← Chapters

အခန်း (၁၁၈)

Vol. 12 Ch. 118

အခန်း (၁၁၈)

Vol. 12 Ch. 118

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၁၈)

"ကျောက်ကတော်..." ယန်ပင်းက ရွာသားများကို ကြည့်ပြီး မေးလိုက်သည်။ " ဒီရွာမှာနေရတာ အသားကျပြီလား။ "

" ကျွန်မက ဒီရွာမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ဒါကြောင့် အသားကျနေပါပြီ။ နယ်စားမင်းက ဘာကိုဆိုလိုတာလဲ။ " ကျောက်ကတော်က ပြုံး၍ ပြန်ပြောလိုက်သည်။

" အတိတ်က အတိတ်ပါပဲ။ အခုက မတူတော့ဘူး။ " ယန်ပင်းက ပြောလိုက်သည်။ " ကျောက်ကတော်ရဲ့ အဆင့်အတန်းက ပြောင်းလဲသွားပြီ။ မြို့ထဲမှာ ကျုပ်ရဲ့ အိမ်ကြီးအိမ်ကောင်းတွေ အများကြီးရှိပါတယ်။ ဒီနေ့ ကျောက်ကတော်ကို အိမ်တစ်လုံး လက်ဆောင်ပေးချင်လို့ပါ။ "

" တကယ်လို့ ရွာမှာ နေရတာ အဆင်မပြေရင် မြို့ထဲကို ချက်ချင်း ပြောနေလို့ရတာပေါ့။ အဲ့ဒီအိမ်က အတော်ကြီးပြီး အစေခံရာနဲ့ချီ ထားလို့ရပါတယ်။ " ယန်ပင်းက သူ့နောက်ရှိ လူဆီမှ ဝါးချပ်စာလိပ်ကို ယူလိုက်သည်။ " ဒါက အိမ်ရဲ့ ပိုင်ဆိုင်မှုစာချုပ်ပါ။ ကျောက်ကတော် လက်ခံပေးပါဦး။ "

" နယ်စားမင်း ကျွန်မ ဒါကို လက်မခံနိုင်ပါဘူး။ " ကျောက်ကတော်က ချက်ချင်း ငြင်းပယ်လိုက်သည်။

သို့သော် ယန်ပင်းကတော့ ဝါးချပ်စာလိပ်ကို ကျောက်အိမ်တော်ရှေ့တွင် တင်ထားခဲ့ပြီး ကျောက်ကတော်ကို ငြင်းခွင့်မပေးပေ။

" ကျောက်ကတော် ဒါက စစ်သူကြီးကျောက်ကို လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။ " ကဲ ကျုပ် လုပ်စရာလေးတွေရှိလို့ ပြန်လိုက်ပါဦးမယ်။ "

ထိုသို့ ပြောပြီး ယန်ပင်းက လှည့်ထွက်သွားသောကြောင့် ကျောက်ကတော်က စာချုပ်ကို ပေးရန် အခွင့်အရေးမရလိုက်ပေ။

" အမေ..." ကျောက်ရင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ " အကိုက စစ်ထဲဝင်ပြီးကတည်းက ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ အောင်မြင်မှုတွေရလာတာလဲ။ "

" ပထမဆုံး ဟန်မြို့တော်ကို သိမ်းပြီး ဟန်ဘုရင်ကို ဖမ်းခဲ့တယ်။ အခုလည်း မယ်တော်ကြီးကို ကယ်ခဲ့ပြန်ပြီ။ "

" ဒါက ကံကြမ္မာပဲ ဖြစ်မှာပေါ့။ " ကျောက်ကတော်က သက်ပြင်းချပြီး ပြောလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့သော အရိပ်အယောင်များ ပေါ်လွင်နေသည်။

ကျောက်ကတော်၏ ပုံစံကို မြင်သောအခါ ကျောက်ရင်က ကြောင်သွားသည်။ " အကိုက ဒီလောက်အောင်မြင်မှုတွေ ရနေတာကို အမေက ဘာလို့ မပျော်တာလဲ။ "

ဝေမြို့။

ကျောက်ဖုန်းက သူ့အိမ်တွင် ဘာဖြစ်နေသည်ကို မသိပေ။ ယခုအချိန်တွင် သူ့ရှေ့မှာ ရပ်နေသော တုဆွေကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

" ကျွန်တော်က အရှင်မင်းကြီးဆီမှာ စစ်သူကြီးရဲ့ လက်အောက်ကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျေးဇူးပြုပြီး ကျွန်တော်ကို လက်ခံပေးပါ။ " တုဆွေက ဦးညွှတ်ပြီး ပြောလိုက်သည်။

" မင်းက ငါ့လက်အောက်ကို ပြောင်းချင်တာလား။ " ကျောက်ဖုန်းက တုဆွေကို ကြည့်လိုက်သည်။ " မင်းက တော်ဝင်အစောင့်တပ်မှူးပဲ။ ဘာလို့ ငါ့လက်အောက်ကို ပြောင်းချင်တာလဲ။ ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်လား။ "

" စစ်သူကြီးကျောက် ဒါက ကျွန်တော်ကိုယ်တိုင် အရှင်မင်းကြီးဆီကနေ တောင်းဆိုခဲ့တဲ့ အခွင့်အရေးပါ။ " တုဆွေက ရိုးသားစွာ ပြောလိုက်သည်။ " ကျွန်တော်က စစ်သူကြီးရဲ့ စွမ်းရည်တွေကို မြင်တွေ့ခဲ့ရလို့ စစ်သူကြီးရဲ့ လက်အောက်မှာ အမှုထမ်းဖို့ အရှင်မင်းကြီးကို အသနားခံခဲ့တာပါ။ "

" ဒါက အမိန့်တော်ဆိုတော့ ငါလက်အောက်ကို ဝင်နိုင်ပါတယ်။ ဒါပေမယ့် အရှင်မင်းကြီးက မင်းအတွက် သတ်မှတ်ထားတဲ့ ရာထူးတစ်ခုခု ပေးလိုက်သေးလား။ " ကျောက်ဖုန်းက နားလည်သွားပြီး မေးလိုက်သည်။

တုဆွေက ဝမ်ကျန့်ဆီမှ စစ်မိန့်ကို ထုတ်ပြီး ပေးလိုက်သည်။ " ဒါက စစ်သေနာပတိချုပ်ဆီက အမိန့်စာပါ။ "

ကျောက်ဖုန်းက ယူကြည့်ပြီး ချက်ချင်း နားလည်သွားသည်။ " ကောင်းပြီ။ စစ်သည်အသစ်တွေ ရောက်လာတဲ့အခါ မင်းအတွက် တပ်ဖွဲ့အသစ်တစ်ခု ဖွဲ့ပေးမယ်။ "

" ကျေးဇူးတင်ပါတယ် စစ်သူကြီးကျောက်။ " တုဆွေက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" မင်းက ဒီကို အသစ်ရောက်လာတာဆိုတော့ မင်းအတွက် နေစရာ စီစဉ်ခိုင်းလိုက်မယ်။ ပြီးမှ အခြားတပ်မှူးတွေနဲ့ မိတ်ဆက်ပေးမယ်။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" စစ်သူကြီးကျောက် ကျွန်တော်ဆီမှာ စစ်သေနာပတိချုပ်ဆီက စာတစ်စောင်ပါလာပါတယ်။ စစ်သူကြီးလက်ထဲကို ကိုယ်တိုင်ပေးဖို့ မှာလိုက်ပါတယ်။ " တုဆွေက သူ၏ ဝတ်ရုံထဲမှ ပိုးထည်စာလိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။

ကျောက်ဖုန်းက ဘာမှမပြောဘဲ စာကို ယူဖတ်လိုက်သည်။ ဝမ်ကျန့်က ယင်ချွမ်းမှ ရှန်းယန်သို့ ပြန်သွားပြီးနောက် ကျောက်ဖုန်းက စစ်မိန့်အနည်းငယ်မှလွဲ၍ ဘာမှမရခဲ့ပေ။ ဝမ်ယန်နှင့် ပက်သက်သော သတင်းတစ်ခုမှ မရခဲ့ပေ။ ထို့ကြောင့် ယခုစာက သူမနှင့်ပက်သက်သော သတင်းတစ်ခုခုပါလာရန် သူမျှော်လင့်နေမိသည်။

ကျောက်ဖုန်းက ပထမစာကြောင်းကို ဖတ်လိုက်ရုံနှင့် သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ " ယောက္ခမကြီးက တကယ်အားကိုးရတာပဲ။ ဖုစုနဲ့ ဝမ်ယန်ရဲ့ လက်ထပ်ပွဲပျက်သွားတဲ့အပြင် သူက ငါ့အကြောင်းကိုပါ ချင်ဘုရင်ဆီ ပြောပြခဲ့သေးတာပဲ။ "

ကျောက်ဖုန်းက ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ " ငါအခု ယန်အာကို ခေါ်ပြီး ထွက်ပြေးဖို့မလိုတော့ဘူး။ ချင်နိုင်ငံရဲ့ စစ်သင်္ဘောပေါ်မှာ ဘေးကင်းကင်နဲ့ ဆက်နေလို့ရပြီ။ ပိုသန်မာအောင်လုပ်မယ်။ အာဏာကို တိုးမြှင့်မယ်။ ပြီးတော့ ချင်နိုင်ငံရဲ့ နောက်ဆုံးအချိန်ကို အေးအေးဆေးဆေး ထိုင်စောင့်နေမယ်။ "

သို့သော် နောက်ဆုံးစာကြောင်းကို ဖတ်လိုက်ရချိန်တွင် ကျောက်ဖုန်း၏ စိတ်ထဲ၌ အံ့ဩမှုများ၊ ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားပြီး ချက်ချင်း ထရပ်လိုက်သည်။

" စစ်သူကြီး ဘာဖြစ်လို့လဲ။ " ကျောက်ဖုန်း၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် တုဆွေက ထိတ်လန့်သွားသည်။

" ဘာမှမဖြစ်ပါဘူး။ "ကျောက်ဖုန်းက သူ့စိတ်ကို ထိန်းချုပ်လိုက်သည်။ " ကျန်းမင်...."

" စစ်သူကြီး..." ကျန်းမင်က ခန်းမထဲသို့ ဝင်လာသည်။

" တပ်မှူးတုဆွေအတွက် အဆောင်စီစဉ်ပေးလိုက်။ ပြီးတော့ စခန်းနဲ့ ရင်းနှီးအောင် လိုက်ပြပေးလိုက်ဦး။ "ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ တပ်မှူးတု ကျုပ်နောက်က လိုက်ခဲ့ပါ။ " ကျန်းမင်က ခေါင်းညိမ့်ပြီး တုဆွေကို ပြောလိုက်သည်။

" ကျွန်တော်သွားလိုက်ပါဦးမယ်။ " တုဆွေက ရိုသေစွာပြောပြီး ကျန်းမင်နှင့်အတူ ထွက်ခွာသွားသည်။

ကျောက်ဖုန်းက စာကို သေချာပြန်ဖတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများက ထိန်းမရအောင် ဖြစ်နေသည်။

" ဝမ်ယန်မှာ ငါ့ရင်သွေးလေး ရှိနေပြီလား။ တစ်ညတည်းနဲ့လား။ ငါ တော်တော်သန်တာပဲ။ " ကျောက်ဖုန်းက သူ့ကိုသူပင် အံ့ဩနေမိသည်။

" ယောက္ခမကြီးက ငါ့အတွက် ပြောမပေးခဲ့ရင်တောင် ကိစ္စမရှိဘူး။ သူ့သမီးနဲ့ငါက ကိစ္စပြီးနေပြီ။ အခု သူမမှာ ကိုယ်ဝန်တောင်ရှိနေပြီ။ "

" ကြည့်ရတာ ငါဒါကို အစီရင်ခံပြီး လက်ထပ်ခွင့်တောင်းဖို့ ရှန်းယန်ကို ပြန်ရမယ်ထင်တယ်။ ယန်အာမှာ ငါ့ရင်သွေးရှိနေပြီဆိုတော့ ခမ်းခမ်းနားနား လက်ထပ်ယူရမယ်။ "

အချိန်များကုန်လွန်လာပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးကာလဖြစ်သော ဆောင်းရာသီသို့ ရောက်ရှိသွားသည်။

စစ်စခန်းထဲတွင် မီးပုံများက နေရာအနှံ့ရှိနေပြီး စစ်သည်များက မီးပုံများဘေးတွင် ထိုင်ရင်း ဝိုင်သောက်နေကြသည်။ သူတို့၏ အဝတ်အစားများက အအေးဒဏ်ကို ကောင်းစွာ မကာကွယ်နိုင်ပေ။ မီးပုံဘေးမှ စစ်သားများပင် တုန်ယင်နေသည်ကို ကြည့်လျှင် ရာသီဥတုက မည်မျှဆိုးရွားသည်ကို သိနိုင်သည်။

ရိက္ခာအပြည့်ရှိသော စစ်စခန်းထဲမှာပင် ထိုမျှအခြေအနေဆိုးလျှင် သာမန်အရပ်သားများကို ပြောစရာပင်မလိုပေ။ ဆောင်ရာသီရောက်တိုင်း ကမ္ဘာအနှံ့မှ မရေတွက်နိုင်သောလူများက အအေးဒဏ်ကြောင့် သို့မဟုတ် ငတ်မွတ်မှုကြောင့် သေဆုံးနေကြရသည်။

ကျောက်ဖုန်းက ဝေမြို့ရိုးပေါ်တွင် ဝတ်ရုံကို ခြုံပြီး ရပ်နေသည်။ သူက မြို့ရိုးအပြင်ဘက်မှ နှင်းများကျဆင်းနေသည်ကို ငေးကြည့်နေသည်။

" ဒီနှင်းတွေကြားမှာ လူတွေဘယ်လောက်များ ထပ်သေဦးမလဲမသိဘူး။ ညီညွတ်တဲ့ ဟွာရှကပဲ ဒါကို ပြောင်းလဲနိုင်လိမ့်မယ်။ မညီညွတ်ဘူးဆိုရင် လူတွေ အေးလို့ ငတ်လို့ သေနေတာက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ " သမိုင်းကို သိထားသောကြောင့် ကျောက်ဖုန်းက အမှန်တရားကို သိနေသည်။

" အရှင်..." ကျန်းမင်က ရောက်လာပြီး စစ်ရေးအစီရင်ခံစာကို ပေးလိုက်သည်။ " ဒါက စစ်သူကြီးလီဆီက ရောက်လာတာပါ။ "

" ဖတ်ပြစမ်း။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" လွန်ခဲ့တဲ့ ၂၅ရက်က ကျောက်ဘုရင်ကိုယ်တိုင် ချင်နိုင်ငံကို လာပြီး မကျူးကျော်ရေးစာချုပ်ကို လက်မှတ်ထိုးသွားပါတယ်။ တစ်ဖက်မှာလည်း ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ် ဖန်ရွှမ်က သူ့ရဲ့ စစ်တပ်ကို ကျောက်နဲ့ယန်နယ်စပ်ကို တိတ်တဆိတ် ပြောင်းရွှေ့ထားပါတယ်။ ကျောက်နိုင်ငံရဲ့ စစ်အင်အားသုံးသိန်းကို အဲ့ဒီနယ်စပ်တစ်လျှောက်မှာ ဖြန့်ကျက်ထားပါတယ်။ " ကျန်းမင်က ဖတ်ပြလိုက်သည်။

" အဲ့ဒါအကုန်ပဲလား။ " ကျောက်ဖုန်းက လှည့်ပြီး မေးလိုက်သည်။

" ဒါအကုန်ပါပဲ။ " ကျန်းမင်က ပြန်ဖြေလိုက်သည်။

ကျောက်ဖုန်းက အစီရင်ခံစာ၏ အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားပြီး ပြုံးလိုက်သည်။

" ချင်-ကျောက် မဟာမိတ်... ဒါက ကျောက်နိုင်ငံကို သတိလက်လွတ်ဖြစ်သွားအောင် လုပ်တဲ့ စာချုပ်ပဲ။ မကြာသေးခင်က ချင်နိုင်ငံတစ်ဝှမ်းမှာ ဆူပူမှုတွေဖြစ်နေတယ်ဆိုတာ ချင်ဘုရင်ရဲ့ လှည့်ကွက်ပဲ။ "

" အရှင် ဒီစာက ဘာကိုဆိုလိုတာလဲ။ ဝေမြို့က ဝေနိုင်ငံနဲ့ ထိစပ်နေတာလေ။ ကျောက်နဲ့ယန်နယ်စပ်က ကိစ္စတွေက ကျွန်တော်တို့နဲ့ မဆိုင်သလိုပဲ။ " ကျန်းမင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ကျောက်နဲ့ဝေက မဟာမိတ်တွေပဲ။ " ကျောက်ဖုန်းက ပြုံး၍ ရှင်းပြလိုက်သည်။ "ကျောက်နိုင်ငံက ယန်နိုင်ငံကို တိုက်လို့ နှစ်ဖက်လုံး တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ ချင်နိုင်ငံအတွက် ကျောက်နိုင်ငံကို တိုက်ဖို့ အကောင်းဆုံးအချိန်ပဲ။ အဲ့ဒီအချိန်ကျရင် ဝေနိုင်ငံက ငြိမ်နေမယ်ထင်လား။ "

" အရှင် ဒါဆို စသ်ပွဲထပ်ဖြစ်တော့မှာပေါ့။ " ကျန်းမင်က အံ့အားသင့်စွာ ပြောလိုက်သည်။

" ဒီနှင်းတွေ စဲသွားတာနဲ့ ကျောက်က ယန်ကို သေချာပေါက် တိုက်လိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ယန်နိုင်ငံက မခုခံနိုင်တော့တဲ့အခါ ချင်နိုင်ငံကို အကူအညီတောင်းလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အရှင်မင်းကြီးက စစ်ချီဖို့ အမိန့်ထုတ်ပြန်လိမ့်မယ်။ "

ကျောက်ဖုန်းက သမိုင်းကြောင်းကို သိနေသောကြောင့် ၎င်းတို့အားလုံးက ရှောင်လွှဲ၍ မရသည်ကို သိထားသည်။ မကျူးကျော်ရေးစာချုပ်က အချိန်မရွေး ဆုတ်ဖြဲပစ်နိုင်သော စက္ကူတစ်ခုထက် မပိုပေ။

ကျန်းမင်က ချက်ချင်း နားလည်သွားသည်။ ချင်နိုင်ငံက စစ်ပွဲစတင်သည်နှင့် ဝေနိုင်ငံကလည်း အခွင့်အရေးယူပြီး လှုပ်ရှားလာမည်ဖြစ်သောကြောင့် ဝေမြို့က သူတို့၏ တိုက်ခိုက်မှုကို အရင်ဆုံး ခံရမည်ဖြစ်သည်။

All Chapters