← Chapters

အန္တရာယ်သစ်

Vol. 11 Ch. 154

အန္တရာယ်သစ်

Vol. 11 Ch. 154

သူတို့ဆီမှာ ထူးခြားတဲ့ အရင်းအမြစ်တွေ မရှိကြတာကြောင့် ရွှီရှင်းက အပြာရောင်အဆင့် သစ်သီး နှင့် သစ်သား အချို့ကိုသာ ယူလိုက်ပြီး ဒါတွေကို လီဝမ်ရှီးဆီ တိုက်ရိုက် လွှဲပေးလိုက်သည်။

ဒါက သူ့အတွက်တော့ ပြဿနာ မရှိလှပေ။

ကျောက်ရှောင်ချွမ်း - "ကျေးဇူးပဲ အစ်ကိုရွှီ ကျွန်တော်တော့ သစ်ပင်အောက်မှာ မြင်းတစ်ကောင်လို ပြေးလွှားပြီး နွယ်ပင်တွေကို သတ်တော့မယ်"

ဝမ်လေ့ - "အစ်ကိုရွှီ ကတော့ တကယ်ကို အလကားပေးတာပဲ၊ ချစ်လိုက်တာဗျာ"

"ငါ့ကို အကြီးအကဲရွှီ လို့ ခေါ်နေတာကို ရပ်လို့ရမလား၊ ကြားရတာ တစ်မျိုးကြီးပဲ"

ရွှီရှင်းက သူတို့နဲ့ ပိုပြီး ရင်းနှီးချင်တာကြောင့် ခေါ်ဝေါ်ပုံကို အရင်ပြင်ခိုင်းလိုက်ခြင်း ဖြစ်သည်။

ဒါက လူချင်းနီးစပ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု မဟုတ်ပါလား။

ကျောက်ရှောင်ချွမ်း - "အစ်ကိုရွှီ"

ဝမ်လေ့ - "ဟုတ်တယ်၊ အစ်ကိုရွှီ လို့ပဲ ခေါ်ရအောင်"

ရွှီရှင်းကတော့ ဆွံ့အသွားရကာ - "ငါက မင်းတို့ထက် အသက်ကြီးချင်မှ ကြီးမှာပါဟ

ဝမ်လေ့ - "အစ်ကိုဆိုတာ အသက်ကို ပြောတာမဟုတ်ဘူး၊ အဆင့်အတန်းကို ပြောတာ"

သွေးရောင်နွယ်ပင်တွေက သစ်ပင်အိမ်ကို လောလောဆယ် မထိခိုက်နိုင်သေးတာကြောင့် အဖွဲ့ဝင်တွေက နွယ်ပင်ရှင်းမယ့်အစား စကားလက်ဆုံ ကျနေကြ၏။

ချီရွှယ်ဖေး - "ရွှီရှင်း၊ နင် အသက်ဘယ်လောက်လဲ နင်က ငါ့ထက်တော့ မကြီးတာ သေချာပါတယ်"

ချီရွှယ်ဖေးက သူမဟာ ပါရဂူဘွဲ့ (PhD) ယူတော့မယ့်သူဖြစ်ပြီး ဆေးပညာကို ၈ နှစ်ကြာ သင်ယူခဲ့တာကြောင့် အသက် ၂၆ နှစ်လောက် ရှိပြီဖြစ်ကြောင်း အရင်က ပြောပြဖူးသည်။

"ငါက မနှစ်ကမှ ဘွဲ့ရတာ၊ အိမ်မှာ တစ်နှစ်လောက် စာပြန်လုပ်ပြီး မဟာဘွဲ့ တက်ဖို့ ဖြေထားတာ။ ကျောင်းတက်ဖို့ စောင့်နေတုန်း ဒီကို ရောက်လာတာပဲ"

ဝမ်ကွေ့ရှင်း - "ဘာ... နင် က ငါ့ထက်တောင် ငယ်တာလား၊ ငါက မဟာဘွဲ့ ဒုတိယနှစ် ကျောင်းသူလေ"

ဝမ်လေ့ - "...အဖွဲ့ထဲမှာ ပညာတတ် အကြီးအကဲတွေချည်းပဲလား၊ ငါတော့ အဖွဲ့ထဲက ထွက်တော့မယ် ။ ၃ နှစ်လောက် အလုပ်လုပ်ထားတဲ့ လုပ်ငန်းခွင်အတွေ့အကြုံရှိတဲ့ ဒီအလုပ်သမားလေးက ဒီအဖွဲ့ထဲမှာ အခွင့်အရေး မရှိတော့ပါဘူး"

ချင်ယွန်လုံ - "...ပညာရေးအကြောင်း ပြောကြမယ်ဆိုရင် ငါလည်း အဖွဲ့ထဲက ထွက်ရတော့မယ်"

ချင်ယွန်ဟု - "ငါကတော့ မထွက်ဘူး၊ ငါ့မှာ ဘွဲ့တစ်ခုရှိတယ်၊ အဆင်ပြေပါတယ်"

ကျောက်ရှောင်ချွမ်း - "ငါလည်း ဘွဲ့ကြိုကျောင်းသားပဲ အခု တတိယနှစ်တက်နေတာ၊ အစ်ကိုရွှီ နဲ့ ငါနဲ့ အသက်တူတူပဲလား"

ချင်ယွန်ဟု - "အော်... ငါက အလုပ်လုပ်လာတာ ၈ နှစ်နီးပါး ရှိပြီ၊ ဒီနှစ် ၃၀ ပြည့်တော့မှာ "

ကျောက်ရှောင်ချွမ်း - "...အစ်ကိုဟု"

လီဝမ်ရှီး - "နင်တို့အားလုံးက ငါ့ထက် ကြီးကြတာပဲ၊ ငါက ဒုတိယနှစ်ပဲ ရှိသေးတာ၊ အငယ်ဆုံးက ငါပဲ"

စူးစမ်းရှာဖွေသူများ အဖွဲ့ထဲမှာ အသက်အကြောင်း ပထမဆုံးအကြိမ် ပြောဖြစ်ကြတာကြောင့် အချင်းချင်း ပိုပြီး ရင်းနှီးသွားကြသည်။

လောလောဆယ်တော့ လီဝမ်ရှီးက အသက် ၂၀ မပြည့်သေးဘဲ အငယ်ဆုံးဖြစ်ပြီး ချင်ညီအစ်ကိုတွေက အသက် ၃၀ နဲ့ အကြီးဆုံး ဖြစ်သည်။

သူတို့အဖွဲ့ဟာ အသက် ၁၈ ကနေ ၃၀ ကြား လူငယ်တွေနဲ့ ဖွဲ့စည်းထားခြင်း ဖြစ်၏။

ဒါပေမဲ့ ကျိချောင်းယန်က တစ်ချိန်လုံး ငြိမ်နေတာကြောင့် ရွှီရှင်း သိချင်စိတ် ဖြစ်မိသည်။

ဒီလူ ဘာတွေ လုပ်နေလဲမသိ။

ကျောက်ရှောင်ချွမ်း - "ဟေ့... ဒါတွေ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် အစ်ကိုရွှီ ကတော့ အလန်းဆုံးပဲ၊ ကျွန်တော်တော့ နွယ်ပင်တွေ သွားပစ်တော့မယ်"

ဝမ်လေ့ - "ငါကတော့ အပြင်ထွက်တာ ကြာပြီ၊ သစ်ပင်အိမ်အောက်မှာ တွဲလောင်းခိုရင်း မင်းတို့နဲ့ စကားပြောနေတာ..."

အဖွဲ့စကားဝိုင်းက ပြန်လည်တိတ်ဆိတ်သွားပြီး ရွှီရှင်းက ရလာတဲ့ အရင်းအမြစ်အားလုံးကို လီဝမ်ရှီးဆီ လွှဲပေးလိုက်သည်။

သူ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ပြီး ထူးခြားမှုမရှိတာကို အတည်ပြုလိုက်၏။

ပြီးနောက် ပြတင်းပေါက်ဘောင်ပေါ်မှာ ဟိုဘက်ဒီဘက် လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ လင်းနို့လေးကို လှမ်းပြောလိုက်၏။

"မင်း အောက်ဆင်းချင်ရင် ဆင်းလိုက်တော့၊ အခု ဘေးကင်းတယ် ၊ တစ်ခုခုဆို ငါ့ကို အော်ခေါ်လိုက်နော်"

လင်းနို့လေးက စူးရှတဲ့အသံပြုပြီး သစ်ပင်အမိုးအောက်မှာ ဇောက်ထိုးသွားခိုနေ၏။

၎င်းဟာ အိမ်ထဲမှာနေတာထက် အပြင်မှာ တွဲလောင်းခိုနေရတာကို ပိုနှစ်သက်ပုံရသည်။

ငွေရောင်ဘုရင်နဲ့ မီမီကတော့ အိပ်မောကျနေဆဲဖြစ်ပြီး ခဲခဲလေးကတော့ ရွှီရှင်းနောက်ကို စာကြည့်ခန်းထဲအထိ လိုက်လာသည်။

"မင်း ဘာလို့ ငါ့နောက်လိုက်နေတာလဲ"

ရွှီရှင်းက ပန်းချီနဲ့ ပန်းပုထုတဲ့ စားပွဲမှာ ထိုင်လိုက်ရင်း သူ့ခြေထောက်ပေါ် ခွေအိပ်နေတဲ့ ခဲခဲလေးကို ကြည့်ကာ

"မင်း ဒီမှာ နေလို့ရတယ် ၊ ဒါပေမဲ့ ငါ ပန်းပုထုမှာဆိုတော့ လုံးဝမလှုပ်နဲ့နော်"

"အီးးး"

ခဲခဲလေးက ခေါင်းမော့ပြီး ပြန်ထူးကာ ငြိမ်ငြိမ်လေး နေနေသည်။

ဒီကောင်မလေး ဘာလို့ ရုတ်တရက်ကြီး ကပ်ချွဲနေတာလဲ။

ရွှီရှင်းလည်း သိပ်မတွေးတော့ဘဲ ခဲခဲလေးရဲ့ ခေါင်းကို ပွတ်ပေးပြီး ပန်းပုထုဖို့ ပြင်လိုက်၏။

ပုလဲဖြူ ရဲ့ အစွမ်းကြောင့် သူဟာ အခြေခံအဆင့် အနုပညာရှင် ဖြစ်နေပြီဖြစ်၏။

အဆင့်တက်သွားပြီဆိုတော့ အပြာရောင်အဆင့် ပုံဆောင်ခဲတွေကို ထုလုပ်နိုင်မလားမသိဘူး။

တကယ်တော့ သူ အများကြီး စဉ်းစားမိသွားခြင်း ဖြစ်သည်။

ပန်းပုဓားကို ကိုင်ကာ အစင်းရာအချို့သာ ရှိနေတဲ့ ပုံဆောင်ခဲကို အကြာကြီး စိုက်ကြည့်နေမိသော်လည်း ဘယ်ကနေ စရမှန်းမသိတဲ့ ခံစားချက်က ရှိနေဆဲပင်။

အပြာရောင်အဆင့် ပန်းပုထုဖို့ဆိုရင် အနုပညာအဆင့်က ဒီထက်ပိုမြင့်ဖို့ လိုဦးမည် ထင်သည်။

သူ အစိမ်းရောင်အဆင့် ပုံဆောင်ခဲကို ပြန်ထုတ်လိုက်၏။

ဒီတစ်ခါမှာတော့ ရင်းနှီးနေတဲ့ ခံစားချက်က ပြန်ရောက်လာပြီး စိတ်ကူးသစ်တွေက ခေါင်းထဲမှာ ပေါ်လာကာ လက်ကလည်း အလိုအလျောက် မြန်မြန်ဆန်ဆန် လှုပ်ရှားလာ၏။

သူ၏ အရှိန်နဲ့ တိကျမှုဟာ အရင်ကထက် ပိုကောင်းလာပြီး လှုပ်ရှားမှုတွေကလည်း ချောမွေ့နေ၏။

ဒါဟာ အခြေခံအဆင့်ရဲ့ ခံစားချက်ပင်။

"ဟူး..."

အချိန်ဘယ်လောက် ကုန်သွားမှန်းမသိဘဲ ရွှီရှင်း သက်ပြင်းတစ်ချက်ချကာ လက်စသတ်လိုက်သည်။

စားပွဲပေါ်မှာတော့ အာဖု ရဲ့ ပန်းပုရုပ်လေးက အသက်ဝင်နေပြီး ချက်ချင်း ပျံတက်တော့မယ့်အတိုင်းပင်။

[လင်းနို့ပုံဆောင်ခဲ ပန်းပုရုပ် (အစိမ်းရောင်အဆင့်) ကို သစ်ပင်အိမ်မှာ ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်၊ အလှဆင်မှုရမှတ် +၁၀ တိုးလာပါသည်။ လက်ရှိ အလှဆင်မှုရမှတ် ၁၄၆.၄]

သူ ပထမဆုံး ထုလုပ်ခဲ့တဲ့ ခဲခဲလေးရဲ့ ပန်းပုရုပ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရာ အာဖုရဲ့ ရုပ်တုက အသေးစိတ် ပိုပြီး ပီပြင်နေသည်။

ဒါဟာ ကျွမ်းကျင်မှု တိုးတက်လာတာအပြင် ယနေ့ရရှိထားတဲ့ အမြင်အာရုံ မြှင့်တင်ခြင်း စွမ်းရည်ကြောင့်လည်း ဖြစ်သည်။

ပုံဆောင်ခဲက သေးငယ်ပေမဲ့ သူ့မျက်လုံးထဲမှာတော့ အနုကြည့်မှန်ပြောင်းနဲ့ ကြည့်နေရသလို အကုန်ဖောက်မြင်နေရသည်။

ဒါပေမဲ့ အစိမ်းရောင်အဆင့် ပန်းပုရုပ်တစ်ခုရဲ့ အမြင့်ဆုံး အလှဆင်မှတ်က ၁၀ မှတ်ပဲ ဖြစ်ပုံရ၏။

ကျွမ်းကျင်မှု တက်လာတဲ့အတွက် စိတ်စွမ်းအင် ကုန်ဆုံးမှုကလည်း အရင်ကထက် အများကြီး နည်းသွားသည်။

အရင်က ပန်းပုတစ်ရုပ်ကို ၂ နာရီ ကြာသော်လည်း အခု နာရီဝက်ပဲ ကြာတော့သည်။

အလုပ်လုပ်နိုင်စွမ်းက ၄ ဆလောက် တက်သွားခြင်း ဖြစ်သည်။

ဒါဟာ အခြေခံအဆင့် အနုပညာရှင်ရဲ့ စွမ်းအားပင်။

ရွှီရှင်းက ကျေနပ်စွာနဲ့ ခဲခဲလေး၊ မီမီ၊ အာဖု တို့ ရုပ်တုတွေကို စာအုပ်စင်ပေါ်မှာ စီတင်ထားလိုက်သည်။

အခု ငွေရောင်ဘုရင်ရဲ့ ရုပ်တုလေး တစ်ခုပဲ လိုတော့၏။

သူ ပုံဆောင်ခဲ နောက်တစ်တုံးကို ယူပြီး ငွေရောင်ဘုရင်ရဲ့ ရုပ်တုကို ထပ်မံ ထုလုပ်လိုက်ပြန်သည်။

[ဝံပုလွေဘုရင် ပုံဆောင်ခဲ ပန်းပုရုပ် (အစိမ်းရောင်အဆင့်) ကို သစ်ပင်အိမ်မှာ ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်၊ အလှဆင်မှုရမှတ် +၁၀ တိုးလာပါသည်။ လက်ရှိ အလှဆင်မှုရမှတ် 156.4]

ရုပ်တုလေး ၄ ခုလုံးကို စင်ပေါ်မှာ စီထားလိုက်သောအခါ ကြည့်ရသည်မှာအလွန်မျက်စိပသာဒ ဖြစ်လှ၏။

သူ့ခြေထောက်ပေါ်မှာ အိပ်နေတဲ့ ခဲခဲလေးကလည်း ပန်းပုထုတာ ပြီးသွားမှန်း သိကာ နိုးလာပြီး စင်ပေါ်က ရုပ်တုလေးတွေကို ကြည့်ကာ အံ့သြနေသည်။

"ဘယ်လိုလဲ၊ အသက်ဝင်တယ် မဟုတ်လား"

ရွှီရှင်းက ဂုဏ်ယူစွာ မေးလိုက်၏။

လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ဒီအလုပ်နဲ့ စိမ်းခဲ့သူက အခုဆိုရင် အသက်ဝင်တဲ့ ရုပ်တုတွေကို အလွယ်တကူ ထုနိုင်နေပြီ ဖြစ်သည်။

"အီးးး"

ခဲခဲလေးက ခေါင်းညိတ်ပြပြီး သူ့ရုပ်တုလေးရဲ့ ပုံစံအတိုင်း လိုက်လုပ်ပြနေသည်။

"ဟားဟား"

ရွှီရှင်းက ခဲခဲလေးရဲ့ အမြီးကို ပွတ်ပေးလိုက်စဉ်မှာပဲ ခဲခဲလေးက ပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။

"အီးးး"

၎င်းက ရွှီရှင်းလက်ထဲကနေ ရုန်းထွက်ပြီး ပြတင်းပေါက်ဆီ ပြေးသွားကာ အပြင်ကို လှမ်းကြည့်၏။

တစ်ချိန်တည်းမှာပင် သစ်ပင်အိမ် အပြင်ဘက်ကနေ လင်းနို့ရဲ့ စူးရှတဲ့ အော်သံနဲ့ မြေကြီးထဲကနေ တစ်ခုခု ထိုးထွက်လာတဲ့ အသံတွေကို ကြားလိုက်ရသည်။

သစ်ပင်အိမ် ကြမ်းပြင်ကလည်း အဆက်မပြတ် တုန်ခါနေ၏။

ရွှီရှင်းရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

တစ်ခုခုတော့ မှားနေပြီ...

သူ ထိုင်ရာက ထလိုက်စဉ် ဦးနှောက်က နည်းနည်းလေး လေးလံနေသလို ခံစားလိုက်ရသည်။

အစိမ်းရောင် ပုံဆောင်ခဲ နှစ်တုံးကို ဆက်တိုက် ထုလုပ်လိုက်ရတာကြောင့် စိတ်စွမ်းအင် အတော်လေး သုံးလိုက်ရခြင်း ဖြစ်သည်။

သူ လိမ္မော်သီးတစ်လုံးကို အမြန်စားပြီး အားပြန်ဖြည့်ကာ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သည်။

"ဟာ..."

ရွှီရှင်း အသက်ရှူမှားသွားရသည်။

သူ့သစ်ပင်အိမ် အောက်ခြေနဲ့ ပတ်ပတ်လည် ရှင်းထားတဲ့ နေရာတွေမှာ အရင်ကထက် အများကြီး ပိုတုတ်တဲ့ သွေးရောင်ဆူးနွယ်ပင် တွေ ထူထပ်စွာ ပေါက်နေတာကို မြင်လိုက်ရခြင်း ဖြစ်သည်။

ဘာလို့ ဒီနွယ်ပင်တွေက အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ပေါ်လာရတာလဲ....

ဒါပေမဲ့ စိတ်အေးသွားရတာ တစ်ခုကတော့ အဲဒီနွယ်ပင်တွေက သစ်ပင်အိမ်ကို တိုက်ခိုက်မနေဘဲ လေထဲမှာ ငြိမ့်ငြိမ့်လေး လှုပ်ခါနေကြခြင်း ဖြစ်သည်။

ဒီခံစားချက်မှာ မနေ့ညက အနီရောင်မြူခိုးထဲက နွယ်ပင်တွေနဲ့ အလွန်တူလှပေသည်။

တစ်ခုခုက သူတို့ကို ထိန်းချုပ်ထားသလိုမျိုး၊ အလွယ်တကူ မတိုက်ခိုက်ဝံ့ဘဲ တိုက်ခိုက်ချင်တဲ့ စိတ်ကို အောင့်ထားရသလိုမျိုး ဖြစ်နေသည်။

ဒါပေမဲ့ သူတို့သာ တစ်ခါတိုက်ခိုက်ပြီဆိုရင် ပြင်းထန်တဲ့ အဖျက်စွမ်းအား ပါလာမည်မှာ သေချာသည်။

မနေ့ညက ဒီနွယ်ပင်တွေ အချင်းချင်း သတ်ကြတာကို သူ မြင်ခဲ့ဖူး၏။

မြေပုံကို ကြည့်လိုက်တဲ့အခါ ထူးဆန်းစွာပဲ သူ့သစ်ပင်အိမ် အောက်ခြေနဲ့ ပတ်ပတ်လည်မှာတင် အနီရောင်အစက်တွေ ဝိုင်းနေပြီး တခြားနေရာတွေမှာတော့ ဘာမှ မရှိပေ။

ဒီဆူးနွယ်ပင်တွေက သူ့သစ်ပင်အိမ်ကိုပဲ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

"အာဖု၊ အပေါ်တက်ခဲ့တော့၊ အောက်မှာ မနေနဲ့"

ရွှီရှင်းက လှမ်းခေါ်လိုက်သည်။

သာမန်နွယ်ပင်တွေက ၅ မီတာအထက်ကို မတိုက်နိုင်ပေမဲ့ ဒီဆူးနွယ်ပင်တွေကတော့ ထိုအတိုင်း ဖြစ်မည်ဟု မသေချာပေ။

အာဖုက စာကြည့်ခန်းထဲကို အမြန် ပျံဝင်လာ၏။

နွယ်ပင်တွေ တိုက်ခိုက်မလာသေးတာကို မြင်တော့ ခဲခဲလေးကလည်း စိုးရိမ်စိတ် လျော့သွားပြီး အာဖုကို ခေါ်ကာ ပန်းပုရုပ်လေးတွေကို ပြနေ၏။

ရွှီရှင်းကတော့ အောက်က ဆူးနွယ်ပင်တွေကို ကြည့်ပြီး လက်ယားနေမိသည်။

မင်းတို့က မတိုက်သေးဘူးဆိုတော့...

ငါကပဲ အရင်စလိုက်ရမလား။

သာမန်မြှားတွေကတော့ ဒီနွယ်ပင်တွေကို သိပ်မထိခိုက်နိုင်ပေမဲ့ သူ့ဆီမှာ ပေါက်ကွဲမြှား တွေ ရှိနေသည် မဟုတ်ပါလား။

---

အခန်း ၁၅၄ ပြီး။

All Chapters