← Chapters

အခန်း (၁၁၅)

Vol. 12 Ch. 115

အခန်း (၁၁၅)

Vol. 12 Ch. 115

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၁၅)

" မင်း တကယ်ပဲ ချင်နိုင်ငံအတွက် အရှင်မင်းကြီးအတွက် အလုပ်အကျွေးပြုဖို့ ဆန္ဒရှိသလား။ " ယွီလျောင်က စကားစပြောလိုက်သည်။

" ရှိပါတယ်။ ကျွန်တော်ဆန္ဒရှိပါတယ်။ " ကောခိုင်က ငြင်းဆန်ခြင်းမရှိပေ။ ယခုအချိန်တွင် အရေးကြီးဆုံးက အသက်ရှင်ရန်သာ ဖြစ်သည်။

" ကောင်းပြီ။ " ယွီလျောင်က ဆက်ပြောလိုက်သည်။ " မင်း ကျောက်နိုင်ငံရဲ့ လျို့ဝှက်ချက်တွေကို ထုတ်ပြောပြီး ချင်နိုင်ငံကို အလုပ်အကျွေးပြုမယ်ဆိုတဲ့ ကတိကဝတ်ကို လက်မှတ်ထိုးရင် အရှင်မင်းကြီးက မင်းကို အသက်ချမ်းသာပေးလိမ့်မယ်။ "

" ကျွန်တော် သဘောတူပါတယ်။ " ကောခိုင်က ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

" ကောင်းပြီ။ ငါ့နောက်လိုက်ခဲ့။ " လီစီက ကျေနပ်စွာ ပြောလိုက်သည်။

သူတို့နှစ်ယောက်က ကောခိုင်ကို ခြောက်လှန့်ရသည့် အကြောင်းရင်းက သူ့ကို ချင်နိုင်ငံအတွက် အလုပ်လုပ်ခိုင်းရန်ဖြစ်သည်။ ထို့အပြင် သူ့ကို ထိုသို့ခိုင်းစေနိုင်ရန်အတွက် အကျပ်ကိုင်နိုင်မည့် အချက်အလက်များကို ထိန်းချုပ်ထားရန် လိုအပ်သည်။ သို့မှသာ နောက်ပိုင်း သူက ကျောက်နိုင်ငံသို့ ပြန်ရောက်လျှင်တောင် အမိန့်မနာခံဘဲ မနေရဲမည်ဖြစ်သည်။

" ဝန်ကြီးချုပ်ကော ကျောက်နိုင်ငံအကြောင်း မင်းသိသမျှ လျို့ဝှက်ချက်တွေနဲ့ မင်းရဲ့ အကြောင်းတွေကိုပါ ချရေးလိုက်။ နောက်ဆုံးအနေနဲ့ မင်း ချင်နိုင်ငံအပေါ် သစ္စာစောင့်သိပါမယ်ဆိုတဲ့ ကတိကဝတ်ကို ရေးရမယ်။ "

" မင်းရေတာတွေကို ငါတို့နှစ်ယောက် ကျေနပ်ဖို့ လိုတယ်။ အဲ့ဒါမှ ငါတို့နှစ်ယောက်က အရှင်မင်းကြီးဆီမှာ မင်းကို ခွင့်လွှတ်ပေးဖို့ အသနားခံပေးမယ်။ ဒါပေမယ့် မင်းက ကောင်းကောင်းမရေးဘူး ဒါမှမဟုတ် လိမ်ညာဖို့ကြိုးစားမယ်ဆိုရင်တော့ ငါတို့ အခွင့်အရေးမပေးဘူးလို့ အပြစ်မတင်နဲ့။ " လီစီက ခြိမ်းခြောက်သော လေသံနှင့် ပြောလိုက်သည်။

" ကျွန်တော် ရေးပါမယ်။ ချင်နိုင်ငံကိုလည်း အကြွးမဲ့ အလုပ်အကျွေးပြုပါမယ်။ " ကောခိုင်က အကြိမ်ကြိမ် ခေါင်းညိမ့်လိုက်သည်။

" ဒါဆိုလည်း ရေးတော့။ " လီစီက ပြောပြီး ထိုင်လိုက်သည်။

အချိန်များ ကုန်လွန်သွားပြီး နှစ်နာရီကြာသွားခဲ့သည်။ ကောခိုင်က ရေးသားပြီးနောက် လီစီနှင့် ယွီလျောင်တို့က ဖတ်ကြည့်လိုက်ကြသည်။

" ကျောက်နိုင်ငံမှာ ဖုံးကွယ်ထားတဲ့ ကိစ္စတွေ ဒီလောက်တောင် များလိမ့်မယ်လို့ မထင်ထားဘူး။ " ယွီလျောင်က ပြုံးပြီး ပြောလိုက်သည်။ " ကောခိုင်သာမရှိရင် ငါတို့ ဒါတွေကို ဘယ်တော့မှ သိရမှာမဟုတ်ဘူး။ "

" မှန်တယ်။ ဝန်ကြီးချုပ်ကောခိုင်က သူ့ကိုသူ အသုံးဝင်ကြောင်း သက်သေပြလိုက်တာပဲ။ " လီစီက ရယ်မောပြီး ပြောလိုက်သည်။

" အစောင့်တွေ ဝန်ကြီးချုပ်ကောခိုင်အတွက် အကောင်းစားဝတ်စုံတစ်စုံယူခဲ့စမ်း။ သူ့ကို ရေချိုး အဝတ်အစား လဲပေးလိုက်။ ပြီးရင် ငါတို့အရှင်မင်းကြီးဆီသွားကြတာပေါ့။ "

" အမိန့်အတိုင်းပါ။ " အစောင့်က ချက်ချင်း ပြန်ပြောလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ကျန်းထိုင်နန်းဆောင်ထဲတွင်....

" ကျွန်တော်မျိုး ကောခိုင် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ချင်နိုင်ငံကြီး အဓွန့်ရှည်တည်တံ့ပါစေ။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ " ကောခိုင်က ရင်ကျန့်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူ၏ အမူအရာက ချင်နိုင်ငံ၏ သစ္စာရှိဝန်ကြီးတစ်ယောက်နှင့် လုံးဝတူနေသည်။

" မင်းရေးထားတဲ့စာတွေကို ငါဖတ်ပြီးသွားပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " မင်းတကယ်ပဲ ရိုးသားပါတယ်။ မင်းက ငါ့အပေါ် သစ္စာရှိဖို့ ဆန္ဒရှိနေမှတော့ မင်းကို ငါလက်ခံရမှာပေါ့။ "

" ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် အသက်ပေးပြီး အလုပ်အကျွေးပြုပါမယ်။ " ကောခိုင်က စိတ်သက်သာရာရသွားပြီး အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။

" ကောခိုင် မင်းကို ချင်နိုင်ငံက ဖမ်းမိထားတယ်ဆိုတာ ကျောက်ဘုရင်က မသိသေးဘူး။ မင်း ကျောက်နိုင်ငံကို ရောက်ရင် ဝန်ကြီးချုပ်ပဲ ဆက်လုပ်ပါ။ ငါ့မှာ မင်းကို ခိုင်းစရာရှိရင် လူလွှတ်ပြီး အကြောင်းကြားလိုက်မယ်။ "

" ဒါပေမယ့် မင်းမလုပ်ဘဲလည်း နေနိုင်ပါတယ်။ တကယ်လို့ မင်းက ငြင်းဆန်မယ်ဆိုရင်တော့ မင်းဖော်ထုတ်ခဲ့တဲ့ လျို့ဝှက်ချက်တွေနဲ့ ငါ့အပေါ် သစ္စာရှိပါမယ်လို့ ရေးထားတဲ့ စာတွေကို ငါ လူသိရှင်ကြား ချပြလိုက်မယ်။ အဲ့ဒါဆိုရင်တော့ ကျောက်နိုင်ငံက မင်းကို သေချာပေါက် လက်ခံတော့မှာမဟုတ်ဘူး။ " ရင်ကျန့်က ကောခိုင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

ကောခိုင်က ထိုစာများကို ရေးသားပြီးကတည်းက သူ့မှာ ထွက်ပေါက်မရှိတော့သည်ကို နားလည်သွားခဲ့သည်။ ၎င်းတို့သာ ပေါက်ကြားသွားလျှင် ကျောက်ဘုရင်က သူ့ကို လုံးဝ ခွင့်လွှတ်မည်မဟုတ်ပေ။

သူက နိုင်ငံ၏ လျို့ဝှက်ချက်များကို ပေါက်ကြားစေရုံသာမက ကျောက်မင်းကြီး၏ ကိုယ်ရေးကိုယ်တာကိစ္စများ၊ ကာမဂုဏ်လိုက်စားမှုများနှင့် အိမ်ရှေ့စံမင်းသားကျောက်ယိ၏ နေရာကို လုယူခဲ့သည့် အောက်တန်းကျသော လုပ်ရပ်များအထိ အကုန်လုံး ချရေးခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်မျိုးက အရှင်မင်းကြီးကို သေတဲ့အထိ သစ္စာရှိပါမယ်လို့ ကတိပြုပါတယ်။ " ကောခိုင်က ပြတ်သားစွာ ပြောလိုက်သည်။

" ဒါပေမယ့် မင်းငါ့အမိန့်ကို နာခံနေသရွေ့ ငါမင်းကို ကတိတစ်ခု ပေးနိုင်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " နောင်တစ်ချိန်မှာ ချင်နိုင်ငံက ကျောက်နိုင်ငံကို သိမ်းပိုက်နိုင်အောင် ကူညီပေးခဲ့ရင် မင်း တစ်သက်လုံး စည်းစိမ်ဥစ္စာတွေနဲ့ နေနိုင်မယ့်အပြင် မင်းရဲ့ သားစဉ်မြေးဆက်တွေပါ စိုးရိမ်စရာမလိုအောင် ငါလုပ်ပေးမယ်လို့ အာမခံတယ်။ "

" ကျွန်တော်မျိုးက အရှင်မင်းကြီးကို သေတဲ့အထိ အလုပ်အကျွေးပြုပါမယ်။ " ကောခိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ယွီလျောင် ကောခိုင်ကို ကျောက်နိုင်ငံဆီ ပြန်ပို့ဖို့ နည်းလမ်းရှာလိုက်။ ဒါပေမယ့် သူပြန်သွားတာကို မသိသာစေနဲ့။ သူ့အသက်ကို မနည်းလုပြီး ထွက်ပြေးလာတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ပါ။ "

" ကောခိုင် မှတ်ထား။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ဒီတာဝန်မှာ မင်းနဲ့အတူပါလာတဲ့ လူတွေအကုန် သေကုန်ပြီ။ မင်းတစ်ယောက်တည်း လွတ်မြောက်ခဲ့တယ်။ မင်း ကျောက်နိုင်ငံကို ပြန်ရောက်ရင် ငါ့အကြောင်း ကောင်းတာလည်း မပြောရသလို ချင်နိုင်ငံကိုလည်း လက်လိုက်ပြီး မပြောရဘူး။ မင်းက ငါ့အပေါ်မှာရော ချင်နိုင်ငံအပေါ်မှာပါ ရန်လိုမုန်းတီးမှု အပြည့် ပြရမယ်။ "

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ကောခိုင်က ထပ်တလဲလဲ ခေါင်းညိမ့်လိုက်သည်။

ယွီလျောင်က ကောခိုင်ကို ခေါ်ပြီး ထွက်ခွာသွားသည်။

" အရှင်မင်းကြီး ကောခိုင်ကို ဖမ်းမိတာက တကယ်အမြတ်ရလိုက်တာပဲ။ သူရှိနေရင် ချင်နိုင်ငံက ကျောက်နိုင်ငံရဲ့ အချက်အလက်တွေကို ပိုရနိုင်တော့မှာပဲ။ " လီစီက စကားပြောလိုက်သည်။

" ဒါ့အပြင် ကောခိုင်ရဲ့ စကားအရဆို ကျောက်ဘုရင်က လျန်ပိုနဲ့ လီမုတို့ကို သဘောမကျဘူး။ အထူးသဖြင့် လျန်ပိုပဲ။ ကောခိုင်ကို သုံးပြီး လျန်ပိုကို ဖယ်ရှားလို့ရနိုင်တယ်။ ဒါဆို ကျောက်နိုင်ငံမှာ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်။ "

" ကောခိုင် ကျောက်နန်းတွင်းမှာ ခြေကုပ်ပြန်ရပြီဆိုတာနဲ့ ငါတို့ လျန်ပိုကို စပြီး တိုက်ခိုက်ကြမယ်။ အဲ့ဒီစစ်သူကြီးအိုကြီးက တကယ်ရင်ဆိုင်ရခက်တယ်။ "ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" အခုအရေးကြီးဆုံးက ကျောက်နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ဖို့ပဲ။ ဒါမှ ကျောက်ဘုရင်က နောက်ကျောလုံပြီး ယန်နိုင်ငံကို တိုက်ခိုက်ဖို့ တွန်းအားဖြစ်စေလိမ့်မယ်။ " လီစီက ပြောလိုက်သည်။

ဝေမြို့။

ဝေမြစ်ကမ်းဘေးတွင်ရှိပြီး နယ်စပ်မြို့ဖြစ်သော ဝေမြို့က အလွန်စည်ကားဝပြောလှသည်။ ထိုနေရာတွင ကုန်သည်များအတွက် သီးသန့်ဆိပ်ကမ်းတစ်ခုရှိပြီး အများစုက ကုန်သည်များဖြစ်ကြသည်။

မြို့ထဲတွင် အင်မော်တယ်ဝိုင်ခန်းမဟုခေါ်သော အရက်ဆိုင်တစ်ဆိုင် ဖွင့်ထားသည်မှာ ဆာ်ရက်ရှိပြီဖြစ်သည်။ ထိုဆိုင်က ဖောက်သည်များနှင့် ပြည့်နှက်နေရန် ဆယ်ရက်သာ အချိန်ယူလိုက်ရသည်။

" လေးစားရပါသော ဧည့်သည်တော်တို့ ကျုပ် အနူးညွှတ်တောင်းပန်ပါတယ်ဗျာ။ " ဆိုင်ပိုင်ရှင်က ပြုံး၍ ဦးညွှတ်ပြီး အော်ပြောလိုက်သည်။

" ဆိုင်ရဲ့ သုံးထပ်လုံးက လူပြည့်နေပါပြီ။ ဘယ်အချိန် စားပွဲလွတ်မယ်ဆိုတာကတော့ ကျုပ်လည်း သေချာမသိပါဘူး။ ဒါပေမယ့် အိမ်ကို ဝယ်သ်ားချင်တယ်ဆိုရင်တော့ ရနိုင်ပါသေးတယ်။ "

" တောက် ဒီနေ့လည်း စားပွဲမရပြန်ဘူး။ ဆိုင်ရှင် ဒီနေရာကို မချဲ့နိုင်ဘူးလား။ ဒီသုံးထပ်က လူဘယ်လောက်များ ဆံ့မှာမလို့လဲ။ " ဖောက်သည်တစ်ယောက်က ညည်းညူလိုက်သည်။

" ဟုတ်တယ်။ ချဲ့လိုက်စမ်းပါ။ ခင်​ဗျားတို့ဆိုင်က ဝိုင်အရက်က ဝေမြစ်တစ်လျှောက်မှာ နာမည်ကြီးနေပြီ။ စားစရာတွေကလည်း အကောင်းစားတွေပဲ။ "

" အရက်ပိုချက်စမ်းပါ။ ခင်ဗျားတို့အရက်က အရမ်းမွှေးပြီး ပြင်းလည်းပြင်းတယ်။ တကယ်ကို အဆင့်မြင့်အရက်ပဲ။ "

" မင်းတို့အကုန်မသိသေးပါဘူး။ ငါတို့သောက်နေတဲ့ ဝိုင်ကို ပိုင်ကျူးလို့ခေါ်ပြီး ငွေပြားသုံးရာပေးရတယ်။ ဒါပေမယ့် ငွေပြားတစ်ထောင်ပေးရတဲ့ ကျူးကျွေ့ဝိုင်က ပိုတောင်ကောင်းသေးတယ်။ ငါအတွက်တော့ အရမ်းစျေးကြီးလို့ မသောက်နိုင်တာ နှမြောစရာပဲ။ "

" အဲ့ဒါက တစ်ထောင်တန်ပဲရှိသေးတယ်။ တစ်အိုးကို ငါးထောင်တန်တွေလည်း ရှိတယ်လို့ ကြားတယ်။ ဒီဆိုင်ရဲ့ ရတနာလို့ တင်စားတဲ့ အကောင်းဆုံးဝိုင်ကတော့ အင်မော်တယ်မူးယစ်ဝိုင်လို့ခေါ်တယ်။ အဲ့ဒါက ဘယ်လိုအရသာမျိုးရှိမလဲမသိဘူး။ "

အပြင်တွင် တန်းစီရပ်နေသူများက ညည်းညူနေရင်း အင်မော်တယ်ဝိုင်ခန်းမမှ ဝိုင်များ၏ ကောင်းကြောင်းများကို ပြောဆိုနေကြသည်။ ဆယ်ရက်အတွင်း ထိုဆိုင်က ဝိုင်ကောင်းများက ဝေမြို့မှ ဝိုင်ကြိုက်သူများ၏ နှလုံးသားကို သိမ်းပိုက်သွားခဲ့သည်။

" အားလုံးရဲ့ အကြံပေးမှုကို မှတ်ထားပါမယ်။ ကျေးဇူးပြုပြီး စနစ်တကျ တန်းစီကြပါ။ အခုတော့ လူတိုင်းဝယ်နိုင်အောင် ဝိုင်အလုံအလောက်ရှိပါသေးတယ်။ " ဆိုင်ရှင်က ပြုံးရွှင်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ဆိုင်၏ ဒုတိယအထပ်၌ ဟန်ရှီက ကျောက်ဖုန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

" အရှင် ကျွန်တော်တို့ရဲ့ စီးပွားရေးကတော့ တကယ်တိုးတက်နေတာပဲ။ ဒီဆိုင်တစ်ဆိုင်တည်းကတင် ဆယ်ရက်အတွင်း ဝင်ငွေ ဘယ်လောက်တောင် ရမလဲဆိုတာ အရှင် ခန့်မှန်းနိုင်မှာတောင် မဟုတ်ပါဘူး။ "

" ပြောပါဦး။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" ဒီဆိုင်တစ်ဆိုင်တည်းက ဆယ်ရက်အတွင်း ရွှေဒင်္ဂါး ၇၀၀တောင် ရခဲ့ပါတယ်။ ဆောင်ဝင်လာပြီမလို့လည်း ပါလိမ့်မယ်။ နွေးနွေးထွေးထွေး နေချင်လို့ အရက်ပြင်းတွေ ပိုလိုချင်လို့ ရောင်းကောင်းနေတာဖြစ်မယ်။ " ဟန်ရှီက ပြောလိုက်သည်။

" အခုလောလောဆယ် ငါတို့မှာ ဆိုင်တစ်ဆိုင်တည်း ရှိသေးတာပဲ။ ဒါပေမယ့် အင်မော်တယ်ဝိုင်ခန်းမကို တစ်နိုင်ငံလုံး ဖွင့်နိုင်တဲ့ အချိန်ကျရင် တစ်နေ့ကို ရွှေတုံးတစ်ထောင်ဝင်ဖို့ဆိုတာ အေးအေးဆေးဆေးပါပဲ။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" ဂုဏ်ပြုပါတယ် အရှင်။ " ဟန်ရှီက ချက်ချင်း ပြောလိုက်သည်။ " အခုကစပြီး ယန်ထင်ရဲ့ အသုံးရိတ်အတွက် စိတ်ပူစရာ မလိုတော့ဘူး။ "

All Chapters