အခန်း (၁၂၀)
Vol. 12 Ch. 120
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၂၀)
" အခု နယ်စပ်မှာ ဘယ်တပ်ဖွဲ့က တပ်စွဲထားတာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" စစ်သူကြီး အခုစောင့်ကြပ်နေတာက တပ်မှူးချန်တောက်ရဲ့ တပ်ဖွဲ့ပါ။ " တုဆွေက ချက်ချင်း ပြန်ဖြေလိုက်သည်။
" နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေကို ပြန်ခေါ်လိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" စစ်သူကြီး အဲ့ဒီတပ်ဖွဲ့က ကင်းလှည့်တာ ဆယ်ရက်မပြည့်သေးပါဘူး။ " ကျောက်ထို့က ပြောလိုက်သည်။ " သူတို့ တပ်ဖွဲ့ပြောင်းဖို့ ရက်နှစ်ဆယ်လိုပါသေးတယ်။ "
" ငါသိတယ်။ " ကျောက်ဖုန်းက ျကန်းမင်ကို ကြည့်လိုက်သည်။ " ကျန်းမင် ချန်တောက်ကို စခန်းပြန်လာဖို့ သတင်းပို့လိုက်။ "
" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" စစ်သူကြီး ဝေနိုင်ငံက ချင်ကို တိုက်ဖို့ ကြံစည်နေတာလား။ " တုဆွေက သူ၏အတွေးကို မေးလိုက်သည်။
" ဘယ်သူသိမှာလဲ။ " ကျောက်ဖုန်းက ရယ်လိုက်သည်။
"ဝေနိုင်ငံက ချင်နိုင်ငံကို တိုက်တော့မှာလား။ " အခြားတပ်မှူးများကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ ရှိနေသည်။
" စစ်သူကြီး..." ကျောက်ထို့က နားမလည်ဘဲ ထပ်မေးလိုက်သည်။ " ဝေနိုင်ငံက ကျွန်တော်တို့ချင်နိုင်ငံကို တကယ်ပဲ တိုက်ခိုက်ရဲလို့လား။ "
" ဒီနေ့ကစပြီး မြို့ရဲ့ ကာကွယ်ရေးကို အားကောင်းအောင် လုပ်ထား။ " ကျောက်ဖုန်းက ရှင်းမပြတော့ပေ။ " မြို့ရိုးတွေကို ပြင်ထား၊ မြို့တံခါးကို ခိုင်ခံအောင်လုပ်။ တုဆွေ ဒီကိစ္စကို မင်းတာဝန်ယူလိုက်။ "
" ကောင်းပါပြီ။ " တုဆွေက ပြန်ပြောလိုက်သည်။
" ပြီးတော့ နန်းတော်က ပို့တဲ့ ရိက္ခာတွေကို သေချာလျို့ဝှက်ထားပါ။ ငါတို့စစ်တပ်အတွက် ရိက္ခာက အနည်းဆုံး သုံးလစာ လိုအပ်တယ်။ မကြာခင် မြားတွေရောက်လာလိမ့်မယ်။ ကျန်းဟန် မင်းက ဒီကိစ္စကို တာဝန်ယူလိုက်။ "
" အမိန့်အတိုင်းပါ။ " ကျန်းဟန်က ပြန်ပြောလိုက်သည်။
" ကျန်တဲ့သူတွေက စစ်သည်တွေကို ဆက်ပြီး လေ့ကျင့်ထားပါ။အချိန်မရွေး တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါစေ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ စစ်သူကြီး။ " တပ်မှူးများက ချက်ချင်း ပြန်ပြောလိုက်ကြသည်။
ထိုအချိန်တွင် ကျန်းမင်က စစ်ရေးအစီရင်ခံစာကို ကိုင်ပြီး ရောက်လာသည်။ " စစ်သူကြီးလီဆီက အစီရင်ခံစာ ရောက်လာပါတယ်။ "
" ဖတ်ပြ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျောက်နိုင်ငံက ယန်နိုင်ငံကို စတင်တိုက်ခိုက်နေပါပြီ။ " ကျန်းမင်က ကျယ်လောင်စွာ ဖတ်လိုက်သည်။ " ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ် ဖန်ရွှမ်က သူ့ရဲ့ စစ်တပ်ကို ဦးဆောင်ပြီး ယန်နိုင်ငံရဲ့ နယ်စပ်မြို့တွေကို ချိုးဖောက်ဝင်ရောက်နေပါပြီ။ လဝက်အတွင်းမှာ ယန်မြို့ဆယ်မြို့နီးပါး ကျဆုံးသွားပါပြီ။ "
ထိုစကားများကိုကြားသောအခါ တပ်မှူးအားလုံး ထိတ်လန့်သွားကြသည်။ ယခုမှ သူတို့က ကျောက်ဖုန်း ပြင်ဆင်နေသည့် အကြောင်းရင်းကို နားလည်သွားကြသည်။
" ကျောက်နိုင်ငံက ယန်နိုင်ငံကို တိုက်နေပြီဆိုတော့ ချင်နိုင်ငံက ဒီအခွင့်အရေးကို သုံးပြီး ကျောက်နိုင်ငံကို တိုက်ခိုက်တော့မှာပဲ။ " ကျန်းဟန်က ချက်ချင်း ပြောလိုက်သည်။
" ချင်က စတင်လှုပ်ရှားလိုက်တာနဲ့ ကျောက်နိုင်ငံရဲ့ မဟာမိတ် ဝေနိုင်ငံက ငြိမ်နေမှာမဟုတ်ဘူး။ သူတို့က တိုက်ခိုက်ရင် ဝေမြို့က ပထမဆုံး တိုက်ခိုက်ခံရမယ့်မြို့ပဲ။ "
" ဒါပေမယ့် ချင်နိုင်ငံက ကျောက်နိုင်ငံနဲ့ မကျူးကျော်ရေးစာချုပ်ကို ချုပ်ထားတာမဟုတ်လား။ အရှင်မင်းကြီးက ကျောက်နိုင်ငံကို တကယ်တိုက်ပါ့မလား။ " ကျောက်ထို့က မေးလိုက်သည်။
" မင်းက အရှင်မင်းကြီးကို လျှော့တွက်နေတာပဲ။ " ကျောက်ဖုန်းက ကျောက်ထို့ကို ကြည့်ပြီး ပြောလိုက်သည်။
" စာချုပ်တစ်ခုက တကယ်သက်ရောက်မှုရှိရင် ဒီကမ္ဘာမှာ စစ်ပွဲဆိုတာ ရှိတော့မှာမဟုတ်ဘူး။ "
ကျောက်ထို့က ထိတ်လန့်သွားပြီး ခေါင်းညိမ့်လိုက်သည်။
" ကောင်းပြီ။ အားလုံး စစ်ပြင်ရတဲ့ အကြောင်းရင်းကို သိပြီဆိုတော့ သွားလုပ်ကြတော့။ ဝေနိုင်ငံက လာတိုက်ရင် ငါတို့စစ်တပ်နဲ့ အရင်ဆုံး ရင်ဆိုင်ရလိမ့်မယ်။ ဒါက မင်းတို့အတွက် ရန်သူတွေကို သတ်ပြီး စွမ်းဆောင်မှုတွေကို ရယူဖို့ အခွင့်အရေးပဲ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" နားလည်ပါပြီ။ " တပ်မှူးများက ပြန်ပြောလိုက်ကြသည်။
" ဝေနိုင်ငံက လာတိုက်ရင် ငါ့ရဲ့ စစ်ရေးအောင်မြင်မှုတွေကို သုံးပြီး ပင်မစစ်သူကြီးရာထူးကို တက်လှမ်းရမယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
သူ၏ ကျင့်ကြံမှုကြောင့် စွမ်းရည်များအားလုံးက နှစ်ထောင်ကျော်သွားပြီဖြစ်သည်။ သူက နောက်ထပ် ရတနာသေတ္တာတစ်ခု ရရှိခဲ့ပြီး အထဲမှ ရွှေအချို့ကို ရရှိခဲ့သည်။
ချင်နိုင်ငံ၊ ရှန်းယန်မြို့တော်။
ညီလာခံခန်းမအတွင်း ယန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ကျိတန်က နိုင်ငံရေးအမိန့်စာကို လက်နှစ်ဖက်ဖြင့် မြှောက်ပြီး ဒူးထောက်နေသည်။ သူက ပလ္လင်ပေါ်တွင် ထိုင်နေသော ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။
" ကျောက်နိုင်ငံက ကျွန်တော်မျိုးတို့ ယန်နိုင်ငံအပေါ် မတရားတဲ့ စစ်ပွဲကို ဆင်နွှဲနေပါတယ်။ ကျွန်တော်တို့ ယန်နိုင်ငံသားတွေက အမိမြေကို ကာကွယ်ရင်း အကျအဆုံးများလှပါတယ်။ ဒါပေမယ့် ကောက်ကျစ်တဲ့ ကျောက်နိုင်ငံကို မယှဉ်နိုင်ပါဘူး။ "
" ဒီနေ့ ကျွန်တော် ယန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားက ယန်ဘုရင်ရဲ့ အမိန့်တော်နဲ့အတူ ချင်နိုင်ငံအနေနဲ့ စစ်ကူလွှတ်ပြီး သန်းချီတဲ့ ပြည်သူတွေကို ဒုက္ခတွင်းကနေ ကယ်တင်ဖို့ အနူးအညွှတ် တောင်းဆိုပါတယ်။ " ကျိတန်၏ အသံက တုန်ယင်နေပြီး သူ၏ လေသံထဲတွင် ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေသည်။
ရင်ကျန့်က ကျောက်နိုင်ငံတွင် သူနှင့်အတူ ဓားစာခံအဖြစ် နေဖူးသော ငယ်သူငယ်ချင်းကို ပြည့်ပြီး သူ၏ စိတ်ထဲတွင် ဘာလှုပ်ရှားမှုမှမရှိပေ။ ပလ္လင်ပေါ် ရောက်ကတည်းက အရာအားလုံး ပြောင်းလဲသွားပြီဖြစ်သည်။ သူ့ကို မွေးခဲ့သော မိခင်ကိုတောင် စွန့်ပစ်နိုင်လျှင် ငယ်သူငယ်ချင်းကို ပြောစရာပင်မလိုပေ။
" ချင်နိုင်ငံက ကျောက်နိုင်ငံနဲ့ မကျူးကျော်ရေးစာချုပ်ကို ချုပ်ဆိုပြီးသွားပြီ။ အိမ်ရှေ့စံမင်းသားရဲ့ တောင်းဆိုချက်ကို ငါသဘောမတူနိုင်ဘူး။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီး..." ကျိတန်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ " ကျွန်တော်တို့ ကျောက်နိုင်ငံမှာ ရခဲ့တဲ့ အရှက်ကွဲမှုတွေကို မေ့သွားပြီလား။ မင်း ဘုရင်ဖြစ်လာရင် ကျောက်နိုင်ငံကို ဖျက်ဆီးပြီး ကလဲ့စားချေမယ်လို့ ကျိန်ဆိုခဲ့တာကို မေ့သွားတာလား။ "
ကျိတန်၏ ရဲတင်းစွာ ပြောဆိုမှုများကို ကြားသောအခါ နန်းတွင်းမှ ဝန်ကြီးများက မျက်မှောင်ကြုတ်သွားကြသည်။
" ရိုင်းလှချည်လား။ " ဝမ်ဝမ်က ဟိန်းဟောက်လိုက်သည်။ " ချင်နန်းတော်ထဲမှာ အရှင်မင်းကြီးကို မရိုမသေပြောရဲတာလား။ "
" အိမ်ရှေ့စံမင်းသားတန်ရဲ့ စကားတွေက အတော်လေးလွန်နေပါပြီ။ " လီစီက ပြောလိုက်သည်။
ချင်ဝန်ကြီးများက ကျိတန်ကို စိုက်ကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် ပြင်တင်ရှုံ့ချလိုက်ကြသည်။ သို့သော် ကျိတန်က ကြောက်ရွံ့ခြင်းမရှိဘဲ ပလ္လင်ပေါ်မှ ရင်ကျန့်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
ရင်ကျန့်က လက်မြှောက်လိုက်သည်နှင့် ဆူညံသံများက တဖြည်းဖြည်း တိတ်သွားသည်။
" ချင်ကျောက်မဟာမိတ်က ကျူးကျော်မှုမပြုဖို့ပဲ။ ယန်အိမ်ရှေ့စံမင်းသား ပြန်ပါတော့။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် ရန်ရှောင်က တော်ဝင်အစောင့်များနှင့်အတူ ရောက်လာပြီး ကျိတန်၏ နောက်တွင် ရပ်လိုက်ကြသည်။
" ယန်အိမ်ရှေ့စံမင်းသား ကြွပါ။ " ရန်ရှောင်က ထွက်ပေါက်ဘက်သို့ ညွှန်ပြပြီး ပြောလိုက်သည်။
ကျိတန်က ထရပ်လိုက်ပြီး သူ၏ မျက်နှာတွင် ဒေါသများ ဖုံးလွှမ်းနေသည်။
" ချင်ဘုရင် ရင်ကျန့် အခုတော့ ငါအားလုံး သိသွားပြီ။ မင်းက ငါတို့ရဲ့ အတိတ်တွေကို မေ့သွားပြီပဲ။ " ကျိတန်က ဒေါသတကြီး ထွက်ခွာသွားသည်။
" ဒီလောက်နှစ်တွေကြာသွားတာတောင် သူက အခုထိ ကလေးဆန်နေတုန်းပဲ။ " ရင်ကျန့်က ကျိတန်ထွက်သွားသည်ကို စိတ်ပျက်စွာ ကြည့်နေသည်။
" အရှင်မင်းကြီး ဒီအိမ်ရှေ့စံမင်းသားက တကယ် ကလေးဆန်တာပဲ။ လက်ဗလာနဲ့လာပြီး ချင်နိုင်ငံက စစ်ကူလွှတ်ပေးဖို့ မျှော်လင့်နေတာက အဓိပ္ပါယ်မရှိတာပဲ။ " ဝမ်ဝမ်က ပြောလိုက်သည်။
" မှန်တယ်။ တကယ်ကလေးဆန်တာပဲ။ " ဝန်ကြီးတစ်ယောက်က ထောက်ခံလိုက်သည်။
" တကယ်လို့ ချင်နိုင်ငံက စစ်ချီမယ်ဆိုရင် နိုင်ငံတော်အင်အားနဲ့ ကုန်ကျစရိတ်က အရမ်းကြီးမားလိမ့်မယ်။ "
" အိမ်ရှေ့စံမင်းသားရဲ့ ပုံစံကို ကြည့်ရတာ သူသာ ယန်ဘုရင်ဖြစ်လာရင် ယန်နိုင်ငံက သိပ်ကြာကြာခံနိုင်မှာမဟုတ်လောက်ဘူး။ "
" တော်ကြတော့။ " ရင်ကျန့်က လက်ကာပြီး ပြောလိုက်သည်။ " သူက နိုင်ငံတစ်ခုရဲ့ အိမ်ရှေ့စံမင်းသားပဲ။ ဒီလောက်ထိ ပြောစရာမလိုဘူး။ ညီလာခံသိမ်းမယ်။ "
ကျန်းထိုင်နန်းဆောင်အတွင်း ချင်နိုင်ငံ၏ စစ်သေနာပတိချုပ် သုံးယောက်ဖြစ်သော ဝမ်ကျန့်၊ မုန့်ဝူနှင့် ဟွမ်ယိတို့က ရပ်နေကြသည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " သူတို့က ရင်ကျန့်ကို ဦးညွှတ်လိုက်ကြသည်။
" ကျောက်က ယန်ကို စတိုက်နေပြီ။ သူတို့က နယ်စပ်ကို ချိုးဖောက်ဝင်ရောက်နေပြီ။ စစ်သေနာပတိချုပ်သုံးယောက်က ဒါကို သိပြီးသားဖြစ်မှာပါ။ " ရင်ကျန့်က ပြောလိုက်သည်။
" ကျောက်က ယန်နယ်စပ်မှာ စစ်တပ်တွေ စုစည်းထားခဲ့လို့ပါ။ " ဝမ်ကျန့်က ပြောလိုက်သည်။ " ယန်ရဲ့ ထောက်လှမ်းရေးက ညံ့ပေမယ့် အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်အတိုင်း သတင်းအချို့ ပေါက်ကြားသွားအောင် လုပ်ခဲ့လို့ သူတို့ခံစစ်ပြင်ဖို့ အချိန်ရခဲ့တာပါ။ "
"ယန်ဘုရင် ရှီက စစ်သေနာပတိချုပ်ချင်းချင်ကို စစ်သည်နှစ်သိန်းနဲ့ နယ်စပ်မှာ တပ်စွဲခိုင်းခဲ့တယ်။ ယွဲ့ချန်ကိုတော့ လက်ထောက်စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ကျောက်စစ်တပ်ကို ခုခံခိုင်းခဲ့တယ်။ "
" ဒါပေမယ့် ဖန်ရွှမ်က ကျောက်နိုင်ငံရဲ့ အကြမ်းဆုံးစစ်သေနာပတိချုပ်တစ်ယောက်ပဲ။ သူက မြင်းတပ်နဲ့ တစ်ကြိမ် ထိုးစစ်ဆင်လိုက်ရုံနဲ့ ယန်စစ်တပ်က အကျအဆုံးများပြီး ဆုတ်ခွာခဲ့ရတယ်။ အခုအချိန်ထိ ယန်ရဲ့ မြို့ပေါင်းဆယ်မြို့ကျော်က ကျောက်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ။ "
" ယန်မှာ အရည်အချင်းရှိတဲ့ စစ်သူကြီးတွေမရှိဘူး။ " မုန့်ဝူက ပြုံးလိုက်သည်။
" မှန်တယ်။ ဒါ့အပြင် ယန်နိုင်ငံရဲ့ ဆက်ခံသူကလည်း အရည်အချင်းမရှိဘူး။ ဒီနေ့ညီလာခံမှာ ယန်အိမ်ရှေ့စံမင်းသားရဲ့ အပြုအမူကို ကြည့်ရင် ယန်နိုင်ငံက သူ့လက်ထဲရောက်ရင်တော့ ပျက်စီးဖို့ပဲ ရှိတော့တယ်။ " ဟွမ်ယိက ပြောလိုက်သည်။
" ငါ စစ်တပ်ကို စုစည်းပြီး ကျောက်နို