နှလုံးသား
Vol. 11 Ch. 156
ရွှီရှင်းက ချက်ချင်းပင် ပြန်စာပို့လိုက်၏။
"မင်း ဘာတွေ့တာလဲ။ တစ်ချိန်လုံး အပြင်မှာ ရှိနေခဲ့တာလား"
ကျိချောင်းယန်က စာပြန်မည့်အစား ဗီဒီယိုခေါ်ဆိုမှု တိုက်ရိုက်ခေါ်လာသဖြင့် ရွှီရှင်း ချက်ချင်းပင် လက်ခံလိုက်သည်။
"အသံတိုးတိုးပြော၊ မင်း သစ်ပင်အိမ်ထဲမှာလား"
တစ်ဖက်မှ အသံမှာ အလွန်တိုးညှင်းနေပြီး တစ်စုံတစ်ဦးက ကြားသွားမည်ကို စိုးရိမ်နေသည့်အလား ရှိ၏။
ဗီဒီယိုထဲတွင် အလွန်မှောင်နေသဖြင့် ဘာမှမမြင်ရသော်လည်း ကျိချောင်းယန်၏ ရင်ခုန်သံမှာ ဒုန်း... ဒုန်း... နှင့် ကျယ်လောင်စွာ ထွက်ပေါ်နေသည်ကို ရွှီရှင်း ကြားနေရသည်။
"အေး၊ ငါ အိမ်ထဲမှာ။ မင်း ဘယ်မှာလဲ၊ အန္တရာယ်ရှိနေလို့လား"
ရွှီရှင်းကလည်း အသံကို နှိမ့်၍ မေးလိုက်၏။
ဘာတွေဖြစ်နေတာလဲ၊ သူ့ရင်ခုန်သံက ဘာလို့ ဒီလောက်တောင် ကျယ်နေရတာလဲ။
"လောလောဆယ်တော့ ဘာအန္တရာယ်မှ မရှိသေးဘူး၊ ဒါပေမဲ့..."
ကျိချောင်းယန်၏ အသံမှာ လေးလံနေ၏။
"ငါ့ရှေ့က ဒီအကောင်ကြီးသာ နိုးလာရင်တော့ အခြေအနေက တစ်မျိုးဖြစ်သွားမှာပဲ"
"အကောင်ကြီးဆိုပါလား"
ရွှီရှင်း၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။
"ဟုတ်တယ်"
ကျိချောင်းယန်က အသံကို ပို၍ နှိမ့်လိုက်၏။
သူသည် အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီးနောက် ကင်မရာကို အရှေ့သို့ လှည့်ပြလိုက်၏။
ဗီဒီယိုထဲက မြင်ကွင်းကို မြင်လိုက်ရသည့် ခဏမှာပင် ရွှီရှင်း၏ မျက်လုံးများ ပြူးသွားကာ အသက်ရှူပင် မှားသွားရသည်။
မီတာ ၁၀ ကျော် မြင့်သည့် ဧရာမ ဂူကြီးတစ်ခု ဖြစ်၏။
ထိုဂူထဲတွင် ဗီဇပြောင်းနွယ်ပင်များမှာ ဂူနံရံများ၊ မြေပြင် အနှံ့အပြားတွင် ရှုပ်ထွေးစွာ ပေါက်ရောက်နေပြီး အလယ်တွင် အလုံးကြီးတစ်ခု ပုံစံ ဖြစ်ပေါ်နေသည်။
ထိုနွယ်ပင်များ ဝိုင်းရံထားသည့် အလယ်ဗဟိုတွင်မူ ၅ မီတာ၊ ၆ မီတာခန့် မြင့်သည့် သွေးရောင် အသားခဲကြီးတစ်ခု ရှိနေ၏။
ထိုအသားခဲကြီးမှာ လူ့နှလုံးသားတစ်ခုနှင့် ဆင်တူပြီး အဆက်မပြတ် ခုန်လှုပ်နေသည်။
စောစောက သူကြားလိုက်ရသည့် ဒုန်း... ဒုန်း... ဆိုသည့် အသံမှာ ကျိချောင်းယန်၏ ရင်ခုန်သံ မဟုတ်ဘဲ ဤ ဧရာမ နှလုံးကြီး ၏ အသံ ဖြစ်နေချေပြီ။
ဗီဒီယိုထဲတွင် အလင်းရောင် ရနေခြင်းမှာ ထိုနှလုံးကြီးနှင့် ပတ်ပတ်လည်ရှိ နွယ်ပင်များပေါ်မှ သွေးရောင်အစင်းကြောင်းများက နီရဲသော အလင်းတန်းများ ထုတ်လွှတ်နေသောကြောင့် ဖြစ်သည်။
ထိုအလင်းမှာ နှလုံးခုန်သံနှင့်အတူ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။
နွယ်ပင်များပေါ်ရှိ အစင်းကြောင်းများနှင့် ဆူးများ လင်းလက်နေခြင်းမှာ ဤအလယ်က ဧရာမ နှလုံးကြီး ကြောင့် ဖြစ်မည်မှာ သေချာသည်။
ခဲခဲလေး ပေးခဲ့သည့် သတိပေးချက်ကို ရွှီရှင်း ပြန်သတိရလိုက်မိ၏။
သစ်ပင်အိမ်နားမှာ နွယ်ပင်တွေနဲ့ မတူတဲ့ အလွန်အန္တရာယ်များတဲ့ သတ္တဝါတစ်ကောင် ရှိနေတယ် ဆိုတာဒီအကောင်ကို ပြောတာလားမသိဘူး။
"မင်း ဘယ်မှာလဲ။ မြေအောက်ဂူထဲမှာလား"
ရွှီရှင်းက မေးလိုက်သည်။
မြေပြင်ပေါ်မှာသာ ဒီလောက် အကောင်ကြီး ရှိနေရင် ငါ့မြေပုံမှာ အနီရောင်အစက်ကြီး ပေါ်နေမှာပဲ။
အခု မြေပုံမှာ မပြဘူးဆိုတော့ ဒါက မြေအောက်မှာ ရှိနေတာ သေချာပြီ။
"ဟုတ်တယ်၊ ဂူထဲမှာ။ ဂူပေါက်က သစ်ပင်အိမ်နဲ့ မီတာ ရာဂဏန်းလောက်ပဲ ဝေးတယ်"
ကျိချောင်းယန်က ကင်မရာကို ပြန်လှည့်လိုက်သဖြင့် ဗီဒီယိုမှာ ပြန်မှောင်သွား၏။
ရုတ်တရက် ကျိချောင်းယန်က ဗီဒီယိုကို ပိတ်လိုက်သဖြင့် ရွှီရှင်း ကြောင်သွားရသည်။
"စကားပြောရတာ အဆင်မပြေလို့၊ မင်းကို ဗီဒီယိုကနေ အဲဒါကြီးကို ပြချင်ရုံပဲ။ စာနဲ့ပဲ ပြောကြရအောင်"
"မင်း အဲဒီနှလုံးကြီးနားမှာ ရှိနေတုန်းလား"
"မဟုတ်ဘူး၊ ငါ ထွက်လာပြီ။ အဲဒီမှာနေရတာ အရမ်း ဖိအားများတယ်၊ တစ်ခုခု ဖြစ်လာမှာ ကြောက်လို့"
"ဒါဆို မင်း သစ်ပင်အိမ်နဲ့ မီတာ ရာဂဏန်းလောက် ဝေးတဲ့နေရာ ရောက်နေတာပေါ့"
ရွှီရှင်းက မေးလိုက်သည်။
"မင်း ဘယ်တုန်းက အပြင်ထွက်သွားတာလဲ"
"ဇာတ်လမ်းက နည်းနည်း ရှည်တယ်ဟ။ ဒီမနက် ငါပြောတဲ့ ငါ့ရဲ့ ကျပန်းစွမ်းရည်က အကြားအာရုံ မြှင့်တင်ခြင်း ဆိုတာ မှတ်မိလား"
"မင်းက နှလုံးခုန်သံကို ကြားလို့ အသံလာရာနောက်ကို လိုက်သွားတာပေါ့လေ"
ရွှီရှင်း သဘောပေါက်သွား၏။
"ဟုတ်တယ်။ ဒီစွမ်းရည် ရပြီးကတည်းက သစ်ပင်အိမ်နားကနေ ဒီနှလုံးခုန်သံကြီးက ပဲ့တင်ထပ်နေတာ။ အသံက နှေးပေမဲ့ ပြင်းအားက တော်တော်ကောင်းတယ်၊ ဒါကြောင့် ဘာအကောင်က ထွက်တဲ့အသံလဲ သိချင်လို့ ကရိယာတွေ အစုံအလင်နဲ့ ထွက်လာခဲ့တာပဲ"
မြေအောက် မီတာ ရာဂဏန်းက အသံကို ကြားရသည်ဆိုပါက ကျိချောင်းယန်၏ အကြားအာရုံမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှ၏။
"အဖွဲ့ထဲမှာ မင်းတို့ ပြောနေတာတွေကို ငါ ဖတ်ပြီးသားပါ။ ငါ့ရဲ့ နည်းလမ်းကလည်း မင်းတို့နဲ့ တူတူပါပဲ။ သစ်ပင်အိမ်အောက်က နွယ်ပင်တွေကို အရင်ရှင်းပြီး ဘေးကင်းအောင် လုပ်တယ်။ ပြီးတော့မှ နှလုံးခုန်သံကြားရာဘက်ကို လမ်းဖောက်ပြီး သွားတာ။ သစ်ပင်အိမ်နဲ့ မီတာ ၃၀ လောက် ဝေးသွားတော့ မြေကြီးထဲကနေ နွယ်ပင်တွေ ထပ်ထွက်မလာတော့ဘူး"
"သစ်ပင်အိမ် ပတ်လည် မီတာ ၃၀ အတွင်းမှာပဲ နွယ်ပင်တွေ ရှိတာလား"
ရွှီရှင်း မမေးဘဲ မနေနိုင်တော့ပေ။
သူက သစ်ပင်အိမ်အောက်က နွယ်ပင်တွေကိုပဲ ရှင်းထားပြီး အပြင်ဘက်ကို ဆက်မသွားရသေးသောကြောင့် ဖြစ်သည်။
"အေး၊ မီတာ ၃၀ ကျော်သွားရင်တော့ သာမန်ကာကွယ်ရေးနယ်မြေနဲ့ ဘာမှမခြားတော့ဘူး"
ကျိချောင်းယန်က ရှင်းပြသည်။
"အဲဒီနောက်မှာတော့ ငါ အသံလာရာနောက်ကို လိုက်သွားရင်းနဲ့ မီတာ ရာဂဏန်းအကွာက ဂူကို တွေ့တာပဲ"
"ဂူလား"
ရွှီရှင်းက ထပ်မေးလိုက်သည်။
"အဲဒါ ကာကွယ်ရေးနယ်မြေထဲမှာ ပေါ်လာတဲ့ ဂူမျိုးလား"
"အပြင်ပန်းကတော့ အတူတူပဲ၊ ၂ မီတာလောက် ကျယ်တဲ့ အပေါက်ကနေ မွှေးရနံ့လေးတွေ ထွက်နေတာ။ ထူးခြားတာက ဒီအပေါက်က အောက်ခြေမရှိတဲ့ အပေါက်ကြီး မဟုတ်ဘူး၊ သစ်ပင်အိမ်ဘက်ကို ဦးတည်ပြီး အောက်ဘက်ကို လျှောဆင်းသွားတာ။ အဲဒီဂူထဲကနေ အသံတွေ ထွက်နေတာပဲ။ ငါ တော်တော်ကြာ စဉ်းစားပြီးမှ ဆင်းကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။ ဂူအဆုံးအထိ လိုက်သွားတော့မှ စောစောက မင်းမြင်လိုက်ရတဲ့ မြင်ကွင်းကို တွေ့တာပဲ။ ငါ တော်တော် လန့်သွားတယ်"
ကျိချောင်းယန်က အေးအေးဆေးဆေး ပြောပြနေသော်လည်း ရွှီရှင်းကတော့ ကြီးမားသည့် အန္တရာယ်ကြီးတစ်ခုက မြေအောက်တွင် ရှိနေသည်ကို ခံစားနေရသည်။
ဗီဇပြောင်းနွယ်ပင်တွေ ဝိုင်းထားတဲ့ သွေးရောင်နှလုံးသားကြီး...
အဲဒါက ဒီနွယ်ပင်တွေကို ထိန်းချုပ်နေတဲ့ အရှင်သခင် ဖြစ်မှာပဲ။
ဒါကို ဖျက်ဆီးနိုင်ရင် ဒီကာကွယ်ရေးတိုက်ပွဲကို အနိုင်ရမှာလားမသိဘူး။
"မင်း အခု ပြန်လာလို့ မရလောက်တော့ဘူး၊ သစ်ပင်အိမ် ပတ်ပတ်လည်မှာ သွေးရောင်ဆူးနွယ်ပင်တွေ ဝိုင်းနေပြီ။ မင်း အဲဒီနှလုံးကြီးကို တိုက်ခိုက်ကြည့်ခဲ့လား"
ရွှီရှင်းက မေးလိုက်၏။
တော်တော်ကြာသည်အထိ ဘာပြန်စာမှ ရောက်မလာပေ။
"ဟင်... ဘာဖြစ်လို့လဲဟ။ မင်း ရှိသေးလား"
ရွှီရှင်း ထပ်မေးသော်လည်း အကြောင်းမပြန်တော့ပေ။
တစ်ဖက်မှာ တစ်ခုခု ဖြစ်သွားပြီ ထင်၏။
ရွှီရှင်း အသက်ကို ဝဝရှူကာ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သည်။
သွေးရောင်ဆူးနွယ်ပင်တွေ ပြန့်နှံ့နေတာက သစ်ပင်အိမ် ပတ်လည် မီတာ ၃၀ အတွင်းမှာပဲ ဖြစ်သည်။
ဒါက သစ်ပင်အိမ်ကို ကာကွယ်ရမယ့် တိုက်ပွဲဆိုတော့ အပြင်မှာ ဘေးကင်းနေလည်း သစ်ပင်အိမ်ကို စွန့်ခွာလို့ မရပေ။
ထူးဆန်းတဲ့ အသံ ကလည်း သစ်ပင်အိမ်ကို လုံးဝ မစွန့်ခွာဖို့ အကြိမ်ကြိမ် သတိပေးထားဖူးသည်။
ဒါကြောင့် သစ်ပင်အိမ်ကို ကာကွယ်ဖို့က အရေးကြီးဆုံးပင်။
ရွှီရှင်းသည် ကျိချောင်းယန်ဆီက ရသည့် အချက်အလက်များကို အဖွဲ့ဝင်များထံ မျှဝေပေးလိုက်သည်။
သို့သော် ကျပန်းမြှင့်တင်မှု စွမ်းရည်အကြောင်းကိုမူ လျှို့ဝှက်ချက်အဖြစ် ထားရှိလိုက်၏။
ကျောက်ရှောင်ချွမ်း - "ဘုရားရေ အကြီးအကဲကျိက တော်တော် သတ္တိရှိတာပဲ သစ်ပင်အိမ် ကာကွယ်ရေးအားနည်းနေတာတောင် အပြင်ထွက်ပြီး စူးစမ်းရဲတယ်"
ချီရွှယ်ဖေး - "သူ ဒီတစ်ခါတော့ နည်းနည်း စိတ်လောသွားတာပဲ၊ သူ ထွက်သွားတုန်း သစ်ပင်အိမ်ကို တစ်ခုခုက လာတိုက်ရင် ဘယ်လိုလုပ်မလဲ။ တော်သေးတာပေါ့၊ ဒီနွယ်ပင်တွေက အခုထိ မတိုက်သေးလို့"
ဝမ်ကွေ့ရှင်း - "...နှလုံးသားလား... ဒီနွယ်ပင်တွေက သတ်လေ ပေါက်လေ ဖြစ်နေတာ အဲဒီနှလုံးသားနဲ့ ဆိုင်မလားမသိဘူး"
ရွှီရှင်းလည်း ထိုအတိုင်းပင် တွေးမိသည်။
သူက ဝမ်ကွေ့ရှင်းကို မေးလိုက်၏။
"နင့် သစ်ပင်အောက်မှာ နွယ်ပင်တွေ ပိုများလာပြီလား"
"အော်... အကုန် သေကုန်ပြီ"
ရွှီရှင်း - "..."
ချင်ယွန့်လုံ - "..."
ဝမ်လေ့ - "...."
လီဝမ်ရှီး - "ဟင်"
"အော်... ငါ နင့်ရဲ့ နည်းလမ်းနဲ့ အရင်စမ်းကြည့်ပြီးတော့ ငါ့နည်းလမ်းနဲ့ပဲ ဖြေရှင်းလိုက်တာ" ဟု ဝမ်ကွေ့ရှင်းက ပြန်ဖြေသည်။
ရွှီရှင်း - "ဒါနဲ့... နင် ဘယ်လို ဖြေရှင်းလိုက်တာလဲ"
ဝမ်ကွေ့ရှင်း - "တီကောင်တစ်ကောင်ကို ဖြတ်ရင် နှစ်ကောင် ဖြစ်လာတာပဲ၊ ဒါဆို တီကောင်ကို ဘယ်လို သတ်မလဲ။ ငါ့နည်းလမ်းက နင် တို့နဲ့ မတူသလို နင်တို့အတွက်လည်း သိပ်အကူညီမရဘူး၊ ဒါကြောင့် အစက ငါ နင်တို့အတွက် အရင်စမ်းသပ်ပေးခဲ့တာပဲ"
ကျောက်ရှောင်ချွမ်း - "နင့်မှာ တစ်ခုခု ထူးခြားတဲ့ စွမ်းအားတွေ ရှိနေတာလား"
ဝမ်ကွေ့ရှင်း - "အစ်မရွှယ်ဖေးမှာ ထူးခြားတဲ့ စွမ်းရည်ရှိတာကျတော့ ရပြီး ငါ့ကျတော့ မရဘူးလား"
လီဝမ်ရှီး - "ဝိုး... အမကြီး ဝမ်က တကယ် စွမ်းတာပဲ"
အဖွဲ့ထဲမှာတော့ လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေကို မမေးကြတော့ဘဲ နှုတ်ဆိတ်နေလိုက်ကြ၏။
ရွှီရှင်းလည်း ဒီနွယ်ပင်တွေကို ဘယ်လို သတ်ရမလဲဆိုတာ စဉ်းစားနေမိ၏။
ဝမ်ကွေ့ရှင်းက သူ့သစ်ပင်အောက်က နွယ်ပင်တွေကို အကုန်သတ်နိုင်ခဲ့တာလား။
ရွှီရှင်း သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို တော်တော် အားကျမိသည်။
သူ့ရဲ့ ဖန်တီးရှင် စွမ်းရည်ကတော့ အခုထိ အဆင့်ထပ်မတက်သေးသဖြင့် အားမရဖြစ်မိ၏။
သူ ပြတင်းပေါက်ကနေ ထပ်ကြည့်လိုက်ရာ နွယ်ပင်တွေက သစ်ပင်အိမ်ကို မတိုက်သေးဘဲ လေထဲမှာ ယမ်းနေတုန်းပဲ ဖြစ်သည်။
"ဟင်"
ရွှီရှင်း မျက်မှောင်ကြုတ်ကာ သေချာကြည့်လိုက်၏။
နွယ်ပင်တွေရဲ့ အမြစ်တွေဆီကနေ အနီရောင် အလင်းတန်းလေးတွေ စတင် ထွက်ပေါ်လာပြီး အပေါ်ကို တဖြည်းဖြည်း တက်လာနေတာကို သူ မြင်လိုက်ရသည်။
ဒီအလင်းတန်းက ကျိချောင်းယန် ပြတဲ့ ဗီဒီယိုထဲကလို နှလုံးခုန်သံနဲ့အတူ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။
တကယ်ပဲ ဒီနွယ်ပင်တွေက အဲဒီနှလုံးသားကြီးနဲ့ ဆက်စပ်နေတာပဲ...။
ငါ့သစ်ပင်အိမ် မြေအောက်မှာလည်း နွယ်ပင်တွေကို စွမ်းအင်ပေးနေတဲ့ နှလုံးသားတစ်လုံး ရှိနေမှာပဲ။
ဒီအနီရောင်အလင်းတွေ အပေါ်အထိ ရောက်သွားလျှင် ဒီဆူးနွယ်ပင်တွေက အစွမ်းကုန် အားဖြည့်ပြီးသား ဖြစ်သွားပေလိမ့်မည်။
အဲဒီအချိန်ကျရင် သူတို့ ဘာလုပ်မလဲဆိုတာ မသိနိုင်ပေ။
မဟုတ်ဘူး...
ငါ ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်ဘူး။
ဒီအရာတွေရဲ့ အရင်းအမြစ်ကို သွားဖျက်ဆီးရမယ်။
အဲဒီနှလုံးသားကို ဖျက်ဆီးနိုင်ရင် ဒီကာကွယ်ရေးတိုက်ပွဲ ပြီးသွားနိုင်မှာပဲ။
ရုတ်တရက် သူ့နောက်ဘက်ကနေ အနီရောင်အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားသဖြင့် ရွှီရှင်း ထိတ်လန့်သွားကာ နောက်သို့ လှည့်ကြည့်လိုက်၏။
တော်ပါသေး၏....
အဲဒီအလင်းမှာ ငွေရောင်ဘုရင်နဲ့ မီမီဆီက လာတာ ဖြစ်သည်။
အခု သူတို့က မြေပြင်ပေါ်မှာ လှဲနေတုန်း ဖြစ်သော်လည်း သူတို့ကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းတွေက တော်တော်လေး လင်းလက်လာနေသည်။
ရွှီရှင်းရဲ့ မျက်နှာမှာ ဝမ်းသာရိပ်များ ပေါ်လာ၏။
ရင်ထဲက စိုးရိမ်စိတ်တွေလည်း နည်းနည်း လျော့သွားရသည်။
ဒါက...
သူတို့ ဆင့်ကဲပြောင်းလဲမှု အောင်မြင်တော့မှာလားမသိဘူး။
---
အခန်း ၁၅၆ ပြီး။