အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
အခန်း ၃၉၁ ။ ခေါင်းမာသောယင်ချီ
ငါးမိနစ်အကြာ။
"မင်းဒီမှာဘာလုပ်နေတာလဲ" ကူယွဲ့က သူမကို ရိုက်နှက်ချင်စိတ်ကို မနည်းထိန်းချုပ်နေရပြီး ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။ သူမက လုံးဝ ဒဏ်ရာမရ။ စစ်ယွီက သူ့ကို လွန်ခဲ့တဲ့၁၀မိနစ်ကမှ ခေါ်ထားတာ၊ ဒါပေမဲ့ ရှန်းရင်ကိုယ်ကတော့ မိုင်သောင်းချီအဝေးကိုရောက်နေပြီ။
"အော်၊ ငါ့ကိုတစ်ယောက်ယောက် ဆွဲခေါ်လာတာလေ" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
"ဘယ်သူလဲ"
သူမက တန့်သွားပြီး ဘေးက ယွင်ဟန့်ကို တစ်ချက်လှမ်းကြည့်တယ်။ သူမက စားဖိုမှူး ခုလေးတင် ကမ်းပေးလာတဲ့ အသီးကို ကိုက်ဝါးပြီး ပြောတယ်။
"ဖြစ်နိုင်တာ... သူဌေးတစ္ဆေများလား"
"သူဌေး... စုန့်ရန်လား" ကူယွဲ့ အံ့ဩတကြီး ရေရွတ်လိုက်တယ်။ သူ့ကို ခပ်ရွှတ်ရွှတ်တစ္ဆေဆိုပြီး ခေါ်တာမဟုတ်လား။
"သူက မင်းကို ဘာလို့ ဒီခေါ်လာတာလဲ" စုန့်ရန်က အငြိုးအတေးစွမ်းအင်နဲ့ တစ္ဆေ။ အငြိုးအတေးစွမ်းအင်က အကြွင်းအကျန်ဝိညာဉ်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိကြောင်း စားဖိုမှူးက ပြောခဲ့ဖူးတယ်။ အကြွင်းအကျန် ဝိညာဉ်တွေ မြို့ကို နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့တုန်းက သူ့အငြိုးအတေး စွမ်းအင်တွေ ပေါက်ကွဲထွက်ခဲ့တယ်။
"ငါမသိဘူးလေ" ရှန်းရင် ခေါင်းယမ်းလိုက်တယ်။
"တခြားသူတွေကော"
"မသိဘူးလေ" ရှန်းရင်က ဆက်ခေါင်းယမ်းတယ်။
"ဟိုလီရှစ်၊ မင်းဘာမှမသိဘဲ ဒီကို အသာတကြည် လိုက်လာတာလား" မင်း ဦးနှောက်တွေ ဘယ်မှာလဲ။ အကုန် ခွေးစားပစ်လိုက်ပြီလား။
ရှန်းရင်က လက်ခါပြီး တစ်အောင့်ကြာတော့ဖြေတယ်။
"သူက ခုမှိုတက်နေတယ် မဟုတ်လား၊ ငါသူ့ကို ပစ်ထားရင် မကောင်းဘူးလေ" ငါ သူ့ကို တစ်စက္ကန့်လောက်ကမှ ပျောက်သွားတာ မဟုတ်ဘူးလား။
"မှိုတက်တယ်လား။ ဘာဆိုလိုတာလဲ။
ကူယွဲ့က ဇဝေဇဝါဖြစ်နေပုံ။ တစ်ဖက်မှာ ယိချင်းက တစ်ခုခုကို တွေးမိသွားတယ်။
"ဆရာပြောတာက... စုန့်ရန်ရဲ့ အငြိုးအတေး စွမ်းအင်တွေ ပြန်ပေါ်လာပြန်ပြီလား"
"အင်း"
စားဖိုမှူးက မျက်မှောင်ကြုတ်လိုက်တယ်။ ယွင်ဟန့်ကို ရုတ်တရက် ဖမ်းဆုပ်ပြီး ပျောက်ကွယ်သွားတဲ့ အငြိုးအတေး စွမ်းအင်အကြောင်း သူတွေးမိတယ်။ အငြိုးအတေး စွမ်းအင်ကြောင့် သူမ ဒီနေရာကို ရောက်လာတာလို့ ဆရာက ပြောနေတာ။ အကွာအဝေးအရ ခုတစ်ကြိမ် စုန့်ရန်အငြိုးအတေးစွမ်းအင် ပေါက်ကွဲထွက်မှုက ပြီးခဲ့တဲ့အကြိမ်ထက် ပိုကြီးမားတယ်လို့ ယိချင်း မှန်းဆမိတယ်။
ဒါပေမဲ့ စုန့်ရန်ရဲ့ အငြိုးအတေ စွမ်းအင်က အရင်က အဲဒီလို မလုပ်ခဲ့တာ ဘာကြောင့်လဲ။ လူတစ်ယောက်ကို မိုင်ထောင်သောင်းချီ ဘယ်လိုသယ်လာတာလဲ။
မဟုတ်ရင်တော့... ဒီနေရာကြောင့်ပဲ။
ယိချင်း ပတ်၀န်းကျင်မှာ ပြည့်နှက်နေသေးတဲ့ ယင်ချီကို ကြည့်လိုက်တယ်။ နောက်တော့ သူ့ဘေးကလူဘက် မျက်နှာမူလိုက်တယ်။ "ယွင်ဟန့်၊ ဒီမြောက်ပိုင်းဒေသက ဘယ်လိုနေရာလဲ၊ အကြွင်းအကျန်ဝိညာဉ်တွေက သံသရာထဲ ဝင်ပြီးတာတောင် ယင်ချီတွေက ဘာကြောင့် ကျန်နေသေးတာလဲ"
ယွင်ဟန့်က သူ့ကို အူကြောင်ကြောင် တစ်ချက်ပြန်စိုက်ကြည့်တယ်။ ရိုးရိုးသားသားပဲ သူက ဖြေတယ်။
"အာ… ကျုပ်လည်း အကြောင်းပြချက် အတိအကျ မသိဘူး၊ ဒီနေရာက ရှေးရှေးတည်းက ဒီလိုဖြစ်ခဲ့တယ်လို့ ဆိုကြတာပဲ၊ ဇာတ်လမ်းကတော့ ဒီနေရာက အမြဲတမ်း အရမ်းအေးနေတာကြောင့် မကောင်းဆိုးဝါးဝိညာဉ်တွေ အများအပြားကို ဆွဲဆောင်နေတာတဲ့၊ အချိန်ကြာလာတာနဲ့အမျှ ယင်ချီတွေ စုဝေးလာလိုက်တာ ဘယ်သူမှ မဖယ်ရှားနိုင်တော့တဲ့အထိပဲ၊ မြောက်ပိုင်းဒေသက အရင်က ဒီလောက်မကြီးဘူး၊ အချိန်ကြာလာတာနဲ့အမျှ ယင်ချီက ဒီမှာ ပိုပိုစုဝေးလာပြီး မကောင်းဆိုးဝါးဝိညာဉ်တွေလည်း တိုးလာတာကြောင့်သာ ပိုကြီးလာတာ"
"ဟုတ်သား..." သူက အခြားတစ်ခုကို ရုတ်တရက် ပြန်သတိရပြီး ဆက်ပြောတယ်– "ဒီက မကောင်းဆိုးဝါးဝိညာဉ်တွေက လူသားတွေကို စားသုံးလေ့ရှိတယ်လို့လည်း ပြောကြတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းရာဂဏန်းခန့်က လူတွေကို စားသုံးခဲ့တဲ့ သွေဖည်တစ္ဆေတွေ ပေါ်လာတာပဲ၊ ကျုပ်တို့ရဲ့ စိတ်တန်ခိုးကျင့်ကြံသူ ဘိုးဘေးဘီဘင်တွေ အားလုံးက သူတို့ကို ဒီမှာ စုဝေးထားခဲ့တာပဲ"
နာကျင်တဲ့အမူအရာနဲ့ သူက သက်ပြင်းချလိုက်တယ်။
"အဲဒီနေ့ကစပြီး သွေဖည်တစ္ဆေတွေ ပိုများလာတယ်၊ မြောက်ပိုင်းဒေသတစ်ခုလုံး အရွယ်အစားကြီးလာလိုက်တာ ဒီအထိ ကြီးလာတဲ့အထိပဲ"
"ဘာလို့ရုတ်တရက် ဒါကိုမေးတာတုံး"
ကူယွဲ့က မနေနိုင်ဘဲ မေးလိုက်တယ်။
"ဘာတွေစဉ်းစားနေတာလဲ"
ယိချင်းက မျက်မှောင်ကြုတ်ကာ သူ့ခေါင်းထဲ ဘာရှိနေလဲရှင်းပြလိုက်တယ်။
"တကယ်လို့ သွေဖည်တစ္ဆေတွေက စုန့်ရန်ကို သက်ရောက်နိုင်တယ်ဆိုရင် သူ့ကိုယ်ထဲက အငြိုးအတေးစွမ်းအင်က-"
"ဒီမြောက်ပိုင်းဒေသနဲ့ ဆက်စပ်နိုင်တယ်"
ကူယွဲ့ နောက်ဆုံးတော့နားလည်သွားတယ်။ သူ ယွင်ဟန့်ဘက် လှည့်လိုက်တယ်။
"မကောင်းဆိုးဝါးဝိညာဉ်တွေကို စတင်ပြီး ဆွဲဆောင်ခဲ့တဲ့နေရာကဘယ်နေရာလဲ"
"မြောက်ဘက်အကျဆုံးဒေသပါ" ယွင်ဟန့် သူတို့ရှေ့ကို လက်ညှိုးထိုးပြလိုက်တယ်။
ကူယွဲ့နဲ့ယိချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်ကာ ခပ်ဆတ်ဆတ် ခေါင်းညိတ်လိုက်တယ်။
"သွားကြည့်ရအောင်" အမှန်တရားကိုရှာဖို့ပဲဖြစ်ဖြစ်၊ အဲဒီကျီစယ်တဲ့ဝိညာဉ်ကိုရှာဖို့ပဲ ဖြစ်ဖြစ် လုပ်ရမယ်။
ယွင်ဟန့် ညွှန်ပြတဲ့ဘက်က ယင်ချီအထူဆုံးလို့ ထင်ရတဲ့နေရာပဲ။ ယိချင်းက ရှန်းရင်ကို ခေါ်ပြီး ကူယွဲ့က ယွင်ဟန့်ကို ဆွဲခေါ်လာခဲ့တယ်။ သူတို့လေးယောက် ဓားပေါ်တက်ကာ တည့်တည့်ဦးတည်ခဲ့ကြတယ်။ သူတို့နဲ့ နီးလေလေ ပတ်ဝန်းကျင်က ပိုမှောင်လာလေပဲ။ ယင်ချီက ကြောက်ခမန်းလိလိ ထူထဲနေတယ်။ အကြွင်းအကျန် ဝိညာဉ်တွေ သူတို့ဘေးက ဖြတ်ကျော်သွားတာကို ဝိုးတဝါး မြင်လိုက်ရတယ်။
ဒါက သေမျိုးကမ္ဘာ ဖြစ်ပေမဲ့ သူတို့ မြေအောက်လောကထဲရောက်နေသလိုပဲ။ တကယ်တော့ ဒီက ယင်ချီဟာ မြေအောက်ကမ္ဘာကယင်ချီထက်တောင် ပိုထူနေတယ်။
ကူယွဲ့ ရင်ထိတ်သွားတယ်။ သေမျိုးကမ္ဘာမှာ ဘာကြောင့် ဒီလိုနေရာရှိနေတာလဲ။ ဘာတွေဖြစ်နေတာလဲ။
သူ အဖြေမထုတ်နိုင်ခင်မှာ သူ့ဓားပေါ်က အလေးချိန် ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။
"အိုက်ယား" သူကျင့်သားမရသေးလို့လားပဲတော့အသိ ဓားပေါ်ရပ်နေတဲ့ယွင်ဟန့်က ရုတ်တရက် အကျယ်ကြီးထအော်ကာ ပြုတ်ကျသွားတယ်။ ကူယွဲ့ မတုံ့ပြန်နိုင်ခင်မှာတင် သူက မြေကြီးပေါ် ရောက်သွားပြီ။ ကျေးဇူးတင်ဖို့ကောင်းတာ ကူယွဲ့က အရမ်းအမြင့်ကြီး ပျံသန်းမနေတာပဲ။
ကူယွဲ့ နှုတ်ခမ်းစေ့လိုက်တယ်။ သူဘယ်လိုလုပ် ဓားပေါ်က ပြုတ်ကျရတာလဲ။ ဒါ ရှက်စရာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူပဲ။ သူက အဲလိုအမျိုးအစားပဲဖြစ်ရမယ်
"ဟေး ခင်ဗျားအဆင်ပြေရဲ့လား"
"ကျုပ်... ပြေပါတယ်" ယွင်ဟန့်က မျက်နှာကိုပွတ်ကာ ထရပ်တယ်။ သူ့ကြည့်ရတာ အူတူတူဖြစ်နေဟန်။
"ဟန်ချက်မညီဘူးဆိုရင် ကျုပ်ကို အရင်ပြောသင့်တာပေါ့၊ အင်းကွက်တစ်ခု ခင်းပေးမှာ"
"ကြီးမြတ်တဲ့ဆရာ၊ အဲလိုမဟုတ်ပါဘူး" ယွင်ဟန့်က ခေါင်းခါတယ်။
"တစ်ယောက်ယောက်က ကျုပ်ကို... တွန်းလိုက်တာပါ"
"ဘာ" ကူယွဲ့တန့်သွားတယ်။ သူ ယွင်ဟန့်ကို ဓားပေါ်ပြန်တက်ဖို့ ကူညီမို့လက်လှမ်းချိန် ခြေထောက်အောက် တစ်စုံတစ်ခု လှုပ်သွားတယ်။
"သတိထား"
နောက်အခိုက်အတန့်မှာ သူ မြေကြီးပေါ် ပိတ်မိနေတဲ့လူဆီ ဝိညာဥ်ချီပစ်လွှတ်ကာ အပေါ်ဆွဲတင်လိုက်တယ်။
ယွင်ဟန့် ရပ်နေခဲ့တဲ့နေရာက မြေကြီးပေါ် အဆူးတွေအများကြီး ဆက်တိုက်ထွက်လာတယ်။ တစ်ခုချင်းစီက ဘယ်ဝိညာဉ်ချီကိုမဆို ဖယ်ရှားပစ်နိုင်တဲ့ ကြက်သီးထစရာယင်ချီတွေ။
ယင်ချီထခုန်ပြီး ကြောက်လန့်သွားတယ်။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားလေရဲ့။ ကြီးမြတ်တဲ့ ဆရာကူယွဲ့သာ တစ်စက္ကန့်လောက် နောက်ကျရင် သူ ခုဆို အဆူးတစ်ထောင်လောက် ဖောက်ထွင်းတာခံရလောက်ပြီ။
"ဒီမှာအင်းကွက် မရှိဘူး" ယိချင်းက ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ သူ့ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်ကာ ခေါင်းယမ်းလိုက်တယ်။
"ထူးဆန်းတဲ့အရှိန်အဝါလည်း မရှိဘူး"
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒါက တကယ့်ကို တိုက်ဆိုင်မှုသက်သက်ပဲလား။ ယွင်ဟန့်က ဒီဆူးတွေပေါ် မတော်တဆ ပြုတ်ကျသွားခဲ့တာလား။
သူ ဒါကို ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းကျ သူတို့ ပိုမိုနက်ရှိုင်းစွာ ပျံသန်းလာရင်း ယွင်ဟန့်က ကံမကောင်းတဲ့ သရဲတစ္ဆေတစ်ကောင် ဝင်စီးတာခံထားရသလိုပဲ။ သူသွားလေရာတိုင်းမှာ မကောင်းတာတစ်ခုခု ဖြစ်ပျက်လေရဲ့။
သူက ဒီမှာ ရွှံ့ထဲ ပြုတ်ကျလိုက် ဟိုမှာ ကျောက်နံရံတွေဆီ ဝင်တိုးလိုက်နဲ့။ အရင်ဆုံး၊ ကောင်းကင်ကနေ ဆင်းသက်လာတဲ့ သွေဖည်မီးကြောင့် လောင်ကျွမ်းခံရတယ်။ နောက်တော့ မျောလွင့်နေရုံဖြစ်ပြီး အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်မရှိတဲ့ အကြွင်းအကျန်တစ္ဆေတွေကတောင် ရုတ်တရက် ပြောင်းလဲကာ သူ့ကိုခြောက်လှန့်တာမို့ သူ့ခြေထောက်တွေ ပျော့ခွေသွားသလိုပဲ။
ကူယွဲ့သာ သူ့ကို စောင့်ကြည့်မနေဘူးဆိုရင် ယွင်ဟန့် ချော်လဲပြီး သေတာကြာလှပြီ။
ပိုအရေးကြီးတာက ဒီကံဆိုးတဲ့ အဖြစ်အပျက်တွေက သူပဲ ဖြစ်နေတဲ့ပုံ။ ကျန်တဲ့ သုံးယောက်ကတော့ ထိခိုက်မှုမရှိဘူး။ ခေါင်းပေါ်က ဆံပင်တစ်မျှင်တောင် မပျောက်မရှ။
ယွင်ဟန့် ၁၀၁ ကြိမ်မြောက် ဓားကနေ ပြုတ်ကျလုနီးပါးဖြစ်ပြီးနောက်မှာတော့၊ ကူယွဲ့ လေထုထဲ သူ့ကို ဖမ်းဖို့ တံဆိပ်တစ်ခုကို လုပ်လိုက်ရတယ်။ အခု ဒီကိစ္စတွေက ကူယွဲ့အတွက် အလိုလို လုပ်မိနေတဲ့ဟာမျိုးဖြစ်နေပြီ။ သူက ယွင်ဟန့်ကို စဆွဲတင်လိုက်တယ်။
သူ့အနားက စားဖိုမှူး အမူအရာ ရုတ်တရက် ပြောင်းလဲသွားတယ်။ "ဖေဖေနျို" ရုတ်တရက်၊ ဓားချီတစ်ချက်က သူတို့ကို ဖြတ်သွားတယ်။ မြည်သံနဲ့ တိုက်မိသံအကျယ်ကြီးပေါ်လာလေရဲ့။ တစ်ခုခုက ဓားချီကြောင့် ပြန်ကန်ထွက်လာတဲ့ပုံ။
ကူယွဲ့ အနီးကပ်ကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်မှာ အနက်ရောင်ကိုယ်ခန္ဓာတွေ အများကြီးရှိနေတာကို တွေ့လိုက်ရတယ်။ သူတို့အားလုံးက အားပျော့ပျော့ ပေါက်ကွဲတတ်တဲ့ပုံစံနဲ့ အုပ်စုဆီ ချီတက်လာကြတယ်။
ထပ်ပြီး အငြိုးအတေးစွမ်းအင်တွေ
ယင်ချီ အရမ်းထူလွန်းတာမို့ စောစောက အငြိုးအတေး စွမ်းအင်ကို သူ မသိလိုက်ဘူး။ သူရင်ထိတ်ပြီး တစ်စုလုံးကို ကာကွယ်ဖို့ အင်းကွက်တစ်ခုအမြန်တည်ဆောက်လိုက်တယ်။ ယွင်ဟန့် ကိုပဲ ဦးတည်တိုက်ခိုက်ခဲ့တယ်။ အစောပိုင်းတိုက်ခိုက်မှုတွေနဲ့ နှိုင်းယှဉ်ရင် ဒီအငြိုးအတေးစွမ်းအင် ခန္ဓာကိုယ်တွေက ဘက်မလိုက်ဘူး။
အငြိုးအတေး စွမ်းအင်ကိုယ်တွေက ပိုများလာတယ်။ သူတို့ တစ္ဆေသရဲအော်ဟစ်သံများကို မသဲမကွဲ ကြားလိုက်ရတယ်။
"မြန်မြန်ငုံ့ကြည့်" ကူယွဲ့ ချည်နှောင်တာ ခံထားရတဲ့ ယွင်ဟန့်က အောက်ကို ညွှန်ပြရင်း အော်ပြောတယ်။ သူ့မျက်နှာမှာ ဘာအရောင် မှမရှိတော့ဘူး။
သူတို့အားလုံး ငုံ့ကြည့်လိုက်ကြတယ်။ အနက်ရောင် လွင်ပြင်ကြီးက အခု မရေမတွက်နိုင်တဲ့ ပုံရိပ်ယောင် သဏ္ဌာန်တွေနဲ့ ပြည့်နှက်နေပြီ။ သူတို့တစ်ဦးစီက ကြောက်မက်ဖွယ်ကောင်းလှတယ်။
"အကြွင်းအကျန်ဝိညာဉ်တွေ" ယိချင်းက အော်လိုက်တယ်။
…
အခန်း ၃၉၂ ။ မှတ်ဉာဏ်အပိုင်းအစများ
ဘာကြောင့် ရုတ်တရက် အကြွင်းအကျန် ဝိညာဉ်တွေ များလာရတာလဲ။ ဒီနေရာတစ်လျှောက်လုံးထိ အကြွင်းအကျန် ဝိညာဉ်တစ်ခု၊ နှစ်ခုပဲ တွေ့ခဲ့ရတာပါ။ အခြေအနေကြည့်တာ... အကြွင်းအကျန်ဝိညာဉ်တွေက အငြိုးအတေးစွမ်းအင်ရဲ့ ခေါ်ဆောင်ခြင်းကိုခံခဲ့ရတာလား
သူတို့အောက် အကြွင်းအကျန်ဝိညာဉ်တွေ ပိုများလာတယ် - အရေအတွက်က နှစ်ဆလောက် တိုးလာပြီ။ ဒါ့အပြင်၊ အသစ်တွေက ပိုပိုပြီး ကြောက်စရာကောင်းလာတယ်။ သရဲတစ္ဆေအော်ဟစ်သံတွေက ကျယ်လောင်လွန်းလို့ သူတို့ နားစည်အားလုံး အချိန်မရွေးပေါက်ကွဲသွားတော့မလိုပဲ။
ယွင်ဟန့် ခန္ဓာကိုယ် ယမ်းခါသွားတယ်။ သူ့ရှေ့က မြင်ကွင်းတွေနဲ့ အသံတွေကို သူ မတောင့်ခံနိုင်ဘူး။ ကူယွဲ့ ဆူညံသံတွေကို တားဆီးဖို့ စည်းတံဆိပ်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်တယ်။
"ကျေးဇူးအများကြီးတင်ပါတယ် ကြီးမြတ်တဲ့ဆရာ" ယွင်ဟန့် အနည်းငယ်သက်သာလာတယ်။ အကြွင်းအကျန် ဝိညာဉ် အရေအတွက် တိုးလာတာကို သူ ကြည့်နေမိတယ်။ သူ အသက်ပြင်းပြင်းရှူလိုက်တယ်။
"ကျွန်တော် အင်းကွက်ကိုခင်းပြီး သူတို့ကို သံသရာပို့လိုက်ပါ့မယ်"
"ခဏ" ကူယွဲ့ သူ တံဆိပ်ကို ပုံဖော်တော့မဲ့အချိန် တားလိုက်တယ်။ "အဲဒါတွေ အရမ်းများလွန်းတယ်၊ မင်း သူတို့ကို မင်းဘာသာ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး" ဒါ့အပြင်၊ ကူယွဲ့ သူ့ကို ကြော်ငြာတစ်ခုအနေနဲ့ မလိုအပ်တော့ဘူး။
ကူယွဲ့ ယွင်ဟန့်ကို ဓားနောက်ဘက်ဆီ တွန်းလိုက်တယ်။ လက်နှစ်ဖက်နဲ့ သူ သူတို့ခြေထောက်အောက်မှာ ကြီးမားတဲ့ ပြန်လည်ဝင်စားမှုစည်းတံဆိပ်ကို ဖန်တီးခဲ့ပြီး အကြွင်းအကျန်ဝိညာဥ်အရေအတွက် သိသိသာသာများနေတဲ့ မြေပြင်ကို ချက်ချင်းဖုံးအုပ်သွားခဲ့တယ်။ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ယင်ချီတို့ ဆုတ်ယုတ်လာတယ်။ ကြောက်စရာကောင်းတဲ့ သရဲတစ္ဆေအားလုံး သူတို့မူလရုပ်ရည်ကို ပြန်လည်ရရှိလာကြတယ်။ ဒါပေမဲ့ ပျောက်ကွယ်မသွားဘူး။ အဲအစား လတ်လတ်ဆတ်ဆတ်ယင်ချီ စီးဆင်းမှုက သူတို့အားလုံးကို ကြောက်မက်ဖွယ် ကောင်းလာစေပြန်တယ်။
"အယ်" ကူယွဲ့ ခဏရပ်သွားတယ်။
"ဘာတွေဖြစ်နေတာလဲ" အင်းကွက်က ကောင်းကောင်း အလုပ်လုပ်နေတာပဲကို။
တစ်ဖက်မှာ ယိချင်းက လေးလေးနက်နက် စဉ်းစားနေလေတယ်။ ဖြစ်နိုင်လား…
သူ ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ သူ့လက်ထောက်လုပ်ပိုင်ခွင့်ကို အသက်သွင်းခဲ့တယ်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားလေရဲ့။
"မေ့ပျောက်ခြင်းမြစ်… မရှိဘူး"
"ဘာ" ကူယွဲ့ ထိတ်လန့်သွားတယ်။ သူ သူ့လက်ထောက်လုပ်ပိုင်ခွင့်ကို အလိုလို အသက်သွင်းလိုက်ပေမဲ့ သူ့ရှေ့က မြင်ကွင်းက အတူတူပဲ။ အရာအားလုံးက မည်းမှောင်အတိ။ တကယ်ပဲ မေ့ပျောက်ခြင်းမြစ် အရိပ်အယောင် မရှိဘူး။
"မေ့ပျောက်ခြင်းမြစ်က မျက်ကွယ်ရာနေရာတစ်ခုမှာရှိနေလို့ ဖြစ်နိုင်မလား" ဒီမှာ ဘယ်လိုလုပ် ရှိမနေရတာလဲ
"ငါထင်တာတော့…" ရှန်းရင်က ရုတ်တရက် လက်မြှောက်လာတယ်။
"နင်တို့ရဲ့ မျက်နှာပြင်ကျယ်မှန်ဘီလူးကို အသက်သွင်းသင့်တယ်"
ဘာ။
သူတို့နှစ်ယောက် သူမကို အူတူတူတစ်ချက်ပြန်ကြည့်မိတယ်။ ခဏအကြာ သူတို့ သဘောပေါက်သွားတယ်။ သူတို့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်တယ်။ သူတို့ရဲ့ အမူအရာတွေ ချက်ချင်းပြောင်းသွားတယ်။
ဟိုလီရှစ်ရှစ်ရှစ်ရှစ်ရှစ်
(⊙_⊙)
သောက်ကျိုးနည်း
ကီလိုမီတာ ၅၀၀ အကွာအဝေးအတွင်း နေရာတိုင်းမှာ ရွှေရောင်မြစ်တွေ စီးဆင်းနေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ ဒီဒေသကို ဖြတ်သန်းစီးဆင်းနေတဲ့ ပင်မမြစ်တစ်စင်းမဟုတ်ဘူး။ အဲအစား၊ မြစ်က မတူညီတဲ့ အလျားနဲ့အပိုင်းအစလေးတွေအဖြစ် ဖြတ်တောက်ခံရပြီး နေရာအနှံ့ ပျံ့ကျဲနေတယ်။ တချို့က မြေပြင်ကို ဖြတ်ပြေးနေတယ်၊ တချို့က လေထဲမှာ လွင့်မျောနေတယ်၊ တချို့ကတောဘ တိုင်တွေလို မတ်မတ် ထောင်နေပြီး တချို့က နွယ်ပင်တွေလို တွန့်ခွေနေတယ်။
အဲဒါက ဘယ်လိုလုပ် မေ့ပျောက်ခြင်းမြစ်ဖြစ်မှာလဲ။ ဒါက ပဟေဠိတစ်ခုလို အပိုင်းအစလေးတွေ ဖြစ်နေတာ။ အပိုင်းအစတွေအများကြီး ပျောက်ဆုံးနေတဲ့ ပဟေဠိတစ်ခု။
"ဘာ...ဒီမှာဘာတွေဖြစ်ခဲ့တာလဲ" ကူယွဲ့ မျက်နှာက စိတ်ရှုပ်ထွေးမှုတွေနဲ့။ ဒီလောက် ရှုပ်ထွေးနေတဲ့ မေ့ပျောက်ခြင်းမြစ်ကို သူ တစ်ခါမှ မမြင်ဖူး ဘူး။ ဂျပုလေး သပိတ်မှောက်နေတာလား။
ဒီလောက်ရှုပ်ထွေးတဲ့အခြေအနေနဲ့ မေ့ပျောက်ခြင်းမြစ်ကို ဘယ်က စတင်ရှင်းလင်းရမလဲ ဘယ်သူမှ မသိခဲ့ဘူးပေါ့။
"ဟိုမှာ အဖြေရှိရမယ်" ယိချင်းက မှိတ်တုတ်မှိတ်တုတ် ရွှေရောင်အလင်းတန်းတစ်ခု ရှိနေပုံရရတဲ့ အရှေ့ကိုညွှန်ပြတယ်။
ကူယွဲ့က အနီးကပ်ကြည့်ဖို့ ကြိုးစားပြီး ဒါက ရွှေရောင်အပိုင်းအစအားလုံးရဲ့ အရင်းအမြစ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရတယ်။ မေ့ပျောက်ခြင်းမြစ်က ဒီကမ္ဘာငယ်လေးထဲ စီးဝင်တဲ့နေရာ ဖြစ်နိုင်တယ်။ တစ်နည်းဆိုရရင် ယွင်ဟန့်ပြောတဲ့ မြောက်ဘက်အကျဆုံးဒေသပဲ။
"စားဖိုမှူး၊ လမ်းပြ၊ ငါတို့သွားကြည့်မယ်” ကူယွဲ့ ညွှန်ကြားလိုက်တယ်။
ယိချင်းက ခေါင်းညိတ်လိုက်ပြီး သူ့ဓားဆန္ဒကို ဆင့်ခေါ်လိုက်တယ်။ နဂါးအော်သံကို ကြားရပြီး ဓားချီက ချက်ချင်းဆိုသလို သူတို့မျက်စိရှေ့ နဂါးဖြူတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ၊ အင်းကွက်ကို ဖြတ်ကျော်ပြီး ထူထဲတဲ့ အငြိုးအတေးစွမ်းအင်နဲ့ အကြွင်းအကျန်ဝိညာဥ်တွေကို ဖြတ်ကျော်ပျံသန်းကာ အုပ်စုလိုက် သွားဖို့ ရှင်းလင်းတဲ့လမ်းကြောင်းကို ဖန်တီးပေးခဲ့တယ်။
သူတို့ မြောက်ဘက်အကျဆုံးဒေသသို့ နဂါးနောက်ကနေ ပျံသန်းခဲ့ကြတယ်။ မြန်မြန်ဆန်ဆန် ပျံသန်းခဲ့ကြတာကြောင့် မေ့ပျောက်ခြင်းမြစ်အများဆုံးလို့ ထင်ရတဲ့နေရာကို စက္ကန့်ပိုင်းအတွင်း ရောက်ခဲ့တယ်။
သူတို့ဆင်းဆင်းချင်း ပတ်ဝန်းကျင်ကို လေ့လာလိုက်တယ်။ ယင်ချီက ဒီမှာ အများကြီး ပိုထူတယ်ဆိုတဲ့အချက်ကလွဲရင် ထူးထူးခြားခြားဖြစ်နေတာမျိုးမရှိပုံပဲ။
"ရှန်းရင်" ကူယွဲ့ ဘေးကလူကို တံတောင်နဲ့တွတ်လိုက်တယ်။
"တစ်ခုခုလွဲနေတာခံစားမိလား" ဘာကြောင့်ရယ်မသိ ကူယွဲ့ ထူးဆန်းနေမိတယ်။
"အော် ငါထင်တာတော့ ဒီနေရာက..." သူမကပြောရင်း ရပ်သွားပြီး မျက်လုံးထဲ ထူးဆန်းတဲ့အမူအရာ ပေါ်လာကာ တစ်အောင့်ကြာတော့ ခေါင်းကိုစောင်းလေတယ်။
"ငါမသိဘူး"
"..." 'ငါမသိဘူး' ဆိုတာ ဘာသဘောတုံး။ မင်း သောက်ကျိုးနည်း သိတာကြီးကို။
"ဖေဖေနျို ငါနင့်ကိုယုံတယ်" သူမ သူ့ကို တံတောင်နဲ့တွတ်လိုက်တယ်။
"သွားစမ်း" ကူယွဲ့ ဒေါသတကြီးကြည့်ပေးလိုက်တယ်။ တစ်ခဏကြာတော့ သူ မျက်နှာပြင်တစ်ခု ဆွဲထုတ်လိုက်တယ်။ သူ စာမျက်နှာရာချီထူတဲ့ လမ်းညွှန်မှုအညွှန်းကို ပြန်စဉ်းစားလိုက်ကာ မျက်နှာပြင်ကို ဖြည်းဖြည်းချင်း စတင်စီမံလိုက်တယ်။
တစ်အောင့်အကြာမှာတော့ အချက်အလက်တန်းတွေ မျက်နှာပြင်ပေါ် ပေါ်လာတယ်။ သူက မှတ်စုစာအုပ်ကိုထုတ်ကာ ရှိနေပြီးသားနံပါတ်တွေနဲ့ တိုက်လိုက်တယ်။ ရုတ်တရက် သူ့အမူအရာမည်းမှောင်ကာ မျက်မှောင်ကြုတ်သွားတယ်။
"ဒီနေရာက အချက်အလက်က ဘာလို့ရှုပ်ရှက်ခက်နေတာလဲ"
"ဘာဖြစ်တာလဲ" ယိချင်း မေးလိုက်တယ်။
"ဒီနေရာက တခြားနေရာတိုင်းနဲ့ လုံးဝကွဲပြားတယ်၊ သူ့အချက်အလက်တွေက... ပြောင်းပြန်လန်နေသလိုပဲ" တကယ်လို့အရင်က သူ နံပါတ် မှားမမှတ်ခဲ့ရင်ပေါ့။
ယိချင်း ကူယွဲ့ဆိုလိုတဲ့ "ပြောင်းပြန်လန်နေတယ်" ဆိုတာကို နားမလည်သလိုမျိုး အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ သူက မျက်လုံးကိုမှိတ်ကာ ကောင်းကင်စိတ်အာရုံနဲ့ အနီးနားက အရှိန်အဝါတွေကို အာရုံခံလိုက်တယ်။ စက္ကန့်အနည်းငယ်အကြာ ထိတ်လန့်တကြား မျက်လုံးပြူးသွားတယ်။
"ဒီမှာ အရှိန်အဝါမျိုးစုံ ရောနေတယ်၊ ဝိညာဉ်ချီရောပဲ" ပြောရရင် ဝိညာဉ်ချီက တခြားယင်ချီနဲ့ တစ္ဆေချီတွေလို ရောလို့မရဘူး။ ဒီလောက် ယင်ချီများတဲ့နေရာမှာ ဝိညာဉ်ချီရှိနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီမှာတော့လေထုထဲမှာ မသေမျိုးချီတွေ ရောနေတယ်
"ကြီးမြတ်တဲ့ဆရာတို့၊ ဘာတွေပြောနေကြတာလဲ" ယွင်ဟန့်က ရှေ့တက်လာကာ မေးပြီး အတော်လေး ဇဝေဇဝါဖြစ်နေပုံ။ ဒီလာတဲ့လမ်းတစ်လျှောက်လုံး သူ ကံဆိုးနေခဲ့တာ။ အခုလည်း ခြေတစ်လှမ်းလှမ်းတာနဲ့ ချော်လဲပြီ။
သူ မြေကြီးနဲ့ မျက်နှာ မိတ်ဆက်ခါနီးဆဲဆဲ အဝေးမှာရပ်နေတဲ့ရှန်းရင်က ရုတ်တရက် သူ့ဘေးပေါ်လာပြီး လှမ်းထိန်းပေးလိုက်တယ်။
"မီးသီး၊ ပစ္စည်းတွေကို ထိနေတာ ရပ်တော့" ကျိုးသွားလိမ့်မယ်။
"ဟမ်" ယွင်ဟန့် မတုံ့ပြန်နိုင်ခင် သူတို့ သူ့ခြေထောက်အောက် တစ်ခုခု ကျိုးပဲ့သွားသလိုမျိုး အက်ကွဲကြောင်းသံတွေ ကြားလိုက်ရတယ်။
သူကျမဲ့နေရာမှာ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာတယ်။ ဒါက အမှောင်ထုကိုဖြတ်သန်းပြီး ပတ်ဝန်းကျင်ကို လင်းသထက် ပိုလင်းလာစေတယ်။ အလင်းရောင်က သူတို့လေးယောက်လုံးကို လွှမ်းခြုံသွားလေရဲ့။
ရှန်းရင် ခပ်တိုးတိုး သက်ပြင်းချလိုက်တယ်။ အိုက်ယား...။
မီးခိုးရောင်မြူခိုးက အလင်းရောင်ထဲ ရှင်းလင်းသွားတယ်။ သူတို့ ကောင်းချီပေးခံရပြီး မြင့်မြတ်တဲ့မြေပြင်နဲ့ဆင်တဲ့ သဏ္ဌာန်တစ်ခုကို ဝိုးတဝါးမြင်လိုက်ရတယ်။
"ပုံရိပ်ယောင်ဘုံ" ကူယွဲ့ အဲမှော်အတတ်ကို ချက်ချင်း မှတ်မိပြီး စည်းတံဆိပ်တစ်ခု ဖန်တီးကာ ပုံရိပ်ယောင်ကို ရှင်းပစ်ဖို့ ကြိုးစားလိုက်တယ်။
"ခဏ" ယိချင်းက လှမ်းအော်တယ်။ သူက ဟိုဟိုဒီဒီကြည့်ကာ ပြောတယ်။
"ဒီပုံရိပ်ယောင်ထဲ သတ်ဖြတ်တဲ့လက်နက်တွေ မရှိဘူး၊ ကျွန်တော်တို့ကို ပိတ်လှောင်ဖို့ကြိုးစားနေတာနဲ့ မတူဘူး၊ အဲအစား..." တစ်ခုခုကို ပြောပြဖို့ ကြိုးစားနေပုံပဲ။
ကူယွဲ့က လက်ကို ဖြေလျှော့ကာ တစ်ခဏ စဉ်းစားလိုက်တယ်။ သူ့ဝိညာဥ်ချီတချို့ကို အသက်သွင်းပြီး အုပ်စုကိုပတ်ကာ တစ်ယောက်ချင်းစီကို သူ့ဝိညာဉ်ချီကို ကိုင်ခိုင်းထားလိုက်တယ်။ သူ ဘယ်သူ့ကိုမှ မပျောက်ချင်ဘူး - အထူးသဖြင့် အရပ်မျက်နှာမသိတဲ့ ငတုံးကို။ သူဘေးကင်းဖို့အတွက် နှစ်ပတ်ထပ်ပတ်လိုက်တယ်။
စက္ကန့်နည်းနည်းကြာတော့ တောက်ပနေတဲ့ အလင်းရောင်က ရှင်းလင်းလာတယ်။ သူတို့ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ ခုအရာအားလုံး ပိုရှင်းလင်းလာပြီ။ ဒါပေမဲ့ သူတို့ရှေ့ ဘာရှိနေလဲမမြင်ရခင် အားလုံး မျက်မှောင်ကြုတ်မိသွားတယ်။
ဟိုလီရှစ်
(⊙ o ⊙)
ဒါ ဝိညာဉ်ချီအရမ်းကို ပေါကြွယ်ဝတဲ့နေရာပဲ။ နေရာတိုင်းမှာ ဝိညာဉ်ဆေးမြစ်တွေနဲ့ ဝိညာဉ်အပင်တွေကြီး။ လေထဲမျောနေတဲ့ ဝိညာဉ်တောင်ထွတ်တွေတောင်ရှိနေတယ်။ ဒါပေမဲ့ မြင်ကွင်းတစ်ခုလုံးရဲ့အလယ်မှာ အနက်ရောင်အပေါက်ကြီးတစ်ခုရှိနေလေရဲ့။ တစ်ယောက်ယောက်က ကောင်းကင်မှာ အပေါက်ဖောက်သွားတဲ့အတိုင်းပဲ။ သူတို့ပတ်လည်ကအရာအားလုံး အပေါက်နား လည်ပတ်နေပြီး နောက်ဆုံးတော့ အထဲစုပ်ယူခံလိုက်ရတယ်။
ကူယွဲ့နဲ့ ယိချင်း ရင်ထိတ်သွားပြီး တစ်ချိန်တည်းရေရွတ်မိလိုက်တယ်။
"မျက်နှာပြင်အက်ကွဲကြောင်းပဲ"
"တိုင်ဖွန်းမုန်တိုင်းလည်းဖြစ်တယ်" ရှန်းရင်က ပျင်းတိပျင်းရွဲ ထပ်ဖြည့်ပြောလာလေတယ်။
"..."
…
အခန်း ၃၉၃ ။ ပုံရိပ်ယောင်ဘုံ၏ပုံပြင်
"ဘာ" ကူယွဲ့ ရင်ထဲ တင်းကျပ်လာတယ်။ ဒီတော့ ဒီဟာက မျက်နှာပြင်မုန်တိုင်းပေါ့။ အရင်က လူတွေပြောကြတာကို သူကြားဖူးတယ် - မျက်နှာပြင်မုန်တိုင်းတွေက မျက်နှာပြင်ပေါ်က အက်ကွဲကြောင်းတွေထက် ပိုကြောက်စရာကောင်းတယ်။ အချိန်မီ မကိုင်တွယ်နိုင်ခဲ့ရင် မျက်နှာပြင်တစ်ခုလုံး ထိခိုက်တဲ့အထိ ကြီးမားသထက်ကြီးမားလာလိမ့်မယ်။
"အဲဒါဆို ငါတို့ဘာကိုစောင့်နေတာလဲ၊ ပြင်ကြမယ်လေ”
"ဖေဖေနျို၊ ဒါက ပုံရိပ်ယောင် နယ်ပယ်နော်" ဟု ယိချင်းက သူ့ကို သတိပေးတယ်။
ကူယွဲ့က ရပ်တန့်သွားတယ်။ ချီး၊ သူ မေ့လုနီးပါးဖြစ်သွားတာ။
ခဏနပေါဦး
ဒါတွေအကုန်လုံးက ပုံရိပ်ယောင်ဆိုရင်...။
"လူတွေက မျက်နှာပြင်မုန်တိုင်းတွေရဲ့ ပုံရိပ်ယောင်တွေကို ဘယ်လိုဖန်တီးနိုင်တာလဲ"
ပုံရိပ်ယောင်နယ်ပယ်မှာ ဖြစ်ပျက်တာတွေက တခြားသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အင်းကွက်ကို ဖန်တီးတဲ့သူတွေက ကြိုတင်သတ်မှတ်ထားကြတာလေ။ ဒါပေမဲ့ သူတို့ သုံးယောက်နဲ့ မုန့်ပေါ်ပဲ မျက်နှာပြင်အကြောင်း သိတာ။ ဒီလူက လက်တွေ့ဆန်ဆန် မျက်နှာပြင်မုန်တိုင်းပါရှိတဲ့ ပုံရိပ်ယောင်ကို ဘယ်လိုသတ်မှတ်နိုင်ခဲ့တာလဲ။
မဟုတ်မှလွဲ ဒီလူက အရင်က တွေ့ဖူးရင်
ဒါဆို...။
"ဒီမျက်နှာပြင်မုန်တိုင်းက အစစ်မဟုတ်ဘူး - အရင်က ဒီမှာ ဖြစ်ခဲ့ဖူးတဲ့ဟာပေါ့"
ယိချင်းလည်း ဒါကို တွေးမိတယ်။ တွင်းနက်ကို အုံ့မှိုင်းစွာ လှည့်ကြည့်ရင်း သူ့နှလုံးသား နစ်မွန်းလာတယ်။ ဒီလို ကမ္ဘာငယ်လေးမှာ မျက်နှာပြင်မုန်တိုင်းတစ်ခု ပေါ်လာခဲ့တာ- သူတို့ ဘယ်လိုဖြေရှင်းခဲ့လဲ။
သူ နောက်ထပ် မစဉ်းစားနိုင်ခင်မှာ စိုးရိမ်တကြီးအသံတစ်ခု သူတို့နောက်ကနေ ထွက်လာတယ်။
"ဆရာဦးလေး"
ပုံသဏ္ဌာန်နှစ်ခုပေါ်လာပြီး တစ်ယောက်အရှေ့တစ်ယောက် ပျံသန်းလာတယ်။ သူတို့ လေးယောက် ရပ်နေတာကို မမြင်နိုင်ကြတဲ့ပုံပဲ။ တကယ်လည်း သူတို့ဘေးကနေ ဖြတ်ကျော်သွားတယ်။ သူတို့ရဲ့ ကျင့်ကြံဆင့်က နိမ့်ပုံမပေါ်ဘူး။ အုပ်စုနဲ့ မီတာတချို့အကွာအဝေးမှာတင် အုပ်စုရှေ့ ရပ်သွားကြတယ်။
"ဆရာဦးလေး၊ ဒီမှာ အရမ်းအန္တရာယ်များတယ်၊ ကျွန်တော်တို့ပြန်သွားပြီး ဂိုဏ်းချုပ်နဲ့ ကျန်တဲ့သူတွေကို အရင်အကြောင်းကြားသင့်တယ်" ဘယ်ဘက်က လူက တွင်းနက်ကို စိုက်ကြည့်ရင်း ပြောတယ်။ သူ့စကားပြောဟန်က အလွန်စိုးရိမ်နေပုံပဲ။
"အချိန်မရှိတော့ဘူး" တခြားလူက ခေါင်းခါတယ်။ “ဒီအပေါက်ကို မပိတ်ရင် ပိုကြီးလာလိမ့်မယ်၊ တစ်ကမ္ဘာလုံး အဲထဲ စုပ်ယူခံလိုက်ရလိမ့်မယ်"
"ဒါပေမဲ့…"
"တပည့်တူလေးကွေ့၊ ဂိုဏ်းဆီ အမြန်သတင်းပို့ပါ၊ ဒီနေရာက မိုင်တစ်ရာအကွာအဝေးအတွင်း နေထိုင်သူတွေကို ဒီနေရာကနေ ခေါ်ဆောင်သွားဖို့ သူတို့ကို ပြောလိုက်၊ ငါကြိုးစားပြီး ပိတ်ဆို့လိုက်မယ်"
သူက ပြောပြီးတာနဲ့ မုန်တိုင်းဆီ လှည့်ပျံသန်းသွားတယ်။
"ဆရာဦးလေး"
အဲလူက သူ့လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားတယ်။ ဒါပေမဲ့ သူ့မှာ တခြားဖြေရှင်းနည်းမရှိဘူး။ သူလုပ်နိုင်သမျှက အံကြိတ်ပြီး သူ့ဆရာဦးလေးရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ပဲ။
တခြားလူက မုန်တိုင်းက မီတာအနည်းငယ်အကွာမှာ ရပ်ကာ တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။ လက်နှစ်ဖက်ကို မြှောက်ကာ စည်းတံဆိပ်ကို ပုံဖော်လိုက်တယ်။ လျှပ်တစ်ပြက်အတွင်း ကြီးမားတဲ့အင်းကွက်တစ်ခု ပေါ်လာပြီး မျက်နှာပြင်မုန်တိုင်းဆီ ပျံသန်းသွားတယ်။ အင်းကွက်က အနီးနားက အရာအားလုံးကို စုပ်ယူနေတဲ့ အပေါက်ကို ချိပ်ပိတ်ဖို့ဆိုတာထင်ရှားတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါက မျက်နှာပြင် မုန်တိုင်းလေ။ ဒီလူတစ်ယောက်က ဘယ်လိုဖြေရှင်းနိုင်မှာလဲ။ တစ်စက္ကန့်အတွင်းမှာပဲ အင်းကွက်ဟာ တွင်းနက်ရှေ့မှာ ပြိုကျသွားတယ်။ အဲဒီလူက တခြားအင်းကွက်ပေါင်းများစွာကို ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ကောင်းကင်က အပေါက်က ပိုပိုကြီးလာတယ်။
ဒီအရာက အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြသရုံဆိုတာ သူသိပေမဲ့ ကူယွဲ့ စူးစမ်းချင်စိတ်ကို မထိန်းဘဲ မနေနိုင်ဘူး။ ဒီလူက မျက်နှာပြင်မုန်တိုင်းကို အတိအကျ ဘယ်လိုဖြေရှင်းခဲ့လဲ။
တကယ်ပဲ၊ အဲလူက အခြား နည်းမျိုးစုံနဲ့ ကြိုးစားပြီးမအောင်မြင်တဲ့နောက်၊ သူက လက်သီးဆုပ်ပြီး စက္ကန့်အနည်းငယ်ကြာ မတ်မတ်ရပ်နေတယ်။ ရုတ်တရက် သူက စိတ်ပိုင်းဖြတ်လိုက်သလိုပဲ။ သူက အံကြိတ်ကာ ဝိညာဉ်ဓားကို ဆွဲထုတ်ပြီး ရင်ဘတ်ကို ဓားနဲ့ထိုးချခဲ့တယ်။
ဟိုလီရှစ်
ကူယွဲ့ တုန်လှုပ်ချောက်ချားစွာနဲ့ နောက်ကို လဲကျလုနီးပါး။ ဒီအချိန်က လက်လျှော့ရမဲ့အချိန် မဟုတ်ဘူးမလား။
နောက်တော့ သူတို့သိလိုက်ရတာက ကျိုးပဲ့နေတဲ့ ရေပန်းလို အဲလူရဲ့ ရင်ဘတ်ထဲက သွေးတွေ ပန်းထွက်လာတယ်။ ဒါတွေကို အသက်သွင်းလိုက်သလိုမျိုး သွေးတွေက စုစည်းကာ အင်းကွက်တစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းပြီး ကြီးမားလာလိုက်တာ အဲလူရင်ဘတ်ထဲက နောက်ဆုံးသွေးစက်တစ်စက် ကျသွားပြီး လဲကျသွားချိန်ထိပဲ။ အဲလူကိုယ်ထဲကနေ ဖောက်ထွင်းမြင်ရတဲ့ သဏ္ဌာန်တစ်ခုထွက်လာကာ စောနကစက္ကန့်အနည်းငယ်တုန်းကလူလိုပဲ တူညီတဲ့အင်းကွက် ဖန်တီးမှုပုံစံမျိုး ပြုလုပ်လေတယ်။
ဒါ… ကိုယ်ပွားကျင့်ကြံသူဝိညာဉ်သိုင်းပဲ။
(⊙ o ⊙)
မိုက်လိုက်တာ
အင်းကွက်ကို အသက်သွင်းလိုက်ပြီ။ ကောင်းကင်တစ်ခုလုံး လုံးဝနီရဲလာတယ်။ အဖြူရောင်ရုပ်ပုံသဏ္ဌာန်က အနီရောင်နောက်ခံမြင်ကွင်းနဲ့ အံ့မခန်းဆန်းကြယ်နေတယ်။ မျက်နှာပြင်ပေါ်က အနက်ရောင်အပေါက်တောင် အနီရောင်ဖြစ်လာတယ်။
ကူယွဲ့မျက်လုံးတွေ ပြူးထွက်နေပြီ။ ရင်ဘတ်ကို ဓားနဲ့ ခုလေးတင်ထိုးခဲ့တဲ့ အမျိုးသားကို မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။
သူကြိုးစားနေတာ…
"ဝိညာဉ်ကို ကမ်းလှမ်းဖို့ပဲ"
ဒါ နည်းနည်း လွန်တယ် မဟုတ်လား။ သူ ကောင်းကင်က အဲတွင်းပေါက်ကို ပိတ်ဖို့အတွက်နဲ့ ကိုယ့်အသက်ဝိညာဉ်ကို ယဇ်ပူဇော်တာပဲ။ ဒါပေမဲ့ အဲဒါက မျက်နှာပြင်မုန်တိုင်းလေ။ သူဒီလိုလုပ်ခဲ့ရင်တောင် သေချာပေါက် ဖြစ်မှာမဟုတ်...။
"မေ့ပျောက်ခြင်းမြစ်ကို ကြည့်" ယိချင်းက အံ့ဩတကြီး အော်တယ်။
ကူယွဲ့ မြေပြင်ကို လှည့်ကြည့်လိုက်တယ်။ ပုံရိပ်ယောင်နယ်ပယ်ထဲက မေ့ပျောက်မြစ်က ပုံမှန်ဖြစ်ခဲ့ပေမဲ့ အခု အင်းကွက် အသက်ဝင်မှုအောက်မှာ ငြိမ်သက်နေတဲ့ရေတွေ စတင်လှုပ်ခတ်လာခဲ့တယ်။ ရေမျက်နှာပြင်ပေါ် ရွှေရောင်ပန်းပွင့်အလွှာတွေ စတင်ဖြစ်ပေါ်လာတယ်။ နောက်ဆုံးမှာတော့ သူတို့ကို ကြိုးတွေနဲ့ ဆွဲငင်နေသလိုမျိုး မရေမတွက်နိုင်တဲ့ ရွှေရောင်အလင်းစက်တွေ အင်းကွက်ရှိရာ စုဝေးလာတော့တယ်။
တစ်မိနစ်အကြာမှာ ဝိညာဉ်စတေးအင်းကွက်ရဲ့ အနီရောင်က ရွှေရောင်ဖြစ်သွားတယ်။ အင်းကွက်က အပေါက်ဆီ တည့်တည့် ပျံသန်းသွားလေရဲ့။
"သူက အဲအပေါက်ကို ပိတ်ဖို့ မေ့ပျောက်ခြင်းမြစ်ကို သုံးနေတာပဲ" နောက်ဆုံးတော့ ကူယွဲ့ အဲဒီလူ ဘာလုပ်နေတယ်ဆိုတာကို နားလည်သွားတယ်။ ဒါပေမဲ့ မုန့်ပေါ်ပဲ မေ့ပျောက်ခြင်းမြစ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားရှိတာ။ သူ့ကိုယ်ပိုင်ဝိညာဉ်ကို စတေးဖို့ လိုအပ်တယ်လို့ ခံစားရတာ အံ့သြစရာ မရှိတော့ဘူး။ ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ မဖြစ်နိုင်...။
ရွှေရောင်ပြောင်းသွားတဲ့ သွေးအင်းကွက်က အပေါက်ကို အပြည့်အ၀ ဖုံးလွှမ်းနေပြီဖြစ်ပေမဲ့ လုံးဝပိတ်ဆို့လိုက်တာတော့ မဟုတ်ဘူး။ အပေါက်ထဲအရာအားလုံးကို စုပ်ယူနေတဲ့ တွန်းအားက ပိုပြင်းထန်လာတာမို့ အင်းကွက်ကကွဲအက်စပြုလာပြီ။
အဲလူရဲ့ ဝိညာဉ်က ပိုပိုပြီး ဖောက်ထွင်းမြင်လာရတယ်။ သူ အချိန်အကြာကြီး ထိန်းထားနိုင်တော့မဲ့ပုံ မပေါ်ဘူး။ သူ အံကြိတ်ရင်း လက်ကောက်ဝတ်တွေကို လှန်လိုက်တော့ မြေပြင်က တုန်ခါသွားတယ်။ သူ့အောက်က မေ့ပျောက်ခြင်းမြစ်က မတူညီသောအပိုင်းအစတွေအဖြစ် ကွဲထွက်သွားကာ ကောင်းကင်ဆီ တက်လာပြီး အင်းကွက်ဆီ ဦးတည်သွားတယ်။
နောက်ဆုံးတော့ မျက်နှာပြင်မုန်တိုင်းရဲ့ တွင်းနက်ကြီးက အရွယ်အစား လျော့ကျသွားခဲ့တယ်။ အနက်ရောင်အပေါက်က အလယ်ဗဟိုဆီ ကျုံ့သွားခဲ့တယ်။
ဒါပေမဲ့ အဲဒီလူက သူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို ရောက်နေပြီ။ သူ့သဏ္ဌာန်က လျင်မြန်စွာ ပျောက်ကွယ်လာတယ်။ ဒီအတိုင်းဆက်သွားရင်၊ အပေါက်ကို လုံးလုံးလျားလျား မဖြေရှင်းခင် အင်းကွက် ပျောက်သွားလိမ့်မယ်။
ဒီအရေးကြီးတဲ့အခိုက်အတန့်မှာ ထိတ်လန့်တကြားအော်ဟစ်သံတစ်ခု အောက်ကနေ ထွက်ပေါ်လာတယ်။
"ကူညီကြပါ"
စောစောက မြေပြင်တစ်ခုလုံး လှုပ်သွားတာကြောင့် ဖြစ်နိုင်တယ်။ အစိမ်းရောင်ဝတ်ရုံ ၀တ်ထားတဲ့ လူတစ်ယောက်ဟာ မျက်နှာပြင်မုန်တိုင်း ကျရောက်တဲ့ နေရာထဲ ရုတ်တရက် ဝင်ရောက်လာတယ်။ သူက သစ်ပင်တစ်ပင်ကို ပွေ့ဖက်ထားကာ အန္တရာယ်ရှိတဲ့ ဒေသကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲထုတ်ဖို့ ကြိုးစားနေရှာတယ်။
တောင့်ခံထားတယ်ဆိုရုံလေး လူရဲ့မျက်နှာမှာ နာကျင်တဲ့အကြည့် ပေါ်လာတယ်။ သူ စိတ်ပိုင်းဖြတ်လိုက်သလိုမျိုး စွဲနေသလိုပဲ၊ သူ့ကိုယ်ကနေ ချီလွှတ်ထုတ်ပြီး တခြားလူကို ဆွဲတင်လိုက်တယ်။
"အယ်" ဆွဲတင်ခံလိုက်ရတဲ့လူက ရပ်ပြီး သူ့ကိုကြည့်တယ်။
"ကျေးဇူးတင်ပါတယ်၊ ကယ်တင်ပြီး-"
"တောင်းပန်ပါတယ်" သူ့စကားမဆုံးခင် ပထမလူက မကြည့်ဝံ့ဘဲ မျက်လုံးမှိတ်လိုက်တယ်။ ဝိညာဉ်ချီတန်းတစ်ခုက တစ်ဖက်လူရဲ့ နှလုံးသားကို တည့်တည့်တိုးဝင်သွားခဲ့တယ်။
သူ့ကိုယ်သူ ခုခံဖို့ အချိန်တောင် မရလိုက်ဘူး။ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ တွန်းထုတ်ပစ်ခံလိုက်ရတယ်။
ပထမလူက သူ့လက်ကောက်ဝတ်ကို လှည့်လိုက်တော့ တစ်ဖက်လူ ဝိညာဉ်က လင်းလက်သွားတယ်။ တောက်ပနေတဲ့ ဝိညာဉ်က ပထမလူရဲ့ ဖောက်ထွင်းမြင်နေရတဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတယ်။ ဝိညာဉ်နှစ်ခုက တစ်သားတည်းဖြစ်သွားပြီ။ ပထမလူဝိညာဉ်က အဲလောက် ဖောက်ထွင်းမမြင်ရတော့ဘူး။
သူက နောက်ထပ် စည်းတံဆိပ်ကို ပုံဖော်ပြီး အင်းကွက်က တစ်ဖန် ရွှေဝါရောင် တောက်သွားပြန်တယ်။ အပေါက်က အခု အရွယ်အစားကျုံ့တာ ပိုမြန်ဆန်လာတယ်။ မိနစ်ဝက်အတွင်းမှာတင် ကမ္ဘာတစ်ခုလုံးကို ဝါးမျိုဖို့ ခြိမ်းခြောက်နေခဲ့တဲ့ မျက်နှာပြင်မုန်တိုင်းက ပျောက်ကွယ်သွားခဲ့ပြီ။
အင်းကွက်ဖန်တီးထားတဲ့ လူရဲ့ဝိညာဉ်က ယခုအခါ ကွယ်ပျောက်လုနီးပါးဖြစ်နေပြီ။ တိုးညင်းတဲ့ ချွင်ခနဲအသံနဲ့အတူ သူ့ဝိညာဉ်က စောစောကလူလို တောက်ပလာခဲ့တယ်။ နောက်တော့ သူ့ဝိညာဉ်က နှစ်ခြမ်းကွဲသွားပြီး တစ်ခုစီက မေ့ပျောက်ခြင်းမြစ်ထဲသို့ လွင့်မျောသွားတော့တယ်။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ယွင်ဟန့် ။ ။ "..."
သူတို့ ကမ္ဘာကြီးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကယ်ဆယ်မှုကို ကြည့်နေခဲ့တာလား။
ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုနေသူတွေ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့တယ်။ မတူညီတဲ့ ခံစားချက်အမျိုးမျိုး သူတို့နှလုံးသားကို ပြည့်နှက်နေလေရဲ့။ နောက်တော့ သူတို့မျက်လုံးရှေ့က မြင်ကွင်းက တစ်ဖန်ပြောင်းသွားပြန်ခဲ့တယ်။
…