← Chapters

အခန်း (၁၂၂၅-၁၂၂၆)

Vol. 71 Ch. 1225-1226

အခန်း (၁၂၂၅-၁၂၂၆)

Vol. 71 Ch. 1225-1226

အပိုင်း (၁၂၂၅)

ရှမ့်လန်က မေးလိုက်၏။ “ရှမ့်ယီ... မင်း ရင်ကွမ်းကို သိလား။”

ရှမ့်ယီက ပြောလိုက်သည်။ “သိပါတယ်။ သူက သားတို့ မိသားစုရဲ့ အကြီးမားဆုံး သစ္စာဖောက်ပါ။”

ရှမ့်လန်က တုန့်ပြန်လိုက်၏။ “သူ သေသွားပြီ။ ပြီးတော့ အရမ်းကို သနားစရာကောင်းတဲ့ ပုံစံနဲ့ သေဆုံးသွားတာ။ သူက ဒီ ယူရေနီယမ်ကြောင့် သေခဲ့တာ။”

ရှမ့်ယီ၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး ဖခင်ဖြစ်သူကို လေးစားအားကျစွာ ကြည့်လိုက်သည်။ ဤလောကပေါ်တွင် မည်သူမှမသိသော ဤဒြပ်စင်အကြောင်းကို သူ့ဖခင်တစ်ဦးတည်းသာ သိရှိပြီး လူသတ် လက်နက် အဖြစ်ပင် အသုံးပြုနိုင်ခဲ့သည်။

ရှမ့်လန်က ဆက်ပြော၏။ “ဒီတစ်ခေါက် ငါ အန်းရှီးမြို့ရဲ့ အပျက်အစီးတွေဆီ သွားခဲ့တယ်။ အဲဒီမှာ အရာအားလုံး အရည်ပျော်နေပြီး ရွှေတွေအကုန်လုံး ပျောက်ဆုံးသွားသလို ဖြစ်နေခဲ့တယ်။ နဂါးကြီးက ရွှေတွေကို မက်မောပြီး အန်းရှီးမြို့ကို ဖျက်ဆီးကာ ရွှေတွေ အကုန် ယူသွားတယ်ဆိုတဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားတာပဲ။

ဒါပေမဲ့ အပျက်အစီးတွေထဲမှာ ယူရေနီယမ်ရဲ့ အရှိန်အဝါကို ငါ ခံစားမိခဲ့တယ်။ ဒါက အရမ်းကို အစွမ်းထက်တဲ့ ဒြပ်စင်ဖြစ်ပြီး ဆေးကြောပစ်ဖို့ မဖြစ်နိုင်သလောက်ပဲ။ နဂါးကြီးက မြို့ကိုမီးရှို့ပြီး တစ်မြို့လုံး အရည်ပျော်သွားအောင် လုပ်ခဲ့ပေမဲ့ ယူရေနီယမ်ရဲ့ အရှိန်အဝါက သိသာနေတုန်းပဲ။

ဒီလောကပေါ်မှာ ငါကလွဲလို့ ဘယ်သူမှ သူ့ရဲ့ စွမ်းအင်အရှိန်အဝါကို မခံစားနိုင်ဘူး။ ဒါကြောင့် မင်းရဲ့ သုံးသပ်ချက်က မှန်ကန်တယ်။ တစ်စုံတစ်ယောက်က ရွှေကျောက်စိမ်းမြို့ထဲကို ယူရေနီယမ် ပစ်ထည့်လိုက်ပြီး အံ့မခန်း လှုပ်ခတ်သွားစေမဲ့ စွမ်းအင်အရှိန်အဝါတွေ ထုတ်လွှတ်ကာ နဂါးကြီးကို ဆွဲဆောင်လိုက်တာပဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ နဂါးကြီးက ဒီလို စွမ်းအင်အရှိန်အဝါမျိုးကို အရမ်း မုန်းတီးပြီး အန္တရာယ်ရှိတယ် လို့တောင် ခံစားရတယ်။ သူ့ရဲ့ ရည်မှန်းချက်က ယူရေနီယမ်ကို ဖျက်ဆီးဖို့ပဲ။ ဒါပေမဲ့ စတင် ဖျက်ဆီးတာနဲ့ တစ်ပြိုင်နက် တစ်မြို့လုံး ပျက်စီးသွားလိမ့်မယ်။”

ရှမ့်ယီက ပြောလိုက်၏။ “အဖေ... ဒါဆို သားတို့ နောက်တစ်ဆင့် အနေနဲ့ ဒီယူရေနီယမ်ကို လိုက်ရှာကြ မှာလား။”

ရှမ့်လန်က တုန့်ပြန်လိုက်သည်။ “ငါ လိုက်ရှာမှာ။ ငါတို့ မဟုတ်ဘူး။ အခုကစပြီး မင်းနဲ့ ဒီဘိုရာ၊ ပြီးတော့ လိုကီနဲ့ တခြားလူတွေ အကုန်လုံး အနက်ရှိုင်းဆုံး မြေအောက်ခန်းထဲမှာ ပုန်းနေရမယ်။ အခြေအနေ မကောင်းရင် လွတ်အောင်လို့လေ။”

ရှမ့်ယီက ပြောလိုက်၏။ “အဖေ... ဒါပေမဲ့ သား အဖေနဲ့ လိုက်ချင်။”

ရှမ့်လန်က တုန့်ပြန်လိုက်သည်။ “ဒါပေမဲ့ မနေနဲ့။ မြန်မြန်သွား။”

ထို့နောက် ရှမ့်လန်သည် ဒီဘိုရာကို ရှာဖွေပြီး မေးလိုက်၏။ “ရွှေကျောက်စိမ်းမြို့က လူအားလုံးကို ရွှေ့ပြောင်းပေးနိုင်မလား။”

ဒီဘိုရာက ခေတ္တမျှ စဉ်းစားပြီးနောက် ဖြေလိုက်သည်။ “ရပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်တော့ ကြာလိမ့်မယ်။”

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “စတင် ဆောင်ရွက်တော့။”

ဒီဘိုရာက ပြောလိုက်သည်။ “ဟုတ်ကဲ့။ ကျွန်မ စစ်တပ်ကို ချက်ချင်း စုစည်းလိုက်ပါမယ်။ ပြီးတော့ လူအားလုံးကို ရွှေကျောက်စိမ်းမြို့နဲ့ ဝေးရာဆီ ရွှေ့ပြောင်းခိုင်းလိုက်မယ်။”

အချိန်မီပါစေလို့ ဆုတောင်းရုံသာ ရှိတော့သည်။

ထို့နောက် ဒီဘိုရာ၏အမိန့်ဖြင့် ရွှေကျောက်စိမ်းမြို့ရှိ သိန်းနှင့်ချီသော စစ်သည်များသည် စတင် စုရုံးလိုက်ကြ၏။ ဤအမျိုးသမီးသည် အမှန်တကယ်ပင် ရည်မှန်းချက် ကြီးမားသူ ဖြစ်သည်။ ရွှေကျောက်စိမ်းမြို့ တစ်မြို့တည်း၌ပင် စစ်သည် သိန်းချီ ရှိနေ၏။

တစ်မြို့လုံး ချက်ချင်းပဲ ဆူညံပွက်လောရိုက်သွားခဲ့သည်။

‘စစ်တပ်က ဘာကြောင့် စုရုံးနေရတာလဲ။ ပြီးတော့ ဘာကြောင့် ဒီလောက် အများကြီး စုရုံးနေရတာလဲ။ စစ်ပွဲ ဖြစ်တော့မှာလား။ မြောက်ဘက်စစ်တပ်က လာရောက် တိုက်ခိုက်တော့မှာလား။’

စစ်တပ် စုရုံးပြီးနောက် ဒီဘိုရာ၏ အိမ်တော်သည် ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်ကို စတင် စီစဉ်လိုက်သည်။ ဤသည်မှာ အလွန် ကြီးမားသော စီမံကိန်းကြီး တစ်ခု ဖြစ်သည်။ ရွှေကျောက်စိမ်းမြို့ အတွင်းအပြင်ရှိ လူဦးရေသည် တစ်သန်းကျော်နေပြီ ဖြစ်သောကြောင့်ပင်။

မြို့၏အရွယ်အစားမှာ လွန်ခဲ့သော နှစ်အနည်းငယ်ကထက် နှစ်ဆကျော် ကြီးထွားလာခဲ့သည်။ မူလက မြောက်ဘက်မြို့ရိုး အပြင်ဘက်တွင် ကွက်လပ်များနှင့် တောင်ကုန်းများသာ ရှိသော်လည်း ယခုအခါ မြို့ဧရိယာထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ လူသန်းပေါင်းများစွာ ရွှေ့ပြောင်းခြင်း စတင်တော့မည် ဖြစ်၏။

ထို့အပြင် သူတို့သည် မည်သည့် တန်ဖိုးကြီးပစ္စည်း၊ ရွှေ သို့မဟုတ် ကျောက်မျက်ရတနာများကိုမှ ယူဆောင်သွားခွင့် မရှိပေ။ မည်သည့်အရာကိုမှ ယူဆောင်ခွင့် မရှိခြင်းပင်။ မည်ကဲ့သို့သော ဆန့်ကျင်မှုမျိုး ကြုံတွေ့ရမည်ကို ခန့်မှန်းနိုင်ပေသည်။ ရွှေ့ပြောင်းရေး လုပ်ငန်းစဉ် တစ်ခုလုံးသည် အလွန်အမင်း ရှုပ်ထွေးပြီး ပရမ်းပတာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် နဂါးကြီးက မြို့ကို စတင် မီးရှို့လိုက်သည်နှင့် တပြိုင်နက် အံ့မခန်း ကြွယ်ဝချမ်းသာမှုများသည် လုံးဝ အငွေ့ပျံသွားမည် ဖြစ်ပြီး ရော့ဆိုမိသားစု၏ နှစ်ပေါင်း ရာနှင့်ချီသော လုပ်ငန်းများသည် မီးခိုးငွေ့အဖြစ် လွင့်ပါးသွားပေတော့မည်။

ရှမ့်လန်သည် အသံလှိုင်းပျံသန်းရေး သားရဲကို စီးနင်းလျက် အနိမ့်မှ ပျံသန်းနေ၏။ သူသည် အားကောင်းသော စိတ်စွမ်းအားကို ထုတ်လွှတ်ပြီး X-ray အမြင်၊ AI မှတ်ဉာဏ်တုတို့နှင့် ပေါင်းစပ်ကာ မြေပြင်၏ နေရာအနှံ့အပြားကို စစ်ဆေးနေသည်။ အကယ်၍ ရေဒီယိုသတ္တိကြွ ဒြပ်စင်များ ရှိနေပါက ရှမ့်လန်၏ အမြင်အာရုံထဲတွင် အလွန် ထင်ရှားနေမည်။

မြို့စားကြီး ပိုင်တင်သည် ရှမ့်လန်၏ နောက်မှ လိုက်ပါလာသည်။ မြေပြင်ပေါ်တွင် ထိပ်တန်းစစ်သည် ထောင်ပေါင်းများစွာ ရှိနေကြ၏။ သူတို့သည် ကောင်းကင်ပေါ်မှ လူနှစ်ယောက်ကို မပြတ်တမ်း စိုက်ကြည့် နေကြပြီး မြေပြင်ပေါ်မှ ခြေရာလက်ရာများကို အသည်းအသန် လိုက်လံ ရှာဖွေနေကြသည်။

ရွှေကျောက်စိမ်းမြို့သည် အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။ ရှမ့်လန်၏ ရှာဖွေမှုသည် အလွန် ခက်ခဲလှ၏။ အဘယ်ကြောင့်ဆိုသော် မြေပြင်တစ်လက်မကိုမှ လွတ်သွား၍ မရသောကြောင့် ဖြစ်သည်။ ယူရေနီယမ် ကဲ့သို့သော အရာသည် လက်သီးဆုပ် ပမာဏလောက် ရှိရုံဖြင့် အံ့မခန်း စွမ်းအင်ကို ထုတ်လွှတ်နိုင်၏။

နှစ်နာရီ ကြာမြင့်သွားခဲ့၏။ လေးနာရီ၊ ခြောက်နာရီ၊ ရှစ်နာရီ... ရွှေကျောက်စိမ်းမြို့၏ အကြီးစား ရွှေ့ပြောင်းမှုကြီး စတင်နေပြီ ဖြစ်၏။ ထင်ထားသည့်အတိုင်းပင် လူထုမှာ ထိတ်လန့်တကြား ဖြစ်နေကြပြီး တစ်မြို့လုံး ပရမ်းပတာ ဖြစ်နေတော့သည်။

သို့သော်ငြား လူထု၏ ဆန့်ကျင်မှု အတိုင်းအတာသည် ထင်ထားသည်ထက် နည်းပါးသည်။ အဘယ်ကြောင့် ဆိုသော် အန်းရှီးမြို့၏ အဖြစ်ဆိုးကြီး သတင်း ပြန့်နှံ့နေပြီ ဖြစ်သောကြောင့်တည်း။ ငွေကြေးသည် အရေးကြီး သော်လည်း အသက်က ပို၍ အရေးကြီး၏။

ကုန်သည်များနှင့် သူဌေးများစွာသည် ရွှေငွေများကို ယူဆောင်မသွားနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် အရေအတွက် များပြားလွန်းသောကြောင့်ပင်။ သူတို့သည် မြေအောက် ဘဏ္ဍာတိုက်ခန်းထဲတွင် သော့ခတ်ထား ခဲ့ရုံသာ တတ်နိုင်ကြသည်။

စစ်သည် သိန်းပေါင်းများစွာ၏ မောင်းထုတ်မှုနှင့် လမ်းပြမှုအောက်တွင် ရွှေကျောက်စိမ်းမြို့သူမြို့သားများ စတင် ရွှေ့ပြောင်းနေကြပြီ ဖြစ်သည်။ ငိုကြွေးသံများ မိုးထိညံနေ၏။ လောကပျက်မည့်နေ့နှင့် တူလှပေသည်။ မြို့၏ ထောင့်တိုင်းတွင် လူများဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် ညအချိန် ဖြစ်သောကြောင့် ရွှေ့ပြောင်းရေးမှာ ပိုမို ခက်ခဲပြီး ရှုပ်ထွေးနေသည်။ မိုင်ဆယ်ချီ ကျယ်ဝန်းသော မြို့ထဲတွင် မီးတုတ်များ နေရာအနှံ့ ရှိနေ၏။ ကောင်းကင်မှ ကြယ်များထက်ပင် ပိုမို ထူထပ်နေသေး၏။

ရှမ့်လန်သည် အားကုန်စိုက်ထုတ်ကာ ဆက်လက် ရှာဖွေနေဆဲ ဖြစ်သည်။

‘ယူရေနီယမ်... ယူရေနီယမ်.... ယူရေနီယမ်... မင်း ဘယ်မှာလဲ...’

ဤမြို့ကြီးသည် အလွန် ကြီးမားလွန်းလှသည်။ လက်သီးဆုပ် ပမာဏရှိသော ယူရေနီယမ်ကို ရှာဖွေရခြင်းမှာ ကောက်ရိုးပုံထဲတွင် အပ်ရှာရသကဲ့သို့ ဖြစ်နေ၏။ ထိုအချိန်၌ ရုတ်တရက် ကောင်းကင်နှင့် မြေပြင်က စတင် တုန်ခါလာသည်။ မည်သည့်နေရာမှန်း မသိရသော ပူပြင်းသည့် လေပြင်းတစ်ချက် တိုက်ခတ်လာ၏။ ပူလောင်လွန်းလှ၏။

“နဂါးကြီး ရောက်လာပြီ။” မြောက်ဘက်မှ ရောက်လာခြင်း ဖြစ်သည်။ ရှမ့်လန်သည် မြောက်ဘက်သို့ လှမ်းကြည့် လိုက်၏။ အမှောင်ထု ဖုံးလွှမ်းနေဆဲ ဖြစ်သောကြောင့် မည်သည့်အရာကိုမှ မမြင်ရချေ။ သို့သော်ငြား နဂါး ရောက်လာနေပြီ ဖြစ်ကြောင်း ရှမ့်လန် သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ပျံသန်းမှု အရှိန်မှာ မြန်ဆန်လွန်းလှသောကြောင့် လေထုတစ်ခုလုံး တုန်ခါနေပြီး ဟာရီကိန်းမုန်တိုင်း တိုက်ခတ်နေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် မြေပြင်ပေါ်မှ အမှတ်အသားများမှာ ပို၍ပင် ထင်ရှားလှ၏။ မြောက်ဘက်ရှိ မြေပြင်သည် မည်သည့် နေရာမှန်း မသိဘဲ စတင် လောင်ကျွမ်းနေသည်။ သစ်တောများ၊ ကျောက်တုံးများ သို့မဟုတ် မြေဆီလွှာများ ဖြစ်စေကာမူ အားလုံး ကြောက်မက်ဖွယ် ကောင်းအောင် မီးကျွမ်းသွားကြ၏။ ချက်ချင်းပဲ နီရဲသွားပြီး လျင်မြန်စွာ ပြန့်နှံ့သွားသည်။

မီတာတစ်ရာကျယ်သော ဖြောင့်တန်းသည့် မီးလမ်းကြောင်းကြီးသည် တစ်စက္ကန့်လျှင် မီတာရာပေါင်းများစွာ အရှိန်ဖြင့် အောက်သို့ ပြန့်နှံ့သွားသည်။ ဤမြင်ကွင်းသည် အသက်ရှုမှားလောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ရွှေကျောက်စိမ်းမြို့ရှိ မရေမတွက်နိုင်သော လူများသည် ချက်ချင်း ခေါင်းမော့လာကြပြီး မြောက်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ပျက်စီးခြင်း အရှိန်အဝါကို လူတိုင်း ခံစားလိုက်ကြရ၏။

“ဝုန်း ဝုန်း ဝုန်း ဝုန်း...”

မြေပြင် တုန်ခါမှုသည် ပိုမို ပြင်းထန်လာသည်။ ကောင်းကင်မှ ဟာရီကိန်းမုန်တိုင်းသည် ပိုမို ကြမ်းတမ်းလာပြီး ပိုမို ပူပြင်းလာသည်။ နဂါးကြီးသည် အမှောင်ထုထဲတွင် ကွယ်ဝှက်နေဆဲ ဖြစ်ပြီး လုံးဝ မမြင်ရသေးချေ။ ပိုပိုပြီး နီးကပ်လာပြီ ဖြစ်သည်။

မိုင်သုံးရာ၊ မိုင်နှစ်ရာ၊ မိုင်တစ်ရာ... မြေပြင်ပေါ်မှ မီးလောင်ရာများကို ကြည့်ရုံဖြင့် သိနိုင်၏။

“ဝုန်း ဝုန်း ဝုန်း ဝုန်း...”

မြေပြင်ပေါ်ရှိ သစ်ပင်များနှင့် ကျောက်တုံးများသည် ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော အပူချိန်ကို မခံနိုင်ကြပေ။ မီးလောင်ရုံ မကတော့ဘဲ တုန်လှုပ်ဖွယ် မီးတောက်များအဖြစ် တိုက်ရိုက် ပေါက်ကွဲ ထွက်ကုန်ကြ၏။ တိုက်ခိုက်ခြင်းပင် မစတင်ရသေးသော်လည်း ထိုမျှလောက် ဖျက်ဆီးအားများ ပြည့်နှက်နေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ “ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း...”

ရုတ်တရက် ရွှေကျောက်စိမ်းမြို့၏ ထောင့်တစ်နေရာမှ မီးရှူးမီးပန်းများ ပစ်လွှတ်လိုက်ကြသည်။ ထူးဆန်းသော အစိမ်းရောင် မီးတောက်များ ကောင်းကင်သို့ ပျံတက်သွား၏။ ထို့နောက် အားကောင်းသော ဓာတ်ရောင်ခြည် စွမ်းအင်ကို ရုတ်တရက် ထုတ်လွှတ်၏။

“ယူရေနီယမ်…”

တစ်စုံတစ်ယောက်က ယူရေနီယမ်ကို မီးရှူးမီးပန်းထဲ ထည့်ပြီး ကောင်းကင်သို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ခဏချင်း အတွင်းမှာပင် ကောင်းကင်ယံသည် ပေါက်ကွဲနေသော မီးရှူးမီးပန်း များဖြင့် ပြည့်နှက်သွားသည်။

ရှမ့်လန်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ထောင့်တစ်နေရာကို ညွှန်ပြကာ အော်ပြောလိုက်၏။ “သွား... ဖမ်းကြ။ သူတို့ကို ဖမ်းကြ။”

ရှမ့်လန်၏ အမိန့်အဆုံးတွင် မြို့စားကြီး ပိုင်တင်သည် အသံလှိုင်းပျံသန်းရေး သားရဲကို စီးနင်းကာ လိုက်ဖမ်းလေ တော့သည်။ မြေပြင်ပေါ်မှ ထောင်ပေါင်းများစွာသော စစ်သည်များသည်လည်း ရူးသွပ်မတတ် လိုက်လံ ဖမ်းဆီးကြ၏။

ထိုအချိန်၌ နဂါးကြီးသည် ရုတ်တရက် ဒေါသအမျက် ခြောင်းခြောင်းထွက်လာပြီး ပထမဆုံးအကြိမ် မျက်လုံးများကို ဖွင့်လိုက်တော့၏။ တစ်ခဏချင်းမှာပင် မှောင်မိုက်နေသော ကောင်းကင်ယံ၌ တုန်လှုပ်ဖွယ်ရာ အလင်းတန်းနှစ်ခု ရုတ်တရက် လင်းလက်လာခဲ့သည်။ နေလုံးနှစ်စင်း ကောင်းကင်တွင် ချိတ်ဆွဲထားသကဲ့သို့ ပြင်းထန်စွာ တောက်ပလောင်ကျွမ်းနေသည်။ မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော သစ်တောများနှင့် အိမ်များသည် ချက်ချင်း မီးလောင်သွားကြသည်။

“ဘုန်း ဘုန်း ဘုန်း ဘုန်း...”

ကောင်းကင်သို့ ထိုးတက်သွားသော မီးတောက်များသည် မီတာထောင်သောင်းချီ အကွာအဝေးကို ချက်ချင်း လောင်ကျွမ်းသွားစေသည်။ တိုက်ခိုက်ခြင်း မပြုမီကပင် ပျက်စီးခြင်း အကျိုးဆက်များ ဖြစ်ပေါ်နေပြီဖြစ်၏။

ထို့နောက် နဂါးကြီးသည် အရှိန်မြှင့်တင်လိုက်ပြီး ယူရေနီယမ် မီးရှူးမီးပန်းများ ပစ်လွှတ်ရာ ရွှေကျောက်စိမ်း မြို့ဆီသို့ ပျံသန်းလာသည်။ တစ်မြို့လုံး စတင် တုန်ခါလာပြီး လေထုတစ်ခုလုံး တုန်ခါနေသည်။

အကြောင်းမူကား နဂါးကြီးသည် စွမ်းအင်များကို စုစည်းနေသောကြောင့်ပင်။ ပေါက်ကွဲတော့မည်။ အရာအားလုံးကို ဖျက်ဆီးတော့မည်။ နဂါး စတင် တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ထိုအရာ၏ စွမ်းအားသည် နဂါးနောင်တ ထက် များစွာ သာလွန်ပေလိမ့်မည်။

မြေပြင်ပေါ်တွင် ရွှေ့ပြောင်းနေကြသော သိန်းနှင့်ချီသော လူများသည် လောကပျက်မည့်နေ့ ရောက်လာသကဲ့သို့ ခံစားလိုက်ကြရ၏။ သူတို့သည် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်လျက် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကြ၏။

“နောက်ကျသွားပြီ။ နောက်ကျသွားပြီ။”

နဂါးကြီး စတင် တိုက်ခိုက်လိုက်သည်နှင့် တစ်မြို့လုံး ပျက်စီးသွားပေလိမ့်မည်။ ဒီဘိုရာ၊ ရှမ့်ယီနှင့် လိုကီလေး တို့သည် မြေအောက်တွင် ပုန်းနေလျှင်ပင် ဘေးကင်းမည် မဟုတ်ပေ။

ရှမ့်လန် ဂရုမစိုက်နိုင်တော့ချေ။ သူသည် အသံလှိုင်းပျံသန်းရေး သားရဲကို စီးနင်းလျက် နဂါးကြီးဆီသို့ ပျံသန်းသွားလိုက်သည်။

“တချောင်... မင်း ကြောက်နေလား။ ကြောက်နေလား။ တချောင်... မင်း ကြောက်နေမှန်း ငါသိတယ်။ ဒါပေမဲ့ မင်းက ပြိုင်ဘက်ကင်းပဲ။ တစ်မူထူးခြားတဲ့ သားရဲပဲ။ ငါတို့ အတူတူ အံ့ဖွယ်ရာကို သွားကြည့်ကြရအောင်။”

ရှမ့်လန်သည် တုန်ယင်နေသော တချောင်ကို စီးနင်းလျက် အမှောင်ထုထဲမှ နဂါးကြီးဆီသို့ ပျံသန်းသွား၏။

အမှောင်ထုထဲတွင် နဂါးကြီးသည် ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်ကိုသာ မြင်တွေ့ရ၏။ ငရဲတွင်းနက်ကြီး ပွင့်လာသကဲ့သို့ပင်။ အတွင်း၌ အဆုံးမဲ့ မီးတောက်များ ရှိနေသည်။ အစိမ်းရောင် မီးတောက်များသည် နဂါးနောင်တ ပေါက်ကွဲပြီးနောက် ဗဟိုချက်မှ မီးတောက်များနှင့် ထပ်တူပင် ဖြစ်သည်။

ဤပါးစပ်ပေါက် တစ်ခုတည်းကပင် ကုန်းမြေ အများအပြားကို မျိုချရန် လုံလောက်ပြီး အိမ်ကြီးတစ်လုံးကို မျိုချရန် လုံလောက်ပေသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိ လေထုသည် ချက်ချင်း အေးစက်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် နဂါးကြီးသည် ပတ်ဝန်းကျင်ရှိ အပူချိန်အားလုံးကို မျိုချလိုက်သောကြောင့်ပင်။ နဂါးကြီးသည် စတင်၍ မီးမှုတ်ပြီး တိုက်ခိုက်တော့မည်။

ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် ၎င်း၏ ပါးစပ်ပေါက်ဆီသို့ အားကုန် ပျံသန်းဝင်ရောက်သွားသည်။ ငရဲလိုဏ်ဂူထဲသို့ ပျံသန်းဝင်ရောက်သွားသော ငှက်ငယ်လေး တစ်ကောင်ပမာပင်။ နဂါးကြီး၏ ပါးစပ်နှင့် မီတာတစ်ရာ အကွာသို့ ရောက်သချိန်မှာတော့ ရှမ့်လန်သည် လက်ထဲရှိ နဂါးသေတ္တာကို ရုတ်တရက် မြှောက်လိုက်ပြီး အော်ဟစ်လိုက်သည်။

“နဂါးကြီး... ကျုပ်က ကျန်းလီရဲ့ သားပဲ။ ဒီနဂါးသေတ္တာကို မြင်လား။ ဒါ မင်းကို မွေးဖွားခဲ့တဲ့ နေရာပဲ။”

အမှန်စင်စစ်တွင် ရှမ့်လန် မြှောက်ကိုင်ထားသော နဂါးသေတ္တာ၌ ယူရေနီယမ် အငွေ့အသက်များ ကျန်ရှိနေ ခဲ့သည်။ ထိုစဉ်က ရင်ကွမ်းကို လုပ်ကြံရန် ရှမ့်လန်သည် ယူရေနီယမ် ပါဝင်သော နဂါးဥအတုကို ပေးအပ် ခဲ့ဖူးသည်။ နောက်ဆုံးအချိန်တွင် ရှမ့်လန်သည် နဂါးသေတ္တာကို လက်လွှဲပေးလိုက်၏။ နဂါးဥအတုသည် နဂါး သေတ္တာ အတွင်း၌ ပေါက်ကွဲသွားခဲ့ပြီး မရေမတွက်နိုင်သော ရေဒီယိုသတ္တိကြွ ပစ္စည်းများသည် သေတ္တာ၏ အတွင်းနံရံများပေါ်သို့ လွင့်စင် ကပ်ငြိသွားခဲ့သည်။

အကြိမ်ကြိမ် ဆေးကြောသန့်စင်ခဲ့သော်လည်း ဓာတ်ရောင်ခြည်သင့်နေသော အမှုန်များကို လုံးဝ စင်ကြယ် သွားအောင် ပြုလုပ်ရန်မှာ အလွန် ခက်ခဲ၏။ သို့သော်ငြား ကျန်ရစ်ခဲ့သော ပမာဏသည် အလွန် နည်းပါး လှသည်။ ယခုအခါ သေတ္တာထဲတွင် နဂါး၏ မူလစွမ်းအင် အငွေ့အသက်များကသာ လွှမ်းမိုးနေ၏။

နဂါးတစ်ကောင် အတွက်မူ ဤသေတ္တာသည် ကလေးငယ်၏ ပုခက်လွှဲရာ အိပ်ရာကဲ့သို့ပင် ဖြစ်၏။ အလွန်အမင်း နွေးထွေးနေသင့်ပေသည်။ လူတိုင်းတွင် ကလေးဘဝ ဟူသည် ရှိကြစမြဲပင်။ အဆိုးသွမ်းဆုံး လူများ၌ပင်လျှင် နှလုံးသားထဲ၌ အနူးညံ့ဆုံး နေရာလေး တစ်ခုတော့ ရှိတတ်ကြ၏။ နဂါးများသည်လည်း ခြွင်းချက် မဟုတ်ပေ။

၎င်းသည် ရှမ့်လန် လက်ထဲရှိ နဂါးသေတ္တာမှ ရနံ့ကို အလွယ်တကူ ရရှိလိုက်သည်။ ထိုရနံ့သည် ရင်းနှီးလွန်းလှ သောကြောင့် ၎င်း၏ စိတ်ထဲတွင် အတိတ်မှ အမှတ်တရ အရိပ်အယောင် အမျိုးမျိုးကို ပြန်လည် ပေါ်လာ စေခဲ့သည်။

အပိုင်း (၁၂၂၆)

နဂါးတစ်ကောင်၏ ဘဝတွင် အမှတ်တရ ဟူသည် အလွန် ရှားပါးလှသည်။ ၎င်း၏ နေ့ရက်များသည် ထပ်တလဲလဲ ဖြစ်နေပြီး ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှ၏။ နေ့စဉ်ရက်ဆက် စားသောက်နေရုံမှလွဲ၍ ထွေထွေထူးထူး မရှိလှပေ။ ထို့ကြောင့် ဥမှ ပေါက်စ အချိန်က အမှတ်တရသည် ၎င်းအတွက် မေ့ပျောက်နိုင်ဖွယ် မရှိပေ။

လူသားများ၏ အသက်ငါးနှစ် မတိုင်မီ အမှတ်တရများသည် များသောအားဖြင့် ဝေဝါးနေတတ်သည်။ အဖြစ်အပျက် အတိအကျ မဟုတ်ဘဲ ခံစားမှုတစ်ခု အဖြစ်သာ ကျန်ရစ်တတ်၏။ နဂါးများအတွက်လည်း ထိုနည်းလည်းကောင်းပင်။ ၎င်း၏ အာရုံထဲတွင် ပြန်လည် ပေါ်လာသော အမှတ်တရ အပိုင်းအစများသာ ရှိသည်။

သို့သော်ငြား ကြည်နူးဖွယ် အတိတ်အငွေ့အသက်နှင့်အတူ နဂါးသည် သူ အမုန်းတီးဆုံး စွမ်းအင်တစ်ခုကိုပါ ရောနှော၍ ရလိုက်သည်။ ထိုအရာသည် နဂါးမျိုးနွယ်စု အတွက် အန္တရာယ် အရှိဆုံး အရာပင်။ ထင်ထားသည့် အတိုင်းပင် နဂါး၏ အာရုံခံနိုင်စွမ်းသည် အလွန် ထက်မြက်လှ၏။ နဂါးသေတ္တာ အတွင်းရှိ ယူရေနီယမ် ပမာဏမှာ မရှိသလောက် နည်းပါးလှပြီး ရှမ့်လန်ပင်လျှင် မခံစားနိုင်သော်လည်း သူကမူ ရှင်းလင်းစွာ ခွဲခြားသိရှိနေသည်။ ချက်ချင်းပဲ နဂါး၏ မျက်လုံးများ၌ အဆုံးမဲ့ ဒေါသများ ဖြတ်ပြေးသွား၏။

ရှမ့်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “နဂါးကြီး... ယူရေနီယမ်အပေါ် မင်းရဲ့ အာရုံခံစားမှုနဲ့ ရန်လိုမှုကို ကျုပ် နားလည်ပါတယ်။ မင်း ဒီလောကကနေ လုံးဝ ဖျက်ဆီးပစ်ချင်နေတာ။ ဒါပေမဲ့ မင်း လုံးဝ ဖျက်ဆီးပစ်နိုင်မလား။ အန်းရှီးမြို့က မင်းကြောင့် လုံးဝ အရည်ပျော်သွားခဲ့ပေမဲ့ ယူရေနီယမ် အငွေ့အသက်က ရှိနေတုန်းပဲ။ မူလက နေရာကွက်ကွက်လေး တစ်ခုပဲ ရှိခဲ့ပေမဲ့ အခုတော့ နေရာတိုင်းမှာ ဖြစ်နေပြီ။

ဒီလောကပေါ်မှာ ယူရေနီယမ် ရှိနေသမျှ ကာလပတ်လုံး မင်း အရာအားလုံးကို ဖျက်ဆီးချင်နေတာလား။ နဂါးသေတ္တာက မင်း ဥကပေါက်တုန်းက မင်းရဲ့ အသိုက်ပဲ။ မင်းရဲ့ ကလေးအနှီးပဲ။ ကလေးဘဝတုန်းက မင်းရဲ့ အိမ်ပဲ။ အခုတော့ ယူရေနီယမ် အငွေ့အသက်တွေနဲ့ ညစ်ညမ်းနေပြီ။ မင်း အဲဒါကိုပါ ဖျက်ဆီးချင်နေတာလား။

နဂါးကြီး... ကျုပ် ပြောတာကို မင်း နားလည်နိုင်မှန်း ကျုပ် သိတယ်။ မင်းမှာ အမှတ်တရတွေနဲ့ ခံစားချက်တွေ ရှိတယ် ဆိုတာလည်း ကျုပ် သိတယ်။ ကျုပ် ဘယ်သူလဲ ဆိုတာ မင်း သိလား။ ကျုပ်အဖေ ကျန်းလီကို မင်း မှတ်မိလား။ မင်းကို ဥဖောက်ပေးခဲ့တဲ့ သူလေ။”

ရှမ့်လန် ဆက်တိုက် အော်ဟစ်နေ၏။

နဂါး၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ရှမ့်လန်၏ ကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်သည်။ ရင်းနှီးလွန်းနေသည်။ ရှမ့်လန် ထုတ်လွှတ်လိုက်သော အနံ့သည် သိပ်ကို ရင်းနှီးလွန်းလှသည်။ လူသားတစ်ယောက်၏ အနံ့ မဟုတ်ဘဲ မျိုးတူချင်း၏ အနံ့ ဖြစ်သည်။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ အကြောင်းမူကား ရှမ့်လန်၏ ခန္ဓာကိုယ် အတွင်း၌ နဂါးသွေးခြင်ဆီ၊ ရှေးဟောင်းဘုရင် လက်စွပ်နှင့် နဂါးဓားတို့ ပါဝင်နေပြီး အားလုံးသည် နဂါးမျိုးနွယ်နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်၏။

အထူးသဖြင့် နဂါးသွေးခြင်ဆီသည် ရှမ့်လန်၏ ခန္ဓာကိုယ်နှင့် လုံးဝ ပေါင်းစပ်သွားခဲ့ပြီဖြစ်ရာ ရှမ့်လန်၏ အရှိန်အဝါ သည် နဂါးတစ်ကောင်နှင့် အလွန် တူညီသွားစေသည်။ နဂါးသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

ရှမ့်လန်က ဆက်ပြော၏။ “ကျုပ် ပြောတာကို မင်း နားလည်နိုင်မှန်း ကျုပ် သိတယ်။ ဒီမြို့ထဲက လူသန်းပေါင်း များစွာကို မင်း ဂရုမစိုက်မှန်းလည်း ကျုပ် သိတယ်။ မင်းအတွက်တော့ သူတို့က ပုရွက်ဆိတ်တွေလိုပါပဲ။ ယူရေနီယမ် အငွေ့အသက် ပေါ်လာတာနဲ့ မင်း တစ်မြို့လုံးကို ဖျက်ဆီးပစ်မှာပဲ။ မင်း သူများထောင်ချောက်ထဲ ဝင်နေတာ မဟုတ်ဘူးလား။

မင်းတို့ရဲ့ မြင့်မြတ်တဲ့ နဂါးမျိုးနွယ်စုကို နိမ့်ကျတဲ့ လူသားတွေက အသုံးချနေတာ မဟုတ်ဘူးလား။ နောင်ကျရင် သူတို့က မင်းကို လက်နက်အဖြစ်သုံးပြီး မြို့တစ်မြို့ကို ဖျက်ဆီးချင်ရင် အဲဒီနေရာမှာ ယူရေနီယမ် သွားထား လိုက်ရုံပဲ မဟုတ်ဘူးလား။ ယူရေနီယမ် ရှိတဲ့ နေရာတိုင်းကို မင်း လုံးဝ ဖျက်ဆီးပစ်နိုင်တယ်လို့ မပြောနဲ့။ မင်း မွေးဖွားခဲ့တဲ့ နေရာဖြစ်တဲ့ ဒီ နဂါးသေတ္တာ အပါအဝင်ပေါ့။”

နဂါးသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ရှမ့်လန် လက်ထဲမှ နဂါးသေတ္တာကို တစ်ချက် စိုက်ကြည့်လိုက်သည်။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ရင်းနှီးကျွမ်းဝင်သော ခံစားမှုတစ်ခု လှိုက်ခနဲ တက်လာ၏။ ဥမှ ပေါက်စတွင် မျက်လုံးများကို ဝေဝါးဝါး ဖွင့်ကြည့်လိုက်ရာ ပထမဆုံး မြင်တွေ့ရသော မျက်နှာ၊ ပထမဆုံး ကြားရသော အသံနှင့် ပထမဆုံး အစာကျွေးခံရသော အချိန်။

ဤ နဂါးသေတ္တာသည် ၎င်း၏ အိမ်သာမက ကစားစရာလည်း ဖြစ်ခဲ့သည်။ ငယ်စဉ်က ဤကစားနည်းကို နေ့ရောညပါ မငြီးမငြူ ကစားခဲ့ဖူးသည်။ တစ်နေ့အချိန်မှာတော့ အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားပြီး နဂါးငယ်လေးသည် မငြိမ်မသက် အခြေအနေသို့ ကျရောက်သွားခဲ့ရသည်။

ထို့နောက် နဂါးသည် ရှမ့်လန်ကို ကြည့်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ ရင်းနှီးသော အရှိန်အဝါကို ခံစားလိုက်ရသည်။ ခဏကြာချိန်မှာတော့ ၎င်းသည် အတောင်ပံများကို ခတ်လိုက်ပြီး ကောင်းကင်သို့ ဆက်တိုက် ပျံတက် သွားသည်။ မီတာ သောင်းချီ အမြင့်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားပြီးနောက် ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားတော့၏။

ရှမ့်လန် အံ့အားသင့်သွားရ၏။ သူ ဒီအတိုင်း ထွက်သွားတာလား။ ရုတ်တရက်ကြီးပါလား။

“မင်း ရွှေကျောက်စိမ်းမြို့ကို မဖျက်ဆီးခဲ့လို့ ကျုပ် အရမ်း ဝမ်းသာပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက ကျုပ်တို့ရဲ့ နောက်ထပ် ဆက်သွယ်မှုပဲ။ မင်း အဲဒီလို ရုတ်တရက် ထွက်သွားရင် ကျုပ် မင်းကို ဘယ်မှာ ရှာရမလဲ။”

ထိုအချိန်၌ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် နက်ရှိုင်းသော အသံတစ်ခု ရှမ့်လန်၏ စိတ်အာရုံထဲတွင် မြည်ဟည်းလာခဲ့သည်။ ‘ကျုပ်ရဲ့ ပျောက်ဆုံးသွားတဲ့ ပစ္စည်းနဲ့အတူ ကျုပ်ဆီ လာခဲ့...’

ဤအသံသည် နားမှတဆင့် ကြားရခြင်း မဟုတ်ဘဲ စိတ်ထဲတွင် အချက်ပြမှုအဖြစ် တိုက်ရိုက် ပေါ်လာခြင်း ဖြစ်သည်။ အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှ၏။

ရှမ့်လန် မနေနိုင်ဘဲ အော်မေးလိုက်သည်။ “မင်း ဘာပျောက်သွားတာလဲ။ မင်းကို ဘယ်မှာ ရှာရမလဲ။”

သို့သော်ငြား နဂါးသည် လုံးဝ ပြန်လည် ဖြေလိုက်ခြင်း မရှိတော့ပေ။ ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် ကောင်းကင်သို့ ဆက်တိုက် ပျံတက်သွားပြီး နဂါးကို မီအောင် လိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား အရာအားလုံး အချည်းနှီးသာ ဖြစ်၏။

တချောင်၏ အမြင့်ပျံသန်းနိုင်စွမ်းမှာ မီတာ ၂၆၀၀၀ တွင် ကန့်သတ်ချက်ရှိပြီး ထိုထက် ပိုမြင့်အောင် မပျံသန်း နိုင်တော့ပေ။ သို့သော်ငြား နဂါးသည် မည်သည့် ဝေဟင်နယ်ပယ်တွင်မဆို ပျံသန်းနိုင်ပြီး လေထု အပြင်ဘက်သို့ပင် ထွက်သွားနိုင်သည်။ ယုံနိုင်စရာ မရှိအောင်ပင်။ လေထု အပြင်ဘက်သို့ ရောက်ရှိသွား ပြီးနောက် လေပင့်အား လုံးဝ မရှိတော့ရာ မည်သို့ ပျံသန်းနိုင်မည်နည်း။

နဂါးသည် မီးတောက်များနှင့် စွမ်းအင်များကို ကိုယ်တိုင် ထုတ်လွှတ်နိုင်စွမ်း ရှိခြင်းကြောင့် ဖြစ်နိုင်၏။ ခဏ ကြာချိန်မှာတော့ နဂါးသည် ရှမ့်လန်၏ စိတ်အာရုံခံစားမှုထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။ အစမှ အဆုံးတိုင်အောင် ရှမ့်လန်သည် ၎င်း၏ ရုပ်ပုံသဏ္ဍာန် အပြည့်အစုံကို မမြင်တွေ့ခဲ့ရချေ။

မီးတောက်ကြီးများ ကဲ့သို့သော မျက်လုံးနှစ်လုံးကိုသာ မြင်တွေ့ခဲ့ရသည်။ ငရဲတွင်းနက်ကြီး ကဲ့သို့သော ၎င်း၏ ပါးစပ်ပေါက်နှင့် နဂါးနောင်တ ပေါက်ကွဲသည့် အခိုက်အတန့်ကိုသာ မြင်တွေ့ခဲ့ရသည်။ သို့သော်ငြား အခြေအနေ သည် သူ ထင်ထားသည်ထက် များစွာ ပိုကောင်းမွန်ခဲ့သည်။

ရှမ့်လန်၏ မျှော်လင့်ချက်အရ ဤနဂါးကြီးသည် အကန့်အသတ်မဲ့ မာနကြီးပြီး ရက်စက်ကြမ်းကြုတ်လိမ့်မည်။ လုံးဝ အကျိုးသင့်အကြောင်းသင့် မရှိဘဲ တားဆီး၍ မရနိုင် ဖြစ်လိမ့်မည်ဟု တွက်ဆထားခဲ့၏။ သို့သော်ငြား နဂါးကြီးသည် သူ ထင်ထားသည်ထက် ပိုမို ဉာဏ်ကောင်းပြီး ပညာရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အနည်းဆုံးတော့ သူသည် ဥမှ ပေါက်ဖွားခဲ့သော နဂါးသေတ္တာကို ချက်ချင်း မှတ်မိလိုက်ပြီး ရှမ့်လန်ထံမှ မျိုးတူချင်း၏ အနံ့ကို ရရှိလိုက်သည်။ ထို့ကြောင့် ၎င်းသည် ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးရန် တိုက်ရိုက် လက်လျော့လိုက်ခြင်း ဖြစ်၏။

မြောက်ဘက်ရှိ မှောင်မိုက်နေသော ကောင်းကင်ကို ကြည့်ရင်း ရှမ့်လန် ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်မိသည်။ “မင်း ရှင်းရှင်းလင်းလင်း ပြောသင့်တာပေါ့။ မင်း ဘာပျောက်သွားတာလဲ။ မင်းအတွက် ဘယ်မှာ သွားရှာပေး ရမလဲ။ ရှာတွေ့ပြီးရင် မင်းကို ဘယ်မှာ လာရှာရမလဲ။”

အချိန်အတန်ကြာပြီးနောက် ရှမ့်လန်သည် အသံလှိုင်းပျံသန်းသားရဲကို စီးနင်းလျက် ရွှေကျောက်စိမ်းမြို့ ကောင်းကင်ယံသို့ ပြန်ရောက်လာခဲ့၏။

ယခုအချိန်တွင် တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သူမှ အသံမထွက်ကြပေ။ လူသန်းပေါင်းများစွာသည် ကွင်းပြင်များ၊ လမ်းမများနှင့် ခေါင်မိုးများပေါ်တွင် သပ်ရပ်စွာ ရပ်နေကြပြီး ကောင်းကင်သို့ မော့ကြည့်နေကြသည်။

စောစောက မြင်ကွင်းသည် သူတို့ကို လောကပျက်မည့်နေ့ ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း အမှန်တကယ် ခံစားမိစေခဲ့၏။ နဂါး၏ ပုံသဏ္ဍာန်ကို မည်သူမှ မမြင်ခဲ့ရသော်လည်း မျက်လုံးများနှင့် ငရဲတွင်းနက်ကြီး ကဲ့သို့သော ပါးစပ်ပေါက်ကို မြင်တွေ့ခဲ့ရသည်။ သူသာ မီးမှုတ်လိုက်လျှင် ရွှေကျောက်စိမ်းမြို့သည် ပြီးဆုံးသွားပြီ ဖြစ်ပြီး မြို့ထဲရှိ လူသန်းပေါင်းများစွာလည်း ပြီးဆုံးသွားပြီ ဖြစ်၏။

ရှီလွန်အင်ပါယာ၏ အစည်ကားဆုံး ကုန်သွယ်ရေး မြို့တော်သည် အပျက်အစီးများ အဖြစ် ပြောင်းလဲသွား ပေလိမ့်မည်။ ရော့ဆိုမိသားစု၏ နှစ်ပေါင်း ရာချီသော အခြေခံအုတ်မြစ်သည် ပျက်စီးသွားပေလိမ့်မည်။

အရေးကြီးဆုံး အခိုက်အတန့်တွင် ရှမ့်လန်သည် အသံလှိုင်းပျံသန်းရေး သားရဲကို စီးနင်းကာ နဂါးကြီးဆီသို့ ပျံသန်းသွားသည်ကို မရေမတွက်နိုင်သော လူများ မြင်တွေ့ခဲ့ရသည်။ သူသည် နဂါးကြီး ဖျက်ဆီးမည့် ဘေးမှ တားဆီးပေးခဲ့ပြီး ရွှေကျောက်စိမ်းမြို့ရှိ လူသန်းပေါင်းများစွာကို ကယ်တင်ပေးခဲ့သူ ဖြစ်၏။

ရှမ့်လန်သည် အိပ်မက်ဆိုးကျောက်တုံး အသံချဲ့စက်ကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။ “ရွှေ့ပြောင်းခြင်း ပြီးဆုံးသွားပါပြီ။ အားလုံးပဲ အိမ်ပြန်ကြပါတော့။”

ခဏကြာချိန်မှာတော့ ရွှေကျောက်စိမ်းမြို့ရှိ လူသန်းပေါင်းများစွာသည် သပ်ရပ်စွာ ဒူးထောက်ချလိုက်ကြ၏။ “အရှင် ရှမ့်လန်... ကျန်းမာပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် ကျန်းမာပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

“ကယ်တင်ရှင်ကြီး ကျန်းမာပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

ဘာသာစကား ပေါင်းစုံ ပါဝင်နေ၏။ အချို့က လက်တင်ဘာသာ၊ အချို့က ဗီတာဘာသာ၊ အချို့က တရုတ် ဘာသာဖြင့် အော်ဟစ်နေကြသည်။ မြို့ထဲတွင် အာရှသား သောင်းနှင့်ချီ ရှိနေပြီး အရှေ့နှင့် အနောက် ကုန်သွယ်ရေး ပြည်နယ် ဖြစ်သောကြောင့် ရွှေကျောက်စိမ်းမြို့တွင် အရှေ့တိုင်း ဘာသာစကားများသည်လည်း အလွန် ရေပန်းစားသည်။ နောက်ဆုံးတွင် ကြွေးကြော်သံများ အားလုံး တစ်သံတည်း ဖြစ်သွားကြသည်။

“အရှင် ရှမ့်လန်... ကျန်းမာပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။” မရေမတွက်နိုင်သော လူများသည် အိမ်မပြန်လိုကြဘဲ အားကုန်အော်ဟစ်နေကြ၏။

ဤအချိန်မှစ၍ သူသည် ရွှေကျောက်စိမ်းမြို့ရှိ လူထု၏ လေးစားမှု၊ ရိုသေမှုနှင့် ကိုးကွယ်မှုကို ရရှိလိုက်ပြီ ဖြစ်ကြောင်း ရှမ့်လန် သိလိုက်သည်။ ယခင်က အရှေ့နှင့် အနောက် ကုန်သွယ်ရေးကြောင့် ရွှေကျောက်စိမ်းမြို့ရှိ လူများ အားလုံး ချမ်းသာလာကြသည်။ ထို့ကြောင့် သူတို့သည် ရှမ့်လန်နှင့် ကြီးမားသော ပတ်သက်ဆက်နွယ်မှု ရှိကြသည်။ သို့သော်ငြား သစ္စာစောင့်သိမှုနှင့် ရိုသေမှုတော့ မဟုတ်နိုင်ပေ။

မြို့စားကြီး ပိုင်တင် ပြောဖူးသည်မှာ ဒီဘိုရာနှင့် အတွေးအမြင် တူညီသူ သိပ်မများလှကြောင်း ဖြစ်သည်။ သို့သော်ငြား အကျိုးစီးပွားကြောင့် ရပ်တည်ချက် တူညီသူများစွာ ရှိသည်။ ရွှေကျောက်စိမ်းမြို့ရှိ လူအများစု၏ နှလုံးသားထဲတွင် ချန်အင်ပါယာသည် အရှေ့တိုင်းပိုင်ဖြစ်ပြီး ရွှေကျောက်စိမ်းမြို့သည် အနောက်တိုင်းပိုင် ဖြစ်နေဆဲပင်။ ဤသည်မှာ ရှင်းလင်းသော ခွဲခြားမှု ဖြစ်သည်။

သို့သော်ငြား ယခုမူ ရှမ့်လန်သည် တစ်မြို့လုံးနှင့် လူသန်းပေါင်းများစွာကို ကယ်တင်ခဲ့သည်။ မှန်ပေ၏။ ဤအချက်သည် အရေးကြီးဆုံး မဟုတ်ပေ။ ကျေးဇူးတရား မည်မျှပင် ကြီးမားပါစေ မေ့ပျောက်သွားမည့် နေ့တစ်နေ့ ရှိစမြဲပင်။

အရေးကြီးဆုံး အချက်မှာ နဂါးကြီးသည် အလွန်အမင်း စွမ်းအားကြီးမားပြီး မာနကြီးလှသည်။ သို့သော်ငြား အရှင် ရှမ့်လန်သည် ၎င်းကို ဆုတ်ခွာသွားအောင် ပြုလုပ်နိုင်ခဲ့သည်။ ဤသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ အရှင် ရှမ့်လန်တွင် နဂါးကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု ဆိုလိုသည်လား။

ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး အလွန် ကြီးမြတ်လှသည်။ နဂါးသည် အရှေ့နှင့် အနောက်ထက် သာလွန်သည်။ ထိုသို့ဆိုလျှင် နဂါးကြီးကို ထိန်းချုပ်နိုင်သူသည် လောကထက် သာလွန်သူ ဖြစ်မနေပေဘူးလား။

“အရှင်... စောစောက ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးက အရမ်း ကြီးကျယ်ခမ်းနားလွန်းပါတယ်။ ကျွန်မ စိတ်လှုပ်ရှားလွန်းလို့ ကြက်သီးတွေတောင် ထနေပါပြီ။” ဒီဘိုရာ၏ အသံမှာ တုန်ယင်နေ၏။

“ဒါ ဘာအဓိပ္ပာယ်လဲ။ အရှင်ဟာ စစ်မှန်တဲ့ ကောင်းကင်သားတော် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အရှင်ရဲ့ သွေးမျိုးဆက်က အရှေ့တိုင်းကိုသာမက အနောက်တိုင်းကိုပါ အုပ်စိုးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီညကစပြီး အနည်းဆုံးတော့ ရွှေကျောက်စိမ်းမြို့က လူတိုင်းဟာ ကျွန်မတို့အပေါ်ပဲ သစ္စာရှိကြပြီး ဆော်ရွန်ကို မေ့လျော့သွားကြပါလိမ့်မယ်။”

အမှန်တကယ်ပင် ဒီဘိုရာ စိတ်လှုပ်ရှားနေသည်။ ယနေ့ည ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် မကြာမီ နိုင်ငံရေး ဗုံးတစ်လုံး ဖြစ်လာပြီး တောင်ဘက်တစ်ခွင်သာမက ရှီလွန်အင်ပါယာ တစ်ခုလုံးသို့ ပျံ့နှံ့ ပေါက်ကွဲသွား ပေလိမ့်မည်။

ထို့နောက် သူမ ရင်ဆိုင်နေရသော ဖိအားများနှင့် ဆန့်ကျင်မှုများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားပေ တော့မည်။ ဤကာလအတွင်း ဒီဘိုရာသည် အလွန် ပျော်ရွှင်ပုံ ပေါက်နေသော်လည်း ကြီးမားသော စိတ်ဖိအား အောက်တွင် ရှိနေခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ လက်အောက်ခံများ၊ သစ္စာအရှိဆုံး ဖြစ်သော မြို့စားကြီး ပိုင်တင် အပါအဝင်သည် သူမ၏ ရည်မှန်းချက်ကို သဘောမတူကြသောကြောင့် ဖြစ်၏။

သူမကို အစိုးရိမ်ရဆုံး ဖြစ်စေသည်မှာ ဒုတိယဧကရီ ဟယ်လင် ဖြစ်သည်။ ဤသည်မှာ အနောက်တိုင်းတွင် သူမ၏ အကြီးမားဆုံးနှင့် တစ်ခုတည်းသော ကျောထောက်နောက်ခံ ဖြစ်သည်။ ဤနှစ်နှစ်အတွင်း ဒီဘိုရာ၏ ရည်မှန်းချက်မှာ ပိုမို ကြီးမားလာခဲ့သည်။ ထို့ကြောင့် မြောက်ဘက်နှင့် တောင်ဘက်ကြား ကွဲပြားမှု ဖန်တီးသော သူမ၏ လုပ်ရပ်များသည် ပိုမို ထင်ရှားလာခဲ့သည်။

အကယ်၍ ဒုတိယဧကရီ ဟယ်လင်သာ မရှိခဲ့လျှင် ဧကရာဇ်ဆော်ရွန်သည် ရွှေကျောက်စိမ်းမြို့ကို ချေမှုန်းရန် စစ်တပ် စေလွှတ်ပြီးလောက်ပြီ ဖြစ်သည်။

သို့သော်ငြား ဟယ်လင်သည် သူမ၏လုပ်ရပ်များကို လုံးဝ သဘောမတူပေ။ သူမနှင့် နှစ်ကြိမ်တိုင်တိုင် ပြောဆိုခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်က သူမသည် လိုကီကို ဒီဘိုရာထံမှ တိုက်ရိုက် ခေါ်ဆောင်သွားပြီး ကိုယ်တိုင် ပြုစုပျိုးထောင် ပညာသင်ကြားပေးခဲ့သည်။ ဤအရာ အားလုံးသည် လိုကီကို မိခင်ဖြစ်သူ၏ ရည်မှန်းချက်နှင့် ဝေးရာတွင် ရှိစေရန် ဖြစ်သည်။

ဒီဘိုရာ သာမက လိုကီလေးနှင့် ရှမ့်ယီတို့သည်လည်း အလွန် စိတ်လှုပ်ရှားနေကြသည်။

‘ဒီနဂါးကြီးက ငါတို့ ကျန်းကလန်ရဲ့ နဂါး အစစ်ပဲ။ အဖေ ပြောတာကို တကယ် နားထောင်တာပဲ။’

အထူးသဖြင့် လိုကီလေး ဖြစ်သည်။ သူ၏ မျက်လုံးများသည် ကောင်းကင်သို့ မော့ကြည့်ရင်း တောက်ပနေသည်။ နဂါးကြီးကို ထပ်မံ ပေါ်လာစေချင်နေ၏။

ခဏကြာချိန်မှာတော့ မြို့စားကြီး ပိုင်တင်သည် ပျံသန်းရေး သားရဲပေါ်မှ ဆင်းသက်လာခဲ့၏။ သူသည် ရှမ့်လန် ရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်သည်။ ရှမ့်လန်အပေါ်ထားသော သူ၏ အကြည့်မှာ ပိုမို ရှုပ်ထွေးလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူ့အား မကြုံစဖူး တုန်လှုပ်မှု ပေးခဲ့သောကြောင့် ဖြစ်သည်။ သူ၏ စိတ်နှလုံးပင် ယိမ်းယိုင်နေပြီ ဖြစ်၏။ အရှင် ရှမ့်လန်၏ သွေးသားသည် တောင်ဘက်ကို အမှန်တကယ် မအုပ်စိုးနိုင်ပေဘူးလား။

“မိပြီလား။” ရှမ့်လန်က မေးလိုက်၏။

မြို့စားကြီး ပိုင်တင်က ပြောလိုက်သည်။ “ခွင့်လွှတ်ပါ အရှင်... ကျုပ်တို့ မီသွားတဲ့ အချိန်မှာ သူတို့ အကုန်လုံး သေကုန်ကြပါပြီ။”

ရှမ့်လန်က မေးလိုက်၏။ “ဘယ်လို သေသွားကြတာလဲ။”

“အရမ်း ထူးဆန်းပါတယ်။” မြို့စားကြီး ပိုင်တင်က ပြောရင်း အလောင်းကောင်ထည့်သည့် သေတ္တာတစ်လုံးကို ဖွင့်ပြလိုက်သည်။

ရှမ့်ယီနှင့် လိုကီလေးတို့ ရှေ့တွင် ရှိနေသော်လည်း သူ မရှောင်ခဲ့ပေ။ ဤနှစ်ယောက်သည် အနာဂတ်တွင် ကြီးမြတ်သော အရာများကို ဆက်ခံကြမည်ဖြစ်ရာ အပိုင်းပိုင်းအစစ ဖြစ်နေသော အလောင်းလောက်က အရေးမကြီးဟု သူ ယူဆထား၏။

ရှမ့်လန် တစ်ချက် ကြည့်လိုက်၏။ ဤအလောင်းကောင်သည် အမှန်တကယ်ပင် အလွန် ထူးဆန်းလှသည်။ ထူးဆန်းရုံမက ကြောက်စရာပင် ကောင်းသေးသည်။ အလောင်းတစ်ခုလုံးသည် အမှုန်အမွှားပေါင်းများစွာအဖြစ် လုံးဝ ကြေမွသွားပြီး သေတ္တာ ပတ်လည်တွင် ပြန့်ကျဲနေသည်။ ဆိုလိုသည်မှာ မကြေမွမီ သူတို့၏ ခန္ဓာကိုယ်များသည် ဦးစွာ ခဲသွားခြင်း ဖြစ်သည်။ ရေခဲအဖြစ် ခဲသွားခြင်းလား သို့မဟုတ် ကျောက်တုံးအဖြစ် ခဲသွားခြင်းလား။

ထို့နောက် မြင်းစီးစစ်သည် တစ်ဖွဲ့သည် ရဲတိုက်ပေါ်သို့ ပြေးတက်လာကြသည်။ သူတို့သည် သေတ္တာ ဆယ်လုံးကို မြေကြီးပေါ် ချပြီး ဖွင့်ပြလိုက်ကြ၏။ အတွင်းရှိ အလောင်းတိုင်းသည် အတူတူပင် ဖြစ်ပြီး အမှုန်အမွှားများအဖြစ် လုံးဝ ကြေမွနေကြသည်။

“အရှင်... စုစုပေါင်း ၁၁ ယောက် အကုန် သေဆုံးသွားပါပြီ။” စစ်သည်တစ်ဦးသည် ဒူးထောက်ပြီး ဦးညွှတ်လိုက်၏။

All Chapters