← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 31 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 31 Ch. 405-406

အခန်း ၄၀၅ လက်ခံခြင်း

ယန်ရှန့်ဧကရာဇ်၏ ဒေါသတကြီး ကြေညာချက်သည် ကမ္ဘာတစ်ဝှမ်းလုံး ပဲ့တင်ထပ်သွားပြီးနောက် မဟာပဋိပက္ခခေတ်ကြီးသည် တရားဝင် စတင်ခဲ့လေသည်။

ယန်ရှန့်ဧကရာဇ်၏ အောင်မြင်စွာ အဆင့်တက်ရောက်သွားမှုကြောင့် သူသည် မြင့်မြတ်ခုံရုံး သို့ ရောက်ရှိလာခဲ့ပြီး သူ့နောက်တွင် အမတမင်းဆက်၏ အခြားသောတန်ခိုးရှင်များကလည်း အနီးကပ်လိုက်ပါလာကာ မကြုံစဖူးသော ထိုးစစ်တစ်ခုကို စတင်ခဲ့သည်။

သို့သော် မြင့်မြတ်ခုံရုံးသည် ၎င်းတို့၏ ခိုင်မာသော ချီကံကြမ္မာစွမ်းအင် ကြောင့် ချီကံကြမ္မာဖြင့် ဖွဲ့စည်းထားသော အစီအရင်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး လွတ်ငြိမ်းရာအမတ၏ ထိုးစစ်ကို တားဆီးနိုင်ခဲ့ရာ ကုအန်ကို အလွန်အံ့အားသင့်စေခဲ့သည်။

ချီကံကြမ္မာလမ်းစဉ်သည် အကြောင်းအကျိုးဆက် လမ်းစဉ်ထက်မလျော့သော ဘက်စုံသုံးနိုင်သည့် လမ်းစဉ်တစ်ခုဖြစ်သည်။ တိတိကျကျပြောရလျှင် လမ်းစဉ်ကြီးသုံးထောင်၏ တစ်ခုချင်းစီတွင် ၎င်းတို့၏ ထူးခြားသော ကောင်းမွန်မှုများရှိကြပြီး အားသာချက် အားနည်းချက်ဟူ၍ အတိအကျမရှိရာ သက်ဆိုင်ရာလမ်းစဉ်အပေါ် ကျင့်ကြံသူ၏ ကျွမ်းကျင်မှုအပေါ်တွင်သာ မူတည်သည်။

နောက်ဆုံးတွင် မြင့်မြတ်ခုံရုံးသည် ယန်ရှန့်ဧကရာဇ်၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး သူ့အား ဆုတ်ခွာစေကာ အမတမင်းဆက်သို့ ပြန်၍ ကျင့်ကြံနေထိုင်ရန် တွန်းအားပေးနိုင်ခဲ့သည်။

မြင့်မြတ်ခုံရုံးသည် ရှင်သန်ကျန်ရစ်ခဲ့သော်လည်း ဤတိုက်ပွဲကြောင့် ဆုံးရှုံးမှုများစွာ ရှိခဲ့ပြီး ကမ္ဘာအနှံ့ ပြန့်ကျဲနေသော အင်အားစုများ စတင်စုစည်းလာစေခဲ့သည်။

ကမ္ဘာတစ်ဝှမ်းလုံးရှိ ဂိုဏ်းဂဏများသည် မြင့်မြတ်ခုံရုံးသည် ထင်သလောက် မဟုတ်ကြောင်း မြင်တွေ့လိုက်ရသောအခါ သူတို့သည် လှုပ်ရှားလာကြသည်။

ဘယ်သူက မြင့်မြတ်ခုံရုံး မဖြစ်ချင်ဘဲ နေမလဲ။

သူတို့သည် မြင့်မြတ်ခုံရုံး၏ လွှမ်းမိုးနိုင်သော အင်အားကိုသာ လက်အောက်ခံနေခြင်းဖြစ်ပြီး စိတ်ရင်းမှန်ဖြင့် သစ္စာရှိခြင်း မဟုတ်ပေ။

လာမည့်ဆောင်းဦးရာသီတွင် မဟာကောင်းကင်ဝိညာဉ်နယ်မြေတစ်ခုလုံးသည် မငြိမ်မသက်မှုများအတွင်းသို့ ကျရောက်သွားခဲ့သည်။

ဆောင်းဦးနှောင်းပိုင်းတွင် ကုအန်သည် အန်ရှင်းနှင့်အတူ သေမျိုးလောကတောင်ထိပ် သို့ ရောက်ရှိလာပြီး တောင်ထိပ်ကို လွှမ်းခြုံထားသော တင်းမာသည့်အငွေ့အသက်ကို လျင်မြန်စွာ ခံစားမိလိုက်သည်။

ကမ္ဘာလောကကြီးသည် ဖရိုဖရဲဖြစ်နေပြီး ဂိုဏ်းဂဏများနှင့် မင်းဆက်များက စောင့်ကြည့်နေကြကာ ရည်မှန်းချက်မရှိလျှင်ပင် ဘက်ရွေးချယ်ရန် လိုအပ်သည်။ ဤသည်မှာ နှစ်သန်းပေါင်းများစွာအတွင်း မကြုံစဖူးသော ကြီးမားသည့် အပြောင်းအလဲကြီးဖြစ်သောကြောင့် အင်အားစုအားလုံးသည် အလွန်သတိထားနေကြသည်။

တင်းထျန်းတောင်ထိပ်တွင် ဆေးအပင်များ ခူးဆွတ်ပြီးနောက် ကျုရှင်းလန်သည် ကုအန်ကို ရှာတွေ့ခဲ့ပြီး ပင်မတောင်ထိပ်မှ သူ့အား တောင်ထိပ်သခင်များ အစည်းအဝေးသို့ တက်ရောက်ရန် ဆင့်ခေါ်ကြောင်း အကြောင်းကြားခဲ့သည်။ ကုအန်သည် ငြင်းဆန်ခြင်းမရှိဘဲ ထွက်ခွာလာခဲ့သည်။

မြင့်မြတ်တောင်ထိပ်သခင်များအားလုံး ရောက်ရှိနေကြပြီး ကုအန် ရောက်ရှိလာသောအခါ တောင်ထိပ်သခင်များစွာထံမှ လေးစားသောကြည်များ ရရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင် ကုအန်သည် အပူပင်မဲ့အမတတစ်ပါးကိုပင် ကျော်လွန်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ဆက်ဆံရေးကောင်း ထူထောင်လိုကြခြင်း ဖြစ်သည်။

မြင့်မြတ်တောင်ထိပ် သခင်များအားလုံး စုံညီသောအခါ သခင်ယုံနျန့်က သေမျိုးလောကတောင်ထိပ်၏ အခြေအနေကို စတင်ရှင်းပြခဲ့ပြီး၊ မြင့်မြတ်ခုံရုံးက သူတို့၏ အကူအညီကို မျှော်လင့်နေကာ အမတမင်းဆက်နှင့် ဆက်နွယ်နေသော နယ်မြေများကို ပူးပေါင်းတိုက်ခိုက်လိုကြောင်း ပြောကြားခဲ့သည်။

အမတမင်းဆက်သည် မြင့်မြတ်ခုံရုံးကို နှိမ်နင်းပြီးနောက် အောင်ပွဲခံကာ လျင်မြန်စွာ နယ်မြေချဲ့ထွင်လာခဲ့ပြီး ကောင်းကင်ဘုံကို ဝါးမျိုမည့် ကြောက်မက်ဖွယ် အရှိန်အဟုန်ကို ပြသခဲ့သည်။

ယခုအခါ သခင်ယုံနျန့်သည် မြင့်မြတ်ခုံရုံးကို ကူညီသင့် မကူညီသင့်နှင့် ကူညီမည်ဆိုလျှင် မည်သို့ကူညီမည်ကို ဆွေးနွေးလို၏။ ကုအန်သည် ဆွေးနွေးပွဲတွင် မပါဝင်ဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

တောင်ထိပ်သခင် အများစုသည် မြင့်မြတ်ခုံရုံးကို မဆင်မခြင် မကူညီသင့်ဟု ယုံကြည်ကြသည်။ သူတို့၏ အမြင်သည် အမတမင်းဆက်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် အထူးသဖြင့် ရှန့်ထျန်၏ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားမှုကြားတွင် ကြောက်မက်ဖွယ်စွမ်း ပြသခဲ့သော ယန်ရှန့်ဧကရာဇ်ကြောင့် တုန်လှုပ်နေခဲ့သည်။

"ထိပ်သီးတန်ခိုးရှင်တွေက အမတမင်းဆက်ဘက်မှာ ရှိနေတာကို သူတို့က ဘယ်လိုလုပ် မြင့်မြတ်ခုံရုံးကို ကူညီရဲမှာလဲ။"

ကုအန်သည် သူတို့ကို အထင်မသေးပါ။ အမှန်တကယ်တော့ သူတို့၏ ခန့်မှန်းချက်သည် မှန်ကန်သည်။ ရှန့်ထျန်မရှိလျှင် အမတမင်းဆက်၏ လွမ်ငြိမ်းရာအမတ၂ဦး အနိုင်ယူရန် မဖြစ်နိုင်ပေ။

တောင်ထိပ်သခင်များ အစည်းအဝေးသည် ရှေးဟောင်းအချိန်တစ်နာရီ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် သူတို့သည် မြင့်မြတ်ခုံရုံး၏ တောင်းဆိုမှုကို သဘောတူရန် ဆုံးဖြတ်ခဲ့ကြသော်လည်း မည်သည့်အချိန်တွင် စတင်လှုပ်ရှားမည်ကိုမူ နောက်မှ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ကုအန်သည် တင်းထျန်တောင်ထိပ်သို့ ပြန်လာပြီး အန်ရှင်းကို သူမ၏ ကျင့်ကြံမှုတွင် လမ်းညွှန်ပေးခဲ့သည်။

ညနေစောင်းမှသာ သူတို့နှစ်ဦးသည် အဓိပတိဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။

နက်နဲတောင်ကြား အပြင်ဘက်ရှိ တောအုပ်ထဲတွင် လမ်းလျှောက်ရင်း ကုအန်သည် ရှေ့ဆက်သွားနေရင်း ကျူရှီကို အကဲခတ်နေခဲ့သည်။

"ဆရာ အမတမင်းဆက်နဲ့ မြင့်မြတ်ခုံရုံးကြားမှာ ဘယ်သူက နောက်ဆုံးမှာ အနိုင်ရမလဲလို့ ဆရာထင်လဲဟင်" အန်ရှင်းသည် ကုအန်၏ ဘေးနားတွင် အနီးကပ်လိုက်ပါရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူမသည် ကြီးမားသော အင်အားစုနှစ်ခုကြား ပဋိပက္ခကို မကြောက်ပေ။ သူမ၏ဆရာက သူမကို ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

"ပြောရခက်တယ် ဒါပေမယ့် တစ်ခုတော့ သေချာတယ် ဒီဘေးဒုက္ခက အချိန်အကြာကြီး ကြာမြင့်လိမ့်မယ်ဆိုတာပဲ"

ကုအန်သည် ထိုအရေးကို အလေးမထားသည့်ဟန်ဖြင့် တည်ငြိမ်သောအသံဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ ထို့နောက် အန်ရှင်းက ယန်ရှန့်ဧကရာဇ်သည် အမှန်တကယ် မည်မျှစွမ်းအားကြီးကြောင်း မေးမြန်းခဲ့သည်။ ယနေ့ သေမျိုးလောကတောင်ထိပ်၏ တပည့်များစွာက သူ့အကြောင်း ဆွေးနွေးနေကြသည်ကို ကြားခဲ့ရပြီး သူ့ကို ဤခေတ်၏ အသန်မာဆုံး အမတလမ်းစဉ်၏ အထွတ်အထိပ်ဟု ခေါ်ဝေါ်နေကြသည်။

"အရမ်းစွမ်းအားကြီးတယ်..အရမ်းပဲ ဟောက်အာရဲ့ ပါရမီနဲ့တောင် အဲ့ဒီအဆင့်ကို ရောက်ဖို့ နှစ်သိန်းပေါင်းများစွာ လိုအပ်လိမ့်မယ်။" ကုအန်၏ အဖြေသည် အန်ရှင်းကို အံ့အားသင့်သွားစေသည်။

နှစ်သိန်းပေါင်းများစွာ...

အံ့အားသင့်မှုပြီးနောက် အန်ရှင်းသည် အဆုံးမရှိသော တွေးတောမှုများထဲသို့ နစ်မြုပ်သွားသည်။

နှစ်သိန်းပေါင်းများစွာကြာရင် သူမ အသက်ရှင်နေဦးမှာလား။

သူမ၏ အကြည့်သည် ဆရာ့ထံသို့ အလိုအလျောက် ရောက်ရှိသွားသည်။

သူမ၏ ဆရာက နှစ်သိန်းပေါင်းများစွာကို ပေါ့ပေါ့ပါးပါး ပြောဆိုနေခြင်းသည် သူ့အတွက် နှစ်သိန်းပေါင်းများစွာဆိုတာ သာမန်လူတွေအတွက် ဆယ်နှစ် သို့မဟုတ် တစ်နှစ်လောက်ပဲလား။

မည်သို့ပင်ဖြစ်စေ ယန်ရှန့်ဧကရာဇ် မည်မျှပင် စွမ်းအားကြီးသည်ဖြစ်စေ၊ သူမ၏ဆရာလောက်တော့ စွမ်းအားကြီးမည်မဟုတ်ဟု သူမ ခံစားမိသည်။

ကုအန်သည် သူမ ဘာတွေတွေးနေသည်ကို မသိသော်လည်း ကျူးရှီသည်ဆေးအပင်များ ခိုးယူပြီးနောက် အပြစ်မရှိဟန်ဆောင်ကာ သူမ၏ ဆရာရှေ့တွင် ရှိုက်ကြီးတငင်ငိုနေသည်ကို မြင်သောအခါ သူ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

အချိန်သာပေးလိုက်လျှင် ထိုက်ချူစွမ်းအင်ဝါးမျိုခန္ဓာ သည် ထိပ်သီးတန်ခိုးရှင်တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။ယန်ရှန့်ဧကရာဇ်ကိုပင် ကျော်လွန်သွားနိုင်လောက်သည်။

ကံမကောင်းစွာဖြင့် သူမသည် နောက်ကျမှ မွေးဖွားလာပြီး ထိုသို့သော မငြိမ်မသက်သည့် အချိန်ကာလနှင့် ကြုံတွေ့နေရသည်မှာ တကယ်ကို ကံဆိုးခြင်းပင်။

ခနလေး...ဒါက

ဘေးဒုက္ခနဲ့ ရင်ဆိုင်ဖို့ မွေးဖွားလာတာလား။ ကုအန်သည် စိတ်ဝင်စားသော အမူအရာပြကာ ကျူးရှီ၏ ကံကြမ္မာကို ဆင်ခြင်တွက်ချက်တော့သည်။

ထိုက်ချူစွမ်းအင်ဝါးမျိုခန္ဓာ၏ ကံကြမ္မာကို ခန့်မှန်းရန် ခက်ခဲသော်လည်း အကာအပြင်တာအိုအမတတစ်ဦးအနေဖြင့် ကုအန်သည် အကြောင်းအကျိုးဆက်၏ သဲလွန်စအချို့ကို တွက်ချက်နိုင်စွမ်းရှိသည်။

နှစ်များ တဖြည်းဖြည်း ကုန်လွန်သွားချိန်တွင် အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့သည် အလုံးစုံစစ်ပွဲအတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ ကမ္ဘာတစ်ခုလုံး စစ်မီးများ တောက်လောင်ခဲ့ပြီး ညအခါတွင် မြင်တွေ့ရသော ကြယ်ကြွေမှုများသည် ယခင်ကထက် များစွာပိုမိုများပြားလာခဲ့သည်။

ပင်လယ်ရပ်ခြားကျင့်ကြံသူများသည် ထိုက်ချန်းတိုက်ကြီး သို့ ခိုလှုံရန် အဆက်မပြတ် ထွက်ပြေးလာကြပြီး များစွာသော မကျေနပ်မှုများနှင့် ပဋိပက္ခများကိုလည်း ယူဆောင်လာကာ ဆက်လက်ပျံ့နှံ့နေခဲ့သည်။

နှစ်နှစ်ဆယ်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။

နွေရာသီအကုန်တွင် ကုအန်သည် လုကျိကျားနှင့်အတူ ချောက်ကမ်းပါးတစ်ခုပေါ်တွင် ပခုံးချင်းယှဉ်ရပ်ကာ အဝေးသို့ ငေးကြည့်နေခဲ့သည်။

လုကျိကျား၏ ဆံပင်များသည် ဖြူဖွေးနေပြီး သူ့ပတ်ဝန်းကျင်ရှိ သေခြင်းတရားအငွေ့အသက်သည် နှစ်များကြာလာသည်နှင့်အမျှ ပိုမိုလေးလံလာကာ နုပျိုခြင်းဆေးလုံး၏ အာနိသင်သည်လည်း ကုန်ဆုံးသွားပြီဖြစ်သည်။

"ဒီနှစ်တွေအတွင်း အဓိပတိဂိုဏ်းထဲမှာ အငွေ့အသက်တွေ ပိုတင်းမာလာတယ်။ အပေါ်က ကောင်းကင်ကြီးတောင် အရင်ကလောက် မပြာတော့ဘူး အမြဲတမ်း မှိုင်းညို့နေသလိုပဲ" လုကျိကျားက သက်ပြင်းချရင်း မှတ်ချက်ပြုလိုက်သည်။

ကောင်းကင်တွင် တိမ်တိုက်များ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေပြီး၊ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းမထားသလို လေနှင့်မိုးရွာမည့် လက္ခဏာလည်း မပြပေ။

ကုအန်က ပြန်ပြောသည်၊ "ဟုတ်တယ် တကယ်ကို အဖြစ်အပျက်တွေများတဲ့ ရာသီပဲ။ မင်း ဘယ်လိုထင်လဲ၊ ငါတို့ ဒီခတ်မှာမှာမွေးလာတာ ကံကောင်းတာလား ကံဆိုးတာလား။ အဓိပတိဂိုဏ်းရဲ့ ကာကွယ်မှုအောက်မှာ အန္တရာယ်ကင်းကင်း ဖြတ်ကျော်ခဲ့ရပေမယ့်...အမျိုးမျိုးသော ဘေးဒုက္ခတွေကို အမြဲကြုံတွေ့နေရတာပဲ..."

လုကျိကျားက ရယ်မောလိုက်ပြီး"သဘာဝကျကျပဲ ကံကောင်းတာပေါ့။ အရင်က စီနီယာတွေလည်း သူတို့ဘဝက အခက်အခဲတွေနဲ့ ပြည့်နေတယ်လို့ ထင်ခဲ့ကြတာပဲ။ လူတိုင်းက သူတို့ကိုယ်သူတို့ အကောင်းဆုံးအချိန်မှာ မွေးဖွားမလာဘူးလို့ ခံစားရကြတာပဲ။"

"မင်း ဒါကို ကောင်းကောင်းနားလည်တာကို ငါ တကယ်အံ့သြမိတယ်။" ကုအန်က လုကျိကျားအား စိတ်သက်သာရာရစွာဖြင့် ပြောလိုက်သည်။

လုကျိကျား၏ နေ့ရက်များ နည်းပါးလာသည်ကို ကြည့်ရင်း သူသည် ရှောင်ချွမ်းကို မတွေးဘဲ မနေနိုင်တော့ပေ။

ရှောင်ချွမ်း ဘာလို့ ပြန်ဝင်စားခြင်း မရှိသေးတာလဲ။သူက တခြားကမ္ဘာမှာ ပြန်ဝင်စားသွားတာများလား။

အခန်း ၄၀၆ အလွမ်း

ကုအန်သည် အမတမင်းဆက်က ဝပြန်လည်မွေးဖွားခြင်းဝဲဂယက်ထဲမှ စွမ်းအားကြီး အမတဝိညာဉ်များစွာကို ပြန်လည်ခေါ်ယူခဲ့သည်ကို တွေးမိပြီး ထိုဝဲဂယက်သည် ထင်သလောက် မရိုးရှင်းဟု ခံစားမိလာသည်။

"ဒါကတော့ ဂိုဏ်းတူအစ်ကိုရဲ့ သင်ကြားပြသမှု ကောင်းလို့ပါ။ နောက်ပြီး ကျွန်တော်လည်း အများကြီး အသက်မရှည်တော့ဘူးလေ ကျွန်တော့်ဘဝက ဘေးဒုက္ခတွေအားလုံးက ကိုယ်တိုင်လုပ်လို့ဖြစ်တာ ဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီဘဝအတွက် တော်တော်လေး ကျေနပ်ပါတယ်" လုကျိကျားက ခေါင်းခါရင်း ခပ်မဲ့မဲ့ပြုံးကာ ပြောလိုက်သည်။

ကုအန်က နှာမှုတ်လိုက်ပြီး၊ "မင်းတို့အားလုံး သေခါနီးမှ ဘာလို့ နောင်တမရှိကြတာလဲ။ ငါ့ကို ဝန်ထုပ်ဝန်ပိုးဖြစ်မှာ ကြောက်လို့လား။"

သူသည် လူများစွာ သေဆုံးသွားသည်ကို မြင်ခဲ့ဖူးပြီး၊ တစ်ဦးချင်းစီတိုင်းသည် ပြုံးလျက် ထွက်ခွာသွားကြရာ သူ့ကို အလွန်အမင်း စိတ်ခံစားမှုမဖြစ်စေဘဲ၊ ရံဖန်ရံခါ အတိတ်ကို လွမ်းဆွတ်သတိရမိရုံသာ ဖြစ်သည်။

"ဟားဟားဟား ဂိုဏ်းတူအစ်ကိုရယ် သိပ်မတွေးပါနဲ့ ဂိုဏ်းတူအစ်ကိုရဲ့ ဂရုစိုက်မှုအောက်မှာ ကျွန်တော်တို့ ဘဝကောင်းတစ်ခု ရခဲ့တာရော မဖြစ်နိုင်ဘူးလား။ ကျွန်တော်တို့အားလုံး အပြင်လောကကို ထွက်ပြီး လောကရဲ့ အန္တရာယ်တွေကို တွေ့ကြုံခဲ့ဖူးကြတယ်။ ဒါကြောင့်မို့ လက်ရှိဘဝကို တန်ဖိုးထားပြီး ဖြတ်သန်းခဲ့တဲ့ ဘဝတွေအတွက် ကျေနပ်နေကြတာပါ။ ဂိုဏ်းတူအစ်ကို သိပ်တွေးနေစရာ မလိုပါဘူး။ ဘယ်သူမှ တစ်ခြားတစ်ယောက်ရဲ့ ဘဝအတွက် တာဝန်ယူစရာ မလိုပါဘူး" လုကျိုကျားက အားရပါးရ ရယ်မောပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

ဂိုဏ်းတူအစ်ကိုသည် သူ့ပတ်ဝန်းကျင်ရှိသူများ၏ ကျင့်ကြံမှုကို ဂရုစိုက်ကြောင်း သူသိသည်။ ဂိုဏ်းတူအစ်ကိုသည် သူ့ရဲ့ ရင်းနှီးသူများအတွက် စည်းစိမ်ဥစ္စာ ဂုဏ်သိက္ခာကို မရှာဖွေပေးဘဲ သူတို့ အသက်ရှည်ရှည် နေထိုင်စေလိုသည်ကို သူသိသည်။

ကုအန်က ပြုံးလိုက်ပြီး "ငါက ဘယ်မှာ အရမ်းတွေးနေလို့လဲ။ တကယ်တော့ ငါလည်း တစ်ကိုယ်ကောင်းဆန်တာပဲလေ။ ငါက တစ်ယောက်တည်း အထီးကျန် မဖြစ်ချင်ရုံလေးပါ"

လုကျိကျားက ရယ်မောသည် "လူတိုင်းက နောက်ဆုံးတော့ သေရမှာပဲလေ....ဒါက ရှောင်လွှဲလို့မရဘူး။"

"ဟုတ်တယ်၊ မဟာနေနတ်ဘုရားဂိုဏ်း အကြောင်းပဲ ပြောကြရအောင် သူတို့ ဘယ်အချိန် တိုက်ခိုက်လာမလဲဆိုတာ ဘယ်သူသိမလဲ။"

"တကယ်လား... ကျိုးပဲပင်လယ်နယ်မြေ က မြင့်မြတ်ခုံရုံးရဲ့ အကာအကွယ်အောက်မှာ ရှိနေတာလေ မဟာနေနတ်ဘုရားဂိုဏ်းက တကယ်ပဲ အရင်တုန်းက မဟာအအေးနတ်ဆိုးဂိုဏ်း ထက် ပိုသန်မာနိုင်လို့လား။"

လုကျိကျားက မျက်မှောင်ကြုတ်လိုက်ပြီး မကြာသေးမီက လူပြောများနေသော မဟာနေနတ်ဘုရားဂိုဏ်းအကြောင်းကို ပြောလိုက်သည်။ ကောင်းကင်စျန်အမတနယ်ပယ်သည်ပင် အဓိပတိဂိုဏ်း၏ တပည့်များ၏ အသိစိတ်ထဲသို့ ပြင်းပြင်းထန်ထန် ဝင်ရောက်လာခဲ့သည်။

အမျိုးမျိုးသော ကောလာဟလအားလုံးက အချက်တစ်ချက်ကို ညွှန်ပြနေသည် ကျိုးပဲပင်လယ်နယ်မြေသည် မကြုံစဖူးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ပြီး ထိုနေရာတွင် တည်ရှိသော ထိုက်ချန်းမင်းဆက် သည်လည်း ဘေးမသီရန်မခဘဲ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

ကုအန် ပြုံးလိုက်ပြီး "ငါတို့ လောင်းကြေးထပ်ကြမလား မဟာနေနတ်ဘုရားဂိုဏ်းက ဆရာသခင်ဓားအရှင် ကို အနိုင်ယူနိုင်မလား ခန့်မှန်းကြည့်ရအောင်"

ထိုစကားကို ကြားသောအခါ လုကျိကျား၏ မျက်ခုံးများ ချက်ချင်း ပင့်တက်သွားသည်၊ "ဆရာသခင်ဓားအရှင်ကို သူတို့ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ငါလောင်းတယ်!"

ကုအန်၏ အပြုံးသည် ခပ်တင်းတင်းဖြစ်သွား၏။ "မဟုတ်ဘူး ငါတို့ မဲနှိုက်ရအောင်....ပြီးမှ ဘယ်သူအရင်ရွေးမလဲ ဆုံးဖြတ်မယ်"

"ငါ မလုပ်ဘူး"

"မင်း အရိုက်ခံချင်နေတာလား...မင်းအသက်ကြီးပြီဆိုတိုင်း ဂိုဏ်းတူအစ်ကိုက မင်းကို မရိုက်ရဲဘူးလို့ မထင်လိုက်နဲ့!"

"အို... လုပ်လိုက်လေ.... တပည့်တွေ ကြည့်နေတ... ဒါက ဘယ်လို စံနမူနာပြစရာ ဖြစ်မှာလဲ။ ပထမတပည့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းစမ်းပါ။ နောက်မျိုးဆက်ရဲ့ ပထမတပည့်အတွက် အခက်အခဲအောင်မလုပ်နဲ့"

သူတို့နှစ်ဦး၏ အငြင်းအခုံများနှင့် ရယ်မောသံများ အဆုံးမရှိ ပဲ့တင်ထပ်လာတော့သည်။

တောင်တန်းများတွင် သစ်တောထူထပ်၏။ တောင်တစ်ခုတွင် တောင်ထိပ်များစွာ တည်ရှိလေသည်။ လူငယ်တစ်ဦးသည် မြေအိမ်ဝန်းထဲတွင် ဒူးထောက်နေပြီး သူ၏မျက်နှာသည် ခေါင်းမာဟန်ပြနေကာ သူ၏အကြည့်သည် ပင်မတံခါးမကြီးကို စိုက်ကြည့်နေခဲ့သည်။

"မင်း ဘယ်လောက်ကြာကြာ ဒူးထောက်နေပါစေ မင်းဘိုးဘေးရဲ့ ပိုးထည်အိတ်လေးကို ငါ မင်းလက်ထဲ အပ်မှာမဟုတ်ဘူး။" တံခါးမကြီး၏တဖက်တွင် အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။

"ဘာလို့လဲ" လူငယ်သည် အံကြိတ်လိုက်သည်။ "ကျွန်တော့်အဖေနဲ့ အဘိုးရဲ့ ကြီးမားတဲ့ကလဲ့စားကို ဒေါ်တကယ်ပဲ လျစ်လျူရှုတော့မှာလား။ သူတို့က ဒေါ်ရဲ့ မျိုးဆက်တွေပဲလေ!"

"ဒါကြောင့်မို့လို့ပေါ့... မင်းကို ဆက်ပြီး အသက်နဲ့ရင်းဖို့ငါခွင့်မပြုနိုင်တာ။ သာမန်လူတစ်ယောက်ဖြစ်ရတာ ဘာများမှားနေလို့လဲ။ အမတကျင့်ကြံခြင်းလောကထဲ ခြေချလိုက်တာနဲ့ ဘယ်သူမှ အဆုံးသတ်မကောင်းဘူး။"

"သာမန်လူဖြစ်တော့ အာဏာနဲ့ ရင်ဆိုင်ရတဲ့အခါ ကျင့်ကြံသူတွေနဲ့ တွေ့တဲ့အခါ ကျွန်တော်တို့က သူများသတ်သမျှခံရမယ့် အသားတုံးတွေလိုပဲမလား!"လူငယ်၏ အသံသည် နောက်ဆုံးတွင် တုန်ယင်သွားသည်။

တံခါးအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက်။လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ညင်သာစွာ ပြောလိုက်သည် "အန်မျိုးနွယ်ရဲ့ သွေးသားက ကျိန်စာသင့်နေတယ်။ မင်းရဲ့ ဘိုးဘေးဘီဘင်တွေထဲမှာ တစ်ယောက်မှ အဆုံးသတ်မကောင်းခဲ့ဘူး ငါ့သားတောင်မှ အသက်သုံးဆယ်မကျော်ခဲ့ဘူး။ ကျင့်ကြံမှု နက်ရှိုင်းလေ အဆုံးသတ်က ပိုဆိုးလေပဲ ဒါတောင် မင်းက ဆက်လုပ်ချင်တုန်းပဲလား။"

"ကျွန်တော်တို့ ဘိုးဘေး ထားခဲ့တဲ့ ပိုးထည်အိတ်လေးက ဒီပြဿနာကို ဖြေရှင်းဖို့ ဖြစ်နိုင်တယ်"

"အသုံးမဝင်ဘူး"

"ကျွန်တော် မယုံဘူး။ ကျွန်တော့်ကို ပေးလိုက်ပါ ကျွန်တော့်ဘာသာ ဆုံးဖြတ်ခွင့်ပေးပါ တစ်ယောက်ယောက်တော့ သေချာပေါက် ကြိုးစားကြည့်ရမှာပဲ"

လူငယ်လေးသည် လေးနက်စွာ ပြောလိုက်၏။ သူ၏ခန္ဓာကိုယ်သည် အချိန်အကြာကြီး ဒူးထောက်ထားသောကြောင့် တုန်ရီနေ၏။ စိတ်လှုပ်ရှားမှုကြောင့် သူ၏ ချီသွေးသည် အနည်းငယ် အားနည်းလာသည်။

ဂျိန်း

တံခါးသည် ရုတ်တရက် ပွင့်လာပြီး ပိုးထည်အိတ်လေးတစ်ခု ပျံထွက်လာကာ လူငယ်၏ ရှေ့တွင် ကျရောက်သွားသည်။

လူငယ်လေးသည် အလွန်အမင်း ဝမ်းသာသွားသော ချက်ချင်း ပိုးထည်အိတ်လေးကို ကောက်ယူ ဆုတ်ဖြဲကာ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး တုန်ရီနေသော လက်များဖြင့် စစ်ဆေးကြည့်လိုက်သည်။ စာရွက်ပေါ်တွင် စာလုံးကြီးနှစ်လုံး ရေးထားသည်။

လက်လျှော့!

လူငယ်သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့မျက်လုံးများ ပြူးကျယ်သွားကာ ပြောစရာစကားမရှိအောင် ဖြစ်သွားသည်။

"ဘာ... ဘာလို့.."

လူငယ်သည် သူ့ဘာသာသူ တီးတိုးရေရွတ်နေရင်း သူ၏လက်များသည် အလိုအလျောက်ပင် လက်သီးဆုပ်သွားပြီး စာရွက်သည် ထိုလက်ထဲတွင် ကြေမွသွားသည်။ သူ၏လက်သည်းများက သူ့အသားထဲသို့ စိုက်ဝင်သွားပြီး သွေးများ စိမ့်ထွက်လာကာ သူ၏ လက်ထဲမှ စာရွက်ကို စွန်းထင်းသွားစေသည်။

"ကံကြမ္မာကို ဘာလို့ လက်ခံရမှာလဲ... ဘာလို့..."

လူငယ်လေးသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်တွင် မိုးသားမည်းများ ဖုံးလွှမ်းနေသည်မှာ သူ၏ဘဝနေရောင်ခြည်ကို ကံကြမ္မာက ဖုံးကွယ်ထားသကဲ့သို့ပင် မျှော်လင့်ချက် အလင်းရောင်ကို မြင်ခွင့်မပေးတော့ပေ။

အဆောက်အအုံထဲမှ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် အဖြေမပေးသလို နှစ်သိမ့်စကားလည်း မဆိုခဲ့ပေ။ သူမသည်လည်း ထိုစာလုံးနှစ်လုံးကို တွေ့ကြုံခဲ့စဉ်က ထိုသို့သော မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားခဲ့ဖူးသည်။

သူမသည် ထိုယောက်ျားကိုလည်း အပြစ်မတင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ မထွက်ခွာမီက သတိပေးခဲ့သောကြောင့် ဖြစ်သည်။ သို့သော် သူမသည် မိသားစု၏ တိုက်တွန်းမှုကို မလွန်ဆန်နိုင်ဘဲ အငြင်းပွားမှုများတွင် ပါဝင်ပတ်သက်ခဲ့မိရာမှ သူမ၏ မျိုးဆက်များသည် တောင်တန်းများတွင် ပုန်းအောင်းနေထိုင်ရင်း ကံကြမ္မာ၏ မမျှတမှုကို ညည်းတွားမြည်တမ်းနေရသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။

ထိုစဉ်မှာပင် လူငယ်လေးသည် သူ၏ လက်ဖဝါးတွင် စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး ထိတ်လန့်တကြားဖြင့် ကြေမွနေသော စာရွက်ကို လွှတ်ချပစ်လိုက်မိသည်။

သူသည် အလိုအလျောက်ပင် သူ၏ လက်ဖဝါးကို ကြည့်လိုက်ရာ သွေးနီရောင် မျဉ်းကြောင်းများစွာ ပေါ်ထွက်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် သူသည် ခေါင်းမော့လိုက်ပြီး သွေးစွန်းနေသော စာရွက်လုံးလေးကို စူးစိုက်ကြည့်ကာ ထိုနေရာသို့ လေးဘက်ထောက်ကာ အပြေးသွားလေသည်။မ

သူသည် စာရွက်ကို ကောက်ယူပြီး ဖြန့်ကြည့်လိုက်သောအခါ "ကံကြမ္မာကို လက်ခံပါ" ဆိုသည့် စာလုံးများ ပျောက်ကွယ်သွားပြီး စာလုံးကြီးသုံးလုံးဖြင့် အစားထိုးနေသည်ကို အံ့အားတသင့် တွေ့လိုက်ရသည်။

အဓိပတိဂိုဏ်း

"အဓိပတိဂိုဏ်း... ဒါက ဘာအဓိပ္ပာယ်လဲ..." လူငယ်လေးသည် မျက်မှောင်ကြုတ်ရင်း တီးတိုးရေရွတ်လိုက်သည်။

သူသည် အဓိပတိဂိုဏ်းအကြောင်းကို ကြားဖူးသည်မှာ သေချာပါသည်။ မင်းဆက်များအားလုံးထက် သာလွန်သည်ဟု ကျော်ကြားသော နံပါတ်တစ် ဂိုဏ်းဖြစ်သည်။

သူ၏ အရည်အချင်းဖြင့် အဓိပတိဂိုဏ်းသို့ ဝင်ရောက်ရန် မည်မျှ ခက်ခဲလိုက်မည်နည်း။ ရုတ်တရက် သူ့ဘေးတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုသူမှာ အနက်ရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူဖွေးနေသော်လည်း မျက်နှာမှာ နုပျိုလှပနေသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမသည် တစ်ချိန်က အန်ဟောင် နှင့် စေ့စပ်ခဲ့ဖူးသော ထျန်းဝေ့ မင်းသမီး စစ်ယန်အာပင် ဖြစ်သည်။

သူမသည် လူငယ်လေး၏ လက်ထဲမှ စာရွက်ကို လုယူပြီး စာလုံးများကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ သူမ၏ မျက်ခုံးများမှာ တင်းတင်းကြုတ်ထားပြီး မျက်ဝန်းများတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။

"မင်းကပဲ အဲ့ဒီအကြီးအကဲကို ဖားဖားယားယား မလုပ်ဖို့ ငါ့ကို ပြောခဲ့တာ မဟုတ်လား... ဒါဖြင့်ရင် ဘာလို့ မင်းရဲ့ မျိုးဆက်တွေကို အဓိပတိဂိုဏ်းကို သွားဖို့ လျှို့ဝှက်စာ ချန်ထားခဲ့ရတာလဲ။ ဒီလိုနေ့ ရောက်လာမယ်ဆိုတာ မင်း ကြိုသိနေခဲ့တာလား။ ဒါမှမဟုတ် မင်းရဲ့ မျိုးဆက်တွေရဲ့ လုံခြုံရေးကို စိုးရိမ်နေခဲ့တာလား"

စစ်ယန်အာသည် သူ့ဘာသာသူ တီးတိုးရေရွတ်နေသည်။ သူမ၏ လေသံမှာ အံ့အားသင့်မှု၊ မလိုလားမှု၊ ဒေါသနှင့် နာကြည်းမှုတို့ ရောနှောနေသည်။

လူငယ်လေးသည် ခြေထောက်များ ပျော့ခွေကာ မတ်တပ်ထရပ်လိုက်သည်။ သူ၏ကိုယ်ကို တည်ငြိမ်အောင် ထိန်းရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

"အဖွား... ဘိုးဘေးက ဘာကို ဆိုလိုတာလဲ။ ကျွန်တော် အဓိပတိဂိုဏ်းကို သွားသင့်တယ်လို့ ဆိုလိုတာလား" သူသည် မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။

စစ်ယန်အာသည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူပြီးနောက် "ဟုတ်တယ် အဓိပတိဂိုဏ်းကို သွားရမယ်"

လူငယ်လေးသည် ဝမ်းသာအားရဖြစ်သွားပြီး ချက်ချင်းပင် ထွက်ခွာရန် လှည့်လိုက်သည်။

"နေဦး အဓိပတိဂိုဏ်း ဘယ်မှာရှိလဲဆိုတာရော ဘယ်လောက်ဝေးလဲဆိုတာရော မင်း သိလို့လား။" စီယန်အာက သူ့ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။

လူငယ်လေးက ခေါင်းလှည့်ပြီး "အဓိပတိဂိုဏ်းက အရမ်းနာမည်ကြီးတာပဲ၊ ဟိုမေးဒီမေးနဲ့ ရှာလို့ရမှာပါ"

"မင်းရဲ့ ခြေလှမ်းနဲ့ဆိုရင် အဲ့ကိုရောက်ဖို့ ဆယ်နှစ်လောက် ကြာလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင် မင်း သေနှင့်နေလောက်ပြီ။" စစ်ယန်အာသည် သူ့ကို စိုက်ကြည့်ရင်း ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူငယ်လေး၏ မျက်နှာသည် ဖြူဖျော့သွားသည်။ စစ်ယန်အာသည် ကျောခိုင်းကာ တောင်ထိပ်ဆီသို့ လျှောက်သွားရင်း "ခနစောင့် ငါ မင်းကို အဓိပတိဂိုဏ်းကို လိုက်ပို့ပေးမယ်"

လူငယ်လေးသည် ဝမ်းသာအားရဟန်ဖြင့် စစ်ယန်အာကို ကျေးဇူးတင်ရန် အလျင်အမြန် ဒူးထောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် အန်ဟောင်သည် သူ၏မျိုးဆက်များ ကြုံတွေ့နေရသည့်ဒုက္ခကို မသိဘဲ အမတမင်းဆက်တွင် ကျင့်ကြံနေခဲ့သည်။

သူသည် ကြီးကျယ်ခမ်းနားသော ရေတံခွန်ကြီးကို မျက်နှာမူကာ ချောက်ကမ်းပါးတစ်ခုပေါ်တွင် ကျင့်ကြံနေခဲ့သည်။ ရေတံခွန်၏ ပြင်းထန်သော အသံမှာ နားကွဲလုမတတ် ဆူညံနေပြီး အောက်ဘက်တွင်မူ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောသော ရေကန်ကြီးရှိကာ မြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် ထိုနေရာသည် ကမ္ဘာပေါ်ရှိ နတ်ဘုံနတ်နန်းတစ်ခုနှင့် တူနေသည်။

အန်ဟောင်၏ နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုသူမှာ အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အန်ဟောင်ကို လေးစားမြတ်နိုးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။

"အန်ဟောင် အမတမင်းဆက်က ကံကြမ္မာစွမ်းအားဆုငွေထုတ်ထားတယ်လေ ဘာလို့ မပါဝင်တာလဲ။ အမတမင်းဆက်ရဲ့ ကံကြမ္မာစွမ်းအား အထောက်အပံ့နဲ့ဆိုရင် ရှင့်ရဲ့ ကျင့်ကြံမှုအဆင့်က ပိုမြန်မြန် တိုးတက်လာမှာပဲ။ ဒီလို ပင်ပင်ပန်းပန်း တရားထိုင်နေတာထက် အများကြီး ပိုကောင်းတယ်" အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးက နူးညံ့ညင်သာသော အသံဖြင့် ပြောလိုက်သည်။

အန်ဟောင် သည် သူမကို ကျောပေးထားလျက် မျက်လုံးမဖွင့်ဘဲ "အမတလမ်းကို ကံကြမ္မာစွမ်းအား တစ်ခုတည်းနဲ့ ရှာဖွေတာက မှန်ချင်မှ မှန်လိမ့်မယ်။ ကိုယ်တိုင် ကျင့်ကြံထားတဲ့ စွမ်းအားကိုပဲ ငါ ပိုယုံကြည်တယ်"

အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးက ပြုံးပြီး "ဒါလည်း ဟုတ်တာပါပဲ။ ရှင့်ရဲ့ ထူးခြားတဲ့ အရည်အချင်းနဲ့ဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး အမတလမ်းရဲ့ အထွတ်အထိပ်ကို ရောက်နိုင်မှာပါ။ အချိန်တခုပဲလိုမှာ"

အန်ဟောင် သည် တုံ့ပြန်ခြင်း မရှိပေ။ ရေတံခွန်၏ရေသည် ရေကန်မျက်နှာပြင်ကို ရိုက်ခတ်နေသည့် ဆူညံသံသာ ကြားနေရသည်။

အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးသည် အန်ဟောင်ကို ဆက်လက်ကြည့်နေရင်း ပျင်းရိသည်ဟု မထင်မိပေ။

အချိန်အတော်ကြာပြီးနောက်။

"ပြန်လိုက်ပါ မင်းသမီး။ ကျွန်တော်က မင်းသမီးရဲ့ ရည်ရွယ်ချက်ကို အထင်လွဲနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဘဝမှာတော့ နောက်အိမ်ထောင် ထပ်မပြုတော့ပါဘူး။ ကျွန်တော့်မှာ ဇနီးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အမတကျင့်ကြံမှုကို လိုက်စားရင်း ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီးပါပြီ။ နောက်ထပ်အမျိုးသမီးတစ်ယောက်နဲ့ မိတ်ဆွေထက်ပိုတဲ့ ပတ်သက်မှုမျိုး မဖြစ်ချင်တော့ပါဘူး။"

အန်ဟောင်သည် နောက်ဆုံးတွင် စကားစပြောလိုက်သည်။ သူ၏လေသံသည် တည်ငြိမ်သော်လည်း ခိုင်မာပြတ်သားလှသည်။ ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူမသည် တစ်စုံတစ်ခု ပြောချင်သော်လည်း အန်ဟောင်၏ ကျောပြင်ကို ကြည့်ရင်း စကားမဆိုနိုင်တော့ပေ။

သူမသည် သူ၏ ပုံရိပ်ကို ခဏကြာ စိုက်ကြည့်နေပြီးနောက် လှည့်ထွက်သွားတော့သည်။

သူမ ထွက်သွားပြီးမှသာ အန်ဟောင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ အကြည့်များတွင် လွမ်းဆွေးမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

"နှစ်တွေ အများကြီးတောင် ကြာခဲ့ပြီ၊ မင်း နေမှကောင်းရဲ့လား"

အန်ဟောင်သည် သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်ရာ သူ၏ စိတ်ထဲတွင် တက်ကြွလန်းဆန်းပြီး ကစားမက်သော မိန်းကလေးတစ်ဦး၏ ပုံရိပ် ပေါ်လာသည်။ သူမ၏ အပြုံးနှင့် အကြည့်တို့သည် နှစ်ပေါင်းရာချီ ကြာသည့်တိုင် သူ မမေ့နိုင်ခဲ့ပေ။

All Chapters