← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၁၇)

ကျောက်နိုင်ငံ၊ ဟန်တန်မြို့တော်၊ လုံထိုင်နန်းတော်အတွင်း ကောခိုင်က ​ဒူးထောက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ ယခုအချိန်တွင် သူက ခန့်ညားထည်ဝါသော ဝတ်ရုံများ မရှိတော့ဘဲ သူတောင်းစားတစ်ယောက်နှင့် မခြားဖြစ်နေသည်။

ကျောက်ယန်က အသက်ရှင်လျက် ပြန်ရောက်လာသော ကောခိုင်ကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေသည်။

" ဝန်ကြီးချုပ် မင်း ဘယ်လိုလုပ်ပြီး အသက်ရှင်လျက် ပြန်ရောက်လာတာလဲ။ " ကျောက်ယန်က မေးလိုက်သည်။

ကျောက်နိုင်ငံ၏ သတင်းကွန်ရက်က ချင်နိုင်ငံလောက် မကောင်းသော်လည်း ဝေမြစ်တစ်လျှောက် ချင်စစ်တပ်က တော်ဝင်ကိုယ်ရံတော်ငါးရာလုံးကို ကြားဖြတ်တိုက်ခိုက်ပြီး အကုန်သတ်ပစ်လိုက်သည်ကို သူကောင်းကောင်းသိထားသည်။

သို့သော် ချင်နိုင်ငံဘက်က မည်သည့်နိုင်ငံက လုပ်သည်ကို မထုတ်ပြန်သည့်အပြင် ကျောက်နိုင်ငံ၏ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ဟု မဖော်ပြဘဲ တိုက်ခိုက်သူများက ဓားပြများဟုသာ ပြောဆိ်ုထားသည။

" အရှင်မင်းကြီး..." ကောခိုင်က ငိုယိုပြီး ပြောလိုက်သည်။ " ကျွန်တော်မျိုး ချင်နိုင်ငံထဲက ထွက်ပြေးလာခဲ့တာပါ။ "

" မင်း ဘယ်လိုထွက်ပြေးလာတာလဲ။ တော်ဝင်ကိုယ်ရံတော်ငါးရာလုံး ချင်စစ်တပ်သတ်တာ ခံလိုက်ရတာပဲ။ မင်းလို အားနည်းတဲ့သူက ဘယ်လိုလုပ်အသက်ရှင်နိုင်တာလဲ။ " ကျောက်ယန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ သူက အရည်အချင်းမရှိသော်လည်း ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသောကြောင့် ကောခိုင်ကို သံသယဝင်နေခြင်းဖြစ်သည်။

" အရှင်မင်းကြီး.... ကျွန်တော်မျိုးက တော်ဝင်ကိုယ်ရံတော်တွေနဲ့ အတူရှိမနေခဲ့ပါဘူး။ နောက်ကနေ အကုန်လုံးကို စီစဉ်ခဲ့တာပါ။ " ကောခိုင်က အလျင်အမြန် ရှင်းပြလိုက်သည်။

" သူတို့နဲ့ အဆက်အသွယ်ပြတ်ပြီးတဲ့နောက်မှာ ကျွန်တော်မျိုးက သူတောင်းစားလိုဟန်ဆောင်ပြီး ကျောက်နိုင်ငံကို ပြန်လာခဲ့တာပါ။ "

၎င်းကို ကြားသောအခါ ကျောက်ယန်က ခေါင်းညိမ့်လိုက်သည်။ ၎င်းက ကောခိုင်၏ ကိုယ်လွတ်ရုန်းတတ်သော စရိုက်နှင့် ကိုက်ညီနေသည်။ ထို့အပြင် ချင်နိုင်ငံက ကောခိုင်ကို ဖမ်းမိထားသည်ဟု ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ထို့အပြင် ရင်ကျန့်က ကောခိုင်ကိုသာ ဖမ်းမိထားလျှင် ဘယ်တော့မှပြန်လွတ်လာမည်မဟုတ်ပေ။ သူတို့ငယ်ငယ်တုန်းက လုပ်ခဲ့သော ကိစ္စများကြောင့် ရင်ကျန့်က သူတို့နှစ်ယောက်လုံးကို မည်မျှမုန်းတီးနေသည်ကို ကျောက်ယန်က ကောင်းကောင်းသိနေသည်။

၎င်းတို့ကို တွေးမိပြီး ကျောက်ယန်၏ ကောခိုင်အပေါ် သံသယများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော် သူက သတိထားသည့်အနေဖြင့် က်မေးလိုက်သည်။

" ဝန်ကြီးချုပ် မင်း ချင်နိုင်ငံကို သွားနေတုန်း ချင်ဘုရင်က ငါတို့ကျောက်နိုင်ငံဆီ သံတမန်စေလွှတ်ပြီး မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းလာတယ်။ မင်းရဲ့ အမြင်က ဘယ်လိုလဲ။ ငါလက်ခံသင့်လား၊ လက်မခံသင့်ဘူးလား။ "

၎င်းကို ကြားသောအခါ ကောခိုင်၏ မျက်နှာပေါ်တွင် ဒေါသနှင့် အမုန်းတရားများ ပေါ်လာသည်။

" အရှင်မင်းကြီး လုံးဝလက်မခံပါနဲ့။ ချင်နိုင်ငံက လူလိမ်တွေပါ။ သူတို့က အရင်ဆုံးလာပြီး မဟယမိတ်ဖွဲ့တယ်ဆိုတာ သေချာပေါက် ထောင်ချောက်ရှိနေလို့ပါ။ "

ထိုတုန့်ပြန်မှုကို မြင်သောအခါ ကျောက်ယန်၏ စိတ်ထဲမှ သံသယများအားလုံးက ပျောက်ကွယ်သွားသည်။ သူက ချက်ချင်း ထရပ်လိုက်ပြီး ကောခိုင်ီသို့ လျှောက်သွားကာ ညင်သာစွာ ထူပေးလိုက်သည်။

" မင်းတကယ်ကို ဒုက္ခခံခဲ့တာပဲ ဝန်ကြီးချုပ်။ ငါ့အတွက်နဲ့ မင်းအသက်ကို ရင်းခဲ့ရတယ်။ မင်းလို သစ္စာရှိတဲ့ လက်အောက်ငယ်သားမျိုးရှိတာ ငါ့အတွက် တကယ်ကံကောင်းခြင်းပဲ။ "

" ဒါပေမယ့် ကျွန်တော်မျိုးက တာဝန်ကို မကျေပွန်ခဲ့တဲ့အပြင် တော်ဝင်ကိုယ်ရံတော်ငါးရာကိုပါ ဆုံးရှုံးစေခဲ့မိပါတယ်။ " ကောခိုင်က ရှက်ရွံ့စွာ ပြောလိုက်သည်။

" မင်းရဲ့ အစီအစဉ်တွေကို ငါသတင်းရပြီးသားပါ။ " ကျောက်ယန်က ပြုံးလိုက်သည်။ " ဝေမြစ်မှာ မတော်တဆမှုသာမဖြစ်ရင် မင်းအောင်မြင်ခဲ့လိမ့်မယ်။ ဒါက မင်းအပြစ်မဟုတ်ပါဘူး။ "

" အပြစ်မယူတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ကောခိုင်က ချက်ချင်း ဦးညွှတ်လိုက်သည်။

" ဒါပေမယ့် ချင်နိုင်ငံက ကမ်းလှမ်းတဲ့စာချုပ်မှာတော့ ထောင်ချောက်မရှိဘူး။ ကျောက်ယန့က ပြုံး၍ ဆက်ပြောလိုက်သည်။

" ငါ ချင်သံတမန်တွေနဲ့ သဘောတူညီမှုယူထားပြီးပြီ။ ငါတို့ ရက်ကောင်းရက်မြတ်ကို ရွေးပြီး ချင်နိုင်ငံကို သွားမယ်။ ပြီးရင် ရင်ကျန့်နဲ့အတူ မဟာမိတ်မှာ လက်မှတ်ထိုးကြမယ်။ "

" အရှင်မင်းကြီး ဒါက ချင်နိုင်ငံရဲ့ ပရိယာယ်ဖြစ်ဖို့များပါတယ်။ ပြန်စဉ်းစားဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်။ ရင်ကျန့်က အကြောင်းရင်းမရှိဘဲ အရှင်မင်းကြီးနဲ့ မဟာမိတ်စာချုပ်ချုပ်ဖို့ မဖြစ်နိုင်ပါဘူး။ " ကောခိုင်က လေးနက်စွာ ပြောလိုက်သည်။

" စိတ်အေးအေးထားပါ။ " ကျောက်ယန်က လှောင်ပြုံးပြုံးလိုက်သည်။ " ငါအဲ့ဒါကို သေချာစုံစမ်းပြီးပြီ။ ချင်နိုင်ငံသိမ်းပိုက်ထားတဲ့ ဟန်နယ်မြေထဲမှာ ပြဿနာတွေ အများကြီးတက်နေတယ်။ သူတို့ရဲ့ ကျီတွေမီးရှို့ခံရသလို စစ်စခန်းတွေလည်း အတိုက်ခံနေရတယ်။ "

" ရင်ကျန့်က အဲ့ဒီနယ်မြေကို ထိန်းချုပ်ဖို့ အင်အားအလုံးအရင်း သုံးနေရတယ်။ အဲ့ဒီနယ်မြေကို အပြည့်အဝ ထိန်းချုပ်ဖို့ အနည်းဆုံး တစ်နှစ်ခွဲလောက်ကြာဦးမယ်။ တကယ်လို့ ငါက အဲ့ဒီဘက်မှာ မီးလောင်ရာ လေပင့်လိုက်မယ်ဆိုရင် သူအဲ့ဒီထဲက ရုန်းထွက်ဖို့ နှစ်နှစ် သုံးနှစ်လောက် ကြာသွားလိမ့်မယ်။ "

၎င်းကို မြင်သောအခါ ကောခိုင်က ဘာမှဝင်မပြောတော့ပေ။ ယခု သူက ကျောက်ယန်၏ ယုံကြည်မှုကို ပြန်ရနေပြီဖြစ်သည်။

ရှကျေးရွာ။

စစ်သည်ရာဂဏန်းလောက် ခြံရံထားသော တပ်ဖွဲ့တစ်ခုက ကျောက်မိသားစု၏ အိမ်သို့ ဦးတည်လာနေကြသည်။

" ကျောက်ကတော်..." ရွာလူကြီးဝူက ကျောက်စံအိမ်သို့ နီးကပ်လာသောအခါ ကျယ်လောင်စွာ အော်လိုက်သည်။ " နယ်စားမင်းယန်ရောက်လာပြီ။ "

အချိန်များကြာသွားခဲ့သည်နှင့်အမျှ လက်မှုပညာရှင်များ၏ ကြိုးစားမှုကြောင့် ကျောက်အိမ်တော်က ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အိမ်တန်းရှည်ကြီးများ ဆောက်ထားပြီး ခြံစည်းရိုးအုတ်တံတိုင်းများ ဝန်းရံထားသောကြောင့် တစ်ရွာလုံးတွင် အကြီးဆုံးအိမ်ကြီးဖြစ်နေသည်။ ထိုအိမ်တော်က လက်ထောက်စစ်သူကြီး၏ အဆင့်အတန်းနှင့် ကိုက်ညီနေသည်။

သို့သော် ကျောက်ကတော်၏ တောင်းဆိုမှုကြောင့် သူတို့မိသားစုသုံးယောက် ယခင်က နေထိုင်ခဲ့သော သစ်သားအိမ်လေးကိုတော့ မဖျက်ဆီးဘဲ ခြံဝင်းအတွင်း ထိန်းသိမ်းထားခဲ့သည်။

ကျောက်ကတော်နှင့် သမီးဖြစ်သူတို့က အိမ်ထဲမှ ထွက်လာကြသည်။ သူတို့က စစ်သည်ရာချီနှက့် အစေခံတစ်ရာကို တွေ့လိုက်ရသည်။ အဖွဲ့ကို ဦးဆောင်လာသူက ရှောက်ချိုးခရိုင်၏ နယ်စားမင်း ယန်ပင်းဖြစ်သည်။

" နယ်စားမင်းယန်ကို ဂါရဝပြုပါတယ်။ " ကျောက်ကတော်နှင့် သမီးဖြစ်သူတို့က နှုတ်ဆက်လိုက်ကြသည်။

ယန်ပင်းက သူတို့ကို အလျင်အမြန် ပြန်ထူပေးလိုက်သည်။

" ကျောက်ကတော် ဒီလိုလုပ်စရာမလိုပါဘူး။ " ယန်ပင်းက ပြုံးပြီး ပြောလိုက်သည်။

" နယ်စားမင်းယန် ဘာကိစ္စရှိလို့လဲ။ ကျွန်မသားတစ်ခုခုဖြစ်လို့လား။ " ကျောက်ကတော်က စိုးရိမ်စွာ မေးလိုက်သည်။

" ကျောက်ကတော် အရမ်းမစိုးရိမ်ပါနဲ့။ " ယန်ပင်က ပြောလိုက်သည်။ " စစ်သူကြီးကျောက်က အဆင်ပြေပါတယ်။ သူက အခု ဝေမြို့မှာ စခန်းချနေပါတယ်။ ဒါက အရှင်မင်းကြီးဟာ သူ့ကို အရမ်းယုံကြည်တယ်ဆိုတာ ပြနေတာပါ။ "

" ဒီနေ့ ကျုပ်လာတာက ကျောက်ကတော်ကို ဂုဏ်ပြုဖို့ပါ။ စစ်သူကြီးကျောက်က ချင်နိုင်ငံအတွက် နောက်ထပ်စွမ်းဆောင်မှုတစ်ခု လုပ်ခဲ့ပြန်ပါပြီ။ ကျုပ်က တော်ဝင်တမန်တော်နဲ့အတူ အမိန့်တော်ကို ကြေညာဖို့ ရောက်လာတာပါ။ " ယန်ပင်းက ပြောလိုက်ပြီး သူ၏ ဘေးမှ တော်ဝင်တမန်တော်ကို ညွှန်ပြလိုက်သည်။

" စွမ်းဆောင်မှုတစ်ခုလား။ " ကျောက်ကတော်နှင့် ကျောက်ရင်တို့က အံ့ဩသွားကြသည်။

" အရှင်မင်းကြီးရဲ့ အမိန့်တော်..." တမန်တော်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

ထိုစကားကြောင့် ဘွဲ့ထူးမရှိသူများက ချက်ချင်း ဒူးထောက်လိုက်ကြသည်။ " ကျွန်တော်မျိုးတို့ အမိန့်တော်ကို နာခံပါမယ်။ "

" ချင်နိုင်ငံရဲ့ လက်ထောက်စစ်သူကြီးကျောက်ဖုန်းက ဝေမြစ်မှာ ဓားပြတွေကို ကြားဖြတ်တိုက်ခိုက်ပြီး မယ်တော်ကြီးကို ကယ်တင်နိုင်ခဲ့တယ်။ ဒါကြောင့် စစ်သူကြီးကျောက်ကို လက်ယာတော်မှူးအဖြစ် အဆင့်တိုးမြှင့်ပေးလိုက်တယ်။ "

" မြေယာ ၅၀၀မူ၊ ရွှေစ ၁၀၀၀၊ ငွေဒင်္ဂါး ၁၀၀၀၀၊ ကျောက်စိမ်းပစ္စည်း ၁၀၀၊ အစေခံ ၁၀၀နဲ့ စိတ်ဝိညာဉ်ဆေးလုံးဆယ်လုံးကို ချီးမြှင့်လိုက်တယ်။ စစ်သူကြီးကျောက်က နယ်စပ်မှာ တာဝန်ကျနေလို့ ဆုလာဘ်တွေကို သူ့ရဲ့ အိမ်ကို ပို့ဆောင်ပေးလိုက်ပါတယ်။ "

" ဘုရားရေ ကျောက်မိသားစုက ကောင်လေးက တကယ်အံ့ဩစရာပဲ။ သူက မယ်တော်ကြီးကိုတောင် ကယ်ခဲ့တာပဲ။ "

" မယုံနိုင်စရာပဲ။ သူက နောက်ထပ်စွမ်းဆောင်မှုတစ်ခု လုပ်လိုက်ပြန်ပြီ။ "

" သူက အရမ်းကံကောင်းလွန်းတယ်။ "

ရွာသားများက ဆူဆူညံညံဖြစ်သွားကြသည်။ ထိုကိစ္စက နန်းတွင်းတစ်ခုလုံးကိုပင် တုန်လှုပ်စေခဲ့သောကြောင့် ထိုရွာငယ်လေးဆို ပြောစရာပင်မလိုပေ။

" အကိုက မယ်တော်ကြီးကို ကယ်လိုက်တာလား။ " ကျောက်ရင်က နားမလည်နိုင်စွာဖြင့် သူမအမေကို မေးလိုက်သည်။

" မယ်တော်ကြီး..." ကျောက်ကတော်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

" ကျောက်ကတော်..." ယန်ပင်းက ကျောက်ကတော်ကို သတိပေးလိုက်သည်။ " တမန်တော်က အမိန့်လက်ခံဖို့ စောင့်နေပါတယ်။ "

ကျောက်ကတော်က အသိဝင်လာပြီး အမိန့်တော်ကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။ " ကျွန်မ အမိန့်တော်ကို လက်ခံပါတယ်။ "

" ဆုလာဘ်အားလုံးကို ရှေ့ကို ယူခဲ့ကြ။ " တမန်တော်က အမိန့်ပေးလိုက်သည်။

စစ်သည်များက ရွှေငွေများထည့်ထားသော သေတ္တာများကို ချက်ချင်း သယ်ဆောင်လာကြသည်။ အစေခံများကလည်း ကျောက်ကတော်ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

" ကျောက်ကတော် ဒီအစေခံတစ်ရာက အရှင်မင်းကြီး ချီးမြှင့်လိုက်တာပါ။ သူတို့ကို ကြိုက်သလိုစီရင်နိုင်ပါတယ်။ " တမန်တော်က ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ " ကျောက်ကတော်က ပြန်ပြောလိုက်သည်။

" အမိန့်တော်ကို ပေးအပ်ပြီးပြီဆိုတော့ ကျုပ်ကို ပြန်ခွင့်ပြုပါဦး။ " တမန်တော်က အစောင့်များနှင့် ထွက်ခွာသွားသည်။

သူတို့ထွက်သွားပြီနောက် ယန်ပင်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " ကျောက်ကတော် ဒါက မြေယာမှတ်တမ်းတွေပါ။ ဂရုစိုက်ပြီး သိမ်းထားပါ။ "

" နယ်စားမင်းကိုယ်တိုင်လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ "

" ကျောက်ကတော်က အားနာနေပြန်ပါပြီ။ "ယန်ပင်းက ပြုံးပြီး ပြောလိုက်သည်။

All Chapters