အခန်း (၂၀၇၃-၂၀၇၄)
Vol. 149 Ch. 2073-2074
အပိုင်း(၂၀၇၃)
သူတော်စင် ခွန်ရှူးက ပြုံးပြရင်း ချောင်စွေ့ဖုန်းကို ဆက်လက် ရှင်းပြလိုက်လေ၏။
“မာနုနယ်မြေရဲ့ အစောင့်အရှောက် နတ်ဘုရားက ပဲ့တင်ထပ် ဝိညာဉ် အဆင့် သူတော်စင်တွေကို ဂလက်ဆီထဲ ဝင်မလာအောင် တားဆီးထားတာပါ... အကယ်၍ ဒီဂလက်ဆီက မဟုတ်တဲ့ ပဲ့တင်ထပ် ဝိညာဉ် အဆင့် သူတော်စင်တွေ တစ်နည်းနည်းနဲ့ ရောက်လာခဲ့ရင် အဲဒီနတ်ဘုရားက အရေးယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်”
“အစောင့်အရှောက် နတ်ဘုရား ဟုတ်လား”
ချောင်စွေ့ဖုန်းနှင့် မီးခိုးရောင် နှင်းဆီတို့မှာ အံ့အားသင့်သွားရသည်။
ချောင်စွေ့ဖုန်းက ဆက်လက်၍ မေးမြန်းလိုက်၏။
“ဒီအစောင့်အရှောက် နတ်ဘုရားက ပဲ့တင်ထပ် ဝိညာဉ် အဆင့် သူတော်စင် တစ်ပါးလား”
သူတော်စင် ခွန်ရှူးက ခေါင်းညိတ်ပြပြီးမှ ခဏရပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“အဲဒီလိုလည်း ပြောလို့ရပါတယ်... ကျွန်တော်တို့ ဂလက်ဆီကို အဆုံးမဲ့ ကောင်းကင်ရဲ့ အစောင့်အရှောက် နတ်ဘုရားက စောင့်ရှောက်နေတာပါ...”
“သူက ဘယ်မှာလဲ... မာနုနယ်မြေထဲမှာလား...”
ချောင်စွေ့ဖုန်းက မေးလိုက်သည်။
သူတော်စင် ခွန်ရှူးက ထပ်မံ ခေါင်းညိတ်ပြသည်။ ထို့နောက် သူ၏ ညာဘက် လက်ညှိုးဖြင့် မည်သည့် ကျင့်စဉ်ကိုမဆို အထောက်အကူပြုနိုင်သည့် အာဏာရှင် ကျင့်စဉ်ရှိရာ လျှို့ဝှက်တံခါးကြီးဆီသို့ ညွှန်ပြလျက် ရှင်းပြသည်။
“အစောင့်အရှောက် နတ်ဘုရားက ဒီနန်းတော်ကြီးရဲ့ အမြုတေထဲမှာ အိပ်စက် အနားယူနေတာပါ... ကျွန်တော်လည်း အတိအကျတော့ မသိပေမယ့် အဲဒီနတ်ဘုရားဟာ ကျွန်တော့်သက်တမ်းထက် ပိုမိုစောစီးတဲ့ ဒီရှေးဟောင်း နန်းတော်ကြီးကို တည်ဆောက်ခဲ့သူရဲ့ ယုံကြည်ရတဲ့ လက်ရုံးတစ်ဦး ဖြစ်တယ်ဆိုတာတော့ သိပါတယ်...”
“...”
ချောင်စွေ့ဖုန်းသည် ဤအချက်အလက်များကြောင့် တုန်လှုပ်သွားရသည်။ သို့သော် ကောလာဟလအားလုံးမှာ မုသာဝါဒများ မဟုတ်ကြောင်း သိလိုက်ရသည်။
သို့သော်လည်း သူမသည် သူတော်စင် ခွန်ရှူး ပြောသမျှကို မျက်လုံးမှိတ် မယုံကြည်ပေ။ ထိုအစောင့်အရှောက် နတ်ဘုရားကို နိုးထလာစေမည့် အခြား အခြေအနေများလည်း ရှိနေနိုင်သေးသည် မဟုတ်ပါလား။
“ဒီလျှို့ဝှက်ချက်ကို သိတဲ့သူ နည်းနည်းပဲ ရှိတာပါ... အခုတော့ ခင်ဗျားလည်း အဲဒီအထဲမှာ ပါဝင်သွားပြီပေါ့”
ချောင်စွေ့ဖုန်းက ကျေးဇူးတင်သော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဂုဏ်ယူမိပါတယ်ရှင့်... ဒါပေမဲ့ ကျွန်မမှာ နောက်ထပ် မေးခွန်းတစ်ခု ရှိပါသေးတယ်”
“မေးပါ... ရပါတယ်”
သူတော်စင် ခွန်ရှူးက လိုလိုလားလားပင် ဆိုသည်။
“ရှင်တို့အားလုံးက သူတော်စင်တွေ ဖြစ်ပေမယ့် ဉာဏ်အလင်းရ သူတော်စင်တွေတော့ မဟုတ်ကြဘူးနော်... အကယ်၍ အစောင့်အရှောက် နတ်ဘုရားက ပဲ့တင်ထပ် ဝိညာဉ် အဆင့် သူတော်စင်တွေကိုပဲ တားဆီးတာဆိုရင် ဉာဏ်အလင်းရ သူတော်စင်တွေ ရောက်လာရင်ရော ဘယ်လိုလုပ်မလဲ... သူတို့က ဒီဂလက်ဆီကို လွှမ်းမိုးဖို့ မကြိုးစားဖူးဘူးလား၊ ဒါမှမဟုတ် သူတို့ ရောက်လာရင်ရော အစောင့်အရှောက် နတ်ဘုရားက နိုးလာမှာလား...”
ဤမေးခွန်းသည် မီးခိုးရောင် နှင်းဆီ၏ စိတ်ထဲတွင်လည်း ပေါ်ပေါက်နေခြင်း ဖြစ်သည်။
“ဉာဏ်အလင်းရ သူတော်စင်တွေက ဘယ်လောက်တောင် များနေမယ်လို့ ခင်ဗျား ထင်နေလို့လဲ... ထပ်ပြောရရင် ဉာဏ်အလင်းရ သူတော်စင်ဆိုတာ သူတို့ရဲ့ အစစ်အမှန် ဝိညာဉ်ကို အပြည့်အဝ သိမြင်သွားတဲ့ သူတော်စင်တွေပဲ... အများစုက ကျွန်တော်တို့ထက် သိပ်ပြီး စွမ်းအားမကြီးကြပါဘူး... သူတို့က အာရုံခံစားမှု ပိုကောင်းပြီး ဥပဒေသ စွမ်းအားတွေကို ပိုပြီး ထုတ်ဖော်နိုင်တာကလွဲရင် ကျွန်တော်တို့ကြားမှာ ကွာခြားချက် သိပ်မရှိဘူးလို့တောင် ပြောလို့ရပါတယ်...”
“ဒါပေမဲ့...”
ချောင်စွေ့ဖုန်းက ထိုအချက်ကို ငြင်းဆိုရန် ပြင်လိုက်သော်လည်း သူတော်စင် ခွန်ရှူးက သိတတ်သော အပြုံးဖြင့် ကြားဖြတ် ပြောလိုက်သည်။
“မိန်းကလေးချောင်ရဲ့ အတွေးက လုံးဝ မှားနေတာတော့ မဟုတ်ပါဘူး... ကွာခြားချက် ရှိတာတော့ မှန်ပေမယ့် သိပ်ပြီးတော့ များများစားစား မဟုတ်ပါဘူး... ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာဆိုရင် ဉာဏ်အလင်းရ သူတော်စင်တစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်း ရှိပါတယ်... ဥပမာ ပြောရရင် ပဲ့တင်ထပ် ဝိညာဉ်အဆင့် ကျွမ်းကျင်သူ အများစုဟာ အစစ်အမှန် ဝိညာဉ်အဆင့်ကို တစ်ခါမှ မရောက်ဖူးကြဘူး... ဒါက ကြယ်တာရာ အမြုတေအဆင့်နဲ့ လျှို့ဝှက်တက်လှမ်းခြင်း အဆင့်ကြားက လျှို့ဝှက်ကြယ်တာရာအဆင့်လိုမျိုး ကြားအဆင့်တစ်ခုပဲ... ဒါက အဆင့်မြင့်တဲ့ အသိုင်းအဝိုင်းမှာ လူသိများတဲ့ အချက်ပါပဲ”
“တကယ်တော့ အဲဒီအဆင့်ကို ရောက်ဖို့ ကြိုးစားတာက ကိုယ့်ရဲ့ အလားအလာတွေကို ကုန်ဆုံးစေပြီး နှစ်ပေါင်းများစွာ အချည်းနှီး အားထုတ်ရတာမျိုး ဖြစ်နိုင်ပါတယ်... လျှို့ဝှက် ကြယ်တာရာ အဆင့်မှာ အခြေခံကို ပိုပြီး ခိုင်မာအောင် လုပ်ဖို့ ကြိုးစားရင်း ပျက်စီးသွားကြတဲ့ ပါရမီရှင်တွေ အများကြီး ရှိပါတယ်... အဲဒီ ပါရမီရှင်တွေဟာ အစပိုင်းမှာ အားကောင်းမောင်းသန် ရှိနေကြပေမယ့် လျှို့ဝှက် အာဏာရှင် အဆင့်ဆိုတာ နားလည်သဘောပေါက်မှု အပေါ်မှာ အခြေခံတာပါ... အဆင့်တစ်ခုချင်းစီက နောက်အဆင့်ထက် အများကြီး သာလွန်ပါတယ်... တစ်သက်လုံးမှာ မြေကြီးရှန့်ထိုအဆင့်ကို မရောက်နိုင်ဘူးဆိုရင် လျှို့ဝှက် ကြယ်တာရာ အဆင့်မှာ ဘယ်လောက်ပဲ ထူးချွန်နေပါစေ ဘယ်သူက ဂရုစိုက်မှာလဲ... ထပ်ပြောရရင် ကိုယ့်ရဲ့ သက်တမ်းကို အချည်းနှီး ကုန်ဆုံးစေပြီး လျှို့ဝှက်ဝိညာဉ်အဆင့်ကိုတောင် မရောက်နိုင်ဘဲ သေသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်”
“မိန်းကလေးချောင် အနေနဲ့ လျှို့ဝှက် ကြယ်တာရာ အဆင့်နဲ့ အစစ်အမှန် ဝိညာဉ်အဆင့်တွေဟာ အရေးကြီးတဲ့ ကျင့်ကြံခြင်း အဆင့်တွေလို့ ထင်ကောင်းထင်နိုင်ပေမယ့် အဲဒီအဆင့်တွေကို ရောက်ဖို့ ကြိုးစားရတဲ့ အန္တရာယ်က ခင်ဗျား ထင်ထားတာထက် အများကြီး ပိုပါတယ်”
သူတော်စင် ခွန်ရှူးက ခဏရပ်ကာ သက်ပြင်းချလိုက်ပြီး စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။
“ကျွန်တော့်ရဲ့ နောက်မျိုးဆက်တွေထဲမှာ ထူးခြားတဲ့ ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်စားကြတဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ သူတို့ရဲ့ ပါရမီက အံ့မခန်း ဖြစ်သလို အနာဂတ်ကလည်း လင်းလက်နေတဲ့ ကြယ်တစ်စင်းလိုပဲ... သူတို့က လျှို့ဝှက် ကြယ်တာရာ အဆင့်ကို ဝင်ရောက်ပြီး အခြေခံကို ထပ်ပြီး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်... ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက်မှာ လူငယ်ပေါင်း လေးဆယ့်သုံးယောက် ရှိခဲ့ပါတယ်... ကျွန်တော် ကိုယ်တိုင် အစွမ်းကုန် ကူညီပေးခဲ့ပေမယ့် တစ်ယောက်မှ မအောင်မြင်ခဲ့ပါဘူး”
“လူအနည်းငယ်ပဲ သိကြတဲ့ အချက်ကတော့ အဲဒီလမ်းစဉ်ကို လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ လျှို့ဝှက်ခန္ဓာကိုယ်ကို တည်ဆောက်နိုင်ဖို့၊ လျှို့ဝှက်အမြုတေကို မြှင့်တင်ဖို့နဲ့ အသိစိတ်ပင်လယ်ကို အခြေခံပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ အတိုင်းအတာအထိ ခိုင်မာအောင် လုပ်နိုင်ဖို့ လိုအပ်ပါတယ်... ဒါမှမဟုတ်ရင် နောက်အဆင့်ဖြစ်တဲ့ လျှို့ဝှက်ဝိညာဉ်အဆင့်ကို တက်လှမ်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး... ပြင်ဆင်မှု မရှိဘဲ လုပ်ရင် သေသွားနိုင်ပါတယ်”
“ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရရှိနိုင်မှုနဲ့ အထူးသဖြင့် ဆေးဖော်စပ်တဲ့ အမြန်နှုန်းကြားက ကွာခြားချက်ကို ရှင်းပြဖို့ ခက်ပါတယ်... သူတို့အတွက် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တွေကို ကျွန်တော် လွယ်လွယ်ကူကူ ပေးနိုင်ပေမယ့် ကျင့်ကြံဖို့အတွက် လျှို့ဝှက်မြေကြီးအဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေ လိုအပ်လာတဲ့အခါမှာတော့... ကျွန်တော့်အတွက်တောင် လုံလောက်အောင် မရှိပါဘူး... ပြီးတော့ အဲဒီဆေးတွေကို ဖော်စပ်ဖို့ ဆယ်စုနှစ်ကနေ ရာစုနှစ်တွေအထိ ကြာတတ်တာပါ”
ဤစကားများကို မီးခိုးရောင် နှင်းဆီမှာ စိတ်ထဲ နှလုံးသားထဲမှ သဘောတူလိုက်မိသည်။ အသူရာဂလက်ဆီဖြူသည် သာယာဝပြောသော ဂလက်ဆီဖြစ်သည်မှာ ငြင်းစရာ မရှိသော်လည်း အဂ္ဂိရတ် အမွေအနှစ်နှင့် အဂ္ဂိရတ် ရှန့်ထိုများမှာမူ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။
သူမသည် ကျင့်ကြံခြင်းအတွက် သို့မဟုတ် အာဏာရှင် ကျင့်စဉ်များကို လေ့ကျင့်ပြီးနောက် စွမ်းအင်များ ပြန်လည် ဖြည့်တင်းရန်အတွက် လျှို့ဝှက်လောကအဆင့် အရင်းအမြစ် တစ်ခုတည်းကိုပင် နှစ်ပေါင်းများစွာကြာအောင် သီးသန့်ကျင့်ကြံကာ ဖော်စပ်ခဲ့ရသည်။ သူမသည် မသန့်စင်သည် အဂ္ဂိရတ် ထုတ်ကုန်များကိုပင် အားကိုးခဲ့ရသည်။ အကယ်၍ သူမတွင် ရည်မှန်းချက်ကြီးကြီးမားမား မရှိခဲ့လျှင် လျှို့ဝှက်အရှင် တစ်ဦး ဖြစ်လာလိမ့်မည် မဟုတ်ပေ။
လျှို့ဝှက်တက်လှမ်းခြင်း အဆင့်သည် နားလည်သဘောပေါက်မှုပေါ်တွင် အခြေခံသော်လည်း ဤသည်မှာ ကျင့်ကြံခြင်း လမ်းစဉ်အတွက်သာ ဖြစ်သည်။ ဝူယု၏ သွေးမူလကျင့်စဉ်ကဲ့သို့သော စွမ်းအင်သိုလှောင်မှုနှင့် ဒုတိယမြောက် အတွင်းကိုင်း လောကကို ဖန်တီးပေးသည့် ကျင့်စဉ်များအတွက်မူ ထပ်ဆောင်း အရင်းအမြစ်များ လိုအပ်သည်။
ဤကဲ့သို့သော ကျင့်စဉ်များသည် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ဆုံးဖြတ်ပေးခြင်း ဖြစ်ပြီး စွမ်းအား မရှိလျှင် သူတစ်ပါး သတ်ဖြတ်ခြင်းကို ခံရမည့် သိုးသူငယ်များသာ ဖြစ်သည်။ ဝေ့ဝူယင်၏ ကူညီမှုသာ မရှိခဲ့လျှင် ဝူယုသည် သွေးမူလကျင့်စဉ်ကို ဆယ်စုနှစ်တစ်ခုအတွင်း ပြီးမြောက်အောင် မြင်လိမ့်မည် မဟုတ်ပေ။ ဝေ့ဝူယင် အစွမ်းကုန် ကူညီပေးသည့်တိုင်အောင် ထိုမျှလောက် အချိန်ယူခဲ့ရခြင်း ဖြစ်သည်။
သူတော်စင် ခွန်ရှူး၏ မျက်ဝန်းများတွင် ဝမ်းနည်းဖွယ် အတိတ်ပုံရိပ်များ ထင်ဟပ်လာသည်။
“အထူးသဖြင့် ခန္ဓာကိုယ် တည်ဆောက်ပုံ မရှိရင် အဆင့်တက်သွားပေမယ့် ပါရမီက သိပ်ပြီး မပြောင်းလဲဘူးဆိုတာကို ကျွန်တော် သူတို့ကို အကြိမ်ကြိမ် ပြောခဲ့ပါတယ်... သူတို့က လေးလေးစားစား ပြန်ပြောကြပေမယ့် ကျွန်တော့်စကားကို တစ်ခါမှ အလေးအနက် မထားခဲ့ကြဘူး... ဘာမှ မပြောင်းလဲသွားပါဘူး”
ထိုလမ်းစဉ်ကို လိုက်စားရင်း ပျက်စီးသွားရသည့် လူငယ်ပေါင်း မည်မျှ ရှိခဲ့ပါသနည်း။
“ကျင့်ကြံခြင်းက ခက်ခဲတယ်”
သူတော်စင် ခွန်ရှူး၊ မီးခိုးရောင် နှင်းဆီနှင့် ချောင်စွေ့ဖုန်းတို့ သုံးဦးစလုံးသည် တစ်ပြိုင်နက်တည်း၊ တစ်သံတည်း ပြောလိုက်မိကြသည်။ ဤသည်မှာ ထူးဆန်းလှသော်လည်း သူတို့၏ စကားများ ထပ်တူကျသွားခြင်းအပေါ် မည်သူမျှ အံ့အားမသင့်ကြပေ။
ချောင်စွေ့ဖုန်းသည် အစစ်အမှန် သူတော်စင်အဆင့်၊ အစစ်အမှန် ဝိညာဉ်အဆင့်နှင့် ပဲ့တင်ထပ် ဝိညာဉ်အဆင့်တို့၏ အသေးစိတ် အချက်အလက်များကို သေချာ မသိသော်လည်း ကျင့်ကြံခြင်း၏ ခက်ခဲမှု၊ ဆေးဖော်စပ်ရန် အချိန်အကြာကြီး စောင့်ရမှုနှင့် တစ်ဦးတည်း ကျင့်ကြံရသည့် အထီးကျန်မှုများကိုမူ အပြည့်အဝ နားလည်နေပေသည်။
“...”
***
အပိုင်း(၂၀၇၄)
မာနုနယ်မြေအတွင်း တည်ရှိနေသော အစောင့်အရှောက် နတ်ဘုရားဟူသည့် အံ့အားသင့်ဖွယ် ခေါင်းစဉ်မှသည် ကျင့်ကြံခြင်း၏ ခက်ခဲပင်ပန်းမှုများဆီသို့ စကားဝိုင်းမှာ ရုတ်ချည်း ကူးပြောင်းသွားခဲ့သည်။ ဤသည်မှာ သူတော်စင် ခွန်ရှူး၏ တမင်ရည်ရွယ်ချက်လား၊ သို့မဟုတ် အမှတ်မထင် ဖြစ်သွားခြင်းလား ဆိုသည်မှာ ခွဲခြားရန် ခက်ခဲလှပေသည်။
မီးခိုးရောင် နှင်းဆီသည် ချောင်စွေ့ဖုန်းကို လှည့်ကြည့်လိုက်သည်။ ချောင်စွေ့ဖုန်းသည်လည်း မီးခိုးရောင် နှင်းဆီ၏ အကြည့်ကို သိရှိသဖြင့် သူမ၏ စိတ်ထဲတွင် စွဲထင်နေသော ပုံရိပ်တစ်ခုကို အာရုံပြုလိုက်ရင်း စိတ်မချမ်းမြေ့ဖွယ် အငွေ့အသက်များကို ဖယ်ထုတ်လိုက်သည်။ ထိုပုံရိပ်မှာ သူမ၏ နှလုံးသားတစ်ခုလုံးကို ကြီးစိုးထားသည့်၊ အထူးသဖြင့် ချစ်တင်းနှောရာတွင်ပင် အနှိုင်းမဲ့သော စွမ်းဆောင်ရည်နှင့် ခန့်ညားမှု ရှိသည့် ပုဂ္ဂိုလ်၏ ပုံရိပ်ပင် ဖြစ်သည်။
သူမအတွက် မျှော်လင့်ချက်မဲ့သည့် အစွန်းဖျားတွင် ရုန်းကန်ခဲ့ရသော နေ့ရက်များမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး ယခုရရှိထားသော ပျော်ရွှင်မှုများက သူမ၏ ဝိညာဉ်ကို လွတ်လပ်ပေါ့ပါးစေခဲ့သည်။ ထို့နောက်တွင်မှ သူမသည် မီးခိုးရောင် နှင်းဆီကို ခွင့်ပြုသည့် အကြည့်မျိုးဖြင့် ပြန်ကြည့်လိုက်သည်။
လျှို့ဝှက်အရှင်၏ မျက်ဝန်းများမှာ ဝမ်းသာအားရ ဝင်းလက်သွားပြီး ရှေ့သို့ တစ်လှမ်းတိုးလျက် မေးမြန်းလိုက်သည်။
“သူတော်စင် ခွန်ရှူး... ရှင့်အနေနဲ့ အစွမ်းကုန် ကူညီပေးခဲ့ပေမယ့် ပါရမီရှင်တွေ ပေါ်ထွန်းလာဖို့ မအောင်မြင်ခဲ့ဘူးလို့ ပြောခဲ့တယ်နော်... ပြီးတော့ လျှို့ဝှက်မြေကြီးအဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေလည်း လိုအပ်နေတယ်လို့ ဆိုတယ်... ဒီဂလက်ဆီရဲ့ အဂ္ဂိရတ်တာအို အခြေအနေက ဘယ်လိုရှိလဲဆိုတာ သိပါရစေဦး”
ဤမေးခွန်းကြောင့် ချောင်စွေ့ဖုန်းနှင့် သူတော်စင် ခွန်ရှူးတို့ နှစ်ဦးစလုံး၏ မျက်ဝန်းတွင် အံ့သြရိပ်များ ယှက်သန်းသွားသည်။ အမည်မဲ့ ဂလက်ဆီ၏ အဂ္ဂိရတ်တာအို အဆင့်အတန်းကို အပေါ်ယံအားဖြင့် သိရှိရန် မခက်ခဲသော်လည်း ထိုဂလက်ဆီတွင် ကြာရှည်စွာ နေထိုင်ခဲ့သူများသာ သိရှိနိုင်သည့် နက်နဲသော အချက်အလက်များ ရှိနေသောကြောင့် ဖြစ်သည်။
လော့နင်သည်လည်း ဤကာလတိုအတွင်း အဂ္ဂိရတ် ပညာရှင် အချို့နှင့် ထိတွေ့ခဲ့သော်လည်း အမည်မဲ့ ဂလက်ဆီ၏ အဂ္ဂိရတ်တာအို အဆင့်အတန်း အစစ်အမှန်ကို သေချာ သိရှိလိမ့်ဦးမည် မဟုတ်ပေ။ အဂ္ဂိရတ်တာအို အဆင့်အတန်းကို ဆုံးဖြတ်ရာတွင် လက်ရှိရှိနေသော အဂ္ဂိရတ် ပညာရှင် အရေအတွက်၊ အဂ္ဂိရတ် အမွေအနှစ်များ၏ အမြင့်ဆုံး အကန့်အသတ်၊ အမျိုးအစားများနှင့် ဆေးဖော်စပ်မှု နှုန်းထားများအပြင် သူတို့ကို မြေကြီးရှန့်ထို အဂ္ဂိရတ် ပညာရှင် သို့မဟုတ် သေမျိုးရှန့်ထို အဂ္ဂိရတ် ပညာရှင်ဟု သတ်မှတ်ပေးသည့် စံနှုန်းများမှာ အလွန်ပင် အရေးကြီးလှသည်။
ဥပမာအားဖြင့် အာရုဏ်ဦး အင်ပါယာ၏ အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့တွင် အဂ္ဂိရတ် ပညာရှင် တစ်ဦးအဖြစ် အသိအမှတ်ပြုခံရရန် သတ်မှတ်ထားသော အဂ္ဂိရတ် ထုတ်ကုန် အမျိုးအစား လေးမျိုးစလုံးတွင် အောင်မြင်မှု နှုန်းထား တစ်ခုကို မဖြစ်မနေ ရရှိရန် လိုအပ်သည်။ ထို့အပြင် ဆေးဖော်စပ်နည်း ၃၃ မျိုးကို အသုံးပြု၍ အနည်းဆုံး အဂ္ဂိရတ် ထုတ်ကုန် ၁၀ မျိုးကို အဆင့်နိမ့်၊ အဆင့်မြင့် သို့မဟုတ် အထွတ်အထိပ် အဆင့် ရရှိအောင် ဖော်စပ်နိုင်မှသာ ဘွဲ့အမည်များကို အသိအမှတ်ပြုခြင်း ဖြစ်သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ယခင် အထွေထွေ စံနှုန်းမှာ အဂ္ဂိရတ် ထုတ်ကုန် အမျိုးအစား တစ်မျိုးတည်း (ဥပမာ- အခြေခံအကျဆုံး အမတေ ဆေးလုံး) ကို ဆယ်လုံး ဖော်စပ်လျှင် နှစ်လုံး အောင်မြင်ရုံ (၂၀ ရာခိုင်နှုန်း) ဖြင့် ထိုအဆင့်ရှိ အဂ္ဂိရတ် ပညာရှင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
အဆင့်ကိုး အမတေ ဆေးလုံးကို ဆယ်လုံးဖော်စပ်ရာတွင် အဆင့်နိမ့် အရည်အသွေးဖြင့် နှစ်လုံး အောင်မြင်သူကို ထိပ်တန်း သေမျိုး ဧကရာဇ် အဂ္ဂိရတ် ပညာရှင်ဟု သတ်မှတ်ကြသည်။
ဤအချက်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် သေမျိုးဧကရာဇ် အဂ္ဂိရတ် ပညာရှင် အရေအတွက် သုံးသန်းခန့် ရှိသော်လည်း ထိပ်တန်းနှင့် မဟာဧကရာဇ် အဂ္ဂိရတ် ပညာရှင် အရေအတွက်မှာ ၅၀၀ ကျော်သာ ရှိရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
ဤစံနှုန်းသည် အဂ္ဂိရတ် ပညာရှင် အရေအတွက်ကို မုသာဝါဒဖြင့် မြှင့်တင်ပေးထားသကဲ့သို့ ရှိသည်။ အာရုဏ်ဦး အင်ပါယာတွင်မူ အမတေ ဆေးလုံးကဲ့သို့သော အဂ္ဂိရတ် ထုတ်ကုန်များကို အောင်မြင်မှု မှတ်တမ်းအဖြစ်ပင် ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
ရွှယ်ယီဖေး၏ ကြိုးပမ်းမှုကြောင့် အဂ္ဂိရတ်တာအို စံနှုန်းများကို ပြောင်းလဲခဲ့ရာ အောင်မြင်မှု နှုန်းထားကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ရုံမျှမက အချို့သော အဂ္ဂိရတ် ထုတ်ကုန်များကိုလည်း စံနှုန်းအတွင်းမှ ပယ်ဖျက်ခဲ့သည်။ ဤသည်မှာ သာမန်အားဖြင့် ကြည့်လျှင် သိပ်မထူးခြားဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဧကရာဇ် အဂ္ဂိရတ် ပညာရှင် နှစ်သန်းကျော်မှာ ဘွဲ့အမည် ဆုံးရှုံးသွားခဲ့ရသည်။ သေမျိုး ရှန့်ထို အဂ္ဂိရတ် ပညာရှင်များ အတွက်မူ အစကတည်းက အဂ္ဂိရတ် ကြယ်တာရာများ ရှိရန် လိုအပ်သဖြင့် ၎င်းတို့ကို ပိုင်ဆိုင်ခြင်းကသာ အကောင်းဆုံး စံနှုန်း ဖြစ်လာပြီး ထိပ်တန်းနှင့် မဟာ ဘွဲ့ထူးများအတွက် စံနှုန်းများကိုလည်း မြှင့်တင်ခဲ့သည်။
အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ အဂ္ဂိရတ်တာအိုမှာ သိသိသာသာ အားနည်းလှသည်။ အဘိဿဲလ် အရှင်သခင် သုံးဦးသည် ဝေ့ဝူယင်မှာ လောကရှန့်ထို အဂ္ဂိရတ် ပညာရှင် ဖြစ်ကြောင်း သိလိုက်ရသောအခါ လျှို့ဝှက်အရှင် ခရမ်းရောင်ပင်လယ်ကို အကြီးအကျယ် ဒေါသထွက်ခဲ့ကြသည်။
သူတို့တွင် အဘိဿဲလ် မျိုးနွယ်စုအတွက် သီးသန့် အဂ္ဂိရတ် အမွေအနှစ် သုံးခု ရှိသော်လည်း အဆင့်မြင့် အမွေအနှစ်များကို ဆက်ခံနိုင်လောက်သည့် အရည်အချင်းရှိသူ မရှိသကဲ့သို့ လျှို့ဝှက်မြေကြီးအဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်နိုင်ရန်ပင် မဖြစ်နိုင်သလောက် ရှိနေသည်။
အခြေအနေမှာ ဆိုးရွားလွန်းလှသဖြင့် အဘိဿဲလ် အရှင်သခင်များက ထိုအမွေအနှစ် သုံးခုစလုံးကို ဝေ့ဝူယင်ထံ ရောင်းချမည်ဟု ကြေညာသောအခါ မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။ မရေရာသော ဆေးဖော်စပ်နည်းများထက် လက်တွေ့အသုံးချနိုင်သော အဂ္ဂိရတ် ထုတ်ကုန်များကိုသာ သူတို့က ပိုမို အလိုရှိကြသည်။
မီးခိုးရောင် နှင်းဆီ၏ မေးခွန်းမှာ ရိုးရှင်းသော်လည်း အမည်မဲ့ ဂလက်ဆီကဲ့သို့ အရင်းအမြစ် ကြွယ်ဝသော လောကကြီး၏ အဓိက ပြဿနာကို ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။
“ဒါကတော့...”
သူတော်စင် ခွန်ရှူးသည် ခေတ္တမျှ စကားထစ်သွားပြီးမှ သက်ပြင်းချလိုက်သည်။
“ကျွန်တော်တို့ ဂလက်ဆီဟာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပြီး အဖွဲ့အစည်း အတော်များများနဲ့ ကုန်သွယ်မှု လုပ်လေ့ ရှိပါတယ်... ဒါပေမဲ့ သူတို့နဲ့ နီးကပ်လွန်းတာရယ်၊ သူတို့က လျှို့ဝှက်ချက်တွေကို အသေအလဲ ထိန်းသိမ်းတာရယ်ကြောင့် ကျွန်တော်တို့ရဲ့ ပါရမီရှင် လူငယ် အဂ္ဂိရတ် ပညာရှင် အတော်များများဟာ အဲဒီကို သွားပြီး အကြာကြီး နေထိုင်တတ်ကြတယ်... ကျွန်တော်တို့တင် မဟုတ်ပါဘူး၊ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီနဲ့ အိမ်နီးချင်း ဖြစ်တဲ့ တခြား ဂလက်ဆီတွေလည်း ဒီလိုပါပဲ... သူတော်စင် အိုအေစစ်မြစ်ဟာ မကြာသေးခင်ကတင် ပါရမီရှင်တစ်သိုက်နဲ့ ငွေကြေးအမြောက်အမြားကို ယူပြီး ကျွန်တော်တို့ သူတော်စင်တွေအတွက် အဂ္ဂိရတ် ထုတ်ကုန်အချို့ သွားဝယ်ပေးခဲ့ရပါတယ်”
“ဒီအခြေအနေက ထူးဆန်းတာတော့ မဟုတ်ပါဘူး... အဂ္ဂိရတ်တာအိုဆိုတာ လျှောက်လှမ်းဖို့ အခက်ခဲဆုံး လမ်းစဉ်တွေထဲက တစ်ခုပဲလေ... အဂ္ဂိရတ် ဝိညာဉ်ကို ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တာဟာ ကိုယ့်ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းနဲ့ လျော်ညီတဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို စွန့်လွှတ်လိုက်ရတာနဲ့ တူတူပါပဲ... ဒါပေမဲ့ ခိုင်မာတဲ့ အမွေအနှစ်နဲ့ သင်ကြားပြသပေးမယ့်သူ ရှိဖို့ဆိုတာ အဖိုးတန်တဲ့ အခွင့်အရေး တစ်ခုပါပဲ”
“ဒါတောင်မှ အဂ္ဂိရတ် ထုတ်ကုန်တွေရဲ့ ဈေးနှုန်းက အဆမတန် မြင့်မားနေတုန်းပါပဲ... ဒါက လိုအပ်ချက်နဲ့ ထုတ်လုပ်မှု မမျှတလို့ပါပဲ... ကျွန်တော်တို့မှာ အရင်းအမြစ်တွေ အဆုံးမဲ့ ရှိနေပေမယ့် အဲဒီထဲမှာ ပါဝင်နေတဲ့ စွမ်းအင်တွေနဲ့ အမတေတွေက မတည်ငြိမ်သလို ပေါင်းစပ်ဖို့လည်း မလွယ်ကူတာကြောင့် ဖော်စပ်ရတာ သိပ်ကို အန္တရာယ် များပါတယ်... ဒါကြောင့် သာမန်လမ်းစဉ်ကို လိုက်ဖို့ဆိုတာတောင် ဆေးဖော်စပ်ချိန် ကြာမြင့်မှုနဲ့ ကိုယ့်ရဲ့ ကျင့်ကြံခြင်း အခြေခံ၊ ကျင့်စဉ်တွေနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေကို ရှာဖွေရတာနဲ့တင် ခက်ခဲနေပါပြီ”
“ကျွန်တော်တို့ရဲ့ အဂ္ဂိရတ် စံနှုန်းတွေကတော့ အများလက်ခံထားတဲ့ စံနှုန်းတွေနဲ့ သိပ်မကွာပါဘူး... နယ်မြေ ၃၄ ခုလုံးမှာ အတူတူပါပဲ... အဂ္ဂိရတ် ထုတ်ကုန် အမျိုးအစား တစ်မျိုးတည်းကို ၃၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ဒါမှမဟုတ် ဆေးတောင့် မဟုတ်တဲ့ အမျိုးအစားကို ၅၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ရှိရပါမယ်... အရည်အသွေးကတော့ အနည်းဆုံး အဆင့်နိမ့် ရှိရမှာပေါ့”
“ကျွန်တော်တို့မှာ လျှို့ဝှက်လောကအဆင့် အဂ္ဂိရတ် အမွေအနှစ် ၁၁ ခု ရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းလောက်တုန်းက အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီနဲ့ ကုန်သွယ်မှု လုပ်ရာကနေ ရခဲ့တဲ့ လျှို့ဝှက်ကောင်းကင်အဆင့် အဂ္ဂိရတ် အမွေအနှစ် တစ်ခု ရှိပါတယ်... အဲဒီ ကုန်သွယ်မှုကြောင့် ကျွန်တော်တို့ အကြီးအကျယ် ထိခိုက်ခဲ့ရပေမယ့် ရလဒ်ကတော့ လိမ်လည်ခံလိုက်ရတာပါပဲ”
“အဲဒီလောက်တောင် များတာလား”
လျှို့ဝှက်လောကအဆင့် အမွေအနှစ် ၁၁ ခုနှင့် အထူးသဖြင့် လျှို့ဝှက်ကောင်းကင်အဆင့် အမွေအနှစ် တစ်ခုရှိကြောင်း ကြားလိုက်ရသဖြင့် မီးခိုးရောင် နှင်းဆီ တုန်လှုပ်သွားသည်။ အဖြူရောင် အဘိဿဲလ် ဂလက်ဆီတွင်မူ သမိုင်းတစ်လျှောက်လုံးမှ စုဆောင်းခဲ့သည့် အမွေအနှစ် သုံးခုသာ ရှိသည် မဟုတ်ပါလား။
“လိမ်လည်ခံရတယ် ဟုတ်လား”
ချောင်စွေ့ဖုန်းကတော့ ထိုစကားရပ်ကို ပိုမို အာရုံစိုက်လိုက်သည်။ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်တစ်ဦး၏ အမွေအနှစ်မှာ အလွန်ပင် မြင့်မားလှသဖြင့် ဝေ့ဝူယင်အတွက် ရယူပေးချင်သော စိတ်ဆန္ဒ ပေါ်ပေါက်လာသည်။ သို့သော် လိမ်လည်ခံရသည်ဟု ဆိုသောအခါ သူမ သိလိုစိတ် ပြင်းပြသွားသည်။ အမည်မဲ့ ဂလက်ဆီ၏ သူတော်စင်များသည် မည်ကဲ့သို့ လိမ်လည်ခံခဲ့ရသနည်း။
သူမ၏ စိတ်ထဲတွင် အဂ္ဂိရတ် အမွေအနှစ် ဆိုသည်မှာ အဂ္ဂိရတ် နည်းစနစ်များနှင့် ဆေးဖော်စပ်နည်းများ ပါဝင်သော အရာဟု ထင်မှတ်ထားသည်။ ထိုဆေးဖော်စပ်နည်းများမှာ ထာဝရ ဧကရာဇ်၏ ထာဝရ တက်လှမ်းခြင်း ဆေးလုံး၊ ထာဝရ ပြန်လည်မွေးဖွားခြင်း ဆေးလုံး သို့မဟုတ် အာရုဏ်ဦး နေမီးတောက် ဆေးလုံးတို့ကဲ့သို့ ပါရမီရှင် အဂ္ဂိရတ် ပညာရှင်များ ဖန်တီးထားသည့် ထူးခြားသော အဂ္ဂိရတ် ထုတ်ကုန်များ ဖြစ်လိမ့်မည်ဟု သူမ ယူဆခဲ့သည်။
သို့သော် သူမ မှားယွင်းခဲ့သည်။
သူတော်စင် ခွန်ရှူးသည် ချောင်စွေ့ဖုန်းနှင့် မီးခိုးရောင် နှင်းဆီတို့မှာ အဂ္ဂိရတ်တာအို၏ အမွေအနှစ် ပြန့်ပွားပုံနှင့် ပတ်သက်၍ အရေးကြီးသော သတင်းအချက်အလက်များ လိုအပ်နေသည်ကို သိမြင်သဖြင့် ရှင်းပြလိုက်လေ၏။
***