← Chapters

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း ၃၇၆ ။ သွေဖည်တစ္ဆေများ၏ မြို့တိုက်ခိုက်မှု

ထျန်းဟန်က နှစ်ယောက်ကို မြို့အပြင် ခေါ်လာပြီး တောင်ဘက်အရပ်တစ်လျှောက် ဆက်လက် လျှောက်လှမ်းနေတယ်။ ဟုတ်တယ်၊ လမ်းလျှောက်နေတာ အစက သူ့အိမ်က မြို့အစွန်မှာတင်လို့ ပြောခဲ့ပေမဲ့ သူတို့စလမ်းလျှောက်တာနဲ့ တစ်နာရီနီးပါးလမ်းလျှောက်ခဲ့ရပြီး တောအုပ်ထူကြီးထဲ တန်းဝင်လာတယ်။ တစ်ဖက်လူက ရပ်ဖို့အရိပ်အယောင်မပြ။

"ကျုပ်အိမ်က ဒီတောအုပ်ထဲမှာတင်လေ၊ သိပ်မဝေးတော့ဘူး၊ တစ်နာရီအတွင်း ရောက်လိမ့်မယ်"

ထျန်းဟန်က အင်မတန်သဘာဝကျစွာပြောတယ်။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

နှစ်ယောက်ရဲ့ ခြေလှမ်းတွေ တောင့်တင်းသွားတယ်။ မျက်နှာပြင်ဖွင့်ချိန်ကလွဲ အဲလောက်အကြာကြီး တစ်ခါမှ လမ်းမလျှောက်ဖူးတဲ့ ရှန်းရင် ရုတ်တရက် သူမလက်ထဲက အဆာသွတ်မုန့်ကို သူ့မျက်နှာပေါ် ရိုက်ချင်သွားတယ်။

သူပြောတော့ နီးတယ်ဆို။

"ဆရာ..." ယိချင်းက သူမအတွေးတွေကို နားလည်တဲ့ပုံ။ သူက ရှေ့တက်ကာ သူမရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။

"ကျွန်တော်ချီပေးပါ့မယ်"

"အိုး" ရှန်းရင် လက်ထဲက အဆာသွတ်မုန့်ကိုဖယ်ပြီး အင်မတန်သဘာဝကျစွာ စားဖိုမှူးကျောကို မှီလိုက်တယ်။

ယိချင်း တစ်ခဏ တောင့်တင်းသွားတယ်။ ရုတ်တရက် သူ့ကျောကို လာထိတဲ့အပူလှိုင်းက သူ့နှလုံးသားအောက်ခြေထိ ဆင်းသွားတဲ့ အနွေးဓာတ်လှိုင်းတစ်ခု ဖြစ်လာသလိုပဲ။ သူက တစ်ခဏ တန့်သွားပြီးမှ တည်တည်ငြိမ်ငြိမ်ထရပ်ကာ သူတို့ရှေ့က ထျန်းဟန်‌ဆီ လျှောက်ခဲ့တယ်။

ထျန်းဟန်က ဒီထူးဆန်းတဲ့ ဆရာတပည့်အတွဲကို ကြည့်ပြီး တစ်ခုခုလွဲနေတယ် ခံစားရပေမဲ့ ဘာလဲမသိ။ သူ သိပ်တော့အာရုံမထားဘဲ လမ်းဆက်လျှောက်နေရင်း အဲမြို့အခြေအနေကို ယိချင်းဆီ စမိတ်ဆက်ပေးလိုက်တယ်။

အဲတော့မှပဲ နှစ်ယောက်သားက သူတို့ဆီက ဒီလောကလေးရဲ့ အခြေအနေအကြောင်း နားလည်ရတယ်။ သူတို့ ခန့်မှန်းထားသလိုပဲ ဒီကဝိညာဉ်ချီက ပါးတယ်။ အမတကျင့်ကြံခြင်းဆိုတဲ့ အသုံးအနှုန်းတောင် လုံးဝမရှိသလိုပဲ။ အမတကျင့်ကြံခြင်းဂိုဏ်းလည်း မရှိဘူး။ စိတ်တန်ခိုးတာအိုနည်းလမ်းတွေကိုပဲ လေ့ကျင့်ကြတဲ့ စိတ်တန်ခိုးကျင့်ကြံသူတွေပဲရှိတယ်။ သူတို့က ကျင့်ကြံဖို့အတွက် ဝိညာဉ်ချီကိုလည်း သုံးပေမဲ့ စိတ်တန်ခိုးကျင့်ကြံသူတွေသိတာက မကောင်းဆိုး‌ဝါးတွေကို နှင်ထုတ်ဖို့နဲ့ အန္တရာယ်ရှောင်ရှားဖို့ ပေါ့တန်တန် မှော်အတတ်တွေပဲသိတာ။ သူတို့က အမတကျင့်ကြံသူတွေလိုမျိုး ထာတရအသက်ရှင်ခြင်းကို မရှာဖွေကြဘူး။

အဲတော့မှပဲ ယိချင်း သူ ဘာလို့ သူတို့နှစ်ယောက်ကို ဓားပျံမစီးဘဲ လမ်းလျှောက်ခေါ်လာရလဲ နားလည်သွားတယ်။ သူက နဂိုတည်းက ဓားပျံမစီးနိုင်တာပဲ။ သူ့ကိုယ်ပေါ်က ကျင့်ကြံဆင့်ကို စစ်ဆေးကြည့်တော့ တကယ်ပဲ ချီမွမ်းမံမှုရဲ့အစပဲ ရှိသေးတယ်။

သာမာန်နေ့တွေမှာ ဒီစိတ်တန်ခိုးကျင့်ကြံသူ‌တွေ လုပ်သမျှက တစ္ဆေတွေကို မောင်းထုတ် မိစ္ဆာတွေကို ချိပ်ပိတ်ကာ တာဝန်ယူထားတဲ့နယ်မြေကို လုံခြုံရေးတာဝန်ယူထားပြီး မသေမျိုးတက်လှမ်းမှုနဲ့ ပတ်သက်ပြီး ဘာမှမတွေးကြ။ ဒါ့အပြင်သူတို့ အဓိက ရင်ဆိုင်နေရတာက သူပြောခဲ့တဲ့ သွေဖည်သရဲတစ္ဆေတွေပဲ။

ထျန်းဟန်က သွေဖည်သရဲတစ္ဆေတွေဟာ သာမန်သရဲတစ္ဆေတွေနဲ့ မတူဘဲ သတ်ဖြတ်ချင်တဲ့ သဘောသဘာဝရှိကြောင်း ပြောပြတယ်။ ပိုပြီးအားကောင်းတဲ့ သွေဖည်သရဲတစ္ဆေတွေဆို ဝိညာဉ်တွေကိုပါ ဝါးမျိုနိုင်ကာ လူသားတွေကို စားရတာအကြိုက်ဆုံးပဲ။ ပြီးတော့ စောနကချင်းဟယ်စီရင်စုက တစ်ညတည်းမှာတင် သွေဖည်တစ္ဆေတွေရဲ့ ကျူးကျော်မှုကြောင့် ထောင်သောင်းချီ သတ်ဖြတ်ခံခဲ့ရတာ။ တစ်မြို့လုံးမှာ သက်ရှိတစ်ယောက်မှ မကျန်ခဲ့ဘူး။ နောက်တော့ စိတ်တန်ခိုးဂိုဏ်းက အဲဒီသွေဖည်တစ္ဆေတွေကိုသတ်ဖို့ တာအိုပညာရှင်တချို့ကိုလွှတ်ခဲ့တယ်။ ပြီးတော့ ဒါ ဘာကြောင့် တစ္ဆေမြို့ ဖြစ်လာလဲဆိုတာပဲ။

"တစ္ဆေအရှိန်အဝါက အဲမြို့ထဲ ပြင်းထန်လွန်းတယ်" ထျန်းဟန်က သက်ပြင်းချကာ ခါးယမ်းတယ်။

"စိတ်တန်ခိုးမျိုးနွယ်တွေနဲ့ တာအိုဂိုဏ်း‌က နည်းလမ်းအမျိုးမျိုးရှာခဲ့ပေမဲ့ ဘယ်သူမှ မြို့ထဲက ‌တစ္ဆေတွေကို မသန့်စင်နိုင်ခဲ့ဘူး၊ ဒါကြောင့် သူတို့ဒီနေရာကို ပိတ်ဆို့ထားဖို့ပဲရှိခဲ့တာ"

သူက နှစ်ယောက်ကို ‌တောအုပ်ထဲက တဲကုပ်လေးဆီ ခေါ်လာပြီး ထိုင်ခိုင်းကာ ဆက်ပြောပြတယ်။

"ကျုပ်ကျင့်ကြံဆင့်က နိမ့်တယ်၊ ထျန်းမျိုးနွယ်က သေမျိုးတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ဒီမြို့ထဲ မဝင်အောင် တားဆီးဖို့အတွက် ဒီနေရာကို စောင့်ကြပ်ဖို့ လွှတ်ခဲ့တာပါ"

ယိချင်းက အဆာသွတ်မုန့်တစ်ပန်းကန်နဲ့ လက်ဖက်ရည်တစ်ခွက်ကို ရှန်းရင်ရှေ့က စားပွဲပေါ် အကျင့်အတိုင်း ချပေးလိုက်ပြီး လှည့်မေးလိုက်တယ်။

"တာအိုရောင်းရင်းထျန်း၊ သွေဖည်တစ္ဆေတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြင် မြို့ထဲ တခြား ကိစ္စကြီးကြီးမားမားဖြစ်တာရှိလား"

ထျန်းဟန်က ခဏတွေးကာ ခေါင်းယမ်းတယ်။

"ကျုပ်တစ်ခါမှ မကြားဖူးဘူး၊ တာအိုရောင်းရင်း ဘာလို့မေးတာပါလဲ"

ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ အဓိပ္ပာယ်မရှိဘူး။ တကယ်လို့ သွေဖည်တစ္ဆေတွေရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပဲဆိုရင် ဘာကြောင့် စုန့်ရန်ပဲ ဒီလိုပြင်းထန်တဲ့ အငြိုးအတေးစွမ်းအင် ရှိနေရတာလဲ။ သူ လမ်းတစ်လျှောက် သူတို့နောက်လိုက်လာတဲ့ စုန့်ရန်ကို လှည့်ကြည့်လိုက်တယ်။

"တာအိုရောင်းရင်း ဒီတစ္ဆေကိုမြင်ဖူးပါသလား"

"တစ္ဆေလား" ထျန်းဟန် မှင်တက်သွားတယ်။ သူက လက်ညှိုးထိုးတဲ့ဘက်ကို ကြည့်ပေမဲ့ မျက်လုံးတွေက အာရုံစိုက်မနေ။ သူက တစ်စုံတစ်ရာကို ရုတ်တရက် မှတ်မိသွားသလိုပဲ။

"တာအိုရောင်းရင်းဆိုလိုတာ တစ္ဆေတစ်ကောင်ကောင်က မြို့ထဲကနေ ကျုပ်တို့နောက် လိုက်လာတယ်ပေါ့"

သူ့အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းထရပ်တယ်။ သူဘေးက အံဆွဲထဲကနေ ငြိမ်းချမ်းရေးသစ်သားဓားကို လှည့်ယူပြီး စည်းတံဆိပ်တစ်ခု ထုတ်ကာ ကျယ်လောင်စွာ အော်တယ်။

"အတင့်ရဲလိုက်တဲ့ မကောင်းဆိုးဝါးတစ္ဆေ၊ မင်းက လူတွေကိုထိခိုက်အောင် လုပ်ချင်သေးတယ်ပေါ့၊ မင်းကိုယ်မင်း ဘာလို့မြန်မြန် ကိုယ်ထင်မပြတာလဲ ကောင်းကင်နဲ့မြေကြီးက မည်းနက်ပြီး ဝါထိန်၊ ‌တစ္ဆေတွေနဲ့ ဝိညာဉ်တွေ မွေးဖွားမလာ၊ ထွက်သွား"

အဲလိုပြောပြီး သူက ဓားကို တန်းထိုးစိုက်လိုက်တယ်... စုန့်ရန်ဘေးက ဗီရိုကို။

ဗီရိုတံခါးမှာ အပေါက်တစ်ခု ဖြစ်သွားလေရဲ့။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

စုန့်ရန် ။ ။ "..."

ထိုးပြီးတဲ့နောက် သူက အသက်ပြင်းပြင်းရှူထုတ်ပြီး ဟိုဟိုဒီဒီကြည့်ကာ ယိချင်းကို ပြောတယ်။

"တာအိုရောင်းရင်း၊ လိုက်လာတဲ့ အဲတစ္ဆေ သေသွားပြီလား"

မင်း ငါ့ကိုနောက်နေတာပဲဖြစ်ရမယ်

(๑ົ̅ˊ̱ˋ̱ົ̅๑)

သူ အစတည်းက စုန့်ရန်ကို တစ်ချက်မှ မကြည့်တာ အံ့ဩစရာမရှိတော့ဘူး။ သူ့ကို လုံးဝမမြင်နိုင်တာပဲ အဲကျင့်ကြံဆင့်က ဘယ်လောက်တောင် နိမ့်လိုက်လဲ။

ယိချင်းပါးစပ်တွန့်သွားတယ်။ သူ့မျက်ခုံးနှစ်ဖက်အလယ်ကြား လက်ညှိုးထိုးလိုက်ပြီး ကိုယ်ထဲက ဝိညာဉ်ချီကို မျက်လုံးထဲမှာ အာရုံစိုက်အောင် လမ်းညွှန်လိုက်တယ်။

အဲတော့မှ ထျန်းဟန်က စုန့်ရန်ကိုမြင်ပြီး လက်ထဲက ငြိမ်းချမ်းရေးသစ်သားဓားက တင်းကြပ်သွားတယ်။

"တကယ်ပဲ တစ္ဆေရှိတာကိုး"

ယိချင်းက သူ့ကိုအမြန်တားလိုက်တယ်။

"ခဏနေဦး၊ ဒီတစ္ဆေက ထူးခြားပြီး မြို့ထဲကအဲတစ္ဆေတွေနဲ့ကွာတယ်၊ အဲဒါကြောင့် ကျုပ်တို့ သူ့ကို ခေါ်လာတာ"

"ထူးခြားတယ်လား" ထျန်းဟန်က မှင်တက်ပြီး နောက်တော့ တစ်စုံတစ်ခုကို မှတ်မိသွားဟန်နဲ့ နားလည်တဲ့အကြည့် မျက်နှာပေါ် ပေါ်လာတယ်။

"သူက ခင်ဗျားတို့နှစ်ယောက်လုံး ခေါ်ထားတဲ့ တမန်တစ္ဆေများလား၊ ခင်ဗျားရဲ့ မှော်အတတ်က တကယ်ပဲနက်ရှိုင်းလို့ မကောင်းဆိုးဝါးတ‌စ္ဆေတွေကိုတောင် အမိန့်ပေးနိုင်တယ်ပေါ့၊ တောင်းပန်ပါတယ်၊ ကျုပ် ရိုင်းပျမိသွားတယ်"

ယိချင်း ။ ။ "..."

သူက သူ့မျက်လုံးတွေကို ထိကာ မျက်နှာပေါ် စိတ်လှုပ်ရှားမှုတွေ တောက်ပနေတယ်။

"တာအိုရောင်းရင်း ခုလေးတင်သုံးလိုက်တဲ့မှော်အတတ်က ဘာလဲသိခွင့်ရှိမလား၊ ဘာပြင်ပအရာဝတ္ထုမှ မရှိဘဲ တစ္ဆေတွေ မြင်ရအောင် ကူညီပေးနိုင်တယ်ပေါ့၊

ယိချင်းက ဆွံ့အသွားတယ်။ တ‌စ္ဆေတွေမြင်ရဖို့ ပြင်ပဝတ္ထုလိုလို့လား။

"ကျုပ် ခင်ဗျားကိုယ်ထဲက ဝိညာဉ်ချီကို စုစည်းလိုက်တာ"

ထျန်းဟန်က ခဏမှင်တက်သွားပြီးမှ ရုတ်ခြည်း မျက်လုံးပြူးတယ်။

"တာအိုရောင်းရင်းက... ကျုပ်ရဲ့ကောင်းကင်မျက်စိကို ကူညီဖွင့်ပေးလိုက်တာပေါ့" သူ ရုတ်တရက် အတော်လေး စိတ်လှုပ်ရှားသွားကာ ယိချင်းကိုကြည့်တဲ့အကြည့်က တောက်ပလွန်းလို့ တလက်လက်အရောင်တောက်နေတဲ့ပုံ။ တကယ့်ကို ကြီးမြတ်တဲ့ ဆရာသခင်ပါပဲ တစ္ဆေမြို့တစ်ခုလုံးကို သန့်စင်နိုင်တာ မဆန်းတော့ဘူး။

သောက်ကျိုးနည်း ကောင်းကင်မျက်စိဖွင့်တာ ဘာကြီးလဲ။

ယိချင်း ကျင့်ကြံခြင်းစနစ် မတူတဲ့အတွက် ကြီးမားတဲ့ ပြောဆိုဆက်ဆံရခဲယဉ်းမှုတွေကို ခံစားလိုက်ရတယ်။ သူ အမြန် စကားလမ်းကြောင်း လွှဲလိုက်တော့တယ်။

"တာအိုအရှင်ပြောတဲ့ စိတ်တန်ခိုးတာအိုပညာရှင်တွေက ဘယ်ဂိုဏ်းကလဲ သိခွင့်ရှိမလား"

"စိတ်တန်ခိုးတာအိုပညာရှင်တွေက ဂိုဏ်းတစ်ခု မဟုတ်ပါဘူး" ထျန်းဟန်က ပြုံးတယ်။ နှစ်ယောက်က လောကကြီးထဲကနေ ပုန်းအောင်းနေတဲ့ မျိုးနွယ်ကြီးတစ်ခုဆိုတာ သူပိုတောင်သေချာလာတယ်။ မဟုတ်ရင် သူတို့ စိတ်တန်ခိုးတာအိုပညာရှင်တွေကဘာလဲဆိုတာတောင် မသိဘဲနေမှာလဲ။

"စိတ်တန်ခိုးတာအိုပညာရှင်တွေက စိတ်တန်ခိုးကျင့်ကြံသူတွေရဲ့ မျိုးနွယ်ကြီးတွေ စုပေါင်းထားတဲ့ အဖွဲ့အစည်းပါ၊ အဓိကကတော့ သွေဖည်တစ္ဆေတွေကိုသတ်ပြီး လောကကြီးရဲ့ ‌ရှေးရိုးကို ကာကွယ်ဖို့လေ၊ မျိုးနွယ်တစ်ခုစီက အတော်ဆုံးစိတ်တန်ခိုးကျင့်ကြံသူတွေနဲ့ ဖွဲ့စည်းထားတာပဲ၊ သူတို့အားလုံးက တတိယအဆင့်နဲ့အထက်စိတ်တန်ခိုးတာအိုပညာရှင်တွေပါ"

ဒီတော့ ဒါက အမတမဟာမိတ်လို နေရာမျိုးပေါ့။

ထျန်းဟန်အကြည့်က အားကျမှုအပြည့်။ ရုတ်တရက် တစ်ခုခုမှတ်မိသွားပုံနဲ့ စိတ်လှုပ်ရှားစွာ ပြောလာတယ်။

"အော်ဟုတ်သား၊ ခင်ဗျားတို့ကျင့်ကြံမှုနဲ့ဆို တကယ်လို့ စိတ်တန်ခိုးတာအိုပညာရှင်ထဲ ပါဝင်ချင်ရင် ပြဿနာရှိမှာ မဟုတ်ဘူး" သူတို့က အဆင့်ဘယ်လောက် စိတ်တန်ခိုးဆရာတွေလဲပဲ မသေချာတာ။

"စိတ်တန်ခိုးတာအိုပညာရှင်တွေက ဘယ်မှာပါလဲ"

"လုံရှင်းမြို့ထဲမှာတင်ပါ" ထျန်းဟန်က သူတို့နှစ်ယောက်ကိုကြည့်တယ်။

"ခင်ဗျားတို့နှစ်ယောက် ချင်းဟယ်ကောင်စီကိစ္စဖြေ ရှင်းတာ တကယ်ကို ကြီးမားတဲ့ အောင်မြင်မှုပဲ၊ တကယ်လို့ စိတ်တန်ခိုးတာအိုပညာရှင်တွေထဲ ခင်ဗျားတကယ်ပဲပါဝင်ချင်ရင် ကျုပ်ထောက်ခံစာ ရေးပေးနိုင်ပါတယ်"

တစ်ခုခုက ယိချင်းမျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ သူက ရှင်းတော့မပြ။

"ဒါဆို တာအိုရောင်းရင်းကို အလုပ်များစေမိပြီ"

"အရမ်းကြီး မရည်မွန်လွန်းပါနဲ့ တာအိုရောင်းရင်းယိ၊ ခင်ဗျားက ချင်းဟယ်တစ္ဆေမြို့ကို ဖြေရှင်းပြီး ကြီးမားတဲ့ကြင်နာမှု ဆောင်ရွက်ခဲ့တာပါပဲ၊ ဒါက ကျုပ်ဘက်က အလုပ်နည်းနည်းလေးပါ၊ ဒီလိုဖြစ်သင့်တာပဲ" အဲလိုပြောပြီး သူက အတွင်းခန်းတစ်ခုဆီ တန်းသွားကာ စုတ်တံနဲ့ မင်ကိုထုတ် စတင်ရေးတော့တယ်။

တစ်ခဏအတွင်း ထောက်ခံစာပြီးသွားပြီး ယိချင်းကိုကမ်းပေးတယ်။

"ဒါက ဒီနေရာနဲ့အနီးဆုံးမြို့ပဲ၊ ကီလိုမီတာတချို့ဝေးပြီး လမ်းကအတော်လေးရှုပ်တယ်၊ ကျုပ် ခင်ဗျားတို့နှစ်ယောက်လုံးကို ခေါ်သွား..."

"မလိုပါဘူး"

သူ စကားမဆုံးခင် ဆရာတပည့်က အတူတူပြောလာတယ်။ ဆက်ပြီးသာ လျှောက်ရင် သူတို့ခြေထောက်တွေ ‌ကျိုးတော့မယ်

"..."

သူ ဘာလို့ အထင်သေးခံလိုက်ရသလို ခံစားလိုက်ရတာပါလိမ့်။

…

အခန်း ၃၇၇ ။ လုံရှန်းမြို့

ယိချင်းက ထျန်းဟန်နဲ့ စကားထပ်မပြောတော့ဘဲ စိတ်တန်ခိုးတာအိုပညာရှင်တွေရှိရာဘက်ကိုပဲ ‌မေးကာ မတ်တတ်ရပ်ပြီး ထွက်ဖို့ပြင်လိုက်တယ်။ သူ တဇွတ်ထိုးဆန်ပြီး တကယ်ကြီး သူတို့ကို စိတ်တန်ခိုးပညာရှင်တွေကို ကိုယ်တိုင်လိုက်ပို့ချင်မှာကိုပဲ ကြောက်နေတာ။ ထျန်းဟန်နေရာက ထွက်လာပြီးတဲ့နောက် သူ ချက်ချင်း ရှန်းရင်နဲ့အတူ လုံရှင်းမြို့ဆီ ဓားပျံစီးကာထွက်ခဲ့တယ်။

ထျန်းဟန်က ချင်းဟယ်စီရင်စုက သွေဖည်တစ္ဆေတွေရဲ့ရုတ်တရက် တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာလို့ပြောခဲ့တယ်။ ဒါတကယ်ဖြစ်ပုံပဲ။ မြို့ထဲက အဲဒီတစ္ဆေတွေရဲ့ ဆိုးရွားတဲ့ရုပ်ရည်တွေက သာမန်ဘေးကပ်မျိုးမှာဖြစ်လာမဲ့ပုံတွေနဲ့ တကယ်ကိုမတူတာ။ ဒါပေမဲ့ တစ်မြို့လုံးက တစ္ဆေတွေရဲ့ မှတ်ဉာဏ်ပျောက်‌ဆုံးမှုနဲ့ မေ့ပျောက်မြစ်နေရာလွဲမှုကတော့ သွေဖည်တစ္ဆေတွေလောက်နဲ့တော့ လုပ်နိုင်မဲ့အရာမျိုး မဟုတ်ဘူး။

ထျန်းဟန်ပြောတဲ့ သွေဖည်တစ္ဆေတွေက ဘာလဲဆိုတာမသိပေမဲ့ စုန့်ရန်လိုမျိုး ခြွင်းချက်တွေကလွဲ တစ္ဆေတွေအားလုံးက မေ့ပျောက်မြစ်နား ကပ်တာနဲ့ မြေအောက်ဘုံဆီပြန်လည်ဝင်စားဖို့ ပို့ဆောင်ခံရမှာ။ ဒါကြောင့် မြစ်ရဲ့နေရာလွဲနေမှုက သေချာပေါက် သွေဖည်တစ္ဆေတွေ လုပ်တာ မဟုတ်ဘူး။ သွေဖည်တစ္ဆေတွေကိုလိုက်နေတဲ့ စိတ်တန်ခိုးတာအိုပညာရှင်တွေနဲ့ဆိုင်တာက ပ်ုဖြစ်နိုင်တယ်။

အဲအချိန်က မြို့ထဲမှာ တကယ်ပဲဘာဖြစ်ခဲ့တာလဲ။ ပြီးတော့ ဘာလို့ စုန့်ရန်က ဒီလောက်နက်ရှိုင်းတဲ့အငြိုးအတေး ရှိနေရတာလဲ။ ကြည့်ရတာ စိတ်တန်ခိုးတာအိုပညာရှင်တွေကို တစ်ချက်ကြည့်မှပဲ သိနိုင်မယ်ထင်တယ်။

ထျန်း‌ဟန်ပြောတဲ့လုံရှင်းမြို့က ဒီကနေ ကီလိုမီတာရာချီကွာတယ်ဆိုပေမဲ့ ဓားပျံစီးရင်တော့ နာရီဝက်တောင် မကြာဘူး။ ယိချင်း သူ့ကောင်းကင်စိတ်အာရုံနဲ့လှမ်းကြည့်လိုက်တော့ ရှေ့မှာမြို့ကြီးတစ်ခုကို မြင်လိုက်ရတယ်။ ဝိညာဉ်ချီက မမြင်ရလောက်အောင်နည်းတဲ့ တခြားနေရာတွေထက် သိသိသာသာများတယ်။ ဒါပေမဲ့ တခြားကမ္ဘာငယ်တွေက အမတမြို့တွေနဲ့တော့ မယှဉ်နိုင်သေးဘူးပေါ့။ ပြီးတော့ အရှိန်အဝါကလည်း အင်မတန်ရှုပ်ထွေးနေပြီး လူသားအငွေ့အသက်တွေ အပြည့်ပဲ။

ယိချင်း တုံ့ဆိုင်းသွားပြီး မြို့ပြင်က ချောင်ကျတဲ့နေရာတစ်ခုမှာ ဆင်းသက်လိုက်တယ်။ သူ အမြင့်ကြောက်တဲ့ တစ်ယောက်သော ငကြောက်သရဲကိုလှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။

"ကြီးမြတ်တဲ့... အမတ" စုန့်ရန် သူ့အကြည့်ကြောင့် တုန်ယင်သွားပြီး နှလုံးသားအောက်ခြေကနေပါ အကြောင်းရင်းမရှိ ကြက်သီးထသွားတယ်။ သူတို့ အဲတစ္ဆေမြို့ကနေ ထွက်လာတည်းက ယိဆိုတဲ့မျိုးရိုးနာမည်နဲ့ ဒီအမတရဲ့ သူ့အပေါ်အပြုအမူက ပိုဆိုးလာတယ်။ အကြည့်က သူ့ကိုအချိန်မရွေး ရေခဲနိုင်သလိုပဲ။

"မင်းက တစ္ဆေဆိုတော့ ဒီလိုဝင်လို့မရဘူး" အဲဒီစိတ်တန်ခိုးကျင့်ကြံသူတွေဆိုတဲ့သူအားလူံက တစ္ဆေတွေအပေါ် မဖော်ရွေကြသလိုပဲ။ စုန့်ရန် ဒီလိုသာ ဝင်သွားရင် သူ့ဝိညာဉ် လွင့်ပျောက်သွားတဲ့အထိ ရိုက်ခံရလိမ့်မယ်။

"ပြဿနာမတက်အောင် ငါမင်းအတွက် အမတပစ္စည်းတစ်ခုကနေ ပုံရိပ်လွှဲတစ်ခုလုပ်ပေးမယ်၊ မင်း ဒါကို ယာယီဝင်ပူးထားလိုက်ပေါ့"

အဲလိုပြောပြီး သူက သူ့သိုလှောင်အိတ်ထဲကနေ ကြက်သွန်စိမ်းတစ်ခု ချက်ချင်းထုတ်လိုက်တော့တယ်။

စုန့်ရန် ။ ။ "..."

ဘာလို့ ကြက်သွန်စိမ်းလဲ။ အမတပစ္စည်းအကြောင်း ပြောနေတယ်ထင်နေတာ။ ဘာလို့ ဒီလိုမျိုးကြက်သွန်စိမ်းကို သယ်လာတာလဲ။

"အထဲဝင်" ယိချင်း မသေမျိုးချီတွေ ပြည့်လျှံနေတဲ့ အဲဒီကြက်သွန်စိမ်းကို ဝှေ့ယမ်းကာ တည်ကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။

"ကြီးမြတ်တဲ့... အမတ..." စုန့်ရန်ရဲ့ပါးစပ်ကတွန့်သွားပြီး အချိန်အတော်ကြာပြီးတဲ့နောက်တော့ ပြောဖို့သတ္တိရှိသွားတယ်။

"ကျွန်တော်... ကျွန်တော် တခြားဟာ အစားသုံးလို့ရမလား" သူ ဒါကို တမင်သက်သက် လုပ်တာဖြစ်ရမယ်မလား။

"..." ခွေးလေး၊ မင်းမှာ တောင်းဆိုစရာတွေ များလိုက်တာ။

ယိချင်း မျက်နှာမှောင်မည်းသွားပြီး နှာမှုတ်လိုက်ပေမဲ့ သူ့သိုလှောင်အိတ်ထဲ ဆက်နှိုက်လိုက်တယ်။

စုန့်ရန် သက်မချလိုက်တယ်။ ဒါပေမဲ့ နောက်အခိုက်အတန့်မှာတော့ အိတ်ထဲကနေ ထုတ်လာတဲ့အရာတွေကို မြင်လိုက်ရတယ်။ ဂျင်း၊ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်း၊ နံနံပင်...။

"အကုန်ဒီမှာ၊ မင်းဘာသာ တစ်ခုရွေးလိုက်၊ မြန်မြန်"

ရှန်းရင် ။ ။ "..."

စုန့်ရန် ။ ။ "..."

ဒါက ပုံရိပ်လွှဲရွေးတာ မဟုတ်ဘဲ ပါဝင်ပစ္စည်းရွေးတာပဲဖြစ်ရမယ်မလား။

(╯‵□′)╯(┻━┻

ဒါပေမဲ့ တစ်ဖက်လူမျက်နှာက တင်းမာပြီး ခြိမ်းခြောက်နေတာဆိုတော့ အမြဲအသည်းငယ်တဲ့စုန့်ရန် ရှေ့တက်ပြီး မြေကြီးပေါ်က ပါဝင်ပစ္စည်းတွေကိုလှမ်းကြည့်လိုက်တယ်။ အံ့ဩစရာက သူ မတူညီတဲ့ပစ္စည်းတစ်မျိုးကို ရှာတွေ့ပြီး မျက်လုံးတွေ တောက်ပသွားခဲ့တယ်။

"ကျွန်တော် ဒါကိုရွေးတယ်" သူက နံနံပင်တချို့ကြား ညပ်နေတဲ့ ဒုဓလီပန်းတစ်ခုကို လက်ညှိုးထိုးလိုက်တယ်။

ယိချင်း ပေါ့ပေါ့ပါးပါး ယူလိုက်ပြီးမှ တစ်စုံတရာကို တွေးမိသွားကာ သူ့ပါးစပ်တွန့်သွားခဲ့တယ်။ သူ စုန့်ရန်ဘက် လှည့်ကြည့်လိုက်တယ်။

"မင်း... သေချာလား" ဒါက တစ်စုံတစ်ယောက်သော မုန်လာဥဖြူထုတ်တဲ့ လျှို့ဝှက်ကုန်ပစ္စည်းနော်။

"ဟုတ်ကဲ့ ကျေးဇူးပြုပြီး ကြီးမြတ်တဲ့အမတ" စုန့်ရန် အားရပါးရခေါင်းညိတ်လိုက်တယ်။ ချင်းတွေ၊ ငရုတ်သီးတွေထက်တော့ အမြဲသာတယ်လေ။

"ပန်းတွေက အမြဲသိမ်မွေ့တဲ့အရာတွေပဲ၊ ကြီးမြတ်တဲ့အမတကို ပုံရိပ်လွှဲကောင်းကောင်း ထုတ်ပေးတဲ့နေရာမှာ ကူညီမှာပါ"

ယိချင်းက စကားမပြော။ သူက အဓိပ္ပာယ်ဖော်မရတဲ့အကြည့်နဲ့ သူ့ကိုကြည့်တယ်။ ဘေးမှာ အသီးစားဖို့ အာရုံစိုက်နေတဲ့ရှန်းရင်က နောက်ပြန်လှည့်လာပြီး အံ့ဩတကြီး လှမ်းကြည့်တယ်။

ဘာ... ဘာကိစ္စလဲ။ စုန့်ရန် ရင်ထဲကနေ ကြက်သီးထာတယ်။ ဒုဓလီပန်းတွေက အရမ်းဆိုးတာလား။

"ဒါဆိုလည်း ဒါပေါ့" ယိချင်းက ရှင်းပြဖို့ ရည်ရွယ်ချက်လုံးဝမပြ။ သူက ချက်ချင်း စည်းတံဆိပ်တစ်ခုထုတ်ပြီး စုန့်ရန်ဝိညာဉ်ကို ဒုဓလီပန်းထဲ ဖမ်းထည့်လိုက်တယ်။ လက်တစ်ဖက် ယမ်းလိုက်တော့ သူ့ခြေထောက်အောက်မှာ အင်းကွက်တစ်ခုပေါ်လာပြီး ဒုဓလီပန်းက ချက်ချင်း အဖြူရောင်အလင်းအဖြစ် ပြောင်းလာကာ အင်းကွက်ထဲ ပျံသန်းသွားတယ်။ အဖြူရောင်အလင်းက တောက်ပသထက်တောက်ပလာကာ အသွင်ယူစပြုလာတယ်။ အချိန်တိုအတွင်း အသက်၁၆ ၁၇အရွယ်လူငယ်တစ်ဦး အင်းကွက်‌ထဲပေါ်လာတယ်။

သူက အစိမ်းနဲ့အဖြူ ဝတ်ရုံဝတ်ထားပြီး အံ့ဩစရာမရှိ မုန်လာဥဖြူနဲ့ အတော်လေးရုပ်ဆင်နေတယ်။

"ကျွန်တော်... ကျွန်တော် ကိုယ်ခန္ဓာတစ်ခုပြန်ရပြီ" စုန့်ရန်က စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လေတယ်။ သူက တကယ် အမတပဲ။ သူက လူအသွင် ပြန်ပြောင်းသွားပြီ။

"ဒါပုံရိပ်လွှဲသာသာပဲ" ယိချင်း ရှင်းပြလိုက်တယ်။

"ငါတို့နဲ့ အဝေးကြီးသိပ်မနေနဲ့၊ မဟုတ်ရင် ဒုဓလီပန်းက မသေမျိုးချီ ကုန်သွားရင် မင်း နဂိုအသွင်ကို ချက်ချင်း ပြန်ရောက်သွားလိမ့်မယ်"

"နားလည်ပါပြီ" စုန့်ရန်က ခေါင်းညိတ်ပြီး အမြန်ဂါရ၀ပြုတယ်။

"ကျေးဇူးအများကြီးတင်ပါတယ် ကြီးမြတ်တဲ့အမတ"

"မြို့ထဲဝင်ကြစို့" ယိချင်း နောက်တစ်ကြိမ် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အကြည့်က သူ့ကိုယ်အောက်ပိုင်းမှာ ခဏတန့်သွားပြီးမှ ရှန်းရင်ကို အကျင့်အတိုင်း ဆွဲခေါ်ကာ မြို့ထဲဝင်ခဲ့တယ်။

စုန့်ရန်လည်း အမြန်လိုက်ခဲ့တယ်။

မြို့က အင်မတန်အသက်ဝင်ပြီး နေရာတိုင်းမှာ လူတွေနဲ့။ ယိချင်း တစ်ခါက တွေးမိခဲ့တာ ဒါက ကျင့်ကြံသူတွေရဲ့အမတမြို့နဲ့ ဆင်မယ်ပေါ့။ ဒါပေမဲ့ထူးဆန်းစွာပဲ မြို့ထဲက တစ်ဝက်ကျော်လောက်က ကျင့်ကြံမှုလုံးဝမရှိတဲ့ သာမန်သေမျိုးတွေပဲ။ ပြောရရင် ကျင့်ကြံသူတွေက မဖြစ်မနေကလွဲ သေမျိုးတွေနဲ့ မနေကြဘူး။ သူတို့က သေမျိုးအရှိန်အဝါတွေ စွန်းထင်းခံလိုက်ရရင် ကျင့်ကြံခြင်းအတွက် ဒုက္ခရောက်တယ်။ ဒါပေမဲ့ ဒါက ဒီမှာတော့ လုံးဝကိစ္စမရှိဟန်။ တကယ့်ကို အတော်လေး... ကျယ်ပြန့်ကွဲပြားတာပဲ။

ယိချင်း စိတ်တန်ခိုးတာအိုပညာရှင်တွေရဲ့ တည်နေရာကို မေးမြန်းပြီးနောက်မှာတော့ နှစ်ယောက်သားကို မြို့ထဲခေါ်လာခဲ့တယ်။

လမ်းတစ်လျှောက် ဖြတ်သွားဖြတ်လာတွေက ထျန်းဟန်ဟာနဲ့ဆင်တဲ့ မက်မွန်သစ်သားဓားကို ကိုင်ထားတာဟုတ်ရင်ဟုတ် မဟုတ်ရင် ကြွေပြားတွေနဲ့ချည်ထားတဲ့ ဓားတွေကို ကျောပေါ်မှာ သယ်ဆောင်ထားကြတယ်။ အဲဓားတွေပေါ်မှာ အရမ်းကို နည်းပါးတဲ့ဝိညာဉ်ချီလှုပ်ရှားမှုရှိနေပေမဲ့ ပထမအဆင့်ဓမ္မအသုံးအဆောင်လို့တောင် သတ်မှတ်လို့မရနိုင်ဘူး။ ကြည့်ရတာ သူတို့ကလည်း စိတ်တန်ခိုးတာအိုပညာရှင်ထဲ ဝင်ပါချင်တဲ့ စိတ်တန်ခိုးကျင့်ကြံသူတွေဖြစ်ပုံပဲ။

သုံးယောက်သား လမ်းမကြီးကိုဖြတ်လျှောက်ခဲ့ကာ အဝေးတစ်‌နေရာက နန်းတော်တစ်ခု သူတို့ရှေ့ပေါ်လာတယ်။ နန်းတော်က လေထဲမျောလွင့်နေတယ်။ ဒါပေမဲ့ သိပ်တော့မကြီး။ ဝိညာဉ်ချီရဲ့ နည်းပါးမှုကြောင့်ထင် မြေကြီးကနေ ၄၊ ၅ မီတာအကွာလောက်မှာတင် မျောလွင့်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတော်လေးတော့ ခမ်းနားကြီးကျယ်တဲ့ပုံ။ နန်းတော်ခေါင်မိုးပေါ် ရွှေရောင်စာလုံးကြီးတွေရှိနေတယ်။ စိတ်တန်ခိုးတာအိုပညာရှင်များ။

နန်းတော်ရှေ့မှာတော့ လူရာချီ စုဝေးနေပြီဖြစ်တဲ့ အင်မတန်ကြီးမားတဲ့ ရင်ပြင်တစ်ခု။ ရင်ပြင်ပေါ်မှာလည်း စင်မြင့်တစ်ခုရှိနေတယ်။ လူတွေက တစ်ခုခုကိုစောင့်နေပုံပဲ။

ယိချင်း ဟိုဟိုဒီဒီ ကြည့်လိုက်တယ်။ သူ ထျန်းဟန်ရဲ့ထောက်ခံစာကို ထုတ်ပြီး ရှေ့သွားကာ အရှေ့က တာဝန်ယူထားပုံ ပေါ်တဲ့လူကို ပေးမို့ရှိသေး စင်ပေါ်ကနေ ခပ်ဩဩအသံကို ရုတ်တရက် ကြားလိုက်ရတယ်။

"သွေဖည်တ‌စ္ဆေတွေကို မောင်းထုတ်တဲ့နေရာမှာ ကျုပ်တို့စိတ်တန်ခိုးတာအိုပညာရှင်တွေကို ကူညီပေးဖို့ ဒီကိုလာပေးတဲ့ တာအိုရောင်းရင်းတို့ကို အများကြီးကျေးဇူးတင်ပါတယ်" စင်ပေါ် ဝတ်ရုံပြာဝတ်ထားတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရှိနေတယ်။

နေရာက ချက်ချင်းတိတ်သွားတယ်။ လူတိုင်း စင်ဆီ လှမ်းကြည့်ကြတယ်။

"အခြေအနေက အရေးကြီးနေလို့ တစ်ယောက်ချင်းစီကို နှုတ်မဆက်နိုင်တာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

"ဂိုဏ်းချုပ်ယင်း တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ" သူ စကားဆုံးချိန် အောက်ကလူတစ်ယောက်က အလောတကြီးမေးတယ်။

"ဘာလို့ စိတ်တန်ခိုးသံအမိန့်နဲ့ ရုတ်တရက် တစ်လောကလုံးက စိတ်တန်ခိုးကျင့်ကြံသူတွေကို အလောတကြီး ဘာကြောင့် စုဝေးခိုင်းခဲ့တာပါလဲ"

ဒါက စိတ်တန်ခိုးတာအိုပညာရှင်တွေဖွဲ့စည်းပြီးတည်းက ပထမဆုံးအကြိမ် စိတ်တန်ခိုးသံအမိန့်ကို စေလွှတ်ခဲ့တာပဲ။

"ဒီကိစ္စက တစ်လောကလုံးဘေးကပ်ကြီးအဖြစ် ခြိမ်းခြောက်နေတာမို့ ကျုပ်လည်း မလွှဲမရှောင်သာ လုပ်လိုက်ရတာပါ" မျိုးရိုးနာမည်ယင်းနဲ့ ဂိုဏ်းချုပ်က ရှေ့တိုးပြီး လူအုပ်ကြီးကို အင်မတန်ညှိုးနွမ်းတဲ့အမူအရာနဲ့ကြည့်လာတယ်။

"လွန်ခဲ့တဲ့ရက်ပိုင်းက ကျုပ်တို့တွေ အနောက်တောင်ဘက်မှာ သွေဖည်တစ္ဆေတွေ အုပ်လိုက်ကြီး ပေါ်လာတယ်လို့ သတင်းရခဲ့တယ်၊ အရေအတွက်က များတယ်၊ စိတ်တန်ခိုးတာအိုပညာရှင်တွေ သူတို့ကိုတားဖို့ အကြိမ်ပေါင်းများစွာကြိုးစားပေမဲ့ ရလဒ်ကအချည်းနှီးပဲ၊ ခု သွေဖည်တစ္ဆေတွေက လရောင်မြို့ကို ကျူးကျော်ပြီးပြီဖြစ်သလို ကျုပ်တို့ရှိရာ ချဉ်းကပ်လာပြီ၊ သုံးရက်အတွင်း သူတို့ လုံရှန်းမြို့ကို ရောက်တော့မယ်"

"..."

…

အခန်း ၃၇၈ ။ သွေဖည်တစ္ဆေကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်မှု

အဲဒါပြောပြီးတဲ့နောက် လူတိုင်း အံ့ဩနေပြီး စိတ်ပူပန်တဲ့အကြည့်တွေ မျက်နှာပေါ်ရောက်လာတယ်။ သွေဖည်တစ္ဆေတွေ တိုက်ခိုက်တာခံရတဲ့ မြို့တစ်မြို့က မကြာခဏဖြစ်နေကျအရာမျိုးမဟုတ်ဘူး။ ပြီးတော့လည်း မေးခွန်းထဲကမြို့က ဘေးကလရောင်မြို့။ အဲမြို့က လုံရှင်းမြို့ပြီးရင် စိတ်တန်ခိုးကျင့်ကြံသူတွေ အများဆုံးပဲ။ အဲကမြို့ငယ်တွေက စိတ်တန်ခိုးကျင့်ကြံသူ အများကြီးကို လက်ခံထားတာ - အနည်းဆုံးတော့ ရာချီမကျော်ရင်တောင် ဒါဇင်ကျော်ရှိတယ်။ တကယ်လို့ အဲလိုအရေအတွက်က တစ္ဆေတွေကို မတားနိုင်ရင် အဲမှာသွေဖည်တစ္ဆေတွေ ဘယ်လောက်များနေလဲ သူတို့မမှန်းဆနိုင်ဘူး။

"ဂိုဏ်းချုပ်ယင်း၊ အခုသွေဖည်တစ္ဆေတွေက တိုက်ခိုက်လာပြီဆိုတော့ ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်သင့်လဲ၊ ကျေးဇူးပြုပြီး ပြောပြပါ"

တစ်ယောက်ယောက်က ပြန်တုံ့ပြန်ပြီး တခြားလူတွေကလည်း တူညီတဲ့အတွေးတွေ ဖော်ပြလာတယ်။

"ဟုတ်တယ် လုံရှင်းမြို့က နောက်ဆုံးခုခံစစ်ပဲ၊ ဒီနေရာပြီးရင် သွေဖည်တစ္ဆေတွေက မြို့တော်ဆီ တန်းသွားတော့မှာ၊ အဲကျ ပိုပြီးများပြားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိလာတော့မှာ"

"အမှန်ပဲ၊ ကျွန်တော်တို့လုံးဝ သူတို့ကို ဖြတ်သန်းခွင့်ပေးလို့မဖြစ်ဘူး၊ သွေဖည်တစ္ဆေတွေကို မောင်းထုတ်ပြီး ဘုံကိုကာကွယ်ကြရအောင်"

"ကျွန်တော်တို့ စတေးဖို့ အသင့်ပြင်ပြီးပြီမို့ ဒီကိုလာခဲ့တာပါ၊ ကျေးဇူးပြုပြီး အမိန့်ပေးလိုက်ပါ ဂိုဏ်းချုပ်"

"လောကကြီးရဲ့ လမ်းမှန်အတွက် သေခြင်းတရား‌ကတောင် ဂုဏ်ယူစရာပါပဲ"

လူတိုင်း အင်မတန်လေးနက်တဲ့အကြည့်တွေနဲ့။ သူတို့က ‌ဟစ်ကြွေးသံတွေကို အော်ဟစ်နေရုံမဟုတ်ဘဲ တကယ်ကြီး သေဖို့အသင့်ဖြစ်နေတဲ့ပုံပဲ။

ယိချင်းတောင် ဘာရယ်မဟုတ် ထိတ်လန့်သွားတယ်။ လောကကြီးရဲ့ သက်ဝင်ယုံကြည်မှုအတွက် ကာကွယ်ဖို့ သေခြင်းတရားကို မကြောက်တာက အမတဂိုဏ်းတွေအတွက်တောင် ခက်နိုင်တယ်။ ဒါ တကယ်ကို လေးစားစရာပဲ။

"ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းတို့" ဂိုဏ်းချုပ်ယင်းက လူအုပ်ကြီးကို ရင်ထဲထိတဲ့အမူအရာနဲ့ တစ်ချက်လှမ်းကြည့်တယ်။

"မနေ့က စိတ်တန်ခိုးတာအိုပညာရှင်တွေရဲ့ တပည့်တွေက ‌သွေဖည်တစ္ဆေတွေကို တားဆီးဖို့ လရောင်မြို့ဆီသွားကြပြီ၊ ဒါပေမဲ့ စစ်ပွဲအခြေအနေက မသိရသေးဘူး၊ တတိယအဆင့်နဲ့အထက် စိတ်တန်ခိုးကျင့်ကြံသူတွေလည်း ကူညီဖို့ အဲကို ဦးတည်နေကြပြီ၊ အခု လောလောဆယ်တော့ တိုက်ခိုက်ရေးတပ်တွေက မြို့ထဲနည်းနေပြီး လရောင်မြို့ကို ဆုံးရှုံးထားရတယ်၊ တာအိုရောင်းရင်းတို့ ခုတော့ အရင် မြို့ကို ကူညီစောင့်ကြပ်ပေးဖို့ မျှော်လင့်ပါတယ်"

လူတိုင်း ခေါင်းညိတ်ကြတယ်။ မျိုးရိုးနာမည်ယင်းနဲ့ ဂိုဏ်းချုပ်က အမိန့်တချို့ပေးပြီး စီစဉ်စရာတချို့ ပြုလုပ်ကာ အမိန့်ပေးရအောင် လွယ်ကူအောင် လူတိုင်းကို စာရင်းသွားသွင်းခွင့်ပြုလိုက်တယ်။

"ဆရာ..." ယိချင်း သူ့ဘေးက ရှန်းရင်ကို အလိုလို လှည့်ကြည့်မိတယ်။ သွေဖည်တစ္ဆေတွေရဲ့ တိုက်ခိုက်မှုကိစ္စနဲ့ သူတို့တွေက လူသစ်တွေလက်ခံဖို့ စိတ်ဝင်စားဦးမှာမဟုတ် သလို ချင်းဟယ်စီရင်စုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း မကြာခင်ရနိုင်လောက်ဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ သူ အဲသွေဖည်တစ္ဆေတွေဆိုတာကို စိတ်ဝင်စားမိတယ်။

"ကျွန်တော်တို့ စာရင်းသွားသွင်းမလား"

"ကောင်းပြီလေ" ရှန်းရင် ခေါင်းညိတ်ကာ မကန့်ကွက်။

အဲတော့မှ ယိချင်း လူအုပ်ကြီးနောက်လိုက်ခဲ့ကာ သုံးယောက်နာမည်စာရင်းသွားပေးပြီး "စိတ်တန်ခိုး" ဆိုတဲ့စာလုံးနဲ့ သစ်သားကတ်ပြားတစ်ခု ရလာတယ်။ ဂိုဏ်းချုပ်ယင်းက စင်မြင့်ကနေ ခုခံရေးတည်နေရာတွေကို စီစဉ်ပြီး ရန်သူကို ဘယ်လိုရင်ဆိုင်ရမလဲဆွေးနွေးပြီးမှ ရင်ပြင်ကလူတွေ ဖြည်းဖြည်းချင်း ထွက်ခွာသွားတယ်။

သွေဖည်တစ္ဆေတွေက သုံးရက်နေမှ ရောက်လာမှာမို့ ရှန်းရင်တို့ မြို့ထဲ ဒီအတောအတွင်း နေရတော့မယ်။ ပြီးတော့ အချိန်က နေ့လယ်နားနီးလာတာကိုမြင်ရတော့ စားသောက်ဖို့အချိန်တန်ပြီ။ ယိချင်း နေ့လယ်စာအတွက် ဘာချက်ရမလဲတွေးနေရင်း တည်းခိုဆောင်တစ်ခုထဲ ဝင်လာခဲ့တယ်။ ဒါပေမဲ့ နောက်တော့ သူအရေးကြီးတဲ့ ပြဿနာတစ်ခုကို နားလည်လိုက်ရတယ်။

"ဒါ... ဒါဘာလဲဟင်" တည်းခိုဆောင်ပိုင်ရှင်က ယိချင်းကမ်းပေးလာတဲ့ ဝိညာဥ်ကျောက်တုံးတွေကို ဇဝေဇဝါမျက်နှာနဲ့ ယူလိုက်တယ်။ သူက ယဉ်ယဉ်ကျေးကျေးပြုံးကာ သတိပေးတယ်။

"လူကြီးမင်း၊ ကျွန်တော်တို့တည်းခိုဆောင်က ကုန်ချင်းဖလှယ်တာ လက်မခံပါဘူး၊ အသပြာ ယူလာခဲ့လားဗျ"

ရှန်းရင် ။ ။ "..."

စုန့်ရန် ။ ။ "..."

ယိချင်း ။ ။ "..."

အဲတော့မှ သူတို့တွေ ဒါက ငွေအသပြာနဲ့ရွှေကို အသုံးပြုဆဲ သေမျိုးမြို့တစ်မြို့ဆိုတာ သတိရသွားခဲ့တယ်။ ကျင့်ကြံသူတွေရဲ့ငွေကြေးက ဒီမှာလုံးဝမလည်ပတ်ဘူး။

ဖေဖေနျိုဆီကထွက်လာပြီးတဲ့နောက် ဆရာတပည့်နှစ်ယောက် ငွေမရှိခြင်းရဲ့အကြပ်အတည်းကို နောက်တစ်ကြိမ်ခံစားလိုက်ရတယ်။

"ဆရာ စိတ်ချပါ၊ မြို့အပြင်မှာ နေရာလွတ်တွေ အများကြီးပဲ၊ နေထိုင်စရာပြင်တာက ဂါထာလေးတစ်ခုပဲဟာ၊ ကျွန်တော် မကြာခင်ချက်ပြုတ်နိုင်မှာပါ" တည်းခိုဆောင်ကနေ ထွက်သွားခိုင်းခံလိုက်ရတဲ့ယိချင်းက တည်ကြည်နေတယ်။

"ဒါပေမဲ့... သွေဖည်တစ္ဆေတွေကို စောင့်ကြည့်ဖို့ မြို့တံခါးတွေက ခုလေးတင်ပိတ်သွားပြီလေ" ဘေးက စုန့်ရန်က အသံခပ်တိုးတိုးနဲ့ သတိပေးလာတယ်။

"..."

"ဒါဆို ငါတို့မြို့ခံအိမ်တစ်အိမ် ရှာမယ်၊ ဒီက ကျေးလက်ရိုးရာက ရိုးရှင်းတာပဲဟာ၊ မီးဖိုချောင်ငှားရုံနဲ့တော့ အငြင်းမခံရသင့်ပါဘူး"

"စိတ်တန်ခိုးတာအိုပညာရှင်တွေက မြို့ထဲက ပြည်သူတွေကို စပြီး ရွှေ့ပြောင်းခိုင်းနေကြပြီလေ၊ လူတိုင်း ပြောင်းရွှေ့ရင်း အလုပ်များနေကြမှာ၊ ဘယ်သူက ခင်ဗျားကို မီးဖိုချောင်ငှားဖို့ စိတ်အခြေအနေရှိမလဲ"

"..."

"ငါ့သိုလှောင်အိတ်ထဲမှာ အဆာသွတ်မုန့်တွေ ရှိတုန်းပဲ၊ ငါ တည်းခိုဆောင်ပိုင်ရှင်ကို မီးဖိုချောင် သုံးဖို့အတွက် ဖလှယ်တဲ့အနေနဲ့ ပေးလိုက်မယ်"

"တည်းခိုဆောင်ပိုင်ရှင်က ခုလေးတင် ကုန်ပစ္စည်းဖလှယ်တာ လက်မခံဘူးလို့ပြောခဲ့တယ်လေ"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ချက်ချင်း တစ်ယောက်သောသူကို စိုက်ကြည့်ပြီး သူ့အကြည့်က ရေခဲတမျှ အေးစက်သွားတယ်။ မင်း ငါတို့တွေကို ပြဿနာရှာဖို့ လာခဲ့တာလား။

စုန့်ရန်က တုန်ယင်သွားပြီး ချက်ချင်း နောက်ကနေရာဆီ ရွှေ့သွားတယ်။ အဲတော့ တစ္ဆေတစ်ယောက်က အမှန်တရား ပြောခွင့်မပေးဘူးလား။

"နင့်မှာနည်းလမ်း ရှိလား" ရှန်းရင်က ရုတ်တရက် သူ့ကိုကြည့်တယ်။

"အာ..." စုန့်ရန်က တစ်ခဏတာ တောင့်တင်းသွားပြီး သူ့အကြည့်က ပျာယာခတ်သွားတယ်။ သူ ခေါင်းကို ယမ်းမို့ရှိသေး၊ သူ ဟင့်အင်းလိုပြောရင် ယိချင်းရဲ့သတ်တော့မလို အကြည့်နဲ့ ဆုံသွားတယ်။ ချက်ချင်း သူ ကြုံ့သွားခဲ့တယ်။

"ဟုတ်ကဲ့... ဟုတ်ကဲ့"

နှစ်ယောက်သား မှင်တက်သွားပြီး သူ့ကို ပြိုင်တူကြည့်လာပါလေရော။

"ဟိုသစ်ပင်အောက်ကို တူးကြည့်ရင်ရော"

သူက ရုတ်တရက် သစ်ရွက်ခြောက်တွေနဲ့ သစ်ကိုင်းတွေကို ဝိုးတဝါးမြင်ရတဲ့ အဝေးက လမ်းထောင့်တစ်နေရာကို လက်ညှိုးထိုးပြတယ်။

"အဲမှာ ကျွန်တော်တို့ရှာနေတာတွေ ရှိမယ်လို့... ကျွန်တော်ခံစားရတယ်"

ဘာဆိုလိုတာလဲ။

ယိချင်းနဲ့ ရှန်းရင် အကြည့်ချင်းဖလှယ်ကာ သူညွှန်ပြရာဘက် လျှောက်ခဲ့ကြတယ်။ တကယ်ပဲ လမ်းထောင့်မှာ သစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရတယ်။

"သစ်ပင်ညာဘက်ခြမ်းကနေ သုံးလက်မလောက်အကွာမှာရှိသင့်တယ်" သူက ထပ်ပြောတယ်။

ယိချင်း မျက်မှောင်ကြုတ်ပြီး စုန့်ရန် ပြောတဲ့နေရာမှာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ သူ သူ့ကောင်းကင်စိတ်အာရုံနဲ့ ကြည့်လိုက်တော့ တကယ်ပဲအောက်မှာ တစ်ခုခုရှိနေတာ တွေ့လိုက်ရတယ်။ သူ မြေဂါထာတစ်ခုကို ချက်ချင်း သုံးလိုက်တယ်။ တစ်ခဏအတွင်း သူ့မြေကြီးအောက်က မြေဆီလွှာကအပြင်ကို လှန်လာပြီး အညိုရောင်ကြွေအိုးတစ်အိုး မြေကြီးအောက်က ရုတ်တရက်ထွက်လာတယ်။

အိုးကိုဖွင့်လိုက်တော့ တကယ်ပဲ ငွေဒင်္ဂါးပြားတွေ ပြည့်နေတယ်။ ကြေးပြားပေါ်မှာ အမည်းရောင်စက်တချို့ ရှိနေတယ်။ ကြည့်ရတာ အဲမှာရှိနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပုံပဲ။

"သစ်ပင်အောက် တစ်ခုခုရှိတယ်လို့ မင်းဘယ်လိုသိတာလဲ"

ယိချင်း လှည့်ကာ စုန့်ရန်ကို ဇဝေဇဝါကြည့်လိုက်တယ်။

သူက ခုမှဒီပြဿနာတက်တဲ့ဟန် မှင်တက်နေတယ်။ သူ့မျက်လုံးထဲ အူကြောင်ကြောင်ဖြစ်နေပြီး အချိန်အတော်ကြာမှ သူက ခေါင်းယမ်းတယ်။

"ကျွန်တော်... ကျွန်တော်လည်း မသိပါဘူး၊ ကျွန်တော် ဒီသစ်ပင်အောက်မှာ ငွေဒင်္ဂါးရှိတယ်ဆိုတဲ့ ခံစားချက် ရုတ်တရက်ရခဲ့ရုံပါ"

သူ့မှတ်ဉာဏ်ပြန်ပေါ်လာနေတာ ဖြစ်နိုင်မလား။

"မင်း တခြားတစ်ခုခုမှတ်မိသေးလား"

သူက စဉ်းစားပြီးတော့ ခေါင်းယမ်းတယ်။

"... ဟင့်အင်း"

ယိချင်းမျက်နှာ မှောင်မည်းသွားတယ်။ စုန့်ရန်လည်း သူ့မှတ်ဉာဏ်ပြန်ရောက်လာတဲ့ပုံ‌မပေါ်ဘူး။ သူ့ပုံရိပ်ယောင်က မုန်လာဥဖြူရဲ့ ဒုဓလီပန်းမို့များလား။ မုန်လာဥက အပင်ဝိညာဉ်ဆိုတော့ အပင်တွေနဲ့ ဆက်သွယ်နိုင်တယ်။ သစ်ပင်အောက် ငွေဒင်္ဂါးရှိတာ ပုံမှန်ပဲ။

"ကြီးမြတ်တဲ့အမတ ဒါမလောက်လို့လား" စုန့်ရန် စိတ်ရင်းနဲ့မေးလိုက်တယ်။

"မလုံလောက်သေးရင် အရှေ့က အဲသစ်ပင်အောက်မှာထပ်ရှိသေးတယ်၊ အော်ဟုတ်သား အရှေ့မြို့က ရေခြောက်နေတဲ့ရေတွင်း၊ အနောက်မြို့က ရှေးဟောင်းဘုရားကျောင်း၊ မြောက်ဘက်မြို့က ဆိုင်တစ်ဆိုင်ရဲ့ခြံဝန်းထဲမှာ တချို့ရှိတယ်"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ဒီငကြောက်က ပုံရိပ်ယောင်ရှိသွားတည်းက အံ့ဩစရာစွမ်းရည်တချို့ တိုးတက်လာပုံပဲ။ သူက အချိန်မရွေး ရတနာသိုက်တူး‌တစ္ဆေအဖြစ် ပြောင်းလဲတော့မလို။

"မလိုဘူး" ယိချင်း အိုးထဲက ငွေဒင်္ဂါးတစ်စကိုထုတ်ပြီး အိုးကို မြေကြီးထဲပြန်မြုပ်လိုက်တယ်။ အလိုလို သူ့လက်ထဲက ငွေဒင်္ဂါးကိုသန့်စင်ကာ အမည်းစက်တွေကို သန့်ရှင်းပြီးမှ ထရပ်ပြီး အမျိုးအမည်မသိတဲ့ အဓိပ္ပာယ်နဲ့ သူ့ကိုလှမ်းကြည့်တယ်။ အချိန်အတော်ကြာပြီးနောက်မှာတော့ သူက ပခုံးကိုလာပုတ်တယ်။

"တကယ်လို့ဖေဖေနျိုသာ ဒီမှာရှိရင် သူမင်းကို တပည့်အဖြစ် လက်ခံချင်လောက်မှာ"

"ဟမ်"

စုန့်ရန်က မှင်တက်သွားတယ်။ ဘယ်သူက ဖေဖေနျိုလဲ။ အမတပဲလား။

ဆိုလိုတာ... သူ့မှာလည်း အမတဖြစ်လာနိုင်စွမ်းရှိတာလား။ စိတ်လှုပ်ရှားမှုတစ်ခု သူ့ရင်ထဲ ရောက်လာပြီး မေးတော့မလို့ရှိသေး...။

ယိချင်းက ထပ်ပြောတယ်။

"သူက ဒီမှာမဟုတ်သလို မင်း နောက်ကျ သူ့ကိုလည်း မတွေ့ရလောက်မှာတော့ နှမျောစရာပဲ"

"..."

ဒါဆို သောက်ကျိုးနည်းဘာလို့ပြောနေသေးလဲ။

မင်း ဒါကိုတမင်သက်သက်လုပ်တာပဲ ဖြစ်ရမယ်မလား၊ လုံးဝကိုလေ။

All Chapters