← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း ၃၆၁ ။ စီမံထိန်းသိမ်းသူကို သတ်ဖြတ်ခြင်း

အပေါ်မှာ ပုံရိပ်တချို့ ပေါ်လာတယ်။ သူတို့က ဆယ်ယောက်ထက် မနည်းဘူး။ ယောက်ျားရော မိန်းမရောပါတယ်။ တစ်ယောက်စီရဲ့ ခန္ဓာကိုယ်က မသေမျိုးချီတွေနဲ့ ပြည့်နေတယ်။ သူတို့မှာ ကြောက်ခမန်းလိလိ အရှိန်အဝါရှိတာမို့ အရင်ကတွေ့ဖူးတဲ့ အဇဋာဧကရာဇ်တွေထက်တောင် ပိုသန်မာပုံပဲ။

ကူယွဲ့ နှလုံးသား နစ်မြုပ်သွားတယ်။ သူ လေထဲတွင် ပျံဝဲနေတဲ့ အုပ်စုကို စစ်ဆေးကြည့်ပြီး စကားပြောတဲ့ လူအနားမှာ ပျံသန်းနေတာက အရင်က ပျောက်သွားတဲ့ နတ်ဆိုးဘုရင်အသစ်မှန်း သဘောပေါက်သွားခဲ့တယ်။ ခုတော့ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာ နတ်ဆိုးချီမရှိတော့ဘူး။ အဲအစား၊ အားလုံးကို မသေမျိုးချီနဲ့ အစားထိုးထားတယ်။ ထူးဆန်းတာ သူတို့မသေမျိုးချီက အမတတွေပိုင်ဆိုင်တဲ့ သာမန်မသေမျိုးချီတွေနဲ့ ကွဲပြားနေပုံပဲ။ သူတို့ဟာက သာမန်ထက် ထူးထူးခြားခြား များပြားပုံပဲ။

ကူယွဲ့ ဦးနှောက်က စတင်အလုပ်လုပ်တော့တယ်။ နောက်ဆုံးတော့ တစ်ခုခုကို အဖြေ ရှာတွေ့သွားသလိုမျိုးနဲ့ သူကပြောတယ်။

"မင်း ငါတို့ကို ဒီနေရာကို ရည်ရွယ်ချက်ရှိရှိ မျှားခေါ်ခဲ့တာပဲ"

"မှန်တယ်" အဲလူက တောက်ခေါက်တယ်။ အောက်မှာ ရပ်နေတဲ့ လူသုံးယောက်ကို တစ်ယောက်ချင်းစီ ကြည့်ပြီး သူ့မျက်လုံးထဲမှာ အမုန်းတရားတွေ ပေါ်လွင်နေတယ်။

"ဒီမျက်နှာပြင်က အနှေးနဲ့ အမြန်ဆိုသလို ပျက်သွားရတော့မှာ၊ မင်းတို့မတည်ရှိနေသင့်ဘူး မင်း စီမံထိန်းသိမ်းသူ ဖြစ်မလာသင့်ဘူး"

ကူယွဲ့ ကြောင်အမ်းသွားတယ်။ ရှန်းရင်ရဲ့ ကိုယ်ပိုင်လက္ခဏာကို သူတို့ သိတယ်‌ပေါ့။

"မင်းတို့က ဘယ်လိုလူမျိုးလဲ"

"ငါတို့က မင်းတို့ကိုသတ်မဲ့သူတွေပဲ" ပထမဆုံး စကားပြောတဲ့လူက ပြောတယ်။ သူ့ကြည့်ရတာ သူတို့ကို ထပ်ရှင်းပြဖို့ ရည်ရွယ်ချက်မရှိသလိုပဲ။ သူ့အမူအရာက မာကြောနေတယ်။

"စိတ်မပူပါနဲ့၊ မင်းတို့သွားတာနဲ့၊ ငရဲပြည်ကို မင်းတို့နဲ့လိုက်ဖို့ ဒီဘုံတစ်ခုလုံးကို ငါတို့စေလွှတ်လိုက်မယ်"

သူပြောပြီးတာနဲ့ လက်ကိုယမ်းပြီး သူ့နောက်မှာ လက်ထဲဓားနဲ့ စောင့်နေတဲ့လူတွေကို အောက်ကအဖွဲ့ဆီ ဦးတည်ခိုင်းလိုက်တယ်။ ပတ်ပတ်လည်တွင် အင်းကွက်တစ်ခု တောက်ပလာတယ်။ မရေမတွက်နိုင်တဲ့ ဓားသွားတွေ လေထဲ ပေါ်လာပြီး မျက်စိကျိန်းစရာ အဖြူရောင် အလင်းတန်းတွေ ရောင်ပြန်ဟပ်ကုန်တယ်။ ပြင်းထန်တဲ့ ဖိနှိပ်မှုအင်အားက အခု ခန်းမရဲ့ထောင့်တိုင်းကို ပြည့်နှက်သွားတာမို့ ကူယွဲ့နဲ့ ယိချင်းတို့ အသက်ရှူသံတွေ တိမ်ဝင်သွားတယ်။ ဒါ မသေမျိုးချီသာ ဆိုပေမဲ့ ကြောက်ခမန်းလိလိ အရှိန်တစ်ခုပါ သယ်ဆောင်လာတာမို့ နတ်ဘုရားစွမ်းအင်ထက် ပိုပြင်းသလိုပဲ။

ကူယွဲ့ စည်းတံဆိပ်ကို အလိုလို ပုံဖော်ကာ သူ့အမတဓားကို ဆင့်ခေါ်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးပမ်းလိုက်တယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က မသေမျိုးချီ ကုန်ခမ်းနေတာကို တွေ့ခဲ့ရတယ်။ သူ့အမတဓားကို ဆင့်မခေါ်နိုင်ရုံတင်မက သူ့ ကိုယ်ပိုင်ဓမ္မအသုံးအဆောင်နဲ့ပါ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ သူ့ပတ်ဝန်းကျင်မှာ မသေမျိုးချီတွေ မယုံနိုင်လောက်အောင် ကြွယ်ဝနေပေမဲ့ နည်းနည်းလေးတောင် သုံးမရ။ တစ်ယောက်ယောက်က သူ့ ကျင့်ကြံဆင့်အားလုံးကို လုယူသွားသလိုပဲ။ လေထဲက ဓားသွားတွေ သူ့ဆီပြုတ်ကျလာပြီး ဒဏ်ရာတွေအများကြီ ချန်ရစ်ခဲ့တာကို ထိုင်ကြည့်နေရတယ်။

သူရင်ထိတ်သွားတယ်။ လှမ်းကြည့်လိုက်တော့ ယိချင်းလည်း သူ့နည်းတူ ဇဝေဇဝါ။ ယိချင်းက သူ့လက်ထဲကဓားနဲ့ ဓားတွေကိုကာဖို့ တတ်နိုင်သမျှ နည်းလမ်းမျိုးစုံထုတ်သုံးနေတယ်။

ဘာတွေဖြစ်နေတာလဲ

"ဒါဘာအင်းကွက်လဲ"

"မင်းတို့အစွမ်းတွေ ထုတ်သုံးမရတာ အံ့ဩနေတာလား" လေထဲကလူက သူတို့ဇဝေဇဝါဖြစ်နေတာ သတိထားမိသွားတော့ ခြောက်ကပ်ကပ်ရယ်တယ်။

"မင်းတို့မျက်နှာပြင်မှာ မဟုတ်တော့တာ သတိမထားမိဘူးလား၊ မင်းတို့ ဒီခန်းမထဲ ဝင်လာတည်းက ငါတို့ နန်းတော်တစ်ခုလုံးကို မင်းတို့မျက်နှာပြင်ကနေ ခေါ်ထုတ်ခဲ့တာ၊ တခြားနည်းနဲ့ပြောရရင် မင်းတို့မြေလွှာပေါ်မှာ မဟုတ်တော့ဘူး၊ မင်းက စီမံထိန်းသိမ်းသူဖြစ်နိုင်ပေမဲ့ မင်း ငါတို့ကိုလုပ်နိုင်တာ ဘာမှမရှိဘူး"

"ငါတို့ မျက်နှာပြင်ကနေ ထွက်ခွာလာတယ်လား" ကူယွဲ့ အံ့ဩတကြီး ရေရွတ်လိုက်တယ်။

"မင်းတို့က ကျူးကျော်သူတွေပဲ"

"ဟမ့် ကျူးကျော်သူတွေတဲ့လား" သူက နောက်တစ်ကြိမ် ထပ်ရယ်တယ်။ ကျန်တဲ့သူတွေက ကူယွဲ့ကို စောနကထက်တောင် မုန်းတီးစွာ စိုက်ကြည့်ကြတော့တယ်။ အဲလူက ငေါ့တော့တော့နဲ့ ပြောတယ်။

"ဒါဆို မင်းတို့မျက်လုံးထဲမှာ ငါတို့က ကျူးကျော်သူတွေပဲပေါ့" သူ့အမူအရာက ပိုတောင် ဒေါသကြီးလာတယ်။ အမျက်ဒေါသက သူ့တစ်ကိုယ်လုံးကနေ တောက်ပစပြုလာပြီး မျက်လုံးတွေက ရဲရဲနီကုန်တယ်။ သူက တစ်လုံးစီကိုဖိပြောတယ်။

"တကယ်လို့ ငါတို့တကယ်ပဲ ကျူးကျော်ပြီး ဒီကမ္ဘာကို ဖျက်ဆီးရင်တောင် ဒါ ဒီကမ္ဘာ၊ မင်းတို့အားလုံးနဲ့ မိစ္ဆာနတ်ဘုရားက ငါတို့ကိုအကြွေးတင်နေတဲ့ဟာပဲ"

မိစ္ဆာနတ်ဘုရားလား။ သူတို့ တုံ့ဆိုင်းကုန်တယ်။ အဲခွေးသား ဒီတစ်ခေါက်ရော ဘာလုပ်ပြန်ပြီလဲ။

အဲလူက ပိုပိုတောင် ဒေါသထွက်လာကတာမို့ ရူးသွပ်တော့မဲ့ပုံတောင် ပေါ်နေတယ်။ ဒါပေမဲ့ သူက စကားထပ်မပြောတော့ဘဲ သူ့အဖော်တွေဘက် လှည့်ပြောတယ်။

"စီမံထိန်းသိမ်းသူကို အရင်ခေါ်ချေ"

ယိချင်းနဲ့ တိုက်ခိုက်နေတဲ့လူတွေက အဲလူညွှန်ကြားချက်ကို ကြားချိန် ရှန်းရင်ဆီ ချက်ချင်း ဦးတည်ကြတယ်။

"ဆရာ" ယိချင်းသွေးပျက်သွားတယ်။ သူ တားဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားပြီ။ ပြီးတော့ သူက အရင်ကလောက် အစွမ်းမရှိဘူး။ သူ အချိန်မီပြေးသွားနိုင်စရာ အကြောင်းရင်း လုံးဝမရှိ။ သူ လုပ်နိုင်တာ လူဆယ်ယောက်ကျော် ရှန်းရင်ဆီ အလင်းလိုအရှိန်နဲ့ပြေးသွားတာကို ကြည့်နေရုံပဲ။ သူတို့က ရှန်းရင်ရဲ့... အဖော် ဖေဖေနျို့ကို ဆွဲဖမ်းလိုက်ကြတယ်

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ဘာလဲဟ။

(⊙_⊙)

ကူယွဲ့ ။ ။ "..." ခွေး*သား

နောက်အခိုက်အတန့်မှာ ကူယွဲ့က ခေါင်းဆောင်ရှေ့ လေထဲသို့ ခေါ်ဆောင်ခံခဲ့ရတယ်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် တစ်စုံတစ်ခုက လင်းထိန်နေပြီး သူ့ကိုနေရာမှာချုပ်ထားတယ်။ အဲလူလက်ထဲ ခရမ်းရောင်အလင်းတန်းတစ်ခု လက်လာတယ်။ ချက်ချင်း မီးတောက်နဲ့ ပြုလုပ်ထားသော ခရမ်းရောင်ဓားတစ်လက် ပေါ်လာလေရဲ့။ မီးတောက်က စောစောက မီးအိမ်ထဲက ထွက်လာတဲ့ဟာနဲ့ တူတယ်။

"မင်းက စီမံထိန်းသိမ်းသူဆိုတော့ မင်းရဲ့မျက်နှာပြင် ပျက်သုဉ်းတာမှာ အဖော်လိုက်သင့်တယ်"

သူစကားဆုံးတဲ့နောက် လက်ကိုမြှောက်ကာ ကူယွဲ့ဆီ ဓားချိန်တယ်။

ဟိုလီရှစ် ကူယွဲ့ နှလုံးသား ရပ်တန့်သွားခဲ့တယ်။ သူ အော်လိုက်တယ်။

"ရှန်းရင်"

ခရမ်းရောင်မီးတောက်ဓားက သူ့ကိုယ်ကိုဖြတ်တော့မဲ့ဆဲဆဲ လက်တစ်ဖက်က ကူယွဲ့မျက်စိရှေ့ ပေါ်လာတယ်။ လက်က ဓားရိုးပေါ် ဆုပ်ကိုင်ထားပြီး ကူယွဲ့နဲ့ လက်လေးလုံးအလို လေထဲရပ်တန့်သွားစေခဲ့တယ်။

ဟူးခနဲ သက်ပြင်းချသံကြီး ပေါ်လာတယ်။

"ဟေး၊ နင်... သူက စီမံထိန်းသိမ်းသူ မဟုတ်ဘူး" သူတို့ဘေးက လေထဲ ရုတ်တရက် ပေါ်လာတဲ့ရှန်းရင်က ခေါင်းကိုစောင်းတယ်။

"ငါ"

"ဘာ..." သူ လူမှားသွားတယ်ဆိုတဲ့အချက်ကို သဘောမပေါက်နိုင်ခင် ရှန်းရင်က ဆုပ်ကိုင်ထားတာကို တင်းလိုက်တယ်။ အဲလူလက်ထဲက ခရမ်းရောင်မီးတောက်ဓားက ချွင်ခနဲ အပိုင်းအစတွေအဖြစ် ကျိုးပဲ့ကုန်ပြီး ခရမ်းရောင်အလင်းအစက်အပြောက်လေးတွေအဖြစ် ပျောက်ကွယ်ကုန်တယ်။

အဲလူက ခုသူ့ဗလာလက်ထဲ အူတူတူစိုက်ကြည့်နေတယ်။ နောက်တော့ သူကြယ်တွေလတွေမြင်ကုန်ပြီး သူ့ပတ်ပတ်လည်ကအရာအားလုံး ချာလည်ကုန်တယ်။ တစ်ကိုယ်လုံးလည်း နာကျင်သွားလေရဲ့။

ရှန်းရင် အဲလူကို လည်ထောင်ကနေ ပြန်ကောက်ဆွဲကာ ဘတ်တံလိုမျိုးသုံးပြီး သူ့အဖော်တွေကို တစ်ယောက်ပြီးတစ်ယောက် လွှဲရိုက်လိုက်တယ်။

ခန်းမတစ်ခုလုံး ကျိုးပဲ့သံကျယ်ကြီးတွေနဲ့ ပြည့်ကုန်ပြီး ဆယ်ယောက်ကျော် ဖက်ထုပ်တွေလို ပြုတ်ကျကုန်တယ်။ တချို့က ကြမ်းပြင်ထဲ၊ တချို့က နံရံထဲ၊ တချို့က တိုင်တွေထဲ ပြုတ်ကျကုန်တယ်။ ရုတ်တရက် ခန်းမတစ်ခုလုံးက လူသားအနုပညာအပိုင်းအစတွေနဲ့ ဖုံးလွှမ်းသွားလေရဲ့။

အရာအားလုံးက စက္ကန့်သုံးဆယ်တောင် မကြာ။ အင်းကွက်က နောက်တစ်ကြိမ် မှောင်မည်းသွားခဲ့တယ်။ ခန်းမကြီးတစ်ခုလုံး အပြင်းအထန်တုန်ရီကာ နောက်တော့ လုံးဝ ပြိုလဲပျက်စီးသွားခဲ့တယ်။

အဲဒါကြောင့်... သူများတွေနဲ့ ကျိုးသင့်ကြောင်းသင့်ပြောဖို့ အရမ်းခက်တာပဲ။

ရှန်းရင် သက်ပြင်းချပြီး ဘတ်တံကို ပစ်ထုတ်လိုက် - မဟုတ်ဘူး - သူမလက်ထဲကလူကို မြေကြီးပေါ် ချလိုက်တယ်။ သူမက ကူယွဲ့ကို ယိချင်းဘေး ပြန်ခေါ်လာကာ ကူယွဲ့ကို လှုပ်မရအောင် ချုပ်ထားတဲ့ ကျိန်စာအဆောင်ကို ဆွဲဖြဲလိုက်တယ်။

"ဆိုတော့... ဒါက စီမံထိန်းသိမ်းသူပေါ့"

စောစောက ဘေးပစ်ထုတ်ခံရတဲ့လူက ခေါင်းကို မြှောက်ဖို့ ကြိုးစားတယ်။ ရှန်းရင်ကို ကြည့်တဲ့ အကြည့်က မုန်းတီးမှု၊ နာကြည်းမှုတို့ ရောထွေးနေပြီး လေးစားမှုတချို့လည်း ရောစွက်နေတယ်။ သူက ခြောက်ကပ်ကပ် ရယ်တယ်။

"စီမံထိန်းသိမ်းသူရဲ့ စွမ်းအားက သူစီမံခန့်ခွဲတဲ့ မျက်နှာပြင်က လာတာပါ၊ ငါသေချာတယ်... မင်းကို မင်းရဲ့ ကိုယ်ပိုင်မျက်နှာပြငခပေါ်ကနေ ခေါ်ထုတ်ခဲ့ပြီးပြီ၊ ဒါတောင် မင်းက…"

"အိုး" ရှန်းရင် ခေါင်းကို စောင်းကာ တုံ့ပြန်စကားကို လေးလေးနက်နက် စဉ်းစားနေတယ်။

"ငါပြောနိုင်တာက - စီမံထိန်းသိမ်းသူတွေအကြောင်း ဘာမှ မသိဘူးလား"

ကူယွဲ့ နှုတ်ခမ်းစေ့လိုက်တယ်။ သူက စီမံထိန်းသိမ်းသူတွေအကြောင်း ဘာမှမသိတာမဟုတ်ဘူး - ဒီ cheat အကြောင်း ဘာမှမသိရုံပဲ။ ကူယွဲ့ရော ယိချင်းပါ အစွမ်းတွေဖိနှိပ်ခံခဲ့ရတယ်။ ရှန်းရင်တစ်ယောက်ပဲ မသက်ရောက်ခံခဲ့ရတာလေ။

"ငါမကျေနပ်ဘူး" အဲလူမျက်လုံးတွေက အမုန်းတရားတွေနဲ့ ပြည့်နှက်သွားပြန်တယ်။ စက္ကန့်နဲ့အမျှ သူ့ရဲ့အမူအရာက တင်းမာလာတယ်။ သူက ရူးသွပ်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သလိုပဲ။

"ဒီဆိုးဝါးတဲ့မျက်နှာပြင်တွေအားလုံး စီမံထိန်းသိမ်းသူတွေကို ဘယ်လိုရှာဖွေနိုင်တာလဲ၊ အဲလူယုတ်မာ မိစ္ဆာနတ်ဘုရားမှာ ဘယ်လိုလုပ် နေထိုင်ဖို့ တည်ငြိမ်တဲ့ မျက်နှာပြင်တစ်ခု ရှိရတာလဲ၊ ငါတို့ရဲ့ အရင်းအမြစ်တွေကို ငါတို့ဆီကနေ ဘာလို့ ယူသွားခံသင့်တာလဲ၊ ငါတို့က ဘုံများအလွန်ကဘုံဆီ ဘာကြောင့် နှင်ထုတ်ခံရမှာလဲ ငါ မကျေနပ်ဘူး တစ်ခုခု ပျက်စီးရမယ်ဆိုရင်… မင်းတို့နဲ့ မင်းတို့မျက်နှာပြင် ပျက်သင့်တာ" သူက နောက်ဆုံးထွက်သက်ကိုသုံးပြီး ဒီအရာအားလုံးကို သူတို့သုံးဦးဆီ အော်ဟစ်ခဲ့တယ်။

ဒါပေမဲ့ သူတို့ သုံးယောက်က သူ့ကို အူတူတူ စိုက်ကြည့်နေကြတယ်။ အဲလူပြောတဲ့စကားကို သူတို့နားလည်အောင် မလုပ်နိုင်ခင် သူ့လက်ထဲက ခရမ်းရောင်အလင်းက တစ်ဖန်လင်းလက်လာတယ်။ ရင်းနှီးနေတဲ့ ခရမ်းရောင်သေတ္တာတစ်ခု ပေါ်လာတော့တာပဲ။

ဒါ ခရမ်းရောင်ဓာတ်ငွေ့ကို သိုလှောင်ဖို့ ရှန်းရင် သုံးတဲ့ သေတ္တာမဟုတ်လား။

ကူယွဲ့ သူ့နံဘေးကို စမ်းတော့ မရှိတော့တာ သိလိုက်ရတယ်။ သူတို့ဆီကနေ ‌ဘယ်တုန်းက ယူသွားခဲ့တာလဲ

သူရင်ထိတ်သွားတယ်။ "မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

နောက်ကျလွန်းသွားခဲ့ပြီ။ သူ့လက်ထဲက ခရမ်းရောင်အလင်းက နောက်တစ်ကြိမ်လင်းလက်လာတယ်။ ခရမ်းရောင်အငွေ့တွေက သေတ္တာထဲက အသည်းအသန်ထွက်လာကာ မြေကြီးဆီ တန်းတန်းမတ်မတ် ဦးတည်တော့တယ်။

…

အခန်း ၃၆၂ ။ ဘုံပြိုကွဲ

နောက်အခိုက်အတန့်မှာတော့ ခရမ်းရောင်အက်ကွဲကြောင်းတွေက သူတို့ပတ်လည်မှာ ပေါ်လာပြီး သူတို့ဆီ ပျံ့နှံ့လာတယ်။ ကောင်းကင်နှင့်မြေကြီးကို စက္ကန့်ပိုင်းအတွင်း ဖုံးအုပ်သွားလေရဲ့။ သူတို့ပတ်လည်မှာ အပိုင်းပိုင်းပြိုကျလာပြီး မြေကြီးတစ်ခုလုံး တုန်ခါသွားသလိုပဲ။ ခရမ်းရောင်က မှေးမှိန်သွားပေမဲ့ အက်ကွဲကြောင်းတွေက ကောင်းကင်မှာ ကျန်ရစ်နေခဲ့တယ်။

ဒါက ကောင်းကင်နယ်မြေက မိစ္ဆာနတ်ဘုရားနဲ့ အစောပိုင်းအချိန်ကို ကူယွဲ့ကို သတိရသွားစေတယ်။ အရာအားလုံးက မြန်မြန်ဆန်ဆန် ပြိုကျကုန်တယ်။ အားလုံးက စက္ကန့်ပိုင်းမျှသာ ကြာလေရဲ့။ အခုတော့ လွင်တီးခေါင်ဖြစ်နေပြီ။ ဘုံအပြင်ဘက်က စွန့်ပစ်အရှိန်အဝါတွေက ကောင်းကင် အက်ကွဲကြောင်းတွေကနေ လျှောကျလာတယ်။ သက်ရှိပုံစံအားလုံး သုညဆီ ချက်ချင်း ကျဆင်းသွားတယ်။ အသက်ရှင်ဖို့ အခွင့်အလမ်းတွေကလည်း မြန်ဆန်စွာ ကျဆင်းလာလေရဲ့။

"မင်း ဒီမျက်နှာပြင်လေးကို ဖျက်ဆီးချင်နေတာလား" ကူယွဲ့ မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားတယ်။ သူ့မျက်စိရှေ့မှာတင် မျက်နှာပြင်တစ်ခုလုံး ပြိုကျတော့မှာပဲ။

"မင်းတို့ရဲ့မျက်နှာပြင်ကို အစကတည်းက ဖျက်ဆီးပစ်သင့်တာ" အဲလူက အရင်ကထက်တောင် ရူးသွပ်နေတဲ့ပုံ။ တကယ်လို့ သူသာ ဒီမျက်နှာပြင်နဲ့အတူ လွင့်ပျောက်ရမယ်ဆို လွင့်ပျောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အတိုင်းပဲ။

"ဒီမျက်နှာပြင်တင် မကဘူး၊ တခြားကမ္ဘာ ၃၀၀၀ လည်း ရှိမနေသင့်ဘူး"

"မင်းက အရူးပဲ" ကူယွဲ့က လျင်မြန်စွာ ပျက်စီးနေတဲ့ မျက်နှာပြင်ကို ကြည့်လိုက်တယ်။

"ဒီမျက်နှာပြင်ပေါ်မှာ သက်ရှိသတ္တဝါ ဘယ်လောက်ရှိတယ်ဆိုတာ မင်းသိလား၊ ဒီနေရာကို ဖျက်ဆီးရင် သူတို့လည်း အတူတူ ပျက်စီးသွားလိမ့်မယ်"

"ဘာဖြစ်လဲ" သူက ရူးသွပ်စွာ ရယ်မောပြီး ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။

"ငါတို့ အရင်တည်းက သေခဲ့သင့်တာ၊ စီမံထိန်းသိမ်းသူကို သတ်လိုက်ရင် မင်းတို့ရဲ့မျက်နှာပြင်က ငါနဲ့အတူ ဆုံးပါးသွားလိမ့်မယ်"

ဒီလူက စိတ်လွတ်နေပြီပဲ။

"ဒီမျက်နှာပြင်က လုံးဝအဆက်ပြတ်နေတာ၊ ဖျက်ဆီးလိုက်တာနဲ့ စီမံထိန်းသိမ်းသူတွေတောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ ဒီမျက်နှာပြင်နဲ့အတူ ပါသွားလိုက်တော့"

"ဒါ မသေချာပါဘူး" ရှန်းရင်က ရုတ်တရက် ပြောတယ်။ သူမကြည့်ရတာ နည်းနည်းလေးမှ စိတ်ပူပုံမပေါ်။ ဝတ်ရုံထဲက သေတ္တာတစ်ဘူးကို ထုတ်ယူပြီး ပစ်ထုတ်လိုက်တယ်။

သေတ္တာက အရင်ကဟာလို ဖောက်ထွင်းမြင်ရပေမဲ့ အနီရောင်။ ပျံထွက်လာတာနဲ့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းပြီး မျက်နှာပြင်တစ်ခုလုံးကို ဝါးမျိုဖို့ ခြိမ်းခြောက်နိုင်တဲ့အထိ အရွယ်အစားကြီးလာတယ်။ အက်ကွဲရာကတဆင့် မျက်နှာပြင်ထဲ စိမ့်ဝင်လာတဲ့ စွန့်ပစ်အရှိန်အဝါတွေက အရင်လမ်းကြောင်းအတိုင်း အတင်းပြန်မောင်းထုတ်ခံလိုက်ရတယ်။ အက်ကွဲကြောင်းတွေ ကျန်နေသေးပေမဲ့ မျက်နှာပြင်တစ်ခုလုံးကတော့ ကျန်ရှိနေဆဲ။ အချိန်တွေ ရပ်တန့်သွားသလိုမျိုး ပျက်စီးမှုလည်း ရပ်တန့်သွားတယ်။

ကူယွဲ့ ခန္ဓာကိုယ် ပြေလျော့သွားတယ်။ သူ စောနကတင် ခံစားခဲ့ရတဲ့ မျက်နှာပြင်ဖိနှိပ်မှုက ပျောက်ကွယ်သွားပြီ။ သူ ကောင်းကင်ကျယ်ကြီးကို မော့ကြည့်လိုက်တယ်။ အနီရောင်သေတ္တာက ခု ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ကောင်းကင်နဲ့ မြေကြီးကို ပိုင်းခြားထားတဲ့ အနီရောင်အလင်းတစ်ခု ဖြစ်လာတယ်။

"ဒါ... ဘာလဲ" ရှန်းရင် ဒီသေတ္တာတွေအားလုံးကို ဘယ်ကနေ ရနေတာလဲ။

"သီးသန့်ထားအသုံးအ‌ဆောင်လေ" ရှန်းရင်က ချက်ကျလက်ကျ ဖြေတယ်။ တစ်ခဏ စဉ်းစားပြီးတဲ့နောက် သူမက ဆက်ပြောတယ်။

"ငါ့အစ်မ အရင်က ဒေါသထွက်ရင် ငါ့ကို ဒီက အနက်... အနီရောင်အိမ်လေးထဲ ပိတ်ထားတာ"

"အာ..." တကယ်ပဲ ဒါက ရှန်းကျင်းလုပ်မဲ့ပုံစံမျိုးနဲ့ တူတယ်။ ဒါပေမဲ့ ဒီအနီရောင်အိမ်လေးက အတော်ကြီးသား။ မျက်နှာပြင်တစ်ခုလုံးကို ထိန်းနိုင်လောက်အောင် ကြီးတာပဲ။

"မင်းဘာလုပ်ခဲ့တာလဲ" စောနကတင် ရူးကြောင်ကြောင် ရယ်မောနေတဲ့ လူက မယုံကြည်နိုင်စွာ လှည့်ကြည့်တယ်။ မျက်နှာပြင်ငယ်က ပြိုကျနေတာ။ ဘာကြောင့် ရပ်သွားတာလဲ။ စီမံထိန်းသိမ်းသူတွေက တကယ်ကို ဒီလောက် အစွမ်းကြီးတာလား။ သူ့ကိုယ်ပိုင်မျက်နှာပြင်နဲ့ လုံးဝအဆက်ပြတ်သွားတာတောင် ဒီမျက်နှာပြင်ငယ် ပျက်စီးတာကို သူမ ဘယ်လိုတားဆီးနိုင်တာလဲ။

ရှန်းရင် သူ့ကို ပြန်ဖြေဖို့ ရည်ရွယ်ချက်မရှိ။ သူမက လမ်းလျှောက်လာပြီး သူ့လည်ထောင်ကနေ ကောက်ဆွဲလိုက်တယ်။ အလွန်လေးနက်စွာနဲ့ သူမက ပြောတယ်။

"ငါတို့က အရမ်းကျိုးကြောင်းဆီလျော်ပါတယ်၊ နင့် ဇာတ်လမ်းကို အခုပဲ ပြောပြလို့ရပြီ"

လူက တုံ့ဆိုင်းသွားတယ်။ သူပြန်မဖြေခင်မှာ နောက်ထပ်အသံတစ်ခုက ကြားဖြတ်ပြောတယ်။

"သူတော်စင်ဟုန်မုန့်ကို လွှတ်လိုက်" ဒီရင်းနှီးနေတဲ့လူက ဘယ်ချိန် တွင်းကနေ ခုန်တက်လာလဲ မသိလိုက်ကြဘူး။ ယွီဟုန့် ခန်းဝင်ပစ္စည်းကို ခိုးယူခဲ့တဲ့ မိစ္ဆာဘုရင်အတုပဲ။ ရှန်းရင်က သူ့ကို လုံလုံလောက်လောက် မတီးလိုက်ဘူးထင်တယ်။ သူမတ်တတ်ရပ်ဖို့ အားတွေရှိနေတုန်းပဲ။ သူက ရှန်းရင်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ ဒေါသတကြီး မျက်လုံးတွေနဲ့ ခြိမ်းခြောက်လိုက်တယ်။

ရုတ်တရက် သူက ဟိုဟိုဒီဒီလှည့်ကြည့်လိုက်တယ်။ ခရမ်းရောင်အလင်းတန်းတစ်ခု ထပ်မံလင်းလက်လာပြီး သူ့ဘေးနား ရင်းနှီးကျွမ်းဝင်နေတဲ့ အသွင်အပြင်တစ်ခု ပေါ်လာတယ်။ ခရမ်းရောင် အရောင်အဝါက အဲလူကို ဖက်ထုပ်လို ဖုံးအုပ်ထားတယ်။ အဲလူမျက်နှာက ဖြူဖျော့လာပြီး မလှုပ်ရှားနိုင်။ စက္ကန့်နဲ့အမျှ သူ့ အရှိန်အဝါက အားနည်းလာတယ်။

ဖက်ထုပ်က အုပ်စုကို မော့ကြည့်လာတော့ သူ့မျက်လုံးတွေ တောက်ပသွားတယ်။

"ခေါင်းဆောင်…" ဒါ ပျောက်သွားတာ အတော်ကြာနေပြီဖြစ်တဲ့ မိစ္ဆာနတ်ဘုရားပဲ။

တကယ်ပဲ သူက ဒီလူတွေရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရတာပဲ။

အဲဒီ နတ်ဆိုးဘုရင်အတုက အမတဓားကို ဆွဲယူပြီး မိစ္ဆာနတ်ဘုရားရဲ့ လည်ပင်းအောက်မှာတင် ထားလိုက်တယ်။ တစ်ဖန် သူက အော်လေတယ်။

"ဟုန်မုန့်ကို လွှတ်လိုကခ်၊ မဟုတ်ရင် ငါသတ်ပစ်မယ်"

သူတို့သုံးယောက် အဓိပ္ပာယ်ရှိရှိ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ ခဏအကြာမှာ သူတို့က ပြိုင်တူအော်တယ်။

"ကောင်းပြီလေ"

နတ်ဆိုးဘုရင်အတု ။ ။ "..."

မိစ္ဆာနတ်ဘုရား ။ ။ "..."

ဘာလဲ။

"သူ့ကိုသတ်၊ သူ့ကိုသတ်၊ သူက ဘယ်လိုဖြစ်ဖြစ် အသုံးမဝင်ဘူး"

"မှန်တယ်၊ သူလုပ်သမျှက ပြဿနာကို ဆွဲဆောင်တာပဲ၊ ငါတို့ သူ့ကိုသတ်သင့်တာကြာပြီ"

"ငါတို့အကြံကို ယူလိုက်ပါ - သူ့ကို မြန်မြန်သာသတ်လိုက်"

မိစ္ဆာနတ်ဘုရား နှလုံးသား စတင်နာကျင်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရှန်းရင်ကို သူ့သူဌေးလို့ ညွှန်းနေတာ ရက်နည်းနည်း ကြာနေပြီ- သူက အဲလောက်အရေးမကြီးဘူးလား။

( ू*꒦꒳꒦)

"ဆရာ၊ ညစာစားချိန်နီးနေပြီထင်တယ်" ယိချင်း တစ်စက္ကန့်လောက် တွက်ချက်ပြီးတော့ ရှန်းရင်ကို သတိပေးလာတယ်။

"အိုး" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။ သူမပတ်ဝန်းကျင်က အပျက်အစီးပုံကို တစ်ချက်ကြည့်တယ်။

"ဒီနေရာက အရမ်းရှုပ်တယ်၊ ပြန်ပြီး ညစာစားကြရအောင်"

သူမလက်ထုတ်ကာ လေထဲဝှေ့ယမ်းလိုက်တယ်။ လေက လည်သွားပြီး သူတို့ရှေ့ လမ်းကြောင်းတစ်ခု ပွင့်လာတယ်။

"မျက်နှာပြင်... လမ်းကြောင်း" လည်‌ထောင်ကနေ ချုပ်နှောင်ထားခံရဆဲ လူက မယုံကြည်နိုင်စွာ ရေရွတ်တယ်။ "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

သူ ဒီမျက်နှာပြင်လေးကို စီမံထိန်းသိမ်းသူရဲ့ မျက်နှာပြင်နဲ့ အဆက်အသွယ် ဖြတ်ထားပြီးသား။ ဒီမျက်နှာပြင်က တစ်ဝက် ပျက်စီးပြီးပြီ။ ဘယ်စံနှုန်းနဲ့မဆို ဒီမျက်နှာပြင်ကို မြေရိုင်းအဖြစ် သတ်မှတ်ခံရမှာ။ စီမံထိန်းသိမ်းသူက သူတို့ကို ပြန်ခေါ်သွားနိုင်တဲ့ မျက်နှာပြင်လမ်းကြောင်းကို ဘယ်လိုလုပ် ဖွင့်နိုင်မှာတုံး။

ကူယွဲ့က သူ့ကို တစ်ချက်ကြည့်လိုက်တယ်။ "မင်း အဲဒါကို ကျင့်သားရသွားတာနဲ့ အဆင်ပြေသွားမှာပါ"

Cheatတစ်ယောက်ကို ယုတ္တိဗေဒသုံးဖို့ ဘာကြောင့် ကြိုးစားမှာလဲ။

သူတို့ လမ်းကြောင်းထဲ ဝင်တော့မဲ့ဆဲဆဲ မိစ္ဆာနတ်ဘုရားက ဇဝေဇဝါနဲ့ ပင့်သက်ရှိုက်တယ်။ ခဏ၊ မိစ္ဆာနတ်ဘုရားကို ကယ်ဖို့ တကယ်မကြိုးစားကြတော့ဘူးလား။

_(́ཀ``∠)_

ရှန်းရင်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ခေတ္တရပ်ပြီး လှည့်ကြည့်လိုက်တယ်။ "ဟုတ်သား နင်တို့လည်း မစားရသေးဘူး မဟုတ်လား၊ အတူတူစားရအောင်"

သူမက ပြန်လှည့်သွားတယ်။ အဲလူ ဘယ်ကမှန်းမသိ အရင်းအမြစ်ကနေ စုပ်ယူမှုကို ခံစားလိုက်ရတယ်။ မျက်စိရှေ့ မှိတ်တုတ်မှိတ်တုတ် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ကြယ်‌ရောင်စုံ ကောင်းကင်အလယ်မှာ သူ့ကိုယ်သူ ရပ်နေတာကို တွေ့လိုက်ရတယ်။ သူနဲ့ မနီးမဝေးကမြေကြီးပေါ် ရှန်းရင် မြေကြီးထဲ ပစ်ချခဲ့တဲ့ လူ ဆယ်ယောက်ကျော် လဲနေတယ်။ သူတို့ သတိလစ်နေတုန်းပဲ။

ပတ်လည်မှာတော့ သေးငယ်တဲ့ အလင်းလုံးလေးတွေ။ တစ်ခုက အထူးတလည် အာရုံ ဖမ်းစားထားတယ်။ ရှန်းရင် အစောပိုင်းက သူမ ၀တ်ရုံထဲက ထုတ်ယူခဲ့တဲ့ အနီရောင်သေတ္တာအကြည်နဲ့ ဖုံးထားထာပဲ။ အတွင်းမှာတော့ စုစုပေါင်း အပိုင်းအစ ၇၀၈ ခုကို တွေ့ရတယ်။ ဒါက သူစောနက ရှိနေခဲ့တဲ့မျက်နှာပြင်ပဲ။

"ဆရာ၊ ခဏလောက် ထိန်းထားပါဦး၊ ညစာ ခဏနေကျ ‌အဆင်သင့်ဖြစ်မှာပါ" ယိချင်းက အကျင့်အတိုင်း ဇွန်း၊ တူတချို့ရယ် စားပွဲနဲ့ ကုလားထိုင်တချို့ကို ဆွဲထုတ်လိုက်တယ်။ နောက်တော့ ကျန်ရစ်တဲ့ နဂါးအသားကင်ကို ပြနထုတ်လာတယ်။ သူ့ဓားကနေ အလင်းတန်းတစ်ခုထွက်လာပြီး နဂါးအသားကို အတုံးသေးသေးလေးတွေလှီးကာ စားပွဲပေါ် ခင်းလိုက်တယ်။ "ဆရာ ဗိုက်ဆာရင် ဒါအရင်စားနှင့်ပါ"

"ကောင်းပြီ"

ရှန်းရင်က ခေါင်းညိတ်လိုက်တယ်။ သူမ ဘေးနားက ထိုင်ခုံပေါ် လူကို ပစ်ချလိုက်ပြီး အသားတစ်စိတ်ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်တယ်။ ဂါထာက အလုပ်ဖြစ်နေတုန်းမို့ အသားက နွေးပြီး ကောင်းနေသေးတယ်။

စားဖိုမှူးက တစ်ဖက်လှည့်ပြီး ကြယ်တစ်လုံးထဲ ပျောက်ကွယ်သွားတယ်။ တိတိကျကျပြောရရင်တော့ ကောင်းကင်ဘုံက ကွင်းပြင်ပေါ် ပြင်ဆင်ထားတဲ့ မီးဖိုချောင်အသစ်ထဲ ပျောက်ကွယ်သွားတာပဲ။

ရှန်းရင်က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိချိန် နဂါးအသားပန်းကန် ထက်ဝက်ကျော် ကုန်သွားခဲ့ပြီ။ သူမဘေးနားကလူကို လှမ်းကြည့်လိုက်တယ်

"နင် နည်းနည်းစားချင်လား" စကားပြောဖို့ လုံလောက်တဲ့ အားအင်ရှိဖို့အတွက် စားရမယ်လေ။

ဟုန်မုန့် ခဏတန့်သွားတယ်။ ရှန်းရင် ဘာကိုဆိုလိုချင်လဲ အတိအကျသိရဖို့ ကြိုးစားကြည့်တယ်။ ဘာကြောင့် သူ့ကို ရုတ်တရက် ထမင်းကျွေးလာတာလဲ။ ဒါပေမဲ့ သူမကို မေးဖို့ သင့်တော်မယ်မထင်။ သူ့ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်းတယ်။ သူလုပ်နိုင်သမျှက ငြိမ်ငြိမ်ထိုင်ပြီး သူမနဲ့ မျက်လုံးချင်း မဆုံမိအောင် ကြိုးစားဖို့ပဲ။

အခြားတစ်ဖက်မှာတော့ ထောင့်တစ်နေရာမှာ ပိတ်မိနေဆဲ မိစ္ဆာနတ်ဘုရားက ညည်းတွားတယ်။

"ခေါင်းဆောင်…" ဒီကလေးလေးကို မေ့သွားပြီလား။

…

အခန်း ၃၆၃ ။ မျက်နှာပြင်များကြားက အကူအညီ

ရှန်းရင်က သူ့ကို တစ်ချက်ကြည့်ပြီး ဘေးနားက ကူယွဲ့ကို လှည့်ကြည့်လိုက်တယ်။ "ဖေဖေနျို၊ သူ့ကို ကူညီလိုက်ပါဦး" ငါမအားလို့။

ကူယွဲ့ ပါးစပ် တွန့်သွားပြီး အဲဘက်ဆီ လျှောက်ခဲ့တယ်။ လူကို ဆုပ်ကိုင်ထားဆဲ နတ်ဆိုးဘုရင်အတုက အနည်းငယ်တင်းမာတဲ့အမူအရာ ပြတယ်။ ခဏကြာတော့ သူ့လက်က အရှုံးပေးလိုက်သလိုမျိုး လွှတ်ချလိုက်‌တယ်။ သူတို့တွေ မျက်နှာပြင် နယ်နိမိတ်ဆီ ပြန်ရောက်ပြီမို့ ကူယွဲ့ရဲ့ လက်ထောက်စွမ်းအင်တွေလည်း အလိုလို ပြန်ရောက်လာပြီ။ သူတို့မှာ ခုခံဖို့ လုံး၀ အစွမ်းအစ မရှိတော့ဘူး။

ကူယွဲ့ နည်းနည်းလေး ဖမ်းဆုပ်တာနဲ့ မိစ္ဆာနတ်ဘုရားကို ပိတ်ထားတဲ့ ခရမ်းရောင် အငွေ့က ချက်ချင်း ပျောက်ကွယ်သွားတယ်။ အဲတော့မှ သူ အဲလူကို လှမ်းဖမ်းဆုပ်လိုက်ပြီး လျှောက်လာခဲ့တယ်။

နောက်အခိုက်အတန့်မှာတော့ နဂိုက အချင်းချင်း အသည်းအသန် ချနေကြသူတွေက ညစာစားနေတဲ့ စားပွဲဝိုင်းမှာ ထိုင်နေကြပြီ။ ပိုတိကျအောင် ပြောရရင်တော့ ရှန်းရင် တစ်ယောက်တည်းစားနေပြီး ကူယွဲ့ကတော့ မျက်ဆန်လှန်ကာ ဟုန်မုန့်နဲ့ နတ်ဆိုးဘုရင်အတုက အူတူတူနဲ့ ကြည့်နေလေတယ်။ မိစ္ဆာနတ်ဘုရားကတော့ မတ်တတ်ရပ်ရုံသာရှိပြီး လူတစ်ဒါဇင်ခန့် မြေပြင်ပေါ် သတိလစ်နေကြတယ်။

အချိန်အတိုင်းအတာတစ်ခုအထိ၊ ရံဖန်ရံခါ ရှန်းရင်ရဲ့ တူသံနဲ့ ဟင်းပွဲတွေလာပို့တဲ့ စားဖိုမှူးခြေသံပဲ ကောင်းကင်ဘုံက တစ်ခုတည်းသောအသံတွေပဲ။

ကျန်တဲ့သူတွေကတော့ ရှန်းရင် စားသောက်ပြီးသွားတာကို စိတ်ထဲ ဗလာကျင်းလျက် တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေမိကြတယ်။ ဗိုက်တောင် နည်းနည်းဆာလာသလိုပဲ။

စားပွဲပေါ်က ဟင်းပွဲအားလုံး ပျောက်ကွယ်သွားတော့မှ လူတယောက်က လေတက်သံအကျယ်ကြီးနဲ့ ရပ်တန့်သွားတယ်။ စားဖိုမှူးက စားပွဲကို အမြန်သန့်ရှင်းပြီး သစ်သီးနဲ့လက်ဖက်ရည်ကို စားပွဲပေါ်တင်ပြီးပြီ။

အတွေးတစ်ခုနဲ့ သူက လက်စည်းတံဆိပ်သုံးကာ ထောင့်မှန်စတုဂံစားပွဲကို စားပွဲဝိုင်းအဖြစ် ပြောင်းလိုက်ပြီး သူ့အတွက်သူ ဘေးနားမှာ ကုလားထိုင်တစ်လုံး ထပ်ထည့်လိုက်တယ်။ ရပ်နေဆဲ မိစ္ဆာနတ်ဘုရားကိုပါ ထိုင်ခုံတစ်လုံးကို ကြင်နာစွာ ကမ်းပေးလိုက်သေးတယ်။

မိစ္ဆာနတ်ဘုရား ပါးစပ်တွန့်သွားပြီး ထိုင်ချလိုက်တယ်။ သူ ချက်ချင်းပဲ တခြားသူတွေထက် အများကြီး ပိုပုသွားတဲ့ပုံ။ သူ့ခန္ဓာကိုယ် တစ်ဝက်ကျော်က စားပွဲအောက်မှာ ရှိနေပြီး စားပွဲအထက်မှာ သနားစရာခေါင်းတစ်ခုပဲ ပေါ်လေရဲ့။

မိစ္ဆာနတ်ဘုရား ။ ။ "..." ယိချင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဟုတ်တယ်မလား။ လုံးဝပဲ

"ငါတို့ စလို့ရပြီ" ရှန်းရင်က သူမလက်ထဲက အသီးကို ကိုက်လိုက်ပြီး ပေါ့ပေါ့ပါးပါး အကြည့်နဲ့ ပြောတယ်။

"မိစ္ဆာနတ်ဘုရားနဲ့ နင်တို့အားလုံးကြားက ဖော်ပြလို့မရတဲ့ ပုံတိုပတ်စတွေကို ပြောပြပါဦး"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

မိစ္ဆာနတ်ဘုရား ။ ။ "..."

သူ တကယ်ပဲ ဒီလူတွေနဲ့ ပြန်မတည့်နိုင်တဲ့ ရန်စတချို့ ရှိခဲ့ပေမဲ့ ခေါင်းဆောင်ရဲ့ဒီမေးခွန်းက တစ်ခုခု ထူးဆန်းနေတယ်လို့ ဘာကြောင့်ခံစားရပါလိမ့်။

ကျန်နှစ်ယောက်က တကယ်ပဲ နှာမှုတ်လိုက်ကြပြီး သူတို့ကို ကြည့်တဲ့အကြည့်တွေက အထင်သေးမှုအပြည့်နဲ့။ အချိန်အတော်ကြာပြီးနောက်၊ ဟုန်မုန့်ဆိုတဲ့လူက ပြောလာတယ်။ "စီမံထိန်းသိမ်းသူအနေနဲ့ ငါတို့ကြားက မကျေလည်မှုတွေကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မသိရတာလဲ"

"ငါ မရှင်းဘူး" ရှန်းရင် ခေါင်းစောင်းသွားတယ်။ ပြောစရာရှိတာသာ ပြောပါ၊ ဟုတ်ပြီလား။

"မင်း…" တစ်ဖက်လူက ပိုလို့တောင် ဒေါသထွက်သွားပုံ။

"မင်း ငါတို့ကို သတ်ချင်ရင် သတ်လိုက်၊ ဒီလို ဟန်ဆောင်မှုတွေနဲ့ မင်း ငါတို့ကို ဘာလုပ်ချင်တာလဲ"

အဲစကားပြောပြီး သူတို့ မျက်လုံးတွေကနေ မီးတောက်တွေ ထွက်လာတော့မလိုပဲ။ သူတို့ အသက်ပြင်းပြင်းရှူပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းကာ တစ်ဖက်လှည့်သွားပြီးတော့ စကားမပြောတော့ဘူး။ သူတို့ တခြားဘာစကားတစ်ခွန်းမှ ပြောဖို့စိတ်ထဲမရှိသလိုပဲ။

ရှန်းရင်က နှုတ်ခမ်း တွန့်သွားတယ်။ နားမထောင်နိုင်စရာ ခေတ်ကုန်နေတဲ့ ဇာတ်ကွက်တွေ စတော့မို့လား။

"ယုံချင်ယုံ၊ မယုံချင်နေ ငါတို့က ဒီမျက်နှာပြင်ကို တာဝန်ယူကာစပဲ" ဘေးနားကကူယွဲ့ ဆက်မကြည့်နိုင်တော့ဘဲ ဆက်သွယ်ရေးတာဝန်ကို ယူခဲ့‌တော့တယ်။

"မင်းတို့ ကိစ္စတွေကို ငါတို့တကယ်ပဲ မသေချာဘူး၊ စကားမပြောဘဲ နေလို့ရတယ်…"

သူ့အကြည့်က အေးစက်သွားတယ်။

"ဒီအခွင့်အရေးကို လက်လွတ်သွားရင် နောက်တစ်ခါ ရချင်ရင်တောင် နောက်ထပ်ရတော့မှာ မဟုတ်ဘူး"

"ဆရာက မင်းတို့ကို ရှင်းပြဖို့ အခွင့်အရေး ပေးရုံပဲ" ယိချင်း အမူအရာလည်း အေးစက်သွားတယ်။

"ကျန်တာတော့ မင်းတို့မှာ ခုခံဖို့ စွမ်းအား လုံးဝမရှိဘူး" ဆရာ့ကို အနိုင်ယူနိုင်သလိုပဲ ပြောနေကြတာ၊ ခွေးလေးတွေ။

ဆန့်ကျင်ဘက်က နှစ်ယောက်ရဲ့ မျက်နှာတွေ ရုတ်တရက် ဖြူဖျော့သွားကာ သူတို့ အကြည့်တွေ တုန်လှုပ်သွားကြတယ်။

"ခေါင်းဆောင်" သူတို့အနားက မိစ္ဆာနတ်ဘုရားက မည်းမှောင်နေတဲ့အမူအရာနဲ့ တကယ်ပဲ ပျော့တိပျော့ဖတ် ပြောလာခဲ့တယ်။

"တကယ်တော့ သူတို့က…"

"တကယ်ပဲ ငါတို့က တခြားမျက်နှာပြင်က လာတာ" သူ မပြီးခင်မှာ ဟုန်မုန့်က ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သလိုပဲ။ သူ့မျက်လုံးတွေထဲ မုန်းတီးမှုတွေ အကြွင်းအကျန် ရှိနေသေးပေမဲ့ အရင်ကထက် ပိုမိုငြိမ်သက်နေပြီး စားပွဲအောက်ဆီ ဆုတ်သွားလုနီးပါးဖြစ်နေတဲ့ မိစ္ဆာနတ်ဘုရားကို စိုက်ကြည့်နေတယ်။

"ဒါပေမဲ့… ဒီမျက်နှာပြင်ကို ကျူးကျော်ဖို့ ငါတို့ စတင်ခဲ့တာမဟုတ်ဘူး၊ အဲဒီအစား မင်းတို့ရဲ့မိစ္ဆာနတ်ဘုရားက ငါတို့ကိုလာဖို့ ဖိတ်ခေါ်ခဲ့တာပဲ"

ဟင်

သုံးယောက်လုံး ထိတ်လန့်သွားပြီး ဟုန်မုန့်က ငေါ့ရယ်တယ်။ သူ့မျက်လုံးတွေကို ခေတ္တ မှိတ်ထားပြီးနောက် သူ့ဆီက လောကဓံနဲ့ စိတ်ပျက်အားငယ်မှု အငွေ့အသက်တွေ ပြည့်လျှံလာကာ ရှန်းရင်ဘက်ကို လှည့်ကြည့်တယ်။ သူ့မျက်လုံးတွေမှာ နားလည်ရခက်တဲ့ ခံစားချက်တွေ ပြည့်နှက်နေတယ်။ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြဖို့ သူ့အတွက် အချိန်အတော်ကြာခဲ့လေရဲ့။

ပြီးတော့ လုံးဝမထင်မှတ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို သူတို့ကြားခဲ့ရတယ်။

ဒီလူတွေက တကယ်ပဲ မတူညီတဲ့ မျက်နှာပြင်က လာကြပြီး သူတို့နဲ့ အတော်လေး ဆင်တဲ့ မသေမျိုးမျက်နှာပြင် ဖြစ်တယ်။ ဒီနေရာမှာတစ်ခုတည်းသော ခြားနားချက်က ရှေးနတ်ဘုရားသုံးပါးပဲ။ သူတို့တွေက ကမ္ဘာကို ဖန်ဆင်းခြင်းအစကနေစတင်ပြီး သူတော်စင်၁၃ပါးရှိခဲ့တယ်။ စောနက ကူယွဲ့တို့ကို ဝိုင်းခဲ့တဲ့သူတွေပေါ့။

ဒီမျက်နှာပြင်လိုပဲ သူတို့မှာလည်း စီမံထိန်းသိမ်းသူမရှိ။ အချိန်ကြာလာတာနဲ့အမျှ စီမံထိန်းသိမ်းသူ မရှိတဲ့ မျက်နှာပြင်က အားနည်းလာပြီး ပျက်စီးတော့မဲ့လက္ခဏာတွေကို ယောင်ဝါးဝါးပြလာတယ်။ သူတို့ စိတ်ပျက်လက်ပျက်နဲ့ မျက်နှာပြင်တွေ လှည့်ပတ်သွားရင်း ပြဿနာရှင်းမဲ့သူ... အာ ဖွီ စီမံထိန်းသိမ်းသူတစ်ယောက် ရှာနေတုန်းမှာတင် သူတို့နဲ့ ကံတူတဲ့ အခြားနေရာတစ်ခုရှိကြောင်း သိခဲ့ရပြီး နောက်ပိုင်းမှာတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆက်ဆံရေး စတင်ခဲ့ကြတယ်။

အဲအချိန်တုန်းက ကမ္ဘာနှစ်ခုစလုံး ပြိုလဲလုနီးပါးဖြစ်နေပြီဖြစ်ပြီး တစ်ဖက်တစ်ချက်စီရဲ့ စွမ်းအားက မျက်နှာပြင်ပြိုကျမှုကို တားဆီးဖို့အထိ လုံး၀ မလုံလောက်ခဲ့ဘူး။ ဒါကြောင့် နှစ်ဖက်စလုံးက ဆွေးနွေးပြီး အင်အားကို ပေါင်းစပ်ဖို့ နည်းလမ်းရှာတွေ့ခဲ့ကြတယ်။ မျက်နှာပြင်အကျပ်အတည်းကို အတူတကွ ရင်ဆိုင်ပြီး မျက်နှာပြင်နှစ်ခု စွမ်းအားကို ပေါင်းစပ်ကာ တစ်ခုချင်း အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားဖို့ သဘောတူခဲ့ကြတယ်။ မိစ္ဆာနတ်ဘုရားဘက်က ပြဿနာက ပိုပြင်းထန်လာတာမို့ သူတို့ ဒီကနေစဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါကြောင့် မိစ္ဆာနတ်ဘုရားက မျက်နှာပြင်တံခါးကို ဖွင့်ပြီး သူတို့ကို ဒီနေရာဆီ ဖိတ်ခဲ့တယ်။ သူတို့စွမ်းအင်တွေကို ထုတ်သုံးရင်း ဒီမျက်နှာပြင်ကို ပြုပြင်ဖို့ အတူတူ အချိန်အများကြီး ကုန်ဆုံးခဲ့ကြတယ်။ မျက်နှာပြင်အကုန် ပြိုကျမှုကို ခေတ္တနှောင့်နှေးကြန့်ကြာစေဖို့ ကမ္ဘာငယ်သုံးထောင်အဖြစ် ပိုင်းခြားပစ်ဖို့ပါ စိတ်ကူးရခဲ့ကြတယ်။ အဲအချိန်ကစပြီး ကောင်းကင်၊ မြေကြီးနဲ့ လူဆိုတဲ့ ဘုံသုံးဘုံ ရှိလာတာပဲ။ သူတို့တွေက ဒီကမ္ဘာက သက်ရှိတွေကို ကမ္ဘာငယ်တွေ ကျော်လွှားသွားနိုင်မဲ့‌ နောက်ပိုင်း ကျင့်စဥ်တွေ ဖြစ်လာမဲ့ စွမ်းရည်ကိုလည်းပေးခဲ့တယ်။

သူတို့မှာ မသေမျိုးချီ ရှိပေမဲ့ အမတကမ္ဘာရဲ့ မသေမျိုးချီနဲ့ သိသိသာသာ ကွဲပြားတဲ့ အကြောင်းရင်းက ကျင့်ကြံစဉ်တွေဟာ နဂိုတည်းက သူတို့ဆီကနေ ဆင်းသက်လာလို့ဖြစ်တယ်။ ကွာခြားချက်ဆိုလို့ သူတို့ ကျင့်ကြံတဲ့ မျက်နှာပြင်တွေပဲ။

နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနဲ့ နောက်ဆုံးတော့ ကိစ္စရပ်တွေက အကောင်းဘက်ဆီ ဦးတည်လာတယ်။ နှစ်ဖက်ကြား ကြိုးစားအားထုတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက အသီးအပွင့်တွေ ထွက်ပေါ်လာပြီး ဒီမျက်နှာပြင်ကို ပြိုကျမဲ့အစွန်းမှ ဆွဲထုတ်နိုင်ခဲ့တယ်။ မတည်မငြိမ်ဖြစ်နေသေးပေမဲ့ အရင်ကလို နုနယ်မနေတော့ဘူး။ ဘုံသုံးခုရဲ့ ကျန်နေတဲ့ မျက်နှာပြင်အက်ကြောင်းတွေကိုပါ ယာယီပြုပြင်ပေးခဲ့တယ်။ အချိန်သတ်မှတ်ချက်အတွင်း စီမံထိန်းသိမ်းသူတစ်ယောက်ပေါ်လာသရွေ့ ဒီမျက်နှာပြင်က လုံးဝတည်ငြိမ်သွားနိုင်ပြီ။

ဒါပေမဲ့ ဒီမျက်နှာပြင်အတွက် သူတို့ ပျော်ရွှင်ပြီး စိတ်သက်သာရာရသွားတုန်းမှာတင် သူတို့အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့တယ်။

သူတို့ရဲ့ ကိုယ်ပိုင်မျက်နှာပြင်က ပြိုလဲသွားခဲ့တယ်...။

မျက်နှာပြင်တွေက ပျက်စီးလွယ်လွန်းတာမို့ မတော်တဆမှုကို ကာကွယ်ဖို့ ဒီမျက်နှာပြင်ကို ပြုပြင်ချိန် မျက်နှာပြင်တွေကို မကြာခဏ ဖြတ်ကျော်တာမျိုး မလုပ်ခဲ့ကြဘူး။ အဲကအခြေအနေကို ပြန်စစ်ဆေးဖို့တောင် မပြန်ခဲ့ကြ။ အဲဒါကို သူတို့သိရတဲ့အချိန် အရမ်းနောက်ကျသွားခဲ့ပြီ။ သူတို့ မူလမျက်နှာပြင်က လုံးဝအနိစ္စဖြစ်သွားပြီး သက်ရှိသတ္တဝါအားလုံး ဖျက်‌ဆီးခံခဲ့ရတယ်။

အခြားမျက်နှာပြင်တစ်ခုကို ပြုပြင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ကိုယ်ပိုင်မျက်နှာပြင် လုံးဝပျောက်ကွယ်သွားတာကို ဘယ်သူမဆို လက်ခံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် မူလက အပြန်အလှန် အထောက်အကူပြုတဲ့ ဆက်ဆံရေးက လုံးဝပျက်သွားခဲ့တယ်။ ကျန်ခဲ့တဲ့ သူတော်စင် ၁၃ ပါးက ဒီကိစ္စရပ်တစ်ခုလုံးအပေါ် ဆိုးဆိုးရွားရွား မုန်းတီးမှု စတင်ခဲ့တော့တယ်။

ပြီးတော့ ကုလားအုတ်ကို ဖျက်ဆီးပစ်ခဲ့တဲ့ နောက်

ဆုံးကောက်ရိုးမျှင်ကတော့ အဲဒီနောက်ပိုင်း မိစ္ဆာနတ်ဘုရားက သူတို့အပေါ် သစ္စာဖောက်ခြင်းပဲ...။

All Chapters