← Chapters

အခန်း (၁၁၆)

Vol. 12 Ch. 116

အခန်း (၁၁၆)

Vol. 12 Ch. 116

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၁၆)

" အခုကစပြီး ယန်ထင်အတွက် လူသစ်စုဆောင်းတာကို တိုးမြှင့်လိုက်တော့။ " ကျောက်ဖုန်းက ဟန်ရှီကို အမိန့်ပေးလိုက်သည်။" သတ်မှတ်ချက်က အသက် ၁၁နှစ်အောက် ဖြစ်ရမယ်။ ကျား၊မ ကန့်သတ်ချက်မရှိဘူး။ လျို့ဝှက်နေရာတော်တော်များများကိုလည်း ရှာဖွေထားလိုက်။ "

" နောက်ဆုံးအနေနဲ့ သုံးနှစ်အတွင်းမှာ ယန်ထင်က အမှောင်စစ်သည်လေးထောင်ကို လေ့ကျင့်ပေးရမယ်။ ပြီးတော့ ပန်းပဲဆရာတွေ၊ ဝိုင်ချက်လုပ်သူတွေ အရည်အချင်းရှိသူမှန်သမျှကို လျို့ဝှက်စည်းရုံးထားရမယ်။ အရေအတွက် အတိအကျကိုတော့ မင်းဘာသာမင်း ဆုံးဖြတ်နိုင်တယ်။ "

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဟန်ရှီက ချက်ချင်း ပြန်ဖြေလိုက်သည်။

" အခြားဆိုင်တွေဖွင့်ဖို့လည်း အရှိန်မြှင့်လို့ရတယ်။ ရန်ပုံငွေလုံလောက်ပြီး ဝိုင်ထုတ်လုပ်မှုက အမီလိုက်နိုင်သရွေ့ ဆိုင်အသစ်တွေဆက်ဖွင့်ပါ။ ဒါပေမယ့် ငါတို့ အင်မော်တယ်ဝိုင်ခန်းမက နာမည်ကြီးလာရင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ သေချာတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" လူတွေက ငါတို့ရဲ့ ဝိုင်ချက်လုပ်နည်းကို လိုချင်ကြလိမ့်မယ်။ ခိုးယူဖို့တောင် ကြိုးစားကြလိမ့်မယ်။ အဲ့ဒါကို မင်းသတိထားဖို့ လိုတယ်။ "

" စိတ်ချပါ အရှင်။ " ဟန်ရှီက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ " ကျွန်တော်မျိုးတစ်ယောက်တည်းပဲ ဝိုင်ချက်နည်းအပြည့်အစုံကို သိတာပါ။ ဝိုင်ချက်လုပ်သူတွေတောင် ချက်နည်းအားလုံးကို မသိကြပါဘူး။ "

" ဘာပဲဖြစ်ဖြစ် သတိထားပါ။ နောက်ကျရင် ဟန်ရွှမ်းကို ဝိုင်ချက်စက်ရုံမှာ အမှောင်စစ်သည်တွေကို နေရာချခိုင်းထားလိုက်။ တကယ်လို့ တစ်ယောက်ယောက်က ကျူးကျော်လာရင် သတ်ပစ်လိုက်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဟန်ရှီက ချက်ချင်း ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

" အရှင်..." ကျန်းမင်က အစီရင်ခံလိုက်သည်။ " ရှန်းယန်က အရှင်မင်းကြီးရဲ့ တမန်တော် ရောက်လာပါတယ်။ "

ကျောက်ဖုန်းက ဟန်ရှီကို ညွှန်ကြားချက်အချို့ ပေးပြီးနောက် ထွက်ခွာသွားသည်။

စစ်စခန်းအတွင်း တော်ဝင်အစောင့်တစ်ယောက်က အစည်းအဝေးခန်းမ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။ ထိုနေရာတွင် ကျောက်ဖုန်း၏ တပ်မှူးများလည်း ရှိနေကြသည်။

" အရှင်မင်းကြီးရဲ့ တမန်တော် ရောက်နေတာပဲ။ ကျုပ် နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါ။ " ကျောက်ဖုန်းက နှုတ်ဆက်ပြီး ပြောလိုက်သည်။

ကျောက်ဖုန်းရောက်လာသည်ကို မြင်သောအခါ တမန်တော်က ပြုံးလိုက်သည်။

" စစ်သူကြီးကျောက်က စစ်ရေးကိစ္စတွေနဲ့ အလုပ်များနေတဲ့သူပဲ။ ကျုပ်က မင်းကြီးရဲ့ အမိန့်အရ စစ်သူကြီးကို ဆုလာဘ်တွေ ချီးမြှင့်ဖို့ လာတာပါ။ "

ထိုစကားကို ကြားသောအခါ ကျောက်ဖုန်း၏ စိတ်ဲတွင် အတွေးတစ်ခု ဝင်လာသည်။ " ကြည့်ရတာ မယ်တော်ကြီးကို ကယ်တင်တဲ့ ဆုလာဘ်ရောက်လာပြီထင်တယ်။ ရာထူးမတိုးရင်တောင် ဘွဲ့ထူးတစ်ဆင့်တော့ တိုးလောက်တယ်။ "

ထိုအချိန်တွင် ကျောက်ထို့၊ ချန်တောက်နှင့် အခြားတပ်မှူးများက နားမလည်နိုင်ဖြစ်သွားကြသည်။

" စစ်သူကြီးကျောက်အတွက် ဆုလာဘ်လား။ သူက နောက်ထပ် စွမ်းဆောင်မှုတစ်ခုကို လုပ်လိုက်တာလား။ "

" ငါတို့ ဝေမြို့ကို ရောက်ကတည်းက ဘာတိုက်ပွဲမှ မရှိသေးပါဘူး။ ဘယ်လိုလုပ်ဆုလာဘ်က ရောက်လာတာလဲ။ "

" အရှင်မင်းကြီးရဲ့အမိန့်တော်..." တမန်တော်က အမိန့်တော်ကို မြှောက်ပြီး အော်ဖတ်လိုက်သည်။

ထိုစကားကို ကြားသည်နှက့် ကျောက်ဖုန်းအပါအဝင် အားလုံးက ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

" မကြာသေးမီက ပုန်ကန်သူတွေက ငါတို့ချင်နိုင်ငံရဲ့ ယုံမြို့ကို ခိုးဝင်ပြီး အတွင်းလူသစ္စာဖောက်နဲ့ ပူးပေါင်းပြီးတော့ မယ်တော်ကြီးကို ပြန်ပေးဆွဲခဲ့ကြတယ်။ ပုန်ကန်သူတွေ လွတ်မြောက်ခါနီးမှာ စစ်သူကြီးကျောက်ဖုန်းက သူ့လူတွေနဲ့ ပုန်ကန်သူတွေကို ကြားဖြတ် တားဆီးပြီး ကယ်တင်နိုင်ခဲ့တယ်။ ဒါကြောင့် ငါက ကျောက်ဖုန်းကို လက်ယာတော်မှူးအဖြစ် ခန့်အပ်လိုက်တယ်။ "

" သူ့ကို မြေယာ ၅၀၀မူ၊ ရွှေစ ၁၀၀၀၊ ငွေဒင်္ဂါး ၁၀၀၀၀၊ ကျောက်စိမ်းပစ္စည်း ၁၀၀၊ အစေခံ ၁၀၀နဲ့ စိတ်ဝိညာဉ်ဆေးလုံး ဆယ်လုံးတို့ကို ချီးမြှင့်လိုက်တယ်။ "

၎င်းကို ကြားသောအခါ အခြေအနေကို မသိကြသေးသော လူအားလုံးက မှင်သက်သွားကြသည်။ အထူးသဖြင့် ကျောက်ထို့နှင့် ချန်ထောင်တို့ဖြစ်သည်။

" စစ်သူကြီးကျောက်က ဘယ်တုန်းက ဝေမြစ်ကို သွားလိုက်တာလဲ။ "

" ငါမှတ်မိသလောက်တော့ တစ်ရက်က သူ့ကိုယ်ရံတော်တွေနဲ့ မြစ်ကမ်းဘေးမှာ ကင်းလှည့်ဖို့ ထွက်သွားခဲ့တယ်။ ဝေမြစ်မှာ ကင်းလှည့်ရင်းနဲ့ မယ်တော်ကြီးကို မတော်တဆ ကယ်မိသွားတာလား။ တကယ်ကို ကံကောင်းတာပဲ။ "

တပ်မှူးများက တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာဖြင့် ကြည့်လိုက်ကြသည်။

" ကျွန်တော်မျိုးကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ ဂရုဏာအတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

ထို့နောက် တမန်တော်က အမိန့်တော်ကို ကျောက်ဖုန်းလက်ထဲသို့ ထည့်ပေးပြီး ရိုသေစွာ ပြောလိုက်သည်။ " စစ်သူကြီးကျောက် ဒီစိတ်ဝိညာဉ်ဆေးဘူးကလွဲရင် ကျန်တဲ့ ဆုလာဘ်တွေကို စစ်သူကြီးရဲ့ ဇာတိမြေကို ပို့ပေးပါလိမ့်မယ်။ "

" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ဒါကတော့ အရှင်မင်းကြီး ချီးမြှင့်လိုက်တဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေပါ။ " တမန်တော်က သူ၏ ဝတ်ရုံထဲမှ သေတ္တာလေးတစ်လုံးကို ထုတ်ပြီး ကျောက်ဖုန်းကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ကျောက်ဖုန်းက သေတ္တာကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ လက်ခံလိုက်သော်လည်း စိတ်ထဲတွင် လှောင်ပြုံးပြုံးနေသည်။

" ဟူး... ဒီခေတ်ကလူတွေက ဒီစိတ်ဝိညာဉ်ဆေးကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလို ဆက်ဆံနေကြတာပဲ။ တကယ်တော့ ဒါတွေက အဆိပ်တွေပဲ။ ချင်ဘုရင်က ဒါတွေစွဲသောက်နေရင်တော့ သူ အဆိပ်မိနေလောက်ပြီ။ "

" ပြီးတော့ အရှင်မင်းကြီးက နှစ်သစ်ကူးပြီးတာနဲ့ စစ်သည်သစ်တွေ စုဆောင်းဖို့ ပြင်ဆင်ထားစေချင်ပါတယ်။ ချင်နိုင်ငံအတွက် နောက်ထပ် စွမ်းဆောင်မှုတွေ ထပ်လုပ်နိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။ "

" ကျွန်တော် ချင်နိုင်ငံအတွက် အစွမ်းကုန် ကြိုးစားသွားပါမယ်လို့ အရှင်မင်းကြီးကို လျှောက်တင်ပေးပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အမိန့်တော်ကို ပေးပြီးပြီဆိုတော့ ကျုပ်ပြန်လိုက်ပါဦးမယ်။ " တမန်တော်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

" တမန်တော်ကို နှုတ်ဆက်ပါတယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

တမန်တော်ထွက်သွားပြီးသောအခါ ကျန်းဟန်က ကျောက်ဖုန်းအနီးသို့ ရောက်လာသည်။

" ဘွဲ့ထူးတိုးသွားတဲ့အတွက် ဂုဏ်ပြုပါတယ် စစ်သူကြီး။ "

" ဂုဏ်ပြုပါတယ် စစ်သူကြီးကျောက်။ " ကျောက်ထို့၊ ချန်တောက်နှင့် အခြားတပ်မှူးများကလည်း ရှေ့ထွက်ပြီး ပြောလိုက်ကြသည်။

" ဒီစွမ်းဆောင်မှုက ကံကောင်းလို့ရလိုက်တာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ နှစ်သစ်ကူးပြီးရင် စစ်သည်အသစ်တွေ ရောက်လာလိမ့်မယ်။ မင်းတို့ငါးယောက် သူတို့ကို ကြိုဆိုဖို့ ပြင်ဆင်ထားကြ။ ပြီးတော့ စစ်တပ်ပြန်လည်ဖွဲ့စည်းရေးကိစ္စတွေကိုလည်း လုပ်ဆောင်ရမယ်။ "

" စစ်သူကြီး ကျွန်တော်တို့ စစ်တပ်က အခုတင် လူအင်အား ခြောက်သောင်းရှိနေပါပြီ။ " ကျောက်ထို့က အံ့ဩစွာ ပြောလိုက်သည်။ " ကျွန်တော်တို့ စစ်သည်အင်အားထပ်တိုးမယ်ဆိုရင် ရှစ်သောင်းကိုးသောင်းလောက် ဖြစ်မသွားဘူးလား။ "

" အရှင်မင်းကြီးကိုယ်တိုင် အမိန့်ထုတ်ထားတာဆိုတော့ သူ့မှာ အစီအစဉ်ရှိပါလိမ့်မယ်။ သူ့လက်အောက်ခံအနေနဲ့ ငါတို့က အမိန့်တော်အတိုင်း နာခံဖို့ပဲလိုတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျောက်ထို့က ထပ်မမေးတော့ပေ။

" ကောင်းပြီ။ လုပ်စရာရှိတာ သွားလုပ်ကြတော့။ တစ်ခုခုရှိရင် စစ်ရေးခန်းမမှာ ငါ့ကို လာရှာနိုင်တယ်။ " ကျောက်ဖုန်းက ပြောလိုက်ပြီး ခန်းမဆီသို့ လျှောက်သွားလိုက်သည်။

ကျန်းမင်က ကိုယ်ရံတော်တစ်ရာကို ဦးဆောင်ပြီး အဆောက်အဦး၏ နေရာအနှံ့တွင် ကင်းချထားလိုက်သည်။

ခန်းမခထဲသို့ ရောက်သောအခါ ကျောက်ဖုန်းက ပင်မထိုင်ခံတွင် ထိုင်လိုက်သည်။ သူ၏ စနစ်တွင် အသိပေးချက်တစ်ခု ထွက်ပေါ်နေသည်။

" လက်ယာတော်မှူးအဖြစ် ရာထူးတိုးခံလိုက်ရတဲ့အတွက် ပထမအဆင့် ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "

" ရတနာသေတ္တာကို ဖွင့်လိုက်။ " ကျောက်ဖုန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

" ပထမအဆင့်ရတနာသေတ္တာကို ဖွင့်နေပါတယ်။ ကောင်းကင်ရနံ့ဖာလာစေ့ကို ရရှိပါတယ်။ "

" ကောင်းကင်ရနံ့ဖာလာစေ့ သေလူကိုတောင် အသက်ပြန်ရှင်စေနိုင်တယ်။ ငါ့အတွက်တော့ အသုံးမဝင်ဘူး။ " ကျောက်ဖုန်းက အနည်းငယ် စိတ်ပျက်သွားသည်။

" ငါ နောင်တစ်ချိန်မှာ ချင်ရှီဟွမ်ကို ကယ်ရမှာလား။ " ကျောက်ဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။

သမိုင်းထဲတွင် ချင်ရှီဟွမ်က ရှာချိုး၌ ကွယ်လွန်ခဲ့သည်။ အသက်ကြီးခြင်းက အကြောင်းရင်းတစ်ခုဖြစ်ပြီး အဓိကအကြောင်းရင်းမှာ ထာဝရရှင်သန်ဆေးများကို အလွန်အကျွံသောက်ခဲ့သောကြောင့် သတ္တုအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ ကျောက်ဖုန်းက ထိုသို့အရေးကြီးသောအချိန်တွင် သူ့ကို ထိုအစေ့များ တိုက်ကျွေးလိုက်ပါက ချင်ရှီဟွမ်၏ အသက်ကို ကယ်တင်နိုင်ပြီး သမိုင်းကို ပြောင်းလဲပစ်ပေလိမ့်မည်။

" ထားလိုက်တော့။ " ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။ " ချင်ဘုရင်နဲ့ ငါနဲ့ဆက်ဆံရေးက အရှင်နဲ့ အစေခံလောက်ပဲရှိတယ်။ ငါ့ရဲ့ ရာထူးနဲ့ ဘွဲ့ထူးတွေက စစ်မြေပြင်မှာ အသက်နဲ့ရင်းပြီး ရယူခဲ့တာပဲ။ ဒါပေမယ့် အမိန့်တစ်ခုနဲ့တင် ဒါတွေအားလုံးကို ချက်ချင်း ပြန်သိမ်းပစ်နိုင်တယ်။ "

" ပြီးတော့ ချင်ဘုရင်ရဲ့ ဆက်ခံသူတွေက တကယ် အသုံးမကျတဲ့သူတွေ။ သူတို့အတွက်နဲ့ ငါ့အသက်ကို အန္တရာယ်အဖြစ်မခံနိုင်ဘူး။ ဖုစုဖြစ်ဖြစ် ဟူဟိုက်ဖြစ်ဖြစ် ငါဘယ်သူ့ကိုမှ အထင်မကြီးဘူး။ ငါ သမိုင်းကြောင်းအတိုင်းပဲ လွှတ်ထားပြီး ချင်အင်ပါယာကြီး ပျက်သုဥ်းမယ့်နေ့ကို စောင့်တော့မယ်။ "

All Chapters