← Chapters

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း (၁၁၉)

Vol. 12 Ch. 119

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၁၉)

" ကဲ အခုတော့ ဒီလောက်ပဲ သိထားဦး။ နှင်းတွေစဲသွားတာနဲ့ နန်းတော်ကနေ စစ်ပွဲကြီးအတွက် ရိက္ခာတွေ ပို့ပေးလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

စစ်ပွဲက တစ်ကျော့ပြန်လာတော့မည်ဖြစ်သည်။ ချင်နိုင်ငံ၏ တစ်ကမ္ဘာလုံးကို စုစည်းမည့် အစီအစဉ်က နောက်တစ်ကြိမ် ပြန်စတော့မည်ဖြစ်သည်။

တစ်လကြာပြီးနောက် ဆောင်းရာသီ၏ ရှုခင်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထူထပ်သော နှင်းများက အရည်ပျော်သွားသည်နှင့်အမျှ အပူချိန်ကလည်း စတင်​မြင့်တက်လာသည်။

ယင်ချွမ်းခရိုင်တွင် ဆူပူမှုများက မငြိမ်သက်သေးသည်ကို ကျောက်နိုင်ငံ၏ သူလျိုများက သတိပြုမိကြသည်။ ကျောက်နိုင်ငံ၏ လုံထိုင်နန်းတော်ထဲတွင် ကျောက်ဘုရင် ကျောက်ယန်က တက်ကြွစွာ ပြောလိုက်သည်။

" အချိန်ကျပြီ။ ငါတို့ရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ အခွင့်အရေးရောက်လာပြီ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ကျားတံဆိပ်ကို အပ်နှင်းပြီး စစ်သေနာပတိချုပ်ဖန်ရွှမ်ကို ယန်နိုင်ငံကို ချက်ချင်း တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်။ "

ကျားတံဆိပ်ပါသော သေတ္တာကို သယ်ဆောင်လာသော အရာရှိတစ်ယောက်က ခန်းမထဲသို့ ဆင်းလာသည်။ အသက်ကြီးပိုင်း ဝန်ကြီးတစ်ယောက်က ၎င်းကို လက်ခံလိုက်သည်။

" ကျွန်တော်မျိုး ကျောက်ချုံးက စစ်သေနာပတိချုပ် ဖန်ရွှမ်ကိုယ်စား ဒီတံဆိပ်ကို လက်ခံပါတယ်။ "

" ဝန်ကြီးကျောက်..." ကျောက်ယန်က ပြုံး၍ ပြောလိုက်သည်။ " မင်းနယ်စပ်ကို ရောက်တဲ့အခါ ယန်နိုင်ငံကို ဖျက်ဆီးပြီး သူပြန်လာမှာကို ငါစောင့်နေတယ်လို့ စစ်သေနာပတိချုပ် ဖန်ရွှမ်ကို ပြောလိုက်ပါ။ "

" အရှင်မင်းကြီးရဲ့ စကားကို သေချာပေါက် ပြောလိုက်ပါမယ်။ " ကျောက်ချုံးက ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုး လျှောက်တင်စရာတစ်ခုရှိပါတယ်။ " လျန်ပိုက ရှေ့သို့ တက်လာသည်။

သူ့ကို မြင်သောအခါ ကျောက်ယန်၏ မျက်လုံးများထဲတွင် အလိုမကျမှုများ ပေါ်လာသည်။ သို့သော် လျန်ပိုက နန်းတွင်းမှာ ဩဇာအာဏာရှိသောကြောင့် ကျောက်ယန်က ဟန်ဆောင်လိုက်သည်။

" ဝန်ကြီးလျန် ဘာအစီရင်ခံစရာရှိလို့လဲ။ "

" ကျွန်တော်မျိုးက ကျောက်နိုင်ငံအနေနဲ့ ယန်နိုင်ငံကို မဆင်မခြင် မတိုက်ခိုက်သင့်ဘူးလို့ ထင်ပါတယ်။ ပထမအချက်က အနောက်ဘက်မှာ အင်အားကြီးတဲ့ ချင်နိုင်ငံရှိလို့ ကျွန်တော်မျိုးတို့ ယန်နိုင်ငံနဲ့ စစ်ဖြစ်နေတုန်း သူတို့ လာတိုက်ရင် ဒုက္ခရောက်ပါလိမ့်မယ်။ "

" ဒုတိယအချက်ကတော့ ကျောက်နိုင်ငံက ခိုင်လုံတဲ့ အကြောင်းရင်းမရှိဘဲ ယန်ကို တိုက်ရင် အခြားနိုင်ငံတွေရဲ့ ဖယ်ကြဉ်ခြင်းကို ခံရပါလိမ့်မယ်။ ဒါကြောင့် အမိန့်ကို ပြန်ရုတ်သိမ်ပေးဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်။ " လျန်ပိုက ကျယ်လောင်စွာ ပြောလိုက်သည်။

ထိုစကားကြောင့် ကျောက်ယန်က မျက်မှောင်ကြုတ်သွားပြီး လျန်ပိုကို အေးစက်စွာ ကြည့်လိုက်သည်။ သူက ထိုစစ်ဆင်ရေးအတွက် တစ်နှစ်နီးပါး ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူက ယန်နိုင်ငံကို သိမ်းပိုက်ပြီး နယ်မြေချဲ့ထွင်နိုင်ခဲ့လျှင် ကျောက်နိုင်ငံ၏ ကြီးမြတ်သော အုပ်ချုပ်သူအဖြစ် ချီးကျူးခံရပြီး ဝေဖန်မှုများကလည်း ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော် ယခု လျန်ပိုက သူ၏ အစီအစဉ်ကို ဖျက်ဆီးရန် ကြိုးစားနေသည်။

" ကျောက်နိုင်ငံရဲ့ စစ်သည်သုံးသိန်းကို နယ်စပ်မှာ နေရာချထားပြီ။ စစ်သေနာပတိချုပ်ဖန်ရွှမ်ကလည်း ကိုယ်တိုင်ကွပ်ကဲနေတယ်။ ရိက္ခာတွေကလည်း အဆင်သင့်ပဲ။ ဒါကို အခု မင်းက ငါ့ကို စစ်မချီဖို့ လာပြောနေတာလား။ " ကျောက်ယန်က အေးစက်စွာ ပြောလိုက်သည်။ " ဝန်ကြီးလျန် မင်းက ကျောက်နိုင်ငံ တိုးတက်တာကို မမြင်ချင်တာလား။ "

" ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာ ကျောက်နိုင်ငံက အဓိကပါပဲ။ ဘာကိုယ်ကျိုးမှမပါပါဘူး။ အရှင်မင်းကြီးက စစ်တပ်ကို တိတ်တဆိတ် ရွှေ့ပြောင်းခဲ့တာဖြစ်လို့ ကျွန်တော်မျိုး မသိခဲ့ပါဘူး။ ကျွန်တော်မျိုး စောစောသိခဲ့ရင် သေချာပေါက် ကန့်ကွက်မိမှာပါ။ " လျန်ပိုက လေးနက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး ချုပ်ဆိုထားတဲ့ ချင်နိုင်ငံနဲ့ မဟာမိတ်ဆိုတာ လုံးဝ အားကိုးလို့မရပါဘူး။ ရင်ကျန့်က သူအလိုရှိရင် အဲ့ဒါကို ဆုတ်ဖြဲပစ်ပါလိမ့်မယ်။ "

" တော်တော့..." ကျောက်ယန်၏ မျက်နှာက ဒေါသကြောင့် မဲမှောင်သွားသည်။ " ချင်နိုင်ငံက အခုမတည်မငြိမ်ဖြစ်နေတာ။ ဟန်နယ်မြေမှာလည်း ဆူပူမှုတွေ ရှိနေတယ်။ ရင်ကျန့်က ကျောက်နိုင်ငံကို တိုက်ဖို့ အချိန်မရှိဘူး။ သူကိုယ်တိုင်က ဒီစာချုပ်ကို အသည်းအသန် လိုချင်ခဲ့တာပဲ။ "

" ကျွန်တော်မျိုးရဲ့ အမြင်ကတော့ ဟန်နယ်မြေက ဆူပူမှုတွေက ချင်နိုင်ငံက ဖန်တီးထားတာ ဖြစ်နိုင်ပါတယ်။ " လျန်ပိုက ချက်ချင်း ပြန်ဖြေလိုက်သည်။

စစ်တပ်ကို နှစ်ပေါင်းများစွာ ကွပ်ကဲခဲ့သူဖြစ်သောကြောင့် ဗျူဟာနှင့် ပရိယာယ်များကို ကောင်းစွာ နားလည်ထားသည်။ ဟန်နယ်မြေမှ ဆူပူမှုများက အမှန်တကယ် ထူးဆန်းနေသည်။

" တော်လောက်ပြီ။ " ကျောက်ယန်က ဟိန်းဟောက်လိုက်သည်။

လျန်ပို၏ စကားများက သူ့ကို လိုက်ကန့်ကွက်နေသောကြောင့် ကျောက်ယန်က မျက်နှာပျက်စရာဖြစ်နေသည်။ နယ်မြေချဲ့ထွင်ကန် စစ်ချီခြင်းက သူ၏ ရည်ရွယ်ချက်ဖြစ်သကဲ့သို့ ချင်နှင့်စာချုပ်ချုပ်ဆိုခြင်းကလည်း သူ၏ ဆုံးဖြတ်ချက်ပင်ဖြစ်သည်။

" လျန်ပို ရဲတင်းလှချည်လား။ " ကောခိုင်က ချက်ချင်း ရှေ့ထွက်ပြီး ကြိမ်းမောင်းလိုက်သည်။ " မင်းက မင်းဆက်သုံးဆက် အမှုထမ်းခဲ့တဲ့ ဝါရင့်ဝန်ကြီးဖြစ်နေလို့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မင်းက ကယ်တင်လို့ရမယ်ထင်နေတာလား။ "

" ငါတို့ စစ်တပ်က စစ်ချီနေပြီ။ ဒါက အရှင်မင်းကြီး နယ်မြေချဲ့ထွင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ မင်းက ဘာလို့ဒီလိုဆန့်ကျင်နေတာလဲ။ " ကောခိုင်က သစ္စာရှိမှုကို ပြသရန် အကောင်းဆုံးအခွင့်အရေးကို လက်လွတ်မခံပေ။

" ကျွန်တော်မျိုးလုပ်သမျှ အရာအားလုံးက ကျောက်နိုင်ငံရဲ့ ကောင်းကျိုးအတွက်ပါ။ " လျန်ပိုက တည်ငြိမ်စွာ ပြောလိုက်သည်။ သူက ကျောက်နိုင်ငံအပေါ် သစ္စာရှိသော်လည်း ကျောက်ယန်ကို မဟုတ်ပေ။ ၎င်းက ကျောက်ယန်၏ မျက်နှာသာပေးမှုကို မရရှိရသည့် အဓိကအကြောင်းရင်းဖြစိသည်။

" တကယ် ကျောက်နိုင်ငံရဲ့ ကောင်းကျိုးအတွက်ဆိုရင် ပါးစပ်ပိတ်ထားလိုက်တော့။ " ကျောက်ယန်က ပြောလိုက်သည်။

" ဝန်ကြီးကျောက်.... အခုချက်ချင်း ကျားတံဆိပ်ကို ယူသွားပြီး စစ်သေနာပတိချုပ်ဖန်ရွှမ်ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်။ "

" အမိန့်တော်အတိုင်းပါ။ " ကျောက်ချုံးက ကျားတံဆိပ်သေတ္တာကို ယူပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။

ကျောက်ချုံးထွက်သွားသည်ကို ကြည့်ပြီး လျန်ပို၏ မျက်နှာတွင် စိုးရိမ်မှုများ ထင်ဟပ်လာသည်။

" အရှင်မင်းကြီး..." အိမ်ရှေ့စံမင်းသားဟောင်းဖြစ်သော ကျောက်ယိက ရှေ့ထွက်လာသည်။ " စစ်သေနာပတိချုပ် လျန်ပိုရဲ့ စကားတွေက နားထောင်မကောင်းပေမယ့် ကျိုးကြောင်းဆီလျော်ပါတယ်။ ကျွန်တော်မျိုးတို့ ချင်နိုင်ငံကို သတိထားရပါမယ်။ ရင်ကျန့်ရဲ့ ကောက်ကျစ်မှုကို လျှော့မတွက်သင့်ပါဘူး။ "

" ညီတော်စိုးရိမ်မနေနဲ့။ " ကျောက်ယန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ " ငါ ဝေနိုင်ငံက အရှင်ရှင်းလင်းဆီကို သံတမန်လွှတ်ပြီးသွားပြီ။ တကယ်လို့ ချင်က ကျောက်ကို တိုက်ရင် အရှင်ရှင်းလင်းက သူ့တပ်တွေကို ဟန်နယ်မြေထဲ ဦးဆောင်လာလိမ့်မယ်။ "

" ဒါအပြင် စစ်သေနာပတိချုပ် လျန်ပိုက ဒီလောက်စိုးရိမ်နေမှတော့ ချင်ကို ခုခံဖို့ မင်းကို စစ်သည်တစ်သိန်းပေးမယ်။ တကယ်လို့ ချင်က လာတိုက်ရင် မင်းဘယ်လိုပြန်တိုက်ထုတ်မလဲဆိုတာ ကြည့်ရသေးတာပေါ့။ "

" ကျွန်တော်မျိုးက စစ်တပ်ကို ဦးဆောင်ပြီး နယ်စပ်ကို ကာကွယ်ဖို့ အဆင်သင့်ပါပဲ။ " အခြေအနေက ထိုအထိ ရောက်လာသောကြောင့် လျန်ပိုက လက်ခံလိုက်ရသည်။

" ကောင်းပြီ။ စစ်သေနာပတိချုပ်က ဒီလောက်ဆန္ဒရှိနေမှတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့။ " ကျောက်ယန်က ပြောလိုက်သည်။ " ဒါပေမယ့် ချင်က ကျူးကျော်လာလို့ မင်းရဲ့ နယ်စပ်က ကျိုးပျက်သွားရင် အဲ့ဒါက မင်းရဲ့ အပြစ်ပဲ။ "

" ကျွန်တော်မျိုး နားလည်ပါပြီ။ " လျန်ပိုက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ ညီလာခံသိမ်းမယ်။ " ကျောက်ယန်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

သူ၏ နန်းဆောင်ကို ပြန်ရောက်သောအခါ ကျောက်ယန်က ပစ္စည်းများကို ဒေါသတကြီး ရိုက်ခွဲလိုက်သည်။

" ဒီစောက်အဖိုးကြီးကတော့ ငါ့ကို နေရာတကာ ဆရာလာလုပ်နေတယ်။ ဝါရင့်ဝန်ကြီးဆိုပြီး ကိုယ့်ကိုကိုယ် အဟုတ်ကြီးမှတ်နေတယ်။ အခု ငါကဘုရင်ဖြစ်နေပြီ။ သူက ဘာမလို့ ဒီလိုလာလုပ်ရဲတာလဲ။ "

" အရှင်မင်းကြီး ဒေါသကို ထိန်းပါ။ " ကောခိုင်က ဖျောင့်ဖျလိုက်သော်လည်း စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။

" အဲ့ဒီအဖိုးကြီးက အသက်လည်း ကြီးနေပါပြီ။ သူက အကြာကြီး မနေရတော့ပါဘူး။ ဒါ့အပြင် ဒါက သူ့ကို ဖယ်ရှားဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ "

" သူ့ကို ဘယ်လိုဖယ်ရှားမှာလဲ။ " ကျောက်ယန်က ချက်ချင်း မေးလိုက်သည်။

လျန်ပိုက ကျောက်နိုင်ငံတစ်ခုလုံးတွင် ဂုဏ်သတင်းကျော်ကြားသူဖြစ်သည်။ အကယ်၍ သူ၏ သဘောထားကို ထုတ်ပြောရုံနှင့် အပြစ်ပေးခံရလျှင် ကျောက်နိုင်ငံတစ်ခုလုံး အငြင်းပွားမှုများဖြစ်ပေါ်လာပြီး ကျောက်ယန်အတွက် ဆိုးကျိုးများဖြစ်လာနိုင်သည်။

" တကယ်လို့ သူခန့်မှန်းထားသလို ချင်နိုင်ငံက လာတိုက်လို့ သူမကာကွယ်နိုင်ဘူးဆိုရင် သူ့ကို အပြစ်ပေးဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်မှာပါ။ " ကောခိုင်က ပြောလိုက်သည်။

" အဲ့ဒါကတော့ မဖြစ်နိုင်ပါဘူး။ ရင်ကျန့်က လှုပ်ရှားရဲမယ်လို့ ငါမယုံဘူး။ "ကျောက်ယန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် အဲ့ဒီအဖိုးကြီးကို မျက်ခြေမပြတ် စောင့်ကြည့်နေပါမယ်။ သူသာ ခြေလှမ်းမှားတာနဲ့ ကျွန်တော်မျိုး အရင်ဆုံး နှိမ်နင်းလိုက်ပါမယ်။ " ကောခိုင်က ပြောလိုက်သည်။

" ငါ့မှာ မင်းလိုလူတစ်ယောက်ရှိတာ တကယ်ကံကောင်းတာပဲ။ " ကျောက်ယန်က စိတ်သက်သာရာရစွာဖြင့် ပြောလိုက်သည်။

ဝေမြို့။

အအေးဒဏ်လျော့ပါးသွားသည်နှင့် ကျောက်ဖုန်း၏ လက်အောက်မှ စစ်သည်များက စစ်ရေးလေ့ကျင့်မှုများ စတင်နေကြပြီဖြစ်သည်။ နှစ်သစ်ကူးပြီးနောက် စစ်သည်အသစ်များ ရောက်ရှိလာပြီဖြစ်သည်။

" စစ်သူကြီး..." ကျန်းဟန်က အစီရင်ခံလိုက်သည်။ " စစ်သည်အသစ် ၁၃၀၀၀ ရှိပါတယ်။ အရင်ရှိပြီးသား စစ်သည်တွေနဲ့ အပြစ်သားစစ်သည်တွေအားလုံးပေါင်းရင် ရှစ်သောင်ကျော်ရှိနေပါပြီ။ အဲ့ဒီစစ်သည်ရှစ်သောင်းကို တပ်ဖွဲ့ခြောက်ခုအဖြစ် ပြန်လည်ဖွဲ့စည်းထားပါတယ်။ "

" အင်း..." ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး လေ့ကျင့်နေကြသော စစ်သည်များကို လှမ်းကြည့်လိုက်သည်။

All Chapters