← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း ၃၇၉ ။ သွေဖည်တစ္ဆေများ၏ အသွင်အပြင်အစစ်

စုန့်ရန် ရတနာသိုက်တူးတစ္ဆေရဲ့အကူအညီနဲ့ အုပ်စုက အောင်အောင်မြင်မြင် တည်းခိုဆောင်တစ်ခုမှာ နေနိုင်ခဲ့တယ်။ နှစ်ရက်နေပြီးတဲ့နောက် မြို့သားတွေက လုံရှင်းမြို့ကနေ တဖြည်းဖြည်း ထွက်သွားကြပြီ။ တစ်ခါက ဆူညံသက်ဝင်နေခဲ့တဲ့မြို့က ရုတ်တရက် တိတ်ဆိတ်သွားတယ်။ လမ်းတွေထဲမှာ ကျင့်ကြံခြင်းမရှိတဲ့ သေမျိုးတွေကို မမြင်ရတော့ဘူး။ စိတ်တန်ခိုးကျင့်ကြံသူတွေပဲ ရံဖန်ရံခါ ကင်းလှည့်ဖို့ထွက်လာကြတယ်။

စိတ်တန်ခိုးတာအိုပညာရှင်တွေရဲ့ စီစဉ်မှုအရ ယိချင်း ဒီရက်ပိုင်း မြို့အပြင်က ခုခံမှုကို အားဖြည့်ဖို့ ၂ကြိမ် အပြင်ရောက်ပြီးပြီ။ အဲတော့မှ သူ စိတ်တန်ခိုးကျင့်ကြံသူတွေနဲ့ အမတကျင့်ကြံသူတွေကြားက ကွာခြားချက်ကို နားလည်သွားခဲ့တယ်။ ပထမတစ်စုက အဆောင်ကျင့်ကြံခြင်းပေါ် ပိုအလေးပေးပုံပဲ။ အစွမ်းအစစ်မရှိတဲ့ အဲဒီမက်မွန်သစ်သားဓားတွေအပြင် အဆောင်တွေကို မကြာခဏ အသုံးဆုံးပဲ။ ပြီးတော့ မြို့အပြင်က ခံစစ်ကို အားဖြည့်တယ်ဆိုတာကလည်း မြို့တံခါးအပြင်ဘက်တစ်ခုလုံးကို အဆင့်နိမ့်အဆောင်တွေ ကပ်ရုံပဲ။

ယိချင်း သူတို့ကိုကြည့်ပြီး နှုတ်ခမ်းကတွန့်နေတော့တယ်။ အဲဒီသွေဖည်တစ္ဆေတွေဆိုတာ တကယ်ပဲ မြို့ကို သိမ်းနိုင်တဲ့အထိ အရေအတွက်များရင် ဒီအဆင့်နိမ့်အဆောင်တွေက သူတို့ကို ၁၅မိနစ်လောက်ပဲ ထိန်းနိုင်မှာ။ ဒါပေမဲ့ လူတိုင်းရဲ့ သွင်ပြင်က လုံးဝ လေးနက်နေတယ်။ သူတို့ကျင့်ကြံဆင့်အကြောင်း တွေးမိ‌တော့ ယိချင်း တခြားသူတွေ ကြည့်မနေချိန် မြို့တံခါးတွေ ပတ်လည်မှာ အကာအကွယ်တောင်အင်းကွက်တစ်ခု ချလိုက်ရတယ်။

သူ အဲဒီသွေဖည်တစ္ဆေတွေက ကိစ္စက ဘာများလဲဆိုတာ ‌ပိုတောင်သိချင်လာတယ်။

ယိချင်း အကြာကြီး မစောင့်လိုက်ရဘူး။ နောက်ညနေမှာ သူ မူမမှန်မှုကို အာရုံခံလိုက်မိတယ်။ တစ်စုံတစ်ခုက ယင်ချီလှိုင်းနဲ့အတူ ချဉ်းကပ်လာတယ်။ ကြည့်ရတာ သူတို့က မိုင်ရာချီဝေးသေးတယ်ဆိုပေမဲ့ မြို့ထဲက အပူချိန်က ကျဆင်းသွားပြီ။

"ကြီးမြတ်တဲ့အမတ" စုန့်ရန်က ဇဝေဇဝါဖြစ်မှုတချို့နဲ့ထရပ်တဲ့ ယိချင်းကို ကြည့်လိုက်တယ်။ အတော်ကြာတော့ သူ တစ်ခုခုကိုစဉ်းစားမိကာ မျက်လုံးတွေ ရုတ်ခြည်းပြူးသွားတယ်။

"သွေဖည်တစ္ဆေတွေ..."

"အင်း" ယိချင်း ခေါင်းညိတ်လိုက်တယ်။

စုန့်ရန်အမူအရာက စိတ်ပူပန်လာပြီး ရှန်းရင်အခန်းဆီ သွားဖို့လုပ်လိုက်တယ်။

"ကျွန်တော် ကြီးမြတ်တဲ့အမတရှန်းကို သွားနှိုးလိုက်မယ်"

"ပြန်လာခဲ့"

ယိချင်း အမြန် လူကိုပြန်ဆွဲထားလိုက်ရတယ်။

"ဆရာ အိပ်ပျော်နေတယ်"

"အာ" စုန့်ရန် မှင်တက်သွားတယ်။ ပြီးတော့။

"အခုသူ့ကိုနှိုးလိုက်ရင် လုံရှင်းမြို့ကို တကယ် ဆုံးရှုံးလိုက်ရလိမ့်မယ်"

"..."

ဘာဆိုလိုတာလဲ။

(⊙_⊙)

ယိချင်းက ရှင်းပြမဲ့အရိပ်အယောင်မပြ။ သူ့ကိုဖမ်းဆွဲကာ ဓားနဲ့မြို့ပြင်ဆီ ပျံသန်းခဲ့တယ်။ မြို့အပြင်ရောက်တာနဲ့ လေထုထဲက အဲဒီယင်ချီက ပိုတောင်ပြင်းလာတယ်။ အဝေးကနေ လရောင်ကိုတောင် ဖုံးအုပ်ထားတဲ့ အမည်းထုလှိုင်းတစ်ခုကိုမြင်လိုက်ရတယ်။ သူတို့ပတ်လည်မှာ ရေခဲတမျှ အေးစက်တဲ့လေပြင်းက တိုက်ခတ်လာလေရဲ့။

ဒါပေမဲ့ မြို့ကိုကင်းလှည့်နေတဲ့ စိတ်တန်ခိုးကျင့်ကြံသူက ဒီပြောင်းလဲမှုတွေကို သတိထားမိပုံမပေါ်။ ယိချင်းက သူ့ကို ဝိညာဉ်ချီနဲ့ အလွယ်လေးပစ်လိုက်ကာ အသံလှိုင်းတစ်ခုပို့လိုက်တယ်။ သွေဖည်တစ္ဆေတွေ ဒီရောက်နေပြီ။

အဲဒီစိတ်တန်ခိုးကျင့်ကြံသူက မှင်တက်သွားပြီး ဘေးပတ်လည်ကြည့်တော့ ဘယ်သူမှမတွေ့။ ဘယ်လိုပဲဖြစ်ဖြစ် သူ တခြားသူတွေကို သွားသတိပေးလိုက်တယ်။

ယိချင်း အများကြီး ဂရုမစိုက်တော့ဘဲ ယင်ချီသိပ်သည်းနေတဲ့ဘက်ဆီ ဓားပျံနဲ့ တန်းပျံသန်းသွားခဲ့တယ်။ တစ်ခဏအတွင်း သူက စူးစူးဝါးဝါးပုံစံမျိုးစုံမဲ့ တစ္ဆေအော်ဟစ်နေသံတွေကြားလိုက်ရတယ်။ အဲတော့မှ ယိချင်း အဲဒီသွေဖည်တစ္ဆေတွေရဲ့ ပုံစံကိုမြင်ရတော့တယ်။

ထူလွန်းလို့ မင်နဲ့တောင်တူ‌လုနီးပါး မြူခိုးနက်တစ်ခုပဲ။ နတ်ဆိုးချီပုံစံနဲ့တောင် နည်းနည်းတူတယ်။ စူးစူးဝါးဝါးအော်ဟစ်နေတဲ့ တစ္ဆေအော်သံတွေကို ရှင်းရှင်းလင်းလင်းကြားရချိန် ကိုယ်ထည်ကိုတော့ မမြင်ရ။ တစ္ဆေ၁ကောင်၂ကောင်ရဲ့ ခပ်ဝါးဝါးပုံရိပ်တွေပဲ အထဲက ဖြတ်ခနဲပေါ်လာတယ်။ ပြီးတော့ မြူခိုးနက်အတိုင်းအတာက အင်မတန်ကျယ်ပြန့်ပြီး တောအုပ်တစ်ဝက်ကိုဖုံးထားတယ်။ ပြီးတော့ အရှိန်က အရမ်းမြန်တာ။ အဲဒါဖြတ်သွားတဲ့နေရာတိုင်း သစ်ပင်တွေနဲ့ မြက်တွေသေကုန်တယ်။

ယိချင်း သူ့ရှေ့ကမြင်ကွင်းကြောင့် ထိတ်လန့်သွားတယ်။ ဒါက တစ္ဆေတွေအများကြီး အတူတူ ကပ်ထားသလိုပဲ။ ကြည့်ရင် သွေဖည်တစ္ဆေအုပ်စုအစား တစ္ဆေတစ်ကောင်တည်းလိုပဲ။

သူ အောက်ကို တန်းပျံသန်းလာခဲ့ပြီး သီးသန့်ခြားအင်းကွက်တစ်ခုကို ချက်ချင်းဖန်တီးလိုက်တယ်။ လုံရှင်းမြို့ဆီ နဂိုက အလိမ့်လိုက်ပြေးဝင်လာတဲ့ မြူခိုးနက်က တားဆီးခံလိုက်ရတယ်။ စူးစူးဝါးဝါးအော်သံတွေက ပိုတောင်ခက်ထန်လာတယ်။

ယိချင်း ရှေ့ကိုတက်ပြီး သူ့ကောင်းကင်စိတ်အာရုံနဲ့ လေ့လာလိုက်တယ်။ တကယ်ပဲ ဝိညာဉ်တွေအများကြီး ဒီမြူခိုးနက်ထဲ စုဝေးနေကြတာ။ ဒါပေမဲ့ ဝိညာဉ်က အင်မတန်ပါးလွန်းလို့ ဝိညာဉ်ပုံပန်းရှိတဲ့ တစ်ကောင်နှစ်ကောင်သာ ဟိုဟိုဒီဒီလွင့်မျောနေတယ်။ ရုပ်တူတဲ့တချို့တောင်ရှိသေး။

ဒါ... အကြွင်းအကျန် ဝိညာဉ်တွေပဲ။

သူ့မျက်လုံး ရုတ်ခြည်းပြူးသွားတယ်။ ဒီမြူခိုးနက်ထဲ ရှိနေတာတွေက တကယ်တော့ အားလုံးက အကြွင်းအကျန်ဝိညာဉ်ပဲ၊ အကောင်းအတိုင်း အပြည့်အဝဝိညာဉ်တစ်ခုမှမရှိဘူး

ဘာတွေဖြစ်နေတာလဲ။

ပြောရရင် အကြွင်းအကျန်ဝိညာဉ်တွေက အရမ်းကို ထိခိုက်လွယ်ပြီး မသေမျိုးချီ ဒါမှမဟုတ် ဝိညာဉ်ချီနည်းနည်းလေးနဲ့ ထိတွေ့ရင်တောင် လွင့်ပျောက်ကုန်တယ်။ ပြီးတော့ သူတို့က မူလကိုယ်ခန္ဓာရဲ့ လွှမ်းမိုးမှုအောက်မှာမှ ရောက်လာတာ။ ဒါပေမဲ့ ဒါ ဒီက အကြွင်းအကျန်ဝိညာဉ်တွေအတွက်တော့ ဟုတ်ပုံမပေါ်ဘူး။ သူတို့တွေက သူတို့ကိုယ်ပိုင်အသိစိတ် မရှိပေမဲ့ စုပေါင်းပြီး မကောင်းဆိုးဝါးဝိညာဉ်တွေထက် အားမနည်းတဲ့ တိုက်ခိုက်မှုမျိုး လုပ်တာပဲ။ ဒါ့အပြင် အရေအတွက်က အကြမ်းဖျင်းကြည့်တာ သောင်းကျော်သလိုပဲ။

ဒါဆို အကြွင်းအကျန်ဝိညာဉ်တွေက သူတို့နဂိုအသွင်အစစ်ကို ပြန်သွားမဲ့အစား သူတို့ဘာသာ စုစည်းသွားကြတာလား။

မဟုတ်ရင်တော့...

သူတို့ လုံးဝ အသွင်အစစ်မရှိတာပဲ။

ဒါပေမဲ့ ကြွင်းကျန်ဝိညာဉ်တွေက အသိစိတ်မရှိဘူး။ ဒါဆို ဘာလို့ သူတို့ ဒီကိုရောက်နေတာလဲ။ သူ မြူခိုးနက်ကိုသေချာကြည့်ပြီး အတော်ကြာတဲ့နောက်မှာတော့ အထဲက ပုံမှန်မဟုတ်တဲ့ အရှိန်အဝါကို တွေ့လိုက်ရတယ်။ တကယ်ကိုအငြိုးအတေး အရှိန်အဝါပဲ။

အငြိုးအတေး စွမ်းအင်။

သူတို့က အမတဘုံထဲ ပြေးဝင်လာတဲ့စုန့်ရန်လိုမျိုး အငြိုးအတေးအရှိန်အဝါနဲ့ လှုံ့ဆော်ခံထားရတာပဲ။

"စုန့်..." သူ လမ်းတစ်လျှောက်လုံး စကား‌မပြောတဲ့ စုန့်ရန်ကို အလိုလိုပြန်လှည့်ကြည့်မိလိုက်တယ်။ ဒါပေမဲ့ သူ့တစ်ကိုယ်လုံးကနေ အဲဒီမီးခိုးရင့်ရောင် အမျှင်တန်းတွေက ထွက်လာကာ မကြာခင် တစ်ကိုယ်လုံးကို ဖုံးလွှမ်းကုန်တာ သိလိုက်ရတယ်။ ဒေါသနဲ့အငြိုးအတေးတွေက နဂိုကြောက်လန့်နေကျမျက်လုံးတွေထဲ အတိုင်းသား။ မျက်လုံးတွေက နီရဲနေတယ်။

သူ... မီးခိုးနက်ထဲက အငြိုးအတေးစွမ်းအင် သက်ရောက်ခံလိုက်ရတာလား။

"စုန့်ရန်" ယိချင်း လှမ်းခေါ်လိုက်တယ်။

ဒါပေမဲ့ သူက ကြားပုံမပေါ်။ သူ့ကိုယ်ပေါ်က အငြိုးအတေးစွမ်းအင်က ထူလာပြီး အမူအရာက ပိုခက်ထန်လာတယ်။

"သတ် သတ်" သူက တတွတ်တွတ်ရွတ်နေတယ်။ နောက်အခိုက်အတန့်မှာ သူက ပုံရိပ်လွှဲကနေ တန်းထွက်လာပြီး အမတဘုံတုန်းကလို အငြိုးအတေးစွမ်းအင်လုံးပုံစံ ချက်ချင်း ပြန်ပြောင်းသွားခဲ့တယ်။ သူက အမည်းရောင်အလုံးအဖြစ် ပြောင်းသွားပြီး အကြွင်းအကျန်ဝိညာဉ်တွေရဲ့ မီးခိုးနက်ဆီ တိုက်ရိုက်ပြေးလွှားကုန်တယ်။

"စုန့်ရန်" ယိချင်း စိတ်ပူပန်လာပြီး လက်စည်းတံဆိပ်တစ်ခုကနေ ဝိညာဉ်ချီတန်းထုတ်လိုက်တယ်။ ဒါက အငြိုးအတေးစွမ်းအင် ဝါးမျိုခံထားရတဲ့ စုန့်ရန်ကို အတင်းအကြပ် ချည်နှောင်လိုက်ပြီး သူ့ကိုပြန်ဆွဲခေါ်လာခဲ့တယ်။ သူ ချိပ်ပိတ်တဲ့ဂါထာ လေးငါးခုထပ်ပေါင်းထည့်လိုက်တယ်။

ဒါပေမဲ့ စုန့်ရန်က လုံးဝအသိစိတ်လွတ်နေပုံပဲ။ သူက ပတ်လည်က အင်းကွက်ကို အသည်းအသန် စတင်တိုက်ခိုက်တော့တယ်။ နဂိုတည်းက အားနည်းနေတဲ့ဝိညာဉ်က ပိုတောင်ပါးစပြုလာပြီ။

မုန့်ပေါ်က ဒီမှာမရှိတော့ အငြိုးအတေးစွမ်းအင်ကို ရှင်းထုတ်လို့မရဘူး။ ယိချင်းမျက်နှာ မှောင်မည်းသွားပြီး သူ့ကိုမြေကြီးပေါ်က ပုံရိပ်လွှဲထဲပြန်ထည့်ပေးလိုက်ရတယ်။ ပြီးတော့ နောက်ထပ်ဂါထာတချို့ပြုလုပ်ပြီးမှ နောက်ဆုံးတော့ တဖြည်းဖြည်းချင်း သူ့အငြိုးအတေးစွမ်းအင်ကို ထည့်နိုင်သွားတယ်။

အဲချိန် မြို့ထဲက စိတ်တန်ခိုးကျင့်ကြံသူတွေ အပြေး ရောက်လာတာပဲ။ သူတို့က ကောင်းကင်ကို ဖုံးအုပ်ထားတဲ့ မြူခိုးနက်ကို ချက်ချင်းမြင်သွားကြတယ်။

"သွေဖည်တစ္ဆေတွေ၊ သွေဖည်တစ္ဆေတွေပဲ သူတို့ တကယ်ဒီရောက်နေပြီ" လူတိုင်း မျက်နှာဖြူဖျော့ကုန်တယ်။

"သွေဖည်တစ္ဆေတွေကို မောင်းထုတ်"

တစ်ယောက်က ထအော်တယ်။ ပြီးတော့ သေချာဂရုတစိုက်မကြည့်ဘဲ စိတ်တန်ခိုးကျင့်ကြံသူတွေက သူတို့လက်ထဲက မက်မွန်သစ်သားဓားတွေကို မြှောက်လိုက်တယ်။ သူတို့က ယိချင်းချထားတဲ့ သီးသန့်ခြားအင်းကွက်ကို ဖြတ်တော့မယ်။

ယိချင်းရင်ထိတ်သွားတယ်။

"အဲကိုမသွားနဲ့"

နောက်ကျသွားလွန်းပြီ။ သူ့အင်းကွက်က တစ္ဆေတွေကို ခြားနားထားနိုင်တာ၊ သက်ရှိတွေကိုမဟုတ်ဘူး။ သူ စုန့်ရန်ကို ပုံရိပ်လွှဲထဲ ပြန်ချိပ်ပိတ်နေတုန်း သူတို့က အထဲ ပြေးဝင်ကုန်ကြပြီ။ ချွင်ခနဲအသံနဲ့အတူ အကြည်ရောင်အင်းကွက်ပေါ် အက်ကွဲကြောင်းတစ်ခုပေါ်လာတယ်။

များပြားတဲ့ မီးခိုးနက်တွေက ပြေးဝင်လာပြီး အုပ်စုဆီ တန်းတန်းမတ်မတ်ရောက်လာတယ်။ အနီးဆုံးလူတွေက အဆောင်‌ထုတ်ဖို့တောင်အချိန်မရဘဲ ချက်ချင်း သူတို့ကိုယ်ထဲကနေ သွေးတွေပန်းထွက်လာတယ်။ သူတို့ အသက်ဝင်မှုတစ်စက်မှမရှိတဲ့ အလောင်းခြောက်တွေ ဖြစ်ကုန်လေရဲ့။

ယိချင်း ဒေါသအပြည့်ဖြစ်နေပြီး ချက်ချင်း ဖေဖေနျို့စတိုင် ဆဲချင်သွားတယ်။ သောက်ချီးပဲ

သူ့လက်ကလှည့်သွားပြီး ဓားချီတစ်လှိုင်း ပို့မို့ရှိသေး ကောင်းကင်နေ ရေရွတ်သံတစ်သံ ရုတ်တရက်ထွက်လယ်။

"အနန္တကောင်းကင်ကြည်ညိုမှု"

အဲအသံဆုံးသွားတာနဲ့ သူတို့နောက်ကနေ ကြည်လင်တဲ့ဝိညာဉ်ချီကဖြတ်သန်းသွားပြီး အမည်းရောင်မြူခိုးထူကြီးကို ခဏအတွင်းသန့်စင်လိုက်တယ်။ ဒါက အကြွင်းအကျန်ဝိညာဉ်တွေကို အင်းကွက်ထဲ ပြန်ဆုတ်သွားစေခဲ့တယ်။ ရွှေရောင်အင်းကွက်တစ်ခု လေထဲ ရုတ်တရက်ပေါ်လာတယ်။ ရွှေရောင်တလက်လက် တောက်ပနေပြီး အကြည်ရောင်ရွှေအမိုးခုံတစ်ခု ဖန်တီးကာ အောက်က မြူခိုးနက်ကို တန်းဖုံးအုပ်လိုက်လေတယ်။

ဝတ်ရုံစိမ်းနဲ့ကျင့်ကြံသူတစ်ယောက် နောက်ကနေလျှောက်လာတယ်။ သူ့ကြည့်ရတာ ၃၀၊ ၄၀ ဝန်းကျင်ပဲ၊ လက်ထဲ မြင်းမှီး တစ်ခုကိုင်ထားတယ်။ သူ့အကြည့်က အင်မတန်ကြင်နာတတ်သူပုံစံမျိုး။ ခြေလှမ်းအနည်းငယ်အတွင်း သူက လူတိုင်းရှေ့ရောက်လာပြီ။

ယိချင်း သူ့ကျင့်ကြံဆင့်ကို ချက်ချင်း သိလိုက်ရတယ်။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် သူ အနည်းငယ်တော့ အံ့ဩမိတယ်။ ဒီကမ္ဘာလေးမှာလည်း တကယ်ပဲ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူရှိတယ်ပေါ့။ ပိုပြီးအရေးကြီးတာ သူ့တစ်ကိုယ်လုံးမှာ ဝန်းရံထားပြီး မျက်စိကျိန်းရလောက်အောက်ထူတဲ့ ရွှေရောင်အလင်းတန်းတစ်ခုက သူ့ကို ရွေ့လျား အလင်းရင်းမြစ်နဲ့တူစေတယ်။

ဒါ... ကောင်းမှု အလင်းရောင်လား။

…

အခန်း ၃၈၀ ။ တစ္ဆေများကိုလွင့်ပျောက်စေရန် နည်းလမ်း

"ကောင်းကင်အရှင်ယွင်" လူတိုင်း အံ့ဩသွားပြီး အပျော်လွန်ကုန်တယ်။

"ကောင်းလိုက်တာ ကောင်းကင်အရှင်ယွင် ဒီရောက်လာပြီ လုံရှင်းမြို့ ခုတော့ ကယ်တင်ခံရပြီ"

"သူက လောကထဲ တကယ်ကို အတော်ဆုံး စိတ်တန်ခိုးကျင့်ကြံသူပဲ၊ ဘယ်သွေဖယ်‌တစ္ဆေကိုမှ သူမဖြေရှင်းနိုင်တာမရှိဘူး"

"ငါတကယ်ကို ကောင်းကင်သခင်ယွင်ကို တွေ့ခွင့်ရမယ်လို့ မထင်မိခဲ့ဘူး၊ ဒီခရီးက တကယ်ကို အကျိုးမရှိမဟုတ်ဘူးပဲ"

"ကောင်းကင်သခင်က လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတည်းက လောကကြီးကနေ ကွယ်ပျောက်နေခဲ့တာ မဟုတ်ဘူးလား၊ သူက လုံရှင်းမြို့အတွက် တကူးတက လာခဲ့တာများလား"

လူတိုင်း စိတ်သက်သာရသွားပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရှေ့ကိုသွားကြတယ်။

ယိချင်းတောင် သိချင်စိတ်တချို့နဲ့လှမ်းကြည့်လိုက်တယ်။ ကောင်းမှုများပြားတဲ့လူတွေပဲ သူတို့ကိုယ်မှာ ကောင်းမှုအလင်း ရှိနိုင်တယ်။ ဒါပေမဲ့ ဒါက သူ ဒီလောက်တောက်တဲ့လူကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ တခြားကမ္ဘာလေးတွေထဲက ဗုဒ္ဓကျင့်ကြံသူတွေတောင် သူ့မှာရှိတဲ့ ကောင်းမှုရဲ့ ထူထဲမှုမျိုး မရောက်နိုင်ဘူး။ ဒါပေမဲ့ သူက ကျင့်ကြံသူ၊ ဟင့်အင်း ဒီကမ္ဘာငယ်လေးထဲက စိတ်တန်ခိုးကျင့်ကြံသူတစ်ယောက်ပဲလေ။

ဒီလောက် ထူထဲတဲ့ ကောင်းမှုအလင်းရဖို့ လူတစ်ယောက်က ကောင်းမွန်တဲ့လုပ်ရပ်တွေ ဘယ်လောက်တောင်လုပ်ဖို့လိုလဲ။ ယိချင်း မလေးစားမိဘဲမနေနိုင်။

တစ်ကိုယ်လုံး ရွှေရောင်ဖုံးနေပြီး အလယ်မှာရပ်နေတဲ့အဲလူက လူတိုင်းကို ကြင်နာစွာသာ ပြုံးပြရင်း လက်သီးဆုပ်တယ်။

"တာအိုရောင်းရင်းတို့ ယွင်ဟန့် လာတာနောက်ကျသွားပါတယ်"

အဲတော့မှ လူတိုင်း တုံ့ပြန်နိုင်တယ်။ သူတို့တွေ အင်မတန်ရိုသေကိုင်းရှိုင်းစွာနဲ့ ပြန်ဂါရ၀ပပြုလိုက်တယ်။ တချို့ဆို မယုံကြည်နိုင်လို့ မျက်လုံးမှောက်တယ်ထင်ပြီး မျက်လုံးတွေကိုတောင် ပွတ်နေကြတယ်။ အတော်ကြာတော့ မျိုးရိုးနာမည်ယင်း ဂိုဏ်းချုပ်က ရှေ့တက်လာတယ်။

"ကောင်းကင်သခင်ယွင်၊ ဒီသွေဖည်တစ္ဆေတွေအတွက် ရောက်လာတာပါလား"

"ဟုတ်တာပေါ့" ယွင်ဟန့်က ခေါင်းညိတ်တယ်။

"ကျုပ် တံခါးပိတ်ကျင့်ကြံနေတုန်း ဒီတစ်ဝိုက်မှာ ယင်ချီ သိပ်သည်းလာတာကိုခံစားမိလို့ ဒီကို အမြန် ရောက်လာခဲ့တာပဲ" သူက မြေကြီးပေါ်က အလောင်းခြောက်တချို့ကို လှည့်ကြည့်ကာ သနားမှုတချို့ မျက်လုံးထဲဖြတ်ပြေးသွားတယ်။

"ကြည့်ရတာ ကျုပ် ဘယ်လိုပဲဖြစ်ဖြစ် ခြေတစ်လှမ်းနောက်ကျသွားပုံပဲ၊ ကျုပ် သူတို့ကို မကယ်တင်နိုင်ခဲ့ဘူး"

သူ လက်မြှောက်ကာ စည်းတံဆိပ်တစ်ခု ထုတ်လိုက်တယ်။ လက်ထဲက မြင်းမှီးကို တစ်ချက်ဝှေ့ယမ်းလိုက်တော့ ရွှေရောင်အလင်းတစ်ခုက မြေကြီးပေါ်က အလောင်းခြောက်တွေဆီ ဝေ့ဝဲသွားတယ်။ ချက်ချင်း အလောင်းခြောက်တွေက အလင်းစက်လေးတွေအဖြစ် ပြောင်းလဲကုန်ကာ ပျောက်ကွယ်သွားခဲ့တယ်။ သူက တာအိုကျမ်းကို အကြိမ်ရေတချို့ ရွတ်ဖတ်ပြီးမှ သက်ပြင်းချကာ လက်ကိုချလိုက်တယ်။

သူ့သတိပေးချက်နဲ့ အားလုံးလည်း ခုလေးတင် ရဲရင့်စွာ သေဆုံးသွားတဲ့ အပေါင်းအဖော်တွေကို သတိရသွားပြီး ချက်ချင်းတိတ်ဆိတ်ကုန်တယ်။ ဝမ်းနည်းအကြည့်တွေ မျက်လုံးထဲ ပေါ်လာတယ်။

အချိန်အတော်ကြာတော့မှ ဂိုဏ်းချုပ်ယင်းက စကားပြောတယ်။

"အမလေး၊ ကောင်းကင်အရှင် အကောင်းဆုံးကြိုးစားခဲ့တာပဲ၊ သူတို့တွေ မြေအောက်ဘုံမှာ သတိရှိရင် အပြစ်တင်မှာ မဟုတ်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လောကကြီးကိုကယ်တင်ဖို့ သေဆုံးသွားတာပဲ၊ ဒါက သူတို့အတွက် ကျေနပ်စရာပါ" သူက သက်ပြင်းချပြီး ရွှေရောင်အလင်းတွေဖုံးလွှမ်းနေတဲ့ သွေဖည်တစ္ဆေတွေကို လှည့်ကြည့်ကာ မျက်နှာအမူအရာမှောင်မည်းသွားတယ်။

"ဒီတစ်ခေါက်ပေါ်လာတဲ့ သွေဖည်တစ္ဆေတွေက ဒီလောက် အရေအတွက်များမယ် မထင်ခဲ့ဘူး၊ ကျွန်တော်တို့တွေ ဓမ္မစွမ်းအင်တွေ နည်းနေတာဆိုတော့ အကုန်လုံးကို မောင်းမထုတ်နိုင်မှာစိုးမိတယ်၊ ကောင်းကင်သခင်မှာ နည်းလမ်းများရှိလားဗျ"

သူ စကားဆုံးတာနဲ့ လူအုပ်ကြီးကလည်း ယွင်ဟန့်ကို လှည့်ကြည့်တယ်။ တကယ်‌တမ်းတော့ လူတိုင်း ဒီလောက်သွေဖည်တစ္ဆေတွေက သူတို့စီမံနိုင်တာထက် လွန်တယ်ဆိုတာသိပြီးသား။ သူတို့အပေါ် အကြည့်ရောက်တည်းက သူတို့ကို ခဏတာ နှောင့်နှေးနိုင်ဖို့အတွက် သေဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ ယွင်ဟန့်က ကောင်းကင်အရှင်ဖြစ်ပြီး ဒီနေရာမှာ သူပါရှိနေရင် ... သူတို့ အဲဒါတွေကို မောင်းထုတ်နိုင်လောက်တယ်။

ယွင်ဟန့်က မျှော်လင့်နေတဲ့လူတွေကို ကြည့်ကာ၊ သူ့နဖူးကြော အနည်းငယ်တွန့်သွားပြီး သူ့ခန္ဓာကိုယ်ဘေးက လက်တွေ တင်းကျပ်လာတယ်။

"ဒီတစ်ကြိမ်ရောက်လာတဲ့ သွေဖည်တစ္ဆေတွေက တကယ်ပဲ အရေအတွက်က တကယ်ပဲ တစ်ခါမှ မကြုံဖူးတာမျိုးပဲ၊ ကျုပ်တောင် သူတို့ကို လုံးဝနှင်ထုတ်ပစ်နိုင်ဖို့ယုံကြည်ချက်မရှိဘူး" သူက သက်ပြင်းချကာ သူ့နောက်က သွေဖည်တစ္ဆေအုပ်ကြီးကိုလှည့်ကြည့်လိုက်တယ်။

"ကျုပ် အကောင်းဆုံး ကြိုးစားပါ့မယ်၊ ခင်ဗျားတို့ ကျုပ်ဓမ္မကို ကာကွယ်ပေးမလား"

လူတိုင်း အမူအရာလေးလံသွားတယ်။ ကောင်းကင်အရှင်တောင် ယုံကြည်ချက်မရှိတာ၊ ဒါက သွေဖည်တစ္ဆေတွေရဲ့ အခြေအနေက ဒီတစ်ခေါက် ဘယ်လောက်ပြင်းထန်လဲပြနေတာပဲ။ ဒါပေမဲ့ ခုတော့ တစ်ခုတည်းသောနည်းက သူတို့မှာရှိသမျှကို အကုန်ထုတ်သုံးဖို့ပဲ။

"ဒီကိစ္စက သက်ရှိအားလုံးနဲ့သက်ဆိုင်နေတာ၊ ကောင်းကင်သခင်ယွင် စိတ်တိုင်းကျ ကြိုးစားလို့ရပါတယ်၊ ကျွန်တော်တို့ သေချာပေါက် ခင်ဗျားဓမ္မကိုကာကွယ်ဖို့ အကောင်းဆုံးလုပ်မှာပါ"

"ကောင်းပြီလေ" ယွင်ဟန့်က ခေါင်းညိတ်ပြီးမှ ခြေတစ်လှမ်းတိုးလာတယ်။

သူ ခရမ်းရောင်ဓမ္မအဆောင်တစ်ခုကို တန်းထုတ်ပြီး စာသားတချို့ကို ခပ်တိုးတိုးရေရွတ်လိုက်တယ်။ ခဏအတွင်း အင်မတန်တောက်ပတဲ့ အဆောင်အလင်းတွေ ပေါ်လာတယ်။ တခြားစိတ်တန်ခိုးကျင့်ကြံသူတွေက သူ့ပတ်လည်ကဓမ္မကိုကာကွယ်ပေးကြတယ်။ အဲဓမ္မအလင်းရောင်က တောက်ပသထက် တောက်ပလာလိုက်တာ ခဏအတွင်း ခရမ်းရောင်အလင်းဖြစ်သွားပြီး သွေဖည်တစ္ဆေတွေကိုပိတ်လှောင်ထားတဲ့ အင်းကွက်ထိပ်ဖျားဆီ ပျံတက်သွားတယ်။

အင်းကွက်ရဲ့ ပုံသဏ္ဌာန်က လေထဲချက်ချင်းဖွဲ့စည်းသွားပြီး ဖြည်းဖြည်းချင်းပျံ့လာတယ်။ သူ့ကြည့်ရတာ အင်းကွက်တစ်ခုလုံးကို အောက်က သွေဖည်တစ္ဆေတွေကိုဖုံးနိုင်အောင် အားထုတ်ကြိုးစားနေပုံပဲ။ ဒါပေမဲ့ မတူညီတဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကြောင့် ထိန်းထားဖို့ခက်ပြီး မကြာခင် ချွေးသီးချွေးပေါက်တွေ သူ့နဖူးပေါ်စီးကျလာတယ်။

ယိချင်း တစ်ချက်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်ချီကို လေထဲမှာရှိတဲ့ အင်းကွက်ဆီ အဆက်မပြတ် ပို့လွှတ်နေမှန်း သိလိုက်ရပြီး ကုန်ခမ်းသွားမှာကို လုံးဝ စိတ်မပူတဲ့ပုံပဲ။ အဲလိုနဲ့ပဲသူ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်ချီတစ်ဝက်လောက် ပျောက်ကွယ်သွားခဲ့တယ်။

သူ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီနှုန်းနဲ့ဆို၊ သူက နတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ရင်တောင် သူ့ဝိညာဉ်ချီက မိနစ်ပိုင်းအတွင်း ကုန်ခမ်းသွားနိုင်တယ်။

ရုတ်တရက် သူ လေထဲက အဲအင်းကွက်အကြောင်း စူးစမ်းချင်စိတ် ပြင်းပြလာတယ်။ ဘယ်လိုအင်းကွက်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သူ့ခွန်အားရှိသမျှကို အသုံးပြုဖို့ လိုအပ်စေတာလဲ။ သူ အင်းကွက်ကို အချိန်အတော်ကြာ စစ်ဆေးခဲ့ပေမဲ့ မမှတ်မိနိုင်သေးဘူး။

အမှန်ပဲ၊ တစ်ခဏအတွင်း ယွင်ဟန့် မျက်နှာက လုံးဝ ဖြူဖျော့သွားပြီး သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်ချီအားလုံးနီးပါး ပျောက်ကွယ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးကို ဝန်းရံထားတဲ့ ရွှေရောင်ကုသိုလ်အလင်းတန်းကြောင့်သာ မဟုတ်ရင် သူ ဒီထက်ပိုပြီး ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။ ကျင့်ကြံသူတွေက အသက်ရှူအောင့်ပြီး လေထဲက အင်းကွက်ကို အင်မတန် အာရုံစိုက်နေကြတယ်။ နောက်ဆုံးတော့ အဲကြီးမားတဲ့ ခရမ်းရောင်အင်းကွက်က အောက်ဘက်က သွေဖည်သရဲတစ္ဆေတွေအားလုံးကြိ ဖုံးအုပ်သွားခဲ့တယ်။

အဲတော့မှ ယွင်ဟန့်က သူ့လက်ကို လှည့်ပြီး သူ့နောက်ဆုံးဝိညာဉ်စွမ်းအားလက်ကျန်နဲ့ တခြားဂါထာတစ်ခုဆီ ပြောင်းလိုက်တယ်။ သူရွတ်ဆိုတဲ့ ဓမ္မဂါထာတွေက ပိုလို့တောင် ရှုပ်ထွေးလာတယ်။ သူ့ကောင်းမှု အလင်းတောင်မှ ခဏတာ မှောင်သွားသလိုပဲ။ နောက်တစ်ခဏမှာတော့ ခရမ်းရောင်အင်းကွက်က ရုတ်တရက်ပြောင်းလဲပြီး ပုံစံပြောင်းသွားတယ်။ ကောင်းကင်တစ်ခွင်လုံးမှာ မျက်စိကျိန်းစရာ အနီရောင်အလင်းတန်းတွေနဲ့ ပြည့်နှက်လာတယ်။ ထူထဲတဲ့ သတ်ဖြတ်မှုချီနဲ့အတူ တိုက်ရိုက် ကျဆင်းလာတော့တယ်။

ဒါ... ဝိညာဉ်ချုပ်ငြိမ်းအင်းကွက်ပဲ။

ယိချင်း ရုတ်တရက် မျက်လုံး ပြူးကျယ်သွားတယ်။ အင်းကွက်က အကြွင်းအကျန်ဝိညာဉ်တွေဆီ ကျဆင်းသွားကာ၊ စောနက သွေဖည်တစ္ဆေတွေကို ပိတ်ထားတဲ့ ရွှေရောင်အလင်းအမိုးခုံးတောင် အသံတစ်ခုနှင့် ကွဲသွားခဲ့သည်။ သူအထဲမှာချထားတဲ့ သီးခြားခွဲအင်းကွက်လည်း ပြိုလဲလုနီးပါးဖြစ်နေပြီ။ ခွဲထွက်တဲ့ ခင်းကျင်းက ပြိုကျလုနီးပါး ဖြစ်နေပြီ။

သူ့နှလုံးသား တင်းကျပ်လာတယ်။ မသိစိတ်ကနေ ဓားချီတချို့က ထွက်သွားပြီဖြစ်ပြီး ဝိညာဉ်ချုပ်ငြိမ်းအင်းကွက်ကို တိုက်ခိုက်တော့တယ်။

နောက်အခိုက်အတန့်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာတယ်။ အဲအနီရောင်အင်းကွက်က ချက်ချင်း ပျက်စီးသွားပြီး အလင်းစက်လေးတွေအဖြစ် ကျဆင်းလာခဲ့တယ်။ အင်းကွက်ခင်းကျင်းရာမှာ ဝိညာဉ်ချီကုန်ခန်းသွားတဲ့ ယွင်ဟန့်က ချက်ချင်း အင်းကွက်ကနေ တုံ့ပြန်မှုကို ခံစားခဲ့ရတယ်။ သူ သွေးအန်ကာ လဲကျသွားတယ်။

"မင်းဘာလုပ်နေတာလဲ" ဒီတော့မှ တခြားသော ကျင့်ကြံသူတွေက ယိချင်း ဘေးမှာ ရှိနေတာကို သတိထားမိသွားခဲ့တယ်။ သူတို့က ချက်ချင်းတုံ့ပြန်ပြီး အင်းကွက်ကို ချိုးဖျက်ဖို့ ရုတ်တရက် လှုပ်ရှားသွားသူကို ဒေါသနဲ့ လှည့်ကြည့်လိုက်တယ်။ လူတော်တော်များများ သူတို့လက်ထဲက မက်မွန်သစ်သားဓားရှည်တွေကိုပါ ထုတ်ယူပြီး ဘက်ပေါင်းစုံကနေ ဝိုင်းလိုက်ကြတယ်။

"မင်းဘယ်သူလဲ၊ ဘာလို့ ကောင်းကင်ဘုံသခင်ရဲ့ အင်းကွက်ကို ဖျက်လိုက်တာလဲ"

"မင်း ငါတို့ကို သွေဖည်တစ္ဆေတွေကို ပပျောက်အောင်လုပ်တာကနေ တားမြစ်ပြီး ကောင်းကင်သခင်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်၊ သောက်ကျိုးနည်း မင်းဘာတွေလိုချင်နေတာလဲ။

ယိချင်း မျက်မှောင်ကြုတ်ကာ သူတို့မေးခွန်းတွေကို အာရုံမထားဘူး။ ဒါပေမဲ့ သူက ယိုင်နေတဲ့ ယွင်ဟန့်ကို လှည့်ကြည့်ပြီး လေးနက်တဲ့အသံနဲ့ မေးလိုက်တယ်။

"ပ‌ပျောက်စေတယ်ဆိုတာ ဘာဆိုလိုတာလဲ၊ ဒီအကြွင်းအကျန်ဝိညာဉ်တွေကို သတ်တာလား"

သူ ဒါကိုပြောပြီးတဲ့နောက် လူတိုင်း ပိုတောင်ဒေါသထွက်လာတယ်။

"သောက်ကျိုးနည်း သွေဖည်တစ္ဆေတွေက လောကကို ဒုက္ခပေးနေတာလေ၊ သေချာပေါက် ပျောက်စေရမှာပေါ့"

ယိချင်းက ပိုတောင်မျက်မှောင်ကြုတ်မိတယ်။

"သူနဲ့စကားအများကြီး ပြောဖို့မလိုဘူး၊ ပပျောက်စေတဲ့အင်းကွက်ကို ဖျက်ဆီးတဲ့ ဒီသစ္စာဖောက်ကို ချုပ်နှောင်ကြ" ဂိုဏ်းချုပ်ယင်းက စအော်လိုက်တယ်။ ဒေါသထွက်နေတဲ့လူအုပ်ကြီးက သူ့ကို သူတို့ဓားတွေနဲ့ခုတ်ပိုင်းဖို့လုပ်ချိန်...။

"ခဏ"

ဘေးက ယွင်ဟန့်က ရုတ်တရက် စကားပြောပြီး အရှေ့ကိုအပြေးတက်သွားတဲ့လူအုပ်ကြီးကို တားလိုက်တယ်။

"ခဏနေပါဦး"

…

အခန်း ၃၈၁ ။ အငြိုးအတေးကြီးသော မှိုတက်တစ္ဆေ

ယွင်ဟန့်က ရှေ့နှစ်လှမ်းတက်လာကာ ယိချင်းကို ကြောက်လန့်တကြား စိုက်ကြည့်နေတယ်။ တစ်စုံတစ်ခု သူ့မျက်နှာမှာ ဖြတ်ပြေးသွားကာ စိတ်ပူပန်စွာ မေးလိုက်တယ်။

"တာအိုရောင်းရင်း ဆိုလိုတာက သွေဖည်တစ္ဆေတွေကို ဖြေရှင်းဖို့ တခြားနည်းလမ်းတွေရှိတယ်လား"

ယိချင်းအမူအရာက မည်း‌မှောင်သွားတယ်။

"ဒီသွေဖယ်‌တစ္ဆေတွေက အကြွင်းအကျန်ဝိညာဉ်သိန်းချီနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိသာတာပဲ၊ အကြွင်းအကျန်ဝိညာဉ်တွေဆိုတာလည်း ဝိညာဉ်တွေရဲ့ အစိတ်အပိုင်းတွေ၊ ဝိညာဉ်ချုပ်ငြိမ်းအင်းကွက်က ဝိညာဉ်တွေ အားလုံးကို ဖျက်ဆီးပစ်မယ်ဆိုတာ သိမှာပဲ၊ ဒီဝိညာဉ်တွေ အင်းကွက်ကနေ ရှင်သန်စရာ နည်းလမ်းလုံးဝမရှိဘူး"

သူ စကားပြောလေ ဒေါသထွက်လာလေပဲ။ အစကတော့ ယွင်ဟန့်က သူ့ကိုယ်မှာ ကောင်းမှုအလင်း‌ ရှိနေလို့ လူဆိုး မဟုတ်နိုင်လောက်ဘူးလို့ထင်နေတာ။ ယွင်ဟန့်က အကြွင်းအကျန်ဝိညာဉ်သိန်းချီကို ချုပ်ငြိမ်းပစ်ဖို့ အကြံပေးမဲ့လူလို့ မထင်ခဲ့ဘူး။ ကျင့်ကြံသူတွေထား နတ်ဆိုးတွေတောင် အဲလိုလုပ်ဖို့ တွေးမှာ မဟုတ်ဘူး။

ဒါပေမဲ့ ဘေးကလူတွေက များများစားစားမတွေး။ အဲအစား သူတို့က ယိချင်းကို ဒေါသတကြီး ကြည့်ကြတယ်။

"ဘာအကြွင်းအကျန်ဝိညာဉ်တွေလဲ၊ ဘာချုပ်ငြိမ်းတာလဲ၊ အပိုစကားတွေပဲ"

"အမှန်ပဲ - တကယ်လို့ သွေဖယ်‌တစ္ဆေတွေကို မဖယ်ရှားရင် သက်ရှိတွေ ခံစားရလိမ့်မယ်"

"လူအုပ်ကြီးကို ခြောက်ဖို့ ကောလာဟလဖြန့်နေတာတွေ တော်တော့ - တရားမျှတမှုရမှာကိုကြည့်ဖို့ စောင့်နေတာ"

"ကောင်းကင်အရှင်ယွင်၊ သူပေါက်တတ်ကရ ပြောနေတာတွေကို နားမထောင်ပါနဲ့တော့၊ ဒီလူယုတ်မာတွေက သူတို့လုပ်နိုင်သမျှလုပ်လို့ရအောင် ကြိုးစားနေမှာ"

"ဟင့်အင်း" နောက်တစ်ကြိမ် လူအုပ်ကြီးရဲ့ရှေ့က ယွင်ဟန့်က သူ့ကိုတားတယ်။ သူ့မျက်နှာမှာ ဒေါသမရှိ။ အဲအစား သူက စိတ်လှုပ်ရှားမှုအနည်းငယ်နဲ့ ယိချင်းကို ကြည့်တယ်။ သူ့မျက်လုံးတွေက တလက်လက်တောက် ပနေလေရဲ့။ စိတ်အားထက်သန်စွာနဲ့ သူကပြောတယ်။

"ကျုပ်တာအိုရောင်းရင်းပြောတဲ့ပုံအရ ကျုပ်တို့ ဒီသွေဖည်- အကြွင်းအကျန်ဝိညာဉ်တွေကို ဘယ်လိုဖြေရှင်းသင့်လဲ"

ယိချင်းက သံသယတွေ မြင့်တက်လာတယ်။ တစ်ခုခုတော့လွဲနေပြီ။ သူ မျက်မှောင်ကြုတ်ကာ ဖြေလိုက်တယ်။

"သေချာပေါက် ကျုပ်တို့ သူတို့ကို မေ့ပျောက်မြစ်ဆီပြန်ခေါ်သွားရမှာပေါ့၊ သူတို့ကို မြေအောက်ဘုံမှာ ပြန်ဝင်စားခွင့်ပြုဖို့လိုတယ်"

"မေ့ပျောက်မြစ်... ပြန်ဝင်စားတာလား" ယွင်ဟန့်က အူကြောင်ကြောင်စိုက်ကြည့်နေတယ်။ သူ့ကြည့်ရတာ ဇဝေဇဝါဖြစ်နေပြီး မေးခွန်းတစ်ခု မေးတော့မလိုပဲ။

ဒါပေမဲ့ ယိချင်းက သွေဖည်တစ္ဆေတွေဆီ လှည့်ထွက်သွားပြီ။ သူက လက်နှစ်ဖက်လုံးနဲ့ စည်းချိပ်တစ်ခု ဖန်တီးလိုက်တော့ ခြေထောက်အောက်က မြေကြီးက ရွှေရောင်တောက်ပလာတယ်။ တစ်ခဏနေတော့ လောကကြီးထဲကို ဦးတည်တဲ့ အင်းကွက်ကြီးတစ်ခု သူ့ခြေထောက်အောက်မှာ ပေါ်လာပြီး မြန်ဆန်စွာပဲ တောအုပ်တစ်ခုလုံးဆီ ပျံ့နှံ့သွားတယ်။

တိမ်ခိုးတိမ်မည်းတွေနဲ့တူတဲ့ သွေဖည်တစ္ဆေတွေက မှုတ်ထုတ်ခံရပြီး ချီနက်တွေက စတင် လွင့်ပျောက်လာတယ်။ တစ္ဆေတွေပတ်လည်က ယင်ချီတောင် လွင့်ပျောက်ပြီး ကျန်ရစ်ခဲ့တာက သူတို့ရဲ့ ဖောက်ထွင်းမြင်ရတဲ့ ပုံသဏ္ဌာန်တွေ။ အားနည်းလွန်းလို့ တချို့ဆို အဖြူရောင်ချီ ခပ်ဝါးဝါးနဲ့‌တောင် တူပုံပဲ။ သူတို့တွေက ပျံ့ထွက်စပြုလာတာမို့ အဖြူရောင်ပုံစံငယ်လေးတွေလိုမျိုးပဲ။

လူအုပ်ကြီးက သူတို့မြင်ရတဲ့အရာကြောင့် မှင်တက်ကုန်ကြတယ်။ သူတို့တွေ မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိလေရဲ့။

"ဒါကဘာ... ဘာလဲ..."

"သွေဖည်တစ္ဆေတွေက ဘာလို့ ရုတ်တရက် အဲလိုပုံပေါက်လာတာလဲ၊ သူတို့က... တစ္ဆေတွေ ဖြစ်လာတာလား"

"ဒါပေမဲ့ ဘာလို့ ယင်ချီ မရှိရတာလဲ"

"အာ အဲဒါ ယန်မိသားစုရဲ့... ဘိုးဘေးမလား၊ သူက..." သေသွားပြီ မဟုတ်လား။

သူတို့အားလုံး အဲလိုမျိုးအရင်က တစ်ခါမှမမြင်ဖူးသလို အသက်ပြင်းပြင်း ရှူလိုက်ကြတယ်။ သူတို့ သေချာအနီးကပ် ကြည့်ချင်ပေမဲ့ ယိချင်းက လက်ကိုနှိမ့်ကာ အားနည်းတဲ့ အကြွင်းအကျန်ဝိညာဉ်တွေအပြည့် တောအုပ်တစ်ခုလုံးကို သူတို့အောက်က မေ့ပျောက်မြစ်ထဲ ဝင်အောင် အစိမ်းရောင်မီးခိုးအဖြစ် ပြောင်းလိုက်တယ်။

မိနစ်အနည်းငယ်အတွင်း ကောင်းကင်ကိုဖုံးရလောက်အောင်၊ လုံရှင်းမြို့ကို ဖျက်ဆီးနိုင်လောက်အောင် များပြားတဲ့ သွေဖည်တစ္ဆေတွေက လုံးဝပျောက်ကွယ်သွားခဲ့တယ်။ ကျန်ရစ်ခဲ့တာက ခြောက်ကပ်ညှိုးနွမ်းနေတဲ့ သစ်ရွက်တွေပဲ။

ယိချင်း တောအုပ်ကို လေ့လာဖို့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်တယ်။ ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်ဝိညာဉ်တွေမရှိ။ ကြည့်ရတာ စုန့်ရန်က တစ်ဦးတည်းသော ကျန်ရစ်သူပဲ။ တခြားတစ္ဆေတွေမှာ ရှိတဲ့ အငြိုးအတေးစွမ်းအင်က မေ့ပျောက်မြစ်ထဲတောင် ဝင်လို့မရတဲ့အထိ မထူဘူး။

ရှိနေတဲ့စိတ်တန်ခိုးကျင့်ကြံသူတွေအားလုံး မှင်တက်ကုန်တယ်။ သူတို့ အတော်ကြာတဲ့အထိ ဘာမှမပြော။

ယွင်ဟန့်က ပထမဆုံး တုံ့ပြန်သူ။ သူက ယိချင်းဆီ ခပ်မြန်မြန် လျှောက်လာတယ်။

"တာအိုရောင်းရင်း၊ အဲဒီသွေဖည်- အကြွင်းအကျန်ဝိညာဉ်တွေက ဘယ်ရောက်သွားတာလဲ"

"သူတို့ကို ပို့လိုက်တာ မေ့... အာ" သူ စကားမဆုံးခင် အပေါ်ကနေ တောက်ပတဲ့အလင်းရောင် ထွက်လာတာကို မြင်လိုက်ရတယ်။ သူ ခေါင်းကိုမော့ကာ ထိတ်လန့်တကြား ရေရွတ်လေတယ်။

"လင်းနေပြီ"

"အယ်"

"အချိန်မရှိဘူး - ကျုပ် ထမင်းချက်ဖို့ ပြန်ရဦးမယ်"

"ဟမ် အာ" ဘာလုပ်ရမယ်။

ယိချင်းက စကားဆုံးတာနဲ့ ဒုဓလီပန်းနဲ့တူတဲ့ တစ်ခုခုကို မြေကြီးကနေ ကောက်ယူတယ်။ သူက ဓားကိုသိမ်းပြီး ချက်ချင်း ပျောက်သွားတော့တာပဲ။

လူအုပ်ကြီးရဲ့ အကြည့်က ပိုတောင်မျက်လုံးပြူးသွားခဲ့တယ်။ သူတို့က ယွင်ဟန့်ကို ‌ဇဝေဇဝါကြည့်လိုက်ကြတယ်။

ဆရာ့အတွက် မနက်စာ လုပ်ပေးတာလောက် ဘယ်ဟာမှ ပိုအရေးမကြီးဘူး

╭(╯^╰)╮

——————

လုံရှင်းမြို့၊ တစ်ခုသော တည်း‌ခိုဆောင်။

"အဲဒါဖြစ်ခဲ့တာပါပဲ" ယိချင်းက စားပွဲကို သန့်ရှင်းရေးလုပ်ရင်း အတွေ့အကြုံကို ပြန်ပြောင်းပြောပြနေတယ်။

"အိုး" ရှန်းရင်က မနက်စာစားပြီးကာစ။ သူမက လက်ထဲကတူတွေကို လှည့်ရင်း ဘေးက တစ်ယောက်သော သေနေတဲ့ငကြောက်ဘေး ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။

"ပြောရရင်.. သူ ထပ်ပြီး ကလန်ကဆန်လုပ်နေတယ်ပေါ့"

ကလန်ကဆန် လုပ်နေတယ်လား။

ယိချင်း တန့်သွားပြီးမှ အသည်းအသန် ခေါင်းညိတ်လိုက်တယ်။

"ဟုတ်ကဲ့"

"ကျွန်တော်ထင်တာတော့ အဲဒီသွေဖည်တစ္ဆေတွေရဲ့ အငြိုးအတေးစွမ်းအင်တွေ လွှမ်းမိုးခံလိုက်ရတာပဲ နေမယ်၊ ဒီတစ်ကြိမ် သူက အရင်ကထက် ပိုပြီးများတဲ့ အငြိုးအတေးစွမ်းအင်တွေနဲ့ ပေါက်ကွဲနေတာ၊ ကျွန်တော် မုန့်ပေါ်ကို သတင်းလှမ်းပို့ပြီးပြီ၊ ဒါပေမဲ့... သူတောင် အငြိုးအတေးစွမ်းအင်တွေကို ဖယ်ရှားဖို့ ခက်မယ်ထင်တယ်"

ရှန်းရင် လူရဲ့ကိုယ်ကနေ ထွက်နေတဲ့ချီနက်တွေကို လှမ်းကြည့်လိုက်တယ်။ သူ့ကြည့်ရတာ မှိုတက်နေသလိုပဲ။

"တခြားနည်း မရှိဘူးလား"

"ကျွန်တော် သူ့အတိတ်ကို ရှာမတွေ့သေးဘူး - စုန့်ရန်ကို ဒီအငြိုးအတေးတွေအားလုံး ဘာကနေဖြစ်စေတာလဲ မသေချာတာ၊ ဒါကြောင့် ကျွန်တော် ခုထိ အငြိုးအတေးစွမ်းအင်ကို ဖယ်ရှားလို့မရဘူး"

"ဒါဆိုလည်း သူ့ကို ခု ဘေးဖယ်ထားလိုက်ရင်ရော"

"ဒီပုံရိပ်ယောင်ကိုယ်ထဲပဲ ကျွန်တော် သူ့ကိုပိတ်ထားလို့ရတယ်၊ ဒါပေမဲ့ အငြိုးအတေးစွမ်းအင်ဆိုတာ လူ့ဝိညာဉ်ကို ဝါးမျိုနိုင်တယ်၊ ဒီလိုသာဆက်သွားရင် သူ့ဝိညာဉ်က အနှေးနဲ့အမြန် ပျောက်ကွယ်သွားမှာ"

"အလုပ်ရှုပ်လိုက်တာ" ရှန်းရင်က ခေါင်းစောင်းတယ်။

"ငါတို့ သူ့ကိုဖေဖေနျို့ဆီ ပြန်ပစ်ပေးလိုက်ရင်ရော"

ယိချင်းတန့်သွားပြီး တစ်အောင့်အကြာမှာ မရွှင်မပျပြောတယ်။

"အဲလိုက ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ယွီဟုန့်ကိုရှာမတွေ့သေးဘူးလေ၊ တကယ်လို့ခုပြန်သွားရင်... ကျွန်တော်တို့ သုံးလစာအသုံးစရိတ် ဖြတ်ခံရမယ်ထင်တယ်"

"အာ..."

"ပြီးတော့..." ယိချင်းက ဆက်ပြောတယ်။

"တကယ်လို့ စုန့်ရန် မနက်ဖြန်မှ ပြန်မကောင်းရင် ကျွန်တော်တို့ ဒီတည်းခိုဆောင်မှာဆက်နေဖို့ ပိုက်ဆံကျန်တော့မှာမဟုတ်ဘူး"

ရှန်းရင် တုံ့ဆိုင်းသွားတယ်။ တစ်အောင့်အကြာမှာတော့ သူမ တူကို ဘေးပစ်ထုတ်ကာ ယိချင်းပခုံးကို ပုတ်လိုက်တယ်။

"စားဖိုမှူး နင်မှန်တယ် ရတနာသိုက်တူးတစ္ဆေက ငါတို့နဲ့ရှိနေတာ ရက်တွေကြာနေပြီ၊ ငါတို့က သစ္စာရှိသူတွေပဲ၊ သူ မှိုတက်တစ္ဆေဖြစ်လာရင်တောင် ငါတို့ သူ့ကိုထားမသွားဘူး"

" ..." မှိုတက်... မှိုတက်တစ္ဆေဆိုတာ ဘာများလဲ။

"ဒါပေမဲ့ သူက ဆိုးဆိုးရွားရွားမှိုတက်နေတာ" ရှန်းရင် ခေါင်းကုတ်ပြီး ဘေးမှာ ချီနက်တွေကို မှန်မှန်ထုတ်နေဆဲ တစ္ဆေကိုလေ့လာလိုက်တယ်။

"ငါတို့ မှိုတွေဘာတွေရှင်းလို့ရအောင် သူ့ကိုခါပြီး အပြင်မှာ အခြောက်လှန်းရင်ရော"

သူမက စကားပြောရင်း အငြိုးအတေးစွမ်းအင်တွေ အဆက်မပြတ်ထုတ်နေတဲ့ စုန့်ရန်ရဲ့ပုံ ရိပ်ယောင်ခန္ဓာကိုယ်ကို ကောက်ယူလိုက်တယ်။ သူမက လက်တစ်ဖက်စီနဲ့ တစ်ဖက်စီကို ဆုပ်ကိုင်ပြီး စောင်ကို ရေညှစ်သလိုမျိုး ခါတော့တယ်။

တစ်အောင့်အကြာမှာ သူတို့ လေပြင်းသံ ကြားလိုက်ရတယ်။ အငြိုးအတေးစွမ်းအင်လုံးကြီးတစ်ခုက သူတို့ရှေ့ ထောင့်မှန်စတုဂံဖြစ်သွားပါလေရော။

-_-|||

"ဆ... ဆရာ" ယိချင်း မျက်မှောင်ကြုတ်ကာ သူမကို တားဖို့ လုပ်လိုက်တယ်။ "စုန့်ရန်ကိုယ်ထဲက အငြိုးအတေးစွမ်းအင်က ခါလို့မရ... အာ၊ ခါလို့ရသွားပြီ"

(⊙_⊙)

သူ စကားမဆုံးခင် စုန့်ရန်ကိုယ်ထဲကနေ အငြိုးအတေးစွမ်းအင်အကွက်ကြီးက လိပ်တစ်ကောင် သူ့အခွံထဲ ပြန်ပုန်းဝင်သလိုမျိုး ဆုတ်ခွာသွားတယ်။

"..."

ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။

"ပြီးပြီ" ရှန်းရင် နှစ်မိနစ်တိတိ စုန့်ရန်ကိုယ်ကို ခါပြီးတဲ့နောက် ကြေညာလိုက်တယ်။ အငြိုးအတေးစွမ်းအင်လုံးက အဲချိန်အားလုံးကုန်သွားပြီ။ စုန့်ရန်မှာ ကျန်ခဲ့တာက ဖောက်ထွင်းမြင်ရတဲ့ ဝိညာဉ်တစ်ခုပဲ။ သူက သတိလစ်နေသေးပြီး သိူ့ကိုယ်ထဲ အမည်းရောင်တချို့တော့ ကျန်ရစ်နေသေးတယ်။

"ငါတို့ ခု သူ့ကို အခြောက်လှန်းဖို့ပဲလိုတယ်"

ယိချင်း ။ ။ "..."

ဆရာ... က တကယ့်ကို ဆရာပါပဲ

ယိချင်း တစ်ခုခုပြောမို့ရှိသေး တည်းခိုဆောင်က စားပွဲထိုးလေးတစ်ယောက်က တံခါးလာခေါက်တယ်။

"ဧည့်သည်တို့ ကောင်းကင်အရှင်ယွင်က သတင်းစကား အမှာပါးခိုင်းလို့ပါ၊ သူက ခု ခင်ဗျားတို့နှစ်ယောက်ကို တွေ့ဖို့အဆင်ပြေမလား သိချင်လို့ပါတဲ့"

"ကောင်းကင်အရှင်ယွင်လား"

သူက တကယ်မြန်တာပဲ

"ဆရာ သူက ကျွန်တော်ပြောတဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေ" ယိချင်း ရှင်းပြပြီး ခေါင်းညိတ်ကာ စားပွဲထိုးလေးကို ယွင်ဟန့်ကို အထဲလမ်းပြခွင့်ပြုလိုက်တယ်။

"အိုး" ရှန်းရင်ကတော့ ဂရုမစိုက်။

ခဏကြာတော့ ရွှေရောင်အလင်းကွက်ကြီးတစ်ခု အခန်းထဲဝင်လာတယ်။ လုံးဝကိုမျက်စိကျိန်းစရာပဲ။

ရှန်းရင်က မှင်တက်သွားပြီး မျက်လုံးမှေးလိုက်တယ်။ ကြီးလိုက်တဲ့... မီးလုံး

(⊙ o ⊙)

သူမ လက်ထဲက မှိုတက်တစ္ဆေကို လှမ်းကြည့်လိုက်တယ်။

ဟီးဟီးဟီး...။

(๑≧ټ≦๑)

All Chapters