← Chapters

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း ၄၀၉ ။ ရည်းစားရ

ဆရာက ဒီရက်ပိုင်း နည်းနည်းထူးဆန်းနေတယ်လို့ ယိချင်းခံစားနေရတယ်။ မျက်နှာပြင်မှာတော့ အဲဒီရေခဲမျက်နှာအကြည့်က ဘာမှမထူးခြားပေမဲ့ တစ်နည်းနည်းနဲ့ မျက်ဝန်းထောင့်ကနေ ဆရာ့အကြည့်က မကြာခဏ သူ့ပေါ်ရောက်လာတာကို အမြဲခံစားနေရတယ်။ သူ ဟင်းချက်စရာတွေကို ခုတ်ထစ်နေတာပဲဖြစ်ဖြစ်၊ ဆေးကြောနေတာပဲဖြစ်ဖြစ် ချက်ပြုတ်နေတာပဲဖြစ်ဖြစ် ရုတ်တရက် သူ့ကို လှမ်းလှမ်းကြည့်တယ်။ ပြီးတော့ သူမ အမူအရာက အရမ်းထူးဆန်းနေတာ။ စပ်စုမှု၊ သံသယ၊ ဇဝေဇဝါဖြစ်မှုတွေနဲ့... ပုံရိပ်ယောင်ဆန်ဆန် ရှက်ရွံ့မှုမျိုးဖြစ်ပုံပဲ။

"ဆရာ တစ်ခုခုဖြစ်လို့လား" ယိချင်း မနေနိုငိဘဲ မေးလိုက်တယ်။

စားပွဲမှာ အချက်အလက်ထိုင်လုပ်နေတဲ့ လူက တောင့်တင်းသွားတယ်။ သူမလက်ကတန့်သွားပြီး အတော်ကြာတော့ အေး‌စက်စက်ပြန်ဖြေတယ်။

"ဟင့်အင်း"

သူမ သံသယဖြစ်စရာမလုပ်ထားသလိုမျိုး ဟန်ဆောင်ရင်း အေးစက်စက် အရှိန်အဝါ စတင်ထုတ်လွှတ်တော့တယ်...။

အဲလိုပြောကာ သူမက ပြန်လှည့်သွားပြီး ခေါင်းငုံ့ကာ ဆက်နှိပ်နေတယ်။ သူမတစ်ခေါင်းလုံး ရှေ့က အလင်းမျက်နှာပြင်ထဲ ဝင်သွားတော့မလိုမျိုးပဲ။ သူမနားဖျားလေးတွေမှာပဲ အနီရောင်တချို့ ပေါ်နေတယ်။

ယိချင်း ကြောင်အမ်းသွားတယ်။ သူ ပိုပြီးတောင် ဇဝေဇဝါဖြစ်လာတယ်။ သူ စဉ်းစားကြည့်တော့ ရှေ့ကိုတက်ကာ ဘေးကထိုင်ခုံပေါ်ထိုင်ပြီး လက်ထဲက အဆာသွတ်မုန့်တွေကို သူမဘက် တွန်းပို့ပေးလိုက်တယ်။

"ဒီတစ်ခေါက် အဆာသွတ်မုန့်တွေက လုပ်ရတာ ပိုခဲယဉ်းတယ်၊ ဆရာ စောင့်ရတာ ဗိုက်ဆာသွားလို့ ကျွန်တော် နှေးလွန်းတာကို အပြစ်တင်နေတာလား"

အဆာသွတ်မုန့်တွေ

(⊙v⊙)

ရှန်းရင် ခဏကြောင်အမ်းသွားပြီးမှ သူမရဲ့ ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေကို အလင်းမျက်နှာပြင်ကနေ အကြည့်လွှဲကာ စားပွဲပေါ် ပေါ်လာတဲ့ အဆာသွတ်မုန့်ပန်းကန်အပိုဆီ တန်းကြည့်လိုက်တယ်။

ချက်ချင်း သူမမျက်လုံးက ပိုတောင်ဝိုင်းလာပြီး နှာခေါင်းက မဆိုစလောက် လှုပ်ရှားသွားခဲ့တယ်။ အနံ့... ကောင်းလိုက်တာ

( ̄『̄)

"ဒါက ချက်နည်းအသစ်လား "

"ဟုတ်ပါတယ်၊ ဆရာ စမ်းစားကြည့်ပေးမလား" ယိချင်းက ပန်းကန်ကို သူမဘက်နောက်တစ်ကြိမ် ရွှေ့ပေးလိုက်တယ်။

"ကောင်းပြီလေ၊ စမ်းစားကြည့်ပေးမယ်" ရှန်းရင် အမူအရာက မပြောင်းမလဲ။ တစ်စုံတရာက သူမမျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ အတော်ကြာတော့ သူမက တဖြည်းဖြည်းချင်း လက်လှမ်းကာ တစ်ပိုင်းဆွဲယူပြီး ပါးစပ်ထဲ အမြန်ထိုးထည့်လိုက်တယ်။ နောက်အခိုက်အတန့်မှာတော့ သူမမျက်လုံးတွေ မှေးသွားခဲ့တယ်။

အရသာရှိလိုက်တာ... အရင်ကဟာတွေအားလုံးထက် အရသာရှိတယ်

(⊙ o ⊙)

"ဒါက ကျွန်တော် ဒီလို အဆာသွတ်မုန့်လုပ်တာ ပထမဆုံးအကြိမ်ပဲ၊ ဆရာဘယ်လိုထင်လဲ" ယိချင်းက လေးလေးနက်နက် မေးလာတယ်။

ရှန်းရင်က မျက်လုံး အမြန်ပြူးသွားကာ တစ်ချက်ကြည့်တယ်။ အရသာရှိလွန်းတော့ မချီးကျူးသင့်ဘူးလား။ ဒါကြောင့် သူမ အေးစက်တဲ့ "အဆင်ပြေပါတယ်" စကားနဲ့ ဖြေလိုက်တယ်။

"..."

အဲလိုပြောကာ သူမက နောက်တစ်ချပ်ယူပြီး ပါးစပ်ထဲထိုးထည့်လိုက်တယ်။ နောက်တော့ နောက်တစ်ခု၊ ထပ်ပြီးနောက်တစ်ခု...။

အဆာသွတ်မုန့်အပြည့် ပန်းကန်က မြန်မြန်ပဲ ကုန်တော့မှာကိုမြင်တော့ ယိချင်း သူ့နှုတ်ခမ်းထောင့်တွေကို မကွေးဘဲမနေနိုင်တော့ဘူး။

"ဆရာကြိုက်တာ ကောင်းတယ်" သူ့အကြည့်က ချက်ချင်း ရေလိုနူးညံ့သွားတာများ ရှေ့ကလူဟာ သူ့ကမ္ဘာကြီးအတိုင်းပဲ။

ရှန်းရင်တောင် သူ့အကြည့်ကြောင့် နည်းနည်းအနေရခက်သွားတယ်။ သူမခေါင်းကိုစောင်းကာ သူ့ကို တစ်ချက်ကြည့်ပြီး ကူယွဲ့ပြောတာကို ရုတ်တရက် သတိရသွားကာ စိတ်လှုပ်ရှားသွားတယ်။ သူမ မနေနိုင်ဘဲ မျက်နှာမှာပူသွားတယ်။

သူက တကယ်ပဲ သူမရည်းစားလား။ အဲဒါကြောင့် သူက သူမအပေါ်ကောင်းပေး၊ အင်္ကျီတွေ ကူပြင်ပေး၊ စောင်ခင်းတွေ လဲပေး၊ လက်သုတ်ပြီးတော့ မိနစ်တိုင်း အနီးကပ်စောင့်ကြပ်နေတာလား။ ပိုပြီးအရေးကြီးတာက သူက သူမတစ်ခါမှမစားဖူးတဲ့ အရသာရှိတဲ့စားစရာတွေ များကြီးလုပ်နိုင်တယ်။

နောက်တစ်ချက် ကြည့်တော့ သူက တကယ်ကိုလည်း ကြည့်ကောင်းတယ်။ ဒီလိုရည်းစားရှိတာက ကြည့်ရတာတော့... သိပ်ပြီးဆိုးပုံမပေါ်ပါဘူး။

~(≧▽≦)/~

ဒါပေမဲ့ အစ်မကြီးက အသက်၁၈ မပြည့်ခင် ရည်းစားထားခွင့်မရှိဘူးလို့ မပြောခဲ့ဘူးလား။ မဟုတ်ဘူး သူမ ငုပ်လျှိုးမှုကြောင့် မှတ်ဉာဏ်မပျောက်ခင် တကယ်တော့ အသက်၂၈နှစ်လို့ မပြောခဲ့ဘူးလား။ ဒါဆို... ဒါဆို ရည်းစားထားလို့ အဆင်ပြေလောက်တယ် မဟုတ်လား။

ပြီးတော့ ကူယွဲ့လို့ခေါ်တဲ့ အဲတစ်ယောက်က သူတို့ မိဘတွေကို တွေ့ပြီးပြီလို့ ပြောခဲ့တယ်မဟုတ်လား။ ဒါဆို အစ်မကြီးက ခွင့်ပြုခဲ့တယ်လား။

သူမမျက်နှာက ဆိုးရွားသွားပြီး အလိုလိုတုန်ယင်သွားတယ်။ သူမ နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လာကာ ယိချင်းကို လှမ်းကြည့်လိုက်တယ်။ သူမ တကယ်ဘဲ မမေးကြည့်ဘဲ မနေနိုင်ဘူး။

"နင်... တကယ်ပဲ ငါ့အစ်မကို‌ တွေ့ဖူးတာလား"

"ဘာလို့ ဆရာက ဒါကိုမေးတာလဲ" ယိချင်းက ခဏမင်သက်သွားကာ အမှန်တိုင်း ခေါင်းညိတ်လိုက်တယ်။

"သူ့ကို တကယ်ပဲ တွေ့ဖူးတယ်"

"ဒါဆို...သူက နင့်ကို ဘာမှမလုပ်ခဲ့ဘူးလား"

ယိချင်းက ခေါင်းယမ်းတယ်။

"မလုပ်ပါဘူး" ဖေဖေနျိုကိုပဲ ထုထောင်းခဲ့တာ။

"တကယ်မလုပ်ခဲ့ဘူးလား"

"ဟင့်အင်း"

"ဒါအဓိပ္ပာယ် မရှိတာပဲ" ရှန်းရင်မျက်နှာမှာ မယုံကြည်နိုင်မှုအပြည့်နဲ့ နောက်တစ်ကြိမ် သူ့ကို လှည့်ကြည့်ကာ လေးနက်မှုအပြည့်နဲ့ ပြောလိုက်တယ်

"နင်တကယ် အသက်ရှင်နေသေးတယ်လား"

ခြေထောက်လေးတောင် မကျိုးဘူး

"..."

"ထားတော့" ရှန်းရင် ဆက်မစဉ်းစားတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ စားပွဲပေါ်က နောက်ဆုံးလက်ကျန် အဆာသွတ်မုန့်နှစ်ခုကို ကြည့်ကာ အတော်ကြာ တုံ့ဆိုင်းပြီးတဲ့နောက် အံကြိတ်ရင်း လက်ကိုလှည့် တစ်ချပ် ကမ်းပေးလိုက်တယ်။

"နင့်အတွက်"

“…”

"ဟမ်" ယိချင်း မင်သက်သွားတယ်။ သူ စားဖို့ မရည်ရွယ်ထားဘူးလေ။

"ဆရာ ကျွန်တော် မ..."

"စား" ရှန်းရင်က သူစကားဆုံးမှာကို မစောင့်ဘဲ သူ့ပါးစပ်ထဲ တန်းထိုးထည့်လိုက်တယ်။ ဒါက ရည်းစားအတွက် ပမာဏပဲ။

ယိချင်းက တစ်ခဏတာ အာရုံမစိုက်ဘဲ အလိုလို သူ့ပါးစပ်ကို ဟလိုက်တယ်။ သူ့နှုတ်ခမ်းတွေကို ပွတ်သပ်သွားတဲ့ နူးညံ့တဲ့လက်ကို ခံစားလိုက်ရပြီး သူ့ပါးစပ်ထဲ အံ့အားသင့်စရာအရသာတွေ ပြည့်သွားတယ်။

ဆရာ... ဆရာက ကျွေးတယ်...။

အဲတော့မှ သူ တစ်စုံတစ်ခုကို နားလည်လိုက်ရတယ်။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အသားအရေက ချက်ချင်း နီရဲတွတ်သွားတယ်။ သူ့နှလုံးခုန်မြန်လာလိုက်တာများ ပါးစပ်ကနေ ထွက်ကျတော့မလိုပဲ။

ဒါ ဆရာ ပထမဆုံးအကြိမ်... သူ တစ်ဖက်သူလက်ကို လိုက်မကြည့်ဘဲ မနေနိုင်ဘူး။

ဒါပေမဲ့ ရှန်းရင်က နောက်ဆုံးအဆာသွတ်မုန့်တစ်ပိုင်းကိုယူပြီးပြီဖြစ်ကာ ပါးစပ်ထဲ ထိုးထည့်ပြီးပြီ။ သူမစားသောက်ရင်း လက်ထိပ်ပေါ်က အဆာသွတ်မုန့်အမှုန့်တွေကို လျက်လိုက်တယ်။ သူမနားလည်သွားတဲ့ အတော်ကြာမှ ကိုယ့်လက်ကိုယ် ငုံ့ကြည့်ကာ တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။

သူမရဲ့ ဒီလက်က ကြည့်ရတာ ခုလေးတင်...။

အလိုလို ပြန်လှည့်ကြည့်လိုက်တော့ နှစ်ယောက်သား မျက်လုံးချင်းဆုံသွားတယ်။ သူတို့ တစ်စုံတရာကို ချက်ချင်နားလည်သွားတယ်။ နောက်အခိုက်အတန့်မှာ... အနီရောင်လှိုင်းကြီးတစ်ခုက မျက်နှာနှစ်ခုလုံး ပေါ်တက်လာတယ်။ လေထုက ပန်းရောင်ပူဖောင်းတွေ ပေါ်လာသလိုမျိုး နည်းနည်းပူလာသလိုပဲ။

"..."

အဲဒါကတော့ ကူယွဲ့ အခန်းထဲ ဝင်လာချိန် လေးနက်ကာ စိတ်ကူးယဉ်ဆန်တဲ့ အကြည့်ချင်းဆိုင်မှု မြင်ကွင်းပေါ့။

သူ့နှုတ်ခမ်းထောင့်က တွန့်သွားတယ်။ သူ စကားပြောပြီး ပတ်ဝန်းကျင်က ပန်းရောင်ပူဖောင်းအားလုံးကို ဖောက်လိုက်ရတော့တယ်

"ဟေး ကြည့်လို့ပြီးကြပြီလား" မင်းတို့ အကြည့်ချင်းဆိုင်နေတာ တစ်မိနစ်ပြည့်တော့မယ်။

နှစ်ယောက်သား တောင့်တင်းသွားပြီး ထိတ်လန့်သွားသလိုမျိုးအကြည့်လွှဲကုန်တယ်။ တစ်ယောက်က ဖန်သားပြင်ထဲ ခေါင်းစိုက်သွားပြီး နောက်တစ်ယောက်က ထရပ်တယ်။

"ဖေဖေနျို... ဘာကိစ္စလဲ"

"သွားဖို့အချိန်ကျပြီ"

"ဘယ်သွားမှာ"

ကူယွဲ့ ဆွံ့အသွားတယ်။ သူ ခေါင်းစခြေဆုံးကြည့်လိုက်တယ်။

"မင်းတို့၂ယောက် ဒီနေ့က ပေါ်ပင်လယ်အမတစုဝေးပွဲနေ့ဆိုတာ မေ့သွားတာလား"

"..."

"နောက်ကျနေပြီ၊ ယွီဟုန်တို့မိန်းကလေးတွေက မနက်အစောပိုင်းတည်းက သွားကြပြီ၊ ငါက မင်းတို့နှစ်ယောက်ကို လာပင့်တာ" သူက ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။

"သူ‌ဌေးလန် အဆင်သင့်ဖြစ်ချိန် သွားကြမယ်"

သူ စကားပြောနေတုန်း လန်ဟွားက ဆေးပုလင်းတစ်လုံးနဲ့ ဝင်လာတယ်။

"ရော့ မင်းတောင်းတဲ့ သက်စောင့်ဆေးတွေ၊ စုစုပေါင်း အလုံး၂၀၀"

"ပင်ပန်းသွားပြီ ကျေးဇူးပဲ"

ကူယွဲ့ လန်ဟွားလက်ထဲက သက်စောင့်ဆေးတွေကို ယူလိုက်တယ်။ နောက်တော့ ဓမ္မအသုံးအဆောင်တစ်ခုကို ထုတ်ကာ လေထဲ ပစ်လိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း ငါးရောင်စပ် ဝိညာဉ်ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။ တောင်ပံတွေကိုခတ်ကာ ခမ်းနားတဲ့ တိမ်တိုက်တွေစုဝေးလာပြီး မသေမျိုးချီက ဝန်းရံလာလေရဲ့။ ပုံရိပ်ယောင် မြေပြင်လိုပဲ။

အင်း၊ ဒါက ကြွားဖို့အရမ်းသင့်တော်တဲ့ ငှက်ပဲ

ကူယွဲ့ လက်မြှောက်ကာ စည်းတံဆိပ်တစ်ခု ထုတ်လုပ်ပြီး အဲဒီဝိညာဉ်ငှက်အဖြစ် ပြောင်းလဲတဲ့ ဓမ္မအသုံးအဆောင်က ချက်ချင်းဆင်းသက်လာကာ ခြံဝန်းတစ်ဝက်ကျော်ပို နေရာယူလိုက်တယ်။

"သွားကြစို့" သူက တခြားသူတွေကိုလက်ယမ်းပြလိုက်တယ်။

"အော် ဟုတ်သား၊ သူဌေးလန် မင်းလည်းလိုက်ခဲ့"

"ငါလား" လန်ဟွားက မှင်တက်သွားတယ်။ "ငါကဘာလုပ်ဖို့လဲ" သူ့ကျင့်ကြံဆင့်တွေ တိုးတက်အောင် လုပ်ဖို့မှ မလိုတာ။ ပြီးတော့ အဲဒီအမတရေပန်းက မကောင်းဆိုးဝါးကျင့်ကြံသူတွေအတွက်လည်း အသုံးမဝင်ဘူး‌လေ။

"သွားရမယ် မင်း မသွားရင် သူတို့ မျှော်လင့်နေတာတွေကို ဘယ်လိုပြန်တိုက်ခိုက်မလဲ"

"ဒါပေမဲ့ ငါ့ညီနောင် မုန်လာဥဖြူ၊ တူလေးဒုဓလီပန်းနဲ့ အမတဆေးပင်‌အသစ်တွေ ဒီနေ့သွားရှာမယ်လို့ စီစဉ်ထားတယ်"

"..." စုန့်ရန်က ဘယ်တုန်းက မင်းတူဖြစ်လာတာလဲ။ အဲလောက်အဆင်သင့် လက်ခံဖို့လိုလို့လား။

"မင်းတို့အားလုံး သွားရင်ရော၊ ငါတကယ်..."

"သုံးနှစ်စာ ငှားရမ်းခ လျှော်ပေးမယ်"

"ဟုတ်ကဲ့ပါ ဖေဖေနျို၊ ပြဿနာမရှိပါဘူး ဖေဖေနျို"

အဖြေက ချက်ချင်းပြောင်းသွားလေရဲ့။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

…

အခန်း ၄၁၀ ။ အမတစုဝေးပွဲသို့သွားခြင်း

သုံးယောက်သား ငှက်ကျောပေါ် ပျံသန်းလာပြီးနောက်မှ ကျောပေါ်မှာ လူတချို့ဆန့်တဲ့ ကြာပန်းစင်မြင့်ရှိနေတာသိလိုက်ရတယ်။ ငှက်ကြီးက အတောင်တွေကိုဖြန့်ကာ ပျံတက်လာတယ်။ လမ်းတစ်လျှောက် ရောင်စုံတိမ်တိုက်တွေနဲ့ တောက်ပတဲ့ ဝိညာဉ်အလင်းက သူတို့ရှေ့ ဖြန့်ထားတဲ့ကော်ဇောလို လမ်းကိုဖုံးနေခဲ့တယ်။

ဝင်ပေါက်က မှင်တက်စရာပဲ။ ကံကောင်းတာက သူ မနေ့ညကတင် ဒီကြွားစရာပစ္စည်းကို ရှာတွေ့ခဲ့လို့ပေါ့။ ကူယွဲ့ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ ပုံစံက လုံလောက်နေပေမဲ့ ပတ်ဝန်းကျင်က တောက်ပလွန်းလို့ လမ်းမှတ်မိဖို့ ခဲယဉ်းရုံပဲ။

"စားဖိုမှူး ကြည့်..."

သူ ဘေးကလူကို မေးမို့ရှိသေး ခေါင်းလှည့်လိုက်တော့ ယိချင်းက အူကြောင်ကြောင်အကြည့်နဲ့ ရပ်နေသေးတာကို မြင်လိုက်ရတယ်။ သူ့အကြည့်က ဘေးကလူဆီ အချိန်နဲ့အမျှရောက်နေတာက အတွေးတွေကို မစုစည်းရသေးတဲ့ပုံပဲ။ သူ့အကြည့်တွေက လုံးဝကိုရိုဆန်နေတယ်။

ကူယွဲ့ ။ ။ "..." သောက်ကျိုးနည်းငတုံးတွေ။

သူ လန်ဟွားဘက် လှည့်လိုက်တယ်။

"သူဌေးလန်၊ အဲဒီအမတရေပန်းကို အရင်က ရောက်ဖူးလား"

"ဟုတ်ကဲ့ အကြိမ်ရေတချို့ပါ" လန်ဟွားက သူ့ကောင်းကင်စိတ်အာရုံကို သုံးကာ လှမ်းကြည့်ပြီး ဘယ်ဘက်ကို လက်ညှိုးထိုးလိုက်တယ်။

"အဲဘက်တည့်တည့်ပျံသန်းမယ်၊ ကီလိုမီတာနည်းနည်းပဲ ဝေးတာ၊ ဆယ့်ငါးမိနစ်ပဲ ကြာလိမ့်မယ်"

ကူယွဲ့လက်ထဲက ဓမ္မဂါထာက ပြောင်းလဲသွားကာ သူတို့ အဲဦးတည်ဘက်ဆီ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာခဲ့တယ်။

ဘေးကရှန်းရင်က မျက်မှောင်ကြုတ်တယ်။ သူမ တစ်စုံတစ်ခုကို မှတ်မိသွားသလိုမျိုး ဖန်သားပြင်ကိုဖွင့်ကာ တစ်ချက်ကြည့်တယ်။

"နင်ပြောနေတဲ့နေရာက ဒီနေရာလား"

သူမက လက်ပတ်ကို နှိပ်လိုက်တယ်။ ချက်ချင်းပဲ အလင်းမျက်နှာပြင်တစ်ခုက သူတို့သုံးယောက်ရှေ့ ရုတ်တရက် ပေါ်လာတယ်။ အဲပေါ်မှာတော့ ပေါ်ပင်လယ်ရဲ့ ပထဝီမြေပြင်ကိုပြတဲ့ မြေပုံ။ သူမက လက်တစ်ဖက်ကို မြှောင်ကာ ဘယ်ဘက်က အနီစက်ကို လက်ညှိုးထိုးပြတယ်။

"ဒီအမှတ်အသားပြထားတဲ့နေရာနား ငါတို့သွားနေတာလား"

လန်ဟွားက မြေပုံရုတ်တရက် ပေါ်လာမှုကြောင့် ထိတ်လန့်သွားတယ်။ ရှန်းရင်အစွမ်းတွေကို သတိရသွားတော့ ပုံရိပ်ယောင်မြေပုံကို အနီးကပ်စစ်ဆေးကာ ခေါင်းညိတ်လိုက်တယ်။

"ဟုတ်တယ်၊ ဒါက အမတရေပန်းပေါ်လာတဲ့နေရာပဲ"

ရှန်းရင်မျက်မှောင်ကြုတ်မှုက လေးနက်သွားတယ်။

"ဘာဖြစ်တာလဲ" ကူယွဲ့ မေးလိုက်တယ်

"ဒီနေရာကဘာဖြစ်လို့လဲ"

ရှန်းရင် အလင်းမျက်နှာပြင်ပေါ်က မြေပုံကိုပိတ်ကာ မပြောခင် တစ်ချက်လှည့်ကြည့်တယ်။

"လွန်ခဲ့တဲ့၃ရက်က ငါ ဒီနေရာရဲ့ အချက်အလက်ကို ဘာရယ်မဟုတ် စစ်ဆေးကြည့်တော့ မူမမှန်တဲ့ အချက်အလက်တွေကို လက်ခံရခဲ့တယ်၊ ငါ သူ့နေရာအတိအကျကို ရှာနေခဲ့တာ"

"အဲနေရာမှာ ဖြစ်နိုင်လား" ကူယွဲ့ ထိတ်လန့်သွားတယ်။

"ခဏ ဒါဆို မင်း အဲမျက်နှာပြင်ကို ဒီရက်ပိုင်းစိုက်ကြည့်နေတာ ဒါရှာဖို့အတွက်လား"

"မဟုတ်ရင် ဘာလုပ်ရမှာလဲ" ရှန်းရင်က အေးစက်စက် လှမ်းကြည့်တယ်။

"အပျော်ရှာရမှာလား၊ ပြီးတော့ နင်တို့လို အားယားအလေလိုက်ရမှာလား"

"..." မင်း သေချာမပြောနိုင်ဘူးလား။ သူက ဘယ်လိုလုပ် အားယားနေရမှာလဲ။ ပြီးတော့ လူအနေနဲ့ ထမင်းငါးနပ်စားတဲ့ မင်းကရော ဒီလိုပြောရဲဖို့ မျက်နှာရှိတယ်လား။

"အဲဒီမူမမှန်တာတွေက ဘာတုန်း၊ ကျူးကျော်မှုလား"

"မျက်နှာ‌ပြင်ကျူးကျော်မှုတွေဆိုတာ မြောက်ဘက်အရပ်က ဂေါ်ဖီထုတ်တွေလို့များထင်နေလား၊ အချိန်တိုင်း ဘယ်သူက ကီလိုဆယ်ချီဝယ်လဲ" ရှန်းရင်က သူ့ကိုအထင်သေးတဲ့ အကြည့်နဲ့ကြည့်ကာ မျက်နှာထားတည်တည်နဲ့ ရှင်းပြတယ်။

"ငါ့မူရင်းခန့်မှန်းချက်ကတော့ နယ်နိမိတ် ခေါက်တာ၊ ဒါမှမဟုတ် ပဲ့ယွင်းတာပဲ၊ မျက်နှာပြင်ပေါ် သက်ရောက်မှု ကြီးကြီးမားမားတော့ ရှိမှာမဟုတ်ဘူး၊ အသေးစိတ်ကိုတော့ အဲရောက်မှပဲသိမယ်"

"ဘာ" အဲဒါ ဘာကြီးလဲ။

"နင်နားမလည်ပါဘူး"

ရှန်းရင်ခေါင်းကစောင်းသွားပြီး အူကြောင်ကြောင်ကြည့်နေတဲ့ နှစ်ယောက်ကို လှမ်းကြည့်တယ်။ ဒီကိစ္စက တကယ်ကို နားလည်ဖို့ခက်တယ်။ သူမတောင် လနဲ့ချီ သင်ယူခဲ့ရတာ။

"ဒီလိုပြောပြမယ်" သူတို့တွေက လူသစ်လေးတွေပဲလေ။ ဟုတ်တယ်၊ စီမံထိန်းသိမ်းသူ တစ်ယောက်အနေနဲ့ သူမ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ကို မထိခိုက်သင့်ဘူး။ ဒါကြောင့် သူမရှေ့တက်ကာ အတတ်နိုင်ဆုံး နူးညံ့တဲ့လေသံနဲ့ တစ်လုံးချင်းပြောလိုက်တယ်။

"နင်တို့ရဲ့ သုညနဲ့ နီးစပ်တဲ့ ဉာဏ်ရည်နဲ့ ငါနင်တို့ကိုရှင်းပြဖို့ခက်တယ်"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

နှစ်ယောက်သား ဗိုက်ထဲ ဓားထိုးခံလိုက်ရသလိုပဲ။

အင်း၊ ဒီနေ့ ငါ စီမံထိန်းသိမ်းသူ ပီပီပြင်ပြင်ဖြစ်ခဲ့ပြီပဲ။

╮(╯▽╰)╭

"မင်းတို့တွေ ဘာတွေပြောနေတာလဲ" ဘေးက နားထောင်နေတဲ့လန်ဟွားက ဇဝေဇဝါအပြည့်မျက်နှာနဲ့။ သူ့အကြည့်က ရေခဲမျက်နှာရှန်းရင်နဲ့ ပေါက်ကွဲတော့မဲ့ ကူယွဲ့ကြား ခေါက်တုံ့ခေါက်ပြန်ဖြစ်နေလေရဲ့။

အသက်ပြင်းပြင်းရှူကာ ကူယွဲ့နောက်ဆုံးတော့ သူ့ရင်ထဲက ခါးသက်မှုကိုဖိနှိပ်လိုက်တယ်။ လူကြီးတစ်ယောက်အနေနဲ့ ကလေးတွေကို စိတ်ထဲမထားသင့်ဘူး။ သူ လန်ဟွားဘက်လှည့်ကာ ပခုံးပုတ်လိုက်တယ်။

"နားမလည်ရင် ပိုပျော်ရမယ်" မဟုတ်ရင် မင်းပါ ပိုပြီးဒေါသထွက်ရမှာ။

လန်ဟွား ။ ။ "..."

——————

ပေါ်ပင်လယ် အမတစုဝေးပွဲ။

အမတတွေက စုဝေးနေပြီး ပန်းပင်လယ်အပြည့်။ တချို့က ပေါ်ပင်လယ်တိုင်းပြည်တွေက ဖြစ်ပြီး တချို့ကတော့ သတင်းကြားပြီး ရောက်လာကြတဲ့ တခြားတိုက်ကသူတွေ။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်ပင်လယ် အမတ‌စုဝေးပွဲက နှစ်၃၀၀၀ကြာမှ ပြန်လည်ကျင်းပတာလေ။ ရှားပါးတဲ့အခွင့်အရေးပဲ။

တစ်ချက်ကြည့်ရုံနဲ့ ရှိ‌နေသမျှအမတတွေအကုန် တွေးစရာ ကျင့်ကြံဆင့်တွေရှိတာမြင်နိုင်တယ်။ အနိမ့်ဆုံးက မဟူရာအမတတွေ အများစုကတော့ အဆင့်မြင့်အမတတွေ။ ယွီဟုန်က အမတတွေကို တစ်ချက်ကြည့်ကာ သူမဘေးကတပည့်ဘက် လှည့်ပြောလိုက်တယ်။

"တိုင်းပြည်ဧကရာဇ်ငယ်တွေအားလုံး ဒီရောက်ပြီလား"

"အရှေ့ပိုင်းဧကရာဇ်ထိုက်ကလွဲ အားလုံးရောက်နေကြပါပြီ"

ယွီဟုန် မျက်မှောင်ကြုတ်ကာ သူမနှလုံးသားထဲ စိတ်မှိုင်းထိုင်းသွားတယ်။ နောက်အခိုက်အတန့်မှာတော့ အင်မတန်ကျယ်လောင်တဲ့ ငှက်အော်သံကို ကြားလိုက်ရတယ်။ ဆူညံနေတဲ့လူအုပ်ကြီးက ငြိမ်ကျသွားပြီး ကောင်းကင်ကို မော့ကြည့်ကုန်ကြတယ်။ ကြီးမားတဲ့ ဝိညာဉ်ငှက်တစ်ကောင်က သူတို့ဘက် ပျံသန်းလာတယ်။ ဖြတ်သန်းလာချိန် တောက်ပတဲ့တိမ်တိုက်တွေပ ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး အံ့အားသင့်စရာဖိနှိပ်မှုပမာဏပါ သယ်ဆောင်လာလေရဲ့။

"ဂိုဏ်းချုပ် ဒီရောက်လာပြီ" ယွီဟုန် ပျော်သွားပြီး သူမဘေးက တပည့်ကို‌ ခေါငိးညိတ်ပြလိုက်တယ်။ တပည့်က ကျယ်လောင်စွာ လှည့်ကြေညာလေတယ်။

"ဂိုဏ်း- ပေါ်ပင်လယ်ဧကရာဇ် ရောက်လာပါပြီ"

ရောင်စုံဝိညာဉ်ငှက်က ဆင်းသက်လာတယ်။ တိုင်းပြည်ဧကရာဇ်တွေက လှည့်လာတော့ အုပ်စုထိပ်ဖျားမှာ လန်ဟွားနဲ့ နောက်ကလိုက်လာတဲ့ ယိချင်းကို မြင်လိုက်ရတယ်။ သူတို့မျက်နှာ‌မှာ ပျော်ရွှင်မှု ချက်ချင်းပေါ်လာပြီး ရန်ပွဲကောင်းတစ်ခုမြင်ရဖို့ မျှော်လင့်ချက်နဲ့

လေးယောက်သား ငှက်ပေါ်က ဆင်းလာတော့ လူအုပ်ကြီးက သူတို့ကို တူတူဂါဝရပြုတယ်။

"နှုတ်ခွန်းဆက်သပါတယ် ဧကရာဇ်"

သူတို့ဆန့်ကျင်ဘက်ကလူက မတုံ့ပြန်။

ကူယွဲ့က လက်တစ်ဖက်ယမ်းကာ အဲဒီငှက်ကြီးက အဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွုးကာ နောက်တော့ ဓမ္မအသုံးအဆောင်အဖြစ် ပြောင်းသွားပြီး သူ့လက်ဖဝါးထဲ ပြန်ပျံသန်းသွားတယ်။ အဲတော့မှ လေးယောက်သားက ပင်မခုံဆီ စတင်လျှောက်လာကြတယ်။

တိုင်းပြည်ဧကရာဇ်တွေက အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ သူတို့ လန်ဟွားနဲ့ ယိချင်းကြား ခေါက်တုံ့ခေါက်ပြန် ကြည့်ကာ မျက်ဝန်းတွေက စိတ်လှုပ်ရှားမှုအပြည့်။ အထူးသဖြင့် နှစ်ယောက်သား ပင်မခုံဆီ လျှောက်လာချိန် သူတို့ရင်ထဲက စိတ်လှုပ်ရှားမှုကို လုံးဝမဖုံးကွယ်ထားနိုင်ဘူး။

နေရာကို ပြင်ဆင်ဖို့ စောစောရောက်လာတဲ့ အမတအစောင့်တွေရဲ့ မသိနားမလည်မှုကြောင့်ထင် တကယ်ပဲ ပင်မထိုင်ခုံက တစ်ခုံပဲရှိနေတယ်။ အစကတည်းက လန်ဟွားနဲ့ ဧကရာဇ်ယိချင်းကြားက ဆက်ဆံရေးက သိပ်ကောင်းတာ မဟုတ်။ တစ်ယောက်က တိုက်ကြီးတွေအားလုံးက တိုင်းပြည်ဧကရာဇ်တွေ ထောက်ခံတဲ့ ပေါ်ပင်လယ်ဧကရာဇ်အစစ်။ နောက်တစ်ယောက်က ပေါ်ပင်လယ်ကို တာဝန်ယူပြီး ထိန်းချုပ်နေတာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်တဲ့ အခုဧကရာဇ်။ သော့ချက်က နှစ်ယောက်လုံး အမတစုဝေးပွဲမှာ တကယ်တူတူပေါ်လာတာ။ ပင်မထိုင်ခုံပြဿနာက အသေးအဖွဲပဲ ဆိုပေမဲ့ ဧကရာဇ်အစစ်ရဲ့ ထိုင်ခုံကို ကိုယ်စားပြုတယ်။ အဲတော့ ဘယ်သူကထိုင်မှာလဲ။

တိုင်းပြည်ဧကရာဇ်တွေ စဉ်းစားလေ စိတ်လှုပ်ရှားလာလေပဲ။ သူတို့ နှစ်ယောက်သား ချက်ချင်း စကားများကြတော့မှာကို မြင်ရမှာ ပျော်နေကြတယ်။ တကယ်ပဲ နှစ်ယောက်က ပင်မခုံဆီ ပခုံးချင်းယှဉ် လျှောက်သွားတယ်။ နီးလာလေ နှစ်ယောက်လုံး လမ်းကြောင်း မပြောင်းသွားဘူး။ သူတို့တွေက ပင်မစင်မြင့်ပေါ် တက်သွားလေရဲ့။

လာပြီ... လာပြီ... တိုင်းပြည်ဧကရာဇ်တွေ အလိုလိုအသက်အောင့်ပြီး နှစ်ယောက်သား ပင်မခုံဆီသွားတာကို သေချာကြည့်နေကာ နောက်တော့...။

သူတို့က တူတူ လှည့်ထွက်သွားတယ် ဘယ်သူမှ မထိုင်ချဘူး။ တစ်ယောက်က ဘယ်ဘက်၊ တစ်ယောက်က ညာဘက်သွားတယ်။ ပြီးတော့ သူတို့နောက်က လိုက်လာတဲ့ အမျိုးသမီးငယ် ကျင့်ကြံသူတစ်ယောက်က ကိုယ်ကိုကိုင်းကာ ထိုင်ခုံပေါ် တန်းထိုင်ချတယ်။

ကုလားထိုင်က မြင့်လွန်းလို့ထင် သေချာမထိုင်နိုင်ခင် ခြေထောက်ကို နှစ်ခါဆန့်လိုက်ရတယ်။ သူမက ခေါင်းကို မော့ကာ လူအုပ်ကြီးကို အေးစက်စက် တစ်ချက်ကြည့်တယ်။

တိုင်းပြည်ဧကရာဇ်များ ။ ။ "..."

အမတများ ။ ။ "..."

ဘာတုံးဟ။

ပွဲကြီးပွဲကောင်း ဖြစ်တော့မယ်ထင်နေတာလေ။ ဧကရာဇ်နှစ်ပါးက တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်ဘူးထင်နေတာ။ ဒီကျားမက ဘယ်ကရောက်လာတာလဲ။

ဒါပေမဲ့ ဝူတိဂိုဏ်းက လူတိုင်းက ဒါကိုလုံးဝပုံမှန်လိုပဲ ကြည့်နေတယ်။ ယိချင်းနဲ့လန်ဟွားအပါအဝင်

ယိချင်းက ရှန်းရင်နောက် ရပ်‌ရတာ နေသားကျနေပြီ။ လန်ဟွားက ယွီဟုန်ဘက် လှည့်ပြီးပြီဖြစ်ကာ အရဲစွန့် မေးရှာတယ်။

"ညီမလေးဟုန်၊ ငမည်းလေးက မင်းကိုမေးခိုင်းလိုက်တယ်၊ သူပြန်လာ..."

"ထွက်သွား"

"အိုး" လန်ဟွားက ချက်ချင်းပြန်ကျုံ့သွားတယ်။ သူ လပေါင်းများစွာ အိမ်က မောင်းထုတ်ခံနေရတဲ့ တစ်ယောက်သောလူကို တိတ်တဆိတ်သနားသွားတယ်။

ငါကြိုးစားပေးခဲ့ပါတယ် ညီကိုရေ။

…

အခန်း ၄၁၁ ။ အနီနှင့်အဖြူ ယှဉ်တွဲခြင်း

တိုင်းပြည်ဧကရာဇ်တွေအားလုံးက ဝူတိကောင်းကင်နန်း‌တော်ရဲ့ ဒီရုတ်တရက် ထူးခြားတဲ့ရွှေ့ကွက်ကြောင့် ထိတ်လန့်ကုန်ကြတယ်။ သူတို့တွေ ပင်မခုံမှာထိုင်နေတဲ့လူက်ု အူကြောင်ကြောင် ကြည့်ကာ ဘယ်သူမှ တစ်ခဏတာ မတုံ့ပြန်နိုင်ကြဘူး။ သူတို့တွေ ကူယွဲ့ လူတိုင်းကို ယဉ်ကျေးမှုအရ တကူးတကကြီး လောကွတ်မချော်ဖို့ ပြောနေတာရော ‌တရားဝင်ကြေညာချက်ရှည်ကြီးတွေရော မကြားတော့ဘူး။ သူတို့တွေ ဂါရ၀ပြုတဲ့ အနေအထားအတိုင်း အချိန်အတော်ကြာ ရပ်နေကြတယ်။

သူတို့တွေ ဘယ်ညာမှာထိုင်နေတဲ့ လန်ဟွားနဲ့ ယိချင်းရယ် ပင်မခုံမှာ ထိုင်နေတဲ့သူကို ကြည့်လိုက်တယ်။ အကြည့်ချင်းဖလှယ်ရင်း မေးမို့ရှိသေး သူတို့ပတ်ဝန်းကျင်က မသေမျိုးချီက ရုတ်တရက် စတင်ထူထဲလာတယ်။

"အမတရေပန်း ပေါ်လာတော့မယ်" တစ်ယောက်က ထရေရွတ်တယ်။ လူတိုင်း ပင်မခုံမှာထိုင်နေတဲ့ အမျိုးသမီးအကြောင်းမေးဖို့ ချက်ချင်း မေ့သွားကာ နေရာအလယ်ကို မျှော်လင့်မှုအပြည့်နဲ့ လှည့်ကြည့်လိုက်ကြတယ်။ နဂိုက အလယ်မှာရပ်နေတဲ့ အဲဒီအမတတွေတောင် နောက်ကို အမြန်ဆုတ်ကုန်ကြတယ်။

လူအုပ်အလယ်မှာ နေရာလွတ်တစ်ခု ချက်ချင်း ပေါ်လာတယ်။ ပတ်ဝန်းကျင်က မသေမျိုးချီက ထူထဲသထက်ထူထဲလာကာ တစ်ခုခုဆွဲဆောင်ခံလိုက်ရသလိုမျိုး အလယ်ဆီအသည်းအသန် စုဝေးလာကြတယ်။ ချက်ချင်း ရင်ပြင်အလယ်မှာ ဖြူဖွေးမြူခိုးဆန်တဲ့ မသေမျိုးချီတွေ ဖုံးကွယ်လာတာကြောင့် ထိတွေ့လို့ရတဲ့အရာအဖြစ်ပြောင်းလဲဖို့ တိမ်းညွှတ်မှုကို ပြသနေတယ်။ မသေမျိုးချီတွေက ပိုပိုပြီး စုဝေးလာကြတယ်။ ရုတ်တရက် အဖြူရောင်အလင်းတစ်ခုက အလယ်မှာ တောက်ပသွားကာ ထူထဲတဲ့မသေမျိုးချီကြား လျှပ်စီးလိုဖြတ်သန်းလာတယ်။

ဟမ်။

လုံးဝအေးစက်တဲ့အမူအရာနဲ့ ပင်မထိုင်ခုံပေါ် ထိုင်နေတဲ့ ရှန်းရင်က ရုတ်တရက် အလယ်ဆီ ခေါင်းလှည့်ကာ တွေးတွေးဆဆ မျက်မှောင်ကြုတ်လေတယ်။ အဲဒါ...။

အဖြူရောင်အလင်းက တစ်ခဏတာ တောက်ပသွားကာ နောက်တစ်ကြိမ် ပြန်ငြိမ်ကျသွားတယ်။ လျှပ်စီးအလင်းလိုမျိုးပဲ။ နောက်အခိုက်အတန့်မှာ ရေစီးသံတွေထွက်လာတယ်။ ထူထဲတဲ့ မသေမျိုးချီက နောက်ဆုံးတော့ ရေစက်လေးတွေအဖြစ် သိပ်သည်းသွားကာ ရေဝဲပုံစံအလယ်မှာ တဖြည်းဖြည်း စုဝေးလာတယ်။ ပတ်ပတ်လည်က မြူခိုးလို မသေမျိုးချီလည်း တဖြည်းဖြည်း ပျောက်ကွယ်လာတယ်။

အမွှေးတိုင်တစ်ဝက်စာထွန်းချိန်အတွင်း ကြည်လင်တဲ့ရေပန်းတစ်ခု အရင်နေရာလွတ်မှာပေါ်လာတယ်။ ကြည်လင်တဲ့ စမ်းရေက နေရောင်အောက် တောက်ပနေပြီး ရွှေရောင်နဲ့ဖုံးထားသလိုပဲ။ ပြီးတော့ ရေပန်းတစ်ခုလုံးက လေထဲ တစ်မီတာစာလောက်မြင့်နေတယ်။ အပေါ်စီးကနေကြည့်ရင် မြေကြီးပေါ်က အပင်တွေတောင် မြင်နိုင်လေရဲ့။

အမတတွေက လုံးဝစိတ်လှုပ်ရှားနေပုံ။ သူတို့တွေက ခွက်တွေကို ထုတ်ကာ ပေါ်ပင်လယ်ဧကရာဇ်က သူတို့ကို ရေပန်းရေ စတင်သုံးဆောင်ဖို့ အမိန့်ပေးမှာကိုစောင့်နေကြတယ်။ ရေပန်းက နှစ်ရာစုချီမှ တစ်ခါပေါ်လာပြီး အကြိမ်တိုင်း တစ်နာရီစီပဲ ပေါ်တာကို သတိရရမယ်။ မကြာခင် ရေပန်းက နောက်တစ်ကြိမ် ပျောက်ကွယ်သွားမှာ ဖြစ်ပြီး သောက်ချင်ရင်တောင် သောက်လို့ရမှာမဟုတ်ဘူး။

ကူယွဲ့က အားလုံးအတွက် ခက်ခဲအောင်လုပ်ဖို့ မရည်ရွယ်ထားဘူး။ အမတရေပန်းက တကယ်ပဲ အမတစွမ်းအင်ကို တိုးမြှင့်ပေးနိုင်ပြီး ကျင့်ကြံဆင့်အတွက် အတော်လေးအကျိုးရှိတယ်။ ဒါပေမဲ့ တိုက်ရိုက်ကြီးတော့ ကျင့်ကြံမှုကို မမြှင့်နိုင်ဘးး။ သူ့သက်ရောက်မှုက တကယ်တော့ ထိပ်တန်းအဆင့် ဝိညာဉ်ပြုပြင်ဆေးလုံးတွေနဲ့ အများကြီးမကွာခြားဘူး။ တစ်ခုပဲ အဲဒါတွေက ပိုပြီးတောင် ရရှိဖို့ခက်တာ။

ဒါကြောင့် သူ ရှေ့ကို တန်းတက်ကာ ကျယ်လောင်စွာ ကြေညာလိုက်တယ်။

"လာတဲ့သူအားလုံးက ဧည့်သည်တွေပဲ၊ အမတရောင်းရင်းတွေ ဒီရောက်လာပြီဆိုမှတော့ အိမ်မှာလို နေကြပါ" အဲလိုပြောကာ သူ ရေမောင်းဂါထာတစ်ခု တန်းပြုလုပ်လိုက်တယ်။ နောက်အခိုက်အတန့်မှာ ရေပန်းကရေက ရေစီးကြောင်းရာချီအဖြစ် ပြောင်းသွားပြီး အမတတွေရဲ့ ခွက်တွေဆီ ပျံသန်းသွားတယ်။

"အမတရောင်းရင်း ကျေးဇူးပြုပြီး ကိုယ့်ဘာသာသုံးဆောင်ကြပါ"

အဲတော့မှ လူတိုင်းက ထရပ်ပြီး ခုံမြင့်ပေါ်က လူတွေကို ဂါရ၀ပြုလိုက်တယ်။

"ကျေးဇူးအများကြီးတင်ပါတယ် ဧကရာဇ်"

"ဒီအမတအစောင့်က လူတိုင်းကို ရေပန်းသောက်သုံးဖို့ ဘယ်ဧကရာဇ်နာမည်နဲ့ ဖိတ်ကြားလိုက်လဲဆိုတာ မသိဘူး" ရုတ်တရက် သရော်တဲ့အသံတစ်သံ ထွက်လာကာ ဝတ်ရုံစိမ်းနဲ့ လူတစ်ယောက်ဓားပျံနဲ့အတူ ကောင်းကင်က ဆင်းလာတယ်။ သူ့နောက်မှာတော့ အဆင့်မြင့်အမတတချို့။ ဒါပေမဲ့ သူတို့မြေကြီးပေါ် ရောက်ချိန် စင်မြင့်ကို မကြည့်ဘဲ တိုင်းပြည်ဧကရာဇ်လူအုပ်ကြီးကို ကြည့်တယ်။

"ရောင်းရင်းတိုင်းပြည်ဧကရာဇ်တို့ စောစောရောက်လာကြတာပဲ၊ လူတိုင်းပြောနေကြတဲ့ ပြန်ရောက်လာတဲ့ဧကရာဇ်က စိတ်မရှည်လွန်းဘဲ ဧည့်သည်အားလုံး ရောက်မလာခင် ရေပန်းကို စတင်သောက်သုံးမယ်မထင်ခဲ့ဘူး၊ နောက်ကျမိတဲ့အတွက် ခွင့်လွှတ်ပေးပါ"

ရှန်းရင်က မျက်မှောင်ကြုတ်ကာ ဘေးကစားဖိုမှူးဘက် လှည့်လိုက်တယ်။

"ပြဿနာ‌ရှာဖို့ရောက်လာပုံပေါ်တဲ့ ဒီမိုက်မဲတဲ့ငတုံးက ဘယ်သူများလဲ"

ယိချင်းက ဖော်ပြချက်အရှည်ကြီးမှာ ခဏမှင်တက်သွားကာ ခပ်တိုးတိုး ပြန်ဖြေလိုက်တယ်။

"ဆရာ ဒါအရှေ့ထိုက်ရဲ့ ဧကရာဇ်ယွီကန်း ဖြစ်လောက်တယ်၊ ကျွန်တော် ကြားဖူးတာတော့ လွန်ခဲ့တဲ့ နှစ်ထောင်ချီလောက်ကမှ ဧကရာဇ်ငယ်ကျင့်ကြံဆင့်ကို ရောက်ရှိအောင်မြင်ထားတာတဲ့"

"အိုး" ရှန်းရင်က သူ့ကိုတစ်ချက်သာကြည့်ကာ စိတ်ဝင်စားပုံမပေါ်။

ကူယွဲ့မျက်လုံးတွေကတော့ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့တယ်။ နောက်ဆုံးတော့ သူတို့ ပြဿနာစရှာပြီပဲ။

"ဧကရာဇ်ငယ်ယွီ စကားကို သေချာပြောပါ"

သူ့ဘေးက နောက်ထပ်ဧကရာဇ်တစ်ယောက်က အမူအရာမှာ စိတ်ပျက်မှု တကယ်အများကြီး မရှိတာတောင် အော်လေတယ်။

"အစတည်းက ဒီပေါ်ပင်လယ်အမတ‌စုဝေးပွဲနဲ့ ငါတို့က ဧကရာဇ်ယိချင်း သူ့ရာထူးဆီ ပြန်ရောက်လာတာကို ဂုဏ်ပြုဖို့အတွက်လေ၊ နောက်ကျတာတောင် မှားနေပြီကို အဲလိုမျိုး အသားလွတ်ကြီးပြောရဲသေးတာလဲ"

"ဘာဧကရာဇ်ယိချင်းလဲ" သူက တန်းနှာမှုတ်ကာ လူတိုင်းကို အထက်သေးမှုအပြည့်နဲ့ စိုက်ကြည့်တယ်။

"ငါသိတာတော့ ငါတို့ပေါ်ပင်လယ်မှာ ဧကရာဇ်လန်ဟွားရှိတယ်၊ ဘယ်တုန်းက နောက်ထပ် ဧကရာဇ်ယိချင်း ရှိသွားတာလဲ"

မာဆတ်ဆတ် ပြောခံရတဲ့ တိုင်းပြည်ဧကရာဇ်က တရှူးရှူးတရှဲရှဲ ဖြစ်ပုံပေါ်ကာ ပိုတောင်ကျယ်လောင်စွာ ပြောတော့တယ်။

"မင်းဘာသာမေ့နေတာ ဧကရာဇ်ယိချင်းက ပေါ်ပင်လယ်ကို လွန်ခဲ့တဲ့နှစ်၃၀၀၀ကျော်က တာဝန်ယူခဲတာ၊ သူက ပေါ်ပင်လယ်ရဲ့ စစ်မှန်တဲ့ဧကရာဇ်ပဲ"

"လွန်ခဲ့တဲ့နှစ်၃၀၀၀ကျော်လို့ ပြောလိုက်မှတော့ ငါ အရှေ့ထိုက်ကို တာဝန်ယူတာ နှစ်၁၀၀၀ကျော်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် ဧကရာဇ်ယိချင်း မဟုတ်ဘဲ ဧကရာဇ်လန်ဟွားပဲသိတာ"

"မင်း-"

"မမေ့နဲ့၊ ဒီနှစ်၁၀၀၀အတွင်း ဘယ်သူက နတ်ဆိုးမျိုးနွယ်ကို အပြင်မှာထိန်းထားပြီး အမတနဲ့ နတ်ဆိုးလောကနှစ်ခုလုံးကို စောင့်ကြပ်၊ ဘုံရဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့တာလဲ၊ ဧကရာဇ်ယိချင်းနဲ့ မတ်သက်လို့တော့ သူဘာလုပ်ခဲ့လဲ ငါမသိဘူး ငါ ဒီလိုလူမျိုးကို ဘယ်တော့မှ အသိအမှတ်မပြုဘူး"

တိုင်းပြည်ဧကရာဇ်တွေ တိတ်ဆိတ်ကုန်ပြီး သူ့ကြောင့်ဒေါသထွက်ပေမဲ့ ပြန်ခွန်းတုံ့မပြန်နိုင်တဲ့ အမူအရာမျိုး ဖြစ်နေတယ်။

ကူယွဲ့ အုပ်စုနှစ်ဖွဲ့ကို ခေါက်တုံ့ခေါက်ပြန် ကြည့်ကာ ဘာမှမပြော။ တစ်ယောက်က လူဆိုးဟန်ဆောင်တုန်း တခြားသူက လူကောင်းပုံဟန်ဆောင်တယ်။

အလုပ်တွဲလုပ်တာ အရှင်းလင်းကြီးပဲ။

"ဧကရာဇ်လန်ဟွား" ယွီကန်းလို့ ခေါ်သူက လန်ဟွားဆီ တန်းတန်းမတ်မတ် လျှောက်လာတယ်။ သူ့လက်သီးတွေကို ဆုတ်ကာ ခိုင်မာသစ္စာရှိစွာနဲ့ ပြောလေတယ်။

"ကျေးဇူးပြုပြီး စိတ်ချပါ၊ တကယ်လို့ အသက်ကို ဆုံးရှုံးရရင်တောင် ပြန်ရောက်လာတယ်ဆိုတဲ့ ဧကရာဇ်ကို အသိအမှတ်မပြုပါဘူး"

"ဟမ်" ယွီဟုန့်ကို စကားဘယ်လိုပြောရမလဲ စဉ်းစားနေပြီး လုံးဝ စကားနားမထောင်နေတဲ့လန်ဟွားက ခဏတာ မှင်တက်သွားတယ်။

"မင်းဘာပြောတာလဲ"

"ဧကရာဇ်" ယွီကန်းက ပိုတောင်အတည်ကြီးပြောလေတယ် ။

"ပေါ်ပင်လယ်က အစတည်းက အရှင့်ဟာပါ၊ ‌ဧကရာဇ်ရာထူးက အရှင်နဲ့ ထိုက်တန်တာ" သူက စကားကြောရင်း ပင်မခုံဘက် လှည့်ကာ လက်ညှိုးလှမ်းထိုးလိုက်တယ်။

"ဘယ်ကမှန်းမသိ ထွက်လာတဲ့ ဒီလူက လုံးဝကို မထိုက်တန်..."

သူက ပြောနေရင်း တန့်သွားတယ်။ သူ ပင်မခုံမှာ အေးစက်ဂရုမစိုက်ဟန်နဲ့ ထိုင်နေတဲ့အမျိုးသမီးကို ကြည့်လိုက်တယ်။ သူ အတော်ကြာ မတုံ့ပြန်နိုင်တော့ဘူး။

ဒါ... ဘယ်သူလဲ။

(⊙_⊙?)

ဧကရာဇ်ယိချင်းက ယောက်ျားလေးလို့ ထင်နေတာလေ။ ဒါက အရိပ်ထိန်းကျောက်တုံးကဟာနဲ့ ကွဲနေတယ်။ သူ တခြားတိုင်းပြည်ဧကရာဇ်တွေဘက် အလိုလိုလှည့်ကြည့်မိလိုက်တယ်။ ဒါ ဘာလဲ။ သူတို့ သဘောတူထားတာနဲ့ မတူတော့ဘူး။ ဘယ်လိုစကားဆက်ပြောရမှာလဲ။

တခြားတိုင်းပြည်ဧကရာဇ်တွေလည်း သူတို့ကိုယ်တိုင် ဇဝေဇဝါဖြစ်နေကြတယ်။ အဲအကြောင်းမေးဖို့ အချိန်မရခဲ့ကြဘူး။

သူ့ဘေးကလန်ဟွားက နောက်ဆုံးတော့ သူဘာဆိုလိုလဲဆိုတာ နည်းနည်းနားလည်သွားတယ်။ သူက ထိုင်ခုံတစ်ခုံအတွက် စိတ်နှလုံးကောင်းနဲ့ တိုက်ခိုက်စေချင်နေတာလား။ သူ ချက်ချင်း ထခုန်လိုက်တယ်။

"ဟေး ပေါက်တတ်ကရတွေမပြောနဲ့၊ ငါအဲခုံကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူးဟုတ်ပြီလား၊ ထိုင်ဖို့ကို တစ်ခါမှ မတွေးဖူးဘူး၊ မတ်တတ်ရပ်ရတာ ကြိုက်တယ်၊ မတ်တတ်ရပ်တာကို ကြိုက်ပြီးမွေးလာတာ၊ အဲဒါကို စွက်ဖက်ရအောင် မင်းက ဘယ်သူမို့တုံး"

သူ့အတွက် စိတ်နှလုံးကောင်းကို ထိုင်ခုံကဖယ်အောင်လုပ်ရမယ်တဲ့။ မင်း သောက်ကျိုးနည်း ငါ့ကို ဒေဝါလီခံစေချင်နေတာလား။ ငါ မင်းကို သတ်ပစ်မယ်

凸(艹皿艹)

နောက်အခိုက်အတန့်မှာ သူ လန်ဟွားကိုယ်ကနေ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ထွက်လာတာကို ခံစားလိုက်ရတယ်။ ယွီကန်း ထိတ်လန့်သွားကာ ဘာဆိုလိုမှန်းမသိလို့ ကြောင်အမ်းနေတယ်။ ဒါပေမဲ့ ဇာတ်ညွှန်းအတိုင်း သူ ဆက်သရုပ်ဆောင်ရမယ်။ ဒါကြောင့် သူ လေးနက်တဲ့အသံနဲ့ ပြောလိုက်တယ်။

"ဧကရာဇ် ပေါ်ပင်လယ်ကို စီမံခဲ့တာ နှစ်ပေါင်းများစွာကြာပြီ၊ တကယ်ပဲ နှစ်ထောင်ချီကြိုးစားခဲ့ရတာက တခြားသူ အကျိုးဖြစ်သွားတာကို တကယ်ပဲအဆင်ပြေရဲ့လား"

"ခဏ ငါက ပေါ်ပင်လယ်ကို စီမံသူလို့ ဘယ်သူပြောလဲ" လန်ဟွားက ငတုံးကို ကြည့်နေရသလိုမျိုး ရှေ့ကလူကို ခေါင်းစခြေဆုံးကြည့်တယ်။

"ငါတစ်ခါမှ မစီမံဖူးပါဘူး" သူက ဒီတိုင်း နေထိုင်သူတစ်ယောက်ပဲဟာ။

ယွီကန်း ။ ။ "..."

တိုင်းပြည်ဧကရာဇ်များ ။ ။ "..."

ဘာ။

ဘာတွေဖြစ်နေတာလဲ။ သူတို့ နှစ်ထောင်ချီ ပုံရိပ်ယောင်တွေမြင်နေခဲ့တာလား။

…

All Chapters