← Chapters

အခန်း (၄၁၅-၄၁၆)

Vol. 31 Ch. 415-416

အခန်း (၄၁၅-၄၁၆)

Vol. 31 Ch. 415-416

အခန်း ၄၁၅ လွတ်ငြိမ်းရာအမတ၏ သက်တမ်း

မိုးလင်းခါနီးအချိန်တွင် ကုအန်သည် နတ်ဆိုးကမ်းပါးကို နောက်ဆုံးတွင် ရှာတွေ့သွား၏။

ထိုလူယုတ်မာက ဖျက်ဆီးခြင်းတိတ်ဆိတ်နယ်မြေထဲတွင် ပုန်းအောင်းနေခဲ့သည်။

ထို့ပြင် သူ၏လက်အောက်တွင် မကောင်းဆိုးဝါးများစွာကို ထိန်းချုပ်ထားပြီး တစ်စုံတစ်ခုအကြံအစည်ရှိနေသည်မှာ ထင်ရှားသည်။

ကုအန် ထရပ်လိုက်ပြီး အိမ်မှထွက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူအောက်ထပ်ရောက်သည်နှင့် ကျိရှောင်ယုက အိမ်ထဲမှထွက်လာပြီး သူ့ကိုလှမ်းခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ" ကုအန်က ပြုံးရင်းမေးလိုက်သည်။

ကျိရှောင်ယုက သူ့အနားသို့ချဉ်းကပ်လာပြီး သူ့ကိုအကဲခတ်ကြည့်ရှုနေသည်။

ကုအန်က သူ၏မျက်နှာကိုပွတ်သပ်ရင်း "ငါ့မျက်နှာမှာတခုခုရှိနေလို့လား"

ကျိရှောင်ယွီက သူ့မျက်လုံးများကို စိုက်ကြည့်ရင်း "ရှင်ဆီမှာ သေခြင်းတရားရဲ့ အငွေ့အသက်တွေ ရှိနေတယ်။ မကောင်းတာတစ်ခုခုက ရှင်ကို ပစ်မှတ်ထားနေတာလား"

ကုအန်က စိုးရိမ်ဟန်ဆောင်ကာ "တကယ်လား။ ငါ့ကိုမခြောက်ပါနဲ့"

ကျိရှောင်ယု၏ ခံစားချက်မမှားကြောင်း သူသိသည်။ လွန်ခဲ့သောနေ့က နတ်ဆိုးကမ်းပါး၏ ပစ်မှတ်ထားခြင်းခံရချိန်မှစ၍ အကြောင်းအကျိုးဆက်နွယ်မှုတစ်ခုက သူ့အပေါ်တွယ်ကပ်လာပြီး ပိုမိုအားကောင်းလာနေသည်။

ကုအန်သည် သူ့အပေါ်ရှိ အကြောင်းအကျိုးဆက်နွယ်မှုကို မဖယ်ရှားဘဲ နတ်ဆိုးကမ်းပါးကို ခြေရာခံရန်အတွက် အသုံးချခဲ့သည်။

"ငါထင်ယောင်ထင်မှားဖြစ်တာနေမှာပါ" သူ၏ထိတ်လန့်နေပုံကိုမြင်သောအခါ ကျိရှောင်ယုက အကြံပြုလိုက်သည်။ သူမ စိတ်ထဲတွင်တော့ နားမလည်နိုင်ဖြစ်နေသည်။

ကုအန် ဘာများဖြစ်ခဲ့ပါလိမ့်။

သူမသည် အတိတ်ကအမှတ်တရအချို့ကို ပြန်ရလာသော်လည်း မူလပုဂ္ဂိုလ်မဟုတ်တော့ဘဲ ကုအန်အပေါ်ရှိ အကြောင်းအကျိုးဆက်နွယ်မှုကို ခံစားနိုင်ရုံသာရှိပြီး အလုံးစုံထိုးထွင်းမြင်နိုင်ခြင်း မရှိပေ။

"ငါ့ကိုအမြဲတမ်း ခြောက်နေတာပဲ။ နောက်ကျ ငါအပြင်သွားရင် လမ်းတစ်လျှောက်လုံး စိုးရိမ်နေရတော့မှာပဲ" ကုအန်က ညည်းညူလိုက်သည်။

"ဒါဆို အပြင်မသွားနဲ့ပေါ့။ ကျွန်မနားမလည်တာက ရှင်ရဲ့လက်ရှိအရင်းအမြစ်တွေက ကုန်ဆုံးနိုင်စရာမရှိအောင် များပြားနေတာတောင် ဘာလို့ ဆေးတောင်ကြားတွေအများကြီးကို တာဝန်ယူနေသေးတာလဲ။"

"မင်းနားလည်မှာမဟုတ်ဘူး။ ဒါကဘဝပဲ။ လူတစ်ယောက်ဖြစ်လာရင် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ရပ်တည်နိုင်ဖို့ တစ်ခုခုလုပ်နေဖို့လိုတယ်မလား"

"ဟွန့် ရှင်လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာ သေချာတယ်။"

"ငါ့နောက်ကို လိုက်မလာနဲ့နော်။ ငါမိသွားရင် ငါတို့နှစ်ယောက် ပြတ်ပြီပဲ။ ဒါကို ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ခေါ်တယ် နားလည်လား။"

"ဘယ်သူက ရှင်ကို ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးထားလို့လဲ။"

"ကောင်းကင်ဘုံက ပေးထားတာပေါ့။ ကောင်းကင်ဘုံကို မင်းက မေးခွန်းထုတ်ချင်တာလား"

နှစ်ယောက်သား နောက်တစ်ကြိမ် စကားနိုင်လုကြပြန်၏။ ကျိရှောင်ယုက သူ့လက်မောင်းကို အကြိမ်အနည်းငယ်လိမ်လိုက်ပြီးနောက် ကုအန် နောက်ဆုံးတွင် ထွက်ပြေးသွားတော့သည်။

ကျိရှောင်ယုသည် သူ့ကျောပြင်ကိုကြည့်ရင်း စိတ်ပူပန်မှုများဖြင့် မျက်မှောင်ကြုတ်ထားမိ၏။ ကုအန်သည် ကြီးမားသော ဒုက္ခပယ်လယ်တစ်ခုဆီသို့ ဦးတည်နေကြောင်း သူမခံစားနေရ၏။

ကုအန်သည် နေရာကူးပြောင်းခြင်းစင်မြင့်ဆီသို့ ဦးတည်သွားရာ လမ်းတွင် တောင်ကြားမှထွက်လာသော လုံချင်ကို တွေ့လိုက်ရသည်။

"လက်သီးထိုးလေ့ကျင့်ဖို့ အပြင်သွားမလို့လား" ကုအန်က ပြုံးရင်းမေးလိုက်သည်။

လုံချင်သည် ရှန်ရှင်းကျီနှင့် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရာ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ သူ၏ ချီသွေးသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကိုပင် ကျော်လွန်သွားသော်လည်း ဝမ်းနည်းစရာမှာ သူ၏ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင် တစ်စိုးတစ်စိမျှ မရှိခြင်းပင်။

လုံချင်သည် ခြေလှမ်းရပ်တန့်ကာ ကုအန်ကိုမျက်နှာမူပြီး ခေါင်းအသာငြိမ့်ပြလိုက်သည်။ သူက ဂုဏ်ယူသော အမူအရာပြရင်း "နောက်ခြောက်လနေရင် ကျွန်တော့်ရဲ့ ဒုတိယဆရာက နတ်ဆိုးနှိမ်နှင်းဖို့ ခေါ်သွားမယ်တဲ့လေ။ အဲ့ဒီအခါ ကျွန်တော် စိတ်ကြိုက်တိုက်ခိုက်နိုင်တော့မှာ!"

ကုအန်က သူ့ကိုမဆုံးမဘဲ ခေါင်းငြိမ့်ပြကာ စိုးရိမ်စကားအနည်းငယ်ပြောပြီးနောက် လွှတ်လိုက်သည်။

ထွက်ခွာသွားသော လုံချင်ကိုကြည့်ရင်း ကုအန်သည် အန်ရှန့်ထျန်းကို သတိရသွားသည်။ ဆေးတောင်ကြားရှိ မျိုးဆက်သစ်များ ဆက်မပြက်တိုးပွားလာနေ၏။ နှစ်တစ်ထောင်ကြာလျှင် မည်သို့သော မြင်ကွင်းဖြစ်နေမည်ကို သူတွေးမိလာသည်။

သူပြုံးလိုက်ပြီး နေရာကူးပြောင်းခြင်းစင်မြင့်ဆီသို့ ဆက်လက်လျှောက်လှမ်းသွားသည်။ နက်နဲတောင်ကြားသို့ ရောက်သောအခါ လုကျိကျားကို တစ်ချက်လှမ်းကြည့်ပြီးနောက် တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။

သူသည် တောအုပ်ထဲတွင် လျှောက်သွားရင်း တဖြည်းဖြည်းနှင့် သူ၏ကိုယ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ သူ၏နတ်စိတ်ကျင့်စဉ်မှ ခွဲထွက်လာသော ကိုယ်ပွားပင်ဖြစ်သည်။ သူသည် ကိုယ်ပွားကို မူလခန္ဓာနေရာတွင် အစားထိုးစေပြီး သူ၏ကိုယ်ကမူ အမတများပင် မမြင်နိုင်သော အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။

ကိုယ်ပွားက အေးအေးလူလူ ဆက်လျှောက်သွားနေစဉ် မူလခန္ဓာကမူ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ ​ပျံထွက်ကာ သက်ရှိများ နားမလည်နိုင်သော နည်းလမ်းဖြင့်ဖျက်ဆီးခြင်းတိတ်ဆိတ်နယ်မြေသို့ ဆင်းသက်သွားသည်။

ဖျက်ဆီးခြင်းတိတ်ဆိတ်နယ်မြေ၏ နက်ရှိုင်းသောနေရာတွင် ကြယ်များမရှိဘဲ အလွန်မှောင်မိုက်နေသည်။ ပျက်ဆီးခြင်း(ဟွမ်သွမ့်)ခေတ်ဦးမှ မြူခိုးများကဲ့သို့ ထူထပ်သော မြူခိုးများက လှိုင်းထနေပြီး အသက်ရှူရကြပ်လောက်အောင် ဖိနှိပ်မှုပြင်းထန်လှသည်။

အမှောင်ထုထဲတွင် မြို့တစ်မြို့ တိတ်ဆိတ်စွာ တည်ရှိနေပြီး သံချပ်ကာဝတ် သားရဲကြီးတစ်ကောင်နှင့်ပင် တူသည်။ အဆောက်အအုံများ၏ မျက်နှာပြင်တွင် ချွန်ထက်မြင့်မားသော တိုင်လုံးများရှိပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် မကောင်းဆိုးဝါးဆန်သည်။

မြို့တွင်းရှိ ခန်းမကြီးတစ်ခုအတွင်းတွင် နတ်ဆိုးချီများက မြူခိုးကဲ့သို့ လည်ပတ်နေသည်။ အလယ်တွင် အချင်းပေသုံးဆယ်ကျော်ရှိသော ရေကန်တစ်ခုရှိပြီး ရေမျက်နှာပြင်သည် အနီရောင်တောက်နေ၏။ ထိုရေကန်ထဲတွင် ပုံရိပ်တစ်ခုက ထိုင်နေ၏။

သူမသည် ဆံပင်ဖြူနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကိုယ်လုံးတီးဖြင့် ရှိနေကာ ရှည်လျားသောဆံနွယ်များက ရေထဲသို့ ကျဆင်းနေ၏။ သူမ၏ ကျောပြင်သည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချောမွေ့ပြီး အချိုးအစားပြေပြစ်လှသည်။

ဤသူမှာ နတ်ဆိုးကမ်းပါးပင်ဖြစ်၏။

သူမမျက်လုံးမှိတ်ထိုင်နေပြီး သူမ၏မျက်နှာသည် အလွန်လှပသော်လည်း မျက်ခုံးနှစ်ခုကြားတွင် မကောင်းဆိုးဝါး အငွေ့အသက်တစ်စွန်းတစ်စ ရှိနေသည်မှလွဲ၍...။

ရုတ်တရက် သူမမျက်လုံးဖွင့်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ "အဲ့ဒီကောင်လေးရဲ့ အကြောင်းအကျိုးဆက်နွယ်မှုက ဘယ်လိုလုပ် ပြတ်တောက်သွားရတာလဲ။"

သူမ၏ညာဘက်လက်ကို မြှောက်ကာ တွက်ချက်စပြုလိုက်သည်။ ထိုအချိန်တွင် လက်တစ်ဖက်က သူမ၏ ဖြူဖွေးသော ပခုံးပေါ်သို့ ကျရောက်လာသည်။

ထိုထိတွေ့မှုက သူမ၏ သမာဓိကို တုန်လှုပ်စေပြီး မျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။

"မင်း ဘယ်သူ့ကို ရှာနေတာလဲ။"

ခြောက်ကပ်ကပ်အသံတစ်ခုက သူမ၏ နားထဲသို့ ဝင်ရောက်လာပြီး အရိုးထိအောင် အေးစက်သွားစေသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ...

နတ်ဆိုးကမ်းပါးသည် မိမိကိုယ်ကို လုံးဝမလှုပ်ရှားနိုင်တော့ဘဲ သူမ၏ တန်ခိုးစွမ်းအင်များပင် အေးခဲသွားမတတ် ဖြစ်နေသည်ကိုတွေ့ရှိလိုက်ရသည်။

သူမသည် လွတ်ငြိမ်းရာအမတအဆင့် ၉ တစ်ယောက် ဖြစ်၏။ ဘယ်လိုလုပ် ဒီလောက် လုံးဝဥဿုံ ဖိနှိပ်ခံရနိုင်မှာလဲ။

တစ်ဖက်လူကများ...

ဒဏ္ဍာရီများကို တွေးမိသောအခါ သူမသည် ကြောက်စိတ်ကိုတွန်းလှန်ရင်း အံကြိတ်ကာ "ရှင်... ရှင် ဘယ်သူလဲ"

"မင်းက သူမရဲ့ မျက်လုံးတွေနဲ့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို မြင်နိုင်တယ်ဆိုရင် သူမရဲ့နားတွေနဲ့ အချို့အရာတွေကိုလည်း ကြားနိုင်မှာပဲ မဟုတ်လား။"

ကုအန်သည် နတ်ဆိုးကမ်းပါး၏ နောက်တွင်ရပ်ကာ အနည်းငယ်ရှေ့သို့ ကိုင်းညွှတ်လိုက်သည်။

မီးခိုးရောင်အငွေ့အသက်များဖြင့် ဖုံးလွှမ်းထားသောကြောင့် သူ၏ရုပ်သွင်အမှန်ကို ဖုံးကွယ်ထားပြီး လျှို့ဝှက်ဆန်းကြယ်စွာ အင်အားကြီးမားဟန်ပေါ်နေသည်။

သူ့စကားကိုကြားသောအခါ နတ်ဆိုးကမ်းပါးသည် ဂရုတစိုက် ပြန်စဉ်းစားလိုက်သည်။ ရှန်ကျန်းက လူတစ်ယောက်အကြောင်း မကြာခဏပြောလေ့ရှိသည်ကို သူမလျင်မြန်စွာ သတိရသွားသည်။

ဆရာသခင်ဓားအရှင်..

ဤလူအပေါ် သူမ၏အထင်အမြင်သည် အလွန်နက်ရှိုင်းပြီး လွတ်ငြိမ်းရာအမတတစ်ယောက်ဖြစ်နိုင်သည်ဟု ယူဆခဲ့၏။ သို့သော် သူမသည် ဆရာသခင်ဓားအရှင် ကို ဆန့်ကျင်ရန် မကြံစည်ခဲ့ပေ။ လွတ်ငြိမ်းရာအမတများ ကွဲပြားကြသော်လည်း သူမသည် ပြန်လည်မွေးဖွားခြင်းကပ်ဘေးသို့ ခြေချခဲ့ပြီးသူတစ်ဦးဖြစ်သည်။ အောင်မြင်ခြင်းမရှိသေးသော်လည်း အနည်းဆုံးတော့ ကြိုးစားနေသူဖြစ်သည်။

"ဆရာသခင်ဓားအရှင် ဘာလို့..."

ကုအန်၏လက်က ဖိထားလေလေ သူမပို၍ ထိတ်လန့်လာလေဖြစ်သည်။

သူမ၏အမြင်တွင် ကုအန်၏ တာအိုအဆင့်သည် ခန့်မှန်းမရနိုင်လောက်အောင် နက်ရှိုင်းပြီး သူနှင့်နှိုင်းယှဉ်လျှင် သူမ၏ အကြောင်းအကျိုးဆက်နွယ်မှုလမ်းစဉ်သည် အရေးမပါလှပေ။

ကုအန်သည် သူမ၏ကြောက်ရွံ့မှုကို ခံစားမိ၏။ သူသည် သူမကို ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် နောင်တရခြင်းတို့ကို ခံစားရစေရန် အချိန်ပေးထားခဲ့သည်။

နောက်ဆုံးတော့ ကုအန်သည် သူမ၏ရန်လိုမှုကြောင့် တစ်ညလုံး စိတ်ပူခဲ့ရသည် မဟုတ်ပါလား။ သူမကို တိုက်ရိုက်သတ်လိုက်လျှင် အလွန်ပေါ့လွန်းရာကျပါမည်။

သူသည် နတ်ဆိုးကမ်းပါးကို ငုံ့ကြည့်ရင်း သူမ၏တစ်ကိုယ်လုံးကို အကဲခတ်လိုက်သည်။

အသားအရေကောင်းသားပဲ၊ သူ့ကိုရန်လာစမိတာကတော့ ကံဆိုးတာပဲ

သေလိုက်တော့။

ကုအန်၏ အကြည့်များက ပိုမိုပြင်းထန်လာပြီး သူ၏နတ်အာရုံကို သူမ၏ကိုယ်ထဲသို့ ထိုးသွင်းလိုက်ကာ သူမ၏ဝိညာဉ်ကို ထိခိုက်စေပြီး မှတ်ဉာဏ်ကို စူးစမ်းလိုက်သည်။

နတ်ဆိုးကမ်းပါး၏ ကိုယ်သည် တုန်ခါသွားပြီးနောက် လျင်မြန်စွာ တည်ငြိမ်သွားသည်။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး လည်ပတ်နေသော နတ်ဆိုးချီများပင် ရပ်တန့်သွားသည်။

အချိန်အတော်ကြာပြီးနောက်...

ကုအန်သည် သူ၏နတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး ညာလက်ဖြင့် အားအနည်းငယ်သုံးလိုက်သည်။ နတ်ဆိုးကမ်းပါးသည် ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး တုန်ခါမှုလှိုင်းတစ်ခု ပျံ့နှံ့သွားရာ နတ်ဆိုးမြူခိုးများထဲတွင် မရေမတွက်နိုင်သော ကြယ်စင်လေးများ ပေါ်ပေါက်လာသည်။

ထိုအရာများသည် နတ်ဆိုးကမ်းပါး၏ တာအိုမှ ကြေမွသွားသော အပိုင်းအစများပင်။

ကုအန်သည် နတ်ဆိုးကမ်းပါး၏ မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားရင်း စိတ်လှုပ်ရှားစွာဖြင့် ပြည့်နှက်နေသည်။

ပြန်လည်မွေးဖွားခြင်းကပ်ဘေးမှာ ဒီလိုလျှို့ဝှက်ချက်တွေ ရှိနေပါလား။

နတ်ဆိုးကမ်းပါးသည် သူမကိုယ်တိုင်သာမက သာမန်လူတစ်ဦးကိုပါ ပြန်လည်မွေးဖွားရန် ရွေးချယ်နိုင်ခဲ့သည်။ ရှန်ကျန်းသည် သူမ၏ရွေးချယ်မှုဖြစ်ပြီး သူအရွယ်ရောက်ပြီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရှန်ကျန်းကို ရွေးချယ်ရခြင်းအကြောင်းမှာ သူ၏ အကြောင်းအကျိုးဆက်နွယ်မှုလမ်းစဉ်အတွက် မွေးရာပါပါရမီနှင့် သူ့ပတ်ဝန်းကျင်ရှိ မသေချာမရေရာမှုများကြောင့် ဖြစ်သည်။

နတ်ဆိုးကမ်းပါးသည် ရှန်ကျန်းပတ်ဝန်းကျင်ရှိ မသေချာမရေရာမှုများ အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို မမြင်နိုင်ခဲ့ဘဲ အစပိုင်းတွင် ဆရာသခင်ဓားအရှင်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။

လွန်ခဲ့သောနှစ်များအတွင်း အန္တိမရှေးဦးချပ်ပြား ဖြစ်ပွားချိန်တွင်မှ ဆရာသခင်ဓားအရှင် ရှန်ကျန်းပတ်ဝန်းကျင်ရှိ မသေချာမရေရာမှုဖြစ်ကြောင်း သူမအတည်ပြုနိုင်ခဲ့သည်။ သူမ အံ့အားသင့်ခဲ့သော်လည်း တုန်လှုပ်ခြင်းမရှိခဲ့ပေ။

အန်ရှန့်ထျန်း ပေါ်လာပြီး ရှန်ကျန်း၏ခန္ဓာကိုယ်ကို အသုံးပြုကာ သူမက ၎င်း၏အကြောင်းအကျိုးဆက်နွယ်မှုကို ခံစားမိသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။

သူမသည် အန်ရှန့်ထျန်း၏ ခန္ဓာကိုယ်ကိုပင် သိမ်းပိုက်လိုခဲ့သည်။

ညှို့ငင်အားပြင်းသော နတ်ဆိုးမက ယောက်ျားတစ်ယောက်ဖြစ်လာမည်ကို တွေးမိသောအခါ ကုအန်သည် အနည်းငယ်အဆင်မပြေဖြစ်သွားသည်။ ကံကောင်းစွာဖြင့် နတ်ဆိုးကမ်းပါး၏ မှတ်ဉာဏ်ထဲတွင် သူမသည် အမြဲတမ်းအမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။ သို့မဟုတ်လျှင် နောင်တွင် ရှန်ကျန်းကိုတွေ့သည့်အခါ သူအဆင်မပြေဖြစ်နေမည်ဖြစ်သည်။

[သင်သည် နတ်ဆိုးကမ်းပါး (လွတ်ငြိမ်းရာအမတအဆင့် ၉) ထံမှ သက်တမ်း ၆၁၀၉၈၂၃ နှစ်ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်။]

ကုအန်၏ရှေ့တွင် စာတန်းတစ်ခုပေါ်လာပြီး တစ်ကြိမ်တည်းဖြင့် သက်တမ်း နှစ်သန်း ၆၀ ကျော်ကို သိမ်းယူနိုင်ခဲ့၏။

မဆိုးဘူးပဲ! လွတ်ငြိမ်းရာအမတတစ်ယောက်နဲ့ ထိုက်တန်ပါပေတယ်။

နောင်တွင် အာကာပြင်တာအိုအမတများကို သတ်လျှင် သက်တမ်း နှစ်သန်းပေါင်းရာချီ ရနိုင်မည်လား။

ကုအန်သည် မျှော်လင့်တကြီးဖြင့် စောင့်စားနေသော်လည်း ယခုအချိန်တွင်မူ အာကာပြင်တာအိုအမတများနှင့် ရင်ဆိုင်လိုခြင်းမရှိသေးပေ။

သူသည် ဆေးပင်များမှတစ်ဆင့် သက်တမ်းကို စုဆောင်းလို၏။ မုန်းတီးမှုများစွာကို ရှောင်ရှားရင်း တိတ်တဆိတ် အစွမ်းထက်လာခြင်းက ပို၍ ဘေးကင်းပေသည်။

အခန်း ၄၁၆ အကြွင်းမဲ့နတ်ဆိုးဘုံ

နတ်ဆိုးကမ်းပါးထံမှ ရရှိခဲ့သော မှတ်ဉာဏ်များမှာ အလွန်ကျယ်ပြန့်လှပြီး ကုအန်အတွက် အကြီးမားဆုံး အထောက်အကူဖြစ်စေခဲ့သည်မှာ ပြန်လည်မွေးဖွားခြင်းကပ်ဘေး ကို နားလည်သဘောပေါက်ခြင်းပင် ဖြစ်သည်။

ပြန်လည်မွေးဖွားခြင်းကပ်ဘေးသည် အချိန်နှင့် နေရာဒေသအမျိုးမျိုးနောက်ဆုံး အတိတ်ကာလအထိကို ပြန်လည်မွေးဖွားခွင့်ပေးခြင်းမှာ မှန်၏။ သို့သော် အတိတ်စေ အနာဂတ်ဖြစ် မူလခန္ဓာကိုယ်၏ စွမ်းအားကတော့ ကြားဝင်စွက်ဖက်လို့ မရပေ။ ပြန်လည်မွေးဖွားလာသူ သေဆုံးသွားသည့်အခါ (သို့) မူလခန္ဓာကိုယ်၏ စွမ်းအားကို အသုံးပြုလိုက်သည့်အခါ ကောင်းကင်တာအိုမှ က အတင်းအကျပ် ပြန်လည်နှင်ထုတ်ပါလိမ့်မည်။

ထိုအချက်က ကုအန်ကို ကြယ်ခုနစ်လုံးဝိညာဉ်နယ်မြေမှာ မှာ ကျိရှောင်ယုက မူလတာအိုအစီအရင်တစ်ခု၏ စွမ်းအားကို အသုံးပြုပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည့် အချိန်ကို ပြန်လည်သတိရစေခဲ့သည်။ သူမသည် ပြန်လည်မွေးဖွားခြင်းကပ်ဘေး၏ နှင်ထုတ်ခြင်းကို ခံခဲ့ရပုံပင်။

ဤအချက်က ကုအန်၏ ကောင်းကင်တာအိုအပေါ် နားလည်မှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

ကောင်းကင်တာအိုသည် စည်းမျဉ်းစည်းကမ်းများနှင့် မဟာတာအိုတို့၏ စုစည်းမှုတစ်ခုနှင့် ပိုတူပြီး အလွန်အသေးစိတ်ကျကာ စိုးမိုးကြီးစိုးတတ်သည်။

ကုအန်သည် ဆက်လက်မစဉ်းစားတော့ဘဲ သူ၏အကြည့်ကို ခန်းမကျယ်ကြီး၏ အတွင်းပိုင်းသို့ လှည့်လိုက်သည်။ ခန်းမကြီးက ကျယ်ဝန်းသော်လည်း အတွင်း၌ သိသာထင်ရှားသော ကွဲပြားမှုများစွာ ဖုံးကွယ်နေသည်။ ကြီးမားလှသော ကျောက်တိုင်ကြီးများတွင်လည်း အထူးဝိညာဉ်ကျောက်တုံးများစွာကို တပ်ဆင်ထားသည်။

ဤမြို့မှာ နတ်ဆိုးမြို့တော်ပင် ဖြစ်သည်။ နတ်ဆိုးကမ်းပါး၏ မှတ်ဉာဏ်များအရ၊ ဖျက်ဆီးခြင်းတိတ်ဆိတ်နယ်မြေတွင် ဤကဲ့သို့သော မြို့များစွာရှိ၏။ နတ်ဆိုးကမ်းပါးထက် ပိုမိုအားကောင်းသော သတ္တဝါမရှိသော်ငြားလည်း နတ်ဆိုးမြို့တော်အားလုံးသည် အကြွင်းမဲ့နတ်ဆိုးဘုံမှ ကျန်ရစ်ခဲ့သော အစွမ်းအစများ ဖြစ်ကြသည်။

အကြွင်းမဲ့နတ်ဆိုးဘုံသည် တစ်ချိန်က အလွန်အင်အားကြီးမားခဲ့ပြီး မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကို ဝါးမျိုရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ ဘုံအရှင်သခင် အသတ်ခံခဲ့ရပြီး ဘုံကြီးမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။

ထိုအချိန်က နတ်ဆိုးကမ်းပါးသည် အပြည့်အဝ မကြီးထွားသေးပေ။

နတ်ဆိုးမြို့တော်အတွင်း နတ်ဆိုး ၁ သန်း ပုန်းအောင်းနေကြ၏။ ဤနတ်ဆိုးများသည် မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေမှ သတ္တဝါများအတွက် ကောင်းကင်နတ်ဆိုးများနှင့် ဘာမှမခြားနားဟု ထင်ရသော်လည်း ဖျက်ဆီးခြင်းတိတ်ဆိတ်နယ်မြေအတွင်းတွင်လည်း အင်အားစုများစွာ တည်ရှိနေပြီး သူတို့သည် သွေးကျဉ်းထောင်သူတော်စင်၏ နယ်မြေအတွင်းသို့ ကျူးကျော်ခြင်းမပြုကြပေ။

ကုအန်သည် ပြဿနာ၏ အရင်းအမြစ်ကို ရှင်းလင်းရန် ဆုံးဖြတ်လိုက်ပြီး ဤနတ်ဆိုးအားလုံးကို သုတ်သင်ရှင်းလင်းရန် စိတ်ပိုင်းဖြတ်လိုက်သည်။

မဟာကောင်းကင်စိတ်ဝိဉာဥ်နယ်မြေမှ ကျင့်ကြံသူများ နတ်ဆိုးမြို့တော်အနီးမှ ဖြတ်သွားသည့်အခါတိုင်း ကောင်းသောကံကြမ္မာနှင့် မည်သည့်အခါမျှ မကြုံခဲ့ရပေ။ နတ်ဆိုးကမ်းပါးသည် ဖြတ်သန်းသွားသော လွတ်ငြိမ်းရာအမတများကိုပင် တိုက်ခိုက်ရန် ဝံ့ရဲခဲ့သည်။

သို့သော် လွတ်ငြိမ်းရာအမတများတွင်မူ လွတ်မြောက်ရန် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများ ရှိကြသည်။

တိုက်ခိုက်ခံရသော လွတ်ငြိမ်းရာအမတမှာ အမှန်စင်စစ် အမတမင်းဆက်မှ ရှေးဟောင်းအမတဧကရာဇ်ပင် ဖြစ်သည်။

.

မွန်းတည့်ချိန်နီးကပ်လာသောအခါ ကုအန်သည် တတိယဆေးပင်တောင်ကြားသို့ ပြန်ရောက်လာခဲ့သည်။

သူသည် သူ၏ ရည်ချင်းပြဇယားကို ဖွင့်ကြည့်လိုက်၏။

[အမည် - ကုအန်]

[သက်တမ်း - ၆၅၀/၁၉၅၄၂၁၀၆၀၄]

[ခန္ဓာ - ယွမ်ပေါင်းစည်းသန့်ခြင်းခန္ဓာ ]

[ကျင့်ကြံခြင်းအဆင့် - အာကာပြင်တာအိုအမတအး ပြီးပြည့်စုံအဆင့်]

နတ်ဆိုးမြို့တော်မှ နတ်ဆိုး ၁ သန်းကို သုတ်သင်ရှင်းလင်းခြင်းဖြင့် သူသည် သက်တမ်း နှစ်သန်းပေါင်း ၅၀၀ နီးပါး ရရှိခဲ့ရာ ဤခရီးစဉ်မှာ အလွန်ကြီးမားသော အကျိုးအမြတ်ရရှိခြင်းပင်။

သူ၏ သက်တမ်းမှာ ၂ ဘီလီယံနီးပါးသို့ ရောက်ရှိနေသည်ကို ကြည့်ရင်း ကုအန်သည် အလွန်အမင်း ပျော်ရွှင်ကြည်နူးနေမိသည်။

အရေးကြီးဆုံးကတော့ သူသည် စိုးရိမ်ပူပန်စရာ အရင်းအမြစ်တစ်ခုကို ဖယ်ရှားနိုင်ခဲ့ခြင်းပင်။

လမ်းတစ်လျှောက် တပည့်များနှင့် တွေ့ဆုံသည့်အခါ ကုအန်သည် ပြုံးကာ မေးခွန်းအနည်းငယ် မေးမြန်းလေ့ရှိရာ တပည့်များမှာ အံ့ဩဂုဏ်ယူခြင်းများ ဖြစ်ကြရသည်။

ယခုအခါ တတိယဆေးပင်တောင်ကြားရှိ တပည့်အရေအတွက်မှာ သုံးထောင်ကျော်ရှိနေပြီဖြစ်ပြီး အခြေတည်အဆင့်သို့ ရောက်ရှိပြီးသူများပင် ဆက်လက်နေထိုင်လိုကြသည်။ အဓိပတိဂိုဏ်းကြီး ပိုမိုအားကောင်းလာသည်နှင့်အမျှ တတိယဆေးပင်တောင်ကြားရှိ အခွင့်အရေးများမှာလည်း ဆက်လက်မြင့်တက်လာပြီး အတွင်းစည်းခန်းမဆောင်များစွာထက်ပင် သာလွန်လာခဲ့သည်။

တပည့်များအားလုံးသည် ကုအန်ကို သူ၏ ရာထူး သို့မဟုတ် ကျင့်ကြံခြင်းအဆင့်ကြောင့် မဟုတ်ဘဲ တပည့်တစ်ဦးချင်းစီကို ဟန်ဆောင်မှုကင်းမဲ့စွာ ဆက်ဆံသောကြောင့် လေးစားကြခြင်းဖြစ်သည်။

ကုအန်သည် သာမန်စာအုပ်များ ဖတ်ရှုခြင်းကို နှစ်သက်သည်ဟု ကြားသိရသည့်အခါတွင်ပင် သူတို့သည် ကုအန်ကို ပိုမိုရင်းနှီးဖော်ရွေလာခဲ့၏။ အကြောင်းမှာ ကုအန်သည် အမျိုးသမီးတပည့်များကို အနိုင်အထက်စီးနှင်းမပြုသောကြောင့်ဖြစ်၏။

ကုအန်သည် သူ၏ အိမ်ခန်းသို့ ရောက်သောအခါ ကျိရှောင်ယုသည် ရုတ်တရက် ထွက်လာပြီး သူမ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။

"အခု ဘာဖြစ်ပြန်ပြီလဲ" ကုအန်က စိတ်ပျက်ဟန်ဆောင်ကာ မေးလိုက်သည်။

ကျိရှောင်ယုက "ရှင့်ကိုယ်ပေါ်က သေခြင်းတရားစွမ်းအင်တွေ ပျောက်သွားပြီ။ ဒီမနက် ဘယ်သူ့ကို သွားတွေ့ခဲ့တာလဲ"

ကုအန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ခြေလှမ်းနှစ်လှမ်း ရှေ့တိုးကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။ "မင်း ငါ့ကို ကြောက်အောင်လုပ်လို့ ဆရာသခင်ဓားအရှင်ကို သွားအကူအညီတောင်းရတာပေါ့။ သူက ငါ့ကို ဘေးကင်းအောင် ဂါထာမန္တန်ရွတ်ပေးလိုက်တယ်။ အဲ့အတွက် ငါ့သက်တမ်း နှစ်သုံးရာ ပေးဆပ်လိုက်ရသေးတယ်"

ကျိရှောင်ယုသည် သူ၏ ပထမစကားကို ယုံကြည်သော်လည်း နောက်ဆုံးစကားကို ကြားသောအခါ ပြန်မကြည့်ပဲမနေနိုင်ဖြစ်သွား၏။

"ဆင်းရဲသားဆိုတဲ့အတိုင်းပဲ။ ဆရာသခင်ဓားအရှင် ရဲ့ ကျင့်ကြံဆင့်နဲ့များ ရှင့်သက်တမ်း နှစ်သုံးရာလောက်ကို ဘယ်လိုလုပ် မက်မောစရာရှိမှာလဲ။ အမြင်ကျဉ်းလိုက်တာ။ ကြွားလုံးထုတ်နေတာရပ်လိုပ်တော့ ဟာသပဲ"

ကျိရှောင်ယု၏ စကားများမှာ ဆူးနှင့်တူသော်လည်း ဤသည်မှာ ကုအန် လိုချင်သော အကျိုးသက်ရောက်မှုပင် ဖြစ်သည်ကို သူမ မသိခဲ့ပေ။ "မင်း ငါ့ကို အထင်သေးတာလား။ အနှစ်သုံးဆယ်ကြာပြီးရင် အရှေ့မြစ်က အနောက်ကို ပြန်စီးနိုင်တယ်ဆိုတာမမေ့နဲ့လေ။ ဆင်းရဲသားကို အထင်မသေးနဲ့!"

"အနှစ်သုံးဆယ်ကို ထောင် လို့ ပြောင်းလိုက်"

"အထဲဝင်စမ်း မင်းကို ငါ ဆုံးမဖို့လိုနေပြီ!"

ကုအန်သည် ကျိရှောင်ယုကို အိမ်ထဲသို့ တွန်းပို့လိုက်ရာ သူမသည် ခုခံခြင်းမရှိဘဲ မျက်နှာတွင် အပြုံးတစ်ခုပင် ပေါ်လာခဲ့သည်။

တစ်နာရီအကြာတွင် ကုအန်သည် သူမ၏ အိမ်ထဲမှ ထွက်လာခဲ့သည်။

အနားမှ ဖြတ်သွားသော အန်ရှင်းက မျက်စိတစ်ဖက်မှိတ်ပြကာ ကုအန်ကို စနောက်ရာ ကုအန်က သူမကို စူးစိုက်ကြည့်လိုက်သည်။

အဝေးတစ်နေရာမှ သစ်ပင်အောက်တွင် သွေးကျဉ်းထောင်သူတော်စင်က ကြည့်ရင်း စိတ်ခံစားမှုပြင်းပြစွာဖြင့် သက်ပြင်းချလိုက်သည်။ "သခင်ကတော့ တကယ်ကို ကျက်သရေရှိတဲ့ ဘဝကို ပိုင်ဆိုင်တာပဲ။ နှစ်တစ်ထောင်လောက်ကြာရင် ငါလည်းပဲ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့ ဒေသခံဓလေ့ထုံးစံတွေကို ခံစားကြည့်ရမယ်။"

နွေဦးလေပြေသည် ညင်သာစွာ တိုက်ခတ်နေပြီး

ရာသီဥတုက အေးမြကာ သက်ရှိအားလုံး၏ ဇီဝစွမ်းအားများ နိုးကြားလာကြသည်။ တိုက်ကြီး၏ ကောင်းကင်ကို ဖုံးလွှမ်းထားသော တိမ်တိုက်များပင် အနည်းငယ် လွင့်ပြယ်သွားသည်။

အဓိပတိဂိုဏ်းသည် ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းကို အမှီပြုကာ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေသော်လည်း လောကတိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

အချိန်တိုင်းတွင် အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးမှ ကျင့်ကြံသူများသည် တိုက်ခိုက်နေကြပြီး နယ်မြေများနှင့် အင်အားစုများ ပိုမိုများပြားစွာ ပါဝင်လာကြသည်။

ခြောက်လတာကာလသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။

ကုအန်သည် ပြတင်းပေါက်နားတွင် ရပ်ရင်း လုံချင်းက ရှန်ရှင်းကျီ နောက်သို့ လိုက်ကာ တောင်ကြားမှ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ သူ၏ ယခင် ကျိုယွမ်ကမ္ဘာမှ အတွေ့အကြုံများမှလွဲ၍ ဤသည်မှာ လုံချင်းအတွက် အဓိပတိဂိုဏ်းမှ ပထမဆုံးအကြိမ် ထွက်ခွာခြင်း ဖြစ်သည်။ သူသည် ထိုက်ချန်းတိုက်ပေါ်တွင် လေ့ကျင့်ရုံသာဖြစ်သော်လည်း လူငယ်လေး၏ စိတ်လှုပ်ရှားနေပုံကို မြင်ရသည်မှာ ကုအန်ကို ထူးခြားသော ခံစားချက်တစ်ခု ပေးစွမ်း၏။

"သူ့ကို အပြင်လွှတ်ရမှာ တွန်းဆုတ်နေတာလား"

ကျိရှောင်ယု၏ စနောက်သံသည် အောက်ထပ်မှ ထွက်ပေါ်လာသည်။

ကုအန်က "ဘယ်ဟုတ်ပါ့မလဲ၊ သူငယ်ချင်းဟောင်းတချို့ကို သတိရသွားလို့ပါ"

"ရှင့်အနားမှာရှိတဲ့လူတွေကို ရှင့်က ထာဝရ အတူလိုက်ပါစေချင်တာလား"

"မဟုတ်ပါဘူး၊ တကယ်တော့ မဟုတ်ပါဘူး။ သူတို့ထွက်သွားရင် ထွက်သွားပေါ့။ အသစ်တွေက အမြဲရှိမှာပဲ။ သူတို့ ကြီးပြင်းလာတာ မြန်လွန်းလို့ အတိတ်ကို လွမ်းဆွတ်မိတာပါ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြပြီလေ"

"ဘာတွေပြောနေတာလဲ၊ ရှင်က လူအိုကြီးတွေလောက်တောင် အသက်မရှည်သေးပဲနဲ့"

ဘုန်း....

အိမ်ခန်းသည် အနည်းငယ် တုန်ခါသွားသည်။ ဝင်းအပြင်ဘက်တွင် လဲလျောင်းအိပ်စက်နေသော သွေးကျဉ်းထောင်သူတော်စင်သည် သူ၏ခေါင်းကို လှည့်လိုက်၏။ ထိုကဲ့သို့သော ဆူညံသံသည် သူ့ကို မထိခိုက်နိုင်ပေ၊ သူသည် အကျင့်ရနေပြီဖြစ်၏။

တစ်နာရီအကြာတွင် ကုအန်သည် အန်ရှင်းနှင့် သွေးကျဉ်းထောင်သူတော်စင်နှင့်အတူ တတိယဆေးပင်တောင်ကြားမှ ထွက်ခွာခဲ့သည်။ ယနေ့ သူတို့သည် ထျန်းယားတောင်ကြားသို့ သွားကြမည်ဖြစ်သည်။

All Chapters