အခန်း (၄၁၇-၄၁၈)
Vol. 32 Ch. 417-418
Htet Paing:
အခန်း ၄၁၇ ရွေးချယ်ရာ
လမ်းတွင် အန်ရှင်းသည် တိုက်ကြီးပေါ်မှ ထွန်းတောက်လာသော ပါရမီရှင်များအကြောင်းကို ပြောပြနေသည်။ အခါအားလျော်စွာ ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ထွက်ပေါ်လာတတ်ပြီး အန်းဟောက်၊ လီယာနှင့် ဝူကျွယ်ကဲ့သို့သော ပုဂ္ဂိုလ်များကို လူအများက မေ့လျော့နေကြပြီ ဖြစ်သည်။ ကုအန်သည် တစ်ချိန်က ရွှမ်းထျန်းရီကို မသိခဲ့သကဲ့သို့ပင်။
ကုအန်သည် သွေးကျဉ်းထောင်သူတော်စင်၏ ကျောပေါ်တွင် စီးနင်းရင်း စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားကာ အန်ရှင်း၏ စကားကို အခါအားလျော်စွာ ထောက်ခံနေသည်။
သူသည် လောကတွင် မကြာသေးမီက ဖြစ်ပျက်နေသော အဖြစ်အပျက်များကိုလည်း အာရုံစိုက်နေလျက်ရှိ၏။
နှစ်ပေါင်းရာချီခဲ့သော လောကနှင့် နှိုင်းယှဉ်လျှင် ပါရမီရှင်အတွက် စံနှုန်းမှာ မြင့်တက်လာခဲ့သည်။ အန်ရှင်းက ပါရမီရှင်ဟု ရည်ညွှန်းသော ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်မှာ အနည်းဆုံး ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် အတွင်းတွင် ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီက ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ရှိသူများကို မဟာကျင့်ကြံသူများ၊ ဘိုးဘေးကြီးများဟု သတ်မှတ်ခဲ့ကြသည်။
ယခုအခါတွင်မူ နိဗ္ဗာနအဆင့်သည် လူအနည်းငယ်သာ သိသော လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ အန်ရှင်းသည် လောက၏ အရေးအရာများကို ပြောဆိုရာတွင် သူမ၏ လေသံ၌ တောင့်တခြင်းမရှိဘဲ မျှော်လင့်ချက်သာ ရှိနေသည်။
သူမသည် အပြင်မထွက်ချင်ပေ၊။ သူမသည် ထိုလူများထက် ပိုမိုအားကောင်းလာချင်ပြီး သူမ၏ ဆရာအနားတွင် နေခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း သက်သေပြလို၏။
သူတို့သည် လမ်းတစ်လျှောက် စကားစမြည်ပြောဆိုရယ်မောရင်း ခရီးကို ငြီးငွေ့ဖွယ်မရှိအောင် ပြုလုပ်ခဲ့ကြသည်။
သူတို့ ထျန်းယားတောင်ကြားသို့ ရောက်သောအခါ မာနကြီးသော ကျင့်ကြံသူလူငယ်တစ်စုကို တွေ့လိုက်ရသည်။
ကုအန်နှင့် သူ၏ အဖော်များ ပေါ်လာသောအခါ လူအများစု၏ အာရုံစိုက်မှုကို ခံခဲ့ရ၏။
ကုအန်သည် သူတို့အထဲတွင် လုရှန်ကို တွေ့လိုက်သည်။
သူ လုရှန့်ကို မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ အကြောင်းမှာ လုပိုင်ထျန်းသည် သူ့ကို တွေ့တိုင်း လုရှန်အကြောင်းကို ပြောလေ့ရှိသောကြောင့် ကုအန်သည် လုရှန်၏ တိုးတက်မှုကို အခါအားလျော်စွာ စောင့်ကြည့်နေခဲ့၏။
လုရှန်သည် အမြဲတမ်း ပါရမီမြင့်မားသူဖြစ်ပြီး အခွင့်အရေးများနှင့် ပေါင်းစပ်လိုက်သောအခါ ယခုတွင် သူသည် ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်နေပြီဖြစ်သည်။
သူသည် အဝေးမှနေ၍ ကုအန်ကို ဝမ်းမြောက်သော အမူအရာဖြင့် ကြည့်နေ၏။
ကုအန်သည် သူ့ကို ခေါင်းအသာငြိမ့်ပြပြီးနောက် သွေးကျဉ်းထောင်သူတော်စင် ပေါ်မှဆင်းကာ လီရွှမ်းတောက်၏ ဝင်းခြံရှိရာသို့ လျှောက်သွားခဲ့သည်။
အန်ရှင်းသည် သွေးကျဉ်းထောင်သူတော်စင်နှင့်အတူ မျောက်နတ်ဆိုးသုံးကောင်နှင့် တွေ့ဆုံရန် သွားခဲ့သည်။
ကုအန်သည် ဝင်းခြံအတွင်းသို့ ဆက်သွားကာ စားပွဲဆီသို့ လျှောက်သွားပြီး လီရွှမ်းတောက်ကိုလက်သီးဆုပ်အရိုအသေပြုလိုက်သည်။ လီရွှမ်းတောက်၏ အမူအရာအတိုင်း သူထိုင်လိုက်၏။
လီရွှမ်းတောက်သည် ကုအန်ကို အကဲဖြတ်ပြီးနောက် ပြုံးလျက် မေးလိုက်သည်။ "မင်းက ဘာလို့များ ပြောင်းလဲသွားပြန်ပြီလို့ ငါခံစားနေရတာလဲ။"
ကုအန်က "ကျွန်တော် နည်းနည်း ပိုအသက်ကြီးလာလို့ ဖြစ်မယ်"
ကုအန် အသက်ကြီးလာသည်နှင့်အမျှ လီရွှမ်းတောက်နှင့် သူ၏ ဆက်ဆံရေးမှာ အကြီးအငယ် ဆက်ဆံရေးထက် တန်းတူရည်တူကဲ့သို့ ပိုဖြစ်လာခဲ့သည်။
ကုအန်၏ အပြင်ပန်း ကျင့်ကြံခြင်းက အထူးသဖြင့် အားကောင်းနေ၍ မဟုတ်ဘဲ နှစ်ဦးစလုံးမှာ ရာစုနှစ်ပေါင်းများစွာ ရှင်သန်နေကြပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့၏ ဘဝခရီးလမ်းများသည် အဆက်မပြတ် ရှေ့ဆက်နေ၏။ နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းချီ၍ အသက်ရှင်နေသူများအတွက် အသက်ငါးရာမှ တစ်ထောင်ကြားရှိသူများကို ရွယ်တူများအဖြစ် သတ်မှတ်ကြပြီး ဤအယူအဆသည် သူတို့ကိုလည်း မသိမသာ လွှမ်းမိုးနေလာခဲ့သည်။
နှစ်ပေါင်းများစွာ မတွေ့ဖြစ်ကြသော သူတို့နှစ်ဦးသည် အပြန်အလှန် နှုတ်ဆက်စကားပြောဆိုကြ၏။
လုရှန်သည် အကြွင်းမဲ့ပါရမီရှင်တစ်ဦးဖြစ်သလို လီရွှမ်းတောက်လည်း ထိုနည်းတူပင်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းမှာ မဟာယာနအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူ၏ မဟာယာနအဆင့် ကျင့်ကြံခြင်းသည် လုပိုင်ထျန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ လုပိုင်ထျန်းသည် တစ်ချိန်က လီရွှမ်းတောက်ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်ခဲ့သော်လည်း သူ၏ ကပ်ဘေးဖြတ်ကျော်မှု မအောင်မြင်ခဲ့ဘဲ တသားတည်းဖြစ်တည်းခြင်းအဆင့် ၉ တွင်သာ ရပ်တန့်နေခဲ့သည်။
လီရွှမ်းတောက်၏ တိုးတက်နှုန်းကို မြင်ရသောအခါ ကုအန်သည် ကျေနပ်မိသည်။ နောက်ဆုံးတွင် သူတို့သည်တာအိုလမ်းစဉ်မှ ရဲဘော်ရဲဘက်များဖြစ်ကြပြီး သူ၏ တာအိုလမ်းစဉ်မိတ်ဆွေ တိုးတက်နေသည်ကို မြင်ရ၍ မည်သို့ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။
နှစ်ပေါင်းတစ်သောင်းကြာသောအခါ သူ၏ မိတ်ဆွေဟောင်းများထဲမှ မည်မျှ အသက်ရှင်ကျန်ရစ်မည်ကို ကုအန် မသေချာသော်လည်း လီရွှမ်းတောက်တွင် အခွင့်အရေးများစွာ ရှိသည်ဟု သူခံစားမိသည်။
နှစ်သောင်းချီသော ရှေးဟောင်းဧကရာဇ်များသည် မကြားဖူးသော အရာမဟုတ်ပေ။ အမတမင်းဆက်မှ ယန်ရှန့်ဧကရာဇ် သို့မဟုတ် မြင့်မြတ်ခုံရုံး မှ ရှန့်ထျန်းကိုသာ ကြည့်ပါ သူတို့အားလုံးသည် နှစ်တစ်သန်းကျော် အုပ်စိုးခဲ့ကြသည်။
ခဏတာ စကားစမြည်ပြောပြီးနောက် လီရွှမ်းတောက်သည် ရုတ်တရက် သက်ပြင်းချလိုက်သည်။
"ထိုက်ချန်းမင်းဆက်က အမတမင်းဆက်လို တည်ရှိမှုမျိုးဖြစ်လာဖို့ နှစ်ဘယ်လောက်ကြာဦးမှာလဲ။ လက်ရှိလောကရဲ့ မငြိမ်မသက်မှုတွေက အကောင်းဆုံးအခွင့်အရေးပဲ၊ ဒါပေမဲ့ ဝမ်းနည်းစရာက ငါတို့က အင်အားမတောင့်တင်းလို့ ဒီလိုအခွင့်အရေးမျိုးကို လွဲချော်သွားနိုင်တယ်။"
လောက၏ အခြေအနေမှာ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော်လည်း မင်းဆက်တစ်ခု၏ စုဆောင်းမှုမှာ ထိုမျှအရှိန်ဖြင့် မြန်ဆန်လာနိုင်ခြင်းမရှိရာ လီရွှမ်းတောက်ကို စိုးရိမ်ပူပန်စေ၏။
အကယ်၍ သူတို့ ဤအခွင့်အရေးကို လွဲချော်ပြီး အုပ်စိုးသူအသစ်တစ်ဦး ပေါ်ထွက်လာပါက ထိုက်ချန်းမင်းဆက်သည် မည်သည့်အခါမျှ အောင်မြင်တော့မည်မဟုတ်ဘဲ အကောင်းဆုံးအားဖြင့် နယ်မြေတစ်ခုကိုသာ လွှမ်းမိုးနိုင်ပေလိမ့်မည်။
လီရွှမ်းတောက်သည် အမှန်တကယ်တွင် ယန်ရှန့်ဧကရာဇ်နှင့် ရှန့်ထျန်းတို့ကို အစားထိုးရန် ရည်မှန်းချက်များ ရှိနေသည်ကို ကုအန် မမျှော်လင့်ထားခဲ့ပေ။ ထိုသည်မှာ အတော်လေး ရဲရင့်လှသည်။
လီရွှမ်းတောက်၏ အာဏာရှိသော ရာထူးအရ သူသည် အမတမင်းဆက်နှင့် သန့်စင်သောနန်းတော်၏ အင်အားကို နားလည်ထားမည်မှာ သေချာသည်။ အခြားသူများအတွက်မူ ထိုကဲ့သို့သော ကွာဟချက်နှင့် ရင်ဆိုင်ရပါက မနာလိုခြင်း သို့မဟုတ် ကြောက်ရွံ့လေးစားခြင်းကိုသာ ခံစားရမည်ဖြစ်သည်။ သူတို့ကို အစားထိုးရန်မှာမူ မည်သို့ စဉ်းစားရဲမည်နည်း။
"ဒီမငြိမ်မသက်မှုက နှစ်ပေါင်းများစွာ ကြာမြင့်သွားရင်ရော။ ဒါက လောကတစ်ခုလုံးကို သက်ရောက်နေတဲ့ မငြိမ်မသက်မှုပဲ။ လောကကြီးတစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် ထိုက်ချန်းတိုက်က သေးငယ်လွန်းတယ် မဟုတ်လား" ကုအန်က နှစ်သိမ့်လိုက်သည်။
လီရွှမ်းတောက်သည် ကုအန်ကို ကြည့်ပြီး ရုတ်တရက် မေးလိုက်သည်။ "တကယ်လို့ အရမ်းအားကောင်းတဲ့ အင်အားစုတစ်ခုက ငါ့ကို အကူအညီပေးနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့အကူအညီကို လက်ခံလိုက်ရင် အနာဂတ်မှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တစ်ခု ဖြစ်လာမယ်ဆိုရင်
......မင်းသာ ဧကရာဇ်ဆိုရင် ဘာကိုရွေးမလဲ။"
အရမ်းအားကောင်းတဲ့ အင်အားစုလား။"
ကုအန်သည် တိတ်ဆိတ်စွာ စဥ်းစားလိုက်ပြီး လီရွှမ်းတောက် ပြောသော အင်အားစုမှာ သာမန်လောကမှ ထိပ်တန်းဂိုဏ်းကြီးတစ်ခုဖြစ်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူတို့သည် ဆရာသခင်ဓားအရှင်နှင့် ဆက်ဆံရေးထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ထိုက်ချန်းမင်းဆက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူတို့ ထိုက်ချန်းမင်းဆက်ကို ထိန်းချုပ်နိုင်ပါက ဆရာသခင်ဓားအရှင်နှင့် ဆက်သွယ်ရန် ပိုမိုကောင်းမွန်သော အခြေအနေနှင့် အခွင့်အရေးများ ရရှိမည်ဖြစ်သည်။
သူတို့၏ အမြင်တွင် ဆရာသခင်ဓားအရှင်သည် ယန်ရှန့်ဧကရာဇ်ကို ယှဉ်ပြိုင်နိုင်သော အရည်အချင်းရှိသည်။ ဤသည်မှာ အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံး နှစ်ခုစလုံးကို ကျော်လွန်ရန် ကြိုးပမ်းနေသော သူတို့အတွက် မရှိမဖြစ်လိုအပ်သော အင်အားစုတစ်ခုဖြစ်သည်။
လွတ်ငြိမ်းရာအမတများမရှိဘဲ လောကကို ပေါင်းစည်းရန် မည်သို့ အိပ်မက်မက်နိုင်မည်နည်း။
ကုအန်သည် အပြောင်းအလဲများကို တွက်ချက်ပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။ "အဲ့ဒါက မင်း တကယ်ဘာကိုလိုချင်သလဲဆိုတာပေါ်မှာပဲ မူတည်တယ်၊ လောကက လူတွေအတွက် ငြိမ်းချမ်းမှုကို လိုချင်တာလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ပိုပြီး အကောင်အထည်ဖော်ချင်တာလား ဆိုတာပေါ့။"
အသက်ရှိတွေလား
ရည်မှန်းချက်လား
လီရွှမ်းတောက်သည် အတွေးနက်ထဲသို့ ကျရောက်သွားပြီး ကုအန်ကမူ သူ၏ ကိုယ်ပိုင်ထင်မြင်ချက်ကို မပေးခဲ့ပေ။ အကြောင်းမှာ ရွေးချယ်မှုနှစ်ခုစလုံးတွင် သာမန်လူများအတွက် အကောင်းအဆိုး ဒွန်တွဲနေသောကြောင့် ဖြစ်သည်။
လက်ရှိအခြေအနေအတိုင်း ကျေနပ်နေမည်ဆိုလျှင် အနာဂတ်အကျပ်အတည်းများကို ဖိတ်ခေါ်သလို ဖြစ်မည်။ မကျေနပ်ဘဲ နေမည်ဆိုလျှင်လည်း လက်ရှိနှင့် အနာဂတ်မျိုးဆက်များ၏ ဘဝကို ပိုမိုခက်ခဲစေလိမ့်မည်။
ကုအန်၏ တိုက်ကြီးပေါ်ရှိ သက်ရှိများကို ကာကွယ်ပေးနေခြင်းကပင် သူ၏ စေတနာမေတ္တာကို ပြသနေပြီ ဖြစ်သော်လည်း၊ သူက သက်ရှိအားလုံး၏ နေ့စဉ်ဘဝအတွက် နေ့တိုင်း ပူပန်နေမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ၊ လောကီရေးရာများကို မေးမြန်းလာသည့်အခါ ကုအန်၏ တာဝန်မှာ ရွေးချယ်စရာများ ပေးရန်သာဖြစ်ပြီး၊ နောက်ဆုံးဆုံးဖြတ်ချက်မှာ လီရွှမ်းတောက်ထံတွင်သာ ရှိသည်။ အကျိုးဆက်များကိုလည်း သူသာလျှင် ခံရမည်ဖြစ်သည်။
လီရွှမ်းတောက်သည် အတွေးနယ်ချဲ့နေစဉ် ကုအန်က သူ့ကို မနှောင့်ယှက်ဘဲ အပြင်ဘက်သို့ အကြည့်လွှဲလိုက်သည်။
တစ်စုံတစ်ယောက်ကို ကျင့်ကြံခြင်းအကြောင်း သင်ကြားပေးနေသော လုရှန် က ကုအန်ဘက်သို့ အခါအားလျော်စွာ လှမ်းကြည့်သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားသောအခါ လုရှန် စိတ်လှုပ်ရှားနေကြောင်း ကုအန် သိလိုက်သည်။
ကုအန် သံသယဝင်သွားသော်လည်း အလျင်မလိုခဲ့ပေ။ ထိုအကြောင်းကို လီရွှမ်းတောက်နှင့် နောက်မှ ဆွေးနွေးမည်ဟု စဉ်းစားလိုက်သည်။ ပုံမှန်အားဖြင့် သူသည် ကျင့်ကြံခြင်းအတွက် အချိန်များစွာ သုံးစရာမလိုသောကြောင့် သူ၏ ဘဝနေထိုင်မှုပုံစံက နှေးကွေးသည်။ ကိစ္စအများစုကို သူ အလျင်မလိုဘဲ တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင်သည်။
လီရွှမ်းတောက်သည် သူ၏ အတွေးကမ္ဘာထဲတွင် အမြဲတမ်း နစ်မွန်းမနေခဲ့ဘဲ လက်တွေ့ဘဝသို့ ပြန်ရောက်လာကာ လီယ အကြောင်း ကုအန်နှင့် စတင်စကားစမြည်ပြောဆိုတော့သည်။
လီယသည် သူတို့နှစ်ဦးကြားက ဆက်သွယ်ပေးသည့် ကြားခံတစ်ခုဖြစ်ပြီး၊ သူ့အကြောင်းပြောသည့်အခါ စကားစများ ပိုမိုထွက်ပေါ်လာစေသည်။
တစ်နာရီခန့်အကြာတွင် လီရွှမ်းတောက်က ရုတ်တရက် ပြောလိုက်သည်။ "လုရှန်က မင်းအကြောင်းကို တတွတ်တွတ်ပြောနေတာ။ သူက မင်းကိုတွေ့ဖို့ ပင်လယ်ရပ်ခြားကနေ အထူးတလည် ပြန်လာခဲ့တာ၊ ဒါပေမဲ့ ငါ့ကိုပဲ အတူလိုက်ခဲ့ဖို့ အတင်းခေါ်နေတယ်။ သူက မင်းကိုတွေ့ချင်ပေမဲ့ ကြောက်လည်းကြောက်နေတယ်၊ အဲ့ဒါ ဘာသဘောလဲ။"
ကုအန်က နားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။ "သူက ဘာလို့ ကျွန်တော့်ကို တွေ့ချင်ရတာလဲ။ ပြီးတော့ ဘာလို့ ကြောက်ရမှာလဲ။ အဲ့လိုမဖြစ်သင့်ဘူးလေ၊ ကျွန်တော် သူ့ကို ဆက်ဆံတာ မကောင်းလို့လား။"
ပြောနေရင်း သူက လုရှန်ကို စူးစမ်းသလို ကြည့်လိုက်ရာ လုရှန်က ချက်ချင်းပင် ပြန်ပြုံးပြသည်။
လီရွှမ်းတောက်က ကုအန်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ကုအန်၊ ငါတို့ကြားက ဘယ်လိုဆက်ဆံရေးမျိုးလဲ။ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားစရာမလိုဘူးမလား"
အခန်း ၄၁၈ အမတအမွေအနှစ်
ကုအန်၏ မျက်နှာအမူအရာက တိမ်တောင်များလို ပြောင်းလဲသွားပြီး၊ သူ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "အမှန်အတိုင်းပြောရရင်၊ ကျွန်တော့်နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ဆက်နွယ်မှုတွေ တကယ်ရှိနေပါတယ်။ အဲ့ဒါတွေကို ကျွန်တော်သာ ဖွင့်ဟလိုက်ရင် အပြစ်ပေးခံရမှာဖြစ်ပြီး၊ သိသွားတဲ့သူတွေလည်း သေဆုံးကြရလိမ့်မယ်။"
ထိုသို့ပြောပြီးနောက် သူက သူ၏ ပခုံးကို ပုတ်လိုက်သည်။
လီရွှမ်တောက်သည် ချက်ချင်းပင် မျက်လုံးများ ကျဉ်းမြောင်းသွားကာ ရယ်မောလိုက်ပြီး "ဒါဆိုရင်တော့ ဒီအကြောင်းကို ဆက်မပြောကြတော့ဘူး။"
သို့သော် သူ၏ စိတ်ထဲတွင်တော့ အတွေးများ လှိုင်းထန်နေခဲ့သည်။
ဒီကောင်လေး...
ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ လီရွှမ်တောက်သည် အသိဉာဏ်အလင်းရသွားခဲ့သည်။
ကုအန် အဓိပတိဂိုဏ်း သို့ ဝင်ရောက်ပြီးနောက် ဆရာသခင်ဓားအရှင် ပေါ်ထွက်လာခဲ့ပြီး၊ အဓိကအားဖြင့် ကုအန်နှင့် နီးစပ်သော နေရာများတွင် လှုပ်ရှားခဲ့သည်။
လီယ၏ ဤနှစ်များအတွင်း ရုတ်တရက် အင်အားကြီးမားလာမှုကို ပြန်သတိရမိသည်။ ထိုအကြောင်းကို သူ ဘယ်တုန်းကမှ ရှင်းမပြနိုင်ခဲ့။ ယခုတော့ အားလုံး အဓိပ္ပာယ်ရှိသွားပြီဖြစ်၏။ ကုအန်က ဓားသခင်ဖူတောက်ကို လီယအား ဂရုစိုက်ပေးရန် စီစဉ်ပေးခဲ့ပုံရသည်။
လီရွှမ်းတောက်၏ ကုအန်ကို ကြည့်သော အကြည့်များက ပူလောင်လာရာ ကုအန် အတော်ပင် မသက်မသာ ဖြစ်သွားသည်။
ခန့်မှန်းစရာမလိုဘဲ ကုအန်သည် လီရွှမ်းတောက် ဘာကြံစည်နေနိုင်သည်ကို သိနေသည်။
သူက ရှင်းမပြခဲ့ပေ။ လီရွှမ်းတောက်က ဆရာသခင်ဓားအရှင်၏ နာမည်အောက်တွင် လှုပ်ရှားလိုပါက လီယ၏ ပခုံးကို ပုတ်ပေးရန် သူ ဝန်မလေးပေ။
ထိုအရာသည် လီရွှမ်းတောက် သူ၏ ကန့်သတ်ချက်များကို သိမသိပေါ်တွင် မူတည်နေသည်။
"မင်း လုရှန်နဲ့ သွားတွေ့လိုက်တော့။ ငါ့ဆီမှာ တခြားကိစ္စတွေ မရှိတော့ဘူး။" လီရွှမ်တောက်က ပြုံးလျက် လက်ပြကာ ပြောလိုက်သည်။
ကုအန်က ထရပ်ပြီး သူ့ကို အရိုအသေပေးကာ တံခါးဝသို့ လျှောက်သွားသည်။
သူထွက်သွားသည်ကို မြင်သောအခါ လုရှန်က ချက်ချင်းပင် သူ့ကို နှုတ်ဆက်ပြီး ကုအန်ကို ထျန်းယာတောင်ကြား ၏ ချောင်တစ်နေရာသို့ ဆွဲခေါ်သွားသည်။
"ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ။" ဟု ကုအန်က မေးလိုက်သည်။
လုရှန်က တိုးတိုးလေးပြောသည်၊ "ငါ့ဆီမှာ အရမ်းကောင်းတဲ့ အရာတစ်ခုရှိတယ်၊ မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး။"
"အရမ်းကောင်းတဲ့ အရာတစ်ခု ဟုတ်လား။"
ကုအန် စိတ်ဝင်စားသွားပြီး လုရှန်နောက်သို့ လိုက်ပါသွားသည်။
လုရှန်က ကုအန်ကို ဂူတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။ ထိုဂူမှာ သူ၏ ကိုယ်ပိုင်ကျင့်ကြံရာဂူ ဖြစ်သည်။ သူက အခြားသူများ မြင်တွေ့မည်ကို စိုးရိမ်သောကြောင့် ထျန်းယာတောင်ကြားတွင် ထိုဂူကို ဖန်တီးခဲ့ပြီး အလွန်အဆင့်မြင့်သော အစီအရင်များဖြင့်ကာရံထား၏။
ဂူထဲသို့ ဝင်ရောက်ပြီးနောက် လုရှန်က အစီအရင်များကို ဖွင့်လိုက်ရာ အပြင်လောကနှင့် လုံးဝ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။
ကုအန်က စိတ်မရှည်စွာ မေးလိုက်သည်။"ဒီလောက်တောင် လျှို့ဝှက်ဖို့လိုလို့လား။ အရှင်မင်းကြီး ကိုတောင် ဖုံးကွယ်ထားတာလား။"
"ဒါပေါ့ကွာ။ သူသာသိသွားရင် ရူးသွားလိမ့်မယ်။" လုရှန်က စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ပြန်ဖြေသည်။
ထို့နောက် သူက ကုအန်ကို ဂူ၏ အနက်ရှိုင်းဆုံး အခန်းသို့ ဆွဲခေါ်သွားပြီး ကျောက်စားပွဲတစ်ခုဆီသို့ လျှောက်သွားကာ ပုံသဏ္ဌာန်မမှန်သော ကျောက်ပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုကျောက်ပြားမှာ အပိုင်းအစကြီးတစ်ခုနှင့် တူပြီး ပထမတစ်ချက်ကြည့်လျှင် စာတန်းများ သို့မဟုတ် ဂါထာသင်္ကေတများ မပါရှိဘဲ ရိုးရှင်းနေသည်။
သူ ကျောက်ပြားကို ချလိုက်သည်နှင့် ကုအန် ရုတ်တရက် အရေးပါသော အရာတစ်ခုကို နားလည်သွားပြီး သူ၏ မျက်နှာအမူအရာက ထူးဆန်းသွားသည်။
ထိုကျောက်ပြားထဲတွင် ကောင်းကင်တာအို ကံတရားအမှန်တကယ် ပါဝင်နေ၏။
ထို့ပြင် ကောင်းကင်ဂိုဏ်းမှ အန်ဟောင် ရရှိခဲ့သော ကောင်းကင်တာအိုအမွေအနှစ်ထက် ပိုမိုစင်ကြယ်ပြီး ပို၍ ရှုပ်ထွေး၏။ ၎င်း၏ ကံတရားမှ ဖော်ပြ၍မရသော ဖိနှိပ်ချုပ်ချယ်သော စွမ်းအားတစ်ခု ထုတ်လွှတ်နေခဲ့သည်။
အာကာပြင်တာအိုအမတ ဖြစ်သော ကုအန်ပင်လျှင်ပင်ကိုယ်အသိဖြင့် သတိထားမိစိတ်နှင့် လိုချင်တပ်မက်စိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
သူ ဒီကောင်းကင်တာအို ကံတရားကို ပိုင်ဆိုင်ချင်သည်။
သို့သော် ထိုဆန္ဒ ပေါ်ပေါက်လာသည်နှင့် သူ၏ သတိထားမိစိတ်က ပိုမိုကြီးထွားလာသည်။
တစ်ခုခုတော့ မှားနေပြီ။
ကုအန်က လုရှန်ကို ကြည့်ကာ မေးလိုက်သည်၊ "ဒါက ဘာလဲ။"
သူ ဒီကျောက်ပြား၏ အကြောင်းနှင့် အကျိုးကို မခွဲခြားနိုင်ပေ။
၎င်းက ကျောက်ပြား၏ မူလအစသည် အာကာပြင်တာအိုအမတ ကိုယ်တိုင်ထက်ပင် ပိုမိုအားကောင်းကြောင်း ညွှန်ပြနေ၏။
ထိုအသိကို ရရှိလိုက်သောအခါ ကုအန်သည် လုရှန်အား ဤပစ္စည်းကို ယူသွားပြီး သူ့ထံမှ အဝေးသို့ ထားစေချင်မိလုနီးပါး ဖြစ်သွားသည်။
ဒါက ဘယ်လိုအရာမျိုးလဲ။
သူ့ကို ဒုက္ခပေးဖို့ ကြိုးစားနေတာလား။
လုရှန်က စိတ်လှုပ်ရှားစွာ ပြုံးလျက် ပြောသည်၊ "ဒါက ငါ မတော်တဆတွေ့ခဲ့တဲ့ အမွေအနှစ်ပဲ။ မင်း ယုံချင်မှ ယုံလိမ့်မယ် ဒါက တကယ့်အမတတစ်ပါး၊ နတ်ဘုရားလို အစစ်အမှန် အမတတစ်ပါးရဲ့ အမွေအနှစ်ပဲ။ ဘယ်အမတမင်းဆက်တွေ၊ ဒါမှမဟုတ် မြင့်မြတ်ခုံရုံးတွေနဲ့မှ နှိုင်းလို့မရဘူး။"
အမတအမွေအနှစ် ဟုတ်လား။
ကုအန် မျက်မှောင်ကြုတ်လိုက်သည်။ လုဟန် ရော လုံကျန် ပါ ခေတ်အဆက်ဆက်တွင် အစစ်အမှန်အမတတစ်ပါးနှင့် မကြုံတွေ့ဖူးခဲ့ပေ။ သို့သော် သူတို့က အမတမျိုးနွယ် သို့မဟုတ် နတ်မျိုးနွယ်ဝင်ဟု ဆိုသူများနှင့်တော့ များစွာ တွေ့ဆုံခဲ့ဖူးသည်။
ထို့ကြောင့် ကုအန်က အမတဟုခေါ်သော သူများသည် ပိုမိုအားကောင်းသော သက်ရှိများသာ ဖြစ်သည်ဟု အမြဲတမ်း ယုံကြည်ခဲ့သည်။
လုရှန်က ဆက်ပြောသည်"ဒီမှာရှိတဲ့ အမွေအနှစ်က အရည်အချင်းကိုပဲ ကြည့်တယ်။ ကျင့်ကြံမှုအဆင့်ကို မကြည့်ဘူး။ ငါတော့ ကျရှုံးခဲ့တယ်၊ ဒါပေမဲ့ မင်းကတော့ ကြိုးစားကြည့်သင့်တယ်လို့ ငါထင်တယ်။"
"ဘာလို့ ငါဖြစ်ရမှာလဲ။ ဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီးရှိတာပဲလေ " ကုအန်က မဝံ့မရဲဖြင့် မေးလိုက်သည်။
လုရှန်က သူ့ကို စိုက်ကြည့်ကာ စိတ်မရှည်စွာ ပြောသည် "ပါရမီရှင်တွေ အများကြီးရှိတာမှန်တယ်။ ဒါပေမဲ့ ငါနဲ့ ရင်းနှီးတဲ့ တစ်ယောက်တည်းသောသူက မင်းပဲ။ ငါက အန်ဟောင်ကိုတော့ ပေးမှာမဟုတ်ဘူး။ မင်းမှာအရည်အချင်းရှိပေမဲ့ မင်းရဲ့ ပြိုင်ဆိုင်လိုစိတ်ကို ထိန်းချုပ်နိုင်ပြီး ဒီမှာ တိတ်ဆိတ်စွာ နေနိုင်တယ်။ မင်းသာ အမတဖြစ်သွားရင် ပိုကောင်းမယ်လို့ ငါထင်တယ်။ အနည်းဆုံးတော့ မင်းက ငါ့ကို ခြိမ်းခြောက်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းက မင်းရဲ့ သူငယ်ချင်းတွေအပေါ်မှာ တကယ်ကို ကောင်းတယ်လေ။"
ကုအန် စိတ်ဝင်စားသော်လည်း ဤကိစ္စသည် အလွန်အန္တရာယ်များကြောင်း ခံစားမိသောကြောင့် သူက ပြောလိုက်သည်၊ "တကယ်တော့ အရှင်မင်းကြီး ရဲ့ အရည်အချင်းကလည်း အရမ်းကောင်းပါတယ်။"
ထိုစကားကို ကြားပြီးနောက် လုရှန်၏ မျက်လုံးများက အရောင်တောက်ပလာပြီး သူက ပြောသည် " မင်းလည်း သတိထားမိတာပဲလား။ ငါတစ်ယောက်တည်းပဲ သိတယ်ထင်နေတာ။"
"အင်း၊ ဒါပေမဲ့ ငါသိတယ်လို့ သူ့ကို မပြောနဲ့နော်။"
"ဟားဟားဟား၊ စိတ်မပူပါနဲ့။ သူက သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်ထားနိုင်တယ်လို့ ထင်နေတုန်းပဲ၊ မင်းက အနက်ရှိုင်းဆုံး ပုစ္ဆာတစ်ခုဆိုတာကို သူ မသိဘူး။ စဉ်းစားကြည့်လေ၊ ဆရာသခင်ဓားအရှင် အဓိပတိဂိုဏ်းမှာ အမြဲတမ်းနေခဲ့တာက မင်းကို ပျိုးထောင်ပေးဖို့ဆိုတာ သေချာတယ်။ အန်ဟောင်က ဆရာသခင်ဓားအရှင်ရဲ့ တပည့်လို့ ပြောပေမဲ့ သူထွက်သွားတာတောင် ဆရာသခင်ဓားအရှင်က ဒီမှာပဲ ရှိနေတုန်းပဲ။ ဒါက သူက မင်းကိုစောင့်လျှောက်နေတာပဲဖြစ်ရမယ်"
လုရှန်က ကုအန်သည် အန်ဟောင်ထက် ပိုအားကောင်းသည်ဟု အမှန်တကယ် ယုံကြည်ကာ ရယ်မောလိုက်သည်။
သူက သူတို့နှစ်ဦးစလုံးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ဖူးပြီး ကုအန်က သူ့ကို အကြီးမားဆုံးသော ဖိအားနှင့် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကို ပေးခဲ့သည်။
သူက ကုအန်သည် ကောင်းကင်အောက်တွင် နံပါတ်တစ် ပါရမီရှင်ဖြစ်သည်ဟုပင် ယုံကြည်သည်။
ထိုစကားကို ကြားသောအခါ ကုအန် တိတ်ဆိတ်သွားပြီး သူ၏ အကြည့်က ကျောက်ပြားပေါ်တွင် စူးစိုက်နေသည်။
နေဦး။
ဒါကို စမ်းသပ်ဖို့ ငါ့ရဲ့ သက်တမ်းကို သုံးသင့်လား။
ကျောက်ပြားကို တိုက်ရိုက်ထိတွေ့ခြင်းက အလွန်အန္တရာယ်များပုံရသောကြောင့် ကုအန် ထိုသို့လုပ်ရန် ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။
စိတ်ပိုင်းဖြတ်ပြီးသည်နှင့် သူ ချက်ချင်းပင် ပုံဖော်စမ်းသပ်မှုကို စတင်လိုက်သည်။
[အမွေအနှစ်ကို ပုံဖော်စမ်းသပ်မည်၊ သက်တမ်း နှစ် ၁၀၀၀၀၀၀ သုံးစွဲမည်ဖြစ်သည်။ ဆက်လုပ်လိုပါသလား။]
ဒီလောက်တောင် များတာလား။
ကုအန် တွေဝေသွားသော်လည်း ကျောက်ပြားကို ကြည့်ကာ သူ တကယ်ပင် စိတ်ညွှတ်သွားသည်။
ထားလိုက်တော့။
စွန့်စားကြည့်လိုက်မယ်။
လုရှန် တတွတ်တွတ်ပြောဆိုနေစဉ် ကုအန်က ဆက်လုပ်ရန် ရွေးချယ်လိုက်ပြီး ထို့နောက် သူ၏ အသိစိတ်သည် ကြီးမားသော အဖြူရောင်နေရာလွတ်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။
အရာအားလုံးက ဗလာနတ္ထိဖြစ်နေပြီး သူ၏ ခြေထောက်အောက်တွင် မြက်ပင်များ စတင်ပေါက်ရောက်လာကာ လျင်မြန်စွာ ကျယ်ပြန့်သွားပြီး၊ အဝေးရှိ လေးဘက်လေးတန်တွင် တောင်တန်းများ ပေါ်ပေါက်လာသည်။
ကမ္ဘာလောကကြီးက ကျယ်ပြောပြီး ကောင်းကင်ကြီးက ခမ်းနားထည်ဝါလှသည်။
ကုအန် ရှေ့သို့ ကြည့်လိုက်ရာ တောင်ထိပ်များပေါ်တွင် အလွန်ကြီးမားသော တောက်ပသည့် အလင်းလုံးကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအလင်းလုံးမှာ ကမ္ဘာပေါ်ရှိ မည်သည့်တောင်ထက်မဆို ပိုကြီးမားသည်။
အလင်းလုံးအတွင်းတွင် အမြင့်ပေ သောင်းချီရှိသော သံချပ်ကာဝတ်ဆင်ထားပြီး နတ်ဘုရားလက်နက်ကို ကိုင်စွဲထားသည့် ဧရာမရုပ်ထုကြီးတစ်ခု ရပ်နေသည်။ ထိုရုပ်ထုမှ ထုတ်လွှတ်သော ဩဇာအာဏာသည် သက်ရှိအားလုံးကို လွှမ်းမိုးသွားသည်။
ထိုရုပ်ထုကို မြင်လိုက်သောအခါ ကုအန် ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရပြီး၊ သူသည် လုဟန်ကြုံတွေ့ခဲ့ရသော မဟူရာဆန်းကြယ် နှင့် လုံကျန် ကြုံတွေ့ခဲ့ရသော ဖျက်ဆီးခြင်းနတ်ဘုရားဧကရာဇ်တို့ကို မတွေးဘဲ မနေနိုင်တော့ပေ။
သူတို့၏ အရှိန်အဝါများက ဆင်တူလှသည်။
သူတို့တွေ တကယ်ရော ဘယ်အဆင့်မှာ ရှိနေကြတာလဲ။
"သေမျိုးနွယ်ဖွား၊ ကောင်းကင်တာအိုကို မြင်တွေ့ပြီးမှ အဘယ့်ကြောင့် ဒူးမထောက်သေးသနည်း။"
ခန့်ညားထည်ဝါသော အသံကြီး ထွက်ပေါ်လာသော်လည်း၊ ၎င်းမှာ ပုံဖော်စမ်းသပ်မှုတစ်ခုသာ ဖြစ်သောကြောင့် ကုအန် ဒူးမထောက်ခဲ့ဘဲ မေးလိုက်သည်။
"ဒါက ဘာအမွေအနှစ်လဲ။"
"ဒါက ကောင်းကင်တာအိုအမတဂုဏ်ပုဒ် အမွေအနှစ်ပဲ။ ငါ့ရဲ့ အသိအမှတ်ပြုမှုကို ရချင်ရင် မင်း ငါ့ကို အနိုင်တိုက်ရမယ်။"
အနိုင်တိုက်ရမယ် ဟုတ်လား။
ကုအန် စိတ်ထဲတွင် အံ့အားသင့်သွားသည်။ ဤအမတနှင့် ရင်ဆိုင်ရပါက လုရှန်တွင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိနိုင်တိုက်ခိုက်လိုစိတ်ပင် ရှိမည်မဟုတ်ပေ။
နေဦး။ လုရှန်က အမွေအနှစ်သည် အရည်အချင်းကိုသာ ကြည့်သည်ဟု ပြောခဲ့သည်။ အမွေဆက်ခံသူ မတူညီပါက ဤရုပ်တု၏ ကျင့်ကြံမှုအဆင့်ကလည်း ပြောင်းလဲသွားနိုင်သလော။
လုရှန်သည် သူ၏ အဆင့်ထက် အဆင့် တစ်ခု မြင့်သော သတ္တဝါကို ရှုံးနိမ့်ခဲ့သည်။
သူ ယခု ရင်ဆိုင်နေရသည်မှာ အာကာပြင်တာအိုအမတထက် အဆင့်တစ်ခုမြင့်သော အမတတစ်ပါး ဖြစ်သည်။
အန္တရာယ်ရှိသော်လည်း မျှော်လင့်ချက်မမဲ့ဟု ခံစားရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
"ကောင်းကင်တာအို အမတဂုဏ်ပုဒ်ဆိုတာ ဘာလဲ။" ကုအန်က ထပ်မေးလိုက်သည်။
အခြားတစ်ဖက်မှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
ကုအန် အခြားမေးခွန်းများ မေးသော်လည်း သူ ဘာမေးမေး အဖြေမရခဲ့ပေ။
ထားလိုက်တော့။
ဒါဆိုရင် အမွေအနှစ်စမ်းသပ်မှုကို အောင်မြင်ဖို့ သူ့မှာ အင်အားရှိမရှိ တိုက်ခိုက်ကြည့်ရုံပဲ။
ဂူအတွင်းတွင် လုရှန်က ကုအန်ကို လက်ဟန်ပြနေစဉ် ကုအန်၏ မျက်လုံးများ ရုတ်တရက် ကြည်လင်လာသည်။
"မင်း ဘာတွေ စဉ်းစားနေတာလဲ။ ငါ မင်းကို အကြိမ်ပေါင်းများစွာ မေးနေတာတောင် မင်း ပြန်မဖြေဘူး။" လုရှန်က မကျေမနပ်ဖြင့် ပြောသည်။
ကုအန်က ပြုံးလျက် ပြန်ဖြေသည်၊ "ဘာမှမဟုတ်ပါဘူး၊ ငါက အမတတွေနဲ့ နတ်ဘုရားတွေ တကယ်ရှိမရှိကို တွေးနေတာပါ။"
သူ စမ်းသပ်မှုကို အောင်မြင်သွားခဲ့သည်။
ထိုရုပ်တုသည် တကယ်ပင် အားကောင်းသည်ဟု ဆိုရမည်။ ကုအန်သည် ၎င်းကို လုံးဝအနိုင်ယူရန် တိုက်ကွက်ပေါင်း ဒါဇင်များစွာ သုံးခဲ့ရသည်။
သို့သော် အောင်ပွဲခံပြီးနောက်မှာပင် ကုအန်သည် ကောင်းကင်တာအို အမတဂုဏ်ပုဒ်ဆိုသည်မှာ ဘာလဲဆိုတာကို မသိသေးပေ။
သို့သော် တစ်ခုတော့ သေချာသည်။ ကျောက်ပြားအမွေအနှစ်က သူ၏ တကယ့်ကျင့်ကြံမှုအဆင့်ကို ထွင်းဖောက်မြင်နိုင်၏။ အကယ်၍ ၎င်း၏ နောက်ကွယ်တွင် အမတနတ်ဘုရားစွမ်းအားတစ်ခု ရှိနေပါက ထိုစွမ်းအားသည်လည်း ဤကျောက်ပြားမှတစ်ဆင့် သူ၏ တကယ့်အင်အားကို နားလည်သွားနိုင်သည်။
ကုအန် အလိုချင်ဆုံးအရာမှာ သူ၏ တကယ့်ကျင့်ကြံမှုအဆင့်ကို အခြားသူများ ထွင်းဖောက်မြင်ခြင်း မခံရရန် ဖြစ်သည်။
"ထားလိုက်တော့၊ ငါ လက်မခံနိုင်ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ ဘယ်သူ့ကိုမှ ပြောမှာမဟုတ်ဘူး" ကုအန်က ခေါင်းခါလျက် ပြောလိုက်သည်။
လုရှန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူက ပြောသည်"ဒါက အမတနတ်ဘုရားအမွေအနှစ်နော်။ မင်းသာ အောင်မြင်သွားရင် အမြင့်ကို ပျံတက်သွားနိုင်မှာ။"
ကုအန်က ပြန်ဖြေသည် "ငါက ကိုယ်တိုင်ကျင့်ကြံထားတဲ့ စွမ်းအင်ကိုပဲ ယုံကြည်တယ်။ သူများပေးတဲ့အရာကို မယုံဘူး။ အဲ့လိုသာဆိုရင် ငါရဲ့ အသက်နဲ့ လွတ်လပ်ခွင့်ကို စွန့်ပြီး သူများရဲ့ ချုပ်ကိုင်မှုကို ခံရမှာ သေချာတယ်။"
ထိုစကားကို ကြားသောအခါ လုရှန် မျက်မှောင်ကြုတ်လိုက်သည်။
ကုအန် ပြောတာ မှန်ကန်ကြောင်း သူ ဝန်ခံရမည်။
ကုအန်၏ ထိုစကားကြောင့် သူ၏ နှလုံးသားထဲက စိတ်လှုပ်ရှားမှုတွေ တဖြည်းဖြည်း လျော့ကျသွားတော့သည်။
သူက စားပွဲပေါ်ရှိ ကျောက်ပြားကို ကြည့်ကာ လေသံနိမ့်ဖြင့် ပြောလိုက်သည်။ "မင်းပြောတာလည်း မှန်ပါတယ်။ အမွေအနှစ်ကို မအောင်မြင်ခဲ့တာက မကောင်းဘူးထင်ရပေမဲ့ တကယ်တော့ ကောင်းချီးတစ်ခု ဖြစ်နိုင်ပါတယ်လေ"