← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 31 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 31 Ch. 409-410

အခန်း ၄၀၉ သူ ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ

တိမ်ပင်လယ်ပြင်အထက်၌ ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဂုဏ်ယူစွာဖြင့် ရပ်နေခဲ့သည်။ သူသည် ကြံ့ခိုင်သော ကိုယ်ဟန်အနေအထားရှိပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေခဲ့၏။ လှံရှည်တစ်ချောင်းကို ဆုပ်ကိုင်ထားလျက် သူ၏ ရွှေရောင်ချပ်ဝတ်သည် မီတာထောင်ပေါင်းများစွာအထိ ထွန်းလင်းတောက်ပနေလို့ခဲ့၏။

သူ၏အထက်ကို ကြည့်လိုက်လျှင် ကြယ်တာရာများ ပြန့်ကျဲနေပြီး စကြဝဠာသည် ရင်သပ်ရှုမောဖွယ် တောက်ပနေသည်။ စကြဝဠာထဲတွင် ရောက်ရှိနေသည့်အလား ထင်မှတ်ရ၏။ အောက်သို့ ငုံ့ကြည့်လိုက်လျှင် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကို မြင်နိုင်ပြီး တိုက်ကြီးများသည် သူ၏ခြေဖဝါးအောက်တွင် ကျောက်စရစ်ခဲများကဲ့သို့ သေးငယ်လွန်းလှသည်ဟု ထင်ရပေသည်။

သူ၏အကြည့်သည် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လျက် ထိုက်ချန်းတိုက်ကြီး ပေါ်သို့ စူးစိုက်ကြည့်လျက်ရှိ၏။

သူသည် အမတမင်းဆက် မှ လာသူဖြစ်ပြီး ဆောင်းဦးညချမ်းနတ်သခင် ဟု လူသိများသည်။

အနီးကပ် ကြည့်ရှုလိုက်လျှင် သူ၏ဘယ်ဘက်လက်ကို မြှောက်ထားပြီး လက်ဖဝါးထဲတွင် မြို့တစ်မြို့ရှိနေကာ ထိုမြို့အထက်၌ ဖုန်မှုန့်များထက်ပင် သေးငယ်သော ကျင့်ကြံသူအများအပြား ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

ကျိုးပဲပင်လယ်မြို့တော် ပင်ဖြစ်လိုနေ၏။

ကျင့်ကြံမှုအဆင့် လွပ်ငြိမ်းရာအမတ သတ္တမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ချင်းစုန်းကျီ သည် ဆောင်းဦးညချမ်းနတ်သခင် ကို ကြောက်ရွံ့ခြင်းများ ပြည့်နေသော မျက်လုံးများဖြင့် မော့ကြည့်နေမိသည်။

ကျိုးပဲပင်လယ် ၏နယ်မြေအရှင်သခင်ဖြစ်သောသူသည် ယခုကဲ့သို့ အားနည်းသည်ဟု တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ သူ၏နယ်မြေရှိ သက်ရှိအားလုံးကို အုပ်စိုးခဲ့သော သူသည် ယခုအခါတွင် နယ်မြေအရှင်သခင်တစ်ဦး၏ ခန့်ညားသော အမူအရာကို မထိန်းသိမ်းနိုင်တော့ဘဲ ထိတ်လန့်တုန်လှုပ်ခြင်းကိုသာ ခံစားနေရသည်။

"ဘယ်လိုလုပ်ကြမလဲ.... ငါတို့ လုံးဝမလွတ်မြောက်နိုင်တော့ဘူးလား"

"ဒီလူက ဘယ်အဆင့်မှာ ရှိနေတာလဲ။ လက်တစ်ဖက်တည်းနဲ့ ငါတို့အားလုံးကို ဖိနှိပ်ထားနိုင်တယ်"

"ဆောင်းဦးညချမ်းနတ်သခင် တဲ့ သူ့ရဲ့ ဒဏ္ဍာရီတွေကို ငါကြားဖူးတယ်။ သူက လွတ်ငြိမ်းရာအမတအဆင့် ကို ရာစုနှစ်တွေကတည်းက ကျော်လွန်သွားခဲ့ပြီးပြီ သူ့ရဲ့ ငယ်ရွယ်စဉ်တုန်းက သက်တူရွယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းတယောက်ပဲ..."

"အမတမင်းဆက် က အရမ်းကို မောက်မာလွန်းတယ်။ သူတို့ ရှန့်ထျန်း ပြန်လာမှာကို မကြောက်ဘူးလား"

"ငါတို့ အမတမင်းဆက် ကို အစကတည်းက အမြစ်ဖြတ်ခဲ့သင့်တာ။ ခတ်အဆက်ဆက်သော ရှန့်ထျန်း တွေက သဘောကောင်းလွန်းခဲ့တယ်"

ကျိုးပဲ့ပင်လယ်မြို့တော် ရှိ ကျင့်ကြံသူများသည် စိုးရိမ်တကြီးဖြင့် ဆွေးနွေးနေကြပြီး မျှော်လင့်ချက်ကင်းမဲ့ခြင်းသည် မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဆောင်းဦးညချမ်း နတ်သခင် သည် သူ၏လက်ဖဝါးထဲရှိ မြို့ကိုမကြည့်ပေ။ သူ၏အာရုံစိုက်မှုသည် မြင့်မြတ်ခုံရုံးမှ မြင့်မြတ်ဓားသခင် လှုပ်ရှားလာမည့်အချိန်ကို စောင့်မျှော်ရင်း ထိုက်ချန်းတိုက်ကြီး ပေါ်တွင်သာ တည်ငြိမ်စွာ ရှိနေသည်။

အကယ်၍ သူသာ မြင့်မြတ်ဓားသခင် ကို သတ်ဖြတ်နိုင်ခဲ့ပါက ကြီးမားသော ချီကံကြမ္မာ ကို ရရှိပေလိမ့်မည်။ သူစုံစမ်းထားရသလောက် မြင့်မြတ်ခုံရုံးမှ မြင့်မြတ်ဓားသခင်သည် မြင့်မြတ်ခုံရုံး ၏ ချီကံကြမ္မာ ကို လက်ခံရရှိထားခြင်း မရှိသေးပေ။ ထို့ကြောင့် မြင့်မြတ်ခုံရုံး ၏ ချီကံကြမ္မာ အကာအကွယ်မရှိသောကြောင့် ပစ်မှတ်ထားရန် ပိုမိုလွယ်ကူ၏။ သူ၏စိတ်ထဲတွင် သတ်မှတ်ထားသော နောက်ဆုံးအချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေလျက်ပင်။

အကယ်၍ မြင့်မြတ်ဓားသခင်သည် ထိုအချိန်အထိ ပေါ်မလာပါက သူသည် ကျိုးပဲ့ပင်လယ်နယ်မြေ ကို ချေမှုန်းဖျက်ဆီးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

အမတစိတ်ဝိဉာဥ် ဖြစ်သော သူ့အတွက် သက်ရှိများစွာကို သတ်ဖြတ်ခြင်းသည် အပြစ်ရှိသည်ဟု မခံစားရပေ။ လူသားများက ပုရွက်ဆိတ်အုပ်တစ်အုပ်ကို နင်းမိသည့်အခါ စက်ဆုပ်ရွံရှာမိနိုင်သော်လည်း အပြစ်ရှိသည်ဟု မခံစားရခဲသကဲ့သို့ပင် ဖြစ်သည်။

ကျိုးပဲ့ပင်လယ်နယ်မြေ အတွင်းရှိ သက်ရှိအားလုံးသည် သူ၏ ကြီးမားလှသော ရိပ်ကိုသာ မော့ကြည့်နိုင်ကြသည်။ ဤသည်မှာ လူအများ၏ စိတ်ဓာတ်ကို ချိုးနှိမ်ပြီး ခုခံလိုစိတ်မှန်သမျှကို ချေဖျက်ရန် ရည်ရွယ်သည့် ကြီးမားသော ဖိအားပေးစွမ်းအားရှိသော နတ်ကျင့်စဉ် တစ်ခုဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးကိုပင် သေးငယ်သွားစေပုံရသော သူ၏ရုပ်သွင်ကို ရင်ဆိုင်ရာတွင် သက်ရှိအများစုသည် ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားရသည်။ ထွက်ပြေးရန် စဉ်းစားမိလျှင်ပင် ဘယ်ကိုသွားရမှန်းမသိကြပေ။ သူတို့ ဘယ်နေရာသို့ ပျံသန်းသွားပါစေ ဆောင်းဦးညချမ်းနတ်သခင် ၏ ခြေဖဝါးအောက်မှ မလွတ်မြောက်နိုင်ဟု ထင်ရသည်။

ဤသည်မှာ ကျယ်ပြောလှသော ကောင်းကင်ကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ မျှော်လင့်ချက်မဲ့သည့် ခံစားချက်မျိုး ဖြစ်သည်။

အဓိပတိဂိုဏ်း လျှို့ဝှက်တောင်ကြား အတွင်း၌ ကျန်းရှီ နှင့် အန်းရှန့်ထျန်း တို့ တောင်ကြားသို့ ပြန်ရောက်လာကြပြီး တပည့်များသည် ကုအန် ကို အလွန်အမင်း စိုးရိမ်စွာဖြင့် ဝန်းရံထားကြသည်။

ဤကဲ့သို့သော အချိန်မျိုးတွင် သူတို့သည် ကုအန် ကိုသာ အားကိုးနိုင်ပြီး သူက သူတို့ကို နှစ်သိမ့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

"စိတ်မပူကြနဲ့ အဓိပတိဂိုဏ်း မှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဒါ့အပြင် ဆရာသခင်ဓားအရှငိ လည်း ဒီမှာရှိနေတာပဲ။ တစ်ယောက်ယောက်က ဆရာသခင်ဓားအရှင် ကို ရန်စလာရင် သူက ဘယ်လိုလုပ် သည်းခံနေမှာလဲ" ကုအန် က ပြောလိုက်ရာ တပည့်များ၏ စိုးရိမ်မှုအချို့ကို လျော့ကျသွားစေသော်လည်း အချို့မှာမူ စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်သည်။

"ဆရာ ဆရာသခင်ဓားအရှင် က တကယ်ပဲ ဂိုဏ်းမှာ ရှိနေသေးရဲ့လား...ကောင်းကင်ဖာထေးခြင်းမျှော်စဥ် မှာ သန်မာတဲ့ဓားအရှိန်ဝါ ရှိနေတာမှန်ပေမဲ့ သူ လှုပ်ရှားမှုမရှိတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ"

တပည့်တစ်ဦးက စိုးရိမ်စွာဖြင့် ပြောလိုက်ရာ အခြားတပည့်များကလည်း သူ၏စကားကို ထောက်ခံလိုက်ကြပြီး ထိတ်လန့်မှုများ တစ်ဖန်ပြန်လည် ပျံ့နှံ့လာခဲ့သည်။

ကုအန် သည် သူတို့ကို နှုတ်ဖြင့် ဆက်လက်နှစ်သိမ့်နေရင်း ဤ အာကာပြင်တာအိုအမတ ကို မည်သို့ကိုင်တွယ်ရမည်ကို စိတ်ထဲတွင် စဉ်းစားနေခဲ့သည်။

ဤလူသည် လူအားလုံး၏ရှေ့တွင် ဤသို့သော ပုံစံဖြင့် သူ့ကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်ဝံ့သည်လား။ သို့ဆိုလျှင် ကုအန် ကလည်း သက်ရှိအားလုံး၏ရှေ့တွင် ဤလူကို ပြတ်ပြတ်သားသား အနိုင်ယူပြရမည်ဖြစ်သည်။

သူ မလှုပ်ရှားဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သောကြောင့် သူရှိနေသေးကြောင်း တပည့်များကို ပြန်လည်သတိပေးရမည့် အချိန်တန်ပြီဖြစ်၏။ ဤတစ်ကြိမ်တွင် သူသည် ဓားပညာကို အသုံးမပြုဘဲ ပိုမိုခမ်းနားထည်ဝါသော အရာတစ်ခုကို ရွေးချယ်မည်ဖြစ်သည်။

တပည့်များကို နှစ်သိမ့်ပြီးနောက် ကုအန် သည် လှည့်ထွက်ကာ နေရာကူးပြောင်းခြင်းအစီအရင်စင်မြင့် ဆီသို့ လျှောက်သွားလိုက်သည်။

သူဆေးတောင်ကြား သို့ နေရာကူးပြောင်းလိုက်သောအခါ သူ၏ညာဘက်ခြေထောက် မြေသို့ထိသည်နှင့် သူ၏ နတ်ကျင့်စဉ် များကို စတင်ထုတ်ဖော်လိုက်သည်။

ကျိရှောင်ယု သည် ဦးစွာ သူ့ကို လှမ်းကြည့်လိုက်သော်လည်း ခဏအကြာတွင် ကောင်းကင်ယံမှ ထူးခြားဆန်းကြယ်မှုများက သူမ၏အာရုံကို ဖမ်းစားသွားသည်။

လိမ့်တက်လာသော မိုးတိမ်မည်းများသည် ပြင်းထန်စွာ ဝေ့ဝဲနေပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ကြီးမားသော လေပြင်းများ တိုက်ခတ်လာကာ ဧရာမ ဖိအားကြီးတစ်ခု ကျဆင်းလာသည်။

မရေမတွက်နိုင်သော သက်ရှိများသည် အလိုလို မော့ကြည့်လိုက်ကြပြီး သူတို့ဘဝတွင် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။

ကောင်းကင်ယံရှိ တိမ်ပင်လယ်ပြင်သည် ဆိုင်ကလုန်းတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး ပြင်ပကောင်းကင် သို့ တက်သွားရန် ရည်ရွယ်ထားသည့်အလား တရိပ်ရိပ် မြင့်တက်နေခဲ့သည်။ ကျန်ရှိသောတိမ်များ မြင့်တက်သွားသည်နှင့်အမျှ ဆောင်းဦးညချမ်းနတ်သခင် ၏ ခန့်ညားသော ရုပ်သွင်ကို ပိုမိုမြင်တွေ့လာရသည်။

သို့သော် ဤတစ်ကြိမ်တွင် သက်ရှိများသည် သူ၏ရုပ်သွင်ကို မကြောက်ရွံ့ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုထက်ပင် ကြီးမားသော အရာတစ်ခု ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ ထိုအရာသည် ကောင်းကင်၏ အထွတ်အထိပ်ပင်တည်း။

တိမ်မည်းများဖြင့် လည်ပတ်နေသော ဧရာမအပြားကြီးတစ်ခုသည် လည်ပတ်ရင်း ကျယ်ပြန့်လာကာ ဆောင်းဦးညချမ်းနတ်သခင် ၏ ဦးခေါင်းထိပ်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။

ဆောင်းဦးညချမ်းနတ်သခင် ၏ ကိုယ်က မော့ကြည့်လိုက်သကဲ့သို့ သူ၏ ဧရာမပုံရိပ်ယောင်ကလည်း ထပ်တူ မော့ကြည့်လိုက်ရာ သူ၏မျက်နှာတွင် ကြောက်ရွံ့မှုများ ထင်ဟပ်လာခဲ့သည်။

အန္တိမရှေးဟောင်းချပ်ပြား!

ဤသည်မှာ ရှေးဦးအန္တိမခန္ဓာမှပိုင်ဆိုင်ထားသော မဟာနတ်စွမ်းအား တစ်ခုဖြစ်ပြီး အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသည်။

ကုအန် သည်ဤ မဟာနတ်စွမ်းအား ကိုလက်တွေ့တွင် တစ်ခါမျှ အသုံးမပြုခဲ့ဖူးပေ။

အန္တိမရှေးဟောင်းချပ်ပြား စတင်စုစည်းလာသည်နှင့်အမျှ ကြီးမားလှသော ဖိအားသည် ဆောင်းဦးညချမ်းနတ်သခင် ကို လွှမ်းခြုံသွားပြီး ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်တောင်ရှိနေတာလဲ"

ဆောင်းဦးညချမ်းနတ်သခင် ၏ နှလုံးခုန်သံများ ပြင်းထန်လာ၏။ သူ တွေးလိုက်သည်။ သူသည် အာကာပြင်တာအိုအမတအဆင့် ဖြစ်ပြီး မြင့်မြတ်ခုံရုံး၏ မြင့်မြတ်ဓားသခင် သည် အမတမင်းဆက် ၏ အစီရင်ခံစာများအရ အာကာပြင်တာအိုအမတအဆင့် ၏ စွမ်းအားကို တစ်ခါမျှ မပြသခဲ့ဖူးပေ။ မြင့်မြတ်ဓားသခင် ၏ အစွမ်းသည် လွတ်ငြိမ်းရာအမတအဆင့် နှင့် အာကာပြင်တာအိုအမတအဆင့် ကြားတွင်ရှိရမည်ဟု ယူဆထား၏။ အာကာပြင်တာအိုအမတအဆင့် သို့ ရောက်ရှိလျှင်ပင် သူ၏အဆင့်ကို မကျော်လွန်သင့်ပေ။

သူသည် အာကာပြင်တာအိုအမတအဆင့် ၇ ဖြစ်၏။

သို့သော် ယခုအချိန်တွင် မြင့်မြတ်ခုံရုံး၏ မြင့်မြတ်ဓားသခင် ၏ ကျင့်ကြံမှုအဆင့်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ နောက်ဆုံးတွင် သိရှိသွားခဲ့သည်။

နတ်အတွေးစစ်မှန်အမတ ပင်လျှင် ဤမျှလောက် ချဲ့ကားထားသော ဖိအားပေးစွမ်းအားကို မပိုင်ဆိုင်နိုင်ပေ။

သူသည် မလွတ်မြောက်နိုင်သလို စကားလည်းမပြောနိုင်ပေ။ သူ၏ နတ်အာရုံ နှင့် ရှေးဦးဝိညာဉ် တို့ပင် သူ၏ခန္ဓာကိုယ်မှ ထွက်ခွာနိုင်ခြင်းမရှိပေ။ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့သည် သူ၏နှလုံးသားကို လျင်မြန်စွာ သိမ်းပိုက်သွားပြီး သူ၏မျက်လုံးများသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်လာသည်။ သူ၏အကြည့်အောက်တွင် အန္တိမ ရှေးဟောင်းချပ်ပြား သည် အောင်မြင်စွာ စုစည်းပြီးစီးသွားပြီး မီးခိုးရောင်အပြားကြီးသည် သိပ်သည်းသော ပုံစံများဖြင့် ဖုံးလွှမ်းနေကာ ကျယ်ပြောလှသော ကမ္ဘာကြီးတစ်ခုကို ဖုံးကွယ်ထားသည့်အလား အံ့ဩဖွယ်ရာ ကောင်းလှသည်။

ဆောင်းဦးညချမ်းနတ်သခင် ၏ ပုံရိပ်သည် အလွန်ကြီးမားပြီး အရာအားလုံးထက် မြင့်မားစွာ တည်ရှိကာ အခြားအရာအားလုံးကို သေးငယ်သွားစေသည်။ သို့သော် အန္တိမရှေးဟောင်းချပ်ပြား ၏ အောက်တွင်မူ သူသည် သေးငယ်သွားပုံရသည်။

အန္တိမရှေးဟောင်းချပ်ပြား သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။

အမှန်တကယ်တွင်မူ ၎င်းသည် ကျိုးပဲ့ပင်လယ် ၏ ကောင်းကင်ကိုသာ ဖုံးလွှမ်းထားခြင်းဖြစ်သည်။ ကုအန် သည် လှည့်ကွက်ချို့ကိုသာ အသုံးပြုထားခြင်းဖြစ်၏။ ကျိုးပဲ့ပင်လယ်နယ်မြေ ရှိ သက်ရှိများ၏ အမြင်တွင် အန္တိမရှေးဟောင်းချပ်ပြား သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ကို အမှန်တကယ် ဖုံးအုပ်ထားကဲ့သို့ဖြစ်နေခဲ့၏။

နေလမြေအောက်ကမ္ဘာဧကရာဇ် သည် ကျိရှောင်ယု ၏ နဘေး လေဟာနယ်မှ ပေါ်ထွက်လာပြီး အံ့ဩတကြီးဖြင့် မော့ကြည့်၏။

"ဒါက ဘယ်လို နတ်ကျင့်စဉ် မျိုးလဲ"

နေလမြေအောက်ကမ္ဘာဧကရာဇ် သည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ဆရာသခင်ဓားအရှင် ရှိနေကြောင်း ကြားသိခဲ့သော်လည်း သူ၏ နတ်အာရုံ သည် အဓိပတိဂိုဏ်း ကို ရှာဖွေစစ်ဆေးခဲ့သော်လည်း သူ့ကို မတွေ့ရှိခဲ့ပေ။ သူသည် ဆရာသခင်ဓားအရှင့် ကြောက်လန့်ပြီး ထွက်ပြေးသွားပြီဟု ထင်ခဲ့၏။

ယခုမူ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ အလွန်ကွာခြားနေခြင်းသာဖြစ်ပြီး သူသည် ဓားသခင်ဓားအရှင် မည်သည့်တွင်ရှိသည်။ ဘယ်သူဖြစ်သည်ကို ရိုးရှင်းစွာ မသိရှိနိုင်ခဲ့ခြင်းသာဖြစ်၏။

ဆရာသခင်ဓားအရှင် သည် သူ၏ရှေ့တွင် ပေါ်လာခဲ့ပြီး သူက မမြင်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအတွေးက သူ့ကို ကြက်သီးမွှေးညင်းများ ထစေခဲ့သည်။

သူ၏ဘေးတွင် ရပ်နေသော ကျိရှောင်ယု သည် ပြန်မဖြေခဲ့ပေ။ သူမသည်လည်း ဤ နတ်ကျင့်စဉ် ကို တစ်ခါမျှ မမြင်ခဲ့ဖူးဘဲ သူမ၏နှလုံးသားသည်လည်း တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

ဆရာသခင်ဓားအရှင် သည် မည်မျှ အစွမ်းထက်ရသနည်း။

သူမသည် သူမ၏ အတိတ်ဘဝမှ အမှတ်တရများကို ပြန်လည်အမှတ်ရနေပြီဖြစ်သည်။ ကြယ်ခုနစ်လုံးဝိညာဉ်နယ်မြေ တွင် ဆရာသခင်ဓားအရှင် ပြသခဲ့သော စွမ်းအားသည် ယခုလောက် မသန်မာခဲ့ပေ။

ထိုစဉ်က သူမသည် ဆရာသခင်ဓားအရှင် ၏ အနာဂတ်ကို မျှော်လင့်ခဲ့သော်လည်း ယခုမူ သူမသည် သူ့ကို လျှော့တွက်ခဲ့ပုံရသည်။

ထိုစဉ်က သူမသည် ရှေးဟောင်းချပ်ပြား ၏ စွမ်းအားကို ထုတ်လွှတ်ခဲ့ပြီး သူမ၏ ကိုယ်အသိစိတ်ကို ပြန်လည်ရောက်ရှိလာစေခဲ့သည်။ အကယ်၍ သူမ၏ ကိုယ်က မှားယွင်းစွာ ဆုံးဖြတ်ခဲ့ပါက ဆရာသခင်ဓားအရှင် ၏ တာအိုအဆင့် သည် သူမ၏ ကိုယ်ထက် ပိုမိုအားကောင်းသည်ဟု ဆိုလိုခြင်း မဟုတ်လော။

သူမ၏ ခံစားချက်များ ရှုပ်ထွေးသွားသည်။ သူတို့ပင် ဤသို့ခံစားနေရလျှင် သက်ရှိအားလုံးကော မည်သို့နေမည်နည်း။

"ဒါက ဘာကြီးလဲ.. ကောင်းကင်ဘုံ ငါ အိပ်မက်မက်နေတာလား"

"ကောင်းကင်က အမျက်ထွက်နေတာများလား"

"ဒါ ဆရာသခင်ဓားအရှင် ပဲ၊ သူဖြစ်ရမယ် သူ အဓိပတိဂိုဏ်း မှာ ရှိနေသေးတယ်"

"ဆရာသခင်ဓားအရှင် က ဘာလို့ ဓားတာအိုကို မသုံးတာလဲ"

"ဒီ နတ်ကျင့်စဉ် က ဓားတာအိုထက် ပိုမကောင်းဘူးလား။ ဟိုလူကိုကြည့်စမ်း ကြောက်ပြီး တောင့်တောင့်ကြီး ဖြစ်နေပြီ!"

"ဟားဟားဟား ဆရာသခင်ဓားအရှင် ကို စိန်ခေါ်ရဲတာကတော့ တကယ့်ကို သေလမ်းရှာတာပဲ!"

အဓိပတိဂိုဏ်း သည် ဆူညံသွားပြီး လူတိုင်း ပြန်လည်လန်းဆန်းတက်ကြွလာကြသည်။ ထိုက်ချန်းတိုက်ကြီး ရှိ သက်ရှိများသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ဆရာသခင်ဓားအရှင် ၏ အမည်ကို အော်ဟစ်နေကြသည်။

ကျိုးပဲ့ပင်လယ်နယ်မြေ ရှိ မရေမတွက်နိုင်သော သက်ရှိများအတွက်မူ ၎င်းသည် တုန်လှုပ်စရာတစ်ခုမျှသာ ဖြစ်သည်။

ဤသည်မှာ မြင့်မြတ်ခုံရုံး၏ မြင့်မြတ်ဓားသခင်ရဲ့စွမ်းရည်ပေလော။

အကယ်၍ ကောင်းကင်ဘုံ၌ တန်ခိုးစွမ်းအားရှိပါက ဤသို့ပင် ဖြစ်မည်မဟုတ်လော။

"ငါ့ကို စိန်ခေါ်ဝံ့တဲ့သူ မရှိတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါက အန္တိမ ရှေးဟောင်းချပ်ပြား ပဲ။ တာအိုရဲ့ စွမ်းအားကို ခံစားကြည့်လိုက်စမ်း။"

ဖိအားပါသော အက်ကွဲကွဲအသံတစ်ခုသည် လောကကြီးတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

ဤအသံကိုကြားရသောအခါ သက်ရှိအားလုံး လျှပ်စီးလက်သကဲ့သို့ တုန်လှုပ်သွားကြသည်။

ယိုယင်းယင်း သည် အဝေးမှ ကုအန် ကို ကြည့်လိုက်ရာ သူ၏ တုန်လှုပ်နေသော မျက်နှာအမူအရာကို မြင်တွေ့ရပြီး သူမသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။

အန်ရှင်း သည်လည်း ကုအန် ကို ကြည့်နေပြီး သူမ၏နှလုံးသားသည် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏ဆရာနှင့် နှိုင်းယှဉ်လျှင် သူမ၏ သရုပ်ဆောင်မှုသည် အလွန်ညံ့ဖျင်းနေသေးသည်။

ထိုအချိန်တွင်ပင် သူမသည် အလွန်အမင်း တုန်လှုပ်နေသည်။ ဤသည်မှာ အမှန်တကယ်ပင် သူမ၏ဆရာ၏ စွမ်းအားလော။ သူမ မသိသည်မှာ ကုအန် သည် သူ၏အစွမ်းအကုန်ကိုပင် မသုံးရသေးဘဲ သူ၏အရှိန်အဝါကို နတ်အတွေးစစ်မှန်အမတအဆင့် ၉ သို့ပင် လျှော့ချထားခြင်း ဖြစ်သည်။ ၎င်းမှာ အခြားသူများကို မျှော်လင့်ချက်အနည်းငယ်ပေးပြီး သူတို့၏လူများကို သေလမ်းသို့ ပို့ဆောင်စေရန် ဖြစ်သည်။

သို့တိုင်အောင် ကျိရှောင်ယု သည် သူသည် နတ်တွေးအစစ်အမှန်အမတအဆင့် ကျော်လွန်နေပြီး သာမန် လွတ်ငြိမ်းရာအမတ တစ်ဦးပင် သူ့ကို မယှဉ်နိုင်ဟု ခံစားနေရသည်။

ဘုန်း

နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သက်ရှိများသည် ခေတ္တမျှ နားမကြားဖြစ်သွားကြသည်။ ၎င်းသည် သူတို့ကို နာကျင်စေခြင်းမရှိဘဲ ရိုးရိုးလေးသာ အသံမကြားနိုင်တော့ခြင်း ဖြစ်သည်။

မရေမတွက်နိုင်သော သတ္တဝါများသည် နတ်ဘုရားတို့၏ ခမ်းနားသော မြင်ကွင်းတစ်ခုကို ကြည့်ရှုနေရသကဲ့သို့ ဧရာမ အန္တိမရှေးဟောင်းချပ်ပြား ကျဆင်းလာသည်ကို ကြည့်နေကြသည်။

ကုအန် သည် မယုံနိုင်စွာဖြင့် ပါးစပ်ဟောင်းသားဖြစ်ကာ လေပြင်းများက သူ၏ဝတ်ရုံကို ဝေ့ဝဲနေစဉ် ကောင်းကင်ကို စိုက်ကြည့်နေသည်။

စိတ်တစ်ချက်ဖြင့် သူသည် ဆောင်းဦးညချမ်းနတ်သခင် ကို စကားပြောခွင့်ပြုလိုက်သည်။ ထို့ထက်မပိုပေ။

"မ...မဟုတ်ဘူး... အရှင်! ကျွန်တော် မှားသွားပါတယ်! အပြစ်ဖြေဖျောက်ဖို့ အခွင့်အရေးတစ်ခုလေက် ပေးသနားပါ!"

ဆောင်းဦးညချမ်းနတ်သခင် သည် သူစကားပြောနိုင်ပြီဖြစ်ကြောင်း သိလိုက်သည်နှင့် ရေထဲတွင် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်ရသကဲ့သို့ အသံဝင်စွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏အသံသည် ကျိုးပဲပင်လယ်နယ်မြေ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

ကုအန် ၏ ဖိနှိပ်မှုအောက်တွင် ကျိုးပဲ့ပင်လယ်နယ်မြေ အပြင်ဘက်ရှိ သက်ရှိများသည် မကြားနိုင်သော်လည်း ကျိုးပဲ့ပင်လယ်နယ်မြေ မှ သက်ရှိများသည် ဆောင်းဦးညချမ်းနတ်သခင် ၏ အသံဝင်နေသော အော်ဟစ်သံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

ကုအန် သည် ကျိုးပဲ့ပင်လယ်နယ်မြေ ရှိ သက်ရှိများကြားတွင် သူ၏ဩဇာအာဏာကို တည်ဆောက်နေသော်လည်း အမတမင်းဆက် နှင့် မြင့်မြတ်ခုံရုံး တို့က သူ့ကို လျှော့တွက်ခဲ့၏။

ဆောင်းဦးညချမ်းနတ်သခင် မည်မျှပင် အသနားခံနေပါစေ အန္တိမရှေးဦးချပ်ပြား ၏ ကျဆင်းနှုန်းသည် ရုတ်တရက် မလျော့ကျသွားပေ။ နောက်ဆုံးတွင် အန္တိမရှေးဦးချပ်ပြား သည် ဆောင်းဦးညချမ်းနတ်သခင် ၏ ဦးခေါင်းထက်တွင်ကျရောက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဆောင်းဦးညချမ်းနတ်သခင် ၏ ပုံရိပ်ယောင်သည် ပျက်စီးသွားပြီး သူ၏ ကိုယ်သည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခုကို ခံစားလိုက်ရသည်။

သူ ကိုင်ထားသော ကျိုးပဲ့ပင်လယ်နယ်မြေ ၏ မြို့တော်ကြီးသည် ဆွဲထုတ်ခံလိုက်ရပြီး သမုဒ္ဒရာထဲသို့ ထိုးကျသွားရာ ထိုနေရာရှိ ကျင့်ကြံသူများသည် မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့သည် ဤမြင်ကွင်းကို သူတို့၏ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။

"သူ ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေနိုင်ရတာလဲ..."

ချင်းစုန်းကျီ သည် သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်ပြီး ဆရာသခင်ဓားအရှင် သည် ချီကံကြမ္မာရာထူးကို အဘယ်ကြောင့် ငြင်းပယ်ခဲ့ကြောင်းနှင့် မြင့်မြတ်သခင် က အဘယ်ကြောင့် သဘောတူခဲ့ကြောင်းကို ရုတ်တရက် နားလည်သွားသည်။

ဤကဲ့သို့သော စွမ်းအားမျိုးနှင့် မည်သူက သူနှင့် မဟာမိတ်မဖွဲ့ချင်ဘဲ နေမည်နည်း။

အခန်း ၄၁၀ ကျော်စောမှုက လောကကို တုန်လှုပ်စေခြင်း၊ အထွတ်အထိပ်သို့ ရောက်လာသော ပါရမီရှင်။

အန္တိမရှေးဦးချပ်ပြားကြီး၏ မြင့်မြတ်သောတာအိုတရားက သက်ရှိအားလုံးအပေါ်တွင် ဆိုင်းတွဲတည်ရှိနေသကဲ့သို့ ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေခဲ့သည်။

ဆောင်းဦးညချမ်းနတ်သခင် ချိုးရှီ၏ ပုံရိပ်အစစ်အမှန်သည် မဟာအန္တိမရှေးဦးချပ်ပြားကြီးထဲသို့ စုပ်ယူခံလိုက်ရပြီး မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ အကူအညီမဲ့ခြင်းတို့နှင့် ပြည့်နှက်နေကာ ခုခံရန် နည်းလမ်းတစ်စုံတစ်ရာမျှ မရှိတော့ချေ။

သူသည် အန္တိမရှေးဦးချပ်ပြားကြီးထဲသို့ ကျရောက်ပျောက်ကွယ်သွားသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီး၏ တခြိမ့်ခြိမ့်မြည်ဟည်းသံများက မရပ်မနား ဆက်လက်ဖြစ်ပေါ်နေပြီး ကျိုးပဲ့ပင်လယ်တစ်ခုလုံးကို ကမ္ဘာပျက်ကိန်း ဆိုက်ရောက်လာသကဲ့သို့ တုန်ခါစေခဲ့သည်။

ခဏအကြာတွင် ကုအန်၏ မျက်စိရှေ့တွင် စာတစ်ကြောင်း ပေါ်လာခဲ့သည်

[သင်သည် ဆောင်းဦးညချမ်းနတ်သခင် ချိုးရှီ (အာကာပြင်တာအိုအမတ အဆင့် ၇) ကို အောင်မြင်စွာ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။သက်တမ်း ၃၄၀၈၇၆ နှစ် ရရှိခဲ့ပါသည်။]

မဆိုးပါဘူး။ ဒါက ငါ့ရဲ့ လဝက်စာ အလုပ်သက်သာစေတယ်။

ကုအန်က ထိုသို့တွေးနေသော်လည်း သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာက ရှိနေဆဲပင်။ ဤသည်မှာ သူ၏ယုံကြည်ချက်ဖြစ်သည်။ သရုပ်ဆောင်ခြင်းကို ပြည့်စုံအောင် လုပ်ရမည်။

အန္တိမရှေးဦးချပ်ပြားကြီးသည် ချက်ချင်း ပျောက်ကွယ်သွားခြင်းမရှိဘဲ သက်ရှိအားလုံး၏ ကြည်ညိုလေးစားမှုကို ခံယူရန် ကောင်းကင်တွင် ဆက်လက်တည်ရှိနေခဲ့သည်။

အန္တိမရှေးဦးချပ်ပြားကြီးသည် အလွန်ကြီးမားသောကြောင့် ၎င်းပေါ်ရှိ ပုံစံများက သက်ရှိအားလုံးအတွက် အလွန်ရှင်းလင်းစွာ မြင်သာနေသည်။ ထိုပုံရိပ်များသည် ရှေးဟောင်းဒဏ္ဍာရီများကို မှတ်တမ်းတင်ထားပုံရပြီးသက်ရှိများကို အံ့ဩမှင်သက်စေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်နှင့်မြေကြီးကြားရှိ လေများ ငြိမ်သက်သွားပြီး၊ မဟာပအန္တိမရှေးဦးချပ်ပြားကြီး၏ ပတ်ပတ်လည်တွင် ခံ့ညားထည်ဝါသော မီးခိုးရောင်မြူခိုးများ ပေါ်ထွက်လာကာ ၎င်းကို တောက်ပစွာ ဖုံးလွှမ်းသွားပြီး ကောင်းကင်က မှောင်မည်းသွားခဲ့သည်။

ထိုအခါမှသာ သက်ရှိများ သတိပြန်ဝင်လာကြပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

ဆောင်းဦးညချမ်းနတ်သခင် ချိုးရှီ၏ ဖိနှိပ်ချုပ်ချယ်သော စွမ်းအားများ လုံးဝ ပျောက်ကွယ်သွားပြီ​ဖြစ်၏။

ဒါက ဆရာသခင်ဓားအရှင် သူ့ကို သတ်ဖြတ်လိုက်ပြီဟု ဆိုလိုခြင်း မဟုတ်ပါလော။ မယုံနိုင်စရာပင်။

ဆောင်းဦးညချမ်းနတ်သခင် ချိုးရှီသည် ကြီးမားသော ကောင်းကင် အမျက်ဒေါသကဲ့သို့ ကြောက်မက်ဖွယ် ထွက်ပေါ်လာခဲ့ရာ သာမန်သက်ရှိများမှာ တုန်လှုပ်ရုံသာ တတ်နိုင်ခဲ့သည်။

ဆရာသခင်ဓားအရှင် ဝင်ရောက်စွက်ဖက်သည့်တိုင် သူတို့က ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေမည့် တိုက်ပွဲကြီးတစ်ခုကို မျှော်လင့်ထားသော်လည်း အဆုံးတွင်တစ်ဖက်သတ် ဆန်စွာအဆုံးသတ်သွားခဲ့ရသည်။

ရက်စက်ကြမ်းကြုတ်လှ၏။ ပြိုင်ဘက်ကင်းလှသည်။

သူတို့သည် ဆရာသခင်ဓားအရှင်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်နိုင်သော်လည်း တိုက်ပွဲကို မြင်တွေ့ခဲ့ရခြင်းမှ သက်ရှိများက ဆရာသခင်ဓားအရှင် အပေါ် ထိုသို့သော အထင်အမြင်များ ဖြစ်ပေါ်စေခဲ့သည်။

ကောင်းကင်သည် တဖြည်းဖြည်း လင်းလက်လာပြီး၊ မည်းမှောင်သော တိမ်တိုက်များလည်း ကွဲလွင့်သွားကာ အန္တိမရှေးဦးချပ်ပြားကြီးသည် မည်သည့်အခါကမှ မပေါ်ခဲ့ဖူးသကဲ့သို့ အရိပ်အယောင်မျှ မကျန်တော့ပေ။

တတိယဆေးပင်တောင်ကြားသည် ဆူညံသံများနှင့် ပြည့်နှက်နေပြီး တပည့်အားလုံး စိတ်လှုပ်ရှားနေကြသည်။

ကုအန်သည် ကျိရှောင်ယုထံ လျင်မြန်စွာ ချဉ်းကပ်ပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။"မင်းရဲ့စွမ်းရည်နဲ့ဆိုရင် ဆရာသခင်ဓားအရှင်က ဘယ်အဆင့်မှာရှိလဲဆိုတာ ပြောနိုင်လား။"

ကျိရှောင်ယုက သူ့ကို ကြည့်ပြီး ဘာမှ ပြန်မဖြေခဲ့။ ထိုအခါ နေလမြေအောက်ကမ္ဘာဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။

"သူ့ရဲ့ ကျင့်ကြံမှုအဆင့်က မင်းလိုကောင်လေး မှန်းဆသင့်တဲ့အရာမဟုတ်ဘူး။ မင်းရဲ့ သာမန်လူဘဝနဲ့ပဲနေစမ်းပါ..... ကြီးကျယ်တဲ့အကြောင်းတရားတွေမှာ ဝင်မပါနဲ့။"

ထိုသို့ပြောပြီးနောက် သူသည် လေထဲတွင် ပျောက်ကွယ်သွားသည်။

ကုအန်က အံ့ဩဟန်ဆောင်လိုက်သော်လည်း စိတ်ထဲတွင်မူ လျှို့ဝှက်စွာ ပျော်ရွှင်သွားခဲ့သည်။

ဟုတ်တယ် ဒါပဲ ဒီခံစားချက်ပဲ။

မင်း ငါ့ကို အထင်သေးပေမယ့် ငါ အမတလမ်းပေါ်မှာ မင်းကို စောင့်နေမယ်။ ဒါပေမယ့် မင်းက ငါ့ကို မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာကတော့ ပြောရခက်သေးတယ်။

ကုအန် ကျိရှောင်ယုဘက်သို့ လှည့်ပြီး မေးလိုက်သည်၊ "သူက ဆရာသခင်ဓားအရှင်ကြောင့် စိတ်မငြိမ်မသက် ဖြစ်သွားတာလား။"

ကျိရှောင်ယုက ခေါင်းညိတ်ပြီး ပြောသည်၊ "ဟုတ်တယ်၊ ဆရာသခင်ဓားအရှင် က တကယ်ကို အစွမ်းထက်တယ်။ မဟာကောင်းကင်စိတ်ဝိဉာဥ်နတ်မြေထဲမှာ ဒီလို မဟာကျင့်ကြံသူတစ်ယောက် ပုန်းအောင်းနေလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။ ငါကိုယ့်ငါတောင် သံသယဝင်မိတယ်..."

"ဘာကို သံသယဝင်တာလဲ။"

"ဘာမှမဟုတ်ပါဘူး၊ ငါ ကျင့်ကြံဖို့ ပြန်တော့မယ်။"

ကျိရှောင်ယု လှည့်ထွက်သွားသောအခါ ကုအန်သည် သူမလည်း စိတ်အနှောင့်အယှက်ဖြစ်သွားသလို ခံစားရပြီး ခေါင်းစောင်းကာ ကြည့်နေမိသည်။

ကုအန် စိတ်ထဲမှ ရယ်မောလိုက်ပြီး ရှန်ကျန်း၏ တည်ရှိမှုကို ခံစားမိရင်း ထိုနေရာတွင် စောင့်နေလိုက်သည်။ ရှန်ကျန်းက ဆရာသခင်ဓားအရှင်ကို ဘယ်လိုများ ချီးကျူးမလဲဆိုတာ ကြားချင်နေမိသည်။

မိနစ် ၃၀ ကြာပြီးနောက် အဓိပတိဂိုဏ်းသည် ဆူညံနေဆဲဖြစ်ပြီး တပည့်များစွာသည် ကောင်းကင်ဖာထေးခြင်းစင်မြင့်တွင် ဒူးထောက်ကာ ကောင်းကင်ဖြတ်ပုဆိန်ကို ရှိခိုးပူဇော်နေကြသည်။

အဆောက်အအုံအတွင်းတွင် ကုအန် သည် ရှန်ကျန်းက စက္ကူပေါ်တွင် အန္တိမရှေးဦးချပ်ပြားကြီးကို ပုံကြမ်းဆွဲနေသည်ကို ကြည့်ရင်း ထူးဆန်းသော မျက်နှာထားဖြင့် ရှိနေသည်။

တစ်စုံတစ်ယောက်က သူ၏လမ်းစဉ်ကို ချောင်းမြောင်းနေသည်ဟု သူ အလွန်သိမ်မွေ့စွာ ခံစားနေရပြီး ထိုသူမှာ ရှန်ကျန်းပင် ဖြစ်သည်။တစ်နည်းအားဖြင့်ဆိုလျင် ရှန်ကျန်း၏ ပုံဆွဲခြင်းတွင် လျှို့ဝှက်ချက်များ ဖုံးကွယ်ထားသည်။

သူ နောက်ထပ်မေးခွန်းတစ်ခုကိုလည်း စဉ်းစားနေမိသည်။ ရှန်ကျန်းက ချောင်းကြည့်နေသည်ကို သူ ခံစားနိုင်လျှင် သူမ၏ ယခင်ပုံများတွင် ပါရှိသော ရှေးဟောင်းပုဂ္ဂိုလ်များက သူမကို ခံစားမိနိုင်မည်လော။

ယခင်က ပုံတစ်ပုံသည် ရုတ်တရက် သူ့အလိုလို ပျက်စီးသွားခဲ့ဖူးသည်။ ဤသည်က သတိပေးချက်တစ်ခု ဖြစ်နိုင်မည်လော။

"ဘယ်လိုလဲ အရမ်းမိုက်တယ် မဟုတ်လား" ရှန်ကျန်းက ကုအန် တိတ်ဆိတ်နေသည်ကို မြင်တော့ ဂုဏ်ယူစွာ မေးလိုက်သည်။

ကုအန်က သူမကို မော့ကြည့်ပြီး မေးသည်"ဆရာသခင်ဓားအရှင်ကို စိတ်ဆိုးအောင် လုပ်မိမှာ မကြောက်ဘူးလား။"

ရှန်ကျန်းက လက်ခါပြပြီး ပြောသည်"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဆရာသခင်ဓားအရှင် က အဓိပတိဂိုဏ်းကို စောင့်ရှောက်နေတာ။ အခု ငါကလည်း အဓိပတိဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲလေ၊ သူက ငါ့ရဲ့ ဆရာသခင်လိုပဲ ဒီလိုကိစ္စလေးတွေကို ဘယ်လိုလုပ် စိတ်ထဲထားမှာလဲ။ ကောင်းကင်ဖာထေးခြင်းစင်မြင့်ရဲ့ တည်ရှိမှုကို မမေ့နဲ့လေ၊ ဒီလောကမှာ ဆရာသခင်ဓားအရှင်ထက် ပိုပြီးတော့ စိတ်သဘောထားကြီးတဲ့သူ ဘယ်သူမှမရှိဘူး။"

ပြောတာကောင်းတယ်။ ငါ သဘောကျတယ်။

ထို့နောက် ကုအန်သည်လည်း ဆရာသခင်ဓားအရှင်ကို ချီးကျူးထောမနာပြုရာတွင် ပါဝင်လိုက်ရာ ဆရာသခင်ဓားအရှင်ကို ရှေးကတည်းက လေးစားခဲ့သော ရှန်ကျန်းသည် ယနေ့တိုက်ပွဲကြောင့် သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော စိတ်အားထက်သန်မှုများ နိုးထလာခဲ့သည်။

သူတို့နှစ်ဦးတည်းသာမက ကျိုးပဲ့ပင်လယ်၏ ပင်လယ်များ၊ တိုက်ကြီးများနှင့် ကျွန်းများတစ်လျှောက်ရှိ သက်ရှိသတ္တဝါများ ရှိသည့်နေရာတိုင်းတွင် ဆရာသခင်ဓားအရှင် အကြောင်းကို ဆွေးနွေးနေကြသည်။

သူတို့သည် မြင့်မြတ်ခုံရုံး၏ မြင့်မြတ်ဓားသခင် ဟူသော ဘွဲ့ထက် ဆရာသခင်ဓားအရှင် ဟူသောအမည်ကို ပို၍နှစ်သက်ကြသည်။

ထို့အပြင် မြင့်မြတ်ဓားသခင် ဟူသော ဘွဲ့ကို မြင့်မြတ်ခုံရုံးက တစ်ဖက်သတ် ကြေညာခဲ့ခြင်းသာဖြစ်ပြီး ဆရာသခင်ဓားအရှင် က ထိုဘွဲ့ကို လက်ခံခဲ့သည်ဟု သူတို့ မကြားဖူးခဲ့ကြပေ။

ကျိုးပဲ့ပင်လယ်တွင် ဖြစ်ပွားသော အုတ်အော်သောင်းတင်းမှုသည် ကြီးမားလှပြီး ကုအန်က ထိန်းချုပ်ရန် ကြိုးစားသော်လည်း ယခင်က ဆောင်းဦးညချမ်းနတ်သခင် ချိုးရှီ ၏ လှုပ်ရှားမှုများက ပျံ့နှံ့သွားခဲ့ပြီးဖြစ်သောကြောင့် ဂိုဏ်းအသီးသီးက စုံစမ်းရန် လူလွှတ်လာကြသည်။

ဤတိုက်ပွဲ၏ အကျိုးသက်ရောက်မှုသည် မပြီးဆုံးသေးဘဲနောက်ဆက်တွဲနှစ်များတွင် ဆက်လက်ပျံ့နှံ့နေခဲ့သည်။ ချိုးရှီ သည် သာမန်ပုဂ္ဂိုလ်မဟုတ်ချေ။

သတင်းသည် မြင့်မြတ်ခုံရုံးသို့ ရောက်သောအခါ မြင့်မြတ်သခင်သည် အလွန်ပင် နှစ်ထောင်းအားရဖြစ်ခဲ့ရသည်။

"ဟားဟားဟား၊ မြင်တယ်မဟုတ်လား။ ဒါကြောင့်မို့ ငါက သူ ကံကြမ္မာချီကို လက်မခံတာကို သဘောတူခဲ့တာ။ ငါ သူနဲ့တွေ့တုန်းက သူက သာမန်မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ အခုကြည့်ရတာ သူက လွတ်ငြိမ်းရာအမတတစ်ယောက် ဖြစ်နိုင်ချေများတယ်!" မြင့်မြတ်သခင်သည် မြင့်မားသော လှေကားထစ်များပေါ်တွင် ရပ်လျက် စိတ်အားထက်သန်စွာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလျက်ရှိ၏။

ခန်းမဆောင်ထဲတွင် မြင့်မြတ်နတ်ဘုရားများ၊ မြင့်မြတ်ဘုရင်များနှင့် တတိယအဆင့် ကောင်းကင်ရာရှိ ပုဂ္ဂိုလ်များ ရပ်နေကြပြီး၊ သူတို့အားလုံး အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေကြသည်။

ချိုးရှီ အမတသခင်(နတ်သခင်) သည် နှစ်ပေါင်းများစွာ သက်တမ်းရှိပြီး စွမ်းအားကြီးမားသော ပုဂ္ဂိုလ်ဖြစ်သော်လည်း လွယ်ကူစွာ အသတ်ခံလိုက်ရသည်။

"သူက လွတ်ငြိမးရာအမတတစ်ယောက်ဆိုတာ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ နတ်တွေးစစ်မှန်အမတကလည်း ချိုးရှီ အမတသခင်ကို သတ်နိုင်တာပဲလေ"

"ဟားဟား အဓိကအချက်က မင်းတို့ မမြင်နိုင်တာပဲ။ သူ ချိုးရှီ အမတသခင်ကို ဘယ်လိုသတ်လိုက်လဲဆိုတာ မမြင်နိုင်ခဲ့တာပဲ"

"ယန်ရှန်ဧကရာဇ် အခုဆိုရင် ဒေါသထွက်သွေးအန်နေလောက်ပြီ။ ငါကြားတာတော့ အမတမင်းဆက်ကလည်း အရင်က ဆရာသခင်ဓားအရှင် ကို စည်းရုံးဖို့ လူလွှတ်ခဲ့တယ်တဲ့"

"လွတ်ငြိမ်းရာအမတလား ဒီပုဂ္ဂိုလ်ထူး ဘယ်သူများလဲ သူသာ တကယ် လွတ်ငြိမ်းရာအမတဆိုရင် သူ့နာမည်က ခေတ်အဆက်ဆက် ကျော်ကြားနေရမှာလေ"

"သူက ကောင်းကင်ဘုံအပြင်ဘက်ကများလား။ ဒါပေမယ့် ငါတို့ သူ့ကို စုံစမ်းဖို့မလိုပါဘူး။ ဒါက သူ့ကို အမတမင်းဆက်ဘက်ကို တွန်းပို့သလိုပဲ ဖြစ်သွားလိမ့်မယ်။ သူ့ရဲ့လုပ်ရပ်တွေအရ ဒီပုဂ္ဂိုလ်က သက်ရှိအားလုံးအပေါ်မှာ ကရုဏာတရားရှိတယ်။ သူနဲ့ မိတ်ဆွေဖွဲ့တာက ဘာအန္တရာယ်မှ မရှိနိုင်ဘူး။"

မြင့်မြတ်ခုံရုံး၏ အဆင့်မြင့်ပုဂ္ဂိုလ်များသည် ဆရာသခင်ဓားအရှင်ကို လေးစားစွာဖြင့် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြရာ၊ မြင့်မြတ်သခင်သည် ပို၍ပင် ပြုံးပျော်လာခဲ့သည်။

ယခင်က ဆရာသခင်ဓားအရှင်ကို စည်းရုံးရန် ကြိုးပမ်းခဲ့မှုကြောင့် မြင့်မြတ်ခုံရုံးအတွင်း မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့၏။ နှစ်များတစ်လျှောက် ခုံရုံးသည် အမတမင်းဆက်၏ ဖိနှိပ်မှုကို ခံနေရသောကြောင့် မြင့်မြတ်သခင်သည် အလွန်ပင် စိတ်ကျဉ်းကျပ်ခဲ့ရသည်။

"မဟုတ်ဘူး ငါ နောက်တစ်ခေါက် သွားရမယ်" ဟု မြင့်မြတ်သခင် မျက်လုံးများ တောက်ပလာပြီး တွေးလိုက်သည်။

အမတမင်းဆက်သည်လည်း သတင်းကို ထိုနည်းတူ လျင်မြန်စွာ ရရှိခဲ့သည်။ သူတို့၏ အာကာပြင်တာအိုအမတမတစ်ယောက် သေဆုံးခဲ့၏။ ချိုးရှီ အမတသခင်သည် အမတမင်းဆက်တွင်လေးစားဖွယ်ရာ ရာထူးတစ်ခု ရှိ၏။ သူ၏သေဆုံးမှုသည် အမတများကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး ဆရုသခင်ဓားအရှင်သည် သူတို့ကြားတွင် အမုန်းခံရဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

အန်ဟောင်သည်လည်း ဤကိစ္စကြောင့် ဖိနှိပ်ခံခဲ့ရသော်လည်းသူ၏အသက်အန္တရာယ်တော့ မရှိခဲ့ပေ။ ဆရာသခင်ဓားအရှင်ကို မဖြေရှင်းမီ၊ သူသည် အကျယ်ချုပ်ကျကာ အမတမင်းဆက်မှ ထွက်ခွာခွင့်မရခဲ့ပေ။

All Chapters