← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 31 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 31 Ch. 411-412

အခန်း ၄၁၁ ကံကြမ္မာဖြတ်တောက်ခြင်း

အကာပြင်တာအိုအမတတစ်ယောက်ကို သတ်ဖြတ်ခြင်း၏ ဟန့်တားနိုင်စွမ်းသည် အလွန်ပင် အားကောင်း၏။ အမတမင်းဆက်သည် ချက်ချင်း လက်တုံ့ပြန်ခြင်းမပြုဘဲ ထူးဆန်းစွာ တိတ်ဆိတ်ခြင်းဖြင့်သာရှိနေ၏။

ကုအန်နှင့် အန်ရှင်းတို့ သေမျိုးတောင်ထိပ်သို့ သွားသောအခါ တောင်ထိပ်အားလုံးသည် ဤတိုက်ပွဲအကြောင်းကို ဆွေးနွေးနေကြသည်။

ဆရာသခင်ဓားအရှင်၏ အမည်သည် ကမ္ဘာတစ်ဝှမ်းတွင် တစ်ဖန်ပြန်လည် ကျော်ကြားလာပြီ မရေမတွက်နိုင်သော သက်ရှိများ၏ လေးစားမှုကို ရရှိခဲ့သည်။ အကြောင်းမှာ ဆရာသခင်ဓားရှင် သည် မြင့်မြတ်ခုံရုံး၏ မြင့်မြတ်ဓားသခင် ဖြစ်သော်လည်း သူသည် ကံကြမ္မာချီ ဆုလာဘ်ကို လက်မခံခဲ့သောကြောင့်ဖြစ်သည်။

မြင့်မြတ်ခုံရုံး သို့မဟုတ် အမတမင်းဆက်၏ လက်အောက်တွင် မရှိဘဲြသူ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ဤသို့သော တန်ခိုးကြီးမားမှုကို ပြသနိုင်ခြင်းသည် အမှန်တကယ်ပင် အံ့ဩလေးစားဖွယ်ရာ ဖြစ်သည်။

အချိန်သည် လျင်မြန်စွာ ကုန်လွန်သွား၏။

သုံးနှစ်တာကာလ ကုန်လွန်သွားပြီး နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။

ကုအန်သည် နက်နဲတောင်ကြားသို့ ရောက်ရှိလာပြီး သူ၏ တပည့်များ နှင်းရှင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏အကြည့်သည် ဘေးရှိတောင်ပေါ်တွင် ကျန်းရှီနောက်လိုက်ကာ ကျင့်ကြံနေသော အန်ရှန်ထျန်းထံသို့ ရောက်သွားသည်။ တပည့်အားလုံးက ကျန်းရှီသည် အန်ရှန်ထျန်းကို ပို၍ မျက်နှာသာပေးသည်ဟု ခံစားနေကြရသည်။

လုကျိကျားက လျှောက်လာပြီး ရယ်မောကာ ပြောသည်၊ "အဲ့ဒီကောင်လေးက အရင်တုန်းက ငါ့လိုပဲ၊ သူ့တပည့်တွေကို သင်ပေးတဲ့နေရာမှာ တကယ်ကို အားမနာတမ်း၊ ဘာမှမချန်ဘဲ သင်ပေးတာပဲ"

သူ၏အမြင်တွင် ကျန်းရှီသည် အတော်လေး ကောင်းမွန်စွာ လုပ်ဆောင်နေသည်။ မည်သို့ပင်ဖြစ်စေ အန်ရှန်ထျန်းသည် အန်ဟောင်၏ မျိုးဆက်တစ်ဦးဖြစ်၏။ အန်ရှန်ထျန်း၏ အောင်မြင်မှု မည်သို့ပင်ဖြစ်စေ အနည်းဆုံးတော့ သူသည် အန်ဟောင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နေခြင်း ဖြစ်သည်။

ကုအန်က ခေါင်းညိတ်ပြီး ပြော၏ "သူတို့နှစ်ယောက်လုံးကို ခဏနေရင် ငါ့အခန်းကို ခေါ်လိုက်ပါ။"

ထိုသို့ပြောပြီး သူသည် သူ၏ အဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။

မကြာမီ သူသည် သူ၏အိမ်အတွင်းသို့ ရောက်ရှိလာပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ကာ ထို့နောက် သူ၏ လက်စွပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

သူ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး သူ တိုးတိုးလေး ရေရွတ်လိုက်သည် "ရွှမ်းထျန်းယီ... ရွှမ်းထျန်းယီ နည်းနည်းလောက် မြန်မြန်ရေးလို့ မရဘူးလား ။ မင်း တကယ်ကို နှေးလွန်းတယ်ကွာ"

'သူရဲကောင်းခရီးသွားမှတ်တမ်း' နောက်ဆုံးအတွဲ ထွက်ရှိသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ထိုနှစ်များတစ်လျှောက် ကုအန်သည် စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သည်။

သူသည် ရွှမ်းထျန်းယီကို တွက်ချက်ခြင်းဖြင့် သူရဲကောင်းခရီးသွားမှတ်တမ်း ၏ အကြောင်းအရာများကို သိနိုင်သော်လည်း ထိုသို့မလုပ်ရန် သူ ရွေးချယ်ခဲ့သည်။ ဘဝဆိုသည်မှာ မျှော်လင့်ချက်အချို့ ရှိသင့်သည် မဟုတ်လော။ မဟုတ်လျှင် အချိန်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားလိမ့်မည်။

သူသည် ကုလားထိုင်တစ်လုံးတွင် ထိုင်ကာ စာအုပ်ကို စဖတ်နေလိုက်သည်။

မိနစ် ၃၀ ခန့်အကြာတွင်၊ ကျန်းရှီသည် အန်ရှန်ထျန်းကို ကုအန်၏ အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။

အသက်နှစ်ဆယ်အရွယ် အန်ရှန်ထျန်းသည် အန်ဟောင်၏ အမူအရာကို ပို၍ပင် ရရှိလာခဲ့သည်။ သူတို့၏ မျက်နှာသွင်ပြင်သည် လုံးဝနီးပါး တူညီနေရာ ထို့ကြောင့် စစ်ယန်အာက သဘောတူခဲ့ခြင်း ဖြစ်နိုင်သည်။ အန်မိသားစု၏ အခြားမျိုးဆက်များက သူမကို တောင်းဆိုခဲ့သော်လည်း သူမက အားလုံးကို ငြင်းပယ်ခဲ့သည်။

သူတို့နှစ်ဦးလုံးက ကုအန်ကို အရိုအသေပြုလိုက်သည်။ အန်ရှန်ထျန်းသည် ကုအန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။ တောင်ကြားထဲသို့ ဝင်ရောက်လာကတည်းက ဤသည်မှာ ကုအန်က သူ့ကို ပထမဆုံးအကြိမ် ခေါ်တွေ့ခြင်း ဖြစ်၏။

သူသည် ​စိတ်ဝိညာဥ်ခြေတည်အဆင့်ကို အထင်ကြီးစရာဟု မထင်သော်လည်း ကျန်းရှီက ကုအန်သည် သာမန်လူမဟုတ်ကြောင်း အမြဲပြောတတ်သောကြောင့် သူသည် ကုအန်အပေါ် အတော်လေး စိတ်ဝင်စားနေမိသည်။

ကျန်းရှီသည် ကုအန်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် လေးစားကြည်ညိုမှုများကို ဖုံးကွယ်ထားခြင်းမရှိပေ။ သုံးနှစ်အကြာက ထိုခန့်ညားထည်ဝါသော မြင်ကွင်းကို ပြန်တွေးမိသောအခါ သူ၏နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် လှိုင်းထန်သွားသည်။

လွတ်ငြိမ်းရာအမတတဲ့လား...ဆရာသခင်ဓားအရှင် ဖြစ်ရပေမည်။

အဓိပတိဂိုဏ်းချုပ်တစ်ခုလုံးတွင် ဆရာသခင်ဓားအရှင်၏ ပုံရိပ်အမှန်ကို မည်သူမျှ မသိကြသော်လည်း ကုအန်က သူ၏ကျင့်ကြံမှုကို ဖုံးကွယ်ထားသည်။ ဒါက အလွန်ပင် တိုက်ဆိုင်လွန်းနေ၏။

"ရှန်ထျန်း မင်း မကြာသေးခင်က နေမကောင်းထိုင်မသာ ဖြစ်တာမျိုး ခံစားရသေးလား" ကုအန်က နူးညံ့သောအပြုံးဖြင့် မေးလိုက်သည်။

သူ အန်ရှန်ထျန်းဟူသော နာမည်ကို ပထမဆုံးကြားလိုက်ရစဉ်က ဟက်ဟက်ပက်ပက် ရယ်မောခဲ့မိသည်။

ဒီလူငယ်လေးက အန်ဟောင်ကို ကျော်ဖြတ်ချင်တယ်လား။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ပါရမီကို ထည့်မတွက်လျှင်တောင်၊ ကုအန်သည် သူ၏ ဂုဏ်ယူရသော တပည့်ကို မျိုးဆက်သစ်တစ်ဦးက ကျော်ဖြတ်သွားသည်ကို ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။

သူ မြင်တွေ့ခဲ့ဖူးသော အစွမ်းထက်ပြီး ပါရမီရှိသော ပုဂ္ဂိုလ်များ မည်မျှပင်များပြားစေကာမူ ကုအန်၏ နှလုံးသားထဲတွင် အန်ဟောင်သည် သူ၏ အဂုဏ်ယူရဆုံး တပည့်အဖြစ် ရှိနေဆဲပင်။ လုဟန်နှင့် လုံကျန့းတို့၏ မှတ်ဉာဏ်များထဲမှ အကြွင်းမဲ့ ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် အန်ဟောင်သည် မည်သူ့ကိုမျှ မရှုံးနိမ့်ပေ။

သူ တွက်ချက်ကြည့်ရာ အန်ဟောင်သည် နိဗ္ဗာနအဆင့်နှင့် ပို၍ပို၍ နီးကပ်လာနေပြီ ဖြစ်သည်။

မြင့်မြတ်ခုံရုံးတွင် ကောင်းကင်တာအိုအမွေအနှစ်ကို ရရှိပြီးနောက် အန်ဟောင်၏ ကျင့်ကြံမှုသည် ဆည်ရေကျိုးပေါက်သကဲ့သို့ တဟုန်ထိုး တိုးတက်လာခဲ့ပြီး မည်သည့်အရာကမှ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

"မရှိပါဘူး ဆရာ။ ဆရာ တစ်ခုခု သတိထားမိလို့လား" အန်ရှန်ထျန်းက စိုးရိမ်တကြီး မေးလိုက်သည်။ အန်မိသားစု၏ ကျိန်စာသည် သူ၏ နှလုံးသားထဲတွင် အရိပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

သူလည်း ရုတ်တရက် သေဆုံးသွားမည်ကို ကြောက်ရွံ့နေမိသည်။

အလွန်အမင်း စိတ်လှုပ်ရှားနေသော အန်ရှန့်ထျန်းကို ကြည့်ရင်း ကုအန်က သူ့အပြုံးကို ထိန်းချုပ်ကာ ပြောလိုက်သည်။ "မင်း အသက် ၂၅ နှစ်အထိပဲ အသက်ရှင်နိုင်တော့မယ်"

ထိုစကားများကြောင့် အန်ရှန့်ထျန်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။

နှစ်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ကျင့်ကြံမှုအဆင့်က လျင်မြန်စွာတိုးတက်လာခဲ့ပြီး သူ့ကို မျှော်လင့်ချက်တွေ ပေးခဲ့ပေမဲ့ အခုတော့ အသက်၂၅ နှစ်အထိပဲ နေနိုင်မယ်လို့ ပြောခံလိုက်ရသည်။ ဒါကို သူဘယ်လို လက်ခံနိုင်မှာလဲ။

ကျန်းရှီလည်း အလားတူ ထိတ်လန့်သွားသည်။ သူက အန်ရှန့်ထျန်းမှာ ဘာပြဿနာမှ ရှိတာကို မမြင်နိုင်ပေမဲ့ ကုအန်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ သူ သံသယမဝင်ရဲပေ။

သူက အလျင်အမြန် မေးလိုက်သည်။ "ဆရာသခင်၊ တကယ်ပဲ ဖြေရှင်းနည်း မရှိတော့ဘူးလား။ အမတကျင့်ကြံခြင်းက ကံကြမ္မာကို မပြောင်းလဲနိုင်ဘူးလား။"

ကုအန်က ပြန်ဖြေသည်။ "ရှိတယ်။ အဲ့ဒါကတော့ အန်ဟောင်နဲ့ မင်းရဲ့ ကံကြမ္မာအနှောင်အဖွဲ့နဲ့ သွေးမျိုးဆက်ကို ဖြတ်တောက်ဖို့ပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် အခုကစပြီး အန်မိသားစုက မင်းကို သူတို့ကမ္ဘာထဲမှာ မမွေးဖွားခဲ့ဖူးသလိုမျိုး မေ့သွားလိမ့်မယ်။ ဒါပေမဲ့ အန်မိသားစုနဲ့ မပတ်သက်တဲ့သူတွေကိုတော့ မင်း မှတ်မိနေနိုင်သေးတယ်။"

အန်ရှန့်ထျန်း မှင်တက်သွားပြီး ကျန်းရှီလည်း ထိတ်လန့်သွားသည်။ ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ။

ကျန်းရှီက ကုအန်သည် ဆရာသခင်ဓားအရှင် ဖြစ်ကြောင်း ပြန်သတိရလိုက်သောအခါ ချက်ချင်း စိတ်တည်ငြိမ်သွားပြီး အန်ရှန့်ထျန်းမှာတော့ ကုအန်၏ တကယ့်အထောက်အထားကို သိချင်စိတ်ပြင်းပြလာသည်။

"ဖြတ်တောက်မယ်ဆိုရင် ဖြတ်တောက်လိုက်ပါ၊ ကျွန်တော် သဘောတူတယ်!" အန်းရှန့်ထျန်းက အံ့ကြိတ်ပြီး ပြောလိုက်သည်။

နှစ်တွေကြာလာသည်နှင့်အမျှ ကျန်းရှီ၏ လမ်းညွှန်မှုအောက်တွင် အန်ဟောင်အပေါ် သူ၏ ရန်လိုမုန်းတီးမှုများ လျော့ပါးသွားသော်လည်း သူ၏စိတ်ထဲတွင်တော့ အန်းဟောင်ကို အသိအမှတ်မပြုသေးပေ။

သူ့အမြင်မှာတော့ အန်ဟောင်၏ သွေးမျိုးဆက်ဟာ ဂုဏ်ယူစရာမကောင်းဘဲ အရှက်ရစရာတစ်ခုသာ ဖြစ်သည်။

ကုအန်က ပြောသည်။ "မင်းရဲ့ ကွယ်လွန်သွားတဲ့ အဖေ၊ အဘိုး၊ ပြီးတော့ မင်းအမေနဲ့ ညီမအကြောင်းကိုလည်း စဉ်းစားဦး။ သူတို့အားလုံး မင်းကို မေ့သွားကြလိမ့်မယ်။"

အန်ရှန့်ထျန်း ပါးစပ်ဟလိုက်သော်လည်း ယခင်ကဲ့သို့ ပြတ်သားစွာ မဆုံးဖြတ်နိုင်တော့ပေ။

ကုအန်က ကျန်းရှီကို သူ့အတွက် လက်ဖက်ရည်နှပ်ခိုင်းလိုက်သည်။ အန်ရှန့်ထျန်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကို သူမြင်ချင်၏။

ကျန်းရှီက ဝင်ပြောချင်သော်လည်း ကုအန်၏ လက်ဖက်ရည်နှပ်ခိုင်းသည့် အဓိပ္ပာယ်ကို သူနားလည်၏။ ဒါက သူဝင်မပါရဘူးဟု ဆိုလိုခြင်းပင်။

အန်ရှန့်ထျန်းက သူ့လက်သီးကို ဆုပ်ထားရင်း သူ့စိတ်ထဲတွင် မိသားစုနှင့်အတူ ကုန်ဆုံးခဲ့သည့် အမှတ်တရများ ပြည့်နှက်နေသည်။

လက်မခံနိုင်ဘူး!ဘာလို့ သူ ဖြစ်ရမှာလဲ!

ရုတ်တရက် အန်ရှန့်ထျန်းက အန်ဟောင်ထားခဲ့တဲ့ စကားနှစ်လုံးအတိုင်း သူ့ကံကြမ္မာကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။

အရှုံးပေးခြင်း(လက်လျှော့)!

သို့သော် သူ့အဖေနှင့် အဘိုးတို့၏ သွေးထဲမှ ပါလာသော နက်ရှိုင်းသည့် မုန်းတီးမှုကို စဉ်းစားမိသည့်အခါ သူကိုယ်တိုင်ကို မယုံကြည်နိုင်တော့ပေ။

သန်မာတဲ့ ကျင့်ကြံမှုမရှိဘဲ သက်ရှိထင်ရှားရှိနေတဲ့ သူ့မိသားစုဝင်တွေကို သူဘယ်လို ကာကွယ်နိုင်မှာလဲ။

ကုအန်က ကျန်းရှီနှပ်ပေးထားသော လက်ဖက်ရည်ကို မော့သောက်မည်ပြုစဉ် အန်ရှန့်ထျန်းက လေးနက်စွာ ပြောလိုက်သည်။

"ဖြတ်တောက်မယ်! ကျွန်တော် ဖြတ်ကိုဖြတ်တောက်ရမယ်! ကျွန်တော် ပိုပြီး သန်မာလာဖို့လိုတယ်။ သူတို့ ကျွန်တော့်ကို မေ့သွားရင်တောင်မှ သူတို့ကို ကာကွယ်ပေးနိုင်မယ့် အစွမ်း ကျွန်တော့်မှာ ရှိရမယ်။ သူတို့ ကျွန်တော့်ကို မမှတ်မိရင်တောင်၊ ကျွန်တော် သူတို့ကို မှတ်မိနေသရွေ့ ဒါလုံလောက်တယ်!"

ကုအန်၏ မျက်လုံးထဲတွင် ကျေနပ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ အနည်းဆုံးတော့ အခုအချိန်မှာ အန်ရှန့်ထျန်းက လက်စားချေဖို့ထက် သူ့မိသားစုကို ကာကွယ်ဖို့ကို ပိုပြီး စဉ်းစားနေသေး၏။

အခန်း ၄၁၂ အန်မျိုးနွယ်နာမည်၏ ဇာစ်မြစ်၊ ကံကြမ္မာမြစ်ပေါ်မှ ပုံရိပ်များ

အန်ရှန့်ထျန်း၏ လက်စားချေလိုစိတ်ကို သူ မဆန့်ကျင်ပေမဲ့ လက်စားချေခြင်းက အန်ရှန့်ထျန်းဘဝ၏ တစ်ခုတည်းသော ရည်မှန်းချက် မဖြစ်စေချင်ပေ။

ကုအန်က လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး မတ်တပ်ထရပ်ကာ သူ့အကြည့်က အန်ရှန့်ထျန်းအပေါ် ကျရောက်သွားသည်။

သူ့နဖူးပေါ်က ရွှေရောင်အစင်းက ရွှေရောင်အလင်းတန်းတွေ ထုတ်လွှတ်လာပြီး သူ့နဖူးပေါ်မှာ မျက်လုံးတစ်လုံး ပေါ်လာသလိုပင်။ ထိုမြင်ကွင်းက အန်ရှန့်ထျန်းနှင့် ကျန်းရှီတို့ကို မျက်လုံးပြူးသွားစေခဲ့သည်။

ဘုန်း!

သူတို့ပတ်ဝန်းကျင်က မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားပြီး နားနေဆောင်၏ အပြင်အဆင်များ ပျောက်ကွယ်သွားကာ သူတို့ကိုယ်သူတို့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာလွတ်တစ်ခုထဲမှာ ရောက်နေတာကို တွေ့လိုက်ရသည်။

နှစ်ယောက်သား အလိုလို ခေါင်းလှည့်ကြည့်လိုက်ပေမဲ့ ဘာကိုမှ မမြင်ရဘဲ ရှင်းပြလို့မရတဲ့ ထိတ်လန့်မှုကိုသာ ခံစားနေရ၏။

ကုအန်က ကံကြမ္မာဖန်တီးရှင်ကလောင်တံကို ကောက်ကိုင်ပြီး အန်ရှန့်ထျန်းကို ညွှန်လိုက်သည်။

အန်ရှန့်ထျန်းက ကံကြမ္မာဖန်တီးရှင်ကလောင်တံကို အရင်က မြင်ဖူးပြီး သိပ်ထူးထူးခြားခြား မထင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အလွန်ကြောက်စရာကောင်းနေ၏။

ကျန်းရှီလည်း ထိုနည်းတူ ခံစားလိုက်ရပြီး ကုအန်၏ ခေါင်းပေါ်မှ သရဖူကို ကြည့်ကာ ၎င်း၏ ထူးခြားမှုကိုလည်း ခံစားမိလိုက်သည်။ သူ့ဆရာသခင် တစ်ကိုယ်လုံးက ရတနာတွေချည်းပဲလား။

သူ့မျက်လုံးတွေက ကြည်ညိုလေးစားမှုနှင့် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ့ဆရာသခင်ရှေ့မှာ ဒူးထောက်ဦးချလိုက်ချင်စိတ် ပေါက်သွားသည်။

ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးလက်အောက်မှာ ကျင့်ကြံခွင့်ရတာ သူ တကယ်ကံကောင်းပါပေစွ။

"အဆင်သင့်ဖြစ်ပြီလား အန်ရှန့်ထျန်း"

ကုအန်က ခံစားချက်ကင်းမဲ့စွာ မေးလိုက်ရာ အန်းရှန့်ထျန်း လည်ချောင်းထဲက တံတွေးကို မျိုချလိုက်ရသည်။

"မင်းကို ပြောဖို့ မေ့နေတာတခုရှိတယ်"

ကုအန်က ဆိုသည် "မင်းတို့ အန်မိသားစုရဲ့ အန် ဆိုတာ ငါ့နာမည်ကနေ ယူထားတာ။ အန်မိသားစုက မင်းကို မေ့သွားရင်တောင်မှ မင်း ငါ့နောက်ကို လိုက်နေသရွေ့တော့ အန်မိသားစုနဲ့ ဘယ်တော့မှ ကွဲကွာသွားမှာ မဟုတ်ဘူး။"

ဤစကားများကြောင့် အန်ရှန့်ထျန်း၏ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။

ဆရာသခင်ဓားအရှင်!

အန်းရှန့်ထျန်းမှာ မမျှော်လင့်ဘဲ ပျော်စရာကောင်းတဲ့ အံ့အားသင့်မှုတစ်ခုနဲ့ ရိုက်ခတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ကုအန်က ရုတ်တရက် ကလောင်တံကို ဝှေ့ယမ်းလိုက်ရာ တစ်ချက်တည်းနှင့် အန်ရှန့်ထျန်းမှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး နေရာမှာတင် တောင့်တင်းသွားသည်။

သူ့မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး စကားပြောချင်သော်လည်း မပြောနိုင်တော့ပေ။

သူ့ဆီက တစ်စုံတစ်ခု ကွာကျသွားတာကို သူခံစားနေရ၏။

မဟုတ်ဘူး...စွန့်ပစ်ခံလိုက်ရတာ!

အဆုံးမဲ့သော အထီးကျန်မှုလှိုင်းလုံးကြီးက သူ့ကို လွှမ်းခြုံသွားပြီး မကြုံစဖူးသော ကြောက်ရွံ့မှုထဲသို့ ကျရောက်သွားကာ သူ့မျက်လုံးများထဲမှ မျက်ရည်များ မမျှော်လင့်ဘဲ စီးကျလာ၏။

ထိုအခိုက်အတန့်တွင် သူသည် လမ်းပျောက်နေသော ကလေးတစ်ယောက်လိုပင် ဒူးထောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပွေ့ဖက်ထားချင်နေမိသည်။

"မင်းရဲ့ ပါရမီက ဟောင်နဲ့ မတူနိုင်ပေမဲ့ မင်းရဲ့ စိတ်ဓာတ်ကရော သူ့ကို ကျော်လွန်နိုင်ပါလား"

ကုအန်၏ အသံက သူ့ထံသို့ ရောက်ရှိလာပြီး အန်ရှန့်ထျန်း၏ အတွင်းစိတ်ကမ္ဘာမှ အမှောင်ထုကို မောင်းထုတ်ပေးသည့် အရုဏ်ဦးအလင်းတန်းကဲ့သို့ ဖြစ်နေသည်။

အန်ရှန့်ထျန်း မော့ကြည့်လိုက်တော့ ကုအန်နှင့် ကျန်းရှီတို့က သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းရှီက စိုးရိမ်တကြီးဖြင့် တစ်စုံတစ်ခု ပြောရန် ကြိုးစားနေပုံရသော်လည်း အန်ရှန့်ထျန်းမှာ ဘာမှမကြားရပေ။

သူ့အကြည့်က သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်နေသော ကုအန်အပေါ်တွင် ရပ်တန့်သွားသည်။ အကြောင်းရင်းတစ်စုံတစ်ရာကြောင့် သူ အလှမ်းဝေးကွာသွားသည်ဟု မခံစားရဘဲ စွမ်းအားတစ်မျိုးကို ခံစားလိုက်ရသည်။

ငါ ဆရာသခင်ရဲ့ မျှော်လင့်ချက်တွေကို အလွဲသုံးစားမလုပ်နိုင်ဘူး။

အန်ရှန့်ထျန်းက အံ့ကြိတ်ပြီး သူ့စိတ်ထဲမှ အဆိုးမြင်စိတ်ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ အေးစက်သော မြေအောက်ခန်းထဲ ရောက်နေသလို တုန်ရီနေသည်။

ထိုအခိုက်အတန့်တွင် ကုအန်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူ၏ညာခြေကို ရွှေ့လိုက်သည်။ ရုတ်တရက် ပေါက်ကွဲထွက်လာသော နတ်ဆိုးစွမ်းအင်တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ကျန်းရှီက ခေါင်းလှည့်ပြီး ကုအန်ကို အံ့အားတကြီး ကြည့်လိုက်၏။

ကုအန်ကတော့ တိတ်ဆိတ်စွာပင် အန်ရှန့်ထျန်း၏ ကံကြမ္မာကြိုးမျှင်များ ပြတ်တောက်သွားသည်ကို စောင့်ဆိုင်းနေခဲ့၏။

"ကောင်းကင်တာအိုရဲ့ တုံ့ပြန်ဒဏ်ခတ်မှုကို မကြောက်ဘူးလား တာအိုမိတ်ဆွေ။ ကောင်းကင်တာအိုရဲ့ ကံကြမ္မာနဲ့ ရှုပ်ထွေးနေတဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲရဲရလောက်အောင်ထိလေ"

နတ်ဆိုးစွမ်းအင်၏ အပြင်ဘက်မှ ခံစားချက်ကင်းမဲ့သော အသံတစ်ခု ထွက်ပေါ်လာရာ ကျန်းရှီမှာ ထိတ်လန့်တကြား လှည့်ကြည့်မိသည်။

ဘယ်လိုလုပ် တခြားလူတစ်ယောက် ရှိနေရတာလဲ။

ကုအန်က ခေါင်းမော့လိုက်ပြီး သူ့အကြည့်က နတ်ဆိုးစွမ်းအင်ကို ထိုးဖောက်ပြီး ဟင်းလင်းပြင်နယ်ကို ဖြတ်ကျော်ကာ နောက်ထပ် လျှို့ဝှက်ဆန်းကြယ်ပြီး မှောင်မိုက်တဲ့ နေရာလွတ်တစ်ခုထဲကို စူးစိုက်ကြည့်လိုက်သည်။ ထိုနေရာထဲမှာ ခမ်းနားထည်ဝါသော မြစ်တစ်စင်း စီးဆင်းနေပြီး တောက်ပသော ရောင်စဉ်တန်းများ ထွက်ပေါ်နေကာ ၎င်း၏ အစနှင့်အဆုံးကို မမြင်နိုင်ပေ။

ကံကြမ္မာမြစ်!

ကံကြမ္မာမြစ်ထိပ်တွင် ပုံရိပ်တစ်ခု ရပ်နေသည်။ ထိုပုံရိပ်က ငွေရောင်အလင်းဖြင့် တောက်ပနေပြီး သူတို့ရဲ့ ပုံရိပ်ယောင်ကိုသာ ခွဲခြားမြင်နိုင်တော့သည်။

ကုအန်က သူ၏ ပုံစံအမှန်ကို ထွင်းဖောက်မမြင်နိုင်သော်လည်း တစ်ဖက်လူက သူ၏တည်နေရာကို ချိတ်ပိတ်ထားသည်ကိုတော့ သူခံစားမိသည်။

သူသည် အဆုံးစွန်လျှို့ဝှက်လဟာနယ်သိုင်းကွက်ကို အသုံးပြုထားပြီးဖြစ်သောကြောင့် သူ့ပတ်ဝန်းကျင်ရှိ နေရာလွတ်ကို မည်သူမျှ ချောင်းကြည့်၍ မရနိုင်ပေ။ ထို့ကြောင့် သူ စိုးရိမ်ခြင်းမရှိပေ။

ထို့အပြင် ကံကြမ္မာမြစ်သည် သူ့နှင့် အလွန်ဝေးကွာလှသည်။ တစ်ဖက်လူမှာ စကားပြောဆိုဆက်သွယ်ရုံသာဖြစ်ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေပေါ်သို့ ဆင်းသက်ရန် ရည်ရွယ်ချက်မရှိပေ။

"မင်းက ငါ့ကို သတိပေးချင်တာလား။ ဒါမှမဟုတ် တားချင်တာလား" ကုအန်က မေးလိုက်သည်။

ငွေရောင်ပုံရိပ်၏ အသံက ပျံ့လွင့်လာသည်။ "ငါက သတိပေးဖို့သာရည်ရွယ်တာပါ။ ငါက ကံကြမ္မာမြစ်ထဲမှာ လွင့်မျောနေတာ လောကပေါ်ကို ဆင်းသက်လို့မရဘူး။ မင်း စိုးရိမ်စရာမလိုပါဘူး။ တာအိုမိတ်ဆွေ ခင်ဗျားက အကျိုးနှင့်အကြောင်းလမ်းစဉ်ပေါ်ကို ခြေချလိုက်ပြီဆိုတာ ငါမြင်တယ်။ တစ်နေ့ကျရင် ငါတို့ ထပ်တွေ့ကြရမှာပါ။ ငါ ကံကြမ္မာမြစ်နားမှာ မင်းကို စောင့်နေပါမယ်။"

ကုအန်က တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရပြီး သူ၏အမူအရာမှာ ထူးဆန်းသွားကာ ဆက်မေးလိုက်သည်။ "တာအိုမိတ်ဆွေရဲ့ နာမည်ကို သိခွင့်ရှိမလား။"

"ငါ့မှာ တာအိုဘွဲ့နာမည်မရှိဘူး၊ သာမန်နာမည်ပဲရှိတယ်။ လူသိများမှာတော့ မဟုတ်ဘူး၊ ငါ့နာမည်က လုချိုးရှန်း"

ထိုနာမည်ကို ကြားသောအခါ ကုအန် တိတ်ဆိတ်သွားသည်။

ကျန်းရှီမှာ အသက်ပင် ပြင်းပြင်းမရှူရဲတော့ပေ။

ကံကြမ္မာမြစ်!

အကျိုးနှင့်အကြောင်းလမ်းစဉ်!

ပြီးတော့ လုချိုးရှန်း!

ကြားရုံနဲ့တင် ကြောက်စရာကောင်းလိုက်တာ ဒါက အမတကျင့်ကြံခြင်းလောကကြီးလား။

ထိတ်လန့်နေရင်းနဲ့ပဲ ကျန်းရှီက သူ့ရင်ထဲမှာ မကြုံစဖူးတဲ့ ရည်မှန်းချက်နဲ့ စိတ်ပိုင်းဖြတ်မှုတွေ လှုပ်ရှားလာတာကို ခံစားလိုက်ရသည်။

တစ်နေ့ကျရင် သူလည်း ကံကြမ္မာမြစ်ကို သွားရောက်လည်ပတ်နိုင်ရမည်!

All Chapters