အခန်း (၁၁၂)
Vol. 12 Ch. 112
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၁၂)
" အရှင်မင်းကြီး မယ်တော်ကြီးကို ကယ်တင်ခဲ့တာ ကျွန်တော်မျိုးမဟုတ်ပါဘူး။ အခြားတစ်ယောက်က ကယ်တင်ခဲ့တာပါ။ ကျွန်တော်မျိုးက ပြန်ခေါ်လာပေးရုံပါပဲ။ " တုဆွေက ပြောလိုက်သည်။
" အို..." ရင်ကျန့်က အနည်းငယ် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်သွားသည်။ " အခြားတစ်ယောက်လား။ "
" ပြန်ပေးဆွဲတဲ့သူတွေက ဝေမြစ်အတိုင်း ဆင်းသွားပြီး ဝေနိုင်ငံထဲကို ဝင်ဖို့ ကြိုးစားနေတာကို သိခဲ့ရပါတယ်။ ကျွန်တော်မျိုးက တပ်ဖွဲ့ကို ဦးဆောင်ပြီး လိုက်ခဲ့ပေမယ့် မမီခဲ့ပါဘူး။ သူတို့က ဝေနိုင်ငံထဲကို ဝင်တော့မယ့်အချိန်မှာ မယ်တော်ကြီးကို ကယ်တင်ခဲ့တဲ့သူက ဝေမြို့မှာ တပ်စွဲထာတဲ့ စစ်သူကြီးကျောက်ဖုန်းပါပဲ။ " တုဆွေက အမှန်တိုင်း လျှောက်တင်လိုက်သည်။
ကျောက်ဖုန်း၏ နာမည်ကို ပြောလိုက်သည်နှင့် ခန်းမတစ်ခုလုံး အံ့ဩမှုများဖြင့် ပြည့်နှက်သွားသည်။ ပလ္လင်ပေါ်မှ ရင်ကျန့်အပါအဝင် လူတိုင်းက အံ့အားသင့်သွားကြသည်။
" ဒီကိစ္စက ကျောက်ဖုန်းနဲ့ ဘယ်လိုလုပ်ပက်သက်သွားတာလဲ။ " ဝမ်ကျန့်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
သူက သူ့သမီးတွင် ကိုယ်ဝန်ရှိနေသည့်အကြောင်းကို ကျောက်ဖုန်းအား မပြောသေးပေ။ သူက ကျောက်ဖုန်းအပေါ် သူ၏ အရှိန်အဝါကို ထိန်းထားချင်သောကြောင့်ဖြစ်သည်။
" ကျောက်ဖုန်းလား။ " ဟန်ဖေး၏ မျက်လုံးများက တစ်ချက် လင်းလက်သွားသည်။
ထိုအချိန်တွင် တိတ်ဆိတ်နေသော ချွန်းယွီယွဲ့က ရုတ်တရက် စကားပြောလာသည်။
" တပ်မှူးတု မင်းက စစ်သူကြီး ကျောက်ဖုန်းဆီကို ကြိုတင်ပြီး သတင်းပို့ထားလို့သူက မယ်တော်ကြီးကို ကယ်တင်နိုင်ခဲ့တာလား။ "
၎င်းကို ကြားသောအခါ ဟန်ဖေးက မျက်မှောင်ကြုတ်သွားသည်။ သူက ချွန်းယွီယွဲ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
ချွန်းယွီယွဲ့က မန်ကျား၏ ကိစ္စကြောင့် ကျောက်ဖုန်းအား ထိုစွမ်းဆောင်မှုကို မရရှိစေလိုပေ။ သို့သော် တုဆွေက ထိုစွမ်းဆောင်မှုကို မလိုချင်သကဲ့သို့ ချွန်းယွီယွဲ့၏ ရည်ရွယ်ချက်ကိုလည်း သတိမထားမိပေ။
"ကျွန်တော်မျိုးရဲ့ အစောင့်တပ်ဖွဲ့နဲ့ အရှင်မင်းကြီး စေလွှတ်လိုက်တဲ့ စစ်သည်တွေကလွဲရင် အခြားဘယ်သူ့ကိုမှ အကြောင်းမကြားထားပါဘူး။ မိုင်ပေါင်းထောင်ချီဝေးတဲ့ ဝေမြို့က စစ်သူကြီးကျောက်ကို သတင်းပို့ဖို့က ပိုတောင်မဖြစ်နိုင်ပါဘူး။ " တုဆွေက အမှန်အတိုင်း ပြောလိုက်သည်။
" စစ်သူကြီးကျောက်က ပြန်ပေးဆွဲသူတွေကို ကြားဖြတ်တားဆီးပြီး မယ်တော်ကြီးကို ကယ်တင်နိုင်ခဲ့တာက လုံးဝတိုက်ဆိုင်သွားတာပါ။ "
"တကယ်လို့ တပ်မှူးတုက အကြောင်းမကြားထားရင် ကျောက်ဖုန်းက ဝေမြစ်ပေါ်မှ သူတို့ကို ဘယ်လိုလုပ် တိုက်တိုက်ဆိုင်ဆိုင် ဖမ်းမိမှာလဲ။ " ချွန်းယွီယွဲ့က ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ပြောလိုက်သည်။
ချွန်းယွီယွဲ့၏ အပြုအမူကို မြင်သောအခါ ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။
" ဆရာကြီးချွန်း..." ဝမ်ဝမ်က မနေနိုင်တော့ဘဲ လှမ်းခေါ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့က ဖုစုကို ထောက်ခံသူများဖြစ်သောကြောင့် သူက ချွန်းယွီယွဲ့ကို လူပြက်တစ်ယောက်အဖြစ်မခံလိုပေ။
" ဆရာကြီးချွန်းက ကျောက်ဖုန်းကို ဒီစွမ်းဆောင်မှုရသွားမှာ မလိုလားတဲ့ပုံပဲ။ " ဟန်ဖေးက ဝင်ပြောလိုက်သည်။ သူက ကျောက်ဖုန်းနှင့် ရင်းနှီးခဲ့သောကြောင့် ချွန်းယွီယွဲ့၏ အပြုအမူများကို ရပ်ကြည့်မနေနိုင်ပေ။
" ဝန်ကြီးဟန် မင်းဘာပြောချင်တာလဲ။ " ချွန်းယွီယွဲ့၏ အမူအရာက ထူးဆန်းသွားပြီး ပြန်ပြောလိုက်သည်။
" စစ်သူကြီးကျောက်ဖုန်းက ဝေမြစ်မှာ မယ်တော်ကြီးကို ကယ်တင်နိုင်ခဲ့တာဟာ လုံးဝ တိုက်ဆိုင်သွားတာလို့ တပ်မှူးတုဆွေက ပြောခဲ့တာပဲ။ ဒါကိုတောင် မင်းက သံသယတွေ ဆက်ဖြစ်နေတုန်းပဲ။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ " ဟန်ဖေးက ပြုံးပြီး ပြန်ပြောလိုက်သည်။
" ဒီလောက်ထိ တိုက်ဆိုတာကိုတော့ ငါမယုံကြည်နိုင်ဘူး။ " ချွန်းယွီယွဲ့က ခေါင်းမာစွာဖြင့် ဇွတ်ငြင်းနေသည်။
" ဆရာကြီးချွန်း မင်းရဲ့ စကားတွေက စည်းကျော်နေပြီ။ " ဝမ်ကျန်းက ပြောလိုက်သည်။
ကျောက်ဖုန်းက သူ၏ သမက်လောင်းဖြစ်သကဲ့သို့ ယခုအချိန်တွင်လည်း ကြီးမားသော စွမ်းဆောင်မှုတစ်ခု ထပ်လုပ်ထားသည်။ ဝမ်ကျန့်အနေဖြင့် ချွန်းယွီယွဲ့က ကျောက်ဖုန်းအား ပစ်မှတ်ထားနေသည်ကို သည်းမခံနိုင်ပေ။
ဝမ်ကျန့်နှင့်ရင်ဆိုင်ရသောအခါ ချွန်းယွီယွဲ့က သူ့ကို တစ်ချက်ကြည့်ပြီး ပြန်မပြောရဲတော့ပေ။ ဝမ်ကျန့်၏ အရှိန်အဝါက အထွတ်အထိပ်တွင် ရှိနေပြီး ရင်ကျန့်၏ မျက်နှာသာပေးမှုကိုလည်း ရထားခဲ့သည်။
" ကျုပ်လည်း ဆရာကြီးချွန်းရဲ့ စကားတွေက လွန်တယ်လို့ ထင်ပါတယ်။ စစ်သူကြီးကျောက်ဖုန်းက ရာဇဝတ်သားတွေကို ကြားဖြတ်ဖမ်းဆီးပြီး မယ်တော်ကြီးကို ကယ်တင်ခဲ့တာဖြစ်လို့ ဒီစွမ်းဆောင်မှုက ငြင်းပယ်လို့မရတဲ့အရာပါ။ " လီစီကလည်း အခွင့်အရေးကို အရယူပြီး ဝင်ပြောလိုက်သည်။
ချွန်းယွီယွဲ့က ထိုစကားများကို မြင်လိုက်ရသောအခါ ဘာပြောရမှန်းမသိဖြစ်သွားသည်။ ယခင် တုဆွေက သူ၏ အရိပ်အယောင်ကို နားလည်ပြီး ထိုစွမ်းဆောင်မှုကို ရယူလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် တုဆွေက သူ၏ စကားကို နားမထောင်ဘဲ အမှန်အတိုင်း ထုတ်ပြောခဲ့သည်။
" ဆရာကြီးချွန်း ဒါဟာ တကယ်ကို တိုက်ဆိုင်သွားတာပါ။ " တုဆွေက ထပ်ပြောလိုက်သည်။ " စစ်သူကြီးကျောက်ဖုန်းက ဝေမြို့ကို စောင့်ကြပ်ဖို့ အမိန့်ပေးခံခဲ့ရတာဖြစ်ပြီး ဝေမြစ်က သူ့ရဲ့ ကင်းလှည့်နယ်မြေထဲမှာ ရှိပါတယ်။ "
" အဲ့ဒီနေ့မှာ စစ်သူကြီးကျောက်ဖုန်းက သူ့ရဲ့ကိုယ်ရံတော်တွေနဲ့ ကင်းလှည့်နေတုန်း ရာဇဝတ်သားတွေ မြစ်အောက်ဘက်ကို စုဆင်းလာတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတာပါ။ စစ်သူကြီးကျောက်က သူတို့ကို တားလိုက်တဲ့အချိန်မှာ သူတို့က ချက်ချင်း တိုက်ခိုက်ခဲ့ပေမယ့် သူတို့အားလုံးက စစ်သူကြီးကျောက်နဲ့ သူ့လူတွေရဲ့ လက်ချက်နဲ့ အကုန်သေပြီး မယ်တော်ကြီးကို ကယ်တင်နိုင်ခဲ့တာပဲ။ "
" တကယ်လို့သာ စစ်သူကြီးကျောက်ဖုန်းက သူတို့ကို ကြားဖြတ်မတားဆီးခဲ့ရင် အဲ့ဒီရာဇဝတ်သားတွေက မယ်တော်ကြီးကို ခေါ်ပြီး ဝေနိုင်ငံထဲကို လွတ်သွားလောက်ပါပြီ။ ကျွန်တော်မျိုးမီတဲ့အချိန်မှာ ဝေနိုင်ငံက စစ်သည်သောင်းချီစောင့်ဆိုင်းနေပေမယ့် နောက်ဆုံးမှာတော့ သူတို့ ပြန်ဆုတ်သွားကြပါတယ်။ "
၎င်းကို ကြားသောအခါ ခန်းမထဲမှ လူများက ကျောက်ဖုန်း၏ ကံကောင်းမှုကို အံ့ဩသွားကြသည်။ သူတို့ထဲမှ လူအများစုအတွက်တော့ ထိုအခြေအနေမျိုးက စိတ်ကူးမယဉ်နိုင်စရာပင်ဖြစ်သည်။
" ဒါဆို ကျောက်ဖုန်းက သူတို့နဲ့တွေ့လိုက်တာက လုံးဝ တိုက်ဆိုင်သွားတာပေါ့။ " ရင်ကျန့်က ထူးဆန်းသော လေသံနှင့် ပြောလိုက်သည်။
" အရှင်မင်းကြီး ဒါက လုံးဝတိုက်ဆိုင်သွားတာကို ကျွန်တော်မျိုး အာမခံနိုင်ပါတယ်။ " တုဆွေက ရိုသေစွာ ပြောလိုက်သည်။
" ငါ့မှာမေးစရာတစ်ခုရှိသေးတယ်။ " ချွန်းယွီယွဲ့က လက်မလျှော့ဘဲ ထပ်ပြောလိုက်သည်။ " မယ်တော်ကြီးကို ပြန်ပေးဆွဲတဲ့သူတွေက ထိပ်တန်းစစ်သည်တွေပဲ။ ယုံမြို့က အစောင့်တပ်ဖွဲ့တောင် အကျအဆုံးများခဲ့တယ်။ ကျောက်ဖုန်းက သူ့ရဲ့ ကိုယ်ရံတော်တစ်ရာလောက်နဲ့ သူတို့ကို ဘယ်လိုခုခံပြီး မယ်တော်ကြီးကို ကယ်တင်ခဲ့တာလဲ။ "
" ဆရာကြီးချွန်း " ဝမ်ကျန့်က အေးစက်စွာ ပြာလိုက်သည်။ " ကျောက်ဖုန်းရဲ့ လူတွေက အဲ့ဒီရာဇဝတ်သားတွေထက် တိုက်ခိုက်ရေးညံ့တယ်လို့ ပြောချင်တာလား။ ငါမင်းကို တစ်ခု ပြောပြမယ်။ ကျောက်ဖုန်းရဲ့ ဘေးက ကိုယ်ရံတော်တွေက အရင် ထောက်ပို့တပ်ဖွဲ့မှာတုန်းက သူနဲ့အတူ ဟန်စစ်တပ်ကို သွေးချောင်းစီးအောင်တိုက်ခဲ့တဲ့ စစ်သည်တွေပဲ။ "
" ကျောက်ဖုန်းက လက်ဝဲတော်မှူးဖြစ်လာပြီး ကိုယ်ရံတော်တပ်ဖွဲ့ ဖွဲ့ခွင့်ရတဲ့အခါ သူနဲ့အတူ သေဘေးကို ဖြတ်ကျော်ခဲ့တဲ့ ဒီစစ်သည်တွေကို သူ့ရဲ့ ကိုယ်ရံတော်တွေအဖြစ် ဖွဲ့စည်းခဲ့တာပဲ။ သူတို့က တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ခဲ့တဲ့သူတွေ။ ရာဇဝတ်သားတွေက လက်ရွေးစင်တွေဖြစ်နေရင်တောင် ကျောက်ဖုန်းရဲ့ လူတွေကလည်း သူတို့ထက် မညံ့ပါဘူး။ သူတို့အားလုံးက စစ်မြေပြင်မှာ အရိုးကွဲအောင် တိုက်ခိုက်ခဲ့တဲ့ ရဲစွမ်းသတ္တိရှိတဲ့သူတွေပဲ။ "
" စစ်သူကြီး...." ချွန်းယွီယွဲ့က ထပ်ပြောရန် ကြိုးစားလိုက်သော်လည်း ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ဖြတ်ပြောလိုက်သည်။
" ချွန်းယွီယွဲ့ မင်းတကယ်ဘာပြောချင်တာလဲ။ ကျောက်ဖုန်းရဲ့ စွမ်းဆောင်မှုကို ဘာလို့ဒီလောက်ထိ ငြင်းဆိုနေရတာလဲ။ မင်းက အဲ့ဒီမှာ ရှိနေခဲ့တာမဟုတ်ဘူး။ မင်းက တုဆွေထက် ပိုမြင်နိုင်တယ်လို့ ပြောချင်တာလား။ "
ရင်ကျန့်၏ လေသံကို ကြားလိုက်ရသောအခါ ချွန်းယွီယွဲ့က မျက်နှာပျက်သွားပြီး အမြန်ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုးမဝံ့ရဲပါဘူး။ "
" ကျောက်ဖုန်းက မယ်တော်ကြီးကို ကယ်တင်ခဲ့တဲ့ စွမ်းဆောင်မှုက ငြင်းပယ်လို့မရဘူး။ သူ့ကို ဆုလာဘ်ချီးမြှင့်ရမယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " ဝန်ကြီးများက တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
" အမိန့်တော် ချမှတ်မယ်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။ " တော်ဝင်မိသားစုကို ကယ်တင်ခဲ့တဲ့အတွက် ကျောက်ဖုန်းကို လက်ယာတော်မှူးအဆင့်ကို တိုးမြှင့်ပေးလိုက်တယ်။ "
" သူ့ကို မြေယာ၅၀၀မူ၊ ရွှေစ ၁၀၀၀၊ ကျောက်စိမ်းပစ္စည်း ၁၀၀၊ အစေခံ ၁၀၀နဲ့ စိတ်ဝိညာဉ်ဆေးလုံး ဆယ်လုံးကို ချီးမြှင့်လိုက်တယ်။ "
" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " ဝန်ကြီးများက ကျယ်လောင်စွာ ချီးကျူးလိုက်ကြသည်။
" တုဆွေ မင်းက ယုံမြို့နန်းတော်ကို စောင့်ကြပ်တဲ့နေရာမှာ ပျက်ကွက်ခဲ့တဲ့အတွက် မင်းကို ရာထူးတစ်ဆင့်ချလိုက်တယ်။ ပြီးတော့ တစ်နှစ်စာလစာကိုလည်း သိမ်းယူလိုက်တယ်။ " ရင်ကျန့်က တုဆွေကို ကြည့်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။ " တုဆွေက လေးနက်စွာ ဦးညွှတ်လိုက်သည်။ ရင်ကျန့်က သူ့အား သက်ညှာပေးလိုက်ခြင်းဖြစ်သည်ကို သူကောင်းကောင်းသိပေသည်။
" အရှင်မင်းကြီးကို လျှောက်တင်စရာတစ်ခုရှိပါတယ်။ " တုဆွေက ထပ်ပြောလိုက်သည်။
" ပြောပါ။ " ရင်ကျန့်က ပြောလိုက်သည်။
" ဒီတစ်ကြိမ် ပြန်ပေးဆွဲခံရတဲ့ ဖြစ်ရပ်ပြီးတဲ့နောက်မှာ ကျွန်တော်မျိုးက ယုံမြို့နန်းတော်ကု စောင့်ကြည့်ဖို့ အရည်အချင်း မပြည့်သေးဘူးလို့ ခံစားရပါတယ်။ ဒါကြောင့် အတွေ့အကြုံရဖို့နဲ့ အရှင်မင်းကြီးကို အလုပ်အကျွေးပြုနိုင်ဖို့ ပင်မစစ်စခန်းတွေဆီ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုချင်ပါတယ်။ "
တုဆွေက ဒူးထောက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ " ကျွန်တော်မျိုးကို ဝေမြို့ဆီ ပြောင်းရွှေ့ပေးပြီး စစ်သူကြီးကျောက်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခွင့်ပြုပါ။ သူနဲ့အတူ ချင်နိုင်ငံနဲ့ အရှင်မင်းကြီးအတွက် အစွမ်းကုန် ကြိုးစားချင်ပါတယ်။ "
၎င်းကို ကြားသောအခါ ရင်ကျန့်က အတွေးနက်သွားပြီး နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။ " ကောင်းပြီလေ။ မင်းက ဒီလောက်ထိ ယုံကြည်မှုရှိနေမှတော့ မင်းရဲ့ဆန္ဒကို ဖြည်းဆည်းပေးလိုက်မယ်။ "
" မင်းရဲ့ မိသားစုကိစ္စတွေကို စီစဉ်ဖို့အတွက် လဝက်အချိန်ပေးမယ်။ ပြီးရင် ဝေမြို့ကို သွားပြီး စစ်သည်တစ်သောင်းတပ်မှူးအဖြစ် တာဝန်ယူရမယ်။ "
" အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်။ " တုဆွေက ဦးညွှတ်ပြီး ပြောလိုက်သည်။
င်ငံကို အမြစ်ပြတ် ချေမှုန်းဖို့ ရည်ရွယ်ထားတယ်။ "