← Chapters

အခန်း (၂၀၈၃-၂၀၈၄)

Vol. 149 Ch. 2083-2084

အခန်း (၂၀၈၃-၂၀၈၄)

Vol. 149 Ch. 2083-2084

အပိုင်း(၂၀၈၃)

ဖြစ်ပေါ်နေသည့် အခြေအနေများမှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှသဖြင့် သူတော်စင် ရှက်တပ်စဖင့်၏ မျက်နှာမှာ ပျက်ယွင်းသွားရသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။

မာနုနယ်မြေ တစ်ခွင်လုံးတွင် ထူးဆန်းသော မြင်ကွင်းများစွာ ပေါ်ပေါက်နေသည်။ ငွေရောင် ဆံပင်များနှင့် ချောမောသော လူငယ်တစ်ဦးသည် တံခါးပေါ်ရှိ လျှို့ဝှက်သင်္ကေတ အချို့ကို ဝါးစားပစ်လိုက်သဖြင့် သူတော်စင် တစ်ဦးနှင့် ရန်ပွဲဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်။ သူတော်စင် ခတ်ပရီ မှာ ထိုသို့ ဖြစ်နိုင်လိမ့်မည်ဟုပင် မထင်မှတ်ထားခဲ့ပေ။ ထိုလူငယ်က သင်္ကေတများကို မညှာမတာ ဝါးစားနေသည်ကို ကြည့်ပြီး သူ အချိန်အတော်ကြာ မှင်သက်နေခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ခတ်ပရီ ထိုထူးဆန်းသော လူငယ်ကို ဖမ်းဆီးရန် သူ၏ ဝိညာဉ်အော်ရာကို ထုတ်ဖော်လိုက်စဉ်မှာပင် သင်္ကေတများမှာ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ တံခါး၏ လုပ်ဆောင်ချက်များကို ထိခိုက်မှု မရှိကြောင်းနှင့် ထိုလူငယ်မှာ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုနှင့်အတူ ရောက်ရှိလာသော နယ်ခြားသားများထဲမှ တစ်ဦးဖြစ်ကြောင်း အခြားသူတော်စင်များက သတိပေးလိုက်သဖြင့် သူတော်စင် ခတ်ပရီမှာ ဒေါသကို ထိန်းချုပ်လိုက်ရသည်။

ကျူးဟိုင်၏ နီရဲသော မျက်ဝန်းများက သူတော်စင် ခတ်ပရီကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ သူတော်စင်တစ်ဦး၏ ဝိညာဉ်အော်ရာဖြင့် ဖိနှိပ်ခံလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်သော အော်ရာများ ထွက်ပေါ်လာနေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက လင်းမင်းနှင့် တိုက်ခိုက်ခဲ့စဉ်ကပင် သူသည် ဝေ့ဝူယင်အတွက် ဘယ်သောအခါမျှ စိတ်ပျက်စရာ မဖြစ်စေမည့် အစွယ်နှင့် လက်သည်းများ ဖြစ်လာစေရမည်ဟု ကျိန်ဆိုခဲ့သူ ဖြစ်ရာ ယခုလည်း သူ တိုက်ခိုက်ရန် ပြင်လိုက်ခြင်း ဖြစ်သည်။

စုမေ့ ရောက်ရှိလာကာ ဝေ့ဝူယင်၏ ကိုယ်စားလှယ်အဖြစ် မတားဆီးခဲ့ပါက မူလအာဏာရှင်တစ်ဦးနှင့် ရှေးဟောင်း သူတော်စင်တစ်ဦးတို့၏ ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားသွားမည်မှာ သေချာလှသည်။

သို့သော် ထူးဆန်းသည်မှာ သူတော်စင် ခတ်ပရီက ကျူးဟိုင်သည် သားရဲတစ်ပိုင်း တစ်ဦး ဖြစ်ကြောင်း သိလိုက်ရသောအခါ မှတ်ချက်တစ်ခု ပေးလိုက်ခြင်းပင်။

"မင်းတို့ရဲ့ ဧကရာဇ်ကို ပြောလိုက်ပါ... သူ့ရဲ့ သားရဲကို ကြိုးနဲ့ သေချာချည်ထားဖို့ပေါ့၊ ဒီတံခါးတွေရဲ့ တန်ဖိုးက လျှို့ဝှက်မြေကြီး ထုတ်ကုန်အချို့နဲ့ အစားထိုးလို့ ရမှာ မဟုတ်ဘူး"

သူ၏ မှတ်ချက်မှာ ထိခိုက်မှုများအတွက် လျော်ကြေးတောင်းရန် လမ်းစပျိုးခြင်းသာ ဖြစ်သော်လည်း ကျူးဟိုင်မှာ ထိုနေရာတွင်ပင် ခြေလှမ်းများ တန့်သွားပြီး စုမေ့ကလည်း သူ့ကို အေးစက်စက် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

သူတော်စင် ခတ်ပရီမှာ ထိုတုံ့ပြန်မှုကို မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။

"ဘာလဲ... မင်းတို့ နှစ်ယောက်လုံး ထွက်သွားလို့ ရပြီ"

သူသည် မိမိထက် အဆင့်နိမ့်သော ကျင့်ကြံသူနှစ်ဦးနှင့် တိုက်ခိုက်ပြီး လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်ကို အဖတ်ဆယ်မရအောင် အပြစ်မလုပ်လိုပေ။ သူ၏ မှတ်ချက်နှင့် ပတ်သက်၍လည်း ကျူးဟိုင်၏ ဇာစ်မြစ်နှင့် သူလုပ်ဆောင်ခဲ့သော အပြုအမူအရ မှားယွင်းသည်ဟု သူ မထင်ပေ။

စုမေ့က ညင်သာစွာ ပြောလိုက်၏။

"သွားရအောင်"

ကျူးဟိုင်သည် ပုံမှန်အားဖြင့် မည်သူ့စကားကိုမျှ နားထောင်လေ့မရှိသော်လည်း စုမေ့မှာ ဝေ့ဝူယင်၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေခြင်းကြောင့် မခုခံဘဲ ခန်းမထဲသို့ ထွက်ခွာသွားခဲ့လေသည်။

ကျူးဟိုင် ထွက်သွားသောအခါ သူတော်စင် ခတ်ပရီ၏ မျက်မှောင်ကြုတ်မှုမှာ ပိုမို နက်ရှိုင်းလာသည်။

"မင်းလည်း သွားလို့ရပြီ"

သူက စုမေ့ကို လက်ဟန်ပြလိုက်သည်။ စုမေ့ ရောက်လာပုံမှာ ထူးဆန်းသော်လည်း မာနုနယ်မြေသည် ထူးခြားသော အာကာသ လမ်းကြောင်းများ ရှိနေသောကြောင့် သူ သေချာ မသိနိုင်ပေ။

စုမေ့က သူတော်စင် ခတ်ပရီကို စိုက်ကြည့်ကာ သတိပေးလိုက်သည်။

"အစည်းအဝေး ပြီးတဲ့အခါမှာ နင် စောစောက ပြောခဲ့တဲ့ စကားတွေအတွက် တောင်းပန်ဖို့ ငါ အကြံပေးချင်တယ်။ တကယ်လို့ မတောင်းပန်ချင်ဘူး ဆိုရင်လည်း အဆင်ပြေပါတယ်"

သူသည် ထိုစကားကိုသာ ပြောပြီး ခန်းမတစ်ခုအတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူ၏ နောက်ဆုံးစကားကမူ သူတော်စင် ခတ်ပရီ၏ နားထဲတွင် ပဲ့တင်ထပ် ကျန်ရစ်ခဲ့လေသည်။

"အဲ့တာဆိုရင်... သူ့ရဲ့ ကျင့်ကြံခြင်း နှလုံးသား အတွက် နင်က ကောင်းမွန်တဲ့ ဓားသွေးကျောက် တစ်တုံး ဖြစ်လာလိမ့်မယ်"

ချောင်စွေ့ဖုန်းနှင့် မီးခိုးရောင် နှင်းဆီတို့မှာ လျှို့ဝှက်ကြယ်တာရာအဆင့် ကျင့်ကြံသူများ ခန်းမထဲသို့ ဝင်သွားသည်ကို ကြည့်နေကြပြီး ချောင်စွေ့ဖုန်းက သူတော်စင် ခွန်ရှူးနှင့် စကားစမြည် ပြောနေ၏။

"ဖြစ်ရပ်တွေ အများကြီး ဖြစ်ခဲ့တာပဲ..."

သူက ချောင်စွေ့ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။ ချောင်စွေ့ဖုန်းကမူ ဘာမှမဟုတ်သကဲ့သို့သာ ပြုံးနေ၏။

"တစ်ယောက်က တံခါးပေါ်က သင်္ကေတတွေကို စားတယ်၊ နောက်တစ်ယောက်က မီးရှို့တယ်၊ ပြီးတော့ တံခါးတစ်ခုလုံးကို အရိပ်တွေ ဖုံးလွှမ်းသွားတယ်... ကံကြမ္မာကို အတင်းအဓမ္မ ရယူဖို့ မင်းတို့ရဲ့ နည်းလမ်းတွေက နည်းနည်းတော့ ကြမ်းတမ်းလွန်းတယ်"

သူတော်စင် ခွန်ရှူးနှင့် အခြားသူများ၏ အမြင်တွင် အာဏာရှင်များသည် ထိုကံကြမ္မာ အခွင့်အရေးကို နည်းမျိုးစုံသုံး၍ အတင်းရယူရန် ကြိုးစားနေကြသည်ဟု ထင်မြင်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့က အစပိုင်းတွင် ပြင်းပြင်းထန်ထန် အရေးမယူခဲ့ခြင်း ဖြစ်၏။ သူတို့ စမ်းသပ်လိုသရွေ့နှင့် သူတို့၏ ကျင့်ကြံခြင်း အဆင့်မှာ ဘာမှ မဟုတ်သရွေ့ ကောင်းကင်ရတနာ သို့မဟုတ် အထွတ်အထိပ် ကောင်းကင်ရတနာများကို ထုတ်မသုံးသမျှ ကာလပတ်လုံး သူတို့ စောင့်ကြည့်နေရုံသာ ရှိသည်။

ထို့အပြင် တံခါးကို အမှန်တကယ် ခြိမ်းခြောက်နိုင်သည့် အရာရှိလာပါက အစောင့်အရှောက် နတ်ဘုရားက သေချာပေါက် အရေးယူမည် ဖြစ်သည်။ ထိုသို့ မဖြစ်လာသရွေ့ သူတို့ ဂရုစိုက်နေစရာ မလိုပေ။

"ကျွန်မ ခင်ပွန်းရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေကို အခွင့်အရေး ရယူဖို့ ဘယ်လိုနည်းလမ်းမျိုးမဆို သုံးဖို့ သင်ပေးထားတာမို့ သူတို့ကတော့ အတတ်နိုင်ဆုံး ကြိုးစားကြမှာပါပဲ"

ချောင်စွေ့ဖုန်းက တောင်းပန်ခြင်း မပြုပဲ ရှင်းပြလိုက်သည်။ အခွင့်အရေး ရယူရန် ကြိုးစားခြင်းအတွက် မည်သည့်ကျင့်ကြံသူက တောင်းပန်နေမည်နည်း။

သူတော်စင် ခွန်ရှူးကလည်း ဂရုမစိုက်ပါချေ။ ချောင်စွေ့ဖုန်းသာ တကယ် တောင်းပန်ခဲ့ပါက သူမအပေါ် ထားရှိသော အထင်အမြင်မှာ ကျဆင်းသွားမည်ဟု တွေးလိုက်သည်။ ကံကောင်းစွာဖြင့် သူမ၏ ကျင့်ကြံခြင်း နှလုံးသားမှာ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပေသည်။

"ဒါပေမဲ့လည်း..."

သူ၏ အသံမှာ တစ်ခုခုကို ဆိုလိုသကဲ့သို့ ဆိုင်းငံ့သွားစဉ် ချောင်စွေ့ဖုန်းက ရယ်မောကာ ကြားဖြတ် ပြောလိုက်သည်။

"တကယ်လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ရင် ကျွန်မဘက်က အတတ်နိုင်ဆုံး ပြန်လည် ပေးလျော်ပေးပါ့မယ်"

သူတော်စင် ခွန်ရှူးက ရယ်မောလိုက်၏။

"ကျွန်တော် မသံသယ မဖြစ်ပါဘူး... မိန်းကလေးချောင်ရဲ့ ဂုဏ်သတင်းအရ အခုလို ပြောမှာကို ကျွန်တော် ယုံကြည်ပြီးသားပါ"

ထိုကမ်းလှမ်းချက်မှာ ခိုးနားထောင်နေကြသော အခြားသူတော်စင်များအတွက် လုံလောက်သော ကျေနပ်မှုကို ပေးနိုင်ခဲ့သည်။ သူတို့မှာ ပျက်စီးမှုများကို မည်သို့ ချဲ့ကားပြီး ပိုမိုတောင်းခံရမည်ကို စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် တံခါးရှစ်ချပ်လုံးတွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။

တံခါးရှစ်ချပ်လုံး တောက်ပလာပြီး ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော နက်ရှိုင်းသည့် တေးသံများ ထွက်ပေါ်လာခဲ့၏။ သူတော်စင်များ အားလုံးမှာ သူတို့၏ မျက်ဝန်းထဲတွင် လွမ်းဆွတ်မှုများ ပြည့်နှက်ကာ နိုးကြားသွားကြတော့သည်။

အမည်မဲ့ ဂလက်ဆီမှ ဇာတိသား ကျင့်ကြံသူ ရှစ်ဦးမှာ ကံကြမ္မာ၏ ရွေးချယ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ရွေးချယ်ခံရသူ ရှစ်ဦးမှာ ထင်မှတ်မထားစရာ ဖြစ်သော်လည်း အမျိုးသားလေးဦးနှင့် အမျိုးသမီးလေးဦးစီ ပါဝင်နေ၏။ ယခုရှိနေသော သူတော်စင်ရှစ်ဦး၏ အချိုးအစားနှင့်လည်း အလွန်ပင် ဆင်တူလှသည်။ ယခင် သူတော်စင်ရှစ်ဦးအနက် အမျိုးသားများမှာ သူတော်စင် ခတ်ပရီ၊ သူတော်စင် ခွန်ရှူး၊ သူတော်စင် နက်ပစ်နှင့် သူတော်စင် ရှက်တပ်စဖင့်တို့ ဖြစ်ကြပြီး အမျိုးသမီးများမှာမူ သူတော်စင် ပါခက်၊ သူတော်စင် အာမွန်နက်၊ သူတော်စင် ဟားသွောနှင့် သူတော်စင် အီမန်တက်တို့ ဖြစ်ကြသည်။

မဟာနယ်မြေများ၏ ခွဲတမ်းချထားမှုများနှင့် လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းထားသော သူတော်စင် ရှက်တပ်စဖင့်၏ တည်ရှိမှုတို့ကြောင့် သူတော်စင် နက်ပရီကို အဋ္ဌမမြောက် သူတော်စင်ဟု သတ်မှတ်ခဲ့ကြရာ ထိုအချိုးအစား မညီမျှမှုအပေါ် ကောလာဟလများစွာ ထွက်ပေါ်ခဲ့ဖူးသည်။ ယခုအခါတွင်မူ တံခါးတစ်ချပ်စီကို သူတော်စင်တစ်ဦးစီက တက်ကြွစွာ စောင့်ကြပ်နေသည်ကို မြင်လိုက်ရမှသာ အမြော်အမြင်ရှိသော ကျင့်ကြံသူအချို့သည် အမှန်တရားကို သဘောပေါက်သွားကြပြီး ယခင်က ယူဆချက်များကို အတည်ပြုနိုင်ခဲ့ကြတော့သည်။

သူတော်စင် နက်ပရီသည် အခြားသူမဟုတ်၊ သူတော်စင် နက်ပစ်၏ တာအို လက်တွဲဖော် ပင် ဖြစ်သည်။ သို့သော် သူတို့ လောကရှန့်ထို အဆင့်တွင် ရှိစဉ်က ဖြစ်ပွားခဲ့သော ပဋိပက္ခတစ်ခုကြောင့် လမ်းခွဲခဲ့ကြသော်လည်း ယနေ့တိုင်အောင်ပင် တစ်ခါတစ်ရံတွင် တိတ်တဆိတ် ဆုံတွေ့ကာ နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို ပြုလုပ်လေ့ ရှိကြသေးသည်။

ရွေးချယ်ခံရသူ ရှစ်ဦးကို ထုတ်ပြန်ကြေညာပြီးနောက် သူတော်စင် ခွန်ရှူးက ဤအကြောင်းအရာများကို ချောင်စွေ့ဖုန်းအား ရှင်းပြနေခဲ့ခြင်း ဖြစ်သည်။ သူသည် ဤကိစ္စကို ဖုံးကွယ်ထားရန် မလိုအပ်ဟု ယူဆထားသလို ချောင်စွေ့ဖုန်းကလည်း ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ပေးလျော်မည်ဟူသော သူတော်စင်များ၏ အဆိုပြုချက်ကို လက်ခံရန် ပိုမို အလားအလာ ရှိနေပုံရသည်။ သူတော်စင်များမှာ စိတ်လှုပ်ရှားမှုကြောင့် ကြည်နူးနေကြပြီး သူတော်စင် အီမန်တက်ပင်လျှင် မိန်းမစိုးတစ်ဦး၏ နှလုံးသားကိုပင် လှုပ်ခတ်နိုင်လောက်အောင် တောက်ပစွာ ပြုံးနေလေတော့သည်။

***

အပိုင်း(၂၀၈၄)

"ဒသမမြောက် သူတော်စင်ကကော ဘယ်သူလဲ..."

ချောင်စွေ့ဖုန်းက စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။ သူတော်စင် ခွန်ရှူးမှာမူ အပိုဆောင်း လျော်ကြေးများ ရရှိတော့မည်ဖြစ်သလို သူတို့၏ အမွေအနှစ်ကို ဆက်ခံမည့်သူ ရှစ်ဦးကိုလည်း ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သဖြင့် စိတ်ပျော်ရွှင် နေမိသည်။ သူတော်စင်များသည် ထိုရှစ်ဦးကို သူတို့၏ တိုက်ရိုက်တပည့်များအဖြစ် လက်ခံကာ တတ်စွမ်းသမျှ သင်ကြားပေးရန် သဘောတူညီထားကြပြီး ဖြစ်သည်။ ထိုရှစ်ဦးအတွက်မူ ဤသည်မှာ အလွန်ကြီးမားသော ကံကောင်းမှုပင်။ အသက်တစ်ရှိုက်စာအတွင်းမှာပင် သူတော်စင်တစ်ဦး၏ တိုက်ရိုက်တပည့်များ ဖြစ်လာကြသည် မဟုတ်ပါလား။

"ဒသမမြောက်လား... ဪ သူတော်စင် အိုအေစစ်မြစ်ကို ပြောတာလား... သူ(မ) က နည်းနည်း အပြင်လူဆန်တယ်... လေးစားမှု ခံရသလို အစွမ်းလည်း ထက်ပေမယ့် သူတော်စင် ဖြစ်ပြီးကတည်းက ဂလက်ဆီရဲ့ အပြင်ဘက်ကို ခရီးထွက်လေ့ရှိပြီး ကျွန်တော်တို့ရဲ့ သံတမန်အဖြစ် ဆောင်ရွက်ပေးတာ များတယ်... ကျွန်တော်တို့ ဂလက်ဆီချင်း ကုန်သွယ်မှုတွေ အများကြီး ဖြစ်မြောက်အောင် ကူညီပေးခဲ့သူပေါ့"

သူတော်စင် ခွန်ရှူးက ပြန်ဖြေသည်။

"ဂလက်ဆီချင်း ကုန်သွယ်မှု ဟုတ်လား... လျှို့ဝှက်ကောင်းကင် အဂ္ဂိရတ် မျိုးဆက်တွေနဲ့ ကုန်သွယ်တာမျိုးလား..."

ချောင်စွေ့ဖုန်းက ရေရွတ်လိုက်သော်လည်း ထိုစကားကို ကြားလိုက်ရသည်နှင့် သူတော်စင် ခွန်ရှူး၏ ပျော်ရွှင်နေသော စိတ်အခြေအနေမှာ ပျက်စီးသွားရတော့သည်။ သူသည် သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်လိုက်၏။

သူတော်စင် အိုအေစစ်မြစ်သည် သူတော်စင်အဆင့် တိုက်ပွဲအတွင်း ရှိမနေခြင်းမှာ ဂလက်ဆီအတွင်း၌ မရှိသောကြောင့် ဖြစ်သည်။ သူမသည် ကျင့်ကြံခြင်းအတွက် အသုံးဝင်သော အဂ္ဂိရတ် ထုတ်ကုန်များနှင့် အခြားလိုအပ်သော အရာများကို ကုန်သွယ်ရန် အဂ္ဂိရတ်ပညာရှင် အဖွဲ့တစ်ဖွဲ့၊ လက်အောက်ငယ်သားများနှင့်အတူ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သူတော်စင် နက်ပစ်သည် ယန်-ယင် ကောင်းချီးပေး ဆေးလုံးများ ကို မကြာခဏ ဝယ်ယူလေ့ ရှိသည်။ ထိုဆေးလုံးမှာ အဆင့်မြင့် လျှို့ဝှက်မြေကြီးအဆင့် ဖြစ်ပြီး နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို များစွာ အထောက်အကူပြုစေသည်။

သူသည် ထိုဆေးလုံးကို အမြဲတစေ ဝယ်ယူသူ ဖြစ်ပြီး သူတော်စင် နက်ပရီ၏ ယခုကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိလာမှုမှာလည်း အထူးသဖြင့် သူမ၏ အစောပိုင်းနှစ်များတွင် ထိုဆေးလုံး၏ အကူအညီများစွာ ပါဝင်ခဲ့သည်။ ထို့အပြင် အကယ်၍ အခွင့်သာခဲ့ပါက ယန်-ယင် ကောင်းချီးပေး ဆေးလုံးထက် အဆပေါင်းများစွာ ပိုမို ထိရောက်သော အဆင့်နိမ့် လျှို့ဝှက်လောကအဆင့် ယန်-ယင် တာအို ပေါင်းစည်းခြင်း ဆေးလုံး များကိုပင် ရရှိနိုင်သေးသည်။

"ယန်-ယင် အဂ္ဂိရတ် မျိုးဆက်တွေ ရှိတာလား"

ထိုအတွေးကြောင့် ချောင်စွေ့ဖုန်း၏ မျက်ဝန်းများ တောက်ပသွားသည်။

သူတော်စင် ခွန်ရှူးသည် ချောင်စွေ့ဖုန်း၏ အတွေးများကို အလွယ်တကူ ဖတ်နိုင်၏။

"အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ထဲမှာ လျှို့ဝှက်ကောင်းကင် အဂ္ဂိရတ် မျိုးဆက်တွေ ရှိတယ်... အဲ့ဒါက တခြားသူ မဟုတ်ဘူး၊ စစ်မှန်တဲ့ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်တဲ့ မဟာညီညွတ်ခြင်း အဂ္ဂိရတ် ရှန့်ထို ပိုင်ဆိုင်တာ... အဲ့ဒီမှာ ကောင်းကင် သူတော်စင် မျှော်စင် ခုနစ်ခုထဲက တစ်ခုဖြစ်တဲ့ မဟာညီညွတ်ခြင်း သူတော်စင် မျှော်စင်လည်း ရှိတယ်"

"ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု ဟုတ်လား... သူတော်စင် ခုနစ်ပါး မျှော်စင်လား"

ချောင်စွေ့ဖုန်းမှာ အံ့ဩသွားပြီး မျက်ဝန်းများ အနည်းငယ် ဝိုင်းစက်သွားသည်။ သူတော်စင် ခွန်ရှူးကမူ သူမ၏ အံ့ဩမှုကို ပုံမှန်ဟုသာ ထင်မြင်မိ၏။ ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု၏ အဓိပ္ပာယ်မှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီအတွင်း၌ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦး ထွက်ပေါ်ခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် အိမ်နီးချင်း ဂလက်ဆီများအကြား၌ ထိုဂလက်ဆီကို အဂ္ဂိရတ် တာအို၏ စံနမူနာအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်၏။ သို့သော် သူက ပြင်ဆင် ပေးလိုက်၏။

"နှစ်ပေါင်းများစွာအတွင်းမှာ အဲ့ဒီ ထူးဆန်းတဲ့ ဂလက်ဆီထဲကနေ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ယောက်ထက်မက ထွက်ပေါ်ခဲ့ဖူးပါတယ်။...ဒါပေမဲ့ မျိုးဆက် ခုနစ်ခုကပဲ အဂ္ဂိရတ် တာအိုရဲ့ ရှေ့ဆောင်ခေါင်းဆောင်တွေအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တာပါ... ဥပမာ ပြောရရင် လျှို့ဝှက်ကောင်းကင် အဂ္ဂိရတ် မျိုးဆက် ဆိုတာ မျှော်စင် ခုနစ်ခုရဲ့ တာအို မျိုးဆက်တွေထဲမှာ မပါဝင်ပါဘူး... တခြား မျိုးဆက်တွေဟာ ထိရောက်မှု၊ ဖော်စပ်ရ လွယ်ကူမှုနဲ့ အဆင့်မြှင့်တင်မှု အချိန်တွေမှာ လျှို့ဝှက်လောက မျိုးဆက် အချို့ကို မယှဉ်နိုင်လို့ ရှုံးနိမ့်သွားခဲ့ကြတာ များပါတယ်... အဂ္ဂိရတ် တာအိုက သူတို့ရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုရင်တောင် လူမှုအသိုင်းအဝိုင်းရဲ့ အမြင်မှာ တန်ဖိုးရှိတဲ့ အရာကပဲ အဓိကပဲ မဟုတ်လား"

"လူတွေရဲ့ အမြင်မှာ တန်ဖိုးရှိတာကပဲ အရာရာပဲ"

သူတော်စင် ခွန်ရှူးက ဤပညာရှိ စကားကို ပြောကြားလိုက်သည်။ သို့သော် ချောင်စွေ့ဖုန်းမှာမူ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အတွင်းရှိ သူတော်စင် ခုနစ်ပါး မျှော်စင် နှင့် ယခု ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု၏ ဆက်စပ်မှုကို စဉ်းစားမိကာ တုန်လှုပ်နေခြင်း ဖြစ်သည်။ ထိုမျှော်စင် ခုနစ်ခုသည်လည်း သေမျိုး ဧကရာဇ် အဂ္ဂိရတ် နွယ်ဖွား ခုနစ်ခုအပေါ် အခြေခံကာ ပေါ်ပေါက်လာခြင်း မဟုတ်ပါလား။ တိုက်ရိုက်ပတ်သက်မှု မရှိနိုင်ဟု ဆိုနိုင်သော်လည်း အမှောင်ကြယ်တာရာ ခေတ် ကို ဖြစ်ပေါ်စေခဲ့သော သူတော်စင် ခုနစ်ပါး မျှော်စင်သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေလိမ့်မည်ဟု သူမ ခံစားနေရသည်။

"ဟမ်..."

ရုတ်တရက်... သူတော်စင် ခွန်ရှူးက အာမေဍိတ်သံ ပြုလိုက်သည်။

"ပြီးသွားပြီ"

ခန်းမဆောင် တစ်ခုလုံး အားလပ်သွားသည်ကို သူ သတိပြုလိုက်မိ၏။ ပါဝင်သူ အားလုံးမှာ ထွက်ခွာသွားကြပြီ ဖြစ်သလို သူတော်စင် နက်ပရီကလည်း ရွေးချယ်ခံရသူ ရှစ်ဦးကို မာနုနယ်မြေအတွင်းရှိ သီးသန့် လျှို့ဝှက်နယ်မြေတစ်ခုသို့ ခေါ်ဆောင်သွားပြီ ဖြစ်သည်။ သူမသည် သူတို့ ရရှိထားသော ကံကြမ္မာသစ်နှင့် ပတ်သက်၍ ညွှန်ကြားချက်များ ပေးနေခြင်း ဖြစ်၏။ သူမသည် မူလသူတော်စင် ရှစ်ဦးထဲတွင် မပါဝင်သော်လည်း သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ သူတော်စင် နက်ပစ် ကျင့်ကြံသော ခြေချခြင်း ကျ့်စဉ် အပေါ်တွင် များစွာ အခြေပြုနေသည်။

သူမသည် အခြားသူတော်စင်များ၏ အယုံကြည်ရဆုံးသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူမကို ရှစ်မျက်နှာ နတ်ဘုရား လှောင်အိမ် အစီအရင် ကို ထိန်းချုပ်ရန် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်၏။ သူမသည် သူတော်စင် နက်ပစ်၏ တာအိုအဖော် ဖြစ်သော်လည်း စိတ်ရင်းကောင်းသူ တစ်ဦး ဖြစ်ကာ သူမ အုပ်ချုပ်သော ဂလက်ဆီမှာလည်း ပြည်သူများအတွက် အစည်ကားဆုံးနှင့် အငတ်ဘေး၊ ရေငတ်ဘေးနှင့် ဖျားနာမှုများ အနည်းဆုံးဖြစ်သော လောကနတ်ဘုံနှင့် မခြားနားပေ။ ကံကြမ္မာ ရွေးချယ်ခံရသူများကို လက်ခံရန် သူမကို တာဝန်ပေးခြင်းမှာလည်း အခြားသူတော်စင်များ၏ လွှမ်းမိုးမှုကို အစောတလျင် မခံရစေရန်အတွက် ဖြစ်သည်။

သူတော်စင် နက်ပစ်၏ တာအို လက်တွဲဖော် ဖြစ်သော်ငြား သူမသည် မကောင်းသော အပြုအမူမျိုးကို သေချာပေါက် လုပ်ဆောင်မည် မဟုတ်ပေ။ သူတို့ လမ်းခွဲခဲ့ကြခြင်းမှာလည်း ကိုယ်ကျင့်တရားနှင့် အပြုအမူချင်း မတူညီကြခြင်းကြောင့်သာ ဖြစ်သည်။

ချောင်စွေ့ဖုန်းက အားလပ်နေသော စင်္ကြံလမ်းကို ကြည့်ကာ မေးလိုက်၏။

"ရှစ်မျက်နှာ ထိပ်သီးအစည်းအဝေးက မကြာခင် စတော့မှာလား..."

သူတော်စင် ခွန်ရှူးက ခဏမျှ စဉ်းစားပြီးနောက် အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။

"အမှန်အတိုင်း ပြောရရင် မိန်းကလေးချောင်... ဒီအစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက်က ဆက်ခံသူ ရှစ်ယောက်ကို ရှာဖို့ပါပဲ... ကျန်တာကတော့ အဲ့ဒီ အောက်တန်းစား ကောင်ရဲ့ လုပ်ရပ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးမှုကြီးတွေကို အားလုံးကို အသိပေးဖို့နဲ့ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးတွေကနေ ဆုံးရှုံးမှုတွေကို ပြန်လည် ကုစားဖို့ စီမံကိန်းတွေကို ကြေညာဖို့ပါပဲ..."

"ဪ..."

ချောင်စွေ့ဖုန်းမှာလည်း ထိုသို့ ဖြစ်မည်ဟု ခန့်မှန်းထားပြီးသား ဖြစ်သည်။

"ဒါက ဂလက်ဆီကို စည်းလုံးစေနိုင်မှာပေါ့"

သူမက အမှတ်မထင် ရေရွတ်လိုက်သည်။

သူတော်စင် ခွန်ရှူးက သရော်သလို ပြုံးလိုက်၏။

"စည်းလုံးစေမယ်... မဖြစ်နိုင်တာ... ဟား ဟား ကဲ... ဝင်ရအောင်... မိန်းကလေးချောင်အတွက် သတ်မှတ်ထားတဲ့ နေရာကို ကျွန်တော် လိုက်ပို့ပေးပါ့မယ်"

သူတော်စင် ခွန်ရှူးက ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ်လိုက်သည်။ သူ၏ ချောမောသော ရုပ်ရည်နှင့် အပြစ်ဆိုဖွယ်မရှိသော အပြုအမူများမှာ အဖော်ပြုရန် ကောင်းလှပေသည်။ ချောင်စွေ့ဖုန်းကလည်း သူ့နောက်မှ လိုက်ပါသွားပြီး စင်္ကြံလမ်းမှ ထွက်ကာ မာနုနယ်မြေ၏ မဟာခန်းမဆောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြလေသည်။

...

"ကျွန်မ သန့်စင်ခြင်း လုပ်ငန်းစဉ်ကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီ..."

စုမေ့သည် ဇဝေဇဝါ ဖြစ်နေသော ယွီစွန်းလီနှင့် လျူစုယင်တို့ကို ရှာတွေ့ပြီးနောက် ဝေ့ဝူယင်ထံသို့ ဝိညာဉ်အာရုံဖြင့် သတင်းပို့လိုက်သည်။ ထို့နောက် သူမသည် လျူစုယင်နှင့်အတူ မဟာခန်းမအတွင်းသို့ ဝင်ရောက်သွားခဲ့၏။

ဟိုးရပ်စ် ပေးခဲ့သော နည်းလမ်းသည် ယွီစွန်းလီနှင့် လျူစုယင်တို့၏ ဝိညာဉ်များတွင် ကပ်တွဲနေသော အရာများကို ဖယ်ရှားပေးနိုင်ခဲ့သလို တံခါးများမှ ထွက်သွားခဲ့သော သူတို့၏ မူလဝိညာဉ်စွမ်းအင် အစိတ်အပိုင်းများကိုလည်း ပြန်လည် ရရှိစေခဲ့သည်။ သူမသည် တာဝန်များကို အလွန်ပင် ထိရောက်ကျွမ်းကျင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

...

ရှစ်မျက်နှာ ထိပ်သီးအစည်းအဝေးကြီးမှာ နောက်ဆုံးတွင် စတင်နိုင်ခဲ့ပြီ ဖြစ်သည်။ အမည်မဲ့ ဂလက်ဆီ၏ အထက်တန်းလွှာများနှင့် ပါရမီရှင်များ၏ စုဝေးမှုမှာ ဂလက်ဆီ စတင်ပေါ်ပေါက်လာကတည်းက တစ်ခါမျှ မရှိခဲ့ဖူးသော အတိုင်းအတာ ဖြစ်ပြီး ယနေ့သည် ကြီးမားလှသော ကပ်ဘေးကြီးအပြီးတွင် ဂလက်ဆီတစ်ခုလုံး ပြန်လည်စုစည်းမိသော နေ့အဖြစ် သမိုင်းတွင် ကျန်ရစ်မည်မှာ အမှန်ပင်။

***

All Chapters