← Chapters

အခန်း (၂၃၀)

Vol. 23 Ch. 230

အခန်း (၂၃၀)

Vol. 23 Ch. 230

လိုက်လံခြေရာခံခြင်းလား။

ဘဝနှစ်ခုစာ အတွေ့အကြုံရှိသူပီပီ ဤအရာသည် မည်မျှအစွမ်းထက်ကြောင်း လုံယီ ချက်ချင်းပင် နားလည်လိုက်သည်။ အဆင့်မြင့်အတတ်သစ်ဖြစ်သော အသက်လိုက်လံခြင်းကို ရရှိပြီးနောက်တွင် ဝဲကယက်အတတ်၏ ဖော်ပြချက်မှာလည်း ပြောင်းလဲသွားခဲ့သည်။

[ဝဲကယက်: အဆင့်မြင့်အတတ် အသက်လိုက်လံခြင်းနှင့် ပေါင်းစပ်အသုံးပြုနိုင်သည်။ ပုဆိန်၏ အမြန်နှုန်းကို ခဏတာအတွင်း အကန့်အသတ်၏ ၂၀၀% အထိ မြှင့်တင်ပေးနိုင်သည် အချိန်တိုအတွင်း တစ်ကြိမ်သာ အသုံးပြုနိုင်သည်]

“ကောင်းတယ်... တကယ်ကို ကောင်းတယ်”

လုံယီသည် အလွန်အမင်း ဝမ်းသာသွားမိသည်။ သူ၏ ပုဆိန်သိုင်းပညာမှာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူ၏ ခွန်အားမှာ သံသယဖြစ်ဖွယ်မရှိဘဲ နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့ပြီဖြစ်သည်။ လက်ရှိကြုံတွေ့နေရသော ဘေးဒုက္ခများကြားတွင် သူ၏ ရှင်သန်နိုင်စွမ်းမှာလည်း များစွာ တိုးတက်လာခဲ့သည်။

သို့သော်လည်း ထိုမသေမျိုးဆရာသခင်မကို သွားရောက်ရင်ဆိုင်ရန် သူ မာန်မာန မထောင်လွှားသေးပေ။ အချိန်အနည်းငယ် ထပ်မံဆွဲထားနိုင်လျှင် ပိုကောင်းမည်ဖြစ်ပြီး သူမ ထိုင်ဝမ်မြို့မှ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် လုံယီသည် ထိုအမျိုးသမီးကျင့်ကြံသူ၏ ဇွဲနပဲကို အထင်သေးခဲ့မိသည်။

ထိုညမှာပင် မီးခိုးရောင် သွေးစွမ်းအင်ခြေရာခံမှော် တစ်ရွက်သည် အိမ်တစ်လုံး၏ အထက်တွင် ရုတ်တရက် ဝဲပျံလာပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။ အမျိုးသမီးကျင့်ကြံသူသည် သူမ၏ ပုံမှန်အလေ့အထအတိုင်း ဓားပျံကို အသုံးပြုကာ ထိုအိမ်ကို ထိုးနှိုက်လိုက်တော့သည်။

ဝုန်း…

လူရိပ်တစ်ခုမျှ ထွက်မလာခဲ့ချေ။

“ဟင်း... မြေအောက်မှာလား”

ငွေရောင်ဓားပျံမှာ မြေပြင်သို့ ထပ်မံထိုးစိုက်ဆင်းသွားပြန်သည်။

ဝုန်း….

လူနှစ်ယောက်မှာ အကျည်းတန်စွာဖြင့် မြေအောက်မှ ခုန်ထွက်လာကြရသည်။

တစ်ဦးမှာ အသက်နှစ်ဆယ်ကျော်အရွယ်၊ ဂျုံရောင်အသားအရေနှင့် မြင့်မားသော နှာတံ၊ ထင်ရှားသော မျက်နှာသွင်ပြင်ရှိသည့် အမျိုးသမီးဖြစ်ပြီး အခြားတစ်ဦးမှာမူ နားထင်တွင် ဆံပင်အနည်းငယ်ဖြူကာ မုတ်ဆိတ်ဗရပွ၊ ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် ခြေဗလာဖြစ်နေသည့် အမျိုးသားတစ်ဦး ဖြစ်သည်။

သူတို့မှာ လျှို့ဝှက်မြေအောက်ခန်းတွင် ပုန်းအောင်းနေကြသော ရှီချိုင်ဖုန်းနှင့် သူမ၏ဖခင် အဘိုးကြီးရှီတို့ပင်။ သို့သော်လည်း အမျိုးသမီးကျင့်ကြံသူ၏ လက်မှ သူတို့ မလွတ်မြောက်ခဲ့ချေ။

“ပြေးတော့”

အဘိုးကြီးရှီသည် ရှီချိုင်ဖုန်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီး သုံးပေခန့်ရှည်သော ငွေရောင်ချိတ်နှစ်လက်ကို ကိုင်စွဲကာ အမျိုးသမီးကျင့်ကြံသူထံသို့ ပြတ်သားစွာ ပြေးဝင်တိုက်ခိုက်တော့သည်။

“ပုရွက်ဆိတ်တစ်ကောင်ရဲ့ ရုန်းကန်မှုသက်သက်ပါပဲ”

အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းများမှာ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။ သူမက လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ရာ ငွေရောင်အလင်းတန်းမှာ အဘိုးကြီးရှီထံသို့ ဦးတည်ပျံသန်းသွားတော့သည်။

ချွင် ချွင် ချွင် ချွင်….

အဘိုးကြီးရှီသည် ငွေရောင်ချိတ်များကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏တစ်ကိုယ်လုံးတွင် စစ်မှန်သောခွန်အား၏ နီဖျော့ဖျော့အလင်းတန်းများ ဝင်းလက်နေသည်။ သူသည် သူ၏အစွမ်းကုန် အားထုတ်မှုဖြင့် ဓားပျံ၏ တိုက်ခိုက်မှုများကို အနိုင်နိုင် ခုခံနေရ၏။ သို့သော် အသက်ရှူအကြိမ် အနည်းငယ်အကြာမှာပင် သူ၏လှုပ်ရှားမှုများမှာ တုံ့ဆိုင်းလာပြီး ဓားပျံမှာလည်း သူ၏အသက်ကို နုတ်ယူရန် အရှိန်ယူနေပြီ ဖြစ်သည်။

ထိုအခိုက်အတန့်မှာပင်…

ဝူး

ရင်းနှီးနေသော လေတိုးသံတစ်ခု ပဲ့တင်ထပ်သွားပြီး ပုဆိန်ကြီးတစ်လက်သည် ကောင်းကင်ယံကို ခွဲခြမ်းကာ ကျရောက်လာသည်။ အရှိန်ပြင်းလွန်းလှသဖြင့် ပုဆိန်ပျံသန်းရာ လမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အဖြူရောင် လေစီးကြောင်းများပင် ထင်ကျန်ရစ်ခဲ့သည်။

“မင်းပဲလား”

အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ပေါ်လာသည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်က သူမကို လာရောက်နှောင့်ယှက်ခဲ့သူမှာ ဤလူပင်ဖြစ်ပြီး ယနေ့တွင်လည်း ထပ်မံ၍ ရဲတင်းစွာ ပေါ်လာပြန်သည်။ သူမသည် သူမ၏ ဓားပျံကို ပြန်ခေါ်လိုက်ပြီး ပုဆိန်ကြီးထံသို့ ဦးတည်ပစ်လွှတ်လိုက်တော့သည်။

ချွင်…

ပြင်းထန်လှသော ထိခတ်မှုအပြီးတွင် လက်နက်နှစ်ခုစလုံး လမ်းကြောင်းပြောင်းသွားကြသည်။ သို့သော် ပုဆိန်ကြီးမှာ အနောက်သို့ ပြန်လည်ဝဲပျံလာပြီး ဓားပျံနှင့် ထပ်မံတိုက်ခိုက်ပြန်သည်။

ချွင်…

ပုဆိန်ကြီးမှာ ယခင်ကဲ့သို့ပင် တုံ့ဆိုင်းသွားလိမ့်မည်ဟု အမျိုးသမီးကျင့်ကြံသူက ထင်မှတ်ထားသော်လည်း ၎င်းမှာ လေထဲတွင် ဝဲပျံကာ ဓားပျံကို အဆက်မပြတ် တားဆီးနှောင့်ယှက်နေတော့သည်။

ချွင် ချွင် ချွင် ချွင်…

ခဏချင်းအတွင်းမှာပင် ထိုလက်နက်နှစ်ခုမှာ အရှိန်ပြင်းစွာဖြင့် အကြိမ်ပေါင်း တစ်ဒါဇင်မက ရိုက်ခတ်မိသွားကြသည်။ လေထဲတွင် အံ့ဩဖွယ်ကောင်းသော အဖြူရောင်အလင်းတန်းများ ဝင်းလက်သွားပြီး ပြင်းထန်သော ပွတ်တိုက်မှုကြောင့် တောက်ပသည့် မီးပွားများ လွင့်စင်လာတော့သည်။

“မင်းက တကယ်ပဲ ငါနဲ့အဆင့်တူ ကျင့်ကြံသူတစ်ယောက်လား”

အမျိုးသမီးကျင့်ကြံသူသည် သူမ၏ ဖီးနစ်မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။ နောက်တစ်ခဏတွင် သူမ၏ ဦးခေါင်းမှာ အရပ်မျက်နှာတစ်ခုဆီသို့ ရုတ်တရက် လှည့်သွားတော့သည်။

ထိုနေရာတွင် မယုံကြည်နိုင်လောက်အောင် အားကောင်းလှသော သွေးစွမ်းအင်များသည် သူမထံသို့ တဟုန်ထိုး တိုးဝင်လာနေသည်။

လုံယီသည် သူ၏တည်ရှိမှုကို ဆက်လက်ဖုံးကွယ်မထားတော့ဘဲ သူအသစ်ရရှိထားသော ဒုတိယမြောက် နက်မှောင်သံမဏိပုဆိန်ကို ဆွဲထုတ်လိုက်သည်။ အမျိုးသမီးကျင့်ကြံသူ၏ ဓားပျံမှာ သူ၏ပထမပုဆိန်နှင့် လုံးထွေးနေစဉ်အတွင်း သူမ၏အနားသို့ ကပ်ကာ အပြတ်ရှင်းရန် သူ ပြင်ဆင်လိုက်ခြင်းပင်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း စမ်းသပ်ချက်များအရ သူ၏ အသက်လိုက်လံခြင်းအတတ်မှာ ကြာရှည်မခံနိုင်ကြောင်း သူသိသည်။ ထို့ကြောင့် သူမ၏ ဓားပျံအတတ်ကို ထိန်းချုပ်ထားနိုင်ဆဲအချိန်မှာပင် သူမကို သုတ်သင်ရမည်။ လုံယီသည်လည်း သူမ ထွက်သွားသည်အထိ စောင့်ဆိုင်းပြီး အေးအေးဆေးဆေး အားမွေးချင်သော်လည်း ရှီချိုင်ဖုန်း၏ သေဆုံးမှုကိုမူ လက်ပိုက်ကြည့်မနေနိုင်ခဲ့ပေ။

သိုင်းသမားတစ်ယောက်က မသေမျိုးဆရာသခင်ကို တကယ်ပဲ မသတ်နိုင်ဘူးလား။

မှော်စာရွက်တစ်ရွက် လေထဲသို့ ပျံတက်သွားပြီး ကြီးမားသော မီးတောက်ငှက်ကြီး အဖြစ် ပြောင်းလဲကာ သူ့ထံသို့ ဦးတည်လာသည်ကို လုံယီ မြင်လိုက်ရသည်။ ပေပေါင်းများစွာ အကွာအဝေးမှပင် ပြင်းထန်လှသော အပူရှိန်ကို ခံစားနေရပြီး သူ၏ခန္ဓာကိုယ်မှာ လောင်မြိုက်မတတ် ဖြစ်နေ၏။

“လျင်မြန်ခြင်း”

နောက်တစ်ခဏတွင် လုံယီ၏ ခါးနှင့် ကျောပြင်ကြွက်သားများမှာ တင်းမာသွားပြီး ပေါင်ကြွက်သားများမှာ ရုတ်တရက် ထူထဲလာကာ ဒူးဆစ်ပတ်လည်တွင် ခရုပတ်ပုံစံ ကြွက်သားအဖုအကျိတ် နှစ်ဆယ်ခန့် ပေါ်လာသည်။ ထိုခရုပတ်ကြွက်သားများသည် အဆုံးစွန်ထိ ကျုံ့သွားပြီးနောက် ရုတ်တရက် ပြန်လည်ပွင့်ထွက်သွားတော့သည်။

ထိုပြင်းထန်လှသော တွန်းကန်အားကြောင့် လုံယီသည် ရာကတ်တစ်ခုအလား နေရာမှ လွင့်ထွက်သွားပြီး မီးတောက်ငှက်ကြီး၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။

ဝုန်း…

လုံယီ ရပ်ခဲ့သော နေရာတွင် မီးတောက်ငှက် ကျရောက်သွားပြီး မြေပြင်မှာ အရည်ပျော်သွားကာ ပတ်ဝန်းကျင်ရှိ အပင်များနှင့် ပိုးမွှားများမှာ ပြာအတိ ဖြစ်သွားရသည်။

“ဒီလောက်မြန်တဲ့ အရှိန်နဲ့ အားကောင်းတဲ့ သွေးစွမ်းအင်လား”

အမျိုးသမီးကျင့်ကြံသူသည် သူမထံသို့ အသည်းအသန် ပြေးဝင်လာသော လုံယီကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“မင်းသာ မိန်းမတစ်ယောက် ဖြစ်မယ်ဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေးကျွန်အဖြစ် အသက်

ချမ်းသာပေးပြီး ခေါ်ထားမိမှာပဲ။ ကံဆိုးတာက မင်းက ယောက်ျားတစ်ယောက် ဖြစ်နေတယ်။ ငါ့အနားကို ချဉ်းကပ်ဖို့တောင် အရည်အချင်းမရှိဘူး”

“ကျွန်လုပ်ဖို့ မင်းအမေကို သွားပြောလိုက်”

လုံယီက ဒေါသတကြီး ဟောက်လိုက်ရင်း ပုဆိန်ကို မြှောက်ကာ သူမ၏ အနီးသို့ ရောက်ရှိရန် ပေအနည်းငယ်သာ လိုတော့သည်။ လုံယီ၏ ဆဲဆိုသံကို ကြားလိုက်ရချိန်တွင် အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းထဲ၌ ရှားရှားပါးပါး ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။

သူမ၏ ဓားပျံမှာ ပြိုင်ဘက်၏ ထူးဆန်းသော နည်းလမ်းဖြင့် ပိတ်မိနေသဖြင့် သူမသည် ငွေရောင်မှော်စာရွက်တစ်ရွက်ကို ထပ်မံထုတ်ယူလိုက်ပြန်သည်။ ထိုစာရွက်မှာ လေထဲသို့ ပျံတက်သွားပြီး ဝုန်းကနဲ ပေါက်ကွဲကာ ဆယ်ပေခန့် မြင့်မားသော ငွေရောင်ဝတ်စုံဝတ် ဘီလူးကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားတော့သည်

ထိုဘီလူးကြီးမှာ တစ်ကိုယ်လုံး နီငွေရောင် တောက်ပနေပြီး ကြွက်သားများမှာ သံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့ တောင့်တင်းလှသည်။ ၎င်း၏ မျက်လုံးများတွင် အသက်ဓာတ် ကင်းမဲ့နေသော်လည်း လှုပ်ရှားမှုမှာမူ အလွန်ပင် လျင်မြန်လှသည်။

ဝူး….

ဘီလူးကြီး၏ လက်သီးချက်မှာ ချဉ်းကပ်လာသော လုံယီထံသို့ တိုးဝင်သွားသည်။ ၎င်း၏ လက်သီးရှေ့ရှိ လေထုမှာ ပြိုကွဲသွားသယောင်ရှိပြီး အဖြူရောင် လေစီးကြောင်းများမှာ အရပ်ရပ်သို့ ဝရုန်းသုန်းကား ပျံ့လွင့်သွားတော့သည်။

ငွေရောင်မှော်စာရွက်ကို ထုတ်သုံးပြီးနောက် အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာမှာ အားအင်ကုန်ခမ်းသွားဟန်ဖြင့် အနည်းငယ် ဖြူလျော့သွားသော်လည်း သူမ၏ အကြည့်များမှာမူ ယုံကြည်ချက်အပြည့် ရှိနေဆဲပင်။

“မင်းတို့ သိုင်းသမားတွေက ဆယ်စုနှစ်ချီပြီး ပင်ပင်ပန်းပန်း လေ့ကျင့်မှ အားအင် ပေါင်တစ်သောင်းလောက်ပဲ ရနိုင်တာ။ ငါတို့လို မှော်စာရွက် ဖော်စပ်တဲ့သူတွေကတော့ တစ်ပတ်အတွင်းမှာပဲ ပေါင်သုံးလေးသောင်း အားရှိတဲ့ တိုက်ခိုက်ရေးဘီလူးတစ်ကောင်ကို ဖန်တီးနိုင်တယ်။ မင်းတို့က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

သူမ၏ စကားပင် မဆုံးသေးမီမှာပင်...

ဒုန်း…

ငွေရောင်ဝတ်စုံဝတ် ဘီလူးကြီးနှင့် ရင်ဆိုင်ရချိန်တွင် လုံယီသည် တစ်လက်မမျှပင် နောက်မဆုတ်ခဲ့ပေ။ သူသည် ပုဆိန်ကို ခေတ္တချထားခဲ့ပြီး လက်သီးချင်း ယှဉ်ပြိုင်တိုက်ခိုက်တော့သည်။ သို့သော် အမျိုးသမီးကျင့်ကြံသူ၏ မျက်လုံးများ အပြင်သို့ ပြူးထွက်မတတ် အံ့ဩသွားစေသည့် အချက်မှာ လုံယီကို အမှုန့်ခြေပစ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်ထားသော ငွေရောင်ဘီလူးကြီးသည် ပထမဆုံး ထိတွေ့မှုမှာပင် နောက်သို့ တစ်လှမ်းဆုတ်သွားရပြီး သိသိသာသာ အရေးနိမ့်သွားခြင်းပင်။

ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ လုံယီသည် အဆက်မပြတ် ဖိတိုက်တော့သည်။ သဲအိတ်အရွယ်ရှိပြီး ငွေရောင်ဖျော့ဖျော့ ဝင်းလက်နေသော သူ၏ လက်သီးချက်များသည် ဘီလူးကြီးအပေါ်သို့ မိုးသီးများအလား ကျရောက်သွားတော့သည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း…

ငွေရောင်ဘီလူးကြီးမှာ မခံမရပ်နိုင်အောင် အထိုးခံရပြီး နောက်သို့ ဆုတ်ခွာနေရ၏။ ၎င်း၏ လက်သီးနှစ်ဖက်စလုံးမှာလည်း ပုံပျက်ကာ ရှုံ့တွသွားရသည်။ အခိုက်အတန့်တစ်ခုတွင် လုံယီသည် လေထဲသို့ ခုန်တက်လိုက်သည်။

လက်သီးတစ်ချက်မှာ ဘီလူးကြီး၏ လည်ချောင်းသို့ ထိမှန်သွားပြီး အက်ကွဲကြောင်းကြီး ပေါ်လာတော့သည်။ ဘီလူးကြီး၏ ဦးခေါင်းမှာ ဆက်လက် မတည်မြဲနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဂြွတ်…

ငွေရောင်ဘီလူးကြီးမှာ အဖြူရောင် မီးခိုးငွေ့များအဖြစ် ပျက်စီးသွားပြီး နောက်ဆုံးတွင် အက်ကွဲကြောင်းများ ပြည့်နေသည့် ငွေရောင်မှော်စာရွက်အဖြစ် ပြန်လည်ပြောင်းလဲကာ မြေပြင်ပေါ်သို့ အသာအယာ ကျဆင်းသွားတော့သည်။

“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

အမျိုးသမီးကျင့်ကြံသူမှာ မယုံကြည်နိုင် ဖြစ်နေသည်။ ဂိုဏ်းဝင်ကျင့်ကြံသူများအကြားတွင် လူသားတစ်ဦး၏ အားအင်အကန့်အသတ်မှာ ပေါင်နှစ်သောင်းထက် မကျော်နိုင်ဘူးဟု လက်ခံထားကြသည်။ သို့သော် သူမရှေ့ရှိ ဤသိုင်းသမားမှာ ဘီလူးကြီး၏ အားအင်ကိုပင် ကျော်

လွန်နေသဖြင့် အနည်းဆုံး အားအင် ပေါင်လေးသောင်းခန့် ရှိနေခြင်းပင်။

သူ့ခန္ဓာကိုယ်ထဲမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေရမယ်။

အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် လောဘရိပ်များ ဝင်းလက်သွားသည်။

သူမသည် လုံယီကို တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုအလား ကြည့်လိုက်၏။ လုံယီမှာ သူမအနားသို့ ဆက်လက်တိုးကပ်လာသော်လည်း သူမမှာ တည်ငြိမ်နေဆဲဖြစ်ပြီး လက်ကိုမြှောက်ကာ သူ၏လမ်းကြောင်းကို ပိတ်ဆို့ရန် နောက်ထပ် ဖောက်ထွင်းမြင်ရသော လေတံတိုင်းတစ်ခုကို ဖန်တီးလိုက်ပြန်သည်။

လုံယီသည် ပုဆိန်ဖြင့် ထိုလေတံတိုင်းကို ထိုးနှက်သော်လည်း ဖောက်ထွင်းနိုင်ခြင်း မရှိပေ။ သူ မျက်မှောင်ကြုတ်လိုက်ချိန်မှာပင် သူ၏ စိတ်အာရုံမှာ ဗလာဖြစ်သွားသည်။ အဝေးတွင် ဓားပျံနှင့် လုံးထွေးနေသော အနက်ရောင်ပုဆိန်ကြီးမှာ အသက်ဓာတ် ကင်းမဲ့သွားပြီး မြေပြင်သို့ ပြုတ်ကျသွားတော့သည်။

အဆင့်မြင့်ပုဆိန်သိုင်း၏ လိုက်လံခြေရာခံခြင်း အတတ်မှာ ကြာရှည်မခံနိုင်ပေ။ ယခုအချိန်အထိ တောင့်ခံနိုင်ခြင်းမှာပင် သူ၏ အစွမ်းကုန် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

All Chapters