အခန်း (၂၂၆)
Vol. 23 Ch. 226
“ဘယ်သူလဲ”
ဟွမ်မျိုးနွယ်စု တံခါးဝရှိ ကင်းစောင့်နှစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သို့သော် ငွေရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ ဝင်းလက်သွားပြီးနောက်…
ဖတ်
ထိုနှစ်ဦးမှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ယမမင်းထံသို့ ခစားရန် ထွက်ခွာသွားကြရတော့သည်။
ဟွမ်မျိုးနွယ်စု အိမ်တော်အတွင်းရှိ ဝင်းတစ်ခုထဲတွင်...
အသက်လေးဆယ်ကျော်အရွယ်ရှိပြီဖြစ်သော မျိုးနွယ်စုခေါင်းဆောင်ဟွမ်သည် သက်သောင့်သက်သာရှိလှသော ကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဇိမ်ခံကာ ဖတ်ရှုနေသည်။ သူ၏ဘေးတွင်မူ လှပကျော့ရှင်းသော ဇနီးသည်ဖြစ်သူ မဒမ်ဟွမ်က စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ရှိနေ၏။
“လုံကန်းက အဲဒီမသေမျိုးဆရာသခင်နောက်ကို လိုက်သွားတာ ဘယ်ကိုသွားမှန်းလည်းမသိဘယ်လောက်ကြာမှာလဲဆိုတာလည်း ရှင်က ဘာမှမသိဘဲနဲ့ အခုထိ စာဖတ်နေနိုင်သေးတယ်ပေါ့လေ”
“မင်းတို့ မိန်းမတွေ ဘာနားလည်လို့လဲ။ ဒါက သူ့ရဲ့ မသေမျိုးကံကြမ္မာ ပဲ။ တခြားလူတွေဆို ဒါမျိုးကို အသေအလဲ မနာလိုဖြစ်နေကြတာ။ ငါ့သားသာ မသေမျိုးဆရာသခင် ဖြစ်လာကြည့်စမ်း။ သူ့မိဘတွေကို သူ မေ့ပါ့မလား သေချာပေါက် ပြန်လာမှာပေါ့”
“အား... မသေမျိုးကံကြမ္မာတွေ၊ ဆရာသခင်တွေ ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မသားလေး ကျွန်မဘေးမှာ ရှိနေဖို့ပဲ လိုတာ...”
မဒမ်ဟွမ် စကားမဆုံးသေးခင်မှာပင် ခြံဝင်းအဝင်ဝဆီသို့ ထိတ်လန့်တကြား လှမ်းကြည့်လိုက်မိသည်။ ထိုနေရာမှနေ၍ နာကျင်စွာ အော်ဟစ်သံများစွာနှင့်အတူ တဖြောက်ဖြောက် ဟူသော ပေါက်ကွဲသံများ ထွက်ပေါ်လာနေသည်။
“ဘယ်သူက ဒီလောက်တောင် သတ္တိကောင်းနေတာလဲ”
ခေါင်းဆောင်ဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာသည့် သက်တမ်းတစ်လျှောက် မည်သူမျှ သူ၏အိမ်တော်အတွင်းသို့ ဤကဲ့သို့ ရဲရဲတင်းတင်း ကျူးကျော်ဝင်ရောက်ဝံ့ခြင်း မရှိခဲ့ဖူးချေ။ ခေါင်းဆောင်ဟွမ်သည် ကုလားထိုင်ပေါ်မှ ခုန်ထလိုက်ပြီး ခါးကြားမှ ရွှေရောင်နဂါးပတ် ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။
သို့သော် သူ ခြေလှမ်းနှစ်လှမ်းပင် မလှမ်းရသေးမီမှာပင် တောက်ပလှသော အနီရောင်ရိပ်တစ်ခု ဝင်းထဲသို့ တိုးဝင်လာခဲ့သည်။
“ငါ့မောင်လေးကို ဘယ်သူသတ်တာလဲ”
အမျိုးသမီးကျင့်ကြံသူသည် မည်သည့်အချိန်က မြင်းပေါ်မှ ဆင်းလိုက်သည်မသိ အေးစက်တည်ငြိမ်စွာ မေးလိုက်သည်။ သူမ၏ရှေ့တွင်မူ ငွေရောင်အစက်အပြောက်လေးတစ်ခုသည် ရေထဲမှ ငါးလေးတစ်ကောင်ကဲ့သို့ လေထဲတွင် ဝဲပျံနေတော့သည်။
သေချာကြည့်လိုက်သောအခါ ထိုအရာသည် လက်ကိုင်မပါသော သုံးလက်မခန့်သာရှိသည့် ဓားပျံငယ် တစ်လက်ဖြစ်နေသည်။
“မင်းက... မသေမျိုးဆရာသခင်ပဲ”
ခေါင်းဆောင်ဟွမ်၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်။
“ကျွန်ကျွန်တော်မျိုး သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို တကယ်မသိပါဘူးခင်ဗျာ”
“မင်းက သူ့ဘယ်သူမှန်းမသိဘဲနဲ့ မင်းသားကို သူ့ဆီမှာ တပည့်ခံခိုင်းတယ်ပေါ့လေ”
“သူက ငါ့ဂိုဏ်းရဲ့ တပည့်ကို သတ်ခဲ့တဲ့ ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်ကောင်ပဲ။ မင်းတို့က ဘယ်လိုတောင် သတ္တိရှိရတာလဲ... ဘယ်လိုတောင် ရဲတင်းရတာလဲ”
အမျိုးသမီးကျင့်ကြံသူ၏ စကားအဆုံးတွင် ခေါင်းဆောင်ဟွမ်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သူ၏ဇနီး မဒမ်ဟွမ်ကို အတင်းတွန်းဖယ်လိုက်သည်။
“ပြေးတော့”
သူသည် စီးဆင်းရွှေဓားမြှောင်ကို ကိုင်စွဲကာ အမျိုးသမီးကျင့်ကြံသူထံသို့ ပြတ်သားစွာ ပြေးဝင်တိုက်ခိုက်တော့သည်။ သူ၏ လျှို့ဝှက်သွေးကြောများသည် တစ်ကိုယ်လုံးတွင် ဟုန်းဟုန်းတောက်လောင်နေပြီး နီရဲသော အလင်းတန်းများ ထွက်ပေါ်နေသည်။ သူ၏ ခွန်အားအရ စွမ်းအင်စက်ဝန်းပြည့်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည့် အနေအထားပင်။
သို့သော် အမျိုးသမီးကျင့်ကြံသူကမူ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ချေ။ သူမ၏ရှေ့တွင်ရှိသော ငွေရောင်ဓားငယ်မှာ ရှဲကနဲ အသံနှင့်အတူ ပျောက်ကွယ်သွားသည်။
ဖတ်…
ခေါင်းဆောင်ဟွမ်သည် သူ၏ရင်ဘတ်ကို မယုံကြည်နိုင်စွာ ဆုပ်ကိုင်လိုက်မိသည်။ ထိုဓားငယ် လှုပ်ရှားသွားသည်ကိုပင် သူ မမြင်လိုက်ရဘဲ ထိမှန်သွားခြင်းဖြစ်သည်။ ခုခံရန် နည်းလမ်းမရှိပါ ကွာခြားချက်က ကြီးမားလွန်းလှသည်။
မျှော်လင့်ချက်မဲ့နေသော မျက်နှာ၊ ပါးစပ်မှ သွေးများ စီးကျနေရင်း သူက အသည်းအသန် အသံထွက်လိုက်သည်။
“ကျွန်တော့်... ဇနီးကို... ချမ်းသာ... ပေး...”
ဖတ်…
ထိုစကားအဆုံးမှာပင် မဒမ်ဟွမ်သည် သူမ၏လည်ပင်းကို ဆုပ်ကိုင်လျက် လဲကျသွားတော့သည်။ မျက်လုံးများ ပြူးကျယ်ကာ နောင်တများစွာဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ဒီနေ့... ဟွမ်မျိုးနွယ်စုဟာ ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားရမယ်”
အမျိုးသမီးကျင့်ကြံသူ၏ အေးစက်လှသော အသံသည် ဟွမ်မျိုးနွယ်စု အိမ်တော်တစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။ ငွေရောင်အလင်းတန်းသည် အိမ်တော်အနှံ့ ထက်ရှစွာ ကူးခတ်သွားပြီးနောက် မီးလျှံများ ဟုန်းဟုန်းတောက်လောင်လာကာ အနက်ရောင် မီးခိုးလုံးကြီးများ ကောင်းကင်သို့ မြင့်တက်သွားတော့သည်။
အမျိုးသမီးကျင့်ကြံသူသည် သူမ၏မြင်းကို စီးနင်းလျက် ထိုနေရာမှ အေးအေးလူလူ ထွက်ခွာသွားခဲ့သည်။
သူမသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်လည်း သူမ၏ အနီရောင် မသေမျိုးဝတ်စုံမှာမူ အစွန်းအထင်းမရှိဘဲ စင်ကြယ်နေဆဲပင်။ ဟွမ်မျိုးနွယ်စု၏ ပျက်စီးသွားသော အကြွင်းအကျန်များကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အခြားအရပ်မျက်နှာတစ်ခုသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
စူးမျိုးနွယ်စု၏ အိမ်တော်ရှေ့တွင်မူ အနီရောင်တံခါးကြီး၏ ဘေးတစ်ဖက်တစ်ချက်စီ၌ အသက်ဝင်လှသော ကျောက်ဖြူခြင်္သေ့ကြီးနှစ်ကောင် ရှိနေသည်။ မြင့်မားလှသော တံတိုင်းဖြူကြီးများမှာ အဆုံးမရှိအောင် ရှည်လျားလှပြီး မျိုးနွယ်စုကြီးတစ်ခု၏ နက်ရှိုင်းလှသော အစဉ်အလာကို ပြသနေသည်။ တံခါးအထက်ရှိ ပြောင်လက်နေသော နှင်းဆီသစ်သားဆိုင်းဘုတ်ပေါ်မှ ရွှေရောင် စူးအိမ်တော်ဆိုသည့် စာလုံးများမှာ အားလုံး၏အာရုံကို ဆွဲဆောင်နေ၏။
အိမ်တော်အတွင်း၌မူ သေသပ်စွာ ဝတ်ဆင်ထားသော အိမ်တော်ထိန်းအိုကြီးသည် အနီးရှိ အစေခံများကို ပြုံးရွှေရွှေဖြင့် ပြောနေသည်။
“မျိုးနွယ်စုခေါင်းဆောင်က မှာလိုက်တယ်။ သခင်မလေး မသေမျိုးဂိုဏ်းထဲ ဝင်ခွင့်ရတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလမှာ အားလုံးရဲ့ လစာကို နှစ်ဆတိုးပေးမယ်တဲ့”
“ဝမ်းသာစရာကြီးဗျာ”
“မျိုးနွယ်စုခေါင်းဆောင်က တကယ်ကို ကြင်နာတတ်တဲ့သူပဲ”
“ကျွန်တော်တို့အားလုံး သခင်မလေးရဲ့ ကျေးဇူးကြောင့် ကံကောင်းကြတာပဲ။ သခင်မလေးအတွက် နေ့တိုင်း ဆုတောင်းပေးရမယ်”
အစေခံများ၊ အုပ်ချုပ်သူများနှင့် အိမ်ဖော်များအားလုံးမှာ ပျော်ရွှင်နေကြသည်။ အိမ်တော်၏ အခြားတစ်နေရာတွင်မူ လေးနက်သော စကားဝိုင်းတစ်ခု ရှိနေသည်။
“သခင်လေးကို သေချာနေရာချပေးခဲ့ပြီလား”
“စိတ်ချပါ အကြီးအကဲကြီး ကျွန်တော် အားလုံးကို စီစဉ်ပြီးပါပြီ...”
ဝုန်း…
အနီရောင်တံခါးမကြီးမှာ အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားပြီးနောက် မီးတောက်ရောင် ရိပ်တစ်ခုသည် ငရဲမှလာသော မိစ္ဆာတစ်ကောင်ကဲ့သို့ စူးမျိုးနွယ်စုအတွင်းသို့ ချီတက်ကာ ဝင်ရောက်လာသည်။
“စူးမျိုးနွယ်စုက ရန်သူ့နိုင်ငံက မိစ္ဆာလမ်းစဉ်မှာ တပည့်ခံထားတဲ့ စုရှီကို ခိုလှုံခွင့်ပေးထားတယ်။ စစ်အုပ်ချုပ်ရေးဥပဒေအရ သူတို့က နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားတာမို့ တစ်မိသားစုလုံးကို ကွပ်မျက်ရမယ်”
အေးစက်ပြတ်သားသော အသံသည် စူးမျိုးနွယ်စု အိမ်တော်တစ်ခုလုံး၏ အထက်မှာ လွင့်ပျံသွားသည်။ စူးအိမ်တော်၏ အပြင်ဘက်မှ နားထောင်နေသူများပင် ထိတ်လန့်တုန်လှုပ်သွားရသည်။ မကြာမီမှာပင် စူးမျိုးနွယ်စု အိမ်တော်ကြီးသည်လည်း ဟွမ်မျိုးနွယ်စုကဲ့သို့ပင် မီးလျှံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အနက်ရောင် မီးခိုးလုံးကြီးများ ကောင်းကင်သို့ မြင့်တက်လာခြင်းက ထိုင်ဝမ်မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
စူးမျိုးနွယ်စု၏ ဘေးတွင်ရှိသော ယွမ်အိမ်တော်သည်လည်း အနီးနားတွင် ရှိနေခြင်းကြောင့် အမျိုးသမီးကျင့်ကြံသူ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။
“မသေမျိုးဆရာသခင်... ကျွန်တော်တို့ထဲက ဘယ်သူမှ မိစ္ဆာလမ်းစဉ်မှာ တပည့်မခံထားပါဘူးခင်ဗျာ”
“မတရားဘူး... ဒါက တကယ့်ကို မတရားတာပဲ...”
“တောက် ဒီအရူးမကို ရှင်းပြနေလို့ မရတော့ဘူး။ သေချင်းဆိုးနဲ့ သေရမှာအတူတူ အသေအလဲ ပြန်ချကြမယ်ဟေ့”
မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ခံရတော့မည့် အခြေအနေတွင် ယွမ်မျိုးနွယ်စုမှ သိုင်းသမားများသည် ရန်သူကို အတူတကွ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် လက်နက်ကိုယ်စီကိုင်စွဲကာ အမျိုးသမီးကျင့်ကြံသူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
သို့သော် ကံဆိုးစွာပင် အင်အားချင်းကွာခြားချက်မှာ အလွန်ပင် ကြီးမားလွန်းလှသည်။ အမျိုးသမီးကျင့်ကြံသူ၏ ဓားပျံအောက်တွင် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အသက်ပျောက်ခဲ့ရပြီး ယွမ်အိမ်တော်ကြီးသည်လည်း မီးလျှံများအတွင်း ပြာအတိဖြစ်သွားရပြန်သည်။
မြို့စားမင်းအိမ်တော်၊ မသေမျိုးယစ်မူးရာမျှော်စင်၊ ဟွမ်မျိုးနွယ်စု၊ စူးမျိုးနွယ်စုနှင့် ယွမ်မျိုးနွယ်စု...
မသေမျိုးဆရာသခင်မသည် မြို့ထဲတွင် လူသတ်ပွဲကျင်းပနေသည်ဟူသော သတင်းမှာ တောမီးပမာ ပျံ့နှံ့သွားပြီး လူတိုင်း ထိတ်လန့်တကြား သတင်းပို့နေကြသည်။ ထိုင်ဝမ်မြို့ရှိ အင်အားကြီးအဖွဲ့အစည်းအားလုံး သတင်းရရှိသွားကြပြီး လှုပ်ရှားမှုများ စတင်လာကြသည်။
အစွန်းရောက်လက်သီးဂိုဏ်း…
ဂိုဏ်းချုပ် ဝေယိုတောက်သည် သတင်းရရချင်းမှာပင် သန့်ရှင်းရေးလုပ်သားများ၊ စားဖိုမှူးများ၊ ဥယျာဉ်မှူးများနှင့် အပြင်စည်းတပည့်အားလုံးကို ချက်ချင်းပင် လူစုခွဲလိုက်သည်။ ထို့နောက် အတွင်းစည်းတပည့်များနှင့် အဆင့်မြင့်အကြီးအကဲများအားလုံးကို အရေးပေါ်ခေါ်ယူကာ တိုင်ပင်ဆွေးနွေးတော့သည်။
“ခင်ဗျားတို့ ဘာအကြံပေးချင်လဲ အဲဒီရူးနေတဲ့မိန်းမက ယွမ်မျိုးနွယ်စုကိုတောင် သတ်ဖြတ်ပြီးပြီ။ နောက်ထပ် ပစ်မှတ်က ငါတို့ ဖြစ်လာနိုင်တယ်”
အကြီးအကဲ ကျိုးပုဖုန်းက ပျာပျာသလဲ ပြောလိုက်သည်။
သူ၏ သွေးစွမ်းအင်မှာ အလွန်အားကောင်းပြီး သိုင်းပညာရှင်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ယခင်က လေးလံသောဓားဂိုဏ်းနှင့် တိုက်ပွဲတွင် ရရှိခဲ့သော ဒဏ်ရာများမှာလည်း ထက်ဝက်ကျော် ပြန်လည်သက်သာနေပြီဖြစ်သည်။ သို့သော် မသေမျိုးဆရာသခင်များ၏ စွမ်းအားနှင့် သိုင်းပညာရှင်တို့မှာ မည်သည့်အခါမျှ တန်းတူမဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
“သူမရဲ့ အင်အားကို ငါတို့ မယှဉ်နိုင်ဘူး။ ဆုတ်ခွာဖို့ပဲ ရှိတော့တယ်”
ဝေယိုတောက်က ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
“လေးလံသောဓားဂိုဏ်းနဲ့ တိုက်ပွဲဖြစ်ပြီးကတည်းက မြို့ထဲမှာ လျှို့ဝှက်မြေအောက်ခန်းတွေ ငါစီစဉ်ထားပြီးသား။ မင်းတို့ အဲဒီမှာ ခဏသွားပုန်းနေကြ။ အခြေအနေ ငြိမ်သက်သွားမှ မြို့ထဲကနေ တိတ်တဆိတ် ထွက်ကြတာပေါ့”
“ဒါပဲ လုပ်နိုင်တော့တာပဲ”
အကြီးအကဲကျန်းက သက်ပြင်းချရင်း ပြောသည်။ မသေမျိုးဆရာသခင်ကို ရင်ဆိုင်ခြင်းမှာ အချည်းနှီးသာဖြစ်ကြောင်း အားလုံးက သဘောတူကြသည်။
“နေဦး... လျိုယီဘယ်မှာလဲ သူ တိုက်ပွဲထဲမှာ မပါဘူးလား”
အကြီးအကဲတစ်ဦးက လုံယီ မရှိသည်ကို သတိပြုမိသွားသည်။
“စူးမျိုးနွယ်စု ဒုက္ခရောက်နေတယ်ဆိုတာ ကြားတာနဲ့ သူ အပြင်ကို အပြေးအလွှား ထွက်သွားတယ်”
လက်တစ်ဖက်ပြတ်နေသော ချန်မုကျူက လေးနက်သော အသံဖြင့် ဖြေလိုက်သည်။
“ဒါ... ဒါကတော့...”
ဝေယိုတောက်နှင့် အကြီးအကဲကျန်းတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
သို့သော် အခြေအနေများက ဤအဆင့်သို့ ရောက်နေပြီဖြစ်ရာ လက်ရှိဂိုဏ်းသားများကို ကယ်တင်ရန်သာ သူတို့ ဦးစားပေးလိုက်ကြရသည်။ မကြာမီမှာပင် အစွန်းရောက်လက်သီးဂိုဏ်းတစ်ခုလုံးမှာ လူသူကင်းမဲ့ပြီး တစ္ဆေခြောက်သည့်နေရာတစ်ခုအလား တိတ်ဆိတ်သွားတော့သည်။