← Chapters

အခန်း (၁၁၃)

Vol. 12 Ch. 113

အခန်း (၁၁၃)

Vol. 12 Ch. 113

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၁၃)

" ဝမ်ကျန့်..." ရင်ကျန့်က သူ့ဘက်လှည့်ပြီး ခေါ်လိုက်သည်။

" ကျွန်တော်မျိုးရှိပါတယ်။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။

" စစ်သူကြီးကျောက်ဖုန်းရဲ့ လက်အောက်မှာ တပ်မှူးငါးယောက်ရှိတယ်မဟုတ်လား။ " ရင်ကျန့်က မေးလိုက်သည်။

" လက်ထောက်စစ်သူကြီးတစ်ယောက်က တပ်ဖွဲ့ငါးခုကို ကွပ်ကဲရတာဖြစ်လို့ စစ်သူကြီးကျောက်မှာ တပ်မှူးငါးယောက်ရှိတာ အမှန်ပါပဲ။ ဒါပေမယ့် နှစ်သစ်ကူးမရောက်သေးတော့ စစ်သည်သစ်တွေကို စာရင်းမသွင်းရသေးဘူး။ "

" စစ်သူကြီးကျောက်ရဲ့ တပ်ဖွဲ့တွေမှာ စစ်သည်အသစ်တွေ မဖြည့်ရသေးဘဲ လက်နက်ချစစ်သည်သုံးသောင်းကိုပဲ ပြန်လည်ဖွဲ့စည်းထားတာပါ။ သူ့ရဲ့ စစ်အင်အားက ခြောက်သောင်းကျော်ရှိပေမယ့် တပ်မှူးငါးယောက်ပဲ ရှိပါသေးတယ်။ " ဝမ်ကျန့်က ချက်ချင်း ပြန်ဖြေလိုက်သည်။

စစ်သေနာပတိချုပ်အနေဖြင့် ဝမ်ကျန့်က ယင်ချွမ်းမှ အခြေအနေများကို ရှင်းလင်းစွာ သိထားသည်။ သူက ရှန်းယန်ကို ရောက်နေသော်လည်း အစီရင်ခံစာများ ရရှိလေသည်။

" နှစ်သစ်ကူးပြီးလို့ စစ်သည်အသစ်တွေ ရောက်လာတဲ့အခါ စစ်သူကြီးကျောက်ဖုန်းရဲ့ စစ်အင်အားကို ဖြည့်တင်းပေးလိုက်ပါ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" ဒါပေမယ့် အရှင်မင်းကြီး စစ်သူကြီးကျောက်ဖုန်းက စစ်သည်ခြောက်သောင်းကျော်ကို ကွပ်ကဲနေပြီးသားပါ။ " ဝမ်ကျန်က ပြန်ပြောလိုက်သည်။

" အဲ့ဒီထဲက သုံးသောင်းက လက်နက်ချစစ်သည်တွေပဲ။ " ရင်ကျန်က ပြောလိုက်သည်။ " ကျောက်ဖုန်းရဲ့ အပြစ်သားတပ်ဖွဲ့ဗျူဟာကို အကောင်အထည် ဖော်နိုင်ခဲ့ပေမယ့် အဲ့ဒီလက်နက်ချစစ်သည်တွေကို​တော့ ငါတို့သတိထားရမယ်။ "

" ငါတို့ ချင်စစ်သည်တွေက သူတို့ကို လုံးဝထိန်းချုပ်ထားနိုင်ရမယ်။ ဒါမှ သူတို့က သစ္စာဖောက်ခဲ့ရင်တောင် သူတို့ကို နှိမ်နင်းနိုင်လိမ့်မယ်။ "

" ကျွန်တော်မျိုးနားလည်ပါပြီ။ " ဝမ်ကျန့်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" တုဆွေကို ကျော်ဖုန်းရဲ့ လက်အောက်မှာ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်စေမယ်။ သူ့ကို ဘယ်နေရာမှာ ထားမလဲဆိုတာကတော့ ကျောက်ဖုန်းရဲ့ ဆုံးဖြတ်ချက်ပဲ။ " ရင်ကျန်က ပြောလိုက်သည်။ ထိုစကားတစ်ခွန်းနှင့်ပင် ရင်ကျန့်က ကျောက်ဖုန်းအပေါ် မည်မျှအလေးထားသည်မှာ ထင်ရှားနေသည်။

" အခု မယ်တော်ကြီးဘယ်မှာလဲ။ " ရင်ကျန့်က တုဆွေကို မေးလိုက်သည်။

" အရှင်မင်းကြီး မယ်တော်ကြီးက တော်ဝင်နန်းတော်ရဲ့ ဘေးကအဆောင်မှာ ရှိနေပါတယ်။ " တုဆွေက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဝန်ကြီးတို့ တင်ပြစရာတစ်ခုခုရှိသေးလား။ " ရင်ကျန့်က ခန်းမထဲမှ လူများကို ကြည့်လိုက်သည်။

" ကျွန်တော်မျိုးတို့မှာ တင်ပြစရာမရှိတော့ပါဘူး။ " ဝန်ကြီးအားလုံးက ပြန်ဖြေလိုက်ကြသည်။

" ညီလာခံသိမ်းမယ်။ " ရင်ကျန့်က လက်ဝေ့ရမ်း၍ ပြောလိုက်ပြီး ထရပ်ကာ ဘေးဘက်အဆောင်ဆီသို့ လျှောက်သွားလိုက်သည်။

ဝန်ကြီးများအားလုံးက ဦးညွှတ်ပြီး စတင်ထွက်ခွာသွားကြသည်။

" ဆွေးနေတဲ့ သစ်သားကို ထုဆစ်လို့မရဘူးပဲ။ " ချွန်းယွီယွဲ့က တုဆွေ၏ ဘေးမှ ဖြတ်သွားချိန်တွင် ဒေါသတကြီး ရေရွတ်လိုက်သည်။

" တုဆွေ..." ဝမ်ကျန့်က တုဆွေအနီးသို့ ရောက်လာသည်။

" စစ်သေနာပတိချုပ်..." တုဆွေက ရိုသေစွာ ပြန်ပြောလိုက်သည်။

" ဘာလို့ဝေမြို့ကို ရုတ်တရက် သွားချင်ရတာလဲ။ " ဝမ်ကျန့်က ပြုံးပြီး မေးလိုက်သည်။

" ဒီတစ်ခါ ကျွန်တော် တာဝန်ပျက်ကွက်ခဲ့တယ်။ ပြီးတော့ ဒီကိစ္စက စစ်​သူကြီးကျောက်ဖုန်းကြောင့်ပဲ ဖြေရှင်းနိုင်ခဲ့တာ။ သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ရင် ကျွန်တော် အများကြီး သင်ယူနိုင်ပါလိမ့်မယ်။ "

" မင်း ဝေမြို့ကို သွားမှာဆိုတော့ ငါကျောက်ဖုန်းဆီကို စာတစ်စောင် ပေးလွှတ်လိုက်မယ်။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ဘာတွေများ မှာကြားချင်လို့လဲ။ " တုဆွေက ဦးညွှတ်ပြီး မေးလိုက်သည်။

" ဒါက စစ်ရေးကိစ္စမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာကိစ္စပါ။ "

တုဆွေက ခေါင်းညိမ့်လိုက်သည်။

အခန်းတစ်ခုရှေ့တွင် ရင်ကျန့်က ဝေခွဲမရသော အမူအရာနှင့် ရပ်နေသည်။ ထိုအခန်းထဲတွင် သူ၏ မိခင်းအရင်းရှိနေသည်။ သူ၏ မိခင်က သူစိမ်းတစ်ယောက်ကြောင့် သူ့ကို သစ္စာဖောက်ခဲ့ခြင်းဖြစ်သည်။ အချိန်အတော်ကြာအောင် ရပ်နေပြီးနောက် ရင်ကျန့်က ​နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။

အထဲကို ဝင်လိုက်သည်နှင့် သူ၏ မျက်လုံးများက မျက်နှာသေနှင့် ထိုင်နေသော ကျောက်ကျိဆီသို့ ရောက်ရှိသွားသည်။ သူမက အသက်မရှိသကဲ့သို့ မလှုက်မယှက်ရပ်နေပြီး အစေခံအနည်းငယ်က သူမကို ပြုစုနေကြသည်။

" မင်းတို့ထွက်သွားတော့။ " ရင်ကျန့်က လက်ဝှေ့ရမ်း၍ ပြောလိုက်သည်။

အစေခံများက ချက်ချင်း ထွက်ခွာသွားကြသည်။ ငေးငိုင်နေသော ကျောက်ကျိကို ကြည့်ရင်း ရင်ကျန့်က ပို၍ စိတ်ရှုပ်ထွေးသွားသည်။ " ဒီလောက်နှစ်တွေကြာတာတောင် မပြောင်းလဲသေးဘူးပဲ။ "

" မယ်တော်ကြီး..." ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

သူ၏ အသံကို ကြားလိုက်ရသောအခါ ကျောက်ကျိ၏ ခံစားချက်မရှိသော မျက်နှာပေါ်တွင် လှုပ်ရှားမှုအချို့ ပေါ်လာသည်။ သူမ၏ မျက်လုံးများက ရင်ကျန့်အပေါ်သို့ ကျရောက်သွားသောအခါ ကြောက်ရွံ့မှု၊ ဒေါသ၊ မုန်းတီးမှုများဖြင့် ပြည့်နှက်သွားသည်။

" နင် ငါ့ကလေးတွေကို သတ်ခဲ့တယ်။ ငါနင့်ကို သတ်မယ်... ငါနင့်ကို သတ်မယ်..." ကျောက်ကျိက ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားပြီး ရင်ကျန့်ဆီသို့ ပြေးဝင်သွားသည်။

ကျောက်ကျိ ပြေးဝင်လာသည်ကို မြင်သောအခါ ရင်ကျန့်က ​ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်သော အရိပ်အယောင်များ ရှိနေသည်။ ကျောက်ကျိက လက်နှင့်ရွယ်လိုက်သောအချိန်တွင် သူက လက်ကို ဖမ်းဆွဲလိုက်သည်။

သူ၏ ဆုပ်ကိုင်မှုထဲတွင် မိသားစုချစ်ခြင်းမေတ္တာ အကြွင်းအကျန်များ ပါဝင်နေသော်လည်း ဒေါသက ပို၍ ကြီးစိုးနေသည်။

" အခုအချိန်ထိတောင်.." ရင်ကျန့်က မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် ပြောလိုက်သည်။ " ခင်ဗျားနောင်တမရသေးဘူးလား။ "

" ငါနင့်ကို သတ်မယ်။ ငါနင့်ကို သစ်ပစ်မယ်။ " ကျောက်ကျိက ရူးသွပ်စွာ အေယ်ဟစ်နေသည်။

" ပုန်ကန်ဖို့ ကြံစည်တာက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ။ ဒီလိုလုပ်ရပ်ကို ကျူးလွန်ခဲ့ရင် အကျိုးဆက်ကို ခံရမှာပဲ။ ကျုပ်ခင်ဗျားကို မသတ်တာ ကျုပ်တို့ကြားက သာအမိသံယောဇဉ်ကြောင့်ပဲ။ "

" အဲ့ဒါက ခင်​ဗျားရဲ့ ပြစ်မှု၊ ခင်​ဗျားရဲ့ ပုန်ကန်မှုပဲ။ ဒါတောင် ခင်ဗျားက ကျုပ်ကို မုန်းနေသေးတာလား။ "

သူမ၏ လုပ်ရပ်များကို သူက အမှန်တကယ် စိတ်ပျက်နေသည်။ သို့သော် ကျောက်ကျိက နားမထောင်ဘဲ အပြင်းအထန် ရုန်းကန်နေသည်။

" ကြည့်ရတာ ကျုပ် ခင်ဗျားကို လာမတွေ့သင့်ဘူးပဲ။ " ရင်ကျန့်က အေးစက်စွာ တွေးလို​က်သည်။ သူက လက်ဝှေ့ရမ်းလိုက်ပြီး ကျောက်ကျိကို တွန်းထုတ်လိုက်သည်။ ထို့နောက် အခန်းအပြင်ဘက်သို့ ထွက်ခွာသွားသည်။

" ကျောက်ကောင်း " ရင်ကျန့်က ခေါ်လိုက်သည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " ကျောက်ကောင်းက ပြန်ထူးလိုက်သည်။

" မယ်တော်ကြီးကို ယုံမြို့ဆီ ပြန်ပို့ဖို့ စီစဉ်လိုက်။ ငါ့ရဲ့ အမိန့်မပါဘဲ ယုံမြို့နန်းတော်ရဲ့ အပြင်ဘက်ကို တစ်လှမ်းတောင်မထွက်စေနဲ့။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

" အမိန်အတိုင်းပါ။ " ကျောက်ကောင်းက တုန်လှုပ်စွာဖြင့် ပြန်ပြောလိုက်သည်။

ရင်ကျန့်ထွက်သွားသည်ကို ကြည့်ပြီး ကျောက်ကျိ၏ မျက်လုံးများထဲတွင် လှုပ်ခတ်မှုအချို့ပေါ်လာသည်။ ၎င်းက နောင်တလား သို့မဟုတ် အခြားအရာတစ်ခုလားဆိုသည်မှာ ပြောရခက်ပေသည်။

ရင်ကျန့်က လမ်းတွင် ရှဝူချယ်နှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။

" သူမကို တွေ့ခဲ့လား။ " ရှဝူချယ်က မေးလိုက်သည်။

ကျောက်ကျိ ရောက်လာသည်ဟူသော သတင်းကြားသည်နှင့် သူလည်း ရောက်လာခြင်းဖြစ်သည်။ ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သောအခါ ကျောက်ကောင်းနှင့် အစေခံများက ဆုတ်ခွာသွားကြသည်။

" ကျုပ် သူမကို တွေ့ခဲ့တယ်။ "

" ဘယ်လိုလဲ။ " ရှဝူချယ်က ​မေးလိုက်သည်။

" သူမက နောင်တမရသေးဘူး။ ကျုပ်ကို ရန်သူတစ်ယောက်လို ဆက်ဆံနေတုန်းပဲ။ " ရင်ကျန့်က သက်ပြင်းချပြီ ပြောလိုက်သည်။

" အင်း..." ရှဝူချယ်က ဘာမှမပြောဘဲ သက်ပြင်းချလိုက်သည်။

" ယောက္ခမကြီး..." ရင်ကျန့်က ခါးသီးစွာ ပြုံးလိုက်သည်။ " သူမက ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးထင်ပါတယ်။ ကျုပ်က မျှော်လင့်ချက်နည်းနည်း ထားခဲ့မိတယ်။ ဒါပေမယ့် ကျွန်တော်မှားသွားတယ်။ "

" ထားလိုက်ပါတော့။ " ရှဝူချယ်က ခေါင်းခါပြီး ပြောလိုက်သည်။

" ဒီလောက်နှစ်တွေကြာသွားရင် သူမ ပြောင်းလဲသွားမယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် ငါသူမအပေါ် အရမ်းမျှော်လင့်မိသွားတာပဲ။ ငါ သယမကု သွားတွေ့လိုက်ဦးမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က တစ်ချိန်က သိကျွမ်းခဲ့ကြတာပဲ။ "

ရှဝူချယ်က ပြောလိုက်ပြီး အခန်းဆီသို့ လျှောက်သွားလိုက်သည်။ အထဲသို့ ရောက်သောအခါ ကြမ်းပြင်တွင် ငေးငိုင်စွာ လဲကျနေသော ကျောက်ကျိကို တွေ့လိုက်ရသည်။

" ကျောက်ကျိ..." ရှဝူချယ်က ခေါ်လိုက်သည်။

သူ၏ အသံကို ကြားသောအခါ လှည့်ကြည့်လိုက်ပြီး သူ့ကို မြင်သောအခါ သူမ၏ မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

" ငါမဟုတ်ဘူး....နင့်ကို သတ်တာ ငါမဟုတ်ဘူး..." သူမက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

" ရှတုန်းအာ ထွက်သွား ထွက်သွားစမ်း..."

၎င်းကို ကြားသောအခါ ရှဝူချယ်က မျက်မှောင်ကြုတ်သွားပြီး သူက ကျောက်ကျိဘေးသို့ အမြန်လျှောက်သွားသည်။ " မင်း ဘာပြောလိုက်တာလဲ။ "

" နင့်ကို သတ်တာ ငါမဟုတ်ဘူး...ငါမဟုတ်ဘူး...." ကျောက်ကျိက သူ့ကို ကြည့်ပြီး တုန်တုန်ယင်ယင်နှင့် နောက်ဆုတ်သွားသည်။

" တုန်းအာ သေသွားပြီလား။ " ရှဝူချယ်က မျက်လုံးပြူးသွားပြီး သူမကို မေးလိုက်သည်။

ကျောက်ကျိ၏ စကားများက မရှင်းသော်လည်း ရှဝူချယ်က ကြောက်စရာကောင်းသော အဓိပ္ပါယ်တစ်ခုကို နားလည်သွားသည်။

" ငါမဟုတ်ဘူး... ငါမဟုတ်ဘူး..." ကျောက်ကျိကတော့ ထိုစကားကိုသာ ထပ်တလဲလဲ ရေရွတ်နေသည်။

All Chapters