီ လွင့်မျောလာတယ်။

သူ့ကြက်သီးထစရာအသံက တောအုပ်ထဲမှာ အက်ခိုးထပ်နေတယ်။

"မင်းတို့အသက်ကို ငါ့ကိုပေးစမ်း..."

ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရသော ဆရာတပည့် ။ ။ "..."

တစ္ဆေက နီးသထက်နီးလာတယ်။ သွေးစီးကြောင်းနှစ်ခုက ဆက်နေတယ်ဆိုရုံလေး ခေါင်းပေါ်က မျက်လုံးထဲကနေ စီးကျလာပြီး ရှန်းရင်ကို ခုန်အုပ်မဲ့ဟန် ခြိမ်းခြောက်တယ်။

ယိချင်းက အော်ပြီး လက်လှမ်းကာ သရဲအုပ်စုတစ်ခုလုံးကို ဖမ်းစီးဖို့ စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။

"သရဲ" ဘေးက စုန့်ရန်က ရုတ်တရက် အထိတ်တလန့်ထအော်တယ်။ သူ့ကြည့်ရတာ ဒါကိုဆက်ပြီး မရင်ဆိုင်နိုင်တော့တဲ့ပုံ။ သူ ယိချင်းဆီ ပြေးပြီး သူ့ကိုယ်သူ ယိချင်းဝတ်ရုံအောက်တစ်ဝက်က အဟထဲ ဝင်ပုန်းလိုက်တယ်။ သွေးပျက်နေတာနဲ့ သူ တစ်စုံတစ်ခုကို လက်နှစ်ဖက်လုံးနဲ့ ဆွဲဆုပ်မိလိုက်တယ်။ ဒါပေမဲ့ သူ အားအများကြီးသုံးလိုက်မိတော့ အဲအရာက ပြေလျော့သွားပြီး ယိချင်းခါးကနေ လျှောကျသွားခဲ့တယ်။

ရှန်းရင် ။ ။ "..."

တစ္ဆေအားလုံး ။ ။ "..."

သူ့လုပ်ရပ်တွေက အလိုလိုတုံ့ပြန်မှုမြန်လွန်းတာမို့ ယိချင်း တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ခင် ခန္ဓာကိုယ်ရဲ့အောက်ဘက်တစ်ဝက်လုံး ချမ်းစိမ့်စိမ့်ဖြစ်သွားတယ်။ ထူးဆန်းတဲ့အရာတစ်ခု သူ့ခြေထောက်ကြား ပေါ်လာလေရဲ့။

ရှိနေတဲ့လူတိုင်း တိတ်ကုန်တယ်...။

စောနက လေထဲလွင့်လာတဲ့ ခေါင်းပြတ်သရဲတောင် ရပ်သွားပြီး အသားတစ်စလေးနဲ့ တွယ်ချိတ်ထားတဲ့ သူ့ခေါင်း မြေကြီးပေါ် လိမ့်ကျသွားတော့တယ်။

ဘာတွေဖြစ်နေတာလဲ။

(⊙_⊙)

နောက်အခိုက်အတန့်မှာ...။

မြို့ထဲက ယင်ချီထက်တောင် အေးစက်တဲ့ အရှိန်အဝါက ယိချင်းကိုယ်ထဲကနေ အလိမ့်လိုက် ထွက်လာတယ်။ မြို့ထဲက အပူချိန်က ရုတ်တရက် အလျင်အမြန်ကျဆင်းသွားလိုက်တာများ သူတို့တွေ အတော်လေး ကြမ်းတမ်းတဲ့ ဆောင်းရာသီကိုဖြတ်သန်းနေရသလိုပဲ။ လမ်းက တဖြည်းဖြည်း ရေခဲအဖြစ် ပြောင်းလဲလာတဲ့ဟန်နဲ့ ဓားချီတွေကတော့ ကောင်းကင်မှာပြည့်ကုန်ပြီး တစ္ဆေမြို့တစ်ခုလုံးကို ဝန်းရံထားတယ်။

ယိချင်း သူ့ဘောင်းဘီထဲပုန်းနေတဲ့ တစ်ယောက်သော တစ္ဆေကို ကန်ထုတ်ပစ်လိုက်တယ်။ ဓားချီဖွဲ့စည်းတာကနေ ဖြစ်လာတဲ့ နဂါးတစ်ကောင် ကောင်းကင်ထဲ ပေါ်လာတယ်။

"ငါမင်းကို သတ်ပစ်မယ်"

မြို့ထဲက တစ္ဆေတွေအားလုံး ကြောက်ခမန်းလိခိ ဖိနှိပ်တဲ့အရှိန်အဝါခံစားလိုက်ရတယ်။ သူတို့အားလုံး မြေကြီးပေါ်ကျကုန်ပြီး ခန္ဓာကိုယ်တွေက လွင့်ပျောက်တော့မလိုဖြစ်လာတယ်။

"စားဖိုမှူး" ဒါ ရှန်းရင် ယိချင်း ဒီလိုတုံ့ပြန်တာကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ တစ်ခဏနေတော့ သူမ သူ့ကို လှမ်းဆွဲလိုက်တယ်။

"စိတ်လျှော့ စိတ်လျှော့"

"ဆရာ ကျွန်တော့်ကိုမတားပါနဲ့"

ဒါ ပထမဆုံးအကြိမ် ယိချင်း ရှန်းရင်လက်ကို ခါထုတ်ချင်မိတာပဲ။

"ကျွန်တော် သူ့ကို သတ်ပါရစေ တကယ်သတ်ရမယ် ဒီနေမှာတင် အခုတင်ပဲ"

"နင့်ဘောင်းဘီအရင်ဝတ်ပါဦး" ရှန်းရင် သူ့ကို သတိပေးလိုက်တယ်။

ယိချင်းက တစ်ခုခုကို ရုတ်တရက် သတိရသွားသလိုမျိုး တန့်သွားတယ်။ သူက ‌မြေကြီးပေါ်က ဘောင်းဘီကို အမြန်ကောက်ဆွဲလိုက်တယ်။ လုပ်ခဲ့ဖူးသမျှထက် ပိုမြန်တဲ့အရှိန်နဲ့ သီးသန့်ခြားအင်းကွက်တစ်ခုချကာ ဘောင်းဘီဝတ်ပြီး တစ်လက်စတည်း ခါးမှာအထုံးတချို့ပါ ချည်လိုက်တယ်။

ရှန်းရင် ဆယ်မိနစ်တိတိ စောင့်ပြီးမှ ယိချင်းက အင်းကွက်ထဲကနေ ထွက်လာကာ သူမရှေ့ ပြန်ပေါ်လာတယ်။ သူ့အမူအရာက အေးစက်‌မာကြောနေလွန်းလို့ အချိန်မရွေး နှင်းကျနိုင်တယ်လို့တောင် ရှန်းရင် တွေးကြည့်မိတယ်။ သူ ရှန်းရင်နဲ့ အကြည့်ချင်းဆုံချိန် မျက်နှာနီရဲသွားလေတယ်။

"ဆရာ..." သူ့အသံက အင်မတန် နစ်နာသွားသလိုမျိုး။

"ဟေး မစိုးရိမ်ပါနဲ့" ရှန်းရင်လည်ချောင်းဟန့်ကာ သူ့ပခုံးကို နှစ်သိမ့်တဲ့အနေနဲ့ပုတ်ပေးလိုက်တယ်။

"နင့်အဖြူရောင်အတွင်းခံကို မြင်ရလောက်ဖို့ကို ငါ့အတွက် အရမ်းမှောင်နေတာပါ၊ တကယ်"

ယိချင်း ။ ။ "..."

အခု သူ တကယ်ကို တစ်စုံတစ်ယောက်ကို သတ်ချင်သွားပြီ။ ဘာလုပ်သင့်လဲ။

—————

စားဖိုမှူးရဲ့ဓားချီကြောင့်ထင် တစ္ဆေမြို့ထဲက ယင်ချီတွေအားလုံး အနည်းနဲ့အများ လွင့်ပျောက်ကုန်တယ်။ နေရောင်ခြည်က နောက်ဆုံးတော့ မြို့ဆီရောက်လာတယ်။ နေက စွမ်းအင်က နေရာကိုပြည့်သွားပြီး ထောင့်တိုင်းမှာပုန်းအောင်းနေတဲ့တစ္ဆေတွေ စတင်ပေါ်လာကြတယ်။

စုန့်ရန်ကို ပျောက်ကွယ်လောက်တဲ့အထိ မရိုက်မိအောင် ခက်ခက်ခဲခဲ ရှန်းရင်ထိန်းထားရတဲ့ စားဖိုမှူးက ပေါ်လာတဲ့ တ‌စ္ဆေတွေကို တစ်ကောင်ပြီးတစ်ကောင်ကြည့်နေတယ်။ သူ ခန့်မှန်းတာမမှားဘူး။ ဒီမြို့ထဲ ပုန်းအောင်းနေတဲ့ အငြိုးအတေးတစ္ဆေတွေ အများကြီးပဲ။ တစ်ကောင်ချင်းစီက အရင်တစ်ကောင်ထက် ပိုကြောက်စရာကောင်းတယ်။ တချို့က ခြေလက်တွေပျောက်၊ တချို့က မြေကြီးပေါ် အညစ်အကြေးပုံလို ပုံကျနေတယ်။ သူတို့ ဆိုးဆိုးရွားရွား သေခဲ့ရတာ အသိသာကြီးပဲ

"ဘာလို့မင်းတို့အားလုံး သေမျိုးကမ္ဘာထဲ ကျန်ရစ်နေတာလဲ" ယိချင်းက တစ္ဆေတွေအားလုံးကို စစ်ဆေးကြည့်လိုက်တယ်။

"ပြီးတော့ သူများတွေကို ခြောက်လှန့်ဖို့ တစ်မြို့တည်းမှာစုဝေးနေတယ်၊ ပြန်မဝင်စားချင်တာလား"

တစ္ဆေတွေအားလုံး သူတို့ကြုံခဲ့ရတဲ့ ထူးဆန်းတဲ့အရှိန်အဝါကိုတွေးမိတော့ ကြောက်လန့်နေတဲ့ပုံ။ တစ်ကောင်ချင်းစီက တုန်ယင်နေတယ်။ ယိချင်းနဲ့ ရှန်းရင်ကို ခြောက်လှန့်ဖို့ရည်ရွယ်ခဲ့တဲ့ ခေါင်းပြတ်တစ္ဆေက ကြောက်ကြောက်လန့်လန့်ထရပ်တယ်။

"ဒါ... ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်တို့ ပြန်မဝင်စားချင်တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့... ပြန်မဝင်စားနိုင်ရုံပါ"

"ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကြီးမြတ်တဲ့နတ်ဒေဝါ"

တခြားတစ္ဆေတွေက စိတ်လှုပ်ရှားစွာခေါင်းညိတ်တယ်။

"ကျွန်တော်တို့တွေ ပြန်ဝင်စားဖို့ မြေအောက်ဘုံကိုသွားချင်ပေမဲ့ သေပြီးတည်းက ဒီမှာပိတ်မိနေခဲ့တာပဲ၊ ကျွန်တော်တို့ ရွေးစရာမရှိဘဲ ကျွန်တော်တို့ကို အဲခေါ်သွားပေးဖို့ ဝင်ပူးရမဲ့ သက်ရှိတွေကို ရှာဖို့ပဲရှိတော့တာပါ"

သူတို့ဒီမှာ ပိတ်မိနေတာလား။ ယိချင်းတန့်သွားပြီး ကောင်းကင်စိတ်အာရုံကိုလွှတ်လိုက်တယ်။ ဒီမြို့ပတ်လည်မှာ သူတို့ကိုအပြင်ထွက်မရအောင် တားထားတဲ့ အင်းကွက်တွေမရှိပါဘူး။

"ဒီမှာဘာဖြစ်ခဲ့တာလဲ" ယိချင်း ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်တယ်။ တစ္ဆေတွေအများကြီးပဲ၊ ပြီးတော့ တစ်ကောင်ချင်းစီက သေပြီးတာ အရမ်းမကြာသေးတဲ့ပုံ။

"မင်းတို့အားလုံး ဘယ်လိုသေခဲ့တာလဲ"

"အာ..." တစ္ဆေတွေအားလုံး အူတူတူဖြစ်ကုန်ပြီး တစ်အောင့်ကြာတော့ အကုန်နီးပါး ခေါင်းယမ်းကြတယ်။

"ကျွန်တော်တို့လည်း မသိပါဘူး၊ ကျွန်တော်တို့နိုးလာချိန် တစ္ဆေဖြစ်နေပြီဆိုတာကို သိလိုက်ရတာပဲ"

"..."

…

အခန်း ၃၇၄ ။ မေ့ပျောက်မြစ် နေရာမှား

ယိချင်း သရဲအုပ်ကို စစ်ဆေးလိုက်တယ်။ ဒါ ထိတ်လန့်စရာပဲ။ ဒီသရဲတွေအားလုံးက တစ်ပြိုင်နက်တည်း အတိတ်မေ့ရောဂါခံစားနေရတာလား ဒါမှမဟုတ် တရားခံက လှုပ်ရှားသွားတာမြန်လွန်းလို့ သူတို့သေတာ‌တောင်မသိခင် တုံ့ပြန်ချိန်တောင် မရလိုက်တာလား။

သူ အခြေအနေကို နားလည်နိုင်အောင် မေးခွန်းတွေထပ်မေး‌လိုက်တော့ သူတို့က ဘယ်လိုသေလဲတင် မေ့တာမဟုတ် အသက်ရှင်နေတုန်း ဖြစ်ခဲ့သမျှပါမေ့သွားတာပဲ။ သူတို့ရဲ့ နာမည်တောင် သူတို့ မမှတ်မိဘူးတဲ့ အဲဒါကြောင့် သူတို့ တစ်ယောက်နဲ့တစ်ယောက် 'ခေါင်းပြတ်သရဲ' တို့ 'ဟောင်းလောင်း‌တစ္ဆေ' တို့ဆိုပြီး ခေါ်ကြတာ။

ယိချင်း ပိုတောင် မျက်မှောင်ကြုတ်မိတယ်။ သူ့ရှေ့မှာရှိနေတဲ့ တစ္ဆေအရေအတွက်အရ တစ်ယောက်ယောက်က တစ်မြို့လုံးကို သုတ်သင်သွားတာ သိသာတယ်။ ထူးဆန်းတာ မြို့ပတ်လည်မှာ အင်းကွက်ချထားတာကို အာရုံမခံမိတာပဲ။ သူတို့ လမ်းတစ်လျှောက်လည်း ဘာအဟန့်အတားမှ မတွေ့ခဲ့ဘူး။ တစ္ဆေတွေက ဒါဆို ဒီမှာ ဘာလို့ပိတ်မိနေတာလဲ။

သူ ခေါင်းမော့ရင် သူနဲ့မီတာအနည်းငယ်သာဝေးတဲ့ မြို့တံခါးကိုမြင်ရတယ်။

"ဒီမှာ မင်းတို့ကို ထိန်းထားတာ ဘာမှမရှိဘူး၊ ဘာလို့အပြင်ထွက်မရတာလဲ"

"အဲဒါက..." ယိချင်း သူ့ကိုမယုံဘူးတွေးမိပြီး ခေါင်းပြတ်တစ္ဆေက သွေးပျက်စပြုလာတယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူ ဘယ်လိုရှင်းပြရမလဲတောင် မသိဘူး။ တစ်အောင့်စဉ်းစားပြီးတဲ့နောက် သူကပြောတယ်။

"ကြီးမြတ်တဲ့အမတ၊ တစ်ချက်သာကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ်"

တစ္ဆေတွေအားလုံး ခေါင်းညိတ်လိုက်တယ်။ နောက်တော့ အုပ်စုလိုက်ကြီး ညဈေးလျှောက်သလိုမျိုး မြို့တံခါးဆီ အသည်းအသန်ပြေးသွားတယ်။ သူတို့က မြို့တံခါးကို ဖြတ်တော့မဲ့ဆဲဆဲမှာတင် သဏ္ဌာန်တွေက ဖျတ်ခနဲလင်းသွားတယ်။ အုပ်စုတစ်ဝက်လောက် ပျောက်သွားပါလေရော။

နောက်အခိုက်အတန့်မှာ ပျောက်သွားတဲ့တစ်ဝက်က ပင်မလမ်းမကြီးရဲ့အလယ်မှာ ပြန်ပေါ်လာတယ်။ တစ်ယောက်မှ ပျောက်မနေဘူး။

"ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ဒီလိုဖြစ်တာပါပဲ" တစ္ဆေတွေအားလုံးက တစ်ပြိုင်နက်ပြောကာ သူတို့ အမူအရာနာကျင်သွားဟန်။

"ကျွန်တော်တို့မသွားချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ဘယ်လောက်ပဲကြိုးစားကြိုးစား ဒီမှာပဲအဆုံးသတ်သွားတယ်"

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ အပြင်ထွက်လို့တောင်မရဘူး"

"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်တို့လည်း ပြန်ဝင်စားချင်တာပါ"

"ကြီးမြတ်တဲ့နတ်ဒေဝါက အရမ်းအားကောင်းတာပဲ - ကျေးဇူးပြုပြီး ကယ်တင်ပါ"

ယိချင်း မှင်တက်သွားတယ်။ ဒါက... နေရာရွှေ့ပြောင်းအစီအရင်လား။

အဲဒါမဟုတ်သေးပါဘူး - သူ မြို့တံခါးမှာ ဘာဝိညာဉ်စွမ်းအင်မှ အာရုံမခံမိသလို ဘာအင်းကွက်တည်ရှိမှုမှလည်း အာရုံမခံမိဘူးလေ။

"ဆရာ..." သူ ဘေးမှာရပ်နေတဲ့ရှန်းရင်ဘက် လှည့်ပြောလိုက်တယ်။

ရှန်းရင် အသီးကို တစ်ကိုက်ကိုက်ပြီး ဖြေလိုက်တယ်။

"ချိပ်ပိတ်ထားသော နယ်ပယ်တစ်ခုခုများလား"

ချိပ်ပိတ်ထားတဲ့နယ်ပယ်လား

ယိချင်းက တစ်ခုခုကို စဉ်းစားဟန် ရပ်သွားတယ်။

"ဆရာ ဆိုလိုတာ ဒီနေရာက ဆန်းကြယ်ဘုံလိုပဲပေါ့၊ လောကကြီးရဲ့ကျန်တဲ့နေရာတွေနဲ့ ကွဲထွက်နေတယ်လား"

"ထင်တာပဲ"

တစ္ဆေတွေ ထွက်မပြေးနိုင်တာ မအံ့ဩတော့ဘူး။ သူတို့အတွက် ဒီမြို့က လောကရဲ့ ကျန်တဲ့နေရာတွေနဲ့လုံးဝကို သီးသန့်ခြားနားခံထားရတာ။ ခု သူ့ကိုယ်ပိုင်ကမ္ဘာဖြစ်လာပြီး မြို့နယ်နိမိတ်တွေက ‌ဒီလောကရဲ့ ဘောင်အကန့်အသတ်တွေ ဖြစ်လာခဲ့တယ်။ သူတို့ဘုံတွေကို ဖောက်ထွက်ဖို့ အစွမ်းမရှိသရွေ့ သူတို့ ထွက်ပြေးဖို့ကြိုးစားတိုင်း ဒီကိုပြန်ပို့ဆောင်ခံရမှာပဲ။

ပြီးတော့ သူတို့အဆိုအရ ဒီဘောင်နယ်နိမိတ်တွေက တစ္ဆေတွေအတွက်သာ အလုပ်ဖြစ်ပုံပဲ။ တခြားသူတွေအပေါ် တူညီတဲ့သက်ရောက်မှုမရှိဘူး။

ခဏနပေါဦး

ယိချင်းက ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။ သူ တစ်ဖက်လှည့်ကာ နည်းနည်းဝေးတဲ့နေရာက တိုင်ကိုဖက်ပြီးတုန်ရီနေတဲ့ တစ္ဆေတစ်ကောင်ကို လှမ်းကြည့်လိုက်တယ်။ သူ နှုတ်ခမ်းတွေဖိပြီး နောက်တစ်ကြိမ် ကြက်သီးထစရာ အရှိန်အဝါ လွှင့်ထုတ်လိုက်တယ်။

"မင်း အပြင်ထွက်စမ်းကြည့်" သူ မနီးမဝေးကမြို့တံခါးကိုလက်ညှိုးထိုးပြလိုက်တယ်။

"အာ... ဟမ်" ရုတ်တရက်ခေါ်ခံလိုက်ရတဲ့ စုန့်ရန်က တစ်ကောင်ထက်တစ်ကောင် ပိုကြောက်ဖို့ကောင်းနေတဲ့ အငြိုးကြီးတစ္ဆေတွေကို လှည့်ကြည့်လိုက်တယ်။ သူတို့အားလုံးက သူ့ကို ကြည့်လာကြတာ။ စုန့်ရန်ရဲ့ ခန္ဓာကိုယ်က ထိန်းချပ်မရအောင် တုန်ယင်သွားရောပဲ။

“ဘာ... bm”

သူ မတုံ့ပြန်နိုင်ခင် ယိချင်းက ဂါထာတစ်ခု ထုတ်သုံးတယ်။ ချလွင်သံတချို့ပေါ်လာပြီး ဝိညာဉ်ဓားတစ်ချောင်း စုန့်ရန်ရှေ့ကျဆင်းလာတယ်။ အရှိန်က မြေကြီးထဲ ၃လက်မ ပြတ်တောက်သွားစေတယ်။ ဓားသွားတွေက အေးစက်တဲ့အရှိန်အဝါကို ထုတ်လွှင့်နေလေရဲ့။

စုန့်ရန်က တိုင်ကနေ နောက်ခုန်ဆုတ်ကာ ပုန်းပြီး ဝိညာဉ်ဓားကို ရှောင်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ယိချင်းက မရပ်။ စုန့်ရန် ဘယ်နေရာကိုပဲဖြစ်ဖြစ် ထွက်ပြေးဖို့လုပ်တိုင်း ဝိညာဉ်ချီနဲ့ဖန်တီးထားတဲ့ ဓားတွေအများကြီးက သူ့အနား ကျလာတယ်။

အား

စုန့်ရန်က ကြောက်လန့်တကြားအော်ကာ မြို့တံခါးဆီ လှည့်ပြေးတော့တယ်။ အဲလိုမျိုးနဲ့ သူက မြို့တံခါးအပြင်ကို ဝိညာဉ်ဓားတွေ မောင်းထုတ်တာခံလိုက်ရတော့တယ်။

ငါ မင်းကို အသေ ထိုးပစ်မယ်၊ ခွေးကောင်လေး

(╰_╯)#

"သူ... ထွက်သွားတယ်" လူတိုင်း မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြတယ်။

တကယ်ပဲ

လက်ကောက်ဝက်တစ်ဖက် လှည့်ပြီး ယိချင်းက ဝိညာဥ်ဓားတစ်ချောင်းကို စုန့်ရန်ရှေ့ ဆင်းသက်လိုက်စေလိုက်ပြီး မြို့ပြင်ကို မောင်းထုတ်ခံရလို့ပြေးတဲ့လမ်းအတိုင်း ပြန်လှည့်ပြေးစေခဲ့တယ်။

ဒီမြို့ရဲ့နယ်နိမိတ်က စုန့်ရန်အပေါ် အလုပ်မဖြစ်ဘူးပဲ။ သူ အမတဘုံဆီ ရောက်လာတာ မဆန်းတော့ဘူး။

စုန့်ရန် ကြောက်လွန်းလို့ သူ အခု ရှန်းရင်နဲ့ ယိချင်းကြား ဘောလုံးလို ကွေးနေတယ်။ သူ တခြားတစ္ဆေတွေကို ခေါင်းမော့ကြည့်ကာ တုန်ရီပြန်တယ်။ သူ သူတို့နှစ်ယောက်ကြား တစ်လက်မချင်းစီ တိုးသွားတယ်။ ဒီတစ်ကြိမ်တော့ ယိချင်းကို ထပ်မထိရဲတော့ဘူး။ သူက ရှန်းရင်ဘက် လက်ဆန့်တန်းလိုက်တယ်။

ဒါပေမဲ့ သူမကိုမထိခင်မှာတင် ယိချင်းက တုံ့ပြန်တယ်။ သူက အာရုံခံစက်တစ်ခုခုရှိနေတဲ့အတိုင်းပဲ။ အရင်ကထက် ဆယ်ဆပိုအေးစက်တဲ့အကြည့်နဲ့ သူက စုန့်ရန်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်တယ်။

ငနဲလေး မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

(艹皿艹)

ယိချင်းက ဘေးကိုထွက်ကာ တစ္ဆေနဲ့ ရှန်းရင်ကြား ရပ်လိုက်တယ်။ နောက်တော့ သူ ရှန်းရင်ကို လည်ထောင်ကနေ ဆွဲဆုပ်ကာ သူ့ဝိညာဉ်ကိုယ်ခန္ဓာကို ပိုပြီးအကောင်အထည်ရှိလာအောင် စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။ နောက်တော့မှ သူက တစ္ဆေအုပ်စုဘက် လှည့်ပြောတယ်။

"မင်းတို့ထဲက တစ်ယောက်ယောက် သူ့ကိုမှတ်မိလား၊ သူက ဒီမြို့မှာနေဖူးတယ်"

တစ္ဆေအားလုံး ရပ်ပြီး မျက်နှာက အကြောက်တရားကြောင့် စိမ်းဖန့်နေတဲ့ စုန့်ရန်ကို သေချာကြည့်ကုန်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ကခေါင်းယမ်းတယ်။

"တစ်ခါမှမကြားဖူးပါဘူး၊ ကျွန်တော်အသက်ရှင်နေတဲ့အချိန်က သူ့ကိုသိလောက်ပေမဲ့ ကျွန်တော် မမှတ်မိ..."

"ကြီးမြတ်တဲ့အမတ သူလည်း ဒီမြို့ထဲ သေခဲ့တာလား၊ ကြည့်ရတာတော့ ဟုတ်ပုံမပေါ်ဘူး"

"အမှန်ပဲ - သူက ကျွန်တော်တို့ထက် အများကြီးပိုဆိုးတယ်၊ ကြိုးဆွဲချသရဲလောက်တောင် ကြောက်ဖို့မကောင်းဘူး"

"အမှန်ပဲ၊ အကြည့်တစ်ချက်တည်းနဲ့ အသုံးမကျတဲ့တစ္ဆေဆိုတာသိတယ်"

"..."

ယိချင်း အမူအရာ မှောင်မည်းသွားတယ်။ ကြည့်ရတာ တခြားအများကြီးရှာတွေ့မဲ့ပုံမပေါ်။ သူ စုန့်ရန် ဘယ်လိုသေလဲ၊ ဘာကြောင့် သူ့ကိုယ်ထဲ အငြိုးအတေးစွမ်းအင်တွေအများကြီးရှိနေလဲ စိချင်တာ။ သူ ဘယ်လိုသေလဲမမှတ်မိတဲ့ တစ္ဆေတွေနဲ့ပြည့်နေတဲ့ တစ္ဆေမြို့တစ်ခုလုံးကိုရှာတွေ့မယ် မထင်ခဲ့ဘူး။

"ဆရာ ဒီတစ္ဆေတွေအားလုံးကို ကျွန်တော်တို့ ဘယ်လုပ်သင့်တယ်ထင်လဲ" ယိချင်း ရှန်းရင်‌ဘက်လှည့်ကာ တုံ့ဆိုင်းစွာမေးလိုက်တယ်။

"ဟမ်" နောက်ထပ်အသီးတစ်လုံးကို လှမ်းနှိုက်နေတဲ့ ရှန်းရင် ရပ်သွားကာ ခေါင်းကိုစောင်းတယ်။

"နင်ဘယ်လိုထင်လဲ"

"ကျွန်တော်ကတော့ ထူးဆန်းလွန်းတယ်ထင်တယ်" ယိချင်းအမူအရာက မာထန်နေဆဲ။

"ဒီမှာတစ္ဆေတွေအ များကြီးရှိနေတာ - သူတို့ ဒီမှာ ထာဝရပိတ်မိနေလို့မဖြစ်ဘူး၊ ကျွန်တော် သူတို့ကို မြေအောက်ဘုံက မေ့ပျောက်မြစ်ဆီ ခေါ်သွားချင်တယ်တွေးမိတယ်"

ဂျပုလေးက အဲမှာမရှိဘူး။ သူတို့တွေ မေ့ပျောက်မြစ်ကတစ်ဆင့် မြေအောက်ဘုံဆီ ခေါ်သွားရုံပဲရှိတော့မယ်။

"ကောင်းပြီလေ" ရှန်းရင် ယိချင်းအိတ်ထဲက အသီးအစား အဆာသွတ်မုန့်တစ်ခုရွေးလိုက်တယ်။ သူမက တခြားထင်မြင်ချက်မရှိဟန် ခေါင်းညိတ်တယ်။ သူမ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေဖြစ်နေလဲ နားမှမထောင်နေတာ။

စားဖိုမှူးက တစ္ဆေအုပ်ဘက်လှည့်လိုက်တယ်။ သူ့လက်နှစ်ဖက်လုံးကိုသုံးကာ သူတို့ခြေထောက်အားလုံး အောက်မှာပေါ်လာအောင် အင်းကွက်ကြီးတစ်ခု ဖန်တီးတော့တယ်။ တစ္ဆေတွေရဲ့ကိုယ်ဘေးက ယင်ချီတွေလွင့်ပျောက်သွားတယ်။ ကြောက်စရာအကောင်းဆုံးပုံစံနဲ့ တစ္ဆေတွေတောင် ဖြည်းဖြည်းချင်း သူတို့နဂိုရုပ်ပြန်ရလာပြီ။ သူတို့ပုံက အရင်ကလောက် ဆိုးရွားမနေတော့ဘူး။ မြစ်တစ်စင်းလို စီးဆင်းနေတဲ့ အစွမ်းက သူတို့ပတ်လည်မှာ ရစ်ပတ်လာတယ်။

နောက်အခိုက်အတန့်မှာ တစ္ဆေဆွေအားလုံးက အစိမ်းရောင်မီးခိုးအဖြစ် ပြောင်းပြီး အောက်ဘက်ဆီ လွင့်မျောကုန်တယ်။ သူတို့တွေ အင်းကွက်ထဲ ပျောက်ကွယ်သွားတော့မှာပေမဲ့ သူတို့ကိုယ်ခန္ဓာတွေက ဖျတ်ခနဲတောက်ပလာကာ တစ္ဆေအုပ်စုကြီးက လမ်းမကြီးအလယ် နောက်တစ်ကြိမ် ပေါ်လာပြန်တယ်။ ယိချင်းခြေထောက်အောက်က အင်းကွက်တောင် ကျိုးပဲ့သွားလေတယ်။

ဟမ်။

ယိချင်း ခုန်လိုက်ပြီး သူ့လက်တွေကိုသူ မယုံကြည်နိုင်စွာကြည့်လိုက်တယ်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ ဘာလို့တစ္ဆေတွေကို ပို့လို့မရတာလဲ။ ဒါက တခြားနေရာတွေနဲ့ သီးသန့်ခွဲခြားခံထားရရင်တောင် ဘုံများအလွန်ကဘုံလိုမျိုး မဟုတ်ဘူးလေ။ သူတို့ မေ့ပျောက်မြစ်ထဲ မဝင်နိုင်စရာ အကြောင်းရင်းမရှိဘူး၊ မဟုတ်မှလွဲ...။

သူရင်ထိတ်သွားပြီး ဆောင့်ကြောင့်ထိုင်ချကာ မြေကြီးပေါ် လက်တင်လိုက်တယ်။ ထိတ်လန့်မှုကို ကျော်လွှားပြီး သူရှန်းရင်ဘက် လှည့်လိုက်တယ်။

"ဆရာ မြေအောက်မှာ မေ့ပျောက်မြစ်မရှိဘူး"

"အိုး" ရှန်းရင်က ခေါင်းကိုစောင်းကာ အပေါ်ကိုလက်ညှိုးထိုးပြတယ်။

"အပေါ်မှာထင်တယ်"

ဘာ။

သူ မီးခိုးရောင်ကောင်းကင်ကို မော့ကြည့်ကာ သူ့လက်ထောက်လုပ်ပိုင်ခွင့်ကို အသက်သွင်းလိုက်တယ်။ ကောင်းကင်အလယ်မှာ တစ္ဆေ‌မြို့တစ်ခုလုံးကို ဖြတ်စီးဆင်းနေတဲ့ ရွှေရောင်မြစ်တစ်စင်း ရှိနေလေတယ်။

မေ့ပျောက်မြစ်က... ကောင်းကင်ထဲမှာပဲ

( ̄△̄;)

…

အခန်း ၃၇၅ ။ မေ့ပျောက်မြစ်

ဘာဖြစ်နေတာလဲ။

သူ ဘေးကို ခေါင်းလှည့်ကာ သူ့ခေါင်းပေါ်က ရွှေရောင်အတိုင်း လိုက်ကြည့်လိုက်တော့ မေ့ပျောက်မြစ်က တစ္ဆေမြို့တစ်ခုလုံးကို ဖြတ်သန်းပြီးတဲ့နောက် မြို့တံခါးပတ်လည်မှာအောက်ကို ကျဆင်းသွားပြီး ပုံမှန် ပြန်ဖြစ်သွားတယ်။ မြို့ထဲကအပိုင်းပဲ ကောင်းကင်ထဲ ရေတံခွန်နှစ်ခုလိုဖြစ်နေတာ။

ယိချင်း မြို့ထဲက သရဲတစ္ဆေတွေ ဘာကြောင့် မထွက်နိုင်ရလဲကို ရုတ်တရက် သဘောပေါက်သွားတာမို့ စိတ်ထဲ မရေရာတဲ့ ခန့်မှန်းချက်တချို့ရှိနေတယ်။ သူ့လက်ထဲက ဓမ္မဂါထာက ပြောင်းသွားပြီး ဘဝကူးအင်းကွက်က သူ့ခြေရင်းအောက်မှာ နောက်တစ်ကြိမ် ပေါ်လာတယ်။ လက်တစ်ဖက် ဝှေ့ယမ်းရင်း၊ အင်းကွက်က ကောင်းကင်ဆီ ဖြည်းဖြည်းချင်း တက်သွားပြီး တစ္ဆေမြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

နောက်အခိုက်အတန့်မှာ သရဲတစ္ဆေတွေ မီးခိုးနက်တွေအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး ကောင်းကင်ယံထဲက မေ့ပျောက်ခြင်းမြစ်ထဲ ပျံသန်းသွားကာ အစအနမရှိ ပျောက်ကွယ်သွားခဲ့တော့တယ်။ ယင်ချီကို ယိချင်းရှင်းပြီးပြီဖြစ်သလို တစ္ဆေတွေ ထွက်ခွာသွားမှုက ကျန်နေတဲ့ယင်ချီတွေကိုပါ သယ်ဆောင်သွားတာကြောင့် မြို့က စွန့်ပစ်ခံမြို့အသွင်ဆီ ပြန်ရောက်သွားခဲ့တယ်။

ယိချင်းက ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ စုန့်ရန်က တကယ်ပဲ ရှိနေသေးတယ်။ ဂျပုလေးက သူသံသရာကို မဝင်နိုင်ဘူးလို့ ပြောခဲ့ပေမဲ့ မေ့ပျောက်မြစ်ထဲကိုပါ မဝင်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။

"ဆရာ၊ မေ့ပျောက်မြစ်က ဒီမြို့က သရဲတစ္ဆေတွေ မထွက်နိုင်တဲ့ အကြောင်းရင်းဖြစ်ရမယ်"

မေ့ပျောက်မြစ်နေရာလွဲမှုက တ‌စ္ဆေတွေကို အချိန်မီ မဝင်နိုင်စေခဲ့တာပဲ။ ပြီးတော့ မြို့တံခါးမှာ သူ့နေရာလွဲမှုရဲ့ပတ္တာရှိနေပြီး အဲကနေ အလုံပိတ်နေရာဖြစ်လာတာပဲ။ အဲဒါကြောင့် တစ္ဆေတွေ ထွက်မရတာ။ သက်ရှိတွေက မေ့ပျောက်မြစ်ထဲမဝင်နိုင်လို့ မသက်ရောက်ဘူး။ စုန့်ရန်ကလည်း အငြိုးအတေးစွမ်းအင်ကြောင့် မဝင်နိုင်တာမို့ လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တာပဲ။

"ကျွန်တော် ဒီတစ္ဆေတွေကို အပေါ်က မေ့ပျောက်မြစ်ဆီ ယာယီပို့ထားပါတယ်၊ ဒါပေမဲ့ သူတို့မြေအောက်ဘုံဆီ ပြန်ဖို့အတွက်က မေ့ပျောက်မြစ်က သူ့နေရာဆီ ပြန်ရောက်ဖို့လိုတယ်"

တကယ်လို့ ‌မေ့ပျောက်မြစ်သာ သူ့နဂိုနေရာကို ပြန်မသွားရင် ဒီတစ္ဆေတွေက မြေအောက်ဘုံကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက ကောင်းကင်ထဲကအပိုင်းက မေ့ပျောက်မြစ် ကိုင်းခွဲတွေထဲက တစ်ခုဖြစ်ပုံပဲ။ ဒီမှာထားရင် တဖြည်းဖြည်းခြောက်သွားပြီး တခြားသက်ဆိုင်တဲ့ ကိုင်းခွဲတွေရောပဲ။ ပိုပြီးဆိုးရွားတဲ့ သက်ရောက်မှု သေချာပေါက် ဖြစ်လိမ့်မယ်။

"ဆရာ့မှာ ဒါကိုပြန်ချဖို့နည်းလမ်းရှိလား"

"အယ်..." ရှန်းရင် ခေါင်းစောင်းလိုက်တယ်။

"ပြန်ဆွဲချကြည့်ရင်ရော"

"..." ဆွဲချတာလား။ သူ မှင်တက်သွားတယ်။ ဘယ်လိုဆွဲရမှာလဲ။ မေ့ပျောက်မြစ်မှာ ကိုယ်ထည် မရှိဘူးလေ။

ဟင့်အင်း ဟင့်အင်း။ ဆရာ ဆွဲလို့ရတယ်ပြောရင် သေချာပေါက် အဓိပ္ပာယ်ရှိတာပဲ။

ဒါကိုစဉ်းစားပြီး ဝိညာဉ်ချီအမျှင်တစ်ချောင်း လက်ဖဝါးထဲ ဖန်တီးလိုက်တော့ ချက်ချင်း ပိုးကြိုးထောင်ချီ ဖြစ်ကုန်ကာ ကောင်းကင်ထဲက မေ့ပျောက်မြစ်‌ဆီ ပျံသန်းသွားတယ်။ ဒါပေမဲ့ ဝိညာဉ်ချီက မေ့ပျောက်မြစ်နဲ့ ထိတွေ့ပြီဆိုတာနဲ့ ဖြတ်သွားတယ်။ တကယ်ကို ထိလို့မရဘူး။

သူမျက်မှောင်ကြုတ်ကာ အလိုလို သူ့ကိုယ်က လက်ထောက်အမှတ်ကို စမ်းမိတယ်။ နောက်အခိုက်အတန့်မှာ ကိုယ်ခန္ဓာကို ထိမရတဲ့ ဝိညာဉ်ချီက ရုတ်တရက် ရေထဲတစ်ခုခု ပြုတ်ကျသွားသလို ဘန်းခနဲမြည်တယ်။ ရွှေရောင်ရေပွက်လေးတစ်ခု မြစ်မျက်နှာပြင်မှာ ပေါ်လာတယ်။

ထိ... ထိသွားတာပဲ

(⊙ o ⊙)

ဒါ‌ဆို အဲဒါက လက်ထောက်အမှတ်အသားသုံးနည်းလား။

သူ့ရင်ထဲ ပျော်သွားပြီး လက်တစ်ဖက်ယမ်းကာ ဝိညာဉ်ချီအမျှင်တန်းတွေ ပိုထုတ်လိုက်တော့ ကောင်းကင်ဆီ ပျံသန်းသွားပြီး မြစ်မျက်နှာပြင်တစ်ခုလုံးပေါ် ဖြတ်သန်းသွားရင်း မြစ်ရဲ့အပိုင်းတစ်ခုကို တန်းချည်လိုက်တယ်။ သူ သူတို့ကိုအောက်ဆွဲချကာ ရေပွက်သံတချို့နဲ့အတူ နဂိုက ငြိမ်းချမ်းနေတဲ့ မေ့ပျောက်မြစ်မျက်နှာပြင်က ရုတ်တရက် ရေလှိုင်းတွေ ပြလာပြီး ဖြည်းဖြည်းချင်း အောက်ဆင်းလာတယ်။

ယိချင်း သူ့ကျင့်ကြံဆင့်ကို ထိန်းညှိပြီး အောက်ကိုပိုဆွဲချလိုက်တယ်။ လေထဲရပ်တန့်နေတဲ့ ရွှေရောင်မြစ်က ပိုပြီးတောင် ခပ်မြန်မြန် ကျဆင်းလာပါလေရော။

၁၅မိနစ်အကြာမှာတော့ သူ မေ့ပျောက်မြစ်ရဲ့ နေရာမှားနေတဲ့အပိုင်းကို မြေပြင်ဆီ နောက်ဆုံးတော့ ပြန်ဆွဲချနိုင်ခဲ့တယ်။

မြို့တံခါးက ရေအမြင့်ပေရဲ့ မူမမှန်မှုကလည်း ပုံမှန် ပြန်ဖြစ်သွားခဲ့တယ်။ မေ့ပျောက်မြစ်က နောက်တစ်ကြိမ် မြို့ထဲ စတင်စီးဆင်းကာ ရွှေမှုန်လေးတွေ သူ့မျက်နှာပြင်ပေါ် တလက်လက် တောက်ပနေတော့တယ်။

"ဆရာပြောတဲ့နည်းလမ်းက တကယ်အလုပ်ဖြစ်တာပဲ" ယိချင်းက ရှန်းရင်ကို ပျော်ရွှင်စွာ ကြည့်လိုက်တယ်။ တကယ့်ကို ဆရာပါပဲ။

"..." သူမ ဘာပြောမိတာလဲ။

ဒါပြီးရင် မြို့ထဲတစ္ဆေတွေ ပိတ်မိနေတော့မှာ မဟုတ်ဘူး။ ယိချင်း စိတ်သက်သာရာရကာ သက်မချပြီး ဘေးက စုန့်ရန်ဘက်လှည့်ကြည့်ကာ နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်တယ်။ တစ်ခုပဲ... သူတို့ သူဘယ်လိုသေလဲ မသိသေးဘူး။

"ဆရာ ကျွန်တော်တို့ ဒီမြို့မှာဘာဖြစ်ခဲ့လဲ မေးမြန်းဖို့ အနားကမြို့လေးတွေဆီ သွားရင်ရော" တစ္ဆေတွေ မေ့ပျောက်မြစ်နေရာလွဲမှုကြောင့် ပိတ်မိနေပေမဲ့ မြို့နေခံတွေသေဆုံးမှုအကြောင်းရင်း မသိရသေးဘူး။ သူတို့တွေ စုန့်ရန်ရဲ့ အငြိုးအတေးစွမ်းအင် အကြောင်းရင်းလည်း ရှာတွေ့နိုင်တယ်။

"ကောင်းပြီ" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။

ယိချင်း ဓားပေါ်တက်တုန်း ထူးဆန်းတဲ့ အရှိန်အဝါတစ်ခု သူတို့ဆီချဉ်းကပ်လာတာ ခံစားလိုက်ရတယ်။ တစ်ယောက်ယောက် လာနေတယ်။

သူ့လှုပ်ရှားမှု ရပ်တန့်သွားတယ်။ လာတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ဒီတစ္ဆေမြို့နဲ့ လုံးဝရင်းနှီးသူပဲ။ သူ မသွားတော့ဘဲ တစ်ဖက်လူပေါ်လာမှာ စောင့်လိုက်တယ်။

တကယ်ပဲ တစ်ခဏအတွင်း ဝတ်ရုံစိမ်းနဲ့ လူတစ်ယောက် ‌မြို့တံခါးဝမှာပေါ်လာတယ်။ ဒါပေမဲ့ သူက ဓားပျံနဲ့ မလာဘဲ မြေကျုံ့မှော်အတတ်ကိုသုံးကာ အလောတကြီးလာတဲ့ပုံ။ သူက မြို့တံခါးဘေး အရင်ရပ်ပြီး အံ့ဩတကြီး ဟိုဟိုဒီဒီကြည့်တယ်။

"ဒီမြို့ထဲက တစ္ဆေချီက... တကယ်ကို လုံးဝပျောက်သွားတာပဲ"

သူ့အမူအရာက မယုံကြည်နိုင်မှုအပြည့်။ အဲတော့မှ သူ မြို့ထဲကယိချင်းကို သတိထားမိပြီး မျက်လုံးတွေတောက်ပကုန်ကာ လောကဝတ်ပြုတဲ့ပုံစံလိုမျိုး ထူးထူးဆန်းဆန်း အမူအရာလုပ်ပြတယ်။ အဲတော့မှ သူက ပြောတယ်။

"တာအိုရောင်းရင်းက ဒီက တစ္ဆေတွေကို ခုလေးတင် သန့်စင်လိုက်တာလား"

သန့်စင်တယ်လား။ သူ ဒီစာလုံးကို တစ်နည်းနည်းနဲ့ သဘောမကျမိဘူး။ သူ သူတို့ကို မေ့ပျောက်မြစ်ကတစ်ဆင့် သံသရာဆီပို့ပေးလိုက်ရုံပဲ။

ယိချင်း မျက်မှောင်ကြုတ်ပေမဲ့ ခေါင်းတော့ညိတ်ပြလိုက်တယ်။

အဲလူက ပိုတောင်ပျော်ရွှင်လာတယ်။

"တာအိုရောင်းရင်းလုပ်ခဲ့တာ အင်မတန်ကြီးမားတဲ့ကြင်နာမှုပါပဲ" သူ့မျက်နှာက တောက်ပမှုအပြည့်၊ ပြီးတော့ စိတ်သက်သာရာရသွားတဲ့ဟန်။

"ဒီတစ္ဆေမြို့က နှစ်ပေါင်းများစွာ ‌ဒုက္ခပေးနေတာ၊ တာအိုပညာရှင်တွေတောင် သူတို့ကို မရှင်းထုတ်နိုင်ဘူး၊ ဒါပေမဲ့ ဒီနေ့တော့ တကယ်ပဲ တာအိုရောင်းရင်းက ဖြေရှင်းလိုက်တယ်"

သူက တစ်စုံတစ်ခုကို သတိရသွားတဲ့ပုံနဲ့ ဆက်ပြောတယ်။

"ကျုပ်က ချင်မြို့က ထျန်းမျိုးနွယ်ရဲ့ ထျန်းဟန်ပါ၊ တာအိုရောင်းရင်းမှာ ဒီလိုကြီးမားတဲ့ ဓမ္မတာအိုရှိတာ၊ ဘယ်မျိုးနွယ်ကြီးက လာလဲနဲ့ ဘယ်လိုခေါ်ရမလဲဆိုတာ သိခွင့်ရှိမလား"

"ယိချင်း"

"ယိလား" သူက မှင်တက်သွားတယ်။ နာမည်ကြီး တာအိုမျိုးနွယ်တွေထဲ ဒီလိုမျိုးရိုးနာမည် မကြားဖူးပါဘူး။

သူ ဇဝေဇဝါ ဖြစ်နေတုန်း ယိချင်း ဘေးကိုတစ်လှမ်းရွှေ့ကာ ဆက်ပြောလိုက်တယ်။

"ဒါကျုပ်ဆရာ ရှန်းရင်"

ထျန်းဟန်က မှင်တက်သွားတယ်။ သူ စောနက သတိမထားမိဘဲ ခုမှ သူ့ဘေးမှာ နောက်ထပ်အမျိုးသမီးတစ်ယောက်ရှိနေတာ သိလိုက်ရတယ်။ မျိုးရိုးနာမည်က ရှန်း... သူ့မျက်လုံးတွေ ပိုတောင်တောက်ပသွားတယ်။

"လော့ယန်က ရှန်းမျိုးနွယ်ကများလား" အဲဆို အံ့ဩစရာ မဟုတ်တော့ဘူး။ ရှန်းမျိုးနွယ်က မျိုးနွယ်ကြီး မဟုတ်ပေမဲ့ သမိုင်းကြောင်း‌ရာချီနေတဲ့ လေးစားဖွယ်ပဲ။ ရှန်းမျိုးနွယ်က ဘယ်တုန်းတည်းက ဒီလိုထူးကဲတဲ့ကျင့်ကြံသူကို မွေးထုတ်ခဲ့တာလဲ။ သူက တာအိုပညာရှင်တွေတောင် မဖြေရှင်းနိုင်တဲ့တစ္ဆေတွေကို တကယ်ပဲကိုင်တွယ်နိုင်ခဲ့တယ်။

"ဟင့်အင်း" ယိချင်း တန်းခေါင်းခါလိုက်တယ်။ ဘာ လော့ယန်က ရှန်းမျိုးနွယ်နဲ့ချင်မြို့က ထျန်းမျိုးနွယ်လဲ။ ဒီကမ္ဘာက ကျင့်ကြံသူတွေအားလုံးက မျိုးနွယ်တွေကတော့ မဖြစ်နိုင်ဘူးမလား။

"မ... မဟုတ်ဘူးလား" ဆက်တိုက် မှားခန့်မှန်းမိနေတဲ့ထျန်းဟန် မှင်တက်သွားတယ်။

"ဒါဆို ခင်ဗျားတို့နှစ်ယောက်က ဘယ်မိသားစုကလဲဗျ" တစ်ကိုယ်ရေကျင့်ကြံသူတွေတော့ မဟုတ်နိုင်ဘူးမလား။

ဆရာတပည့်နှစ်ယောက် အကြည့်ချင်းဖလှယ်ကာ တူတူဖြေလိုက်တယ်။

"နျိုမိသားစု"

ထျန်းဟန် ။ ။ "..."

(⊙_⊙)

ဟမ်။

နျိုမိသားစုက ဘာမိသားစုလဲ။ သူ တစ်ခါမှမကြားဖူးဘူး လောကကြီးကနေ ပုန်းအောင်းနေတဲ့ မျိုးနွယ်ကြီးများဖြစ်နိုင်မလား။

"ဒီမြို့မှာ တကယ်တမ်းဘာဖြစ်ခဲ့လဲ တာအိုရောင်းရင်းထျန်းသိမလား၊ ဘာလို့မြို့က တစ္ဆေအပြည့် ဖြစ်နေတာလဲ" ယိချင်း ရှေ့တက်မေးလိုက်တယ်။

တစ်ဖက်လူက ဇာတ်မြစ်ကို မိတ်ဆက်ပေးဖို့ဆန္ဒ မရှိတာမြင်တော့ ထျန်းဟန် ဆက်မစပ်စုတော့ဘူး။ မြို့ပျက်ကြီးကိုကြည့်ကာ သူသက်ပြင်းချလိုက်တယ်။

"ဒီချင်းဟယ်စီရင်စုက လူတွေက အတော်လေးသနားဖို့ကောင်းပါတယ်၊ ခု လောကကြီးက ဗရမ်းဗတာတွေ ဖြစ်ပြီး သွေဖည်သရဲတွေက နေရာအနှံ့ပဲ၊ သူတို့က ဒီမြို့သားတွေရဲ့ကြမ္မာဆိုးရဲ့ လက်သည်တွေပေါ့"

"သွေဖည်သရဲတွေလား" ယိချင်းက မှင်တက်သွားတယ်။ သူ သွေဖည်သားရဲတွေနဲ့ သွေဖည်နတ်ဆိုးတွေပဲ ကြားဖူးတာ။ ဘာက သွေဖည်သရဲတုံး။

တစ်ဖက်လူရဲ့ဇဝေဇဝါဖြစ်မှုကို မြင်တော့ ထျန်းဟန် သူတို့က လောကကြီးထဲကနေ ပုန်းအောင်းနေတဲ့ မျိုးနွယ်ကြီးပဲဆိုတဲ့ ခန့်မှန်းချက်က ပိုသေချာလာတယ်။ သူက ဘေးကိုဖယ်ကာ ပြောလိုက်တယ်။

"စိတ်မရှိရင် ခင်ဗျားတို့ ကျုပ်ရဲ့နိမ့်ကျတဲ့အိမ်ကိုပြန်လိုက်ပြီး ကျွန်တော် အသေးစိတ်ပြောပြရင်ရော"

ယိချင်း ရှန်းရင်ကိုကြည့်ကာ သူမဆီက ကန့်ကွက်ချက်ကို မမြင်ရတော့ လက်သီးဆုပ်ပြီး ပြောလိုက်တယ်။

"ဒါဆို ကျုပ်တို့ ခင်ဗျားကို ဒုက္ခပေးမိပါပြီ"

"ကျေးဇူးပြုပြီး ဒီလမ်းပါ"

All Chapters