← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း ၄၁၂ ။ အမတပြိုင်ပွဲဆေးလုံးများ ထုတ်ပေးခြင်း

တိုင်းပြည်ဧကရာဇ်တွေက လုံးဝ ဇဝေဇဝါ ဖြစ်နေတယ်။ တာဝန်ယူထားသူက ဧကရာဇ်လန်ဟွား မဟုတ်ရင် ဖြစ်နိုင်တာက...။

ချက်ချင်း အကြည့်တွေအားလုံးက ညာဘက်က ယိချင်းဆီ လှည့်ကြည့်လိုက်ကြတယ်။

ယိချင်းက မျက်မှောင်ကြုတ်တယ်။

"ငါ တာဝန်ယူထားတာ မဟုတ်ဘူး"

လူတိုင်းက ပိုတောင် ဇဝေဇဝါဖြစ်လာကြတယ်။

တစ်ယောက် ယောင်ယမ်းကာ မေးလေရဲ့။

"ဧကရာဇ်နှစ်ယောက်က တာဝန်မယူထားတော့ ဘယ်သူလဲ"

လန်ဟွားနဲ့ ယိချင်း အချင်းချင်း ကြည့်ကာ နောက်အခိုက်အတန့်မှာ ဝူတိဂိုဏ်းတပည့်တွေအားလုံးနဲ့ တစ်လေသံတည်း ဖြေလ်ုက်ကြတယ်။

"ဖေဖေနျို"

ဟမ်။

အားလုံး ။ ။ "..."

ဘာတုန်းဟ။ ‌ဘယ်သူက ဖေဖေနျိုလဲ။

"ငါပဲ" ကူယွဲ့က တန်းရှေ့တက်လာကာ လူအုပ်ကြီးကို နေမင်းလိုတောက်ပနေတဲ့အပြုံးနဲ့ ကြည့်တယ်။

အမတတွေ မှင်တက်ကုန်တယ်။ တိုင်းပြည်ဧကရာဇ်တွေကတော့ ဒီလူက ဝူတိဂုဏ်းရဲ့ အကြီးအကဲ ဧကရာဇ်ငယ်ကူယဲ့ဆိုတာ မှတ်မိတယ်။ ယိချင်း ဧကရာဇ်ဖြစ်တဲ့နေ့မှာ တစ်ချိန်လုံး ကိစ္စအဝဝ စီမံနေသူက သူပဲ။

ဒါပေမဲ့ ယွီကန်းကတော့ မသိဘူးလေ။ သူက မျက်ဆန်လှန်ကာ တန်းပြီး အော်လေတယ်။

"အဓိပ္ပာယ်မရှိတာ မင်းကဘာလဲ၊ ငါတို့ပေါ်ပင်လယ်က ဘယ်လိုပဲဖြစ်ဖြစ် တိုက်ကြီးဆယ်တိုက်ထဲက တစ်ခုပဲ၊ ဧကရာဇ်ငယ်ကျင့်ကြံဆင့်လောက်နဲ့လူကို ဘယ်လိုလုပ် စီမံခွင့်ပေးရမှာလဲ"

"အဲလိုလား" ကူယွဲ့က သူတို့သရုပ်ဆောင်တာ ကြည့်ရတာ အရမ်းပျင်းသွားပြီ။ သူ သူ့ကျင့်ကြံဆင့်ကို ထိန်းညှိကာ ချက်ချင်း ဖိနှိပ်မှုလွှတ်လိုက်တယ်။

နောက်အခိုက်အတန့်မှာ လူတိုင်း သူတို့ကိုယ်ပေါ် လေးလံမှုတစ်မျိုး ခံစားလိုက်ရတယ်။ ကြောက်မက်စရာ လွှမ်းမိုးတဲ့ဖိနှိပ်မှုက သူတို့ဆီ ပြေးဝင်လာတယ်။ တခြားအမတတွေ မပြောနဲ့ တိုင်းပြည်ဧကရာဇ်တွေတောင် သွေးတွေ လိမ့်တက်လာပြီး အသိစိတ်တွေ မတည်မငြိမ်ဖြစ်သွားတယ်။ ဒူးထောက်အလေးပြုချင်စိတ်က သူတို့ပေါ်ချက်ချင်းရောက်လာပြီး တောင့်ခံဖို့ အတွေးထည့်မရ။

အထူးသဖြင့် သူနဲ့အနီးဆုံး ယွီကန်း။ ဖိနှိပ်မှုက သူ့ကို ချက်ချင်း ဒူးထောက်ကျသွားပြီး သူ့တစ်ကိုယ်လုံးက မြေကြီးပေါ် ချက်ချင်းပွတ်တိုက်လုနီးပါးဖြစ်သွားတယ်။ စက္ကန့်ပိုင်းအတွင်း ချွေးစေးတွေ ကျလာပြီး ကြီးမားတဲ့ ကြောက်ရွံ့မှုက သူ့ကိုလွှမ်းခြုံလာတယ်။

ဒီကြောက်မက်စရာ ဖိနှိပ်မှုက... အဇဋာဧကရာဇ်အဆင့်ထက်တောင် ကျော်လွန်နေတယ် သူက ဘယ်သူများလဲ။

"ကြည့်ရတာ တိုင်းပြည်ဧကရာဇ်က ကျုပ်နဲ့ ကိစ္စတချို့ရှိပုံပဲ" ကူယွဲ့ ပိုပြီးတောင် လေးလေးနက်နက် ပြုံးလိုက်တယ်။

ယွီကန်းရဲ့မျက်နှာက ပိုတောင် ဖြူဖျော့သွားတယ်။ သူ နောက်အခိုက်အတန့်မှာတင် ဒီဆိုးရွားတဲ့ ဖိနှိပ်မှုရဲ့ ခြေမွှမှုကို ခံရတော့မလိုမျိုး ချီနဲ့ သူ့ကိုယ်ထဲ သွေးတွေ ဒလိမ့်လိုက် ပြေးတက်လာတာကိုသာ ခံစားမိတော့တယ်။ သူက သွေးပျက်စွာ ပြန်ဖြေတယ်။

"ဟင့်အင်း.... မရှိပါဘူး မရှိရဲပါဘူး"

တိုင်းပြည်ဧကရာဇ်တွေလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ သူတို့တွေ ရုတ်တရက် အမတဘုံတစ်ခုလုံးကို ပျက်စီးစေမလို ဖြစ်စေခဲ့တဲ့ ကောင်းကင်ဂယက်ထမှုကို မှတ်မိသွားခဲ့တယ်။ အဲဒါဖြစ်ခဲ့တဲ့နေ့က လွန်ခဲ့တဲ့နှစ်သုံးထောင်ကျော်ဖြစ်ပြီး တိုက်ကြီးဆယ်တိုက်က တိုင်းပြည်ဧကရာဇ်တွေ ဝူတိဂိုဏ်းကို တိုက်ခိုက်ဖို့ ဝန်းရံခဲ့တာပေါ့။ ဒီနေ့အထိ အဲဒါက ဘယ်သူလုပ်ခဲ့တာလဲဆိုတာ အတိအကျ မသိဘူး။ ပြီးတော့ ဒီနှစ်တွေအားလုံးအတွင်းမှာ တိုက်ကြီးတွေကြား ဝူတိဂိုဏ်းမှာ အဇဋာဧကရာဇ်တွေတောင် အပြစ်မပြုရဲတဲ့ လူတစ်ယောက်ကို ဝှက်ထားတယ်ဆိုတဲ့ ခန့်မှန်းချက်တချို့ ပျံ့နှံ့နေခဲ့တယ်။ အဲဒါကြောင့် ဝူတိဂိုဏ်းက ပေါ်ပင်လယ်ကို တာဝန်ယူပြီးတဲ့နောက် ဧကရာဇ်က နှစ်ထောင်ချီပျောက်သွားခဲ့တာတောင် တခြားတိုက်ကြီးတွေက ဘယ်တုန်းကမှ မလှုပ်ရှားရဲခဲ့တာပဲ။

အခု အခြေအနေကို မြင်တော့ အမတတွေကို နောက်ပြန်ဆုတ်စေပြီး ကောင်းကင်ဂယက်ထအောင် လုပ်ခဲ့သူက သူတို့ရှေ့က အသွင်အပြင်အရတော့ ဧကရာဇ်ငယ်အဆင့်ပဲရှိတဲ့ဒီလူလား။

ပြီးတော့ အဲဒါကြောင့် ဧကရာဇ်လန်ဟွားက ခုလေးတင် ယွီကန်း သွေးလှုံ့ဆော်ပေးတာကို အဲလောက်မြန်မြန် ငြင်းရတာလား။ သူနဲ့ ဧကရာဇ်ယိချင်းက ဘယ်တုန်းကမှ တာဝန်ယူခဲ့သူတွေ မဟုတ်ဘဲ ပေါ်ပင်လယ်ကို တကယ်ထိန်းချုပ်နေသူက ဒီကူယွဲ့လား။

တိုင်းပြည်ဧကရာဇ်တွေ စဉ်းစားလေ ပိုကြောက်လာလေပဲ။ သူတို့မျက်နှာတွေ ဖြူဖျော့ကုန်ကာ ချွေးစေးတွေ ထွက်လာတယ်။ သူတို့တွေ ဧကရာဇ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေက ကမ္ဘာအစွန်းထိ ပျံသန်းသွားပြီလားတောင်မသိဘူး။ သူ တစ်နေရာလုံးကို ဖိနှိပ်မှုနဲ့ ဖုံးလွှမ်းပြီးမှ လွှတ်ပေးလိုက်တယ်။ လက်ထောက် ဖြစ်လာပြီးတည်းက သူ့အတွက် ကျင့်ကြံဆင့်ဆိုတာလုံးဝကို ဘာမှမဟုတ်တော့ဘူး။ သူ ကြိုက်တဲ့အချိန်မဆို နတ်ဘုရား ဒါမှမဟုတ် အမတ‌ဖြစ်လာနိုင်တယ်။ လုံးဝကို တက်လှမ်းဖို့ ဖိအားမရှိတော့ဘူး

"ထားလိုက်တော့၊ ရောင်းရင်းအမတတို့၊ အမတစုဝေးပွဲကို တက်ရောက်ပြီး အမတရေပန်းကို တူတူသောက်ဖို့ဆိုတာ မမေ့ကြပါနဲ့၊ ရေပန်းက တစ်နာရီအတွင်း ပျောက်တော့မှာ၊ အားလုံးပဲ ကိစ္စကို မမေ့ကြပါနဲ့" ကူယွဲ့ လက်ထဲက ပုလွေကိုလှည့်ကာ အနီးဆုံး ယွီကန်းကို ပြောလိုက်တယ်။

"တိုင်းပြည်ဧကရာဇ်ယွီ ဟုတ်တယ်မလား"

ယွီကန်းက သူ့ကို ဘယ်လိုလုပ် ဆန့်ကျင်ရဲတော့မှာလဲ။ သူ တကယ်ကို စောနက ဖိနှိပ်မှုကြောင့် တကယ်ကို ကြောက်သွားခဲ့တာ။ ပြီးတော့ ရဲတင်းတဲ့အကြည့်က သူ့ဆီကနေ ပျောက်ကွယ်သွားတာ ကြာလှပြီ။ ဖိနှိပ်မှု မရှိတော့တာတောင် သူ့ခြေထောက်တွေ ပျော့ခွေသလို ခံစားနေရသေးတယ်။ သူ လက်သီးအမြန်ဆုပ်ကာ ပြောလိုက်တယ်။

"ဟုတ်... ဟုတ်ပါတယ်၊ အမတရောင်းရင်း မှန်ပါတယ်"

"မင်းတို့အားလုံးက ပေါ်ပင်လယ်အတွက်ဂရုစိုက်လို့ ဧကရာဇ်ရာထူးနဲ့မတ်သက်ပြီး အရမ်းစိုးရိမ်နေတာ ခုမှသိခဲ့ရတယ်"

ကူယွဲ့ လူအုပ်ကြီးကို တစ်ချက်ကြည့်ကာ စိတ်ရှည်စိုးရိမ်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။

"ဒါပေမဲ့ ဒါက ဘယ်လိုပဲဖြစ်ဖြစ် အမည်နာမသက်သက်ပဲလေ၊ ငါတို့က စိတ်ထဲမထားဖူးဘူး၊ ငါတို့အမတကျင့်ကြံသူတွေက ကျင့်ကြံဆင့်မြှင့်တင်ဖို့ ကြိုးစားသင့်တာ၊ အဲဒါမှ နည်းလမ်းပဲ"

လူတိုင်း စတင် သဘောတူကြကာ နဖူးကနေ ချွေးစေးတွေကျနေတယ်။

"စိတ်ချပါ လန်ဟွားနဲ့ ယိချင်းရောက ပေါ်ပင်လယ်ရဲ့အမတတွေအတွက် ရင်ထဲ ဂရုစိုက်ကြပါတယ်"

ကူယွဲ့မျက်လုံးတွေ မှေးသွားတယ်။

"အဲဒါကြောင့် ကျုပ်တို့ ပေါ်ပင်လယ်အမတစုဝေးပွဲကို ပြန်လည်ကျင်းပပြီး ကျင့်ကြံဆင့် တိုးတက်အောင် ရေပန်းကို တူတူသောက်ဖို့ အမတတွေကို ဖိတ်ကြားလိုက်တာပါ၊ ပြီးတော့ ဧကရာဇ်တွေက အမတစုဝေးပွဲတွေ ရပ်သွားတာ နှစ်တွေကြာသွားပြီး အခွင့်အရေးကောင်းဆုံးရှုံးခဲ့ရတယ်လို့ စဉ်းစားပြီး လူတိုင်းအတွက် ပြင်ဆင်ပေးဖို့နည်းရှာတွေ့ခဲ့ပါတယ်"

အဲလိုပြောကာ သူက ပုလင်းတစ်လုံးကို တန်းထုတ်ပြီး ဖွင့်လိုက်တယ်။ ချက်ချင်း အလင်းလှိုင်းတချို့ တောက်ပသွားကာ သက်စောင့်ဆေးတချို့ ပျံသန်းထွက်လာပြီး အသက်ဝင်နေသလိုမျိုး လေထဲတစ်ပတ်လည်လေတယ်။ နောက်တော့ သူတို့ရှေ့ မျောလွင့်‌လာလေရဲ့။ ရွှေရောင်ခပ်ဖျော့ဖျော့က အဲဒီသက်စောင့်ဆေးအပေါ် တောက်ပနေပြီး သက်စောင့်ဆေးတွေရဲ့ ကြည်လင်တဲ့ရနံ့က သူတို့အပေါ် လွှမ်းခြုံသွားတယ်။ ရှိနေတဲ့အမတတွေ စိတ်ဓာတ်တက်ကြွသွားပြီး သူတို့ကိုဝန်းရံထားတဲ့ မသေမျိုးချီကလည်း မယုံကြည်နိုင်စရာ ထူထဲလာတော့တယ်။ အမတရေပန်းက ရေတောင် စတင်လှုပ်ရှားလာလေတယ်။

"ဒါတွေက... အမတပြိုင်ပွဲဆေးလုံးတွေ"

တချို့က ပင့်သက်ရှိုက်ကုန်ပြီး တစ်နေရာလုံး ချက်ချင်းတီးတိုးရေရွတ်ကုန်ကြတယ်။

"တကယ်ပဲ အမတပြိုင်ပွဲဆေးလုံးတွေ၊ ဒီလိုထူထဲတဲ့ချီကို ထုတ်လုပ်နိုင်တဲ့တစ်ခုတည်းသောဟာ"

"အဲဆေးလုံးက နတ်ဘုရားအဆင့်အမတမီး မရှိဘဲ လုပ်မရဘူးလို့ထင်နေတာလေ"

"ဒီကမ္ဘာမှာ အမတပြိုင်ပွဲဆေးလုံးတွေ ရှိသေးမယ် မထင်ခဲ့ဘူး ပြီးတော့ ဆေးလုံးက တစ်ခုတည်း မဟုတ်ဘူး"

ကူယွဲ့ လူအုပ်ကြီးကို ကျေနပ်စွာ လှမ်းကြည့်လိုက်တယ်။

"ဧကရာဇ်ယိချင်း ထွက်သွားတဲ့ နှစ်ထောင်ချီအတွင်း သူ ထူးခြားတဲ့အတွေ့အကြုံတချို့ရခဲ့ပြီး အမတပြိုင်ပွဲဆေးလုံးတွေကို ကြုံကြိုက်ရခဲ့တယ်၊ ဒီအမတစုဝေးမှုက ဒီဆေးလုံးတွေကို အမတတွေကို လက်ဆောင်ပေးဖို့ ပြီးပြည့်စုံတဲ့အခွင့်ကောင်းပဲ"

သူ စကားပြောရင်း အလင်းရောင်က ရှိနေတဲ့လူတိုင်းရဲ့ မျက်မှောက်ရှေ့ စတင်တောက်ပစပြုလာတယ်။ သူတို့တွေ ပဋိပက္ခဖြစ်ဖို့ ရန်စွမဲ့အကြံကို မမှတ်မိတော့ဘဲ အဲဒီဆေးလုံးတွေကို တန်းတန်းမတ်မတ်သာ ကြည့်နေကာ မျက်လုံးကိုမခွာနိုင်ဖြစ်နေတယ်။

"အဲဒါက..." ကူယွဲ့ လေသံပြောင်းလဲသွားတယ်။

"ဒီဆေးလုံးတွေက သာမန်အရည်အသွေးလေ၊ ကျင့်ကြံဆင့် အမြင့်ကြီး ခုန်တက်ဖို့ဆို ဧကရာဇ်ငယ်အဆင့်အောက်တွေက သုံးဆောင်မှပဲရမှာ"

အမြင့်ကြီးခုန်တက်မှာ အမတတွေ အတူတူပင့်သက်ရှိုက်ကုန်ပြီး မျက်လုံးတွေ ပိုတောင် တောက်ပကုန်တယ်။ ဒါပေမဲ့ တိုင်းပြည်ဧကရာဇ်၁၅ယောက် အမူအရာကတော့ နည်းနည်း ပြောင်းလဲကုန်တယ်။ သူတို့ ချက်ချင်း မကောင်းတဲ့ အရိပ်အငွေ့ရလိုက်တယ်။ တကယ်ပဲ သူတို့ သူဆက်ပြောတာကို ကြားလိုက်ရတယ်။

"ဒီသက်စောင့်ဆေးအရေအတွက်က အကန့်အသတ်နဲ့၊ ငါတို့မှာက ၁၅ခုပဲရှိတာ၊ ပြီးတော့ တိုက်ဆိုင်စွာပဲ ပေါ်ပင်လယ်မှာ တိုင်းပြည်၁၅ခုရှိတယ်လေ၊ မျှတဖို့ဆို တိုင်းပြည်ဧကရာဇ်တွေကို ဒီဆေးသုံးဆောင်ဖို့ လူတစ်ယောက်ကို ရွေးခိုင်းရတော့မှာပဲ" ကူယွဲ့ မျက်လုံးတွေ မှေးကာ ပြုံးလိုက်တယ်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန် သူကထပ်ပြောတယ်။

"အော်ဟုတ်သား၊ ဒီသက်စောင့်ဆေးက ပိုပြီး အကျိုးသက်ရောက်မှုရှိအောင် ဒီအမတရေပန်းနဲ့အတူ ဒီမှာတင် သောက်သုံးသင့်တယ်"

သူ စကားဆုံးသွားတော့ မနာလိုတဲ့အကြည့်တွေက တခြားတိုက်ကြီးတွေက အမတတွေရဲ့ မျက်နှာမှာ အလိုလိုပေါ်လာတာပေါ့။ သူတို့တွေ ပေါ်ပင်လယ်က မဟုတ်တာကိုပဲ စိတ်တိုတာ။ ပြီးတော့ တိုင်းပြည်ဧကရာဇ်တွေ ခေါ်လာတဲ့ အဆင့်မြင့်အမတတွေကတော့ စိတ်လှုပ်ရှားနေကြတယ်။ ခုလေးတင် ပြောသွားတာ ဧကရာဇ်ငယ်ကျင့်ကြံဆင့်အောက်အတွက်ပဲ အလုပ်ဖြစ်မယ်ဆိုတော့ ဒီသက်‌စောင့်ဆေးတွေက သူတို့ကြား ရောက်လာမှာပဲ။ ဒါက လူတိုင်းကို ကျင့်ကြံဆင့် အင်မတန်မြင့်မားစေမဲ့ အခွင့်အရေးဖြစ်ပြီး စားလိုက်တာနဲ့ ဧကရာဇ် တန်းဖြစ်မှာ။ ဘယ်သူက စိတ်မလှုပ်ရှားဘဲနေမလဲ။

ပြီးတော့ တိုင်းပြည်ဧကရာဇ်တွေက သူ့ကိုနားလည်တာမို့ အမူအရာက တကယ်မည်းမှောင်သွားကာ စိတ်ထဲ သွေးအန်နေကြတယ်။

အမတပြိုင်ပွဲဆေးလုံးတွေက တကယ်ပဲ ကျင့်ကြံဆင့်ကို တန်းမြှင့်တင်ပေးနိုင်ပေမဲ့ အဆင့်မြင့်အမတတွေအတွက်ပဲ သုံးလို့ရတာတော့ မဟုတ်ဘူး။ သက်ရောက်မှုက ဧကရာဇ်ငယ်အဆင့်အထက် သုံးတာဆို နည်းနည်းလေး လျော့နည်းသွားရုံပဲ။ သူက အဆင့်မြင့်အမတတွေကို သုံးဆောင်ဖို့ တကူးတက ပြောတယ်ဆိုတာ သူတို့ကို တန်းမပေးချင်လို့ပဲ။ ဒါပေမဲ့ သူတို့ တိုင်းပြည်ဧကရာဇ်တွေပါ သုံးဆောင်နိုင်တယ်လို့ ပွင့်ပွင့်လင်းလင်း မပြောနိုင်ဘူး၊ မဟုတ်ရင် လောဘကြီးတဲ့ပုံပေါ်မှာ။

ပြီးတော့ သူတို့ ဒီကိုရောက်နေတဲ့ရည်ရွယ်ချက်က ဧကရာဇ်နှစ်ပါးကြား ရန်စဖို့ဆိုတော့ မတော်တဆမှုတွေကို ကာကွယ်ဖို့ တစ်ယောက်ချင်းစီက အဆင့်မြင့်အမတဒါဇင်ချီလောက် ခေါ်လာခဲ့ကြတယ်။

ဒါပေမဲ့ တိုင်းပြည်ဧကရာဇ်တစ်ယောက်ချင်းစီမှာ ဒီလိုအမတပြိုင်ပွဲဆေးလုံးတစ်လုံးစီပဲရမှာ။ ပြီးတော့ သူတို့ ဘယ်သူ့ကိုပဲပေးပေး ပြဿနာဖြစ်လာလိမ့်မယ်။ ဒါက သာမန်ဆေးလုံး မဟုတ်ဘဲ ကျင့်ကြံဆင့်ကို တန်းမြှင့်နိုင်တဲ့ဟာ။ ဘယ်သူက မလိုချင်ဘဲနေမလဲ။ ပြီးတော့ အဆင့်မြင့်အမတအ‌ဆင့် ရောက်လာသူတွေမှာ သူ့တို့နောက် အနည်းနဲ့အများတော့ အစွမ်းရှိကြတယ်။ သူတို့ ဘယ်သူ့ကိုပဲပေးပေး တခြားသူတွေကြား မကျေနပ်မှု ဖြစ်စေမှာပဲ။

ပြီးတော့ တစ်ဖက်လူက ဒါကို အမတရေပန်းနဲ့ သုံးဆောင်ရမယ်လို့ တကူးတကမှာပြီးသား။ ဆိုလိုတာက ဒီမှာတင် စားသွားဖို့ ပြောနေတာ။ ပြန်ယူသွားပြီး အတွင်းမှာ လှည့်စားဖို့အတွက်ကို အခွင့်အရေး မပေးဘူး။

…

အခန်း ၄၁၃ ။ အမျိုးအမည်မသိဘုံတံခါး

"တိုင်းပြည်ဧကရာဇ်တို့ မင်းတို့ဆုံးဖြတ်ပြီးကြပြီလား" ကူယွဲ့ မြေခွေးတစ်ကောင်လို စဉ်းလဲစွာပြုံးကာ လောလိုက်တယ်။

"ဒီအမတရေပန်းက မကြာခင် ပျောက်တော့မှာ၊ ဆုံးဖြတ်ပြီးပြီဆို မင်းတို့ဂိုဏ်းကတပည့်တွေကို သက်စောင့်ဆေးလုံးတွေ လာယူဖို့ လွှတ်ပေးကြပါ၊ ကျုပ်တို့... တိုင်းပြည်ဧကရာဇ်ယွီကနေ စလိုက်ရင်ရော" သူက အနီးဆုံးလူကို လှည့်မျက်နှာချင်းဆိုင်လိုက်တယ်။

ယွီကန်းက ရုတ်တရက်ကြောင်သွားတယ်။ ဒါပေမဲ့ သူ ကူယွဲ့ကို မငြင်းရဲဘူး။ သွေးအန်ချင်စိတ်ကို ထိန်းချုပ်ထားရင် နောက်ကလူကို ပြန်လှည့်ကြည့်လိုက်တယ်။ သူ လက်သီးတွေဆုတ်ကာ ညာဘက်ကလူကို အမူအရာပြလိုက်တယ်။

"မင်း... သွား" တကယ်ပဲ တခြားလူတွေအားလုံး ချက်ချင်း ခေါင်းငုံ့ကုန်တယ်။

ယွီကန်း ဦးဆောင်လိုက်တာနဲ့ တခြားတိုင်းပြည်ဧကရာဇ်တွေလည်း သူတို့အဆင့်မြင့်အမတတွေကို စတင်ရွေးချယ်ကြတော့တယ်။ စက္ကန့်ပိုင်းအတွင်း လူ၁၅ယောက်က တခြားသူတွေနဲ့ သီးခြားရပ်နေပြီ။ အငွေ့အသက်က ခုကွဲပြားနေတယ်။ လူအုပ်ကြီးနဲ့သီးသန့်ရပ်နေပြီး စိတ်လှုပ်ရှားနေတဲ့ အဆင့်မြင့်အမတ ဆယ့်ငါးယောက်ကလွဲ တခြားအဆင့်မြင့်အမတတွေက စိတ်ပျက်သလို၊ စိတ်ရှုပ်ထွေးသလို မချင့်မရဲ ဖြစ်နေသလိုဟန်နဲ့။

ကူယွဲ့ လက်ကောက်ဝတ်ကို လှည့်ကာ ချက်ချင်း ရေဂါထာတစ်ခု ဖန်တီးလိုက်တယ်။ အမတရေပန်းကနေ စမ်းရေ၁၅ကြောင်း စီးဆင်းလာပြီး မတူညီတဲ့ သက်စောင့်ဆေး၁၅လုံးထဲ အဆုံးသတ်သွားတယ်။ သက်စောင့်ဆေးတွေက လူအုပ်ကြီးထဲ ပျံသန်းလေတယ်။

လူတိုင်း မျက်လုံးတွေ တောက်ပကုန်ပြီး အမတ၁၅ယောက်က ဆေးလုံးတွေကို လှမ်းဖမ်းကာ မျိုချလိုက်ကြတယ်။

"ဆေးလုံးတွေက အပြည့်အဝ သက်ရောက်မှုရှိဖို့ ၃ရက်ကြာလိမ့်မယ်၊ ပြန်ရောက်သွားရင် မင်းတို့ဘာသာ တံခါးပိတ်ကျင့်ကြံဖို့ အရင်သတိရပါ"

လူအုပ်ကြီးက ခေါင်းညိတ်ပြတယ်။ ပွဲကြည့်စင်က ပရိသတ်တွေအားလုံး ခု မတူညီတဲ့အမူအရာတွေနဲ့။ ပိုပြီးယဉ်ကျေးတဲ့ အဆင့်မြင့်အမတတစ်ယောက်က ယိချင်းနဲ့ကူယွဲ့ဆီ တက်လှမ်းလာပြီး ဂါရ၀ပြုတယ်။

"ကျေးဇူးတင်ပါတယ်၊ အဇဋာဧကရာဇ်၊ ကျေးဇူးတင်ပါတယ် အမတရောင်းရင်းဖေဖေနျို"

အဲဒါနဲ့ တခြားသူတွေကို နောက်ကလိုက်ပြောဖို့ စနက်ပျိုးပေးလိုက်သလိုပဲ။ တစ်ယောက်စီ ယိချင်းနဲ့ ကူယွဲ့ကို ဂါရ၀ပြုကုန်ကြတယ်။

"ကျေးဇူးတင်ပါတယ်၊ အဇဋာဧကရာဇ်၊ ကျေးဇူးတင်ပါတာ် အမတရောင်းရင်းဖေဖေနျို"

ဆယ့်လေး‌သံ ထွက်လာလေရဲ့။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ရှန်းရင် ။ ။ "..."

ဝူတိဂိုဏ်းတပည့်များ ။ ။ "..."

ကူယွဲ့ နှုတ်ခမ်းသပ်ကာ အံကြိတ်လိုက်တယ်။

"ငါ့နာမည်က ကူယွဲ့" ငတုံးတွေ - မင်းတို့ကပါ ငါ့ကို ဘယ်လိုလုပ် ဖေဖေနျိုလို့ ခေါ်ရဲတာလဲ။

凸(艹皿艹)

အားလုံး ကူယွဲ့ကို ခေါ်ပုံပြောင်းပြီး နောက်တစ်ကြိမ် ကျေးဇူးတင်ကြတယ်။

အခု ဆေးလုံးတွေကို ‌သုံးဆောင်ပြီးပြီဆိုတော့ တိုင်းပြည်ဧကရာဇ်တွေက ဆက်ပြီးနေဖို့ ရည်ရွယ်ချက် မရှိတော့ဘူး။ အထူးသဖြင့် ယွီကန်းက အမတရေပန်း ပျောက်သွားတာနဲ့ အမြန် ထွက်သွားတယ်။ တခြားတိုင်းပြည်ဧကရာဇ်တွေလည်း ထပ်တူပဲ။ တစ်ယောက်စီ သူတို့အိမ်ဆီ အသည်းအသန် ပြေးကုန်ကြတယ်။ ဖြစ်နိုင်တာကတော့ ပြန်သွားပြီး ရွေးချယ်မခံရတဲ့ အဆင့်မြင့်အမ‌တတွေကို နေရာမှာတင် ပွဲမဖြစ်အောင် စိတ်ကျေနပ်စေဖို့ လုပ်ချင်လို့ဖြစ်နိုင်တယ်။

ကူယွဲ့လည်း သူတို့ကို ဆက်ပြီး ခေါ်ထားဖို့ မကြိုးစားတော့ဘူး။ သူက သူတို့ကို ပြန်သွားခွင့်ပေးလိုက်တယ်။ အင်မတန်မြန်ဆန်စွာပဲ သူတို့ တကယ်သတိထားရမဲ့လူတွေက ဆေးလုံးတွေကို မသုံးဆောင်တဲ့သူတွေ မဟုတ်ဘဲ သောက်ခဲ့တဲ့သူတွေဆိုတာ သိသွားကြလိမ့်မယ်။

ပေါ်ပင်လယ်ရဲ့ တိုင်းပြည်အသီးသီးကတော့ အတော်ကြာကြာ ရှုပ်ထွေးနေမှာပဲ။ ဖြစ်နိုင်တာတော့ ဧကရာဇ်ဖြစ်လာဖို့ သူတို့အချင်းချင်းကြား တိုက်ခိုက်နေကြမှာများလား။

╮(╯▽╰)╭

တစ်နာရီအကြာမှာ အမတရေပန်းက လုံးဝပျောက်ကွယ်သွားပြီ။ ကျန်ခဲ့သူတွေက ပွဲစီစဉ်သူတွေဖြစ်တဲ့ ဝူတိဂိုဏ်းသားတွေပဲ။ ကူယွဲ့ လူတိုင်းကို ထုတ်ပိုးကာအိမ်ပြန်ဖို့ ညွှန်ကြားလိုက်တယ်။

"ရှန်းရင် ငါတို့ပြန်ကြမယ်"

"ငါတို့ လုပ်ချင်တာတောင် မလုပ်ရသေးတာ အိမ်ပြန်တော့မှာလား" ရှန်းရင်က ရုတ်တရက် ပွဲကြည့်စင်ကနေ ခုန်ဆင်းလာကာ သူ့ကို မျက်နှာချင်းဆိုင်လိုက်တယ်။ သူမက ကွင်းပြင်ဆီ လျှောက်လာကာ အမတရေပန်းရှိခဲ့တဲ့နေရာကိုဝိုင်းလျှောက်လိုက်တယ်။ သူမက ခပ်တိုးတိုး ပြောတယ်။

"ဒါအစပဲရှိသေးတယ်"

"ဘာဆိုလိုတာလဲ" ကူယွဲ့က တုံ့ဆိုင်းသွားတယ်။

"ဆရာ တစ်ခုခု ရှာတွေ့လို့လား"

ယိချင်း မနေနိုင်ဘဲ မေးလိုက်တယ်။

ရှန်းရင်က သူတို့ကို ထူးထူးဆန်းဆန်း ကြည့်တယ်။ တစ်ခဏနေတော့ သူမက တုံ့ဆိုင်းစွာ ဖြေတယ်။

"နင်တို့အာရုံငါးပါး ချို့တဲ့နေတာလား၊ တစ်ခုခုလွဲနေတာ သတိမထားမိဘူးလား"

နှစ်ယောက်သား တောင့်တင်းသွားတယ်။ သူမစကားလုံးတွေထဲ ပုန်းအောင်းနေတဲ့ တိုက်ခိုက်မှုတွေကို လျစ်လျူရှုဖို့ အကောင်းဆုံးကြိုးစားကာ မေးလိုက်တယ်။

"အမတရေပန်းက တစ်ခုခုဖြစ်နေတယ်လို့ ပြောတာလား"

"တစ်ဝက် တစ်ဝက်" ရှန်းရင်က မျက်မှောင်ကြုတ်တယ်။

"အနောက်က ဘာမှမဖြစ်ပေမဲ့ သူရောက်လာတဲ့လမ်းကြောင်းက နည်းနည်း ရှုပ်ထွေးနေတယ်၊ ငါ အကြောင်းအရင်း အတိအကျ မသေချာဘူး၊ ငါက ခွန်အားအလုံအလောက် မရှိတော့ နင်တို့နှစ်ယောက် ငါတို့ကို အဲဒါဖြစ်ပေါ်လာတဲ့အချိန်ဆီ ပြန်ခေါ်သွားပေးဖို့လိုတယ်၊ ငါ ဒါကို ထပ်အတည်ပြုဖို့လိုတယ်"

"ဘာ" ကူယွဲ့ မေးလိုက်တယ်။

"ပြန်ခေါ်သွားရမယ်လား"

"အင်း အချိန်-" ရှန်းရင်က ရုတ်တရက် ရပ်သွားပြီး သူတို့ကို ခေါင်းစခြေဆုံးကြည့်တယ်။

"ဘယ်လိုလုပ်လဲ မသိဘူးလား"

သူတို့အကြည့်ချင်းဖလှယ်ကာ ခေါင်းယမ်းလိုက်ကြတယ်။

"ဒါဆို နေရာပြန်လည်ဖန်တီးမှုရော"

"..." အဲဒါဘာလဲ။

"တည်နေရာ ပြန်လည်ထိန်းသိမ်းခြင်းရော"

"..." ဘာထိန်းသိမ်းမှုလဲ။

"အနည်းဆုံးတော့ ဒေသပြန်လည်စတင်မှုအကြောင်း သိတယ်မဟုတ်လား"

"..." ဟမ်။

ရှန်းရင် အမူအရာ ရေခဲဖြစ်သွားတယ်။ ရုတ်တရက် သူမလက်ထောက်နှစ်ယောက်က အခြေခံဗဟုသုတတချို့ အတော်လေး ချို့တဲ့နေတယ်လို့ ခံစားလိုက်ရတယ်။ တကယ် သူတို့က လူသစ်တွေပဲ ဘယ်လိုပဲဖြစ်ဖြစ် သူမ ဒါတွေအားလုံးကို ကိုယ့်ဘာသာရှာမတွေ့ခင် အတော်ကြာ လေ့ကျင့်ခဲ့ရတာပဲ။ အင်း ငါ ဒီကိစ္စတွေကို သူတို့ဘာသာလေ့လာသင်ယူအောင် ကနဦးအစပျိုးမှုတချို့ လုပ်ပေးသင့်တယ်။ ဒါကြောင့် သူမရှေ့တက်ကာ တစ်လုံးချင်းဖိပြောလိုက်တယ်။

"ဘာသုံးတတ်ကြလဲ "

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သူမ စတင်ပြီး စိတ်တိုလာပြီ။

"ဆရာ၊ ပြောသွားတဲ့အဲဒီ... သိုင်းတွေကလွဲ အကြောင်းရင်း ရှာလို့ရမဲ့ တခြားနည်းတွေ ရှိသေးလား"

ယိချင်းက အတည်မေးလိုက်တယ်။

ရှန်းရင်က သူ့ကို စိုက်ကြည့်နေမိတယ်။ သူမက တစ်ခုခုသတိရသွားသလိုမျိုး အကြည့်ကို ဘေးရွှေ့ပြီး ပြောလိုက်တယ်။

"တစ်ခုခု လွဲနေသလိုခံစားနေရရုံပဲ၊ အနီးကပ် မကြည့်ရင် မသေချာဘူး၊ တစ်ခုတည်းသောနည်းက ငါနောက်တစ်ကြိမ် ပြန်ကြည့်လို့ရအောင်လုပ်ဖို့ပဲ"

"နောက်တစ်ကြိမ်ကြည့်တာ..." ယိချင်း အကြံတစ်ခု တွေးမိကာ မျက်လုံးပြူးသွားတယ်။ သူက ဘေးက ကူယွဲ့နဲ့ အကြည့်ချင်းဆုံကာ အတူတူပြောလိုက်ကြတယ်။

"ပုံရိပ်ယောင်‌သိုင်း"

ကူယွဲ့ သူ့မသေမျိုးချီကို ချက်ချင်း လည်ပတ်စေပြီး သိုင်းဖန်တီးဖို့ အသင့်ပြင်လေတယ်။ တစ်ခဏကြတော့ သူတို့ရေထဲရောက်နေသလိုမ်ျုး ဂယက်လေးတွေ သူတို့ပတ်ဝန်းကျင်မီာ ထလာတယ်။ သူတို့ပတ်လည်မှာ ပုံရိပ်ယောင်အားလုံး စတင်ပေါ်ပေါက်လာတယ်။ သူတို့တွေ ခု စောနကတစ်နာရီတုန်းက ပုံစံမျိုး ပြန်ရောက်သွားပြီ။

ပုံရိပ်ယောင်သိုင်းက စုံစမ်းရေးရည်ရွယ်ချက်တွေအတွက် မကြခဏသုံးနေကျ မှော်အတတ်ပဲ။ အစစ် မဟုတ်တဲ့ ပုံရိပ်ကိုဖန်တီးဖို့ ပတ်ဝန်းကျင်ထဲက အကြွင်းအကျန်အရှိန်အဝါတွေကို သုံးပြီး လူတွေကို အတိတ်မှာ ဖြစ်ခဲ့တဲ့အရာအားလုံးကို မြင်စေတယ်။ တစ်ယောက်ယောက်က တမင်သက်သက် ဖုံးကွယ်ထားတာ မလုပ်သရွေ့ လူတိုင်းက အတိတ်၃ရက်အတွင်း ဖြစ်ခဲ့သမျှကိုမြင်နိုင်မယ်။

အမတရေပန်းအရိပ်က သူတို့သုံးယောက်ရှေ့ နောက်တစ်ကြိမ် ပေါ်လာပြန်တယ်။ သူတို့ အနီးကပ် ကြည့်လို့ရအောင် ကူယွဲ့ နယ်နိမိတ်ကို ပုံရိပ်ယောင်နယ်ပယ်အဖြစ် အင်းကွက်ချလိုက်တယ်။ အားလုံးက အများကြီး ပိုကြည်လင်လာတယ်။ ခုတင်ဖြစ်ပျက်နေသလိုနီးပါးပဲ။

မသေမျိုးချီပမာဏအများကြီးက ပုံရိပ်ယောင်ဘုံရဲ့အလယ်ဗဟိုဆီ စုဝေးလာကာ မြူခိုးဖြူတစ်ခု ဖန်တီးနေတယ်။ ရှန်းရင် သူ့စခရင်ကိုအမြန်ဖွင့်ကာ စတင်လုပ်ငန်းလုပ်တော့တယ်။ ရုတ်တရက် အချက်အလက်တွေအများကြီး သူမရှေ့ ပေါ်လာတယ်။

မသေမျိုးချီတွေက ထူထဲသထက် ထူထဲလာကာ ပေါကြွယ်ဝလာတယ်။ သူတို့ အလယ်မှာ ရပ်တန့်နေတာမို့ ပတ်လည်ကအရာအားလုံးက ရီဝေစပြုလာတယ်။ မသေမျိုးချီက တစ်ခုခုအဖြစ် ငွေ့ရည်ဖွဲ့နေပုံပဲ။ ရင်းနှီးနေတဲ့အဖြူရောင်အလင်းက သူတို့ရှေ့ ‌တောက်ပသွားပြီး မသေမျိုးချီကို ရေပန်းရဲ့အစိတ်အပိုင်း ဖြစ်သွားစေခဲ့တယ်။

"တွေ့ပြီ ဒါပဲ" ရှန်းရင်က ရုတ်တရက်ထပြောတယ်။

ကူယွဲ့ အင်းကွက်ကိုဖျက်ကာ ပုံရိပ်ယောင်တွေကို ပျောက်စေလိုက်တယ်။

"ဘာကိစ်စလဲ"

ရှန်းရင် စခရင်ကို တတောက်တောက်နှိပ်လိုက်တယ်။ ပုံရိပ်တစ်ခုက လက်ထောက်နှစ်ယောက်ရှေ့ ပေါ်လာတယ်။ အဖြူရောင်အလင်းဖြစ်ပြီး မိုးကြိုးနဲ့ဆင်တယ်။ သေချာအနီးကပ်ကြည့်ရင် မိုးကြိုးအလယ်ကြားမှာ အပြာရောင်ခပ်ရေးရေးကို မြင်ရတယ်။

အဲဒါဘာလဲ။

"မျက်နှာပြင်အလွှာတွေကြားထဲက အက်ကြောင်းပဲ အဲစက္ကန့်ပိုင်းလေးအတွင်း အတွင်းပိုင်းကူးပြောင်းမှု လမ်းကြောင်းတစ်ခု ပေါ်လာတာ"

"အတွင်းပိုင်းလား" ကူယွဲ့တန့်သွားတယ်။ အတွင်းပိုင်းကူးပြောင်းမှုလမ်းကြောင်း။ ဆိုလိုတာ...။

ဘုံတံခါးပဲ။

သူကြောင်အမ်းကာ ဘေးကစားဖိုမှူးကို လှည့်ကြည့်လိုက်တယ်။ နှစ်ယောက်လုံး စဉ်းစားနေတာ တစ်ပုံစံတည်းပဲ။

"စားဖိုမှူး စောနက အမတရေပန်းရဲ့အရှိန်အဝါကို အာရုံခံကြည့်၊ ဒီနေရာကို ဦးတည်လာတဲ့ ဘုံတံခါးကို ပြန်ဖွင့်"

"အင်း" ယိချင်း ခေါင်းညိတ်လိုက်တယ်။ သူ မျက်စိ‌မှိတ်ကာ လက်နှစ်ဖက်လုံးနဲ့ စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။ မကြာခင် အင်းကွက်တစ်ခု သူတို့ခြေဖဝါးအောက် ပေါ်လာတယ်။ စက္ကန့်ပိုင်းအတွင်း ပတ်ဝန်းကျင်က နောက်တစ်ကြိမ် တွန့်ရှုပ်ကာ လိမ်ဖယ်လာတယ်။ အက်ကွဲကြောင်းတစ်ခု လေထဲပေါ်လာတယ်။ တဖြည်းဖြည်းချင်း ကျယ်ပြန့်လာကာ တခြားအရှိန်အဝါတွေကိုပါ စီးဝင်စေတယ်။

မသေမျိုးချီရော... ဝိညာဉ်ချီပါ ရှိနေတာပဲ။

သုံးယောက်သား ဘုံတံခါးကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။ သူတို့ သေမျိုးနဲ့ ကောင်းကင်ဘုံတွေကို ချိတ်ဆက်ထားတဲ့ မြင်နေကျ တခြားဘုံတံခါးတွေနဲ့ ကွဲပြားနေတာပဲ။ အဖြူရော အမည်းရော တောက်ပနေတာ မဟုတ်။ အဲအစား ဒီဘုံတံခါးက အပြာရောင်တောက်ပနေတာ

တကယ်ပဲ... ဒီဘုံတံခါးက ဘယ်ဆီ ဦးတည်နေတာလဲ။

…

အခန်း ၄၁၄ ။ အလံကိုထားခဲ့ခြင်း

"ဘာကိစ္စဖြစ်တာလဲ၊ ဘာလို့ ဒီဘုံတံခါးကနေ မသေမျိုးချီရော ဝိညာဉ်ချီပါ ထွက်လာတာလဲ" ကူယွဲ့ သိသိသာသာ ဇဝေဇဝါဖြစ်နေတယ်။ ရုတ်တရက် သူတစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး မျက်လုံးပြူးသွားတယ်။

"အရင်တစ်ခေါက်က အဲဘုံများနောက်ကဘုံဆိုတာ ဖြစ်နိုင်လား" သူတို့ အဲဘုံလေးမှာ မုန့်ဟုန်တို့နဲ့ ပိတ်မိနေခဲ့ချိန်တုန်းက အဲလိုပဲ ချီနှစ်မျိုးလုံး ရှိနေခဲ့တာ။

"မထင်ဘူး" ယိချင်းက တုံ့ပြန်တယ်။ သူ ဘုံတံခါးက ထွက်လာတဲ့ဝိညာဉ်ချီကို အနီးကပ်လေ့လာကာ ခပ်တိုးတိုး ပြောလိုက်တယ်။

"ဒီမသေမျိုးချီက အားနည်းနေပုံပဲ၊ စောနကဖြစ်လာတဲ့ အမတရေပန်းက လောလောလတ်လတ် မသေမျိုးချီ ထင်တယ်၊ ဒီဘုံတံခါးနောက်က ကမ္ဘာငယ်မှာ မသေမျိုးချီ ရှိနေမယ်မထင်ဘူး"

ကူယွဲ့ စိတ်အေးသွားကာ မျက်မှောင်ကြုတ်လိုက်တယ်။

"ဘာပဲဖြစ်ဖြစ် အဲဒီအစုတ်‌ပလုတ်မိစ္ဆာနတ်ဘုရားချန်ထားခဲ့တဲ့ ထောင်ချောက်ဆိုတာ သေချာတယ်၊ ငါတို့သိရသလောက် အဲတံခါးနောက်မှာ တစ်ခုခုက ငါတို့ကို စောင့်နေတာပဲ" သူ သူ့လက်ထောက်တံဆိပ်ကို အသက်သွင်းကာ စုံစမ်းရေးသိုင်းကို သုံးလိုက်တော့ သူ့မသေမျိုးချီက ဘုံတံခါးကို ဖြတ်ဖြတ်ချင်း ပျောက်ကွယ်သွားတာပဲ မြင်လိုက်ရတယ်။ ဒီတံခါးက ဘယ်ကို ဦးတည်လဲဆိုတာ သိဖို့နည်းမရှိ။

"အာ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" သူ ထိတ်လန့်သွားတယ်။

"ဒီဘုံတံခါးက ဘယ်ကိုဦးတည်နေလဲဆိုတာ သိဖို့နည်း မရှိဘူးလား၊ စားဖိုမှူး မင်း ဘုံတံခါးကို ဖွင့်ချိန် ထူးဆန်းတာ တွေ့ခဲ့သေးလား"

ယိချင်း ခေါင်းယမ်းလိုက်တယ်။

"ဟင့်အင်း အခြေအနေတွေက တခြားဘုံတံခါးတွေကို ဖွင့်ချိန်နဲ့အတူတူပဲ"

"ဒါဆို ဒီတံခါးက ဘယ်ကိုများဦးတည်နေတာတုံး"

"ကြည့်ရတာ မဝင်ကြည့်ဘဲ သိဖို့နည်းမရှိပုံပဲ"

ကူယွဲ့ ထူးခြားတဲ့ ဘုံတံခါးကို နောက်တစ်ကြိမ် ကြည့်ကာ အမူအရာက မည်းမှောင်သွားတယ်။ သူ ရှန်းရင်ကို ထူးထူးဆန်းဆန်းကြည့်လိုက်တယ်။

"ရှန်းရင် မင်းငါတို့နဲ့အတူ လိုက်လာချင်လား၊ ဒီကိစ္စက ငါတိုမျက်နှာပြင်ထဲ ကျူးကျော်သူ ရှိနေတာလောက် မပြင်းထန်ပေမဲ့ မင်းခွန်အားကို အပြည့်ပြန်မရသေးတော့..."

ရှန်းရင်က သူ့ကိုကြည့်တယ်။ သူက သူမအတွက် စိုးရိမ်တာလား။ လက်ထောက်ကောင်းပဲ - ဒါက ချီးကျူးမှုတချို့ ထိုက်တန်တယ်။

"နင်တို့အားလုံးက ဒီလိုဉာဏ်ရည်နိမ့်နိမ့်လေး ရှိပေမဲ့ ယုံကြည်ချက်ရှိလွန်းနေတာပဲ၊ နင်တို့နှစ်ယောက်လို အဆင်အခြင်မဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်း မရှိဘူးထင်နေလား"

မစိုးရိမ်နဲ့ ငါနင်တို့ကို ကာကွယ်ပေးမယ်။

〈( ̄) ̄)〈

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သူတို့နဲ့ သွားချင်တယ်လို့ ပြောလိုက်ရင်ရပြီကို - ဘာလို့ ဒီလိုကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှု လုပ်မှဖြစ်မှာလဲ။

နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ကြတယ်။ တကယ်လို့ သူမသာ တကယ်ပဲ နေ့တိုင်း သူတို့ကို ဒီလိုလုပ်နေရင် တစ်နေ့နေ့ ကျင့်သားရသွားတော့မှာပဲ။

╮(╯_╰)╭

ယွီဟုန်တို့က အဲချိန် ထုပ်ပိုးပြီးပြီ။ "ဂိုဏ်းချုပ်၊ အကြီးအကဲတို့ ကျွန်မတို့အဆင်သင့်ဖြစ်ပါပြီ"

အာ၊ အဲဒါ ဘာလဲ။ ယွီဟုန်က ရုတ်တရက် လေထဲပေါ်နေတဲ့ ဘုံတံခါးကို အံ့ဩမှုအနည်းငယ်နဲ့ ကြည့်တယ်။ ဒါပေမဲ့ ဘာမေးခွန်းမှတော့ မမေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းချုပ်က သူမ လုပ်တဲ့အရာအတွက် အမြဲအကြောင်းပြချက် ရှိတယ်။

"ကျွန်မတို့... ခု ကောင်းကင်နန်းတော်ဆီ ထွက်ခွာကြတော့မလား"

"ဟင့်အင်း ယွီဟုန်၊ မင်းနဲ့ လန်ဟွား အရင်ပြန်ပြီး တပည့်တွေကို ခေါ်သွားနှင့်လိုက်" ကူယွဲ့က စောနက ကြွားလုံးထုတ် သက်တံ့ငှက်ကို ကမ်းပေးပြီး ညွှန်ကြားလိုက်တယ်။

"ငါတို့မှာ ဆောင်ရွက်စရာကိစ္စတချို့ရှိတယ်၊ ငါတို့ မြန်နိုင်သမျှမြန်မြန် မင်းတို့နဲ့လာပူးပေါင်းမယ်"

"ကောင်းပါပြီ" ယွီဟုန် ခေါင်းညိတ်လိုက်တယ်။ သူမ တုံ့ဆိုင်းမှုမရှိ ဓမ္မအသုံးအဆောင်ကို ယူလိုက်တယ်။ နောက်တော့ သူတို့လမ်းဆီ မသွားခင် တပည့်တွေကို ငှက်ကျောပေါ်တင်ပေးဖို့ ကူညီတယ်။

"မြန်မြန်ပြန်လာခဲ့ကြ" သူဌေးလန်က သူတို့ကို လက်‌ယမ်းပြတယ်။ သူက ယွီဟုန့်နား ကပ်ဖို့ကြိုးစားပြီး ဘေးကနေ ချိုချိုသာသာ တွယ်ကပ်ပြောနေတာ။ အင်း ဘယ်လိုပဲဖြစ်ဖြစ် ငမည်းလေးဆီကနေ လက်နက်သန့်စင်ရေးအတွက် အရင်းအမြစ်တွေကို သိသိသာသာပမာဏ ယူခဲ့တာကိုး။

"ဟုန်အာ၊ မင်း ငမည်းလေးကို တစ်ခဏလောက် တွေ့လိုက်ပါလား၊ ခဏလေးပဲလေ"

"ထွက်သွား နောက်တစ်ခွန်း ထပ်ပြောရင် ဒီငှက်ကျောပေါ်ကနေ ကန်ချမယ်"

ဝူတိဂိုဏ်းထဲရှိ ရာထူးအနိမ့်ဆုံးဧည့်သည် လန်ဟွား ။ ။ "..."

"သွားကြစို့" ကူယွဲ့ သူ့ထက် ဘုံတံခါးဘေး ပိုကပ်နေတဲ့ ဆရာတပည့်ကို လက်ယမ်းပြလိုက်တယ်။ သူက သူတို့ကို ညွှန်ကြား‌လာတယ်။

"စားဖိုမှူး၊ သူ့ကိုသေချာကြည့်ထား အထဲမှာ မပျောက်သွားစေနဲ့"

ယိချင်း ရှန်းရင်ရဲ့လမ်းပျောက်တဲ့ မှတ်တမ်းကို ချက်ချင်းအမှတ်ရသွားကာ ခေါင်းညိတ်လိုက်တယ်။ ဒါကြောင့် သူ တစ်ဖက်လှည့်ကာ အကျင့်အတိုင်း သူမလက်ကို ဆွဲဖမ်းတယ်။

"ဆရာ သတိထားပါ"

ရှန်းရင်က တောင့်တင်းသွားတယ်။ သူမ လက်ထဲ အနွေးဓာတ် ခံစားလိုက်ရကာ ‌လက်မောင်းထိ တက်လာပြီး နှလုံးသား အတွင်းဘက်အကျဆုံးအပိုင်းထိ တန်းရောက်သွားတယ်။ သူမမျက်နှာတောင် နွေးစပြုလာလေရဲ့။ ဒါ... ဒါ... လက်ကိုင်တာလို့ ခေါ်တာလား။

"ဟမ့် မလိုတာ" ဆက်ဆံရေးရှိတဲ့လူတွေမှာ လက်ကိုင်... ကိုင်တာ ပုံမှန်ပါပဲ အင်း သူမ လုံးဝ စိတ်ထဲမထားပါဘူး။

o(*つ////_////⊂*)o

"ကောင်းပြီလေ သွားကြစို့ သွားကြစို့" ကူယွဲ့က ‌သူတို့ကို လောလိုက်တယ်။ သူ သုံးယောက်ပတ်လည်မှာ အကာအကွယ်အင်းကွက် ချလိုက်တယ်။

"တကယ်လို့ ရှန်းရင်ပြောသလိုဆို ဒီအမတရေပန်းမှာ တကယ်ပဲ ထူးဆန်းတဲ့အချက်အလက်ရှိနေတယ်၊ ဒါဆို အဲကမ္ဘာလေးမှာ တစ်ခုခုဖြစ်နေတာပဲဖြစ်မှာ" သူက အင်းကွက်ခင်းရင်း ဖြည့်ပြောလိုက်တယ်။

"ဒါပေမဲ့ ဒီကမ္ဘာလေးက ရှန်းရင်ကို အဲနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေတဲ့ အဲဒီဘုံများနောက်ကဘုံလို မဟုတ်ဖို့ ဆုတောင်းကြရအောင်"

သူပြောပြောချင်း ရှန်းရင်က တန့်သွားတယ်။ သူမ ဘုံတံခါးထဲ ဝင်တော့မလို့ရှိသေး တစ်လှမ်းအလိုမှာတင် ရပ်သွားကာ ယိချင်းကိုပါ ပြန်ဆွဲထားလိုက်တယ်။

ကူယွဲ့က သူမကိုဝင်မတိုက်မိခင် သူ့ကိုယ်သူ တားလိုက်ရတယ်။

"ဟိုလီရှစ် ဘာလို့နှစ်ယောက်လုံး ရပ်သွားတာလဲ"

ရှန်းရင်အမူအရာက အေးစက်မာကြောနေဆဲဖြစ်ပြီး သူ့ကိုမျက်နှာချင်းဆိုင်လိုက်တယ်။

"ငါမသွားတော့ဘူး"

"ဟမ်၊ အာ" ကူယွဲ့တင်မက ယိချင်းပါ သူ့ကိုအူကြောင်ကြောင် စိုက်ကြည့်တယ်။

"ဘာလို့လဲ" သူမ ဒီလှည့်ကွက်ကို နောက်ဆုံးမိနစ်မှာမှ ထုတ်သုံးနေတာလဲ။

"ဆရာ၊ ပုံမှန် မဟုတ်တာ တစ်ခုခု အာရုံခံမိလို့လား"

ကူယွဲ့ရင်ထဲတင်းကြပ်သွားကာ ပိုစိတ်လှုပ်ရှားစပြုလာတယ်။

"ဘာသတိထားမိလို့လဲ"

ရှန်းရင် ပိုပြီးတောင် မျက်မှောင်ကြုတ်မိလိုက်တယ်။ သူမ ကြည့်ရတာ နောက်ထပ်ပြောချင်တာကို ဘယ်လိုပြောရမလဲ အဖြေရှာတာအခက်တွေ့နေပုံပဲ။ အင်း သူမလက်ထောက်တွေက အရမ်းကို စပ်စပ်စုစုနိုင်တယ် သူမ သူတို့ကို နားချဖို့ကြိုးစားရမှာပဲ။

"ဘာလို့လဲဆိုတော့..." သူမ အသက်ပြင်းပြင်းရှူကာ ဖေဖေနျို့ကိုကြည့်ပြီး မူမမှန်တင်းကြပ်တဲ့ လေသံနဲ့ပြောလိုက်တယ်။

"နင်က ခုလေးတင် ငါ့ကို ပါးစပ်ပုတ်ကြီးနဲ့ ငါဒီတံခါးကဖြတ်ရင် ပြဿနာတစ်ခုခု ကျိန်းသေပေါက်ကြုံမယ်လို့ ပြောနေတာလေ၊ အဲတော့ မသွားဖို့ ဆုံးဖြတ်လိုက်ပြီ"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

အဲဒါဘယ်လိုအမှိုက်လဲ။ သူမ အဲလောက် ကလေးဆန်ဖို့လိုလို့လား။

တစ်ဖက်မှာတော့ ရှန်းရင်က သူမစခရင်ကို ဆွဲထုတ်နေပြီ။ သူမက အသည်းအသန် တတောက်တောက် ခေါက်နေတယ်။ အဲလိုနဲ့ ဘုံတံခါးက ပိတ်သွားတယ်။ ဟမ့် ရုပ်ရှင်ပဲဖြစ်စေ စီးရီးတွဲပဲဖြစ်စေ ဒါက အဓိကဇာတ်ကောင်တွေ အမြဲသေတဲ့ပုံစံပဲ။ သူမက အသက်ကို တန်ဖိုးထားတယ် - ဒီလို ကျိန်တာမျိုးကို ရှင်းလင်းပစ်မယ်

"ခဏ မင်း အချက်အလက်မှာ ပြဿနာရှိတယ်လို့ မပြောခဲ့ဘူးလား" ကူယွဲ့ စပြီး အတော်လေး မချင့်မရဲ ဖြစ်လာတယ်။ သူမှားသွားတာ။ ဒီအဆိပ်ရှန်းရင်က အရင်က ငပျင်းရှန်းရင်‌ထက်တောင် အားမကိုးရတာပဲ။

"ငါတို့အထဲကို မသွားရင် ပြဿနာက ဘာလဲ ဘယ်လိုလုပ် သိမှာလဲ"

ရှန်းရင်က ခေါင်းမော့ကာ သူ့ကိုကြည့်တယ်။ အင်း ဒါမေးခွန်းကောင်းပဲ။ စီမံထိန်းသိမ်းသူအနေနဲ့ သူမ အသစ်လေးတွေကို ပြဿနာ ဖြေရှင်းနည်းတွေ သင်ပေးဖို့ အချိန်တန်ပြီ။

"ငါတို့မစုံစမ်းနိုင်သေးဘူးလို့ ဘယ်သူပြောလဲ" သူမက အေးစက်စက် ပြောတယ်။

"တကယ်လို့ ဗဟုသုတ မရှိရင်တောင် အနည်းဆုံးတော့ ဘဝပေးအသိလေး ဘာလေးသုံး၊ အဲဒါမရှိရင် အနည်းဆုံးတော့ မှတ်ဉာဏ်အပေါ် မှီခို နင့်ဦးနှောက်လေးနဲ့ သေချာတွေးကြည့် - ကမ္ဘာငယ်တွေကို ဖြေရှင်းထိန်းချုပ်မှုရဲ့ မှန်ကန်တဲ့လုပ်ငန်းစဉ်က ဘာလဲ"

သောက်ကျိုးနည်း ဘာမှန်ကန်တဲ့လုပ်ငန်းစဉ်လဲ။

နှစ်ယောက်သား သူမကို အူကြောင်ကြောင် ပြန်စိုက်ကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူတို့ အဖြေကို တွေးမိသွားတယ်။ ဖြစ်နိုင်တာ...။

"ကောင်းကင်ဘုံ"

"နင်တို့က အဲလောက်မျှော်လင့်ချက်မဲ့သေးတာ မဟုတ်ဘူးပဲ" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ နေ့စဉ်ချီးကျူးမှု - ပြီးဆုံး

ဟုတ်တယ် - တကယ်လို့ ဒီထူးခြားတဲ့ဘုံက ဘယ်ကိုဦးတည်နေလဲ သိချင်ရင် သူတို့လုပ်ဖို့လိုတာ ကောင်းကင်ဘုံရဲ့ ကောင်းကင်တွေဆီ သွားပြီး တစ်ချက်ကြည့်ရုံပေါ့။

"ခုသွားစို့" ကူယွဲ့ ချက်ချင်း သူ့ဘေးက နယ်ပယ်ကို ဆွဲဖြဲကာ ကောင်းကင်ဘုံဆီ ဦးတည်နေတဲ့လမ်းကြောင်းကို ဖွင့်လိုက်တယ်။

မျက်စိတစ်မှိတ်အတွင်း သုံးယောက်သား ကောင်းကင်ဘုံထဲက ကျယ်ပြန့်တဲ့ ကောင်းကင်တွေဆီ ရောက်လာတယ်။

ကူယွဲ့ သူ့ပတ်ဝန်းကျင်ကိုလေ့လာကာ ထူထဲနေတဲ့ကြယ်တွေကို ကြည့်လိုက်တယ်။

"ရှန်းရင် မြန်မြန် ဒါ ဘယ်ကမ္ဘာငယ်လေးလဲ ‌ကြည့်ကြည့်;"

ရှန်းရင် သူမ စခရင်ကိုထုတ်တော့မဲ့ဆဲဆဲ တန့်သွားတယ်။ တစ်ခုခု စဉ်းစားမိသွားတော့ သူမ နှစ်ယောက်ကို ပြောလိုက်တယ်။

"နင်တို့ မရှာနိုင်တာလား"

"ဒါက အချိန်အများကြီး ပိုသက်သာတယ်မဟုတ်လား"

ကူယွဲ့က သူ့လက်ကိုမြှောက်ပြောတယ်။

"ငါ ဒီလက်ပတ်အလုပ်လုပ်ပုံနဲ့ သိပ်မရင်းနှီးဘူး၊ ပြီးတော့ ဒါကမင်းကောင်းကင်ဘုံလေ"

"ရှာဖို့ လက်ပတ် သုံးဖို့လိုတယ်လို့ ဘယ်သူကနင့်ပြောလဲ" ရှန်းရင်က သူတို့ကို ထူးထူးဆန်းဆန်း ကြည့်တယ်။

"ဒါက လုံးဝကို ကွဲပြားတဲ့မျက်နှာပြင်တစ်ခုရဲ့ နည်းပညာပဲ၊ ဒီဘုံနဲ့ ဘာမှမဆိုင်ဘူး၊ ငါကျင့်သားရနေလို့သာ သုံးတာ၊ နင်တို့တွေက ဒီတိုင်း..." သူမ စကားပြောနေရင်း တိမ်ဝင်သွားပြီး တစ်စုံတစ်ခုကို နောက်ဆုံးတော့ နားလည်သွားတယ်။ သူတို့ တစ်ယောက်စီကို ကြည့်ကာ သူမက ပြောတယ်။

"ငါ့ကို မပြောနဲ့နော်... လက်ထောက်တစ်ယောက်ရဲ့ အာဏာလုပ်ပိုင်ခွင့်တွေ အကြောင်း နင်တို့ မသိဘူးလို့လေ"

"..."

ဘာ။

...

All Chapters