အခန်း (၄၀၇-၄၀၈)
Vol. 31 Ch. 407-408
အပိုင်း ၄၀၇ ဆုံစည်းမူ
တစ်နှစ်ခန့်အကြာ အဓိပတိဂိုဏ်းအနီးရှိ တောအုပ်များထဲတွင် စစ်ယန်အာနှင့် လူငယ်လေးတို့သည် ခရီးဆက်နေကြ၏။ လူငယ်လေးသည် သူ၏ခါးကို ကုန်းစေသည့် အထုပ်ကြီးတစ်ထုပ်ကို သယ်ထားသည်။
သူသည် ရှေ့မှ လျှောက်နေသော အဖွားဖြစ်သူကို ကြည့်ပြီး "အဖွား၊ ကျွန်တော့်ကို ကျင့်ကြံဖို့ ဘာလို့ မသင်ပေးတာလဲ။ မဟုတ်ရင် ကျွန်တော် တကယ် ပင်ပန်းပြီး သေသွားလိမ်မယ်နော်"
အဖွားဖြစ်သူက ပျံသန်းနိုင်သော အဆောင်တစ်ခုကို ထုတ်လိုက်သောအခါ သူ အံ့အားသင့်သွားခဲ့သည်။ သူမသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။
သူသည် သူ့အဘိုးနှင့် အဖေကို ကယ်တင်ရန် အဖွားဖြစ်သူ အဘယ်ကြောင့် ကြားမဝင်ခဲ့သည်ကိုလည်း မေးခဲ့သည်။ စစ်ယန်အာက အချိန်မီ ကြားဝင်ရန် အလွန်ဝေးကွာနေခဲ့သည်ဟု ပြန်ဖြေခဲ့သည်။
အဘယ်ကြောင့် လက်စားမချေရသနည်းဟု မေးသောအခါတွင်လည်း သူ့အတွက်ကြောင့်ဟု ဆိုသည်။
ရန်သူသည် ၎င်းတို့၏ မျိုးနွယ်ထဲတွင် အမတတစ်ဦးရှိသော တန်ခိုးကြီးမိသားစုဖြစ်ပြီး သူမ ယှဉ်ပြိုင်နိုင်သည့်သူ မဟုတ်သည်မှာ သေချာသည်။
အကြောင်းရင်းများကို သိရှိပြီးနောက် လူငယ်လေး၏ ကျင့်ကြံပြီး အမတဖြစ်လိုသည့် ဆန္ဒသည် ပိုမိုပြင်းပြလာခဲ့သည်။ သူ အစွမ်းအားကြီးလာရမည်။
"ရောက်တော့မှာပဲကို ဘာလို့ အခုမှ ကျင့်ကြံဖို့ လုပ်နေမှာလဲ" ရှေ့မှ စစ်ယန်အာ၏ အသံ ထွက်ပေါ်လာသည်။
ထိုစကားကို ကြားသောအခါ လူငယ်လေးသည် ချက်ချင်း ဝမ်းသာသွားပြီး ခြေလှမ်းများကို အမြန်လှမ်းလိုက်သည်။ သူသည် သူ၏ ဘိုးဘေးနှင့် အဓိပတိဂိုဏ်း၏ ဆက်နွယ်မှုအကြောင်းကို စတင်မေးမြန်းလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ စစ်ယန်အာသည် အမှန်တရားကို မဖုံးကွယ်တော့ပေ။
"မင်းရဲ့ ဘိုးဘေးနာမည်က အန်ဟောင်ပဲ... သူက တစ်ချိန်က ကမ္ဘာ့အတော်ဆုံး ပါရမီရှင်တယောက်ပဲ။ အခု သူက ပိုပြီး ဝေးကွာတဲ့ နယ်မြေတစ်ခုမှာ စွန့်စားနေပြီ သူက အဓိပတိဂိုဏ်းရဲ့ ဂုဏ်ယူစရာဖြစ်ခဲ့တယ်..."
စစ်ယန်အာ စကားပြောနေစဉ် သူ၏ မျက်နှာပေါ်တွင် လွမ်းဆွတ်တမ်းတသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
သူမသည် အန်ဟောင်၏ တက်ကြွသော မျက်နှာကို သတိရမိသည်။
သူမသည် အန်သောင်၏ ဆုံးဖြတ်ချက်အတွက် နာကြည်းမှု မရှိခဲ့ပေ။ နောက်ဆုံးတွင် သူမ၏ နှလုံးသားကသာ အရင်လှုပ်ရှားခဲ့ခြင်းသာဖြစ်သည်။ ထို့အပြင် မထွက်ခွာမီ အန်ဟောင်သည် တန်ဖိုးကြီးရတနာများစွာကို ချန်ထားခဲ့၏။ ထိုအကြောင်းကြောင့်ပင် စစ်မိသားစုသည် ကျဆုံးပြီးနောက်တွင် သူမ၏ မျိုးဆက်များ ဆက်လက်ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။
လူငယ်လေးသည် အန်ဟောင်ဟူသော အမည်ကို ကြားသောအခါ အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသည်။ သို့သော် သူ၏အဖွားသည် သူ့ကို ချီးကျူးနေသည်ကို ကြားသောအခါ လူငယ်လေးသည် စိတ်လှုပ်ရှားခြင်း မရှိဘဲ သူ၏ အမူအရာသည် ပို၍ပင်မည်းမှောင်သွားသည်။
အန်ဟောင် ပိုပြီး အစွမ်းထက်လေ၊ လူငယ်လေး သူ့ကို ပိုပြီး မုန်းတီးလေ ဖြစ်သည်။
ကမ္ဘာ့အတော်ဆုံး အရည်အချင်းရှင် ဖြစ်တော့ ဘာဖြစ်လဲ။
သူ၏အမြင်တွင် သူသည် တာဝန်မကျေသော ဘိုးဘေးတစ်ဦးသာဖြစ်ပြီး အထင်ကြီးစရာ ကောင်းမည်မဟုတ်ပေ။
သူတို့နှစ်ဦးသည် ရှေ့သို့ ဆက်သွားရင်း စကားပြောနေကြသည်။ စကားပြောသူအများစုမှာ စစ်ယန်အာဖြစ်ပြီး လူငယ်လေးမှာ အနည်းငယ်သာ ပြောဆိုသည်။
သူတို့ လျှောက်နေစဉ် ရှေ့တွင် ပုံရိပ်များ ပေါ်လာသည်။ ပထမဆုံး မြင်ကွင်းထဲသို့ ဝင်လာသည်မှာ နတ်နွားတစ်ကောင်ကို စီးနေသော အမျိုးသားတစ်ဦးဖြစ်ပြီး သူ့နောက်တွင် အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။
စစ်ယန်အာသည် သူတို့၏ ရှိနေမှုကို ကြာမြင့်စွာကတည်းက အာရုံခံမိခဲ့သည်။ ထိုသူတို့ထဲမှ တစ်ဦးမှာ စိတ်ဝညာဥ်ခြေခံတည်အဆင့် ကျင့်ကြံသူဖြစ်ပြီး အဓိပတိဂိုဏ်း၏ တပည့်ဖြစ်သည်မှာ သေချာသည်။ ထို့ကြောင့် သူမသည် အဓိပတိဂိုဏ်းသို့ ဝင်ရန် လမ်းပြပေးမည့် ထိုနှစ်ဦးထံ ချဉ်းကပ်ချင်ခဲ့သည်။
သူမသည် ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး လူငယ်လေးသည် သွေးထောင်အရှင်သခင်ကို စူးစိုက်ကြည့်ရင်း အနီးကပ် လိုက်ပါလာသည်။
ဘယ်လောင်တောင် ကြီးလိုက်တဲ့ နွားကြီးလဲ!
ကုအန်သည် သွေးအကျဥ်းထောင်မဟာသူတော်စင်၏ ခေါင်းကို ပုတ်ကာ ရပ်တန့်ရန် အချက်ပြလိုက်သည်။
အန်ရှင်းသည် ခေါင်းလှည့်ကြည့်ပြီး လူငယ်လေးကို အကြည့်ရောက်သွားရာ မကြာမီပင် မျက်မှောင်ကြုတ်သွားသည်။
[အန်ယွမ် (စွမ်းအင်ကျင့်ကြံခြင်းအဆင့် ၁) : ၁၇/၂၅/၅၀၀၀]
ကုအန်သည် လူငယ်လေး၏ သက်တမ်းကို မျက်နှာအမူအရာ မပြောင်းဘဲ ကြည့်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ သူ၏ သက်တမ်း အဘယ်ကြောင့် ဤမျှတိုနေရသနည်းဟု စဉ်းစားမိနေသည်။
သူသည် စစ်ယန်အာနှင့် အခြားတစ်ဦးတို့ ရောက်ရှိလာမည်ကို ကြိုတင်တွက်ချက်ထားသောကြောင့် အန်ရှင်းနှင့်အတူ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သူသည် အန်ဟောင်၏ မျိုးဆက်များ ကြုံတွေ့ရမည့် ဒုက္ခကိုလည်း ကြိုတင်မြင်ထားသော်လည်း အန်ယွမ်နှင့် အမှန်တကယ် တွေ့ဆုံသောအခါ အံ့အားသင့်နေဆဲပင် ဖြစ်သည်။
သူ၏ သက်တမ်းသည် အကြောင်းမဲ့ တိုလွန်းနေပြီး အထူးသဖြင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိခြင်းကြောင့် ဖြစ်သည်။
စစ်ယန်အာသည် အန်ရှင်းထံ ချဉ်းကပ်ပြီး လက်အုပ်ချီကာ "ကျွန်မနာမည် စီယန်အာပါ ထျန်းဝေ့နယ်မြေဟောင်းကပါ။ ရှင်တို့နှစ်ယောက်က အဓိပတိဂိုဏ်းက တပည့်တွေလား"
"ရှင့်နာမည်က စီယန်အာလား။"
အန်ရှင်းသည် မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားတသင့် မေးလိုက်သည်။
စစ်ယန်အာသည် သံသယဖြင့်ပြန်မေး၏ "ညီမလေးက ကျွန်မနာမည်ကို ကြားဖူးလို့လား"
"ကြားဖူးတာပေါ့။ ကျွန်မရဲ့ အစ်ကိုကြီးက ရှင့်အကြောင်း ကျွန်မကို ပြောပြဖူးတယ်။"
"မင်းရဲ့ အစ်ကိုကြီးက..."
စစ်ယန်အာသည်လည်း အန်ဟောင် သူ၏ ညီမအကြောင်း ပြောပြသည်ကို သတိရသွားသောအခါ စိတ်လှုပ်ရှားသွားရသည်။
အန်ရှင်းသည် သူ၏ အထောက်အထားကို မဖုံးကွယ်ဘဲ ထုတ်ဖော်ပြောကြားလိုက်ရာ အမျိုးသမီးနှစ်ဦးသည် ကာလကြာရှည် ကွဲကွာနေပြီးမှ ပြန်လည်ဆုံတွေ့ကြသည့်နှယ် တစ်ဦးကိုတစ်ဦး ပွေ့ဖက်လိုက်ကြသည်။
အန်ယွမ်သည် အန်ရှင်းကို ကြောင်ကြည့်နေမိသည်။ နတ်သမီးတစ်ပါးကဲ့သို့ ကျက်သရေရှိသော ဤအမျိုးသမီးသည် သူ၏ ဘိုးဘေး၏ ညီမ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူမက အရမ်းနုပျိုတာပဲ၊ သူ့အရွယ်လောက်ပဲ ရှိလိမ့်မယ်
"ဒီပုဂ္ဂိုလ်က ဘယ်သူလဲရှင်"
စစ်ယန်အာသည် ကုအန်ကို စူးစမ်းလိုသော အကြည့်ဖြင့် လှည့်မေးလိုက်သည်။
"ဒါက ကျွန်မရဲ့ ဆရာလေယ အစ်ကိုကြီးနဲ့ ဆရာတစ်ယောက်တည်း မဟုတ်ပေမယ့် သူက ကျွန်မရဲ့ ဒုတိယဆရာပါပဲ" အန်ရှင်း အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
စစ်ယန်အာသည် ချက်ချင်း နားလည်သွားသည်။ အန်ဟောင်၏ ဆရာမှာ မည်သူဖြစ်သည်ကို သူမ သိသည်မှာ သေချာသည်။ ကျော်ကြားသော ဆရာသခင်ဓားအရှင်ပင်ဖြစ်သည်။ ဤအချက်ကို သူမသည် အန်ယွမ်အား မပြောပြခဲ့ပေ။
ကုအန် ပြုံးပြီး "မင်းတို့ အန်ဟောင် ကို လာရှာတာတော့ မဟုတ်ဘူးမလား။ သူက အမတမင်းဆက်ကို ရောက်သွားပြီ ကမ္ဘာ့ကနေ အမတမင်းဆက်ကို ရောက်ဖို့ မဟာယာနကျင့်ကြံသူတစ်ယောက်တောင် ဆယ်စုနှစ်တွေ နှစ်စုနှစ်တစ်ခုနီးပါးလောက်ကြာနိုင်တယ်"
အမတမင်းဆက်!
စီယန်အာသည် ချက်ချင်းပင်တွေဝေသွားသည်။ သူမသည် ထိုအမည်ကို ကြားဖူးသည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ပြန်လည်မွေးဖွားခြင်းကို ဖွင့်လှစ်ခဲ့သော ယွမ်ရွှီဘိုးဘေးသည် အမတမင်းဆက်မှ လာသောကြောင့် ဖြစ်သည်။
သူ အဲ့ဒီအခြေအနေအထိ ရောက်သွားပြီလား...
စစ်ယန်အာသည် ရုတ်တရက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ အတိတ်တွင် သူမ မောက်မာခြင်း မရှိခဲ့သည့်အတွက် ကံကောင်းခြင်း ဖြစ်သည်။ အကယ်၍ သူမသည် ထိုက်ချန်းတိုက်ကြီးတွင် သူ့ကို တွယ်ကပ်နေခဲ့ပါက အန်ဟောင်သည် ဤမျှ ကြီးကျယ်သော အောင်မြင်မှုကို ရရှိနိုင်ပါ့မလား။
"အရင်ဆုံး ငါတို့နဲ့ တောင်ကြားကို ပြန်လိုက်ခဲ့ပါ ရက်အနည်းငယ် အနားယူပြီးမှ ဆက်ပြောကြတာပေါ့"
ကုအန်၏ စကားများသည် စစ်ယန်အာ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီနေသည်။ သူမသည် လျင်မြန်စွာ ဦးညွှတ်ကျေးဇူးတင်ပြီး အန်ယွမ်အား စကားပြောရန် အမူအရာပြလိုက်သည်။ အန်ယွမ်သည် သတိပြန်ဝင်လာပြီးနောက် အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။
သူတို့အဖွဲ့သည် နက်နဲတောင်ကြားဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
အန်ရှင်းနှင့် စစ်ယန်အာတို့သည် ရှေ့ဆုံးမှ လက်ချင်းချိတ်ကာ လျှောက်နေကြပြီး အန်ယွမ်သည် သွေးအကျဥ်းထောင်သူတော်စင်၏ နောက်မှ သတိဖြင့် လိုက်ပါနေသည်။
သွေးအကျဥ်းထောင်သူတော်စင်သည် ခေါင်းလှည့်ကာ အန်ယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
အန်ယွမ်သည် ထိုနတ်ဆိုး၏ အကြည့်ကြောင့် တစ်ကိုယ်လုံး မလုံမလဲ ခံစားလိုက်ရသည်။
သူ့ကို စားချင်နေတာများလား။
"သူက အန်ဟောင်နဲ့ တော်တော်တူတာပဲ။ အရည်အချင်းကတော့ အများကြီး နိမ့်ကျတယ်။ ဒီလို ပါရမီရှင်တစ်ယောက်ရဲ့ မျိုးဆက်က ဒီလောက် စိတ်ပျက်စရာကောင်းလိမ့်မယ်လို့ မထင်ထားဘူး" သွေးအကျဥ်းထောင်သူတော်စင်က မှတ်ချက်ပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ အန်ယွမ်သည် ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း ပြန်ပြောရန် မဝံ့ရဲခဲ့ပေ။
ကုအန်သည် သွေးအကျဥ်းထောင်သူတော်စင်၏ ကျောကို ရိုက်ပြီး "မျိုးဆက်သစ်တစ်ယောက်ကို ဘာလို့ ဒီလိုပြောရတာလဲ။ ငါ မင်းကို သူ့ထက် ပိုဆိုးအောင် လုပ်နိုင်တယ်ဆိုတာ မင်း ယုံမလား"
သွေးအကျဥ်းထောင်သူတော်စင်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး နောက်ထပ်စကားမပြောရဲတော့ပေ။ အန်ယွမ်သည် ကုအန်ကို စူးစမ်းသလို ကြည့်ရင်း သူ့အပေါ် အသစ်တဖန် နှစ်လိုဖွယ် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ကုအန်ကို ပထမဆုံး မြင်လိုက်ရချိန်ကတည်းကပင် သူသည် ကုအန်ကို အလွန်နှစ်သက်သဘောကျမိပြီး သူ၏အပြုံးသည် အလွန်နူးညံ့ကာ သူ့အား ဆွေမျိုးရင်းချာကဲ့သို့ ရင်းနှီးသော ခံစားချက်ကို ပေးသည်ဟု ခံစားခဲ့ရသည်။
ကုအန်သည် အန်ယွမ်ကို လက်ယပ်ခေါ်ပြီး သွေးအကျဥ်းထောင်သူတော်စင်၏ ဘေးတွင် ရပ်စေလိုက်သည်။
အခန်း ၄၀၈ ရှန့်ထျန်း၊ ကြောက်မက်ဖွယ်ရာ ဆင်းသက်လာခြင်း
"မင်းရဲ့ဘိုးဘေး အန်ဟောင် နဲ့ ငါဘယ်လိုတွေ့ခဲ့လဲဆိုတာ သိချင်လား" ကုအန်က အန်ယွမ်ကို ပြုံးရင်း ကြည့်ကာ မေးလိုက်သည်။
အန်ယွမ် စိတ်မသက်မသာ ဖြစ်သွားသည်။ သူ့ဘိုးဘေး အသက်ရှင်နေသေးပြီး အလွန်အစွမ်းထက်မှန်း သိလိုက်ရသောအခါ သူသည် အန်ဟောင် အပေါ် ရန်လိုမုန်းတီးစိတ်များ ပြည့်နှက်နေပြီး အန်ဟောင်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမှ နားမထောင်ချင်တော့ပေ။
သို့သော် သူသည် ကုအန်ကို မလွန်ဆန်နိုင်သောကြောင့် ခေါင်းညိတ် သဘောတူလိုက်ရသည်။
"အဲဒါက အဓိပတိဂိုဏ်းရဲ့ အတွင်းပိုင်း ပဋိပက္ခတစ်ခုမှာပေါ့..."
ကုအန်က ရှေ့သို့ကြည့်လိုက်ရင်း သူ့လေသံမှာ အတိတ်ကို တမ်းတလွမ်းဆွတ်မှုများ ပြည့်နှက်နေ၏။ သူ့အသံတွင် ဆွဲဆောင်နိုင်သော စွမ်းအားတစ်ခုရှိပြီး အန်ယွမ်၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခုကို မထင်မရှား မြင်ယောင်လာစေခဲ့သည်။ ထိုနေရာသည် သူ အန်ဟောင် နှင့် တွေ့ဆုံခဲ့သော ခန်းမဆောင်ကြီးတစ်ခု ဖြစ်သည်။
ရှေ့မှ လမ်းလျှောက်နေသော စစ်ယန်အာသည်လည်း အဓိပတိဂိုဏ်းတွင် အန်ဟောင် ၏ အတွေ့အကြုံများကို သိချင်စိတ်ဖြင့် အာရုံစိုက် နားထောင်နေခဲ့သည်။ တစ်နာရီခန့်အကြာတွင် သူတို့အဖွဲ့သည် နက်နဲတောင်ကြားသို့ ရောက်ရှိလာပြီး ကုအန်က ကျန်းရှီကို သူတို့ကို နေရာချထားပေးရန် တာဝန်ပေးလိုက်သည်။
ယခုအချိန်တွင် လုကျိကျားသည် ကျန်းရှီအား အာဏာများ တဖြည်းဖြည်း လွှဲပြောင်းပေးနေပြီဖြစ်ပြီး တောင်ကြားရှိ တပည့်များထဲတွင် ကျန်းရှီသည် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးနှင့် ဝါအရင့်ဆုံး ဖြစ်၏။ တပည့်များအားလုံးက သူ့ကို လေးစားကြ၏။
ညနက်သန်းခေါင်ယံ အချိန်။
အိမ်အတွင်း၌ စစ်ယန်အာသည် အန်ရှင်း၏ တစ်ဖက်တစ်ချက်တွင် ထိုင်နေ၏။ သူမသည် အန်ဟောင် ချန်ထားခဲ့သော သွေးစွန်းနေသည့် စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ရာ ထိုမြင်ကွင်းသည် အန်ယွမ်အတွက် အန်ရှင်း၏ နှလုံးသားကို နာကျင်စေခဲ့သည်။
ပြန်လမ်းတစ်လျှောက်တွင် သူမသည် အန်ဟောင် ၏ မျိုးဆက်များ ကြုံတွေ့နေရသော ဒုက္ခများကို သိရှိခဲ့ပြီးဖြစ်၍ အတော်လေး ဒေါသထွက်နေခဲ့ရသည်။
"ဒီစာရွက်က ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်မမသိဘူး၊ ဒါကို နားလည်အောင် ကူညီပေးနိုင်မလား" စစ်ယန်အာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ အဓိပတိဂိုဏ်းသို့ ရောက်ပြီးနောက် ဘာလုပ်သင့်သည်ကိုလည်း သူမ ရှင်းရှင်းလင်းလင်း မသိပေ။
အန်ရှင်း "အဓိပတိဂိုဏ်း" ဟူသော စကားလုံးကို မြင်လိုက်ရသောအခါ အန်ဟောင် သည် သူ့မျိုးဆက်များအား အကျပ်အတည်းဖြစ်သည့် အချိန်တွင် ကုအန်၏ အကူအညီကို ရှာဖွေစေလိုမှန်း သိလိုက်သည်။
သူမ စဉ်းစားပြီး မေးလိုက်၏။ "ရှင်ရဲ့ တောင်းဆိုချက်က ဘာလဲ"
ထိုသို့ကြားသောအခါ စစ်ယန်အာသည် မျှော်လင့်ချက်တစ်ခုကို ရရှိသွားသည်လား စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ကျွန်မ အများကြီး မမျှော်လင့်ပါဘူး။ အဲဒီကောင်လေး အန်ယွမ်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။"
အန်ရှင်းက ခဏစဉ်းစားပြီး အကြံပြုလိုက်သည်။ "ဒါဆိုရင် အန်ယွမ်ကို ဆေးတောင်ကြားမှာပဲ ထားခဲ့ပါ။ ကျွန်မ သူ့ကို စောင့်ရှောက်ပေးပါမယ်။ ရှင်လည်း ဒီမှာနေပြီး အဓိပတိဂိုဏ်းကို ဝင်လို့ရတယ်၊ ဒါပေမဲ့ ရှင်သူနဲ့ တွေ့လို့မရဘူး။"
သူမသည် ကုအန်၏ စာရိတ္တကို သိသည်။ အန်ယွမ်ကို ထားခွင့်ရခြင်းသည်ပင် ကောင်းနေပြီဖြစ်သည်။ မိသားစုတစ်စုလုံးကို ဆေးတောင်ကြားတွင် ထား၍မရပေ။ အထူးသဖြင့် အဓိပတိဂိုဏ်းသည် အလွန်ကျယ်ပြန့်ပြီး စစ်ယန်အာကဲ့သို့ ကျင့်ကြံမှုအဆင့်ရှိသူအတွက် ဝင်ရောက်ရန် မခက်ခဲပေ။
ထိုစကားကို ကြားသောအခါ စစ်ယန်အာသည် ချက်ချင်းပင် အန်ရှင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမသည် အန်ရှင်း၏ စကားကို သံသယမဝင်ပေ။ အန်ရှင်းသည်လည်း ဆရာသခင်ဓားအရှင်၏ တပည့်တစ်ဦးဖြစ်သောကြောင့် ဆရာသခင်ဓားအရှင်နှင့် တွေ့ဆုံနိုင်သည်မှာ သဘာဝကျသည်။
"ကျွန်မနဲ့ ဆရာ့ရဲ့ ဆက်ဆံရေးအကြောင်းကို တခြားသူတွေကို မပြောပါနဲ့"
"သူက အနှောင့်အယှက်ပေးတာကို မလိုလားဘူး၊ ပြီးတော့ ကျွန်မက ဆေးတောင်ကြားက သာမန်တပည့်တစ်ယောက်ပဲမို့ ဒုက္ခတွေထဲမှာ မပါဝင်ချင်ဘူး။" အန်ရှင်းက လေးနက်စွာ ပြောလိုက်သည်။
စကားပြောပြီးနောက် ကုအန် အဘယ်ကြောင့် ဤစကားများ ပြောရသည်ကို ကြိုက်လဲဆိုတာ သူမ ရုတ်တရက် နားလည်သွားသည်။
မဆိုးဘူး။ တော်တော်လေး ခံစားလို့ကောင်းတာပဲ
စစ်ယန်အာသည် ထိုအကြောင်းကို ဖွင့်မပြောဟု ချက်ချင်း ကတိပေးလိုက်သည်။ စစ်ယန်အာအတွက် ထိုညသည် သက်ပြင်းချနိုင်ခဲ့သော ညတစ်ညဖြစ်ပြီး အန်ယွမ်အတွက်မူ မျှော်လင့်ချက်များ ပြည့်နှက်နေသော ညတစ်ည ဖြစ်ခဲ့သည်။
လမင်းသည် တဖြည်းဖြည်းဝင်၍ နေမင်းသည်တဖြည်းဖြည်းထွက်လာသည်။ နံနက်စောစောအချိန်တွင် အန်ယွမ်သည် ဆေးတောင်ကြားရှိ လှုပ်ရှားမှုများကြောင့် နိုးထလာခဲ့သည်။ သူ အိမ်အပြင်သို့ ထွက်ကြည့်သောအခါ တပည့်သုံးရာနီးပါး အတူတကွ လေ့ကျင့်နေကြသည်ကို တွေ့လိုက်ရ၏။ အလွန်ခမ်းနားလှ၏။
စစ်ယန်အာသည်လည်း ဘေးမှ ရပ်ကြည့်နေ၏။ လေ့ကျင့်မူ ပြီးဆုံးသောအခါ သူမသည် ကုအန်ကို နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ အကြောင်းမှာ သူမတွင် အန်ယွမ်အပြင် အခြားမျိုးဆက်များလည်း ရှိသေးသောကြောင့် ဖြစ်သည်။
"ဘဝက ရင်ဆိုင်ရ ခက်ခဲလာရင် မင်းရဲ့ မျိုးဆက်တွေကို ခေါ်ပြီး ပြန်လာခဲ့ပါ"
"အဓိပတိဂိုဏ်းတွင်း ငါ့မှာ သြဇာအာဏာ နည်းနည်းတော့ရှိပါသေးတယ်။ မင်းကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။"ကုအန်က နူးညံ့စွာ ပြောလိုက်သည်။
သူသည် သူနှင့် ကံကြမ္မာဆက်နွှယ်မှု နီးကပ်စွာ မရှိသူများကို တမင်သက်သက် ကူညီမည်မဟုတ်ပေ။ သို့သော် တစ်စုံတစ်ယောက်က သူ့ထံ အကူအညီတောင်းလာပါကလည်း သူ ငြင်းပယ်မည်မဟုတ်ပေ။
ထို့အပြင် အန်မိသားစုနှင့် ရန်ငြိုးရှိသော မိသားစုသည် နောင်တွင် ကျေးဇူးတရားနှင့် နာကြည်းမှုများ ဆက်နွှယ်နေမည့် ကံကြမ္မာကြိုးရှည်ကြီးတစ်ခု ရှိနေသည်ကို သူ ကြိုမြင်နေသည်။
စစ်ယန်အာသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ် သဘောတူကာ ကုအန်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထွက်ခွာသွားသော သူမ၏ ပုံရိပ်ကို ကြည့်ရင်း ကုအန်သည် အတိတ်က ဓဆရာသခင်ဓားအရှင်ဖြစ် သူမကို တွေ့ခဲ့စဉ်ကအကြောင်းကို စဉ်းစားမိသွားသည်။ ထိုအချိန်က သူမတွင် ယခုကဲ့သို့ လောကဓံဒဏ်ခံထားရသည့် အသွင်အပြင်မျိုး မရှိဘဲ ကျန်းချင်ကဲ့သို့ တက်ကြွလန်းဆန်းကာ အန်ဟောင် နှင့် ပျော်ရွှင်စရာ စုံတွဲများသို့ ဖြစ်ခဲ့ကြသည်။
အချိန်ကာလနှင့် အခြေအနေတို့သည် ပြောင်းလဲတတ်ပေသည်။
ကုအန်သည် တွေးတောရင်း သူ့အကြည့်သည် အန်ယွမ်ထံသို့ ရောက်သွားသည်။
အန်ယွမ် ဘာကြောင့် သက်တမ်းတိုသွားရသည်ကို သူ နားလည်လောက်ပြီဖြစ်သည်။ အန်ယွမ်၏ ဘိုးဘေးများအားလုံးသည် ကံဆိုးမိုးမှောင်ကျဆုံးမှုများကြောင့် သေဆုံးခဲ့ရပြီး အထူးသဖြင့် မကြာသေးမီ မျိုးဆက်များတွင် ပို၍ပင် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ကြရသည်။
အားလုံးသည် အန်ဟောင် မြင့်မြတ်ခုံရုံးတွင်ရရှိခဲ့သော အမွေအနှစ်နှင့် သက်ဆိုင်နေသည်။
ကောင်းကင်တာအိုအမွေအနှစ်
၎င်းက ကုအန်ကို ကောင်းကင်ဂိုဏ်းအကြောင်း တွေးမိစေခဲ့သည်။ သူတို့သည်လည်း ကောင်းကင်တာအိုအမွေအနှစ်ကို ရရှိခဲ့ပြီးနောက် ကြီးမားသော စွမ်းအားများ ရရှိပြီးနောက် စိတ်ခံစားမှုအားလုံးကို စွန့်လွှတ်ခဲ့ရသည်။
ကောင်းကင်ဂိုဏ်း၏ မျိုးဆက်များနှင့် ရင်းနှီးသော မိတ်ဆွေများအားလုံးသည် ကံဆိုးမိုးမှောင်ကျမှုကြောင့် သေဆုံးခဲ့ကြလေသည်လော။
ထိုသို့သော ကောင်းကင်တာအိုအမွေအနှစ်သည် သိပ်ကို ဆိုးယုတ်လွန်း၏။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
ကောင်းကင်တာအိုကျင့်ကြံသူများကို တပ်မက်မှုကင်းမဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များ မရှိစေရန် ရည်ရွယ်လေသည်လော။
ကုအန်တွင် ကြိုးစားကြည့်နိုင်သည့် နည်းလမ်းတစ်ခုရှိသည်။ ၎င်းမှာ အန်ယွမ်နှင့် အန်ဟောင် ကြားရှိ အကြောင်းနှင့်အကျိုး ကံတရား ကို ဖြတ်တောက်ပြီး နှစ်ဦးသား မည်သို့မျှ မသက်ဆိုင်စေရန် ဖြစ်သည်။
သက်တမ်း၏ အစွန်းနှစ်ဖက်ကို ကြည့်လျှင် အန်ယွမ်သည်လည်း ပါရမီရှိသူတစ်ဦးဖြစ်သော်လည်း အန်ဟောင် လောက်တော့ မဟုတ်ပေ။
သူသည် အန်ယွမ်၏ ကံကြမ္မာကို ချက်ချင်း ပြောင်းလဲရန် အလျင်မလိုသေးဘဲ ထိုကောင်လေးကို ၂ နှစ်ခန့် စောင့်ကြည့်နေလိုခဲ့သည်။ သူ့၏လက်စားချေလိုစိတ်သည် အရမ်းပြင်းထန်နေပြီး စုဟန်၏ အစောပိုင်းနေ့ရက်တွေနှင့် အလွန်တူနေသည်။
နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွား၏။ နက်နဲတောင်ကြားသို့ ဝင်ရောက်ပြီးနောက် အန်ယွမ်သည် ကျန်းရှီထံမှ ကျင့်ကြံခြင်းနည်းစနစ်များကို လက်ခံရရှိခဲ့သည်။ သူ လျင်မြန်စွာ အားကောင်းလာနိုင်ခြင်း မရှိသော်လည်း နောက်ဆုံးတွင် မျှော်လင့်ချက်အချို့ကို မြင်တွေ့လာရသည်။
တစ်ညတွင် အန်ယွမ်သည် ကျန်းရှီနှင့် ရင်ဖွင့်စကားပြောခဲ့သည်။
နှစ်ဦးသား ကံကြမ္မာချင်း ဆင်တူကြပြီး နှစ်ဦးလုံးတွင် နက်ရှိုင်းသော အမုန်းတရားများကို သယ်ဆောင်ထားကြသည်။ ကွာခြားချက်မှာ အန်ယွမ်သည် ကံကြမ္မာ၏ နှောင်ကြိုးတွင်လည်း ပိတ်မိနေခြင်းဖြစ်ရာ ထိုအချက်က ကျန်းရှီကို အလွန်သနားသွားစေပြီး သူ့ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။
ကျန်းရှီသည် အန်ယွမ်ကို တပည့်အဖြစ် လက်ခံခဲ့ပြီး သူသိသမျှ အကုန် သင်ကြားပေးခဲ့သည်။ ကုအန်က သူတို့ကို မတားမြစ်ဘဲ သူတို့နှစ်ဦး အချင်းချင်း ကယ်တင်နိုင်ကြလိမ့်မည်ဟုသာ မျှော်လင့်၏။
ဆောင်းဦးနှောင်းပိုင်း နေ့လည်ခင်းတစ်ခုအထိတိုင်အောင်ဖြစ်၏။
"ငါ ဆုံးဖြတ်ချက်ချလိုက်ပြီ!"
အန်ယွမ်သည် ရုတ်တရက် ထရပ်လိုက်ပြီး သူ့မျက်နှာသည် အဝေးက ကောင်းကင်သို့ ကြည့်ရင်း ခိုင်မာနေသည်။
သူ့ဘေးတွင် ထိုင်နေသော ကျန်းရှီသည် ထိုကောင်လေး ဘာကြောင့် ဤမျှ စိတ်လှုပ်ရှားနေသည်ကို မသိဘဲ အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဆရာတပည့်နှစ်ယောက်သည် တောင်ထိပ်တစ်ခုပေါ်တွင် ရှိနေကြပြီး အဝေးမှ ခမ်းနားလှပသော ရှုခင်းကို ရှုစားနေကြသည်။ အန်ယွမ်သည် ကြီးမားသော ရည်မှန်းချက်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ငါ အန်ဟောင် ကို ကျော်ဖြတ်နိုင်ရမယ်! ဒီနေ့ကစပြီး ငါနာမည် အန်ယွမ်မဟုတ်တော့ဘူး။ ငါနာမည်က ဒီနေ့ကစပြီး အန်ရှန့်ထျန်းပဲ!"
[ရှန့်ထျန်း ဆိုသည်မှာ ကောင်းကင်ဘုံကို ကျော်လွှားခြင်းဟု အဓိပ္ပာယ်ရသည်။]
အဝေးမှ တိမ်တိုက်များကြားတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံက သူ့ကို တုံ့ပြန်နေသကဲ့သို့ ဖြစ်နေသည်။
ကျန်းရှီသည် အန်ရှန့်ထျန်းကို ကြည့်ရင်း သူ့ထံမှ ထုတ်လွှတ်နေသော မကြုံစဖူးသော အရှိန်အဝါကြောင့် စိတ်ဝိညာဉ်တွင် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
သူ အန်ဟောင် ကို တစ်ခါမှ မတွေ့ဖူးသော်လည်း သူ၏ ဒဏ္ဍာရီကို ကြားဖူး၏။ ထိုသူသည် နတ်ဘုရားပါရမီရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။
ဒီကောင်လေးရဲ့ ရည်မှန်းချက်က...
ကျန်းရှီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်သော အသံကြီးတစ်ခု ပဲ့တင်ထပ်လာခဲ့၏။
"ကျိုးပဲ့ပင်လယ်နယ်မြေရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် မြင့်မြတ်ခုံရုံးရဲ့ မြင့်မြတ်ဓားသခင် ထွက်လာခဲ့စမ်း။ မင်းထွက်မလာရင် ကျိုးပဲ့ပင်လယ်မှာရှိတဲ့ သက်ရှိအားလုံးကို ငါ့ရဲ့ လက်ဖဝါးတစ်ချက်တည်း သတ်ပြစ်မယ်!"
ထိုအသံသည် အလွန်တရာ စိုးမိုးကြီးစိုးပြီး ဖိအားများနှင့် ပြည့်နှက်နေသောကြောင့် အန်ရှန့်ထျန်းနှင့် ကျန်းရှီတို့ နှစ်ဦးလုံး တုန်လှုပ်သွားကြ၏။ သူတို့မယုံနိုင်စွာဖြင့် ပါးစပ်ဟောင်းလုံးဖြင့် မော့ကြည့်လိုက်ကြသည်။
အထက်တွင် မည်းမှောင်သော တိမ်တိုက်များ လူးလွန့်နေပြီး မိုးကုတ်စက်ဝိုင်းတွင် အလွန်တရာ ကြီးကျယ်ခမ်းနားသော ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ တစ်ကိုယ်လုံးကို ဖုံးကွယ်ထားပြီး မြင်နိုင်သည့် ရွှေရောင်ချပ်ဝတ်တစ်ခုတည်းကပင် ကောင်းကင်နှင့် မြေကြီးကြားရှိ မည်သည့်တောင်ထက်မဆို ပို၍ကြီးမားနေသည်။
လောကအပြင်ဘက်မှ နတ်ဆိုးနတ်ဘုရားတစ်ပါးက သာမန်သတ္တဝါများကို ငုံ့ကြည့်နေသလိုပင်!
ထိုဖိအားပေးမှုသည် အန်ရှန့်ထျန်းနှင့် ကျန်းရှီတို့၏ ကျောရိုးထဲအထိ အေးစက်သွားစေသည်။
သူတို့နှစ်ဦးတည်းသာမက ထိုက်ချန်းတိုက်ကြီးတစ်ခုလုံး ကျိုးပဲ့ပင်လယ်တစ်ခုလုံး ထိုကြီးကျယ်ခမ်းနားသော ပုံရိပ်ကို မြင်တွေ့လိုက်ရသော သက်ရှိအားလုံး ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ဒါက ဘယ်လိုမျိုး သတ္တဝါကြီးလဲဟ
နတ်ဘုရားတစ်ပါးများလား
ဆေးတောင်ကြားတွင် ကုအန်က လှေကားမှ ဆင်းလာပြီး ကျိရှောင်ယုသည်လည်း အပြင်သို့ ထွက်လာကာ မိုးကုတ်စက်ဝိုင်းရှိ ပုံရိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်သွားမလို့လဲ" ကျိရှောင်ယု ကုအန်ကို လှမ်းမေးလိုက်သည်။
"နက်နဲတောင်ကြားကို သွားကြည့်မလို့ပါ တပည့်တွေအတွက် စိတ်ပူလို့" ကုအန်က နောက်သို့လှည့်မကြည့်ဘဲ ပြန်ဖြေရင်း ကူးပြောင်းရေးစင်မြင့်ဆီသို့ လျင်မြန်စွာ လျှောက်သွားတော့သည်။