← Chapters

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း ၃၉၇ ။ ပန်းတစ်ပွင့် ပြန်ပြုလုပ်ခြင်း

ကူယွဲ့ မျက်နှာပြင်အချက်အလက်ကို တစ်ချက်ကြည့်ဖို့ ရွှေ့ပြောင်းပြီး နှိုင်းယှဥ်ဖို့ စာအုပ်လေးကို ထုတ်လိုက်တယ်။ အချက်အလက်က ကိုက်ညီပြီး အက်ကွဲကြောင်း ထပ်မပေါ်လာတာ့တာကို တွေ့မှ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ လက်ထောက်အကူစာအုပ် ပြောထားတာ မှန်တဲ့ပုံပဲ။ မျက်နှာပြင်လက်ထောက်က စတည်းက မျက်နှာပြင် ပြုပြင်ဖို့ အစွမ်းရရှိပြီးသား။ ရှန်းရင် သူ့ကို အရင်ကပေးခဲ့တဲ့ ပလာစတာလိုမျိုး အသုံးအဆောင်တွေက ဖြည့်စွက်ပစ္စည်းတွေ ဖြစ်ရုံပဲ။

#လမ်းညွှန်စာအုပ်များဖတ်ခြင်း၏အရေးပါမှု

ယိချင်းလည်း အင်းကွက်တစ်ခုက မျက်နှာပြင်အက်ကွဲကြောင်ကို ဖြေရှင်းနိုင်မယ်မထင်ထားလို့ အနည်းငယ် မှင်တက်သွားခဲ့တယ်။ ဒါပေမဲ့ သေချာပြန်စဥ်းစားကြည့်တော့ ဆရာက အဲ့မျက်နှာပြင် အက်ကွဲကြောင်းကို မုန်လာဥဖြူ သုံးပြီး ပြုပြင်ခဲ့ချိန် အထူးတလည် အသုံးအဆောင်တွေ သုံးခဲ့ပုံ မပေါ်ဘူး။ သူ ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားပြီး ကူယွဲ့ကို ကြည့်လိုက်တယ်။

"ဖေဖေနျို ကျွန်တော်ထင်တာတော့ ခုတလော ဆရာက..."

"ငါသိတယ်" သူစကားဆုံးမှာကို မစောင့်ဘဲ တန်းခေါင်းညိတ်လိုက်တယ်။ သူမြေပြင်ပေါ်က မှိုတက်တစ္ဆေကို လက်ညှိုးနဲ့ထိုးရင်း နှိုးဖို့ကြိုးစားနေတဲ့ ရှန်းရင်ကို ပြန်ကြည့်လိုက်တယ်။ စိုးရိမ်အငွေ့အသက်က သူ့မျက်လုံးထဲ ဖြတ်ပြေးသွားတယ်။

"သူပြောပြချင်တဲ့အချိန်ကျရင် သူ့အလိုလိုပြောပြပါလိမ့်မယ်"

ကူယွဲ့ပျံသန်းလာခဲ့ပြီး လမ်းမပေါ်ကအလောင်းကို ကောက်လာခဲ့တယ်။

"ကိစ္စတွေ ဖြေရှင်းပြီးပြီ ငါတို့ပြန်ကြမယ်"

"အမတဘုံဆီကိုလား" ဘေးက ဂျပုလေးက အံသြသင့်သွားတယ်။

"ဒါပေမဲ့ ဆရာအဒေါ်စစ်ယွီနဲ့ တခြားသူတွေက ဒီမှာရှိသေးတယ်မလား"

"ငါတို့ မှိုတက်... စုန့်ရန်ကို အရင်ဆုံး အမတဘုံဆီ ပြန်ခေါ်သွားမယ်"

စုန့်ရန်ရဲ့ပုံရိပ်ယောင်က မုန်လာဥဖြူရဲ့ဒုဓလီပန်းကနေ ပြုလုပ်ထားပြီးတော့ သက်ရှိဝိညာဥ်ဖြစ်နေတာ။ ခန္ဓာကိုယ်ထဲ ဝင်သွားတာနဲ့ ယာယီပုံရိပ်က ခန္ဓာကိုယ်အစစ်ဖြစ်လာခဲ့တယ်။ တနည်းအားဖြင့်ပြောရရင် သူက အမတခန္ဓာကိုယ် ဖြစ်နေပြီ။ မကျင့်ကြံရသေးတော့ ဒီကမ္ဘာငယ်လေးမှာ ထားလို့မရဘူး ပြန်ခေါ်သွားမှရမှာ။

ကူယွဲ့က စစ်ယွီတို့ဆီကို အသံနဲ့ သတင်းစကားလှမ်းပို့လိုက်ပြီး တစ်ချိန်တည်းမှာပဲ အပေါ်က ဘုံတံခါးကို ဖွင့်လိုက်တယ်။ အခြားသူတွေလည်း တုံဆိုင်းမနေဘူး။ ယိချင်းက ရှန်းရင်ကိုခေါ်ပြီး ဓားပျံပေါ်တက်လာခဲ့တယ်။ ကူယွဲ့က မနိုးသေးတဲ့စုန့်ရန်ကို ဆွဲလိုက်ပြီး တစ်ချက်သာ တုံ့ဆိုင်းသွားကာ အထဲလိုက်ဝင်လာခဲ့တယ်။

သူ ကြားထဲမှာ သူတို့တစ်ခုခုကို မေ့နေသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ဘာလဲဆိုတာတော့ စဥ်းစားလို့မရဘူး။

ထားလိုက်ပါတော့လေ။ အရေးမကြီးလောက်ပါဘူး။

မလှမ်းမကမ်းတွင်...။

နောက်ဆုံးတော့ အငြိုးအတေး စွမ်းအင်ထောင်ချောက်ထဲက ထွက်လာနိုင်ခဲ့တဲ့ အနီနှင့် အမည်းစုံတွဲ ။ ။ "..."

(இдஇ;)

သူတို့နှလုံးသားတွေ နာကျင်လိုက်တာ

______

စုန့်ရန် နိုးလာတယ်။ သူ့ရဲ့အရင်အတွေ့အကြုံကြောင့်ထင် ခန္ဓာကိုယ်က သူ့ဝိညာဥ်ကို ငြင်းဆန်ချက်မရှိ ကွက်တိ ပေါင်းစပ်သွားခဲ့တယ်။ သူက မသေမျိုးချီကို အသုံးပြုရတာ မရင်းနှီးတဲ့အတွက် လူပုံစံကို ထိန်းဖို့ မသေမျိုးချီ ပြောင်းရွှေ့ခြင်းကို အခြားသူတွေဆီက မှီခိုဖို့လိုတယ်။ အဲဒါအပြင်တခြား ပြဿနာ မရှိဘူး။ ဒါပေမဲ့...။

"ခင်ဗျားတို့က ဘယ်သူတွေလဲ..." သူက ရှေ့ကလူတွေကို အူကြောင်ကြောင်ကြည့်တယ်။ ပြီးတော့ သူ့ကိုယ်သူကြည့်တယ်။

"ကျွန်တော်... ကျွန်တော်က ဘယ်သူလဲ"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ကူယွဲ့အမူအရာက အနည်းငယ်ပြောင်းသွားခဲ့တယ်။ သူ ခေါင်းစခြေဆုံး သေချာကြည့်လိုက်တယ်။

ယိချင်းဆို သူ့လက်ကိုတောင်ဆွဲပြီးတော့ နတ်ဘုရားစွမ်းအင်အနည်းငယ်ကိုထုတ်ကာ မူလဝိညာဥ်ပါ စစ်ဆေးကြည့်လိုက်တယ်။ အတော်ကြာတော့ သူကခေါင်းယမ်းတယ်။

"သူအဆင်ပြေပါတယ်"

သူ့ဝိညာဥ်ကနေ အငြိုးအတေးစွမ်းအင်ဖြစ်လာတဲ့ အရိပ်အယောင်မရှိဘူး။

အဲ့တော့မှ အားလုံးစိတ်သက်သာရာ ရသွားခဲ့တယ်။ အရင်တစ်ခေါက်လို အငြိုးအတေးစွမ်းအင်ကြောင့် မှတ်ဥာဏ် ပျောက်သွားတယ်ထင်နေခဲ့တာ။ အခုကြည့်တော့ သူက လွှတ်ချလိုက်ပြီထင်တယ်။ ယွင်ဟန့်ရဲ့ ဝိညာဥ်လွင့်ပျောပ်မှု အရဲစွန့်ခြင်းကနေ ရလာခဲ့တဲ့ ပြန်လည်ဝင်စားမှုက နောက်ဆုံးတော့ ခွင့်လွှတ်ပေးပြီး ကိုယ့်ကိုယ်ကိုလည်း လက်လွှတ်စေနိုင်ခဲ့တယ်။ အခုတော့ အားလုံးကို မေ့သွားတာက ပုံမှန်ပါပဲ။

"မင်းတကယ် ဘာမှမမှတ်မိဘူးလား"

သူ့အမူအရာက ပိုတောင် အူကြောင်ကြောင်ဖြစ်နေတယ်။ အချိန်အတော်အကြာတွေးပြီးတဲ့ နောက်မှာ သူကခေါင်းယမ်းနေဆဲ။

"ကျွန်တော်က ဘယ်သူလဲ၊ ဒါကရော ဘယ်နေရာလဲ"

"ဒါက ဝူတိဂိုဏ်း ကောင်းကင်နန်းတော်၊ မင်း..." ကူယွဲ့ တုံ့ဆိုင်းပြီးတော့ အချိန်အတာ်ကြာမှ ပြောလိုက်တယ်။

"မင်းက ငါတို့ဝူတိဂိုဏ်းကခေါ်ထားတဲ့ တပည့်အသစ်ပဲ၊ ကြားထဲ မင်းကျင့်ကြံမှုတစ်ခု မှားသွာပြီး... ဒဏ်ရာအသည်းအသန် ရသွားခဲ့တာ၊ အဲ့ဒါကြောင့် မင်းခန္ဓာကိုယ်ကို သုံးလို့မရဘူး၊ ငါတို့မင်းကို ဒုဓလီပန်းနဲ့ ချိတ်ဆက်လိုက်တာ အားလုံးအဆင်ပြေသွားပြီ၊ ခုကနေစပြီးတော့ သေသေချာချာ ကျင့်ကြံတော့"

"ကျွန်တော်က... ဒုဓလီပန်းလား" သူ့ကြည့်ရတာ အရမ်းအံ့သြသွားပေမဲ့ သံသယဝင်ပုံတော့ မပေါ်ဘူး။

"ဒါဆို ခင်ဗျားတို့ကရော"

"ငါတို့က မင်းရဲ့ဆရာနဲ့ အကြီးအကဲတွေပေါ့၊ ငါကဒီဂိုဏ်းကတာဝန်ရှိသူ ကူယွဲ့"

သူက ဘေးကနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်တယ်။

"ဟိုမှာ အသီးကို စားနေသူက ဂိုဏ်းချုပ်၊ အသီးကမ်းပေးနေသူက စား- အကြီးအကဲယိချင်း၊ ငါခဏနေကျ ဂိုဏ်းက အခြားသူတွေနဲ့ ရင်းနှီးအောင်လုပ်ဖို့ မင်းကို ခေါ်သွားမဲ့လူ လွှတ်လိုက်မယ်"

အဲ့တော့မှ သူက ခေါင်းညိတ်တယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ ဇဝေဇဝါဖြစ်နေသေးတဲ့ပုံပဲ။

သူတစ်ခု မေးမလို့ရှိသေး တံခါးတွန်းပွင့်သွားပြီး အသံအကျယ်ကြီးထွက်လာတယ်။

"မမလေး" ဟင်းသီးဟင်းရွက်တစ်ခုက ဗုံးခွံကြီးလို ဝင်လာတယ်။ အခန်းကိုဝေ့ဝဲကြည့်ပြီး နောက် သူ့အကြည့်က ရှန်းရင်ဆီ ရောက်သွားတယ်။ "နောက်ဆုံးတော့ပြန်ရောက်လာပြီပဲ"

သူတို့ဆီကို ရောက်ခါနီးကိုမြင်တော့ ဘေးက ယိချင်းက ခြေတစ်ဖက်ကို အင်မတန်တည်ငြိမ်စွာ သဘာဝကျစွာပဲ ရှေ့ထုတ်ပစ်လိုက်တယ်...။

မုန်လာဥရဲ့ခြေထောက်က ဟန်ချက်ပျက်သွားပြီး ဘန်းကနဲ မြေကြီးပေါ် ကျသွားတယ်။ သူ့လက်ထဲကိုင်ထားတဲ့ ဒုဓလီပန်းတွေက ချက်ချင်းအခန်းတစ်ခုလုံးကို ပျံဝဲထွက်သွားတယ်။

မုန်လာဥဖြူကြည့်ရတာ ဒါကိုသိသိသာသာ ကျင့်သားရနေပုံပဲ။ သူကလက်ထဲက ပန်းရိုးတံတွေကို လွှတ်ပစ်ပြီး မတ်တတ်ထရပ်ဖို့ အင်မတန် ပျင်းလွန်းဟန် ရှန်းရင်ရဲ့ဝတ်ရုံထောင့်စွန်းကို ဆွဲလိုက်တယ်။

"မမလေး မုန်လာဥဖြူက အရမ်းလွမ်းနေတာ၊ ဒီမှာ မရှိတော့ ရေလောင်းပေးမဲ့သူ ဘယ်သူမှမရှိဘူး ကြည့်ကြည့်..." သူကသူ့ဆံပင်ကို ဆွဲပြီးတော့ သနားစရာ အမူအရာလုပ်တယ်။

"သစ်ရွက်တွေတောင် အဖျားကွဲထွက်နေပြီ"

ရှန်းရင်က လက်ထဲက အသီးကို ပြီးအောင်စားပြီးမှဖြေလိုက်တယ်။

"အိုး"

"မမလေး ဘယ်လိုလုပ် အလွယ်တကူ ထွက်သွားပြီးတော့ ကစားဖို့ မုန်လာဥဖြူကို မခေါ်ဘဲ ထွက်သွားရတာလဲ" သူကပိုလို့ မကျေမချမ်းဖြစ်လာတယ်။

"မှိုတွေတောင်မှ မုန်လာဥဖြူပေါ်မှာ ပေါက်တော့မယ်၊ ဟိတ် ဒီရုပ်ဆိုးဆိုးဟက ဘာကြောင့် ပြန်ရောက်လာတာလဲ" သူက စုန့်ရန်ကို ခေါင်းအစခြေအဆုံးကြည့်ပြီး ရွံရှာဟန်နဲ့။ မမလေး ဟုန်အာရဲ့ ယှဥ်တွဲကျင့်ကြံခြင်း အခမ်းအနားကို ဖျက်ဆီးခဲ့တဲ့လူကို မှတ်မိတယ်။

ဒါသူမုန်းတဲ့လူဆိုတာ အကြည့်တစ်ချက်နဲ့ အတည်ပြုလိုက်တာပေါ့။

"မင်းအချိန်ကောင်းမှာရောက်လာတာပဲ" ကူယွဲ့ရှေ့ထွက်ပြီးပြောလိုက်တယ်။

"အခု သူက ငါတို့ဂိုဏ်းရဲ့ တပည့်ပဲ၊ သူ့ကို ဂိုဏ်းကကိစ္စတွေနဲ့ ရင်းနှီးအောင်ခေါ်သွားပေးလိုက်၊ ဒါနဲ့ သူ့ကိစ္စတွေ လန်ဟွားကို စီစဥ်ခိုင်းလိုက်"

"မသွားဘူး" မုန်လာဥဖြူက ချက်ချင်း တန်းငြင်းတယ်။

"မမလေးမှ မဟုတ်တာ သူ့ကို လုံးဝသဘောမကျဘူး"

"..."

ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်သွားပြီးတော့ ဒီမုန်လာဥဖြူကို ချက်သာပစ်လိုက်ချင်တော့တယ်။

"သူ့ကိုယ်အစစ်ကလည်း အပင်‌ပဲ၊ အဲတော့ မင်းတို့က အမျိုးအစားတူတူပဲလေ၊ မင်းမှ ဂရုမစိုက်ရင် ဘယ်သူကဂရုစိုက်မလဲ"

"အာ တကယ်" မုန်လာဥဖြူကတစ်ခဏတာ ရပ်သွားပြီး မတ်တတ်ရပ်ကာ တစ်ဖက်လူကို သေချာကြည့်တယ်။ တကယ်ပဲသူ့ကိုယ်ပေါ်က ဟင်းသီးဟင်းရွက် ဝိညာဥ်ကိုခံစားရပြီး သိပ်ကိုမှ ရင်းနှီးနေတယ်။ ရုတ်တရက် အဲလူက ရုပ်မဆိုးတော့သလို ခံစားရကာ ပိုပြီးတော့တောင် သေသေချာချာ စိုက်ကြည့်တော့တယ်။

"ဒါ... ဒါက" စုန့်ရန်စိုက်ကြည်ခံနေရလို့ အနေရခက်သွားတယ်။ သူ အလိုလိုဘေးက ကူယွဲ့ကို ကြည့်လိုက်တယ်။

"မင်းမမှတ်မိလို့ သူက မုန်လာဥဖြူ" သူသေချာစဥ်းစားပြီးမှ စကားတစ်လုံးပြောလိုက်တယ်။

"သူက ဂေဟာအိမ်မွေးပဲ"

"ဂေဟာအိမ်မွေးဆိုတာ ဘာကြီးလဲ"

"သူက မင်းနဲ့ မူလဇာစ်မြစ်တူတယ်၊ ကျင့်ကြံခြင်းနဲ့ပ တ်သက်ရင်တော့ မင်းသူ့ကို...၊ ထားလိုက်တော့ မင်းလန်ဟွားကိုပဲ မေးလိုက်လို့ရတယ်" မုန်လာဥဖြူရဲ့ ပြဿနာရှာတဲ့စရိုက်ကို တခြားသူကိုကူးစက်စေပြီး ဆိုးဝါးအောင်လုပ်ခိုင်းလို့မဖြစ်ဘူး။

"ဟုတ်သား မုန်လာဥဖြူက မင်းခန္ဓာကိုယ်ကို ပေးခဲ့တာ"

"ကျွန်တော့်...ခန္ဓာကိုယ်" စုန့်ရန်က ထိတ်လန့်သွားပြီး မုန်လာဥဖြူကို မယုံနိုင်မှုအပြည့်နဲ့ ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေ ပြူးသွားပြီး ရှုပ်ထွေးနေတဲ့ ခံစားချက်မျိုးစုံက သူ့မျက်လုံးထဲမှာမီးလို လျှပ်စီးလို ဖြတ်ပြေးသွားတယ်။ အချိန်အတန်ကြာတော့ သူက အသည်းအသန်ခေါင်းညိတ်ပြီး ဖြေတယ်။

"သဘောပေါက်ပြီ"

နောက်တော့ သူက ရှေ့တက်ကာ အံကြိတ်လိုက်တယ်။ သူစိတ်ပိုင်းဖြတ်ပြီးသလိုမျိုး မုန်လာဥဖြူဘက် လှည့်ကာ လက်သီးဆုပ်ပြီးခေါ်လိုက်တယ်။

"အဖေ"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

မုန်လာဥဖြူ ။ ။ "..."

(゚Д゚≡゚Д゚)

သောက်ကျိုးနည်း

…

အခန်း ၃၉၈ ။ အနီနဲ့အနက် စုံတွဲ

မမလေးဆီ ပန်းတွေ ပို့ပေးတဲ့သူ့ရဲ့ နေ့စဥ်တာဝန်က သားတစ်ယောက်ရသွားတာနဲ့ အဆုံးသတ်သွားမယ်လို့ မုန်လာဥဖြူ မထင်ခဲ့ဘူး။ အကြီးတစ်ယောက်အနေနဲ့ လိင်အမျိုးအစားခွဲခြားတဲ့ အလှအပကိုးကွယ်သူတစ်ယောက်တဲ့ မုန်လာဥဖြူက ဒီရုတ်တရက်ရလာတဲ့သားကို သဘောမကျမှုအချို့ ခံစားခဲ့ရတယ်။ အဓိကကတော့ မမလေးတစ်ယောက် မဟုတ်လို့ပေါ့။

ဝူတိဂိုဏ်းရဲ့တပည့်ရာချီတွေကြားမှာ ပထမဆုံး သားတစ်ယောက်ရတဲ့သူလို့ ကူယွဲ့က သူ့ကိုပြောတော့မှ နန်းတော်ကြီးတစ်ခုလုံးမှာ ထူးခြားတန်ဖိုးရှိတဲ့ တစ်ယောက်တည်းသောအနေနဲ့ သူ့ဒေါသတွေကို လျော့သွားခဲ့တယ်။ သူက အဲ့ဒုဓလီပန်းကို ပျော်ပျော်ရွှင်လက်ခံပြီး သူ့မှာရှိသမျှ အကုန်သင်ကြားပေးဖို့ ရည်ရွယ်နေတဲ့ပုံပဲ။

စုန့်ရန်ရဲ့ မှတ်ဥာဏ်ပျောက်ဆုံးမှုကြောင့် သူက သူ့ကိုယ်သူ အပင်ဝိညာဥ်ဆိုတဲ့ကိစ္စကို အလွန်အလွယ်တကူပဲ လက်ခံခဲ့တယ်။ နေ့တိုင်း သူက မုန်လာဥဖြူနောက်လိုက်ပြီး လျှောက်သွားတယ်။ သူတို့တွေက နေရာတိုင်း ကြိုးကြာတွေကို လိုက်အနိုင်ကျင့်ရုံတင်မကဘူး နေ့တိုင်းအနောက်တောင်က တွင်းထဲမှာ သူတို့ကို ရေလောင်းမဲ့သူတွေကို မုန်လာဥဖြူနဲ့အတူ လိုက်ထိုင်စောင့်တယ်။

မကြာခင်မှာပဲ တစ်ဂိုဏ်းထဲက တပည့်တွေက ပြဿနာတစ်ခုပြီးတစ်ခုရှာဖို့အတွက် မုန်လာဥဖြူနဲ့အတူ နောက်ထပ် ဒုဓလီပန်းတစ်ခု ပါဝင်လာပြီဖြစ်ကြောင်း သိလိုက်ရတယ်။ နေ့တိုင်းသူတို့က ဝိညာဥ်သားရဲတွေရဲ့အမွေးကို နုတ်ရင်နုတ် မနုတ်ရင် အမတဆေးမြစ်တွေရဲ့ ပွင့်နေတဲ့ပန်းပွင့်တွေကို ခူးကြတယ်။

ကူယွဲ့က စုန့်ရန်ရဲ့ ကျင့်ကြံစဥ်က အရမ်းမြန်နေမှာကို စိုးပြီး နှစ်ယောက်သားရဲ့ ပတ်သက်မှုကို လက်ခံလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် သံသယဖြစ်မိလာတယ်။ ဒါပေမဲ့ ဂိုဏ်းထဲမှာ ကိစ္စတွေ များလွန်းလို့ သူ နောက်ထပ် တွေးနေဖို့အချိန်မရှိ။ ပြီးတော့ သူ အဲဒီ ကမ္ဘာငယ်လေးတွေဆီ ဆင်းဆင်းသွားပြီးတော့ အဲဒီကျင့်ကြံသူတွေရဲ့ သင်ကြားမှုအခြေအနေကိုလည်း စစ်ဆေးရသေးတယ်။ ဒါကြောင့် ပိုတောင်မှ အချိန်မရှိဘူး။

မေ့ပျောက်မြစ်ကိစ္စဖြေရှင်းပြီး အဲကမ္ဘာရဲ့ဝိညာဥ်ချီက ပြန်ကောင်းမွန်လာလို့ တာအိုသင်ကြားမှုနဲ့ ကျင့်ကြံခြင်းကိစ္စတွေက သေချာပေါက်ဆက်ပြီးတော့လုပ်ရမှာပေါ့။ မဟုတ်ရင် သူတို့က မေ့ပျောက်မြစ်ကို သွားပြဿနာရှာပြီး နောက်တစ်ကြိမ် အကြွင်းအကျန်ဝိညာဥ်တွေနဲ့ပြည့်နေတဲ့ မြောက်ပိုင်းမြေအဖြစ် ဖန်တီးရင် တကယ်ကိုအလုပ်ရှုပ်တော့မှာ။

ဂိုဏ်းထဲမှာ စစ်ယွီက ဂျပုလေးနဲ့ လန်ဟွားတို့အပြင် ကျင့်ကြံမှု အမြင့်ဆုံးဖြစ်တဲ့ တပည့်ပဲ။ အခုသူမက အဆင့်မြင့်အမတကျင့်ကြံခြင်းလမ်းစဥ်ကို တစ်ဝက်ရောက်နေပြီ။ သူမသာ ရှိရင် ကူယွဲ့စိတ်ချနိုင်တယ်။ ဒါပေမဲ့သူတို့အောက်ဘုံဆီရောက်တာနဲ့ လူအင်အားက ပြတ်လက်နေသေးတယ်။ ပြီးတော့ တိုက်ကြီးတွေကြား ရာစုနှစ်မှာမှတစ်ခါ အမတအပင်ဖလှယ်မှုအချိန်မလို့ ကူယွဲ့တစ်ယောက် မြေကြီးကိုတောင် မထိနိုင်သလို ခံစားရတယ်။ အဲတော့မှနားလည်လိုက်တာက တစ်ခုခု ပျောက်နေတယ်ဆိုတာကိုပဲ။

"Holy shit"

ယွီဟုန်က အောက်ဘုံမှာပဲ ရှိနေသေးသည်ဆိုတာကိုပင်။ သူ လူအင်အားပြတ်လပ်နေတယ်လို့ ခံစားရတာ မဆန်းတော့ဘူး။ ဒီတော့မှ အောက်ဘုံမှာ လပေါင်းများစွာ ပိတ်မိနေခဲ့တဲ့ အနီနဲ့ အမည်း စုံတွဲက ပြန်ခေါ်လာခြင်းခံရတယ်။

"ဆိုလိုတာက မင်းတို့တွေ မြောက်ဘက်ဘုံမှာ အငြိုးအတေးစွမ်းအင်တွေ ပိတ်ထားတာကို ခံခဲ့ရတာလား"

ကူယွဲ့က အခုခေါ်လာခံရပြီးနောက် ပင်ပန်းနေပုံရတဲ့ စုံတွံကိုကြည့်လိုက်တယ်။"အကြီးအကဲ..."

ယွီဟုန့်အမူအရာက လုံးဝကို အရှက်ရနေတယ်။

"ကျွန်မရဲ့ သင်ယူမှု မပြည့်ဝမှုကြောင့် အငြိုးအတေးစွမ်းအင်တွေရဲ့ ပိတ်လှောင်ခြင်း ခံထားရတာပြီး သတင်းစကားပြန်မပို့ပေးနိုင်တာ၊ ဂိုဏ်းချုပ်နဲ့ အကြီးအကဲ ကျွန်မကိုအပြစ်ပေးပါ"

"အချစ်၊ ဒါမင်းကိုဘယ်လိုလုပ်အပြစ်တင်လို့ရမှာလဲ"

ကူယွဲ့ စကားကို မပြောခဲ့။ အမည်းလေးက ချက်ချင်း စိတ်ဖိစီးဟန်ဖြင့် ပြောလာတယ်။

"အငြိုးအတေးစွမ်းအင်က ဒီလောက်ထိပြင်းထန်ခဲ့မယ်ခို့ ဘယ်သူကထင်ခဲ့မှာလဲ၊ ကိုယ်တို့တွေ မတုံ့ပြန်နိုင်သေးဘဲ အောက်ဘုံကို ပို့ခံရပြီး အဲဒီသွေးသံရဲရဲနေရာမှာ ပိတ်မိနေတာလေ"

"ဒါပေမဲ့ ကျွန်မ ကျင့်ကြံစဥ်သာလုံလောက်ရင် ကျွန်မတို့နှစ်ယောက်လုံး လုံးဝအစွမ်းမရှိဘဲ ဂိုဏ်းချုပ် အောက်ကိုဆင်း လိုက်ရှာရတဲ့အထိ ပြဿနာပေးခဲ့မှာ မဟုတ်ဘူး" ယွီဟုန်က အရှက်ရမှုအပြည့် ဖြစ်နေသေးတယ်။ "မင်းအဲ့လိုပြောတော့ ဒီကိစ္စက ယောကျ်ားဖြစ်တဲ့ ကိုယ့်ကိုအပြစ်တင်သင့်တာပေါ့"

အမည်းလေး ကသူ့လက်ကိုယူပြီး အားတုံ့အားနာ ပြောတယ်။

"ကိုယ် မင်းကို သေချာမကာကွယ်မိလို့ အဲ့အငြိုးအတေးစွမ်းအင်ပိတ်မိတာ ခံရတာ၊ အပြစ်ပေးရမယ်ဆိုရင် ကိုယ်ပဲဖြစ်ပါစေ"

"အမည်းလေး" ယွီဟုန်က သူ့ကိုစိုက်ကြည့်တယ်။

"ဒါကျွန်မတို့ဂိုဏ်းထဲက ကိစ္စပါ၊ ရှင်ဝင်မပါ ပါနဲ့ဦး"

"ကိုယ်ဂရုမစိုက်ဘူး" အမည်းလေးက သူကို့ပိုပြီးတော့ တင်းတင်းကြပ်ကြပ်ကိုင်ပြီး ထပ်ပြောတယ်။

"ကိုယ်မင်းကိုလက်ထပ်လိုက်တာနဲ့ ကိုယ်ကလည်း ဝူတိဂိုဏ်းထဲကသူပဲ၊ ကိုယ်အသက်ရှင်နေတဲ့ချိန် ကိုယ်က မင်းရဲ့နတ်ဆိုး၊ ကိုယ်သေသွားတဲ့အချိန်ကျရင် မင်းရဲ့သေနေတဲ့နတ်ဆိုး အပြစ်ပေးခံရရင် ကိုယ်တို့အတူတူ အပြစ်ပေးခံမယ်..."

"ဟုတ်ပြီ ဟုတ်ပြီ...တော်လောက်ပြီ..." ကူယွဲ့ ရိုနေတဲ့စုံတွဲကို ကြားဖြတ်မပြောဘဲ မနေနိုင်တော့ဘူး။

"မင်းတို့တွေ မင်းတို့အချစ်ကို ကြွားချင်ရင် အိမ်ရောက်မှလုပ်လို့ရမလား၊ ငါတို့မကြားချင်ဘူး၊ ယွီဟုန် မင်းဆိုလိုတာက အောက်ဘုံက ဒီလထဲမှာ မင်းမြောက်ပိုင်းကနေ တစ်ချိန်လုံးမထွက်ဘဲနဲ့ ပိတ်မိနေခဲ့တာပေါ့"

"ဟုတ်ကဲ့" ယွီဟုန် ခေါင်းညိတ်ပြလိုက်တယ်။

"ယွင်ချီတွေက နေရာတိုင်းမှာပဲ ကောင်းကင်နယ်မြေကိုတောင် မမြင်ရဘူး၊ အမည်းလေးရာ ကျွန်မရော အဲ့ယွင်ချီတွေကို မရှင်းထုတ်နိုင်ကြဘူး၊ ယွင်ချီထဲကိုလည်း ပြေးမထွက်ရဲဘူး"

"ဒါဆို မင်းတို့ထိခိုက်ဒဏ်ရာရသေးလား" ကူယွဲ့ရင်ထိတ်သွားတယ်။ သူတို့ကိုအောက်ဘုံဆီ ဆွဲချခဲ့တာပ စုန့်ရန်ရဲ့ အငြိုးအတေးစွမ်းအင်၊ အဲဒီအငြိုးအတေးစွမ်းအင်က အမတဘုံဆီကို ပြည့်တက်လာနိုင်တာ ထူးခြားတဲ့ပုံပဲ။ အမည်းလေး မပြောနဲ့ ယွီဟုန်ရဲ့ကျင့်ကြံအဆင့်နဲ့ဆိုရင်တောင် တောင့်ခံဖို့က နည်းနည်းတော့ ခက်ဦးမှာပဲ။ အဓိကအချက်က သူအဲ့မှာ လပေါင်းများစွာပိတ်မိနေခဲ့တာ။

"အဲ့ဒါကတော့ ကျွန်မ...ဒဏ်ရာမရခဲ့ပါဘူး" သူမက တစ်စုံတစ်ရာ မှတ်မိသွားပုံပေါ်ပြီး မျက်နှာနီသွားတယ်။ သူမကဘေးက အမည်းလေးကို ကြည့်ပြီး ဆက်ပြောတယ်။ "ကံကောင်းတာက အမည်းလေးမှာ ဓမ္မရတနာတစ်ခုရှိပြီး၊ အဲ့ဒါက ဆန်းကြယ်ဘုံအငယ်လေးတွေကို ယာယီဖွင့်နိုင်တယ်၊ ဒါကြောင့်...ဒီလအနည်းငယ်မှာ အငြိုးအတေးစွမ်းအင်ရဲ့ထိခိုက်တာ အန္တရာယ်ပေးတာတွေကိုမခံရဘဲ အဲဒီဘုံလေးထဲမှာ နေခဲ့တာပါ၊ နောက်ပိုင်းကျတော့ ပတ်ဝန်းကျင်က ယွင်ချီတွေပျောက်သွားတာ အာရုံခံမိတော့မှ ထွက်ခဲ့တာပါ" သူတို့ဒဏ်ရာမရတာ တော်သေးတာပေါ့။ ကူယွဲ့စိတ်ချသွားတယ်။

" စိတ်ချပါ အချစ်ရေ" အမည်းလေးက ပန်းတစ်ပွင့်လို တောက်ပစွာပြောတယ်။ "ကိုယ်သာရှိနေရင် မင်းကို နည်းနည်းလေးတောင် ထိခိုက်ဒဏ်ရာမရစေဘူး" အဲ့လိုပြောပြီး သူက သူမလက်ကိုဆွဲကာ အနမ်းတစ်ချက်တောင် ပေးလိုက်သေးတယ်။ ယွီဟုန့်မျက်နှာကပို တောင်နီရဲသွားတယ်။ သူမက သူ့ကို ပြန်ကြည့်လိုက်တယ်။ သူတို့ မျက်လုံးချင်းဆုံသွားတဲ့အခိုက်အတန့်မှာ ပန်းရောင်ဖူဖောင်းလေးတွေ လေထဲမှာ ပေါ်လာသလိုပဲ။ လူတိုင်းက ချိုမြမှုကို ခံစားလိုက်ရတယ်...။ ကူယွဲ့ နှုတ်ခမ်းထောင့်တွန့်သွားပြီး လက်တစ်ဖက်အမြန်ယမ်းကာ လူအုပ်ကြီးကိုနှင်ထုတ်လိုက်တယ်။

"ဟုတ်ပြီ ဟုတ်ပြီ၊ မင်းတို့နှစ်ယောက် အမြန်ပြန်နားတော့ ယွီဟုန် နေ့လည်ဘက်ကျရင် အဲဒီအမတဆေးမြစ်တွေကို သွားစစ်ဖို့ သတိရဦး"

"ဟုတ်ကဲ့ အကြီးအကဲ" နှစ်ယောက်သား နောက်တစ်ကြိမ် အကြည့်ချင်းဖလှယ်ကာ ခန်းမထဲကနေ လက်ချင်းတွဲပြီး ထွက်သွားတော့တယ်။ ချက်ချင်းပဲ ပွဲကြည့်ခန်းမတစ်ခုလုံးမှာ ပန်းရောင်အငွေ့အသက်တွေ ပြည့်သွားတော့တယ်။ အပေါ်မှာထိုင်နေတဲ့ ရှန်းရင်က မျက်လုံးမှေးကာ သူ့ဘေးမှာ သူမရဲ့ ဝတ်စားဆင်ယင်ပုံကို ဝေဖန်ပြီး ဓမ္မဝတ်ရုံတွေ အတင်းအကြပ် ပေးနေတဲ့ သူဌေးလန်ဆီကို လှည့်ကာပြောလိုက်တယ်။

"သူဌေးလန် ဘာလဲ အငြိုးအတေးစွမ်းအင်က နတ်ဆိုးချီထက် ပိုပြီးတော့ အစွမ်းကြီးတယ် မဟုတ်လား၊ မင်းနောက်နေတာပဲ ဖြစ်ရမယ်" သူ့အမူအရာက ဂုဏ်ယူနေတဲ့ပုံ။

"ကမ္ဘာတစ်ခုလုံးက ယွင်ချီတွေကြားထဲမှာ ဘယ်ဟာက နတ်ဆိုးချီကို ယှဥ်နိုင်လို့လဲ၊ အဲဒီယွင်ချီနဲ့ အငြိုးအတေးစွမ်းအင်တွေဆိုတာက နတ်ဆိုးမျိုးနွယ်ရဲ့မျက်လုံးထဲမှာတော့ ကစားစရာတွေလိုပဲ။ နတ်ဆိုးချီ သုံးပြီး အချိန်မရွေး ဖယ်ရှားပစ်လို့ရတယ်"

"အို~~~~" ရှန်းရင်က အသံကို တမင်ဆွဲပြီး အသီးတစ်လုံးကို ပေါ့ပေါ့ပါးပါးကိုက်လိုက်တယ်။ ဒါပေမဲ့ တံခါးဝကိုရောက်ခါစ လူနှစ်ယောက်ကတော့ ခြေလှမ်းတွေရပ်တန့်သွားတယ်။ ပတ်ဝန်းကျင်က ပန်းရောင်ဖူဖောင်းတွေက ချက်ချင်းပဲပေါက်သွားတယ်။ ယွီဟုန့်ကိုယ်ထဲက အေးစက်တဲ့အရှိန်အဝါတွေ ဆက်တိုက်ထွက်လာပြီးတော့ ဘေးနားကအမည်းလေးဆီ ပြေးဝင်သွားတယ်။

"အာ... အချစ်... "အမည်းလေးရဲ့ နှလုံးသားလေး တုန်ရီသွားပြီးတော့ သူ့ရဲ့ခြေထောက်တွေ ချက်ချင်းပျော့ခွေသွားတယ်။

"အချစ်ကို ယ်ရှင်းပြပါရစေ"

"အမည်းလေး" ဟိန်းသံအကျယ်ကြီးက ချက်ချင်းထွက်ပေါ်လာပြီး ခန်းမကြီးတောင်တုန်ရီသွားတယ် ယွီဟန့်ရဲ့ နဂိုနူးညံ့တဲ့ ပုံသဏ္ဌာန်က ချက်ချင်းကို သံဘာဘီရုပ်အဖြစ် ပြောင်းသွားတယ်။

"ရှင်ကျွန်မကို လိမ်ရဲတယ်" အဲ့လိုပြောပြီး သူမက ဘေးမှာ တုန်ရီနေတဲ့နတ်ဆိုးဘုရင်ကို ဆွဲယူကာ အပြင်ကို တန်းလွှတ်ပြစ်လိုက်တယ်။ "အချစ်ကလေး..." သူစကားမဆုံးခင် နောက်အခိုက်အတန့်မှာ ကောင်းကင်ဝင်ရိုးစွန်းပေါ်က အစက်အပြောက်အမည်းလေးအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ယွီဟုန့်ရဲ့ သဏ္ဌာန်လည်း ဖျတ်ခနဲ လက်သွားပြီး တံခါးကနေ ပျောက်သွားတယ်။ သေချာပေါက် သူ့ကို ထုထောင်းဖို့ လိုက်သွားတာ အသိအသာကြီး၊ ခန်းမက ရုတ်တရက် တိတ်ဆိတ်သွားတယ် ...။ အကြည့်၃ခုစုံကာ အပေါ်က အစားသရဲကို တူတူကြည့်လိုက်ကြတယ်။

"ဘာလဲ" ရှန်းရင်က လုံးဝကို အပြစ်ကင်းတဲ့ပုံ၊ ဘာမှမသိတဲ့ပုံစံနဲ့ပင်။

"ညစာအတွက်အချိန်လား" ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။

"ဘဝက ခဲယဥ်းနေပြီကို အမှန်တရားတွေ မဖော်စမ်းနဲ့ ဟုတ်ပြီလား"

"ဟမ်"ရှန်းရင်က ခေါင်းစောင်းသွားတယ်။

"ဘာမှမဟုတ်ဘူး ဆက်စားတော့"

အမည်းလေးက အရမ်းကို သနားစရာကောင်းပေမဲ့ စိတ်လှုပ်ရှားမှု ကိုခံစားလိုက်ရတယ်။

"ဘာဖြစ်တာပါလိမ့်"

"အို" နောက်တော့သူမက အသီးကိုဆက်စားကာ ပိုပြီးတော့တောင် အရသာရှိလာသလို ခံစားလိုက်ရတယ်။

…

အခန်း ၃၉၉ ။ ဆောင်းခိုခြင်း

ဒီထုထောင်းမှုအပြီး ငမည်းလေးက တစ်လတိတိ ဂိုဏ်းထဲပေါ်မလာတော့ဘူး။ ယွီဟုန် တကယ်ကို အတော်လေး ဒေါသထွက်နေတဲ့ပုံပဲ။ ငမည်းလေး တိတ်တိတ်လေး ပြန်လာချင်တဲ့အချိန်တိုင်း သူမက ရှာတွေ့ပြီး သူ့ကို အညှာအတာမရှိ ပစ်ထုတ်တယ်။ သူမနဂိုဆက်သွယ်နေကျ နတ်ဆိုးမျိုးနဲ့ အခြားအဖွဲ့ဝင်တွေ မျက်နှာတောင် မထောက်တော့ဘူး။

ကူယွဲ့နောက်ဆုံးတော့ နည်းနည်းအားလာခဲ့တယ်။ သူနဂိုတုန်းက ဒီလက်ထပ်ခါစမောင်နှံကို မင်္ဂလာဦးအားလပ်ရက် ပေးရမယ်ထင်ခဲ့တာ ခုကြည့်ရတာတော့ စိုးရိမ်စရာမလိုတော့သည့်ပုံပဲ။

ဂိုဏ်းထဲကကိစ္စတွေကို ဖြေရှင်းပြီးပေမဲ့ နောက်ထပ်ကိစ္စတစ်ခုပေါ်လာခဲ့တယ်။ ရှန်းရင်က စားပွဲပေါ်က ရောင်စုံငှက်ကြီးတစ်ကောင်ကို ပုတ်လိုက်တယ်။ "ဟုန်မုန့်ပို့လိုက်တာ၊ ဒါသူတို့မျက်နှာပြင်မှာ ပထမဆုံးပေါ်လာတဲ့ ဇာမဏီငှက်တဲ့" ကူယွဲ့က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်တယ်။

"ဇာမဏီတဲ့လား " ရှန်းရင်က စားဖိုမှူးဘက် ချက်ချင်းလှည့်သွားတယ်။

"အမ် ပုံစံပဲတူတာပါ" ယိချင်းက စားပွဲပေါ်က ငှက်ကိုလှမ်းကြည့်လိုက်တယ် ။

"ဒါက အသိစိတ်မရှိတဲ့ သားရဲပဲ၊ အများဆုံးမှ ငှက်ကြီးတစ်ကောင်ပေါ့"

ရှန်းရင် မျက်လုံးမှေးလိုက်တယ်။

"ဒါဘာအတွက်လဲ"

"ထူးခြားတဲ့အစွမ်းတချို့ရှိတယ်လို့ ကြားတယ်၊ ဟုန်မုန့်က အရင်နောက်ဆုံးတစ်ခေါက်အတွက် မင်းကို ကျေးဇူးတင်ဖို့ပို့လိုက်တာ"

"ငါ့အတွက်လား" ဒါစားစရာလား။

( ̄『̄)

"အင်း" ကူယွဲ့က ခေါင်းညိတ်ပြလိုက်တယ်။ ဟုန်မုန့်အုပ်စုကို သူတို့မျက်နှာပြင်ဆီ ပို့ပေးပြီးတညိးက သူတို့ ကအချိန်နဲ့အမျှ လက်ဆောင်တွေပို့ပေးတတ်တယ်။ တစ်ခုရှိတာက သူတို့မျက်နှာပြင်က ခုမှဖွင့်ခါစမို့ ထူးထူးခြားခြားမရှိရုံပဲ။ သူတို့သက်ရှိကို မြင်ဖူးတာ ပထမဆုံးအကြိမ်လေ။ ဒါပေမဲ့ဒီငှက်က ဘာအတွက်ကောင်းလဲ ဆိုတာတော့ သေချာမပြောလိုက်ဘူး။

သူတို့စဥ်းစားနေတုန်း စားပွဲပေါ်ကငှက်ကအတောင်ပံတဖျက်ဖျက်ခတ်ပြီးတော့ ပျံသန်းကာ စူးစူးရှရှ အော်မြည်တယ်။ သူက ဧည့်သည်ခန်းမဆောင်ကနေတစ်ကြိမ် ပျံသန်းပြီး သူမတစ်ကိုယ်လုံးပေါ်ကနေ အလင်းရောင်တွေ စတင်ပေါ်ပေါက်လာတယ်။ နောက်အခိုက်အတန့်မှာ သူ့မရဲ့ အမြီးအရှည်ကြီးက ခါယမ်းသွားပြီး အဖြူရောင်အလင်းတစ်ခု လှစ်ခနဲ တောက်ပသွားတယ်။ တစ်စုံတစ်ရာက ကောင်းကင်ပေါ်က ပြုတ်ကျလာပြီး ဘမ်းကနဲ စားပွဲပေါ်တည့်တည့် ပြုတ်ကျသွားတယ်။

ချက်ချင်းပဲ စားပွဲမျက်နှာပြင်ပေါ်မှာ အက်ကွဲကြာင်းပေါ်လာတယ်။ သူတို့ငုံ့ကြည့်လိုက်တာ့ လက်သီးဆုပ်အရွယ် ဖန်လိုကြည်လင်တဲ့အရာတစ်ခုက စားပွဲပေါ်မှာ ရှိနေတယ်။ တောက်ပတဲ့အလင်းရောင်တွေ ပေါ်လာပြီး မသေမျိုးချီတွေ အဲ့ထဲကလျှံကျနေတယ်။ ဒါက...။

"ဝိညာဥ်ကျောက်တုံးပဲ" ကူယွဲ့ ထိတ်လန့်သွားတယ်။ ကျောက်တုံးကို ကောက်ယူကြည့်လိုက်တော့ ဒါက ထိပ်တန်းဝိညာဥ်ကျောက်တုံးဖြစ်နေတာ သိလိုက်ရတယ်။

ဒီငှက်က တကယ်ပဲ ဝိညာဥ်ကျောက်တုံးတွေ ထုတ်ပေးနိုင်တယ်ပေါ့ ယိချင်းအောက်ကို ပျံသန်းလာပြီဖြစ်တဲ့ငှက်ကို ကြည့်နေတယ်။ ဒါကလုံးဝကို ရွေ့လျားနေတဲ့ ထိပ်တန်းဝိညာဥ်ကျောက်တုံး စာကြည့်တိုက်ပဲ၊ ဒါသာ ဂိုဏ်းထဲရှိနေရင် ဝိညာဥ်ကျောက်တုံး ချို့တဲ့မှာကို ဘယ်တော့မှ စိတ်ပူစရာမလိုတော့ဘူး။ ဟုတ်တာပေါ့ သူတို့အခုချို့တဲ့တာတော့ရှိဘူး။

"ဟုန့်မုန်က တကယ်ကိုရက်ရောတာပဲ" ကျေနပ်စွာနဲ့ ကူယွဲ့စားပွဲပေါ် ပြန်ဝပ်နေပြီဖြစ်တဲ့ငှက်ကို ထိကြည့်လိုက်တယ်။ သူက ဘဏ်ပိုင်ရှင်ပုံနဲ့ ပြုံးတယ်။

"ဒီလိုတန်ဖိုးရှိငှက်ကိုတောင်မှ ချက်ချင်း တန်းပို့ပေးလိုက်တယ်ပေါ့၊ ဝိုး သူက တကယ့်ကို အသိတရားရှိတဲ့နတ်ဘုရားပဲ"

ရှန်းရင်က ငှက်ရဲ့ အမွေးကို ဆွဲလိုက်တယ်။

"ဒါဆို...စားလို့ရလား"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

"မင်းရဲ့ဦးနှောက်ထဲမှာ စားတာအပြင် တခြားရှိသေးလား" ကူယွဲ့ငှက်ကြီးကိုဖက်လိုက်တယ်။

"ဒါက ဝိညာဥ်ကျောက်တုံးထုတ်လုပ်ပေးတဲ့ငှက်ပဲ ဘယ်လိုလုပ်အလွယ်တကူစားလို့ရမှာပဲ"

"ကျောက်တုံးထုတ်တဲ့ငှက်က စားလို့မရဘူးလား၊ အသားက တကယ်ချိုမဲ့ပုံကို"

"မင်းက သုံးဖြုန်းနေတာပဲ၊ သေချာပေါက်ငါတို့က ဝိညာဥ်ကျောက်တုံးတွေကို ထိန်းသိမ်းရမှာပေါ့ ဒီလိုမျိုးစားပစ်တာ ဘယ်လောက်နှမြောဖို့ကောင်းလိုက်လဲ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီနေ့ခြောက်နပ်တောင် စားပြီးပြီ"

"ခြောက်နပ် အဲ့လောက်တောင် များတာလား" ရှန်းရင်က ခဏမှင်တက်သွားပြီး သူ့လက်ထဲက ငှက်ကို လှမ်းကြည့်လိုက်တယ်။ "ဒါပေမဲ့ တကယ့်ကို အရသာရှိတဲ့ပုံပဲကို ဝိညာဥ်ကျောက်တုံးတွေ ရှိဖို့က တကယ့်ကို အရမ်းအရေးကြီးတာလား"

"အဓိပ္ပာယ်မရှိတာ ဝိညာဥ်ကျောက်တုံးမရှိဘဲ မင်းဘာနဲ့ စားသောက်မှာလဲ"

ကူယွဲ့က သူမရဲ့စားသောက်ချင်စိတ်ကို ပြင်းပြင်းထန်ထန်လွင့်ပျောက်အောင်လုပ်နေတယ်။

"ဒါက ထိပ်တန်းအဆင့်ဝိညာဥ်ကျောက်တုံးပဲ၊ ဒီထဲကမသေမျိုးချီက အသန့်စင်ဆုံး၊ ဂိုဏ်းထဲကတပည့်တွေ ကျင့်ကြံနေတုန်း ဒီကနေ မသေမျိုးချီကို တန်းပြီးတော့ စုပ်ယူရင် အရမ်းကို အကျိုးဖြစ်မှာ အဆိုးဆုံးမှ တခြားအရာတွေနဲ့တောင် လဲလို့ရတယ်"

"အဲ့လိုဆိုမှတော့..." ရှန်းရင် မျက်လုံးမှေးသွားပြီး သူမမျက်လုံးထဲတစ်စုံတစ်ရာဖြတ်ပြေးသွားတယ်။ သူမက တဖြည်းဖြည်းချင်း ပြောတယ်။

"ဒါပေမဲ့ ဒီကျောက်တုံးက အဲ့ငှက်ရဲ့ဖင်ကနေ ထုတ်တာ မဟုတ်ဘူးလား၊ အဲ့ကနေ ထုတ်တဲ့ဟာကိုယူပြီး ပြန်စုပ်ယူဖို့ဆိုတာက... အဲ့ဒါကလေ နည်းနည်း မသန့်မပြန့်ဘူးမလား"

"..."

"ပြီးတော့လည်း အဲ့ကနေထုတ်တဲ့ဟာကို အစားအသောက်တွေနဲ့ လဲဖို့လုပ်နေတာမလား ..."

"ပါးစပ်ပိတ်ထား" ကူယွဲ့မျက်နှာ အစိမ်းရောင်သန်းသွားတော့မယ်။ သူမသာဆက်ပြောနေရင် သူတကယ်ကို အန်ချင်တော့မှာ။ သင့်တော်တဲ့အရာတစ်ခုက သူမ ပါးစပ်ကနေ ပြောတဲ့အချိန်ကျရင် ဘယ်လိုလုပ် အရသာပြောင်းသွားပါလိမ့်။

"ရော့ ရော့" သူက သူမလက်ထဲ ငှက်ကိုတန်းထိုးထည့်ပေးလိုက်တယ်။

"မင်းရဲ့ နောက်ထပ်စားသောက်ဖို့အတွက်၊ ပျော်ပြီလား" ဒီလိုမျိုး စားစရာ အပြည့် ပါးစပ်အတွက် ဒီလိုဖြစ်နေရတာ တန်ရဲ့လား။

"စားဖိုမှုး" ရှန်းရင်က အရမ်းကို ပျော်ရွှင်စွာနဲ့ငှက်ကို ထိုးထည့်ပေးလိုက်တယ်။ "ငှက်အစပ် အရမ်းကို စပ်တဲ့အရသာမျိုး"

"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူး ဆရာ "

ကူယွဲ့ ။ ။ "..." သောက်ကျိုးနည်းငတုံးတွေ

တခဏအကြာ...။

"အာ ဖေဖေနျို ဘယ်သွားမလို့လဲ"

"ငါ့လက်တွေကို ဆေးဖို့ပေါ့" သူလက်တွေက ငှက်ချီးလိုပဲနံနေတယ်လို့ ရုတ်တရက်ခံစားရတယ်။

"အော်" အဲ့တော့မှရှန်းရင်က ကိုယ်ကိုမတ်မတ်ထိုင်ပြီး ရှားရှားပါးပါး ပန်းကန်တွေကို ခင်းကျင်းဖို့ လုပ်ပေးတယ်။ လက်တစ်ဖက်က တူတွေကိုကိုင်ပြီး ဗိုက်ဆာနေတဲ့ တစ္ဆေတွေလိုမျိုး သူမစားစရာကို စောင့်နေတယ်။

ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူဒီအစားသရဲကို စိတ်ထဲထားဖို့အရမ်းပျင်းလွန်းတယ်။ သူ သူ့လက်ထဲက ဝိညာဥ်ကျောက်တုံးတွေကို လွှတ်ပစ်ပြီး လက်ဆေးဖို့မီးဖိုချောင်ထဲဝင်လိုက်တယ်။

အဲ့မှာ ငှက်သေတစ်ကောင်က စဥ့်နှီတုံးပေါ်လဲနေတာ မြင်လိုက်ရတော့ သူ့ရင်ထဲတင်းကျပ်မှုကို ခံစားလိုက်ရတယ်။ သူ့ရင်တွေနာလိုက်တာ။

ငါ့ရဲ့ပိုက်ဆံထုတ်ပေးတဲ့စက်လေး သူတိတ်တဆိတ်အကြည့်ရုတ်ပြီး မြန်မြန်လက်ဆေးကာ ထွက်သွားခဲ့တယ်။ မမြင်ရရင် မနာကျင်ရတော့ဘူး။

သူထွက်လာချိန် ရှန်းရင်က အရင်ပုံစံတိုင်း ရှိနေတုန်းပဲ။ တစ်ခုပဲ သူမမျက်လုံးတွေက မှေးနေပြီ။ စောနကလို တက်ကြွတဲ့အကြည့်မျိုး မရှိတော့ဘူး။

"အစားသရဲ ရှန်းရင်" ကူယွဲ့ လက်ဝှေ့ယမ်းပြပြီး သူမမတုံ့ပြန်တာမြင်တာ့ မနေနိုင်ဘဲ သူမကို တွန်းလိုက်တယ်။ "နေမဝင်သေးဘူးလေ၊ မင်းက အိပ်ချင်နေပြီလား၊ ငှက်ကိုမစားတော့ဘူးလား"

ရှန်းရင်က သူ့ကို တစ်ချက်လှည့်ကြည့်လာပြီး သူမမျက်လုံးတွေက မြူခိုးသန်းနေတယ်။ အတော်ကြာမှ သူ့စကားတွေကို ကြားတဲ့ပုံ။ "အာ.. မစားတော့ဘူး"

"ဟိုလီရှစ် မင်းဘာလို့ စောစောက မပြောတာလဲ၊ အမွေးတွေတောင် အကုန်နှုတ်ပြီးပြီ၊ မင်းတမင်သက်သက်... ဟေ့ မင်းအဆင်ပြေရဲ့လား"

ကူယွဲ့အဲ့တော့မှ တစ်ခုခုလွဲနေမှန်း နားလည်သွားတော့တယ်။ "မင်းအဆင်ပြေရဲ့လား၊ ဘာဖြစ်တာလဲ ဘာလို့ဒီလိုဖြစ်တာလဲ ဘာဖြစ်တာလဲ"

"ဖေဖေနျို... ငါနင်နဲ့ ဆွေးနွေးစရာရှိတယ်"

"ဘာကိစ္စလဲ" သူမရဲ့အကြည့်က နောက်အခိုက်အတန့်မှာပဲ အိပ်တော့မလိုမျိုး ပိုတောင်ရီဝေလာတယ်။

"ငါ...ခဏလောက်ဆောင်းခိုဖို့လိုတယ်ထင်တယ်"

"ဘာဆောင်းခိုဖို့လိုတာလဲ၊ ကောင်းကင်နန်းတော်မှာ ဆောင်းရာသီမှ မရှိတာ၊ မင်းဘာတွေဖြစ်နေတာလဲ..." ကူယွဲ့ သွေးပျက်သွားတယ်။ ရုတ်တရက် တစ်စုံတစ်ရာကို စဥ်းစားမိပြီး သူ့နှလုံးသား တင်းကြပ်သွားတယ်။ "အရင်တစ်ချိန်က မျက်နှာပြင်ဖွင့်ခဲ့တာကြောင့်လား၊ မင်း..."

"နည်းနည်းလေး အိပ်ငိုက်ပြီးတော့ အိပ်ချင်ရုံပါ" ရှန်းရင်က ခေါင်းစောင်းသွားပြီး ပွင့်ပွင့်လင်းလင်း မဖြေဘူး။ "တစ်ခုပဲ... အတော်လေးကြာတဲ့ အိပ်စက်ခြင်းဖြစ်မှာ"

ကူယွဲ့ရင်ထိတ်သွားတယ်။ "ဘယ်လောက်တောင်ကြာမှာလဲ"

"အင်း... အတော်လေးကြာမှာ"

ကူယွဲ့ဘေးက လက်တွေ တင်းကြပ်သွားတယ်။ သူအသက်ပြင်းပြင်းရှူပြီးမှ နှလုံးသားအောက်ခြေက ခံစားချက်တွေကို မျိုသိပ်လိုက်နိုင်တယ်။ သူတစ်လုံးချင်းပြောလိုက်တယ်။ "ငါမင်းကို တစ်ခုပဲ မေးမယ်၊ မင်းမှန်မှန်ပြော၊ မင်း ဘာမှမဖြစ်ဘူးမလား၊ မင်းဘာမှဖြစ်မှာ မဟုတ်ဘူးမလား"

ရှန်းရင်က တခဏတာ မှင်တက်သွားပြီး အတော်ကြာတော့ ခေါင်းညိတ်တယ်။ "ဒါပေါ့"

"ကောင်းပြီလေ... အဲ့ဒါဆိုအဆင်ပြေတယ်" သူမက ရုတ်တရက် လက်ပတ်ပေါ် နှိပ်လိုက်ပြီး အလင်းရောင်တစ်ခု ဆွဲထုတ်ကာ ထိန်းညှိမှုတချို့ကိုလုပ်လိုက်တယ်။

"ဒီအတောအတွင်း ငါမျက်နှာပြင်ဝင်ပေါက်တွေအကုန်လုံးကို ချိပ်ပိတ်ထားလိုက်မယ်၊ ဘယ်အခြေအနေမှာမှ သူတို့ကို မဖွင့်နဲ့၊ ပြီးတော့..." သူမက ပြောနေရင်း ရပ်သွားပြီး လေသံ ပြောင်းသွားတယ်။

"အဲ့ငှက်ကို ငါ့အတွက်ချန်ပေးထား၊ နိုးလာတဲ့အချိန်ကျရင်စားမယ်"

"အဲ့ငှက်က ဘယ်လိုလုပ် ခုထိ အရေးကြီးနေသေးတာလဲ" ကူယွဲ့ပိုလို့တောင် စိတ်အသည်းအသန် ဖြစ်လာတယ်။

"ငါ့ကိုအရင်ပြော၊ ငါတို့ကူညီဖို့ဘာလုပ်ပေးရလဲ..."

သူစိတ်အေးအေးထားဖို့ ရုန်းကန်လိုက်ပြီး မီးဖိုချောက်ဘက်လှည့်ကာ ခေါ်လိုက်တယ်။ "စားဖိုမှူး... စားဖိုမှူး" ယိချင်းက မီးဖိုချောင်ထဲကနေ ထွက်လာတာနဲ့ ကြုံသွားတယ်။

"တစ်မိနစ်နေရင် အဆင်ပြေပြီ ဆရာ၊ ကျွန်တော်..."

ရှန်းရင်က လုံးဝဆက်ပြီး မထိန်းထားနိုင်တဲ့ပုံပဲ။ သူမက ဘေးကိုတန်းပြီးတော့ လဲကျသွားတယ်။ ဘန်းကနဲ သူမလက်ထဲကိုင်ထားတဲ့ဟင်းပွဲက ကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်။

သူမမျက်နှာပေါ်က အရောင်ကလုံးဝဖြူဖျော့သွားပြီး နှင်းလိုမျိုး ဖြူဖွေးလာတယ်...။

"ဆ-ရာ"

…

All Chapters