← Chapters

အခန်း (၁၁၁)

Vol. 12 Ch. 111

အခန်း (၁၁၁)

Vol. 12 Ch. 111

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၁၁)

" ဝေမြို့မှာ တပ်စွဲထားတဲ့ ချင်စစ်တပ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ " ဝေဝူကျိက ​မေးလိုက်သည်။

ဝေပေါက အစီရင်ခံစာတစ်ခုကို ထုတ်ပြီး တင်ပြလိုက်သည်။

" ဒါက ဝေမြို့က စစ်ရေးအစီရင်ခံစာပါ။ အရှင်ဖတ်ကြည့်ပါဦး။ "

ဝေဝူကျိက ၎င်းကို ယူပြီး ချက်ချငိး ဖတ်ကြည့်လိုက်သည်။ " ကျောက်ဖုန်း ဝေမြို့ကို စောင့်နေတာ သူပါလား။ ဝမ်ကျန့်က ငါတို့ ဝေနိုင်ငံကို တကယ်သတိထားနေပုံပဲ။ "

" အရှင်..." ဝေပေါက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။ " ကျောက်ဖုန်းက ကံကောင်းလို့ ဒီနေရာကို ရောက်လာတာပဲ။ အရှင်က သူ့ကို ဘာလို့ဒီလောက်တောင် အလေးထားနေတာလဲ။ "

" ဝေပေါ..." ဝေဝူကျိက သူ့ကို ကြည့်ပြီး မေးလိုက်သည်။ " အရှင်မင်းကြီးက မင်းကို ငါ့ဘေးမှာ ဘာလို့ထားခဲ့တာလဲဆိုတာ မင်းသိလား။ "

" မသိပါဘူး အရှင်။ " ဝေပေါက ရိုသေစွာ ပြန်ဖြေလိုက်သည်။

" မင်းက ဝေနိုင်ငံရဲ့ တော်ဝင်မိသားစုဝင်ပဲ။ ပြီးတော့ လက်ရှိဘုရင်ရဲ့ ညီတော်ဖြစ်သလို ငါ့ရဲ့ တူလည်း တော်တယ်။ " ဝေဝူကျိက သက်ပြင်းချပြီး ပြောလိုက်သည်။

" ငါ အခုအိုနေပြီ။ အသက်ရှင်ဖို့လည်း သိပ်မကျန်တော့ဘူး။ "

" အရှင်က အားအင်ပြည့်ဝနေဆဲပါ။ အဲ့လိုစကားမျိုး မပြောပါနဲ့။ " ဝေပေါက ခေါင်းခါပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးက နန်းတက်တာ သုံးနှစ်ပဲရှိသေးတယ်။ ကိစ္စတော်တော်များများမှာ ငါ့ကို အားကိုးနေရတုန်းပဲ။ " ဝေဝူကျိက ပြောလိုက်သည်။ " မင်းကို ဆယ်ကျော်သက်အရွယ်မှာ ငါ့ဆီပို့ပေးခဲ့တာက မင်းကို အရှင်မင်းကြီးရဲ့ လက်ရုံးတစ်ဆူ ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ပဲ။ "

" အဲ့ဒါမှ တစ်နေ့မှာ မင်းက ဝေနိုင်ငံရဲ့ ထောက်တိုင်တစ်ခု ဖြစ်လာနိုင်မှာပဲ။ ကမ္ဘာကြီးက အရင်လိုမဟုတ်တော့ဘူး။ ချင်က အင်အားကြီးပြီး တခြားနိုင်ငံတွေက အားနည်းနေပြီ။ အရင်ကလို မဟာမိတ်ဖွဲ့ပြီး အင်အားချင်းချိန်ညှိတဲ့ စနစ်က ပျက်စီးသွားပြီ။ "

" မင်းက ငါ့အနားမှာ ရှိနေတာကြာပြီ။ ဘယ်အရာမှ အပေါ်ယံကြည့်ပြီ။ မဆုံးဖြတ်သင့်ဘူးဆိုတာ မင်းသိရမယ်။ ဥပမာ ကျောက်ဖုန်း မင်းသူ့အကြောင်းကို သိထားလောက်ပြီ။ ပြောပါဦး။ သူက ဘယ်လိုလူလဲ။ " ဝေဝူကျိက ဝေပေါကို စိုက်ကြည့်ပြီး မေးလိုက်သည်။

" ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရ ကျောက်ဖုန်းက အရင်က ထောက်ပို့စစ်သားတစ်ယောက်ပဲ။ သူက ကံကောင်းပြီး ပေါင်ယွမ်ရဲ့ သားကို သတ်မိလို့ ရာထူးတက်သွားခဲ့တယ်။ ပြောရရင် သူက ကံကောင်းလွန်းလို့ပါ။ ပေါင်ယွမ်တို့သားအဖနဲ့သာ မတွေ့ရင် သူက အခုထိ ထောက်ပို့တပ်ဖွဲ့မှာ အောက်ခြေသိမ်းစစ်သားလုပ်နေရဦးမှာပဲ။ " ဝေပေါက အထင်သေးစွာဖြင့် ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝေဝူကျိက စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။ " မင်းရဲ့ အမြင်မှာ ဒီလူရဲ့ ကံကောင်းမှုကိုပဲ မြင်နေတာပဲ။ မှန်တယ် သူက တကယ်ကံကောင်းတဲ့သူပဲ။ ပေါင်ယွမ်တို့ သားအဖသာ မရှိရင် သူက ထောက်ပို့တပ်ဖွဲ့က ဘယ်တော့မှ တက်လာနိုင်မှာ မဟုတ်ဘူး။ "

" ဒါပေမယ့် မင်းက သူ့ရဲ့ အရည်အချင်းကို မမြင်ဘူး။ ပေါင်ယွမ်က စစ်သည်ရှစ်ထောင်လောက်ကို ဦးဆောင်ပြီး ယန်မြို့မှာ ပုန်းအောင်းခဲ့တယ်။ ပြီးတော့ ညဘက်မှာ အလစ်ငိုက် တိုက်ခိုက်ခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ပစ်ဖို့ပဲ။ ဒါမှ ဟန်က ဆက်ရှင်သန်ဖို့ အချိန်ရမှာလေ။ အစီအစဉ်က စွန့်စားရပေမယ့် မဖြစ်မနေလုပ်ဆောင်ရမယ့် အလောင်းအစားပဲ။ "

" မြို့ပြင်မှာ တပ်စွဲထားတဲ့ အင်အားတစ်သောင်းတောင်မရှိတဲ့ သံချပ်ကာမပါတဲ့ ထောက်ပို့တပ်ဖွဲ့ကို ပေါင်ယွမ်ရဲ့ အထူးတပ်ဖွဲ့တွေက အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိခဲ့တယ်။ ဒါပေမယ့် ရလဒ်က ဘာဖြစ်သွားလဲ။ ကျောက်ဖုန်းတစ်ယောက်တည်းက ထောက်ပို့တပ်သားတွေကို စုစည်းပြီး ပေါင်ယွမ်ရဲ့ အထူးစစ်သည်တွေကို သွေးချောင်းစီးအောင် ပြန်တိုက်ခဲ့ကြတယ်။ "

" သူတို့က နောက်မဆုတ်ဘဲ သေတဲ့အထိ တိုက်ခဲ့ကြလို့ ပေါင်ယွမ်ရဲ့ စစ်ဗျူဟာက လုံးဝပျက်စီးသွားခဲ့ရတယ်။ နောက်ဆုံးမှာ ပေါင်ယွမ်ကိုယ်တိုင် ကျောက်ဖုန်းရဲ့ လက်ချက်နဲ့ သေခဲ့ရတယ်။ "

" အဲ့ဒီနောက်မှာ အဲ့ဒီလူငယ်က အရင်က အေးအေးဆေးဆေးနေတဲ့ ပုံစံကို စွန့်လွှတ်ခဲ့တယ်။ နောက်ပိုင်မှာ သူက ဟန်မြို့တော်ကို ထိုးဖောက်ပြီး ဟန်ဘုရင်ကို ဖမ်းဆီးခဲ့တယ်။ ဒါက ကံကောင်းမှုသက်သက်နဲ့ လုပ်နိုင်တဲ့အရာမဟုတ်ဘူး။ မင်းမှာသာ အဲ့ဒီလိုကံမျိုးရှိခဲ့ရင် မင်းရော အဲ့လိုမျိုး လုပ်နိုင်ပါ့မလား။ " ဝေဝူကျိက သူ့တူကို မေးလိုက်သည်။

၎င်းကို ကြားသောအခါ ဝေပေါက အတွေးနက်သွားပြီး ခဏကြာသောအခါ သူက ခေါင်းခါလိုက်သည်။ " ကျွန်တော်မလုပ်နိုင်ပါဘူး။ "

" မင်းနားလည်သွားတာ ကောင်းတယ်။ " ဝေဝူကျိက ကျေနပ်သွားသည်။ " ဒီလူငယ်က ပထမအချက်အနေနဲ့ ရဲရင့်ပြီး ပြင်းထန်တယ်။ ဒုတိယအချက် သူက ကျွမ်းကျင်တဲ့ စစ်သူကြီးတစ်ယောက်ပဲ။ တတိယအချက်ကတော့ မင်းပြောသလို သူက ကံကောင်းတာပဲ။ ဒါပေမယ့် အဲ့ဒါက သူ့ရဲ့ အရည်အချင်းတွေထဲမှာ အနိမ့်ဆုံးပဲ။ "

" နှမြောစရာပဲ။ သူက ငါတို့ ဝေနိုင်ငံမှာ မွေးခဲ့ရင် သိပ်ကောင်းမှာပဲ။ သူသာ ငါတို့လူဖြစ်ခဲ့ရင် ငါ့ရဲ့ အမွေကို ဆက်ခံပြီး ငါ့ရဲ့ တပည့်အဖြစ် လက်ခံမှာပဲ။ သူသာဆိုရင် င့ကိုယ်စား ဝေနိုင်ငံကို ကာကွယ်ပေးမှာ ဖြစ်သလို ငါတို့နိုင်ငံကို စောင့ရှောက်နိုင်ပြီလို့ ငါသိလိုက်ရမှာ။ ဘာလို့ ချင်နိုင်ငံကပဲ ဒီလောက် ကောင်းချီးပေးခံရတာလဲ။ " ဝေဝူကျိက ခါးသီးစွာ ပြောလိုက်သည်။

" အရှင် " ဝေပေါက မကျေမနပ်ဖြင့် ပြောလိုက်သည်။ " အရှင်က သူ့ကို ဒီလောက်အထိ အလေးထားခံရဖို့ ထိုက်တန်လို့လား။ "

" သူသာ ဝေနိုင်ငံသားဖြစ်ခဲ့ရင် ဒါမှမဟုတ် ငါတို့ဘက်ကို ကူးပြောင်းလာတယ်ဆိုရင် သေချာပေါက် ထိုက်တန်တာပေါ့။ သူက ချင်နိုင်ငံသားဖြစ်နေတာ စိတ်မကောင်းစရာပဲ။ " ဝေဝူကျိက ပြောလိုက်သည်။

" အရှင် တစ်နေ့ ကျောက်ဖုန်းနဲ့ စစ်မြေပြင်မှာ တွေ့ခဲ့ရင် ကျွန်တော် သူ့ကို သတ်ပြပါမယ်။ သူက ကျွန်တော်နဲ့ မယှဉ်နိုင်ဘူးဆိုတာ သက်သေပြပါမယ်။ " ဝေပေါက တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။

" အဲ့ဒီနေ့ကို ငါမျှော်လင့်နေပါတယ်။ " ဝေဝူကျိက စိတ်မဆိုးဘဲ ပြုံးပြီး ပြောလိုက်သည်။

ရှန်းယန်မြို့တော်၊ နံနက်ခင်း ညီလာခံခန်းမအတွင်း၌။

ရင်ကျန့်၏ အမူအရာက လေးနက်နေသည်။ ညီလာခံခန်းမတစ်ခုလုံး၏ လေထုက တင်းကျပ်နေပြီး ထိုဖိအားအောက်တွင် ဝန်ကြီးတစ်ယောက်မှ စကားမပြောရဲကြပေ။

" အချိန်ဘယ်လောက်တောင် ကြာသွားပြီလဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ " အခု လဝက်နီးပါးရှိသွားပြီ။ မယ်တော်ကြီးကို ပြန်မခေါ်လာနိုင်သေးဘူး။ မင်းတို့အားလုံးအပေါ် ငါတကယ် စိတ်ပျက်မိတယ်။ "

ခန်းမထဲမှ ဝန်ကြီးများက စိုးရိမ်တကြီးဖြင့် စကားမပြောဘဲ ငြိမ်နေကြသည်။

" ယွီလျောင်၊ ဝမ်ကျန့်။ " ရင်ကျန့်က ခေါ်လိုက်သည်။ " ပြောစမ်း... မယ်တော်ကြီးကို ဘယ်တော့ပြန်ခေါ်လာမှာလဲ။ သူမသာ တခြားနိုင်ငံ လက်ထဲရောက်သွားရင် ချင်နိုင်ငံအတွက် ဘယ်လောက်တောင် ထိခိုက်သွားမလဲဆိုတာ မင်းတို့သိလား။ "

လဝက်နီးပါးကြာသွားပြီဖြစ်ပြီး ကျောက်ကျိကို ပြန်မရသေးသောကြောင့် ရင်ကျန့်က အလွန်စိတ်ရှုပ်ထွေးနေသည်။ ၎င်းမှာ ကျောက်ကျိက သူ၏ မိခင်ဖြစ်နေသောကြောင့်သာမက သူမက ချင်နိုင်ငံ၏ မယ်တော်ကြီး ဖြစ်နေသောကြောင့်ဖြစ်သည်။ သူမသာ အခြားနိုင်ငံသို့ ရောက်သွားလျှင် အကျိုးဆက်များက မတွေးရဲစရာပင်ဖြစ်သည်။

" အရှင်မင်းကြီး စိတ်လျှော့ပါ။ " ထိုအချိန်တွင် ချင်နိုင်ငံ၏ ဝန်ကြီးဝတ်စုံကို ဝတ်ဆင်ထားသော ဟန်ဖေးက ရှေ့ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" မယ်တော်ကြီးကို ပြန်ပေးဆွဲတာက ကြိုတင်စီစဉ်ထားတာပါ။ ယုံမြို့က ကျွန်တော်မျိုးတို့ရဲ့ မြို့တော်ဟောင်းဖြစ်ပေမယ့် လုံခြုံရေးက ရှန်းယန်လောက် မတင်းကျပ်ပါဘူး။ "

" ကျွန်တော်မျိုးတို့ သိရသလောက် ဒီအစီအစဉ်ကို ဆွဲခဲ့တဲ့သူက တော်တော် ဉာဏ်များတယ်။ သူတို့က လမ်းကြောင်းငါးခုခွဲပြီး လှည့်စားခဲ့တယ်။ လမ်းကြောင်းလေးခုက ချင်စစ်တပ်ကို အာရုံလွှဲထားချိန်မှာ ငါးခုမြောက်အုပ်စုက ဝေမြစ်အတိုင်း ထွက်ပြေးသွားခဲ့တာပါ။ "

" အခုအချိန်မှာ ကျွန်တော်မျိုးတို့ လုပ်နိုင်တာ လိုက်လံဖမ်းဆီးတဲ့ စစ်သည်တွေကို ယုံကြည်ဖို့ပါပဲ။ သူတို့က ချင်နိုင်ငံရဲ့ မယ်တော်ကြီးကို နယ်စပ်ကို ဖြတ်ကျော်ခွင့်ပေးမှာမဟုတ်သလို အခြားနိုင်ငံတွေရဲ့ ဓားစာခံအဖြစ်လည်း အဖြစ်ခံမှာမဟုတ်ပါဘူး။ "

ဟန်ဖေး၏ စကားများကို ကြားသောအခါ ရင်ကျန့်က သူ၏ စိတ်ကို အနည်းငယ် ထိန်းချုပ်လိုက်သည်။

" မယ်တော်ကြီးကို တခြားနိုင်ငံက ဖမ်းသွားပြီး ချင်နိုင်ငံရဲ့ ကံကြမ္မာကို ထိခိုက်စေတာထက် သူမက နိုင်ငံအတွက် အသက်ပေးသွားတာကိုပဲ ငါပိုအလိုရှိတယ်။ "ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" သတင်းပို့ပါတယ်။ " ထိုအချိန်တွင် ရန်ရှောင်က ခန်းမထဲသို့​ ပြေးဝင်လာသည်။ "ယုံမြို့က တပ်မှူးတုဆွေက တွေ့ခွင့်တောင်းနေပါတယ်။ "

" သူ့ကို ဝင်ခွင့်ပြုလိုက်။ " ရင်ကျန့်၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

စစ်ဝတ်စုံအပြည့်နှင့် တုဆွေက ခန်းမထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။ သူက ဘွဲ့ထူးများရှိသော်လည်း ခန်းမထဲသို့ ရောက်သည်နှင့် ချက်ချင်း ဒူးထောင်လိုက်သည်။

" ပြောစမ်း...." ရင်ကျန့်က တုဆွေကို အေးစက်စွာ ကြည့်ပြီး မေးလိုက်သည်။ " မယ်တော်ကြီးကို ပြန်ခေါ်လာနိုင်ပြီလား။ "

" မယ်တော်ကြီးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်ခဲ့ပါပြီ။ " တုဆွေက ထိတ်လန့်သော အမူအရာနှင့် လျှောက်တင်လိုက်သည်။

၎င်းကို ကြားသောအခါ ရင်ကျန့်၏ သတ်ဖြတ်လိုသော အငွေ့အသက်များက ပျောက်ကွယ်သွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

" တုဆွေ မင်းအပြစ်ကို မင်းဝန်ခံလား။ " ရင်ကျန့်က အေးစက်စွာ မေးလိုက်သည်။

" ကျွန်တော်မျိုး အပြစ်ရှိကြောင်းဝန်ခံပါတယ်။ " တုဆွေက ဒူးထောက်လျက် ပြောလိုက်သည်။ " ကျွန်တော်မျိုးရဲ့ တာဝန်ပျက်ကွက်မှုကြောင့် အပြစ်ပေးတော်မူပါ အရှင်မင်းကြီး။ "

" မင်းအပြစ်ကို မင်းဝန်ခံတာ ကောင်းတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

ထိုအချိန်တွင် မီမိသားစုဝင် ဝန်ကြီးတစ်ယောက်က ရှေ့ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး တပ်မှူးတုဆွေက တာဝန်ပျက်ကွက်ခဲ့တာ မှန်ပေမယ့် နောက်ဆုံးမှာ မယ်တော်ကြီးကို ပြန်ခေါ်နိုင်ခဲ့လို့ သူ့ရဲ့ အမှားကို အောင်မြင်မှုတစ်ခုနဲ့ ပြန်လည်ပေးဆပ်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို အပြစ်ပေါ့လျှော့ပေးတော်မူပါ။ "

"သားတော်လည်း သဘောတူပါတယ်။ " ဖုစုက ချက်ချင်း ထောက်ခံလိုက်သည်။

ဖုစု၏ မိခင်ဘက်မိသားစုက မီမျိုးနွယ်ဖြစ်သကဲ့သို့ မယ်တော်ကြီးဟွာယန်ကလည်း မီမိသားစုဝင်ဖြစ်သည်။ ဖုစုက ယခုကဲ့သို့ တောင်းဆိုသည်မှာ မယ်တော်ကြီး ဟွာယန်၏ ညွှန်ကြားချက်ကြောင့်ဖြစ်သည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် လီစီကလည်း ရှေ့ထွက်လာသည်။ " အရှင်မင်းကြီး တပ်မှူးတုတွေက တာဝန်ပျက်ခဲ့လို့ လစာလျှော့တာနဲ့ ရာထူးချတာလောက်ဆိုရင် အပြစ်ပေးဖို့ လုံလောက်ပါပြီ။ ဒီတစ်ကြိမ် မယ်တော်ကြီးကို ဆုံးရှုံးမသွားတဲ့အပြင် ဒီဖြစ်ရပ်က ချင်နိုင်ငံအတွက် သတိပေးချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်မျိုးတို့ နန်းတွင်းမှာ သူလျိုတွေရှိနေသေးတယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ "

" ဒါကြောင့် တပ်မှူးတုဆွေကို အပြစ်ပေါ့လျှော့ပေးပါ အရှင်မင်းကြီး။ " လီစီပြောပြီးနောက် သူ၏ ဘက်တော်သားများကလည်း ဝိုင်းဝန်းထောက်ခံလိုက်ကြသည်။

" ကျွန်တော်မျိုးတို့လည်း သဘောတူပါတယ်။ "

" ဝန်ကြီးတို့ပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " တပ်မှူးတုက တာဝန်ပေါ့လျော့ခဲ့တာ မှန်ပေမယ့် နောက်ဆုံးမှာ မယ်တော်ကြီးကို ပြန်ခေါ်လာနိုင်ခဲ့လို့ အမှားကို တားဆီးနိုင်ခဲ့တယ်။ ဒါကြောင့် တုဆွေရဲ့အပြစ်ကို ငါခွင့်လွှတ်တယ်။ "

" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

All Chapters