← Chapters

အခန်း (၁၂၃၉-၁၂၄၀)

Vol. 71 Ch. 1239-1240

အခန်း (၁၂၃၉-၁၂၄၀)

Vol. 71 Ch. 1239-1240

အပိုင်း (၁၂၃၉)

ယခုတစ်ကြိမ် ရှမ့်လန်နှင့် ဆော်ရွန်တို့၏ တစ်ဦးချင်းတိုက်ပွဲသည် ရှီလွန်အင်ပါယာ တစ်ခုလုံးကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။ ဟယ်လင်၏ အရှိန်အဝါ မတည်ဆောက်နိုင်ခင်မှာပင် ဆော်ရွန်၏ အရှိန်အဝါသည် ပိုမို ပြင်းထန်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် အချိန်မှာ အလွန်တိုတောင်းပြီး တစ်ဦးချင်းတိုက်ပွဲ ကြေညာချိန်မှ စတင်ချိန်အထိ ရက်ပေါင်း ၂၀ ခန့်သာ ရှိသောကြောင့်ပင်။

ထို့အပြင် ရှီလွန်အင်ပါယာသည် အလွန် ကြီးမားသောကြောင့် သာမန် သယ်ယူပို့ဆောင်ရေးကို အားကိုးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အင်ပါယာဆော်ရွန်သည် လောကကို ကြေညာရန် သတ္တဝါပျံ ရာပေါင်း များစွာကို စေလွှတ်ခဲ့သည်။

ဤသတင်းသည် ရှီလွန်အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်စေပြီးနောက် စတင် ပျံ့နှံ့လာခဲ့သည်။ တော်ဝင်ချန် အင်ပါယာ၏ ဧကရာဇ်၊ ဒုတိယဧကရီဟယ်လင်၏ မောင်ဖြစ်သူ ရှမ့်လန်သည် အင်ပါယာ ဆော်ရွန်နှင့် တစ်ဦးချင်းတိုက်ပွဲ ယှဉ်ပြိုင်လိုနေ၏။

အပေါ်ယံတွင်မူ ဆော်ရွန်သည် ယခင်က ဘုရင်မမီဒူဆာကို စော်ကားခဲ့ဖူးသောကြောင့် ရှမ့်လန်က ဆော်ရွန်အား တောင်းပန်ခိုင်းသော်လည်း ဆော်ရွန်က မတောင်းပန်ခဲ့ပေ။ ထို့ကြောင့် ရှမ့်လန်က တစ်ဦးချင်းတိုက်ပွဲ ဖိတ်ခေါ်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဤကိစ္စကို တစ်လောကလုံးက သိရှိခဲ့ကြသည်။ မီဒူဆာ၏ စုန်းအင်ပါယာသည် အိပ်မက်တစ်ခုကဲ့သို့ ဖြစ်ခဲ့သော်လည်း ထူးချွန်ပြောင်မြောက်သော အမှတ်တရ တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီး ရှီလွန်အင်ပါယာ တစ်ခုလုံး အတွက် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် လှပသော အမှတ်တရ ဖြစ်လာခဲ့၏။

ယခင်က စုန်းအင်ပါယာ တည်ရှိနေစဉ်က ရှီလွန်အင်ပါယာ၏ မြောက်ပိုင်းမှ မှူးမတ်များသည် တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသည်။ သို့သော်ငြား စုန်းအင်ပါယာ ပျောက်ကွယ်သွားပြီး ဘုရင်မ မီဒူဆာ ပျောက်ဆုံးသွား ပြီးနောက် ရှီလွန်အင်ပါယာ တစ်ခုလုံးနီးပါးသည် ဘုရင်မမီဒူဆာအား အလွန် မြင့်မားသော တန်ဖိုးထားမှု ပေးခဲ့ကြသည်။

သူမသည် မြင့်မြတ်သော၊ ကရုဏာတရား ပြည့်ဝသော၊ လှပသော၊ ပြိုင်ဘက်ကင်းသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမ၌ မည်သည့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒမှ မရှိခဲ့ပေ။ သူမ၏ စုန်းအင်ပါယာ ဆိုသည်မှာ ထိုစဉ်က မငြိမ်မသက် ဖြစ်နေသော ဆင်းရဲသား ပြည်သူများကို ကာကွယ်ရန်သာ ဖြစ်ခဲ့သည်။ သူမသည် ကြီးမြတ်သော၊ ကရုဏာတရား ပြည့်ဝသော၊ သည်းခံခွင့်လွှတ်တတ်သော သူတော်စင်မ တစ်ဦး ဖြစ်၏။

သေချာသည်မှာ သူမ၌ အထောက်အထား တစ်ခုလည်း ရှိနေသည်။ သူမသည် ရှမ့်လန်သမီးလေး၏ မိခင် ဖြစ်သည်။

ရှီလွန်အင်ပါယာ တစ်ခုလုံးက အရှင်ရှမ့်လန်သည် ဘုရင်မ မီဒူဆာနှင့် မထိုက်တန်ကြောင်း ညည်းညူ ပြောဆိုနေကြ၏။

ထိုစဉ်က ဆော်ရွန်သည် ဘုရင်မမီဒူဆာအား ဒူးထောက်ပြီး သူ၏ ကိုယ်လုပ်တော် လုပ်မလား၊ သေမလားဟု မေးခဲ့ကြောင်း လူတိုင်း ရှင်းလင်းစွာ ကြားခဲ့ရသည်။ ထို့ကြောင့် ကလေး၏ဖခင်အနေဖြင့် ရှမ့်လန်သည် သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန် အကြောင်းပြချက်နှင့် အရည်အချင်း အပြည့်အဝ ရှိနေသည်။ ရှမ့်လန် အနေဖြင့် ဆော်ရွန်အား တစ်ဦးချင်းတိုက်ပွဲ ဖိတ်ခေါ်ခြင်းမှာ ယုတ္တိရှိလှသည်။

သို့သော်ငြား သူတို့ မှတ်မိသည်မှာ မှန်ကန်ပါက ဘုရင်မမီဒူဆာသည်လည်း အင်ပါယာဆော်ရွန်နှင့် တစ်ဦးချင်းတိုက်ပွဲ ယှဉ်ပြိုင်ခဲ့ဖူးသည်။ ထို့နောက် သူမ ရှုံးနိမ့်ပြီး ပျောက်ဆုံးသွားခဲ့သည်။ သူတို့ အင်ပါယာ ဆော်ရွန်၏ စွမ်းအားမှာ အဆုံးအစ မရှိသလောက်ပင်။ အရှင် ရှမ့်လန်မှာမူ လုံးဝ စွမ်းအားမရှိသူ ဖြစ်၏။

ယခုအခါ သတင်းသည် ရှီလွန်အင်ပါယာသို့လည်း ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ အရှင် ရှမ့်လန်သည် ချန်နိုင်ငံသစ် အိမ်ရှေ့စံ ရင်ဝူမင်ကို ထူးဆန်းသည့်လက်နက် အသုံးပြု၍ သတ်ဖြတ်ခဲ့ဖူးသည်။

သို့သော်ငြား ရင်ဝူမင်သည် အင်ပါယာ ဆော်ရွန်နှင့် အဆင့်အတန်းတူညီသည်လား။ ကွာခြားချက်မှာ မိုးနှင့် မြေကဲ့သို့ပင်။ ထို့ကြောင့် အရှင် ရှမ့်လန်အနေဖြင့် အင်ပါယာဆော်ရွန်အား တစ်ဦးချင်းတိုက်ပွဲ ဖိတ်ခေါ်ခြင်းမှာ ဦးနှောက် ပျက်သွားသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဆယ်ရက်ကျော် ကြာပြီးနောက် ....

ဤတစ်ဦးချင်းတိုက်ပွဲသည် မရေမတွက်နိုင်သော နိုင်ငံရေး အဓိပ္ပာယ် သက်ရောက်မှုများ ရှိလာခဲ့သည်မှာ သေချာသည်။ မြောက်ဘက်နှင့် တောင်ဘက် တစ်ဦးချင်းတိုက်ပွဲ။ ယခုရက်ပိုင်းတွင် ရှီလွန်အင်ပါယာ၏ မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားမှုသည် ပိုမို ပြင်းထန်လာနေပြီး အဓိကတရားခံမှာ ရော့ဆိုမိသားစုမှ နယ်စားကြီး ဒီဘိုရာပင် ဖြစ်သည်။

မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားမှု၏ အရင်းခံ အကြောင်းတရားမှာ တော်ဝင်ချန်အင်ပါယာ ဖြစ်သည်။ အရှေ့နှင့် အနောက် ကုန်သွယ်ရေးကြောင့် ကြီးမားသော အကျိုးစီးပွား အုပ်စုကြီးတစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။

ဤတစ်ဦးချင်းတိုက်ပွဲတွင် အင်ပါယာ ော်ရွန်သည် ရှမ့်လန်အား သုတ်သင်ဖယ်ရှားလိုက်မည် ဆိုပါက မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားမှုသည် လုံးဝ ပျောက်ကွယ်သွားမည်။ တော်ဝင်ချန်အင်ပါယာ၏ ထောက်ပံ့မှု မရှိတော့သောကြောင့် နယ်စားကြီးဒီဘိုရာသည်လည်း သူမ၏ အလံနှင့် စစ်သည်များကို လုံးဝ ရုပ်သိမ်းပြီး မဆင်မခြင် ပြုမူရဲတော့မည်မဟုတ်ပေ။

ထို့ကြောင့် ဤတစ်ဦးချင်းတိုက်ပွဲသည် မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားမှု၏ နိဂုံးချုပ်ခြင်းကိုလည်း ပြသနေသည်။ ရှီလွန်အင်ပါယာသည် စည်းလုံးညီညွတ်မှုဆီသို့ တစ်ဖန် ပြန်လည် ဦးတည်သွားနေပြီ ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။

ဇွန်လ ၂၉ ရက်နေ့

ရှီလွန်အင်ပါယာ၏ မှူးမတ် နှစ်ထောင်ကျော်သည် ရှီလွန် အင်ပါယာ မြို့တော်တွင် စုဝေးရောက်ရှိနေကြသည်။ ၎င်းတို့အထဲတွင် မြောက်ပိုင်းမှ မှူးမတ် ၁၈၀၀ နှင့် တောင်ပိုင်းမှ ၈၀၀ ပါဝင်၏။

ဤနေရာတွင် ပြဿနာ ရှိနေ၏။ တောင်ပိုင်းသည် အခွန်ငွေ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ပေးဆောင်နေရသည်။ သို့သော်ငြား မြို့စားနှင့် အထက်ရှိသော မှူးမတ်များမှာ ၃၀ ရာခိုင်နှုန်းသာ ရှိသည်။ ဤသည်မှာ ပေးဆပ်ရခြင်းနှင့် ပြန်လည်ရရှိခြင်း မမျှတသည့် စံပြဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် တောင်ပိုင်းမှ မှူးမတ်များသည် သဘာဝကျစွာပင် မပျော်ရွှင်ကြဘဲ အလွန် မတရားဟု ခံစားနေကြရသည်။

အခြားတစ်ဖက်တွင်မူ မြောက်ပိုင်းမှ မှူးမတ်များသည် တောင်ပိုင်းတွင် ရိုင်းစိုင်းသော သူဌေးသစ် အနည်းငယ်သာ ရှိကြောင်း၊ မြောက်ပိုင်းမှ မှူးမတ်များ၏ ဘိုးဘေးများသည် အင်ပါယာအတွက် ကြီးမားသော အကျိုးပြုမှုများ ပြုလုပ်ခဲ့ကြောင်း စသဖြင့် မာန်မာနထောင်လွှားစွာ ပြောဆိုနေကြ၏။

ထို့ကြောင့် မြောက်ပိုင်းနှင့် တောင်ပိုင်းမှ မှူးမတ်များသည် ရှီလွန် အင်ပါယာ မြို့တော်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ငြင်းခုံမှုများ စတင်ဖြစ်ပွားခဲ့ကြသည်။ ရန်ပွဲများပင် ဖြစ်ပွားခဲ့ကြ၏။ ရှမ့်လန်နှင့် ဆော်ရွန်တို့ မတိုက်ခိုက်မီ မြောက်ပိုင်းနှင့် တောင်ပိုင်းမှ မှူးမတ်များသည် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။

သို့သော်ငြား မြောက်ပိုင်းနှင့် တောင်ပိုင်းမှ မှူးမတ်များ မည်မျှပင် တိုက်ခိုက်ကြစေကာမူ သူတို့သည် အင်ပါယာ ဆော်ရွန် သို့မဟုတ် ဒုတိယဧကရီ ဟယ်လင်ကို တိုက်ခိုက်ခြင်း မပြုကြပေ။ တောင်ပိုင်းမှ မှူးမတ်များသည် အင်ပါယာ ဆော်ရွန်အပေါ် အတိုင်းအဆမဲ့ ရိုသေလေးစားမှုများ ရှိနေကြသည်။ ဆော်ရွန် ရှီလွန်အင်ပါယာ၏ ဧကရာဇ် ဖြစ်နေခြင်းသည် ကောင်းမွန်သည်ဟုပင် ခံစားနေကြ၏။

သူတို့သည် နယ်စားကြီး ဒီဘိုရာနှင့် ဘုံအကျိုးစီးပွား တူညီကြသော်လည်း နယ်စားကြီး ဒီဘိုရာကဲ့သို့ ရည်မှန်းချက်မျိုး မရှိကြပေ။ သူတို့သည် တောင်ပိုင်းကို လွတ်လပ်သော အင်ပါယာတစ်ခု အဖြစ် မပြောင်းလဲလို ကြချေ။ အနည်းဆုံးတော့ ယခုအချိန်တွင် မဟုတ်သေးပေ။

နယ်စားကြီး ဒီဘိုရာသည် အင်ပါယာဆော်ရွန်မှာ ယုတ်မာကောက်ကျစ်ပြီး အရှက်မရှိသူ ဖြစ်ကြောင်း၊ ဧရာမ နဂါးကြီးကို အသုံးပြု၍ ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးကာ လူသန်းပေါင်းများစွာကို သတ်ဖြတ်ရန် ကြိုးစား ခဲ့ကြောင်း သတင်းများကို တိတ်တဆိတ် ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။

သေချာသည်မှာ ဤအရာက တောင်ပိုင်းမှ မှူးမတ်များကို သူ့ဘက်သို့ ပါမလာအောင် ပြုလုပ်နိုင်ခဲ့သည်။ သို့သော်ငြား ထိုအကြောင်းက သူတို့ကို အင်ပါယာဆော်ရွန်အပေါ် ပိုမို ကြောက်ရွံ့လာစေခဲ့သည်။ အင်ပါယာ ဆော်ရွန် သည် ဤမျှ အစွမ်းထက်နေပြီ ဖြစ်သည်။ အကယ်၍ ဆော်ရွန်သာ ဧရာမနဂါးကြီး၏ သစ္စာရှိမှုကို ရရှိခဲ့ပါက အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသွားပေလိမ့်မည်။ လောကတွင် မည်သူက ဆော်ရွန်ကို တွန်းလှန်နိုင်တော့မည်နည်း။

မြောက်ပိုင်းမှ မှူးမတ်များသည် ဒုတိယဧကရီဟယ်လင်နှင့် ပတ်သက်၍ မည်သည့် မကောင်းသတင်းကိုမှ မပြောဆိုကြပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် အမှန်တကယ်ပင် ဘက်လိုက်မှု ကင်းမဲ့သူ ဖြစ်သောကြောင့်ပင်။ အကယ်၍ သူမ၏ ဖိနှိပ်ထိန်းချုပ်မှုသာမရှိပါက တောင်ပိုင်းသည် ပိုမို ဖရိုဖရဲ ဖြစ်နေ ပေလိမ့်မည်။

ထူးဆန်းသည်မှာ ဤတစ်ဦးချင်းတိုက်ပွဲတွင် ထူးဆန်းသောအရာတစ်ခု ရှိနေသည်။ မြောက်ပိုင်းမှ မှူးမတ်များ ဖြစ်စေ၊ တောင်ပိုင်းမှ မှူးမတ်များ ဖြစ်စေ မည်သူမှ ရှမ့်လန်ကို ထောက်ခံခြင်း မရှိကြပေ။ ရှမ့်လန် သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု အားလုံးက ခံစားနေကြသည်။

ဤအချက်က တောင်ပိုင်းမှ မှူးမတ်များကို အလွန် စိုးရိမ်ပူပန်စေသည်။ သေချာသည်မှာ အရှင် ရှမ့်လန် အနေဖြင့် ဤတစ်ဦးချင်းတိုက်ပွဲတွင် ရှုံးနိမ့်သွားပါက သူတို့ ကျေနပ်ကြမည် ဖြစ်သည်။ သို့သော်ငြား သေဆုံး၍တော့ မဖြစ်ပေ။

အကယ်၍ အရှင် ရှမ့်လန် သေဆုံးသွားပါက တော်ဝင်ချန်အင်ပါယာသည် အဆုံးသတ်သွားပေလိမ့်မည်။ ထို့နောက် အရှေ့နှင့် အနောက်ကုန်သွယ်ရေးသည် လုံးဝ ပျက်စီးသွားပေလိမ့်မည်။ လူတိုင်း၏ ဝင်ငွေ လမ်းကြောင်း သည်လည်း ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့ကြောင့် တောင်ပိုင်းမှ မှူးမတ်များ အားလုံးနီးပါးသည် ရည်မှန်းချက် တစ်ခုတည်းအတွက် အသည်းအသန် စည်းရုံးလှုံ့ဆော်နေကြသည်။

‘အင်ပါယာ ဆော်ရွန်... ခင်ဗျား အရှင်ရှမ့်လန်ကို အနိုင်ယူနိုင်တယ်။ ဒါပေမဲ့ သူ့ကို မသတ်ပါနဲ့။’

ရှမ့်လန်က ဆော်ရွန်ကို အနိုင်ယူပြီး သုတ်သင်ဖယ်ရှားလိုက်မည့် ကိစ္စကိုမူ မည်သူမှ ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် အနောက်လောကသည် ရှမ့်လန်၏ အံ့ဖွယ်အမှုများအကြောင်းကို သိပ်မသိရှိကြသောကြောင့်ပင်။

ဤတစ်ဦးချင်းတိုက်ပွဲတွင် ရှမ့်လန်ဘက်မှ ရပ်တည်သူများမှာ ရော့ဆိုမိသားစုမှ အသူရာလှိုင်းပြည်နယ် မှူးမတ်များနှင့် ရှီလွန်အင်ပါယာတွင် အခြေစိုက်ထားသော တော်ဝင်ချန်အင်ပါယာ၏ သံတမန်များသာ ဖြစ်ကြ၏။

ထိုစဉ်က ဧရာမနဂါးကြီး ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးချင်ခဲ့သော မြင်ကွင်းကို မရေမတွက်နိုင်သော လူများက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသည်။

အရှင်ရှမ့်လန်သည် ဧရာမနဂါးကြီး၏ မီးလျှံများ ရှေ့မှောက်တွင် ရွှေကျောက်စိမ်းမြို့မှ သန်းပေါင်းများစွာသော ပြည်သူများကို ကယ်တင်ခဲ့သည်။ ထိုအချိန်မှစ၍ အသူရာလှိုင်း ပြည်နယ် တစ်ခုလုံးသည် ရှမ့်လန်ဘက်မှ ရပ်တည်ခဲ့ကြ၏။

ဇွန်လ ၂၉ ရက်၊ ရှီလွန် မြို့တော်၊ တစ်ဦးချင်းတိုက်ပွဲ ကွင်းပြင်။

လူအများ မျှော်လင့်စောင့်စားနေကြသော ဤတစ်ဦးချင်းတိုက်ပွဲသည် နောက်ဆုံးတွင် စတင်တော့မည်။

ဤတစ်ဦးချင်းတိုက်ပွဲ ကွင်းပြင်သည် အလွန် ကြီးမားသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဦးချင်း တိုက်ပွဲယဉ်ကျေးမှုသည် ရှီလွန်အင်ပါယာတွင် ပိုမို ပြင်းထန်သောကြောင့် ဖြစ်၏။

လူပေါင်း ၅၀,၀၀၀ ရှိနေသည်။ နေရာလွတ် ဟူ၍ မရှိပေ။ ရှီလွန်အင်ပါယာ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းမှ မှူးမတ်များ အားလုံး ရောက်ရှိနေကြသည်။ အင်ပါယာ ဆော်ရွန် ကိုယ်တိုင် တိုက်ခိုက်မည် ဖြစ်သောကြောင့် တော်ဝင်ပွဲကြည့်စင်၏ ခေါင်းဆောင်မှာ ဒုတိယဧကရီဟယ်လင် ဖြစ်သည်။

ရှီလွန်အင်ပါယာ၏ မင်းသား ကိုးပါးလည်း ရှိနေကြသည်။ သူတို့အားလုံးသည် တော်ဝင်မျိုးနွယ်များ ဖြစ်ကြ၏။

ဟယ်လင်၏ ဘေးတွင် အင်ပါယာ ဆော်ရွန်၏ ဇနီး .. ရှီလွန်အင်ပါယာ၏ ဧကရီနှင့် လေးနှစ်အရွယ် အိမ်ရှေ့စံ မင်းသားလေးတို့ ရှိနေကြသည်။ ရှီလွန်အင်ပါယာ၏ ဥပဒေများအရ အင်ပါယာ ဆော်ရွန် သေဆုံးသွားသည်နှင့် ဒုတိယဧကရီ ဟယ်လင်သည် ပထမဆုံး ဆက်ခံသူ ဖြစ်လာမှာဖြစ်ပြီး ထို့နောက်မှ အိမ်ရှေ့စံ မင်းသား ဖြစ်သည်။

နယ်စားကြီး ဒီဘိုရာရော့ဆို၊ ဘုရင်မမြို့တော်မှ နယ်စားကြီးဟောလ်နှင့် ရှီလွန်အင်ပါယာ၏ နယ်စားကြီး ၃၉ ဦး တို့သည်လည်း တော်ဝင်ပွဲကြည့်စင်တွင် ရှိနေကြ၏။

ပွဲကြည့်စင်ပေါ်တွင် မြောက်ပိုင်းနှင့် တောင်ပိုင်း မှူးမတ် စခန်းများကို ရှင်းလင်းစွာ ခွဲခြားထားသည်။

နယ်စားကြီး ဒီဘိုရာနှင့် အိမ်ရှေ့စံ ရှမ့်ယီတို့သည် တော်ဝင်ပွဲကြည့်စင်တွင် ရှိနေသင့်သော်လည်း မရှိခဲ့ပေ။ သူမသည် တောင်ပိုင်းမှူးမတ်စခန်းတွင် ထိုင်နေခဲ့သည်။ တော်ဝင်ချန်အင်ပါယာ၏ သံတမန် အဖွဲ့သည်လည်း တောင်ပိုင်း မှူးမတ် စခန်းတွင် ရှိနေကြ၏။

သေချာသည်မှာ ကွင်းပြင်ထဲတွင် လူပေါင်း ၅၀,၀၀၀ ရှိနေသည်။ တောင်ပိုင်းစခန်းသည် အလွန် ဝေးကွာနေ၏။ တက်ရောက်နိုင်သူများမှာ မြို့စားအဆင့်နှင့် အထက်ရှိသော မှူးမတ်များ သို့မဟုတ် ရှီလွန်အင်ပါယာရှိ တောင်ပိုင်း မှူးမတ် အင်အားစုများ၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ထို့ကြောင့် လူဦးရေ ၂,၀၀၀ အောက်သာ ရှိသည်။ ပရိသတ်၏ ၉၅ ရာခိုင်နှုန်းကျော်သည် မြောက်ပိုင်း စခန်းမှ ဖြစ်ကြသည်။

တစ်ဦးချင်းတိုက်ပွဲ မစတင်မီ အလင်းရောင်ဂိုဏ်းနှင့် မီးနတ်ဘုရားဂိုဏ်းတို့၏ ခေါင်းဆောင်နှစ်ဦး ထွက်ပေါ် လာကြသည်။ တစ်ဦးက မြောက်ပိုင်းကို ကိုယ်စားပြုပြီး အခြားတစ်ဦးက တောင်ပိုင်းကို ကိုယ်စားပြု၏။

ခေါင်းဆောင်နှစ်ဦးက ဤတစ်ဦးချင်းတိုက်ပွဲ၏ တရားမျှတမှုနှင့် မြင့်မြတ်မှုကို ကြေညာကြသည်။ ထို့နောက် အင်ပါယာနှစ်ခုသည် အသက်နှင့် ခန္ဓာစာချုပ်ကို လက်မှတ်ရေးထိုးရန် ကြေညာကြသည်။

ဤတစ်ဦးချင်းတိုက်ပွဲသည် ဘုရင်နှစ်ပါး၏ ပုဂ္ဂိုလ်ရေး လုပ်ရပ် သက်သက်သာ ဖြစ်သည်။ အင်ပါယာ နှစ်ခု၏ ရပ်တည်ချက်နှင့် မည်သို့မှ မသက်ဆိုင်ပေ။ မည်သည့်ဘုရင် သေဆုံးသည် ဖြစ်စေ အင်ပါယာ နှစ်ခုသည် ရန်သူများ မဖြစ်လာနိုင်သကဲ့သို့ စစ်ပွဲလည်း မစတင်နိုင်ပေ။ ယခင်က ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကိုပင် ဆက်လက် ထိန်းသိမ်းထားရပေမည်။

ရှမ့်လန်သည် ရှေ့သို့တက်လာပြီး အသက်နှင့် ခန္ဓာ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်။ ဆော်ရွန်သည် ရှေ့သို့ တက်လာပြီး အသက်နှင့် ခန္ဓာ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်၏။ ထို့နောက် ခေါင်းဆောင်နှစ်ဦးသည် ကွင်းပြင်မှ ထွက်ခွာသွားကြသည်။

ကြီးမားသော ကွင်းပြင်ကြီး တစ်ခုလုံးကို ရှမ့်လန်နှင့် ဆော်ရွန်တို့ထံ လွှဲပြောင်းပေးလိုက်ကြ၏။

အပိုင်း (၁၂၄၀)

ကွင်းပြင်သည် အလွန် ကြီးမားသည်။ အချင်း မီတာ ၃၀၀ ရှိပြီး စုစုပေါင်း ဧရိယာ စတုရန်းမီတာ ၁၀၀,၀၀၀ နီးပါး ရှိသည်။

ရှမ့်လန်နှင့် ဆော်ရွန်တို့သည် မီတာ ၅၀ ကွာဝေးသော နေရာတွင် ရပ်နေကြသည်။ ရုပ်ရည်သွင်ပြင် သက်သက်ကို ကြည့်လျှင် အင်ပါယာ ဆော်ရွန်သည် ပိုမို စွမ်းအားကြီးပြီး အာဏာစက် ပြင်းထန်ပုံ ပေါက်နေ၏။

သူသည် အရပ် နှစ်မီတာကျော်ရှိပြီး တောင်ကြီးတစ်လုံးကဲ့သို့ ခမ်းနားထည်ဝါနေသည်။ ဘုရင်တစ်ပါး၏ အရှိန်အဝါများ ပြည့်နှက်နေပြီး ပြိုင်ဘက်ကင်းသည်။

တော်ဝင်ချန်အင်ပါယာ၏ အရှင်ရှမ့်လန်မှာမူ လေတစ်ချက် တိုက်လိုက်လျှင် လွင့်ပါသွားမည့်ပုံ ပေါက်နေ၏။

ထို့ကြောင့် ဤတစ်ဦးချင်းတိုက်ပွဲအတွက် လူတိုင်း၏ နှလုံးသားထဲတွင် အဖြေတစ်ခု ရှိနေကြပြီး ဖြစ်သည်။ အရှင် ရှမ့်လန် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။ သို့သော်ငြား အင်ပါယာ ဆော်ရွန်သည် ကရုဏာသက်ပြီး ရှမ့်လန်အား မသတ်ဖြတ်သင့်ပေ။ ဤနည်းအားဖြင့် မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားမှုကို တည်ငြိမ်စေနိုင်ပြီး အရှေ့နှင့် အနောက် ကုန်သွယ်ရေးကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

ထို့အပြင် မြောက်ပိုင်းမှ မှူးမတ်များလည်း ဤအကျိုးအမြတ်များသော ကုန်သွယ်ရေး ပွဲတော်တွင် ပါဝင်ခွင့် ရရှိကြပေလိမ့်မည်။ အရှင်ရှမ့်လန်သည် ဘုရင်မမီဒူဆာ၏ ဂုဏ်သိက္ခာအတွက် တစ်ဦးချင်းတိုက်ပွဲ ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ သူ ရှုံးနိမ့်လျှင်ပင် ဂုဏ်ယူစရာ ကောင်းနေဆဲ ဖြစ်၏။

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်”

ခေါင်းလောင်းသံ စတင် မြည်ဟည်းလာခဲ့သည်။ ၁၂ ကြိမ်တိတိ မြည်မည်ဖြစ်ပြီး မွန်းတည့်ချိန် ရောက်ရှိကြောင်း ပြသခြင်း ဖြစ်သည်။ ခေါင်းလောင်းသံ ဆုံးသည်နှင့် တစ်ဦးချင်းတိုက်ပွဲ စတင်ပေလိမ့်မည်။

အင်ပါယာ ဆော်ရွန်က ပြောလိုက်သည်။ “အရှင် ရှမ့်လန်... စပါ။”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် အားမနာတော့ဘူး။”

ချက်ချင်းဆိုသလိုပဲ ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ တစ်ခုကို စုစည်းလိုက်ပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက် သည်။ တစ်ခဏချင်းမှာပဲ ထူးဆန်းသော အလင်းအရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာခဲ့သည်။ အရင်က သူသည် ဤစွမ်းအင်ဝဲကတော့ကို အားကိုးပြီး ရင်ဝူမင်ကို ချက်ချင်း သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က မြင်ကွင်းသည် အမှန်တကယ် အံ့မခန်း ဖြစ်ခဲ့သည်။ ရင်ဝူမင်သည် တိုက်ရိုက် လွင့်စင်သွားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ရသည်။

ယခုအချိန်၌ စွမ်းအင်ဝဲကတော့ ရှေ့မှောက်သို့ ရောက်ရှိသွားချိန်မှာတော့ ဆော်ရွန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ရှမ့်လန် ထုတ်လွှတ်လိုက်သော စွမ်းအင်ဝဲကတော့သည် ချက်ချင်းဆိုသလိုပဲ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့၏။

‘ချီးတဲ့မှ... သူ တကယ် ကြွားဝါပြနေတာပဲ။’

ဆော်ရွန်၏ ရှေးဟောင်းဘုရင်လက်စွပ်သည် အလုပ်ဖြစ်သွားခဲ့သည်။ နဂါးနှလုံးသား စတင် လည်ပတ်ပြီး စွမ်းအင်ဝဲကတော့ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။ ဤသည်မှာ ရှမ့်လန်၏ ပြိုင်ဘက်ကင်း စွမ်းအင် ဝဲကတော့ဖြစ်ပြီး တစ်စုံတစ်ယောက်၏ ရှေ့မှောက်တွင် ပထမဆုံးအကြိမ် ကျရှုံးသွားခြင်း ဖြစ်သည်။

ဆော်ရွန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်ရှမ့်လန်ရဲ့ စွမ်းအင်ဝဲကတော့ တိုက်ခိုက်မှုက တကယ် အံ့မခန်းပါပဲ။ အရင်တုန်းက ခင်ဗျား ဒါကို အားကိုးပြီး ရင်ဝူမင်ကို ချက်ချင်း သတ်ခဲ့တာ မဟုတ်လား။”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “ကံမကောင်းတာက အင်ပါယာဆော်ရွန်ရဲ့ ရှေ့မှောက်မှာ အသုံးမဝင် ဖြစ်နေတာပဲ။”

ဆော်ရွန်က ပြောလိုက်၏။ “ဘာပဲပြောပြော လူတိုင်းက မတူကြဘူးလေ။”

သူ၏လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း မျက်ဝန်းများထဲတွင်မူ အဆုံးမရှိသော အထင်သေးမှုများ ပြည့်နှက်နေသည်။

‘ရှမ့်လန်... မင်းက အရမ်း အားနည်းလွန်းလို့ ရှေးဟောင်းဘုရင် လက်စွပ်၊ နဂါးနှလုံးသား နဲ့ နဂါးဓားတို့ကို အားကိုးပြီး ဒီလောက် မိုက်ရိုင်းနေတာကိုး။

ဟား ဟား ဟား... ကျုပ်မှာလည်း မင်းမှာရှိတဲ့ ပစ္စည်းကိရိယာတွေ ရှိတယ်။ ဒါ့အပြင် အဲဒါတွေကို မင်းအဖေ၊ ကျန်းတော်ဝင်မိသားစုက ပေးခဲ့တာ။ မင်းက စွမ်းအင်ဝဲကတော့ကို သုံးပြီး ရင်ဝူမင်ကို သတ်ပြီးတဲ့နောက် ဘဝင်မြင့်လာပြီ၊ ကျုပ် ဆော်ရွန်နဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား။ ဒါကြောင့် မင်း ကျုပ်ရဲ့ တစ်ဦးချင်းတိုက်ပွဲကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာပေါ့။

ဘယ်လောက် မိုက်မဲလိုက်သလဲ။ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ။ မင်းက သိုင်းပညာကို ဘာမှတ်နေသလဲ။ ခွန်အားကို ဘာမှတ်နေသလဲ။ မဟာဗျူဟာ အပိုင်းမှာတော့ မင်း ရှမ့်လန်က ဘုရင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခွန်အား အပိုင်းမှာတော့ မင်းက ထည့်ပြောဖို့တောင် မတန်ဘူး။’

ဆော်ရွန်က အော်ဟစ်လိုက်၏။ “အရှင်ရှမ့်လန်... စစ်မှန်တဲ့ ခွန်အားဆိုတာ ဘာလဲ ကျုပ် မင်းကို ပြမယ်။”

သူသည် လက်ထဲရှိ အနောက်ပိုင်း ရှီလွန်အင်ပါယာ ဓားကို ရုတ်တရက် မြှောက်လိုက်သည်။ ထို့နောက် အံ့ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။

သေချာသည်မှာ ရှမ့်လန် မျှော်လင့်ထားသော မြင်ကွင်း ပေါ်ပေါက်လာခဲ့ခြင်းပင်။ အနောက်ပိုင်း ရှီလွန်အင်ပါယာ ဓားသည် ဒဏ္ဍာရီများထဲကအတိုင်း အမှန်တကယ်ပင် ဆန်းကြယ်လှပေသည်။

“ဖြောင်း... ဖြောင်း... ဖြောင်း... ဖြောင်း...”

ဆော်ရွန်၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများ လက်ခနဲ ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သော စွမ်းအင်များသည် လျှပ်စစ်အဖြစ် ပြောင်းလဲသွားပြီး သူ၏ အနောက်ပိုင်း ရှီလွန်အင်ပါယာ ဓားဆီသို့ စီးဝင်သွားသည်။

တစ်ချိန်တည်းမှာပဲ မူလက ကြည်လင်နေသော ကောင်းကင်ယံထက်တွင် မဲမှောင်သော တိမ်တိုက်များ စတင် စုဝေးလာခဲ့ကြသည်။ မဲမှောင်သော တိမ်တိုက်များသည် ဆော်ရွန်၏ ခေါင်းပေါ်တွင် အဆက်မပြတ် စုစည်းနေကြ၏။

နောက်ဆုံးတွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ရင်သပ်ရှုမောဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ တစ်ဦးချင်းတိုက်ပွဲ မြို့တော်၏ ကောင်းကင်တစ်ခုလုံးသည် နှစ်ပိုင်း ကွဲသွားသကဲ့သို့ ဖြစ်နေသည်။ ရှမ့်လန်၏ ဘက်ခြမ်းတွင် ကောင်းကင်သည် ကြည်လင်နေပြီး တိမ်တိုက် တစ်ခုမှ မရှိပေ။

ဆော်ရွန်၏ ဘက်ခြမ်းတွင်မူ မဲမှောင်သောတိမ်တိုက်များ ပိကျလာပြီး ပြင်းထန်သော လေပြင်းများ တိုက်ခတ်ကာ နေရောင်ခြည်ကို ပိတ်ဆို့ထားသည်။ လုံးဝ မှောင်မိုက်နေသည်။ ဆော်ရွန်၏ ခန္ဓာကိုယ်သာလျှင် တောက်ပနေ၏။

အဘယ်ကြောင့်ဆိုသော် သူ၏ နဂါးနှလုံးသား အတွင်းရှိ စွမ်းအင်များ အဆက်မပြတ် စီးဆင်းနေသောကြောင့် ဖြစ်သည်။ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် သူ၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းနေပြီး ထူးဆန်းသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။

တစ်ချိန်တည်းမှာပဲ သူ၏လက်ထဲရှိ အနောက်ပိုင်း ရှီလွန်အင်ပါယာ ဓားသည် ပိုမို တောက်ပလာခဲ့၏။

“ဂျိန်း... ဂျိန်း... ဂျိန်း... ဂျိန်း...”

သူ၏ခေါင်းပေါ်ရှိ မဲမှောင်သော တိမ်တိုက်များကြားမှ မိုးခြိမ်းသံများ စတင် ထွက်ပေါ်လာခဲ့သည်။

ရောက်ရှိနေကြသော လူအားလုံးသည် လုံးဝ ကြောင်အသွားကြပြီး သူတို့ ရှေ့မှောက်ရှိ မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေကြ၏။

‘ဒါက... ဒါက သိုင်းပညာ ဟုတ်သေးရဲ့လား။ အင်ပါယာဆော်ရွန်က လူလား။ နတ်ဘုရားလား။ သူက မဲမှောင်တဲ့ တိမ်တိုက်တွေကို ဘယ်လို ဆွဲယူနိုင်တာလဲ။ ရာသီဥတုကို ဘယ်လို ပြောင်းလဲနိုင်တာလဲ။ မိုးကြိုးနဲ့ လျှပ်စီးတွေကို ဘယ်လို ဆင့်ခေါ်နိုင်တာလဲ။’

ဤအရာသည် လူတိုင်း၏ နားလည်နိုင်စွမ်း နယ်ပယ်ကို လုံးဝ ကျော်လွန်နေပြီ ဖြစ်သည်။ ဤအရာသည် လုံးဝ အံ့ဖွယ်အမှုပင်။ အင်ပါယာဆော်ရွန် စွမ်းအားကြီးကြောင်း သူတို့ သိထားကြသော်လည်း ဤမျှထိ စွမ်းအားကြီးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ တကယ်ကို အံ့မခန်းပင်။ ထိုစဉ်က ဘုရင်မ မီဒူဆာကို အနိုင်ယူနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အင်ပါယာ ဆော်ရွန်သည် ပြိုင်ဘက်ကင်း ဖြစ်သည်။

“အင်ပါယာ ဆော်ရွန် အသက်ရာကျော် ရှည်ပါစေ။ အသက်ရာကျော် ရှည်ပါစေ။” ပွဲကြည့်စင်ပေါ်တွင် လူပေါင်း ၄၀,၀၀၀ ကျော်သည် ဆူနာမီလှိုင်းလုံးကြီးသဖွယ် အသည်းအသန် အော်ဟစ်ကြွေးကြော် နေကြ၏။

မြောက်ပိုင်းမှ မှူးမတ်များသည် စိတ်လှုပ်ရှားလွန်း၍ ရူးသွပ်မတတ် ဖြစ်နေကြသည်။ ‘ကျုပ်တို့မှာ ဒီလောက် စွမ်းအားကြီးတဲ့ ဧကရာဇ် ရှိနေတာ။ ဘာကို စိုးရိမ်စရာ လိုသေးလဲ။ ကျုပ်တို့ရဲ့ ရှီလွန်အင်ပါယာက ပြိုင်ဘက်ကင်း ဖြစ်ဖို့ ကံပါလာပြီးသားပဲ။’

တောင်ပိုင်းမှ မှူးမတ်များမှာမူ လုံးဝ ကြောင်အနေကြပြီး အဆုံးမရှိသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကြ၏။

‘အင်ပါယာ ဆော်ရွန်သာ ဒီလောက် စွမ်းအားကြီးနေရင် ကျုပ်တို့ ပြန်လည် ခုခံနိုင်ပါ့မလား။ မြောက်ဘက်နဲ့ တောင်ဘက်ကို ခွဲခြားဖို့ စဉ်းစားအုံးမှာလား။’

နယ်စားကြီးဒီဘိုရာ၏ နုနယ်သော ခန္ဓာကိုယ်လေးပင်လျှင် အနည်းငယ် တုန်ယင်နေခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ဆော်ရွန်၏ စွမ်းအားသည် လူသားများ၏နားလည်နိုင်စွမ်း နယ်ပယ်ကို လုံးဝ ကျော်လွန်နေသောကြောင့်ပင်။

‘ဒါက သိုင်းပညာတဲ့လား။ ကျွန်မ မယုံနိုင်ဘူး။’

သေချာသည်မှာ ဤအရာသည် သိုင်းပညာ မဟုတ်ပေ။ ဤသည်မှာ နဂါးနှလုံးသားမှ ထုတ်လွှတ်သော စွမ်းအင်ကို ရှေးဟောင်းဘုရင် လက်စွပ်နှင့် ရှေးဟောင်းဘုရင်ဓားတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

အင်ပါယာဆော်ရွန် မြောက်ဘက်သို့ သွားစဉ်က အနောက်ပိုင်း ရှီလွန်အင်ပါယာဓားကို ကိုင်ဆောင်ပြီး ကျန်းမိသားစု၏ ရှေးဟောင်းဘုရင် ဓားကို ကျောတွင် လွယ်ထားခဲ့၏။

ယခုအခိုက်အတန့်တွင် နဂါးနှလုံးသားအတွင်းမှ စွမ်းအင်များသည် အဆက်မပြတ် ပန်းထွက်နေပြီး နဂါးနှလုံးသား သည် ၎င်း၏ အကန့်အသတ် ရောက်သည်အထိ လည်ပတ်နေသည်။ တစ်သက်တွင် တစ်ကြိမ်သာ ရရှိသော ဤအခွင့်အရေးကို အသုံးပြု၍ လောကကို တုန်လှုပ်သွားစေရန် ဆော်ရွန်သည် အံ့မခန်းသော စွမ်းဆောင်ရည်ကို သေချာပေါက် ပြသပေလိမ့်မည်။

မြင်ကွင်းသည် အမှန်တကယ် အံ့မခန်း ဖြစ်ပြီး အကျိုးသက်ရောက်မှုမှာ တကယ်ကို တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။ အကယ်၍ အောင်မြင်ခဲ့လျှင် ရှီလွန်အင်ပါယာ တစ်ခုလုံးတွင် မည်သူမှ သူ့အား ဆန့်ကျင်ရဲတော့မည် မဟုတ်ပေ။

နောက်ဆုံးတွင် အင်ပါယာဆော်ရွန်သည် နဂါးနှလုံးသား၏ စွမ်းအင်များ အကန့်အသတ်ထိ ထွက်ရှိသွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထို့နောက် သူသည် ရှမ့်လန်ကို ကြည့်ကာ မိုးခြိမ်းသံကဲ့သို့သော အသံဖြင့် ပြောလိုက်သည်။

“မြင်လား။ အရှင် ရှမ့်လန်... ဒါက ခွန်အားပဲ။ ဒါက စစ်မှန်တဲ့ ခွန်အားပဲ။ ခင်ဗျားက ခွန်အားအကြောင်း ဘာမှ မသိပါဘူး။ အရှင် ရှမ့်လန်... မိုးကြိုးနဲ့ လျှပ်စီးတွေရဲ့ အမျက်ဒေါသကို ခံစားလိုက်စမ်းပါ။ ရှီလွန်အင်ပါယာရဲ့ အမျက်ဒေါသကို ခံစားလိုက်စမ်းပါ။ ပြာကျသွားလိုက်စမ်း။ ရှမ့်လန်...”

အင်ပါယာ ဆော်ရွန်သည် မိုးခြိမ်းသံကဲ့သို့ အော်ဟစ်လိုက်ပြီးနောက် လက်ထဲရှိလျှပ်စီးများကို အကန့်အသတ်ထိ စုစည်းကာ ရှမ့်လန်အား ခုတ်ပိုင်းလိုက်၏။

“မလုပ်ပါနဲ့။”

“မလုပ်ပါနဲ့။” ဒုတိယဧကရီ ဟယ်လင်၊ နယ်စားကြီး ဒီဘိုရာတို့သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ကြသည်။

“ပြာကျသွားလိုက်စမ်း။” ဆော်ရွန်၏ ဓားချက် ကျဆင်းလာသည်နှင့် တုန်လှုပ်ဖွယ်ရာ လျှပ်စီးဓားချက်သည် မိုးနှင့် မြေကို ဖျက်ဆီးပစ်နိုင်မည့် အရှိန်အဝါဖြင့် ရှမ့်လန်ဆီသို့ ဦးတည်သွားခဲ့၏။

တစ်ချိန်တည်းမှာပဲ ရှမ့်လန် လက်ထဲရှိ နဂါးဓားသည် မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခုကို ညင်သာစွာ ထုတ်လွှတ်လိုက်သည်။

“နဂါးဉာဏ်အလင်း၊ နဂါးသွေးခြင်ဆီ ပဲ့တင်ထပ်ခြင်း”

တစ်ခဏအတွင်းမှာပဲ ရှမ့်လန်၏ နဂါးနှလုံးသားနှင့် ဆော်ရွန်၏ နှလုံးသားထဲရှိ နဂါးသွေးခြင်ဆီတို့သည် ပြင်းထန်စွာ ပဲ့တင်ထပ်သွားကြသည်။ သို့သော်ငြား ရှမ့်လန်၏ နဂါးနှလုံးသားသည် ၎င်း၏ ခံနိုင်ရည်ပမာဏကို မကျော်လွန်ခဲ့သောကြောင့် စက်ပစ္စည်း တစ်ခုလုံးက ချက်ချင်း ဖိနှိပ်ထိန်းချုပ်နိုင်သည်။

ဆော်ရွန်၏ နဂါးနှလုံးသားမှာမူ ခုဏလေးတင် လျှပ်စီးနှင့် မိုးကြိုးများကို အလွန်အကျွံ ထုတ်ပြခဲ့သောကြောင့် နဂါးနှလုံးသားသည် အကန့်အသတ်ထိ ရောက်ရှိနေပြီ ဖြစ်ကာ ဆက်လက် ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ပေ။ သူ၏ နဂါးနှလုံးသားထဲရှိ နဂါးသွေးခြင်ဆီသည် စတင် တုန်ခါလာခဲ့၏။

တုန်ခါမှုနှုန်းသည် ပိုမို တုန်လှုပ်ဖွယ် ကောင်းလာပြီး နောက်ဆုံးတွင် အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်။ တစ်စက္ကန့်လျှင် အကြိမ်ပေါင်း သိန်းချီ တုန်ခါနေခဲ့သည်။ နောက်ဆုံးတွင် နဂါးသွေးခြင်ဆီ၏ အခြေခံ ပေါက်ကွဲမှု ဖြစ်လာသည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

နဂါးနှလုံးသား တစ်ခုလုံး ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး အဆုံးမရှိသော နဂါးမီးလျှံများ ပန်းထွက်လာခဲ့၏။

အင်ပါယာဆော်ရွန်သည် ထိတ်လန့်တကြား ဖြစ်သွားပြီး ရှေးဟောင်းဘုရင်လက်စွပ်၏ စွမ်းအင်ကို ထုတ်လွှတ်ကာ မိမိကိုယ်ကို ကာကွယ်ရန် အသည်းအသန် ကြိုးပမ်းလိုက်သည်။ သို့သော်ငြား နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ နဂါးနှလုံးသား ပေါက်ကွဲသည့် နေရာသည် သူ၏ နှလုံးသား တည်ရှိရာ နေရာပင် ဖြစ်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ကြီးမားလှသော နဂါးမီးလျှံများကြားတွင် ဆော်ရွန်၏ ခန္ဓာကိုယ်သည် ကောက်ရိုး တစ်မျှင်ကဲ့သို့ လွင့်စင်သွား ခဲ့သည်။ သူသည် မီတာရာပေါင်းများစွာသို့ လွင့်စင်သွားပြီး ပွဲကြည့်စင်ဆီသို့ ဝင်တိုက်မိသွားသည်။

“ဝုန်း...”

မြောက်ပိုင်း ပွဲကြည့်စင်၏ ကြီးမားသော အစိတ်အပိုင်း ပြိုကျသွားပြီး မြောက်ပိုင်းမှ မှူးမတ် ဒါဇင်ပေါင်းများစွာကို ဖိမိ သေဆုံးစေခဲ့သည်။ မြေကြီးပေါ်သို့ ကျရောက်ပြီးနောက် ဆော်ရွန်၏ ရင်ဘတ်နေရာတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်နေပြီး နှလုံးသားရှိရာ နေရာဖြစ်သည်။ သူ၏ နှလုံးသားမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်နေခဲ့သည်။ အင်ပါယာ ဆော်ရွန်သည် ဆိုးရွားစွာ သေဆုံးသွားခဲ့ရ၏။

မြောက်ပိုင်း ပွဲကြည့်စင်၏ ကြီးမားသော အစိတ်အပိုင်း ပြိုကျသွားပြီး မြောက်ပိုင်းမှ မှူးမတ် ဒါဇင်ပေါင်းများစွာကို ဖိမိ သေဆုံးစေခဲ့သည်။ မြေကြီးပေါ်သို့ ကျရောက်ပြီးနောက် ဆော်ရွန်၏ ရင်ဘတ်နေရာတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်နေပြီး နှလုံးသားရှိရာ နေရာဖြစ်သည်။ သူ၏ နှလုံးသားမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်နေခဲ့သည်။ အင်ပါယာ ဆော်ရွန်သည် ဆိုးရွားစွာ သေဆုံးသွားခဲ့ရ၏။

ပရိသတ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

‘ဘာ... ဘာတွေ ဖြစ်သွားပြန်တာလဲ။ ကောင်းကင်ဘုံ.. ခုဏက ဘာဖြစ်သွားတာလဲ။ အင်ပါယာ ဆော်ရွန် ရှုံးသွားတာလား။ အင်ပါယာ ဆော်ရွန် သေသွားတာလား။ ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒီလောကကြီးက သိပ်ရယ်စရာ ကောင်းလွန်းတယ်။ ခုဏက အင်ပါယာ ဆော်ရွန်ရဲ့ စွမ်းဆောင်ရည်က ရှင်းနေတာပဲ။ သူက နတ်ဘုရား တစ်ပါးလို ဖြစ်နေတာ။ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ ပြီးတော့ အစပိုင်းမှာ စွမ်းအင်ဝဲကတော့ တစ်ခု ထုတ်လွှတ်ပြီး ရှမ့်လန်က သူ့ရဲ့ အကန့်အသတ်ရှိတဲ့ စွမ်းရည်တွေကို အကုန် ထုတ်သုံးလိုက်ပြီလေ။ သူ ဘာကို အားကိုးပြီး နိုင်သွားတာလဲ။ သူ အင်ပါယာ ဆော်ရွန်ကို ဘယ်လို သတ်လိုက်တာလဲ။’

ရှမ့်လန်က ပြောလိုက်သည်။ “ကျေးဇူးပြုပြီး အင်ပါယာ ဆော်ရွန်ရဲ့ အလောင်းကို အောက်ချပေးပြီး အလယ်မှာ ထားပေးပါ။”

ရှမ့်လန်၏ စကားကို ကြားလိုက်ရသော်လည်း ပရိသတ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

မီးနတ်ဘုရား ဂိုဏ်းချုပ်သည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် ရှမ့်လန် အနားသို့ ရောက်လာပြီး ပြောလိုက်၏။ “ဂုဏ်ယူပါတယ် အရှင်... အရှင်က အံ့ဖွယ်အမှု တစ်ခုကို နောက်ထပ် ဖန်တီးလိုက်ပြန်ပါပြီ။”

All Chapters