အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
အခန်း ၄၀၃ ။ အင်မတန်လွှမ်းမိုးသော ဉာဏ်ရည်
"ဘာလို့ မျက်နှာပြင်လမ်းကြောင်းတွေကို ငါပိတ်ခဲ့တယ်ထင်လဲ" ရှန်းရင်က သူတို့နှစ်ယောက်ကို ကြည့်တယ်။
ကူယွဲ့ မစဉ်းစားဘဲ ဖြေလိုက်မိတယ်။
"ကျူးကျော်သူတွေကို... တားဆီးဖို့လား"
ရှန်းရင်ရဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။
"နင့်တရုတ်စာကို နင့်သင်္ချာဆရာက သင်ပေးခဲ့တာလား"
သူမမျက်လုံးတွေက သူ့အိုင်ကျူကို အထင်သေးမှုအပြည့်။
"အာ..." ကူယွဲ့ တိတ်သွားတယ်။ သူ ရုတ်တရက် အရင်က ငပျင်းမလေးကို လွမ်းသွားတယ်။
"ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေနဲ့ ဖြတ်သန်းတာကပဲ ကျူးကျော်မှု ဖြစ်စေတာ၊ မျက်နှာပြင်လမ်းကြောင်းဆိုတာ မျက်နှာပြင်အဆက်အဆံတွေအတွက် တရားဝင်လမ်းကြောင်းပဲ၊ ဒီလို ပေါ်တင်ကျူးကျော်တာတွေကို မြင်ဖူးလား"
"ဒါဆို... မျက်နှာပြင်ကို ချိပ်ပိတ်တာက... စီမံထိန်းသိမ်းသူတွေ လာမှာကိုတားဖို့လား" ကူယွဲ့ တန့်ခနဲ ရပ်သွားတယ်။ တစ်စက္ကန်န့်အကြာမှာ သူက တစ်ခုခုတွေးမိသွားတယ်။
"ရှန်းကျင်းလား" သူမက ရှန်းကျင်းလာမှာကို တားဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလား။
"ဟေ့" ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
"တခြားစီမံထိန်းသိမ်းသူတွေအကြောင်း မသိပေမဲ့ ငါအိပ်ပျော်သွားတဲ့အနေအထား ရောက်သွားရင် ငါ့အစ်မ..." သူမ မျက်နှာက တစ်စုံတစ်ခုကို တွေးမိသွားသလိုမျိုး ပြောင်းသွားတယ်။
"ပထမဆုံးလုပ်မှာက နင်တို့ကို လက်စားချေဖို့လာရှာမှာပဲ"
ကူယွဲ့ စောနက ရှန်းကျင်းပေါ်က သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေကို ရုတ်တရက် သတိရသွားတယ်။ တကယ်လို့ မျက်နှာပြင် ချိပ်ပိတ်တာကြောင့်သာမဟုတ်ရင် သူတို့ကို တကယ်ကြီး လာတန်းသတ်လောက်တယ်။ အစတည်းက ရှန်းရင် ဒီမျက်နှာပြင်ကို ကန့်ကွက်ခဲ့ဆုံးက သူမ။ ရှန်းရင် အတင်းပြောပြီး ရှန်းရင်ကို တားမရလို့သာ ခွင့်ပြုခဲ့တာ။ အခု ရှန်းရင်အစွမ်းတွေ ပြန်မရသေးဘူးဆိုတော့ ဘယ်သူမှ သူတို့ကို တားမရဘူးလို့ဆိုလိုတာပဲ။
"ဒီလိုရိုးရှင်းတဲ့ အတွေးအခေါ်ကိုတောင် မမြင်နိုင်ဘူး၊ ဟာသတွေလုပ်ပြီး လက်ထောက် ဖြစ်လာတာလား"
"..."
"ပြီးတော့ တကယ်ကြီး စည်းတံဆိပ်ကိုတောင် မျှပေးတယ်ပေါ့၊ စီမံထိန်းသိမ်းသူတစ်ယောက်ကို တားဖို့ နင်တို့ ယုံကြည်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ၊ ဒါမှမဟုတ်..." သူမမျက်လုံးတွေက မှေးသွားပြီး သူတို့နှစ်ယောက်ကို ဓားတွေလိုမျိုး စူးခနဲကြည့်တယ်။
"နင်တို့ဘဝကြီးကို စိတ်ကုန်လို့ သေမင်းနဲ့ပြေးတိုးချင်နေတာလား"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
သူတို့နှလုံးသားတွေ နာကျင်လိုက်တာ မှန်ရင်တောင် အနာကို ဆားနဲ့ပက်တာမျိုး ရပ်ပေးလို့ရမလား။
——————
ရှန်းရင်က အသက်ဆယ့်ငါးနှစ်ဆီ ပြန်ရောက်သွားပြီးသူမခွန်အား၊ မှတ်ဥာဏ်နဲ့ ခန္ဓာကိုယ်က ပြန်လည်စတင်သွားခဲ့တယ်။ သူမက သာမန်ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးအဖြစ် ပြန်လှည့်လာပြီ။ သူမရဲ့ရုပ်ရည်က အရပ်ပိုပုသွားတာကလည်း တူနေသေးပေမဲ့ cheatမဟုတ်တော့ဘူး။
ကူယွဲ့နဲ့ ယိချင်း နှစ်ယောက်စလုံးက စစ်ဆေးကြည့်တော့ သူမဟာ အခုချိန်မှာ သာမန်လူထက် နည်းနည်းသာ သန်မာတာ သိလိုက်ရတယ်။ သူမအရည်အချင်းက အောက်ဘုံက ကျင့်ကြံသူလောက်တောင် မကောင်းမွန်ဘူး။ သူမရဲ့တစ်ကိုယ်လုံးက… cheatလုပ်ဖို့ကနေ ရုတ်တရက် တားမြစ်ခံခဲ့ရသလိုပဲ။
ဆိုလိုတာ သူမက... သေမျိုးပေါ့။
"ဒါဆို ဆရာ ဘယ်လိုပြန်ကောင်းလာနိုင်လဲ" ယိချင်းက ရှန်းရင်ကို တန်းကြည့်ကာ စိတ်ပူပန်စွာ မေးတယ်။
"အလုပ်ဖြစ်အောင် ငါ ဘာလုပ်သင့်လဲ"
ရှန်းရင်က သူ့ပြောင်တင်းတင်းအကြည့်တွေကို ကျောပေးပြီး နောက်ကိုအလိုလိုမှီလိုက်တယ်။
"ငါခုလေးတင် ဒီမျက်နှာပြင် အချက်အလက်ကို စစ်ဆေးပြီးပြီ၊ ခုချက်ချင်း ငါ့ကိုသက်သာစေမဲ့ ဖြစ်နိုင်ချေမရှိဘူး"
"ဒါဆို ဘာလုပ်ကြမလဲ" ကူယွဲ့ မျက်နှာဖြူလျော်သွားတယ်။
"သူမ ဒီလိုပဲဖြစ်နေတော့မှာလား"
"ခဏ" ရှန်းရင်က တစ်လုံးတည်းပြောပြီး ဖန်သားပြင်တစ်ခု ဖွင့်ကာ တတောက်တောက်နှိပ်လိုက်တယ်။ အချက်အလက်တွေ ဆက်တိုက်ထွပ်လာပြီး သူမက ညှိနှိုင်းရင်း ပြောတယ်။
"အစတည်းက မြုံတာက ပြန်သက်သာဖို့ပဲ၊ လုံလောက်တဲ့အချိန်ရရင် အလိုလိုပြန်ကောင်းသွားမှာ၊ အခု အရှိန်နှုန်းနဲ့တွက်ကြည့်ရင် ဖြစ်နိုင်တာ... နှစ်ရာချီ ဒါမှမဟုတ် ထောင်ချီကြာလိမ့်မယ်"
"ဘာ" နှစ်ယောက်လုံး ထိတ်လန့်သွားတယ်။ ရာချီ ထောင်ချီ
"နတ်ဘုရားစွမ်းအင်နဲ့ မသေမျိုးချီကရော" ယိချင်းက ဆက်မေးတယ်။
"ဆရာနိုးလာတာ ဒါကြောင့်လေ၊ မသေမျိုးချီ လုံလုံလောက်လောက်ရှိရင် ပြန်မသက်သာဘူးလား"
"အော်ဟုတ်သား" ကူယွဲ့လည်း နားလည်သွားတယ်။
"ငါတို့ ကောင်းကင်နန်းတော်ဆီ ပြန်လို့ရတာပဲ၊ အမတသွေးကြောတချို့ရှိသေးတယ်၊ ငါတို့သုံးရင် ရနိုင်..."
"အလုပ်မဖြစ်ဘူး" ရှန်းရင်က တန်းခေါင်းခါတယ်။
"ငါက လက်ထောက်စည်းတံဆိပ်ရဲ့ အနည်းနဲ့အများ သက်ရောက်မှုကြောင့် နိုးလာတာ၊ မသေမျိုးချီနဲ့ နတ်ဘုရားစွမ်းအင်ကြောင့် မဟုတ်ဘူး"
အဲဒါတွေက ဒီမျက်နှာပြင်မှာ နဂိုတည်းက တည်ရှိခဲ့တဲ့ စွမ်းအင်ပုံစံတွေ။ ဘယ်လိုလုပ် စီမံထိန်းသိမ်းသူအပေါ် အလုပ်ဖြစ်မှာလဲ။
နှစ်ယောက်သား တိတ်သွားတယ်။ သူတို့ လောလောဆယ် တခြားနည်းစဉ်းစားမရဘူး။
"ထားပါတော့၊ အရင်ပြန်ကြရအောင်" ကူယွဲ့ အကြံပြုလိုက်တယ်။
"နိုးလာတာ ကောင်းတာပဲ၊ ငါတို့ ဖြည်းဖြည်းချင်း နည်းလမ်းစဉ်းစားတာပေါ့"
ယိချင်းက နောက်တစ်ကြိမ် စိုးရိမ်ဟန်နဲ့ ရှန်းရင်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်ရတယ်။ သူတို့ ရှေ့ဆက်ရင်းနဲ့ ဖြည်းဖြည်းချင်း အဖြေရှာရမှာပဲ။
"စိတ်ချ ရှန်းရင်" ကူယွဲ့ ရင်ဘတ်ကိုပုတ်ကာ ကတိပေးလိုက်တယ်။
"စားဖိုမှူးနဲ့ ငါ့ရဲ့ အရည်အချင်းတွေနဲ့ဆို လက်ထောက်စည်းတံဆိပ် မရှိရင်တောင် မင်းကိုသေချာပေါက် ကာကွယ်နိုင်ပါတယ်၊ ပြီးတော့ ဝူတိဂိုဏ်းက အရမ်းဘေးကင်းတာ၊ မင်း မသက်သာခင်ထိ အရင်ပြန်သွားတာ အကောင်းဆုံးပဲ"
ရှန်းရင်က သူ့ကိုမော့ကြည့်ကာ ထိုင်ရာကထတယ်။
"အင်း၊ ဒါကလည်း နင်တို့ လက်ထောက်တွေအနေနဲ့ လုပ်သင့်တဲ့ဟာပဲ"
"..." အပေါက်ဆိုးတာကို ရပ်ပြီး ချိုချိုသာသာ တစ်ခုခု ပြောလို့မရဘူးလား။
ကူယွဲ့ သက်ပြင်းချလိုက်တယ်။ အကျင့်အတိုင်း သူ နယ်ပယ်ကူးပြောင်းမှုကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ သူ ဂါထာကို ဖန်တီးဖို့ လက်မြှောက်လိုက်ချိန် သူ့သွေးကြောက လုံးဝကို ဗလာကျင်းနေတာ မြင်လိုက်ရတော့ ချက်ချင်း တောင့်တင်းသွားခဲ့တယ်။
"ဘာလဲ" သူအချိန်အတော်ကြာတဲ့ထိ မလှုပ်တာမြင်တော့ ရှန်းရင်က လှည့်ကြည့်လာတယ်။
သူတို့မသွားဘူးလား။
"ငါမေ့သွားတယ်... ငါ့မသေမျိုးချီတွေ ပြန်မရသေးဘူးဆိုတာ၊ ငါ နယ်ပယ်ကူးပြောင်းတာ လုပ်မရဘူး"
သူက ယိချင်းဘက် အလိုလိုလှည့်လိုက်မိတယ်။
"ကျွန်တော်ရောပဲ"
"ရှန်းရင်..."
ကူယွဲ့အကြည့်က ရှက်နေတယ်။ သူက သူမကို ကာကွယ်မယ်လို့ပြောပြီးကာစမှာတင် သူ မလုပ်နိုင်ဘူးတဲ့။
"မင်း... ငါတို့ အသက်ရှူထိန်းညှိတာ ခဏစောင့်ပြီး ငါတို့ အားတချို့ပြန်ရပြီးမှ ပြန်ရင်ရော"
ရှန်းရင်ရဲ့ နှုတ်ခမ်းတွေ တွန့်သွားတယ်။ သူမ စောနလေးကတင် ယုံကြည်ချက်အပြည့်ရှိနေတဲ့ နှစ်ယောက်ကို မျက်လုံးမှေးကြည့်လိုက်တယ်။ အတော်ကြာတော့ သူမက အေးအေးစက်စက် ပြောတယ်။
"ရုတ်တရက် ငါအသက်၂၈နှစ်ဆီ ပြန်မရောက်ချင်တော့ဘူး"
"ဘာလို့လဲ"
"ငါကန်းနေမှာမို့လေ" အဲဒါကြောင့် နင်တို့နှစ်ယောက်ကို လက်ထောက်အဖြစ် ရွေးမိခဲ့တာနေမှာ။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
နှလုံးသားထဲ ဓားနဲ့ထိုးလိုက်သလိုပဲ
"နင်တို့ထဲက ဘယ်သူ့မှာ သွားမဲ့နေရာနဲ့ ဆက်စပ်နေတဲ့ပစ္စည်းရှိလဲ" ရှန်းရင်က အလင်းပြင်တစ်ခု ဖွင့်ကာ ပြောလိုက်တယ်။
"ဆက်စပ်နေတဲ့ပစ္စည်းတွေလား"
ကူယွဲ့ စဉ်းစားကာ သူ့သိုလှောင်အိတ်ကို ချက်ချင်း တန်းဖွင့်လိုက်တယ် ။
"ရှိတယ်" အဲလိုနဲ့ သူက မုန်လာဥဖြူရဲ့ ဒုဓလီပန်းတစ်ခုကို ထုတ်ကာ ကမ်းပေးလိုက်တယ်။
"ဒါ ဘာလို့လိုချင်တာလဲ"
"တည်နေရာတွေကို အမှတ်အသားပြုဖို့" သူမက အလင်းပြင်ဘေးမှာရှိတဲ့ စားပွဲပေါ် ဒုဓလီပန်းကို တန်းထားလိုက်တယ်။ နောက်အခိုက်အတန့်မှာ ပုံသဏ္ဌာန်တွေ ပေါ်လာပြီး သူတို့ရှေ့က နယ်နိမိတ်က တွန့်သွားကာ အမည်းရောင် လမ်းကြောင်း ချက်ချင်း ပွင့်လာတယ်။
"သွားကြစို့" ရှန်းရင်က မင်သက်နေတဲ့နှစ်ယောက်ကို ဂရုမစိုက်ဘဲ လှည့်ထွက်ကာ အထဲ တန်းဝင်သွားတယ်။
နှစ်ယောက်သား ။ ။ "..."
ငါထင်နေတာ သူ မ သေမျိုးအဖြစ်ပြောင်းပြီး cheat မဟုတ်တော့ဘူးလားလို့လေ။
သူတို့တွေ ဉာဏ်ရည်ရဲ့ လွှမ်းမိုးတဲ့ဖိနှိပ်မှုကို နောက်တစ်ကြိမ် ခံစားလိုက်ရတယ်။
——————
သူတို့သုံးဦး အဲကူးပြောင်းမှုလမ်းကြောင်းကို ဖြတ်ကျော်ပြီး ဝူတိဂိုဏ်းဆီ ပြန်လာဖို့ မျက်စိတစ်မှိတ်မျှသာ ကြာခဲ့တယ်။ မုန်လာဥဖြူကို အသုံးပြုပြီး ညှိနှိုင်းတာကြောင့် ဖြစ်နိုင်တယ် သူတို့ အနောက်နန်းတော်မှာ မဟုတ်ပေမဲ့ အနောက်တောင်တန်းဆီ ရောက်လာတယ်။
သူတို့သုံးဦး မော့ကြည့်တော့ အမတဆေးမြစ်တွေ စိုက်ပျိုးထားတဲ့ မြေကွက်ကြီးမှာ မြေတစ်ဝက်ကို သိမ်းပိုက်ထားတဲ့ ဧရာမမုန်လာဥဖြူကို တွေ့လိုက်ရတယ်။ ပြီးတော့ လေနှင့်အတူ လွင့်နေတဲ့ သူ့အနားတွင် ဒုဓလီပန်းပွင့်။
“မမလေး” မုန်လာဥဖြူက ပေါ်လာတဲ့ သုံးယောက်ကို မြင်သွားတယ်။ သူက တွင်းထဲက ခုန်ထွက်ကာ သူတို့ဆီ ခုန်ဆွခုန်ဆွ ပြေးလာတယ်။ သူ့ကြီးမားတဲ့ အရွယ်အစားကြောင့်၊ ခုန်ပျံတိုင်း အောက်က မြေကြီးက တုန်ခါသွားပြီး အမတဆေးပင်တွေအများကြီး ပြိုလဲကုန်တယ်။
"အဲဒီအမတဆေးမြစ်တွေကို သတိထား" ကူယွဲ့ ဖင်နာသွားသလိုပဲ။ အဲဒါတွေအကုန်လုံးက ဝိညာဉ်ကျောက်တုံးတွေ သူ မုန်လာဥဖြူက မကြာခဏ လူပုံစံပြောင်းနေတာမို့ နားမလည်ခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရတာ ဒီတစ်ယောက် ဝိတ်ချဖို့လိုနေပြီ။
"မမလေး ဒီကို အစောကြီးရေလာလောင်းတာလား၊ မုန်လာဥဖြူပျော်လိုက်တာ" သူက လွှားခနဲခုန်ပြီး တောင်ကြီးလိုမျိုး သူ့ခန္ဓာကိုယ်က ပျံသန်းလာကာ ရှန်းရင်ပေါ် ပိကျတော့မလိုဖြစ်နေပြီ။
ဟိုလီရှစ် ရှန်းရင်က အရင်လို မဟုတ်ဘူး။
"မုန်လာဥဖြူ" ကူယွဲ့ ထိတ်လန့်သွားတယ်။ ကံကောင်းတာ ယိချင်းက တုံ့ပြန်မှုမြန်ကာ သူ့အောက်ပိုင်းကို တန်းကန်ထုတ်လိုက်တယ်။ ချက်ချင်း မုန်လာဥဖြူက ဟန်ချက်ပျက်ကာ ဘေးတစ်ဖက်ကိုစောင်းပြီး အမတဆေးမြစ်ကွင်းပြင်ပေါ် ပြုတ်ကျသွားတော့တယ်။
အမတဆေးပင်တွေအများကြီး ချက်ချင်း ဖိသိပ်ခံလိုက်ရတာပေါ့။
w(゚Д゚)w
ကူယွဲ့ ။ ။ "..."
"စားဖိုမှူး"
ဖြုန်းတီးကြတဲ့သူတွေ
o(≧口≦)o
…
အခန်း ၄၀၄ ။ ပြီးပြည့်စုံသော ဖုံးကွယ်မှု
"မမလေး မမလေး..."
မုန်လာဥဖြူက ဘေးကို ကန်ထုတ်ခံနေရတာကို ကျင့်သားရနေတာ အသိအသာကြီး။ သူလိမ့်ကျသွားတာနဲ့ အမြန် ပြန်ရပ်လိုက်တယ်။ ခေါင်းပေါ်ကအရွက်တွေကို ဖယ်ပြီးတော့ ရှန်းရင်ကို နေ့တိုင်းပေးနေကျအတိုင်း ဒုဓလီပန်းပေးလိုက်တယ်။
ရှင်းရင်က ပုံမှန်မဟုတ်ဘဲ တုံ့ဆိုင်းနေတယ်။ သူမရဲ့မျက်လုံးတွေက မထင်မှတ်ထားတဲ့ ပန်းတစ်ပွင့် ပေးကမ်းလာမှုမှာ မျက်လုံးပြူးသွားတယ်။
"ငါ...ငါ့အတွက်လား"
"ဟုတ်ဟုတ်ဟုတ်"
မုန်လာဥဖြူက သူ့အရွက်တွေကို ရှေ့နောက်ဝေ့ယှမ်းပြီး ခေါင်းညိတ်တယ်။
"မုန်လာဥဖြူပန်းတွေက အလှဆုံးလေ၊ သူတို့တွေက မမလေးအတွက်ပဲ"
ရှန်းရင်မျက်လုံးထဲ တစ်စုံတစ်ရာ ဖြတ်ပြေးသွားကာ လက်သီးဆုတ်ပြီး ဒုဓလီပန်းကိုစိုက်ကြည့်ရင်း ဘာမှ မတုံ့ပြန်။
"ကောင်းပြီလေ မုန်လာဥဖြူ"
ကူယွဲ့ ရှေ့တက်လိုက်တယ်။ "မင်းနေ့တိုင်းတစ်ခုစီ ပေးစရာလိုလို့လား၊ ယူမှာလည်းမဟုတ်..."
သူစကားမဆုံးခင် သူ့ဘေးက အမျိုးသမီးက လက်လှမ်းကာ ပန်းကိုယူလိုက်တယ်။ သူမက ပန်းကို အနားတိုးယူလိုက်ပြီး တီးတိုးရေရွတ်တယ်။
"ကျေး...ကျေးဇူးပါ"
နှစ်ယောက်သား ။ ။ "..."
ဟမ်။
ကူယွဲ့တန့်သွားတယ်။ မုန်လာဥဖြူတောင် ရှန်းရင်ကို အူကြောင်ကြောင်စိုက်ကြည့်ပြီး ရှန်းရင်က သူ့လက်ဆောင်ယူတာကို မယုံနိုင်ဖြစ်နေတယ်။ မုန်လာဥဖြူ သူ့သစ်ရွက်တွေကို လှမ်းကြည့်ပြီး ရှန်းရင်လက်မောင်းထဲက ပန်းတွေကို ကြည့်ရင်းသူအသိပြန်မဝင်လာဘူး....။
"သူ...သူယူလိုက်တယ်၊ မမလေးက မုန်လာဥဖြူပန်းကို ယူ ယူလိုက်တယ် ကောင်းလိုက်တာ"
မုန်လာဥဖြူက စိတ်လှုပ်ရှားစွာနဲ့ ခုန်ဆွ ခုန်ဆွလုပ်တော့တယ်။ မတ်မတ်မရပ်နိုင်တာမလို့ မြေကြီးပေါ် လူးလှိမ့်ရင် အော်ဟစ်နေလေရဲ့။
"ကောင်းလိုက်တာကောင်းလိုက်တာကောင်းလိုက်တာ"
မုန်လာဥဖြူက စောနကတွင်းထဲကို ပြန်လိမ့်ကျပြီး ပြုတ်ကျသွားတာတောင်မှ ဂုဏ်ပြုတဲ့အနေနဲ့ ရေရွတ်နေတယ်။
"မမလေးက တစ်နေ့ကျရင် မုန်လာဥဖြူရဲ့ပန်းကို လက်ခံမယ်ဆိုတာသိသားပဲ၊ ဟင့်အင်း မမလေးအတွက် နောက်ပန်းတစ်ပွင့် ပေါက်အောင်လုပ်ရမယ်" သူက စကားပြောရင်း နေပူဆာခံနေတဲ့ ဒုဓလီပန်းကို လှမ်းခေါ်လိုက်တယ်။
"သား နောက်ပန်းတစ်ပွင့် ပေါက်အောင်လုပ်ကြရအောင်"
"အဖေ သားကိုပန်းပွင့်အောင်လုပ်နည်း သင်ပေးတော့မှာလား" အဲ့ဒါကြောင့် ဒုဓလီပန်းက ထခုန်ပြီး လူအဖြစ်အသွင်ပြောင်းကာ မုန်လာဥဖြူလို လူးလှိမ့်နေတယ်။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
သူမက ပန်းလေးပဲ ယူတာကို အဲ့လောက်စိတ်လှုပ်ရှားဖို့လိုသလား။ ကူယွဲ့အမူအရာ မည်းမှောင်သွားတယ်။
"ခဏ မင်းတို့ဘယ်မှာလူးလှိမ့်နေတာလဲ ငါ့အမတဆေးပင်တွေ ဒီကိုပြန်လာခဲ့စမ်း"
ဆိုးဝါးတာက သူတို့ကူယွဲ့နဲ့ ဝေးသွားပြီ။ အနောက်တောင်ဘက်က အမတဆေးပင်တွေ တစ်ဝက်လောက်က အဲ့လိုမျိုးနဲ့ ခြေမွှခံလိုက်ရတယ်။
"မုန်လာဥဖြူ မင်းအစုတ်ပလုတ်လေး"
အမတကျောက်တုံးတွေ ကြေမွသွားသံကို ကြားလိုက်ရသလိုပဲ။ သူ့နှလုံးသားလေး နာကျင်လိုက်တာ အမှန်ပဲ စုန့်ရန်ကို မုန်လာဥဖြူဆီ ထားခဲ့တာ အမှားပဲ...။
"ဆရာ" ယိချင်းမနေနိုင်ဘဲ ပန်းကိုင်ထားတဲ့ရှန်းရင်ကိုပြန်လည့်ကြည့်လိုက်တယ်။ ထူးဆန်းတဲ့လေသံနဲ့ သူက ပြောတယ်။
"ဆရာ သူ့ပန်းကို ဘာလို့လက်ခံတာလဲ၊ သူအရင်ကအဲ့လိုလုပ်နေကျမဟုတ်ဘူးလေ"
"အာ လက်ခံလို့မရဘူးလား" ပန်းကိုင်ထားတဲ့ရှန်းရင်လက်က တင်းကြပ်သွားတယ်။ ဒါက...သူမကို တစ်ယောက်ယောက် ပန်းပေးတာ။ ပထမဆုံးအကြိမ်။
"ဒါကဂန္ဓမာပန်း မဟုတ်ဘူးလေ"
"မင်းဘယ်လိုမျိုးဂန္ဓမာပန်းကို ရည်ညွှန်းနေတာလဲ" ကူယွဲ့ ရှန်းရင်ရဲ့ လောလောဆယ်အခြေအနေကို စစ်ဆေးလိုက်တယ်။ သူမ သာမန်လူ ဖြစ်လာသလိုပဲ။ ပုံမှန်အရ ဒီစကားတွေကို မပျံ့စေချင်ဘူး။ သူမက ဂိုဏ်းထဲမှာ အရင်က ကံကောင်းမှုသင်္ကေတမျိုးအနေနဲ့ပဲ ဆိုတာ မှန်တယ်။ အခု သူမ ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင် အရင်ကနဲ့ သိသိသာသာကွဲပြားသွားတာတော့ ဘာမှမခံစားရဘူး။ တစ်ခုတည်းသောကိစ္စက သူမရဲ့စရိုက်ကပါ ခြားနားသွားတာ။ သူမက သိသိသာသာလည်း အရပ်ပုလာတယ်။ အရမ်းကို သိသာလွန်းတယ်။ ပြီးတော့သူမရဲ့ cheatစရိုက်လက္ခဏာတွေကလည်း စည်းတံဆိပ် ပိတ်သွားတာနဲ့အတူ နဂိုစွမ်းရည်နဲ့အတူ ပျောက်ကွယ်သွားပုံပဲ။ သူတို့အားလုံးကို တစ်နေရာမှာ သိမ်းစည်းထားပြီးတော့ ပေါက်ကွဲဖို့ အသင့်ဖြစ်နေတာ ကူယွဲ့သေချာတယ်။ ဒါကြောင့် ကူယွဲ့ အနောက်တောင်ဆီ ပြန်တဲ့လမ်းပေါ်မှာ အရမ်းကို သတိထားနေရတာ။ သူ သူမကို ဘယ်လိုပြန်ပြီးတော့။ ခိုးကြောင်ခိုးဝှက် ခေါ်ထည့်ရမလဲဆိုတာ စဥ်းစားရမယ်။ ဒါပေမဲ့ သူချက်ချင်းပဲ သိလိုက်တာက သူအကြောင်းအရင်းမရှိ စိုးရိမ်နေခဲ့တယ်ဆိုတာကိုပဲ။
ပထမတပည့်။
"ဂိုဏ်း...ဂိုဏ်းချုပ် ဒီနေ့တွေ့ခွင့်ရတာ ကံကောင်းလိုက်တာ နှုတ်ဆက်ပါတယ်"
ရှန်းရင် တန့်သွားပြီး ပြန်နှုတ်ဆက်လိုက်တယ်။ "မင်္ဂလာပါ"
ဒုတိယတပည့်။
"ဂိုဏ်းချုပ် ခုလေးတင်မုန်လာဥဖြူကို ရေလောင်းခဲ့တာလား၊ အရမ်းကိုမှ ပင်ပန်းခဲ့မှာပဲ"
"... အင်း"
တတိယတပည့်။
"ဂိုဏ်းချုပ် အမလေး ဂိုဏ်းချုပ်ကို တကယ်တွေ့နေရတာပဲ ကျွန်မအိပ်မက်မက်နေတာလား မြန်မြန် ထိုးကြည့်ပါဦး"
"..."
စတုတ္ထတပည့်။
"ဂိုဏ်းချုပ်...စား...ပြီးပြီလား"
"..."
သူတို့လမ်းတစ်လျှောက် တပည့်၁၀ယောက်ကျော် တွေ့ခဲ့ရပြီး တစ်ယောက်ချင်းဆီက အောင်ပွဲခံနေပုံ ပေါ်တယ်။ ဒါပေမဲ့ ဘယ်သူကမှ တစ်ခုခုလွဲနေတယ်ဆိုတာ သတိထားမိပုံ မပေါ်ဘူး။ ရှန်းရင်က အမြဲဒီလိုပုံဖြစ်နေတဲ့အတိုင်းပဲ။ ယွီဟုန်တောင်မှ သတိမထားမိဘူး။
သော့ချက်က ရှန်းရင်ရဲ့ အပေါက်ဆိုးတဲ့ပါးစပ်က ပိတ်သွားတဲ့ပုံပဲ။ လမ်းလျှောက်လာရင်း သူမလုပ်သမျှက တောင့်တင်းနေတဲ့ပုံ။ အမူအရာတောင် မပြောင်းဘူး။ တစ်ကြိမ်မှာ စကားဆယ်လုံးထက် မပြောဘူး။ ယွီဟုန်ကိုမြင်တာတောင် ခေါင်းကိုညိတ်ရုံပဲ။
"ရှန်းရင် မင်းဘာလို့..." ကူယွဲ့မေးမလို့ရှိသေး သူတို့ နောက်တစ်ယောက်နဲ့ ထပ်တွေ့တယ်။
"စိတ်နှလုံးကောင်း"
လန်ဟွားက ရုတ်တရက် ပြေးလာတယ်။ "မင်းကို ငါ အရင်တစ်ခေါက်ကပေးခဲ့တဲ့ မီးငြိမ်းယပ်တောင် ပြန်ပေးလို့ရလား၊ ယပ်တောင်မရှိရင် ဆေးလုံးတွေကို သန့်စင်ဖို့အတွက် သွေဖည်မီးကို ထိန်းချုပ်ဖို့က မလွယ်ဘူး၊ ဒါက သတ္တမအဆင့် ကောင်းကင်ဆေးလုံးသန့်စင်မှုဆရာသခင်အနေနဲ့ ငါ့ရဲ့ဆေးလုံးသန့်စင်မှုကို ထိခိုက်စေနိုင်တယ် မင်းငါ့ကို ချေးငှားပေးတယ်လို့ပဲ သတ်မှတ်လို့ရမလား"
ဒယ်အိုးကို ပေါက်စေတဲ့သူ အနေနဲ့ သမိုင်းမှာ နာမည် တွင်သွားခွင့်မပြုနိုင်ဘူး။
ရှန်းရင် တန့်သွားတယ်။ နောက်တော့ ခြေတစ်လှမ်းဆုတ်ပြီး ရှန်းရင် သူ့ဘေးကလူ၂ယောက်ကို လှည့်ကြည့်လိုက်တယ်။ ဘယ်သူလဲ။
"ဒါက သူဌေးလန်လေ ငါတို့မင်းကို..." ကူယွဲ့ အမြန်ထုတ်ပြောလိုက်မိတယ်။ သူ့သိုလှောင်အိတ်ထဲက ယပ်တောင်နီတစ်ချောင်းကို ထုတ်ပြီး လန်ဟွားကို မျက်နှာချင်းဆိုင်လိုက်တယ်။
"ဒီတစ်ခုလား"
"ဟုတ်တယ် ဒါ" လန်ဟွားမျက်လုံးတွေ တောက်ပသွားတယ်။ သူလက်လှမ်းလိုက်တယ်။
"မြန်မြန်ငါ့ကိုပေး ငါဆေးလုံးတွေသန့်စင်နေတုန်း"
"အို" ကူယွဲ့မျက်လုံးတွေ မှေးသွားတယ်။ သူ့မျက်လုံးတွေ တခဏတောက်ပသွားပြီး သူ့အနောက်ကလူဆီ ယပ်တောင်ကမ်းပေးတာနဲ့ အဆုံးသတ်သွားတယ်။
"ရှန်းရင် မင်းသူ့ကို ပေးလိုက်"
ဟမ်။
ရှန်းရင် ။ ။ "...""
ယိချင်း ။ ။ "..."
"ချီးလိုပဲ" လန်ဟွား ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မလိုပဲ။
"မင်း...မင်းဒါကို တမင်သက်သက် လုပ်နေတာပဲ ဒီလိုပဲဖြစ်ရမယ်..."
တစ်ဖက်မှာတော့ ရှန်းရင်က လက်ထဲက ယပ်တောင်ကို ကြည့်ပြီး တစ်ဖက်လူကို လှမ်းကြည့်လိုက်တယ်။ ဘာလို့ သူ့ကို ကမ်းပေးဖို့လိုတာလဲ။ သူမ လန်ဟွားကို လှမ်းပေးလိုက်တယ်။
လန်ဟွားအမူအရာက တွန့်သွားတယ်။ သူ့ကြည့်ရတာ ရုတ်တရက် မျက်ရည်တွေ ကျတော့မလိုပဲ။ တုန်ရီပြီး လက်လှမ်းကာ ယူရင်း ယုတ်မာတဲ့စီးပွားရေးသမားကို စူးစူးဝါးဝါး ကြည့်လိုက်တယ်။
"ခွေးမသား စောင့်နေလိုက်..." သူစကားပြောရင်း အံကြိတ်ပြီး အိတ်ကို ဖွင့်ကာ ပစ္စည်းတွေကို စတင်ထုတ်ယူတော့တယ်။
"ဒီမှာရော့၊ ငါဒီဆေးလုံးတွေကို အခုလေးတင် သန့်စင်ထားတာ၊ ဒါက သတ္တမအဆင့် ဒါကနဝမအဆင့် ဒါက အဋ္ဌမအဆင့်၊ ငါထုတ်လုပ်ထားတဲ့လက်နက်တွေလည်း ရှိတယ်၊ ရေကာခေါင်းလောင်း၊ ရေခဲပိုးချည်မျှင်၊ ရောနှောထားတဲ့ယွမ်နာရီတွေရာပဲ..."
သူကပစ္စည်းတွေ ထုတ်ထုတ်လာလိုက်တာ ရှန်းရင်လက်ထဲ ထိုးမထည့်နိုင်လောက်တော့တဲ့အထိပဲ။ အဲ့တော့မှ သူက ရပ်သွားတော့တယ်။ သူက သူ့လက်ထဲက ဗလာကျင်းနေတဲ့ သိုလှောင်အိတ်နဲ့အတူ တုန်ရီနေတယ်။
လက်နက်တွေ ဆေးလုံးတွေ ပစ္စည်းတွေကြား နစ်မြုပ်တော့မလိုဖြစ်နေတဲ့ရှန်းရင် ။ ။ "..."
"ငါ့မှာ ခုဒါတွေပဲ ရှိတယ်"
လန်ဟွားက ကူကယ်ရာမဲ့စွာ ကြေညာလိုက်တယ်။ "အဲဒါဆို အဆင်ပြေပြီလား"
ဒီသောက်ကျိုးနည်း စိတ်နှလုံးသားကောင်းကတော့။
ရှန်းရင် တန့်သွားတယ်။ တစ်အောင့်ကြာတော့ သူမနှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။
"အာ..."
သူမစကားမဆုံးခင် လန်ဟွားက သူမဆီ သိုလှောင်အိတ်ကို ပစ်ပေးလိုက်တယ်။
"ရော့ ရော့ ရော့ အားလုံးသာယူ ဟုတ်ပြီလား"
သူ့ယပ်တောင်ကို တင်းတင်းဆုပ်ပြီး တံခါးအပြင်ဆီ ခြေလှမ်းကျဲကျဲကြီးနဲ့ ထွက်သွားတယ်။ သူ ဒီမှာဆက်နေရင် ဘောင်းဘီတွေတောင် ပေးမိတော့မယ်။
"အင်း မဆိုးဘူးပဲ မင်းက ဖြစ်သလိုဖန်တီးတဲ့နေရာမှာ အတော်လေး တော်သားပဲ"
ကူယွဲ့ ရှန်းရင်ပခုံးကို ပုတ်လိုက်တယ်။
သူက သူမစကားကို ပြီးအောင်မပြောနိုင်ခဲ့ဘူး။
"... ငါမလိုဘူး"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ယိချင်း အမူအရာ အေးစက်နေဆဲ ရှန်းရင်ကိုစိုက်ကြည့်လိုက်တယ်။ ဘာလို့ဆရာက...။
…
အခန်း ၄၀၅ ။ လူမှုဆက်ဆံရေးပိုင်း အားနည်းသော ဆယ်ကျော်သက်
"နောက်ကျနေပြီ" ယိချင်းက မှောင်လာတဲ့ကောင်းကင်ကို မော့ကြည့်ကာ ရှန်းရင်ကို မျက်နှာချင်းဆိုင်လိုက်တယ်။
"ဆရာ ညစာအဆင့်သင့်ဖြစ်ပါပြီ"
"ညစာလား" ရှန်းရင် တန့်သွားတယ်။
ယိချင်းက သူ့ဘေးကစားပွဲကို လက်ညှိုးထိုးတယ်။
"ဆရာ ကျေးဇူးပြုပြီးဒီက ခဏစောင့်ပါ၊ ကျွန်တော်အခုသွားပြင်ပါ့မယ်၊ ဗိုက်ဆာနေရင် အဆာသွပ်မုန့်တချို့ကို အရင်စားထားလို့ရတယ်"
ရှန်းရင်မျက်မှောင်ကြုတ်လိုက်တယ်။ "ငါ့ခန္ဓာကိုယ်တွေက သာမန်လူနဲ့မတူ ငါမလို"
သူမစကား မဆုံးခင် ယိချင်းက မတူညီတဲ့ အစာသွတ်မုန့်ပန်းကန်တွေ သူ့သိုလှောင်အိတ်ထဲကနေ အများကြီးထုတ်လာတယ်။ ထူးခြားတဲ့ရနံ့တွေကရှန်းရင်နှာခေါင်းထဲဝင်လာတယ်။
အနံ့ မွှေး... မွှေးလိုက်တာ။
(⊙v⊙)
သူက စားပွဲပေါ်မှာ မတူညီတဲ့ပန်းကန်ပြားဆယ်ချက်ကျော် တင်ပြီး မီးဖိုချောင်ထဲဝင်သွားတယ်။
ရှန်းရင်စားပွဲအပြည့်ကို စိုက်ကြည့်နေမိတယ်။ အနံ့မွှေးလိုက်တာ။ သူမစိုက်ကြည့်ရင်း လက်သီးစုပ်ကာ လက်လှမ်းလိုက်မိတယ်။ သူမ အစာသွတ်မုန့်တစ်ခုကို ကိုင်တော့မဲ့ဆဲဆဲမှာပဲ ကြားဖြတ်လက်တစ်ခုက သူမနဲ့အနီးဆုံး အစာသွတ်မုန့်တစ်ခုကိုယူလိုက်တယ်။
"ဒီအဆာသွတ်မုန့်လေးက ဒီတစ်ခေါက် အရသာမဆိုးဘူးပဲ" ကူယွဲ့ကရှန်းရင်ကိုကြည့်ရင်း ပြောလာတယ်။
"စောနက ဘာပြောနေတာလဲ..."
"ဘာမှမဟုတ်ဘူး" ရှန်းရင်ရဲ့ အမူအရာက မာကြောသွားတယ်။ သူမထိုင်နေရင်းနဲ့ သွားရည်ယိုစရာအစာသွတ်မုန့်တွေကနေ အကြည့်မလွှဲနိုင်သေးဘူး။
စက္ကန့်အနည်းငယ်တုံ့ဆိုင်းနေကာ မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ စားနေတာကြည့်ပြီး သူမနောက်ဆုံးတော့ အစာသွတ်တစ်ပိုင်းတစကို ပါးစပ်ထဲ ထည့်လိုက်တယ်။
(⊙v⊙)
အရသာ ရှိ... ရှိချက်ပဲ။
သူမတစ်ခုပြီးတစ်ခု စားကာ စားပွဲပေါ်က အစာသွတ်မုန့်တွေမြန်ဆန်စွာပျောက်သွားတယ်။ သူတို့က ပြိုင်ပွဲဝင်နေသလိုပဲ စကားတစ်ခွန်းမှမပြောဘဲ စားနေတဲ့အသံတွေပဲထွက်လာတယ်။
စားဖိုမှူးက ညစာနဲ့အတူ ထွက်လာချိန် စားပွဲပေါ်က အစာသွတ်မုန့်တွေကဗလာကျင်းသွားပြီး ပေါက်ကွဲသံတွေ လေထဲမှာ ပြည့်နေတယ်။ ယိချင်းက ဒါကိုကျင့်သားရနေတာ အသိသာကြီး။ သူပန်းကန်ပြားအလွတ်တွေကို သိမ်းပြီးတော့ အနံ့အရသာအပြည့်နဲ့ မွှေးကြိုင်နေတဲ့ပန်းကန်တွေနဲ့ အစားထိုးလိုက်တယ်။
ဒီလိုနဲ့ နှစ်ယောက်သား နောက်ထပ် အစားအသောက်ပြိုင်ပွဲအသစ် စတင်တော့တယ်။ နှစ်နာရီကြာပြီးနောက် နှစ်ယောက်သားက ဗိုက်ကိုပွတ်ကာ စားတာရပ်သွားတော့တယ်။
ယိချင်းက ရှန်းရင်အတွက် ရေနွေးကြမ်းကိုငှဲ့ပေးတယ်။
"ဆရာ တစ်ခွက်သောက်ပါ၊ ပိုပြီး ပေါ့ပါးသွားလိမ့်မယ်" ရှန်းရင်တန့်သွားပြီး ယိချင်းကို မော့ကြည့်ပြီးမှ ရေနွေးကြမ်းခွက်ကိုလှမ်းကြည့်လိုက်တယ်။ သူမနောက်တစ်ကြိမ် လက်သီးဆုတ်ပြီးမှ ခွက်ကို လှမ်းယူလိုက်တယ်။ သူမခေါင်းငုံ့သောက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
"အင်း နင်ချက်ပေးတဲ့စားစရာက စားလို့ရတယ် ကျေးဇူးပါ"
ကျေးဇူးတင်မှုအမူအရာကို မထင်မှတ်ထားစွာ ရလိုက်တဲ့ ယိချင်းက သူမကိုကြောင်ကြည့်နေမိတယ်။
"ဆရာ..."
"ချီး" ကူယွဲ့က မျက်ဆံကိုလှန်ရင်း သူလုပ်နေကျအတိုင်း သူမကိုဖော်တော့တယ်။
"အဲဒါကို စားလို့ရတယ်လို့ပဲ စဥ်းစားတာလား၊ အဲ့ဒါဆို စောနက ဘာကြောင့် ငါနဲ့အသည်းအသန် တိုက်ခိုက်နေတာလဲ၊ မင်းငါ့ကို နောက်ဆုံးအသားတစ်ပိုင်းတောင် ပေးမစားချင်ဘဲနဲ့ ဟန်ဆောင်နေတာ ရပ်တော့၊ သုံးလောကလုံး မင်းဘယ်လိုအစားသရဲလဲဆိုတာသိကြတယ်"ကူယွဲ့က ဗိုက်ပွတ်လိုက်တယ်။
"ကောင်းပြီ ငါတို့ဗိုက်ပြည့်ပြီဆိုတော့ ပင်မခန်းမဆောင်ကို ပြန်သွားကြရအောင်၊ မင်းအရင်က ဖြစ်ခဲ့တာကို မမှတ်မိဘူး၊ ငါတပည့်တွေကို ခေါ်လိုက်မယ်၊ မင်းသူတို့ကို မှားပြီးခေါ်မိရင် ရှင်းပြရခက်လိမ့်မယ်"
ရှန်းရင်ရဲ့ အမူအရာက တန့်သွားတယ်။ "ငါမသွားဘူး"
"ဘာလို့လဲ"
ထူးဆန်းတဲ့အမူအရာက သူမမျက်နှာပေါ်ဖြတ်ပြေးသွားတယ်။ ဒါဘယ်လိုမျိုး အတွေးအခေါ်လဲ။ သူက သူမကို စူးခနဲ စိုက်ကြည့်ပြီးမှ အရင်အတိုင်းမာကြောတဲ့အမူအရာဖြစ်သွားတယ်။ သူတို့ကို ငါပြန်မှတ်မိအောင်လို့ ခေါ်တာက ငါမှတ်ဥာဏ်ပျောက်သွားတယ်လို့ပြောလိုက်တာနဲ့အတူတူပဲလေ"
ကူယွဲ့က နှုတ်ခမ်းသပ်လိုက်တယ်။ "ဟုတ်သားပဲ ဒါဆိုလည်း ယွီဟုန်၊ ချန်းယွီ၊ ဂျပုလေးနဲ့ တခြားသူကို ခေါ်လိုက်မယ်၊ တခြားသူတွေကို မမှတ်မိတာက ကိစ္စမရှိဘူး၊ ဒီလူတွေက အနောက်ဆောင်ကို မကြာခဏလာကြတဲ့သူတွေ၊ မင်းသူတို့ကိုအနှေးနဲ့အမြန်တွေ့ရမှာပဲ"
ရှန်းရင်က မတ်မတ်ထိုင်တယ်။ "ငါသူတို့ကိုမတွေ့ဘူး"
"မစိုးရိမ်နဲ့" ကူယွဲ့က ဆက်ရှင်းပြတယ်။
"သူတို့က အမှန်ကို သိပြီး အားကိုးရတယ်"
"ငါမသွားဘူး" ရှန်းရင်ကဆက်ငြင်းတယ်။
"ဘာလို့လဲ..."
သူမက ပြန်မတုံ့ပြန်။ အဲအစား အမူအရာက မာကျောနေပြီး သူမက မသွားဘူးစိတ်ဆုံးဖြတ်ထားကာ လက်သီးတွေ တင်းတင်းဆုတ်ထားတယ်။
သူမ ကြည့်ရတာ... စိတ်လှုပ်ရှားနေသလိုပဲ။
ယိချင်းက တန့်သွားပြီး လန်ဟွားထားခဲ့တည်းက သိမ်းဖို့အာရုံမရတဲ့ ဓမ္မအသုံးအဆောင်တွေကို ပြန်ကြည့်လိုက်တယ်။ နောက်တော့ သူ့ဘေးက ကုလားထိုင်ပေါ်က ဒုဓလီပန်းကို လှမ်းကြည့်တယ်။ သူ့စိတ်ထဲ "တင်း"ကနဲ အသံပေါ်လာပြီး အရာအားလုံးကို နောက်ဆုံးတော့ သဘောပေါက်သွားခဲ့တယ်။ သူက သူမရဲ့အတွေးအခေါ်ကို စမ်းသပ်ကြည့်လိုက်တယ်။
"ဆရာ ကြည့်ရတာ လူတွေနဲ့ မဆက်ဆံတာကြာလို့ သူတို့နဲ့ တွေ့ရမှာကြောက်နေတာလား"
ကူယွဲ့က တန့်သွားပြီး မျက်လုံးပြူးကာ ရှန်းရင်ကို အထူးတဆန်း ကြည့်လိုက်တယ်။
"ဘာ မင်းတကယ် ပြောနေတာတော့ မဟုတ်ပါဘူးနော်၊ မင်း လူတွေနဲ့ ဆက်ဆံတာကို ကြောက်နေတာလား မဖြစ်နိုင်တာ၊ မင်းနောက်နေတာပဲဖြစ်ရမယ်"
ရှန်းရင် သူမခန္ဓာကိုယ်ထဲက အနွေးဓာတ်တွေအကုန်လုံး စုပ်ယူခံလိုက်ရသလိုမျိုး တွန့်သွားတယ်။ သူမကိုယ်ထဲ အေးစက်တဲ့ချီတွေ အများကြီး လွင့်မျောလာပြီး အေးခဲသွားခဲ့တယ်။ သူမစိတ်ထဲ စကားလုံးတချို့နဲ့ ပြည့်နေတယ်။
ငါ...ပေါ်သွားပြီ ငါ...ပေါ်သွားပြီ ငါ...ပေါ်သွားပြီ
(゚Д゚≡゚Д゚)
သူတို့ကို...သတ်လိုက်ရက်ရော
(╰_╯)#
"ဟေးဟေးဟေး မင်းငါတို့ကိုနုတ်ပိတ်ချင်တဲ့ပုံမျိိုးနဲ့ ဘာလို့ကြည့်နေတာလဲ"
ကူယွဲ့ကျောရိုးထဲထိ ကြက်သီးထသွားတယ်။ ယိချင်းမှန်သွားတာပဲ ဖြစ်ရမယ်မဟုတ်လား ဒီမကောင်းဆိုးဝါးဆန်ပြီး လျှာစောင်းထက်တဲ့၁၅နှစ်အရွယ်ရှန်းရင်က လူတွေနဲ့ ဆက်ဆံရတာကို ကြောက်တာပဲဖြစ်ရမယ်
"ရှန်းရင် မင်း..." ကူယွဲ့စကားမဆုံးခင် ယိချင်းကဖြတ်ပြောတယ်။
"ဆရာ... နောက်ကျနေပြီ၊ နိုးခါစဆိုတော့ ခန္ဓာကိုယ်က ပြန်သက်သာခါစဆိုတော့ အရင် အနားယူလိုက်ပါလား" ယိချင်းကသူတို့ဘေးကအိပ်ခန်းကို လက်ညှိုးထိုးပြလိုက်တယ်။
"တစ်ခုခုလိုတာရှိရင် မနက်ဖြန်ပြောတာပေါ့"
ရှန်းရင်က သူ့ကို ခေါင်းမော့ကြည့်မယ်။ သူမကိုယ်ထဲနွေးထွေးမှုတချို့ပြည့်လာပြီး ခပ်တိုးတိုး "အင်း"ခနဲ အသံပြုပြီး အိပ်ခန်းထဲဝင်သွားတယ်။
သူမက ထွက်သွားဖို့ ဆင်ခြေရသွားတာကို သိသိသာပျော်သွားဟန် ခပ်သွက်သွက်လျှောက်သွားတယ်။ တံခါးခပ်တိုးတိုး ပိတ်သွားသံကို ကြားလိုက်ရလေတယ်။
နှစ်ယောက်သား ။ ။ "..."
"သူမက တကယ်ပဲ..." ကူယွဲ့အခုလေးတင်ကြားလိုက်ရတာကိုမယုံနိုင်သေးဘူး။
"သူမက ကောင်းကင်ဘုံမှာတုန်းက ငါတို့ကို ချောချောမွေ့မွေ့စကားပြောနေခဲ့တာပဲ"
လူတွေနဲ့ ဆက်ဆံရမှာကို နည်းနည်းလေးတောင်ကြောက်တဲ့ပုံမပေါ်ဘူး။
"ကျေးဇူးတင်ရတာ ကြောက်တတ်လို့ပေါ့" ယိချင်းက ခပ်တိုးတိုးရေရွတ်လိုက်တယ်။
"ဆရာက အခုတစ်ယောက်ယောက်နဲ့တူတယ်လို့မထင်ဘူးလား..."
"ရှန်းကျင်းလား"
"အင်း" ယိချင်း ခေါင်းညိတ်လိုက်တယ်။ သူက ပိတ်ထားတဲ့တံခါးကို ဝမ်းနည်းစွာကြည့်လိုက်တယ်။ ဆရာက အရင်တုန်းက လူတွေနဲ့ အဆက်ဆံလုပ်ရတာကို ကြိုက်တဲ့ပုံမပေါ်လောက်ဘူး။ အခု သူက သူမကို ကြင်နာစွာဆက်ဆံတဲ့အချိန် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ဇဝေဇဝါဖြစ်ရုံပဲ။
အဲဒါကြောင့် သူမမုန်လာဥဖြူပန်းကို လက်ခံချိန် ရှန်းကျင်းပုံမှန်ရှိနေကျအတိုင်း အေးစက်တဲ့ အမူအရာကို အသုံးချလိုက်တာပဲ...။ အဲအချိန်အိမ်ထဲရှိနေတဲ့ ရှန်းရင်တွေးနေတာက
ဘယ်လိုလုပ်ရမလဲ ငါပေါ်သွားပြီ ငါ့အစ်မတောင် မပြောနိုင်တာ၊ သူတို့ကဘယ်လိုလုပ်သိတာလဲ။ သူတို့က နတ်ဆိုးတွေလား တကယ်ပဲလူတွေနဲ့အဆက်ဆံလုပ်ရတာက အပြင်ဘက်က မျက်နှာပြင်မုန်တိုင်းတွေထက်တောင် ကြောက်ဖို့ကောင်းတယ်...။
(ಥ_ಥ)
၁၅နှစ်ပြည့်ပြီး အရင်ကတိုင်း စိတ်ပူပန်မှုတွေကို ကြုံတွေ့နေရတဲ့ ဆယ်ကျော်သက်ရင်လေးက သွေးပြတ်နေပြီ။ သူ၃နှစ်သမီးတည်းက ရှန်းအစ်မရဲ့ လက်ထောက်ဖြစ်လာဖို့ ဆုံးဖြတ်ပြီးကတည်းက ရှန်းရင်က သူစိမ်းတွေနဲ့ အဆက်အဆံမရှိခဲ့ဘူး။ အဲ့ကတည်းကဆိုတော့ အရမ်းကိုကြာနေခဲ့ပြီ။
သူမအရမ်းကို အလုပ်များနေခဲ့တာ၊ ရှန်းကျင်းသူမကိုပေးခဲ့တဲ့ မျက်နှာပြင်အချက်အလက်နဲ့တင် အရမ်းကိုအချိန်ကုန်နေခဲ့တယ်။ သူမအသက်၅နှစ်မှာ ကိုယ်ကာယလေ့ကျင့်မှုစတင်တည်းက ကမ္ဘာကိုတောင်မှ သွားတာရှားလာတယ်။ နေ့တိုင်းစာကျက်တယ်။ အလုပ်လုပ်တယ်၊ ပြီးတော့အိပ်တယ်။
သူမတစ်နှစ်ကို ၂ကြိမ် စာမေးပွဲဖြေဖို့ အကြောင်းပြန်ဖို့ကလွဲ သူစိမ်းတွေနဲ့ အဆက်အဆံရှိဖို့ဆိုတာ ရှားသလောက်ပဲ။ ပြီးတော့ သူမမျက်နှာပြင်တွေကြား ကူးပြောင်းနိုင်တဲ့ ကာလက ကန့်သတ်ထားတယ်။ အကြိမ်တိုင်း သူမစာမေးပွဲဖြေပြီးတာနဲ့ ခန်းမထဲက အပြေးထွက်ကာ အိမ်ပြန်ရတယ်။ သူငယ်ချင်းတွေနဲ့ အဆက်အဆံရှိဖို့ဆိုတာ အချိန်မရှိဘူး။ သူမအနည်းငယ် ဆက်ဆံခဲ့တဲ့တစ်ဦးတည်းသော လူက အစ်မကြီးပဲ။
…