မြောက်ပိုင်းကာကွယ်ရေးတံတိုင်းမှ ထွက်ခွာခြင်း
Vol. 29 Ch. 426
လူအားလုံး တဲအတွင်းမှ ထွက်ခွာသွားကြပြီးနောက် ပိုင်ကျီဟန်သည် ခုတင်ပေါ်တွင် လှဲလျောင်းကျန်ရစ်ခဲ့ကာ မျက်လုံးများကို တဝက်မှိတ်ထားရင်း မိမိ၏ အာရုံအစုံကို ခန္ဓာကိုယ်အတွင်းပိုင်းသို့ ပို့လွှတ်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းက သူ့ကို ဝန်းရံထား၏။
သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို တစ်ရစ်ချင်း အသေအချာ စစ်ဆေးကြည့်ရှုသည်။
အတွင်းပိုင်း၌ သူခံစားသိရှိလိုက်ရသော အခြေအနေကြောင့် သူကိုယ်တိုင်ပင်လျှင် မျက်နှာပျက်သွားရသည်။
သူ့ခန္ဓာကိုယ်၏ အကြောအစုံတို့မှာ ဖရိုဖရဲဖြစ်နေကာ ပြတ်တောက်ခြင်း၊ မီးလောင်ကျွမ်းသကဲ့သို့ ဖြစ်နေခြင်းတို့အပြင် သဘာဝကန့်သတ်ချက်ထက်ကျော်လွန်၍ အတင်းအဓမ္မ ချဲ့ကားခံထားရသည်။
သူ့၏ စွမ်းအင်စုရပ်သည်လည်း ပြိုလဲလုနီးပါး အင်အားကုန်ခမ်းနေပြီး ချီ စွမ်းအင်များသည် မတည်မငြိမ်ဖြစ်ကာ စီးဆင်းမှုမှာလည်း နှေးကွေးလွန်းလှသည်။
သူ၏ အသွေးအသားများမှာပင်လျှင် အလွန်အကျွံ စွမ်းအားထုတ်သုံးခဲ့ရခြင်း၏ ဒဏ်ရာဒဏ်ချက်များ ထင်ကျန်နေပြီး ကြွက်သားမျှင်တိုင်းသည် ခံနိုင်ရည်ရှိသမျှထက် များစွာကျော်လွန်၍ ဒဏ်ပိနေခဲ့သည်။
မိုကျွင်းနှင့် တိုက်ခိုက်ခဲ့စဉ်က သူသည် ဆင်ခြင်တုံတရားမဲ့စွာပင် စွမ်းအားများကို အတင်းအဓမ္မ ညှစ်ထုတ်သုံးစွဲခဲ့ခြင်းဖြစ်သည်။
သူသည် ကောင်းကင်ဘုံ အမိန့်တော် ပြောင်းပြန်လှန်ခြင်းကို သုံး၍ သူ၏ကျင့်စဉ်အဆင့်ကို မဟာကောင်းကင်ဘုံတက်ခြင်း အထိ တိုးမြှင့်ခဲ့သည်။
ထို့နောက် ဖေးလိန်၏ အကူအညီဖြင့် အင်မော်တယ်အဆင့်အထိ ထပ်မံမြှင့်တင်ခဲ့ပြန်သည်။
အကယ်၍ ဖေးလိန် အကြံပြုသကဲ့သို့ သူသာ ထိုနေရာမှ ထွက်ပြေးခဲ့လျှင် ခန္ဓာကိုယ်သည် ဤမျှအထိ ပြင်းထန်စွာ ထိခိုက်ပျက်စီးလိမ့်မည် မဟုတ်ပေ။
သို့သော် သူက ထိုသို့မလုပ်ခဲ့ဘဲ ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်ကိုသာ အသုံးပြုရန် ရွေးချယ်ခဲ့သည်။
ထိုဓားချက်တစ်ချက်တည်းနှင့်ပင်သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်အားလုံးနီးပါးကို လောင်ကျွမ်းစေခဲ့သည်။
သာမန်ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ဤကဲ့သို့ ဆင်ခြင်တုံတရားမဲ့သော လုပ်ရပ်ကြောင့် ထိုနေရာတွင် အသက်ပျောက်သွားလောက်ပြီဖြစ်သည်။
သို့သော်လည်း ပိုင်ကျီဟန်သည် အသက်ရှင်လျက် ရှိနေဆဲပင်။
ဒါဟာ ကံကောင်းခြင်းသက်သက်ကြောင့်တော့ မဟုတ်ပေ
သူ့ခန္ဓာကိုယ်က သာမန်ထက် ထူးကဲနေသောကြောင့်ဖြစ်သည်။
ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် ခန္ဓာသန့်စင်ခြင်းကျင့်စဉ်သည် သူ၏ အသွေးအသားများကို သာမန်ကန့်သတ်ချက်များထက် ကျော်
လွန်အောင် ထုဆစ်ပေးခဲ့ပြီး၊ အကြိမ်ကြိမ်အခါခါ မြှင့်တင်ခဲ့ခြင်းကြောင့် မပျက်စီးနိုင်သော ခန္ဓာကိုယ်အဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် သူ့တွင် အဆင့်မြင့်တာအိုအရိုးလည်း ရှိနေသေးသည်မဟုတ်ပါလော
ဤအချက်များအားလုံးကို တွက်ချက်ပြီးနောက် ပိုင်ကျီဟန် ရှင်းရှင်းလင်းလင်း နားလည်သွားသည်။
သူ၏ အခြေအနေမှာ ပြင်းထန်သော်လည်း ပြန်လည်ကုသ၍ မရနိုင်သောအရာတော့ မဟုတ်ပေ။
သူသည် တကယ်တမ်း အစွမ်းမဲ့သွားခြင်း မဟုတ်ပေ
အကယ်၍ ထိုအားသာချက်များမရှိဘဲ သူသည် အမှန်တကယ်ပင် ဒုက္ခိတဖြစ်သွားခဲ့လျှင်ပင် စနစ်စတိုးထဲတွင် ဖြေရှင်းနည်းများစွာ ရှိနေသေးသည်။
သူရှာဖွေထားသော စနစ်အမှတ်များဖြင့်ဆိုလျှင် ကောင်းကင်အင်ပါယာ၌ ဒဏ္ဍာရီဟုပင် ဆိုရမည့် အဆင့် ၈ထက်မြင့်သော ဆေးလုံးများကို အလွယ်တကူ ဝယ်ယူနိုင်ပေသည်။
"အော်... ဟုတ်သားပဲ၊ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရှိတဲ့ မိစ္ဆာအကြီးအကဲတွေကို သတ်ခဲ့တဲ့အတွက် ရရမဲ့ စနစ်ဆုလာဘ်တွေကို မစစ်ဆေးရသေးဘူးပဲ။"
စစ်ပွဲပြီးနောက် သူအနားယူနေစဉ်မှာပင် လောင်ချင်း ပြန်ပေးဆွဲခံရသည့် သတင်းထွက်လာသဖြင့် ဆုလာဘ်များကို သူ မသိမ်းရသေးပေ။
"စနစ် “
[ထုတ်ယူရန်ကျန်ရှိနေသော ဆုလာဘ်များ]
မဟာ ကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခြင်းအတွက်- [ကျင့်ကြံမှုအရှိန် အဆ ၁၀၀ မြှင့်တင်ကတ် (၁ ရက်စာ)] မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခြင်းအတွက်- [စနစ်မှတ် ၁၀,၀၀၀]
ဆုလာဘ်များသည် သူမျှော်လင့်ထားသည့်အတိုင်းပင် ထူးထူးခြားခြား မရှိသော်လည်း အဆ ၁၀၀ ကျင့်ကြံမှုမြှင့်တင်ကတ်များနှင့် ကာလရှည်အသုံးခံမည့် အဆ ၁၀ မြှင့်တင်ကတ်များမှာ အလွန်တန်ဖိုးရှိလှသည်။ ထို့အပြင် စနစ်မှတ်များလည်း ပါဝင်သေးသည်။
ခြုံငုံကြည့်လျှင် ဤသားရဲဒီရေလှိုင်း တိုက်ပွဲမှ ရရှိသော အကျိုးအမြတ်မှာ သူထင်ထားသည်ထက်ပင် သာလွန်နေသည်။
"သုံးနှစ်..."
ဤအရင်းအမြစ်များဖြင့်ဆိုလျှင် သုံးနှစ်အတွင်းမှာ အနည်းဆုံး မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်အထိ သူဖောက်ထွက်နိုင်မည်ဟု ခံစားမိသည်။
ထိုအချိန်ကျလျှင်တော့ မိုကျွင်းနှင့် တိုက်ပွဲမှာ ယခင်ကနှင့် လုံးဝခြားနားသွားပေလိမ့်မည်။
သူသာ အစွမ်းကုန်ကြိုးစားလျှင် အင်မော်တယ်အဆင့်အထိပင် ဖြစ်နိုင်ချေရှိသော်လည်း ၎င်းမှာ လွယ်ကူမည်မဟုတ်သည်မှာ သိသာလှသည်။
သို့သော် ပိုင်ကျီဟန်ကတော့ စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။
လောင်ချင်းကို ပြန်ပေးဆွဲသွားသည့်အတွက် မိုကျွင်းကို ပြန်လည်ပေးဆပ်ခိုင်းရမည်ဖြစ်ပြီး ဘာကြောင့် သူမကို ဖမ်းသွားသည်လဲနှင့် ဘယ်မှာထားသည်လဲ ဆိုတာတွေကို သူ့ပါးစပ်ကနေ အဖြေရအောင် ညှစ်ထုတ်မည်ဖြစ်သည်။
"စောင့်နေလိုက်စမ်း”
ပိုင်ကျီဟန်သည် အဆင့် ၈ ဆေးလုံး သို့မဟုတ် ထိုထက်မြင့်သောဆေးလုံးကို သုံးပြီး သူ့အခြေအနေကို အလွယ်တကူ ကုသနိုင်သော်လည်း သူက မလုပ်ဘဲ နေလိုက်သည်။
အထူးသဖြင့် ရန်သူများအပါအဝင် လူတိုင်းသည် သူ့ကို အစွမ်းမဲ့သွားပြီဟု ယုံကြည်သွားစေရန် သူသည် အချိန်အတန်ကြာ ဟန်ဆောင်နေဖို့ လိုအပ်သည်။
သူ့ခန္ဓာကိုယ်ကို သဘာဝအတိုင်းသာ ကုသရန် စီစဉ်လိုက်ပြီး ထိုကာလအတွင်း သူသည် ကျင့်စဉ်ကို ကောင်းကောင်းကျင့်နိုင်မည် မဟုတ်ပေ။
သို့သော် ထိုအချက်က ကိစ္စမရှိပေ။
ဤအချိန်အတောအတွင်း သူ၏ အဓိကအာရုံစိုက်မှုသည် ကျင့်စဉ်တစ်ခုတည်းအပေါ်မှာ မဟုတ်ဘဲ ထိုထက်ပို၍ ကြီးမားသော အရာတစ်ခုအပေါ်၌ ရှိနေမည်ဖြစ်သည်။
"ရန်သူအားလုံးကို ရှင်းပစ်ရမဲ့ အချိန် ရောက်ပြီ။"
မည်သူတွေက သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်လဲနှင့် မည်သူတွေက သူ့ကို သတ်ဖို့ ကြိုးစားခဲ့လဲကို သူ သိပြီးသားဖြစ်သည်။
သူ အတွေးနက်နေစဉ်မှာပင်
"ကျီဟန်အာ”
မူယွဲ့လန် အခန်းထဲသို့ ဝင်လာခဲ့သည်။
ထိုအချိန်မှစ၍ ပိုင်ကျီဟန်အတွက် အလွန်အလုပ်ရှုပ်သော ကာလတစ်ခု ဖြစ်လာခဲ့သည်။
မူယွဲ့လန်သည် အခန်းထဲဝင်လာပြီး ကျီဟန်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည့်အခါ သူမ ထိန်းချုပ်ထားသမျှ စိတ်လှုပ်ရှားမှုတို့မှာ တစ်စစီ ပြိုကွဲသွားရပြန်သည်။
ကျီဟန်၏ ကျင့်စဉ်များ အမှန်တကယ်ပင် ပျက်စီးသွားပြီဟု သိလိုက်ရသည့်အခါ မူယွဲ့လန်၏ စိတ်ခံစားချက်များသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာတော့သည်။
ဒေါသ၊
ကြောက်ရွံ့မှုနှင့်
ကြီးမားသော နောင်တတို့က သူမကို လွှမ်းမိုးသွားသည်။
ဒေါသတကြီးဖြင့်ပင် သူမသည် ပိုင်ထျန်းဟမ်၊ မျိုးနွယ်စုအကြီးအကဲများနှင့် သက်ဆိုင်သူအားလုံးကို ကျီဟန်အား ဤကဲ့သို့ အခြေအနေရောက်အောင် လွှတ်ထားခဲ့မှုအတွက် အပြစ်တင်တော့သည်။
ပိုင်ထျန်းဟမ်ကတော့ ဘာမှပြန်မပြောခဲ့ပေ။
သူသည် ဇနီးသည်၏ ဒေါသတရားအားလုံးကို တိတ်ဆိတ်စွာပင် ခံယူခဲ့သည်။
ဘာပဲပြောပြော သူမကို ပို၍သာ ဒေါသထွက်စေမည်ကို သူ ကောင်းကောင်းသိသည်။
အကယ်၍ ပိုင်ကျီဟန်သာ ဝင်ရောက် မဖျောင်းဖျခဲ့လျှင် သူမသည် တစ်နေ့ကုန် ထိုသို့ ဒေါသထွက်နေပေလိမ့်မည်။
သို့သော်လည်း အခုတော့ ပိုင်ကျီဟန်သည် အချိန်မရွေး မျက်ရည်ပေါက် ကျတော့မည့် သူ့ကို အလွန်အမင်း အလိုလိုက်သည့် မိခင်ဖြစ်သူအား ပြန်လည်ချော့မြူနေရသည်။
သူသည် အားနာသလို ခံစားရပြီး နည်းနည်းလည်း ကြောက်မိသည်။
အကယ်၍သာ သူမ အမှန်တရားကို သိသွားခဲ့လျှင် ထိုကိစ္စကို ဒီအတိုင်း လွယ်လွယ်ကူကူ လွှတ်ထားမှာ မဟုတ်တာ သေချာသည်။
ပိုင်ကျီဟန်၏ လက်ရှိအခြေအနေအရ ပိုင်မျိုးနွယ်စုသည် မြောက်ပိုင်းကာကွယ်ရေးတံတိုင်းတွင် ဆက်၍ မနေနိုင်တော့ပေ။
သားရဲဒီရေလှိုင်းမှာလည်း ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။
သားရဲများ၏ ခေါင်းဆောင်သည် အသတ်ခံလိုက်ရပြီဖြစ်၍ သားရဲများသည်လည်း ဆုတ်ခွာသွားကြကာ ကြီးမားသော လှုပ်ရှားမှုများလည်း ထပ်မံမတွေ့ရတော့ပေ။
မိစ္ဆာကျင့်ကြံသူများဘက်မှာလည်း အထိနာခဲ့ကြပြီး သားရဲများ ရှင်းလင်းသွားသည်နှင့်အမျှ သူတို့သည်လည်း အရိပ်အယောင်မပြဘဲ ပျောက်ကွယ်သွားကြသည်။
ကောင်းကင်အင်ပါယာ၏ အမြင်တွင်မူ ဤအကျပ်အတည်းမှာ အမှန်တကယ်ပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကြိုတင်ကာကွယ်ရေးတပ်ဖွဲ့များကတော့ ထိုဒေသတစ်ဝိုက်တွင် ရှိနေဆဲဖြစ်သော်လည်း မပြတ်တမ်းတိုက်ခိုက်နေရသည့် သွေးချောင်းစီးကာလကြီးမှာတော့ နိဂုံးချုပ်သွားခဲ့ပြီဖြစ်သည်။
သာမန်အခြေအနေမျိုးတွင်ဆိုလျှင် ပိုင်မျိုးနွယ်စုသည် နယ်စပ်တွင် အထူးတပ်ဖွဲ့များကို အချိန်အနည်းငယ်ကြာအောင် ဆက်လက်ထားရှိမည် ဖြစ်သော်လည်း
ယခုအခါ ပိုင်ကျီဟန်သည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး အပေါ်ယံတွင် အစွမ်းမဲ့သွားပြီဟု ထင်ရသဖြင့် ဦးစားပေးရမည့်အရာများမှာ ပြောင်းလဲသွားခဲ့သည်။
ပိုင်မျိုးနွယ်စုသည် ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။
မျိုးနွယ်စု၏ အဓိကအဖွဲ့ဝင်အများစုသည် ပိုင်ကျီဟန်ကို ကိုယ်တိုင်ကိုယ်ကျ ဝန်းရံစောင့်ရှောက်ရင်း မျိုးနွယ်စုနယ်မြေသို့ ပြန်ရန် ပြင်ဆင်ကြတော့သည်။
မျိုးနွယ်စုအကြီးအကဲများပင်လျှင် သူတို့နှင့်အတူ လိုက်ပါရန် ဆုံးဖြတ်ခဲ့ကြသည်။
ပိုင်ကျီဟန် ဤကဲ့သို့ အခြေအနေဖြစ်နေချိန်တွင် ရန်သူများက အခွင့်ကောင်းယူ တိုက်ခိုက်လာနိုင်သောကြောင့်ဖြစ်သည်။
သူတို့သည် ပိုင်မျိုးနွယ်စုနယ်မြေသို့ ပြန်ရောက်သည့်တိုင်အောင် လမ်းတစ်လျှောက်လုံး သူ့ကို ကာကွယ်ပေးရန် ရည်ရွယ်ထားကြသည်။
ထို့ကြောင့် သူတို့သည် တာဝန်ရှိသူကို အသိပေးရပေမည်။
ပိုင်ထျန်းဟမ်သည် သူတို့ထွက်ခွာမည့်အကြောင်းကို အမတ်ရှုယွမ်ချန်ထံသို့ သွားရောက် အသိပေးခဲ့သည်။
အမတ်ရှုယွမ်ချန်သည်လည်း ကန့်ကွက်ခြင်းမရှိပေ
မည်သို့ပင်ဖြစ်စေ သူတို့ထွက်ခွာရသည့် အကြောင်းရင်းကို သူ မပြောဘဲနှင့်ပင် ခန့်မှန်းမိပြီးသားဖြစ်သည်။
ပိုင်ကျီဟန် ဒဏ်ရာရပြီး ဒုက္ခိတဖြစ်သွားပြီဟူသော ကောလာဟလများကိုလည်း သူ ကြားထားပြီးသား ဖြစ်သည်မဟုတ်ပါလော
ထို့ကြောင့် ဤကိစ္စသည် ပိုင်မျိုးနွယ်စုအတွက် မည်မျှအရေးကြီးကြောင်း စစ်သူကြီးက ကောင်းစွာနားလည်ထားပေရာ သူ တားမြစ်လျှင်ပင် သူတို့နေကြမည်မဟုတ်သည်ကို သိရှိပြီးသားဖြစ်သည်။
ထို့ပြင် ပိုင်မျိုးနွယ်စုသည် သူတို့၏ အင်အားအားလုံးကို ရုပ်သိမ်းသွားခြင်းလည်း မဟုတ်ပေ။
အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များနှင့် မျိုးနွယ်စုအကြီးအကဲများ ပြန်ကြသော်လည်း ကျန်ရှိသောအင်အားအချို့ကိုတော့ ချန်ထားရစ်ခဲ့ကြသေးသည်။
အမှန်စင်စစ် ပိုင်မျိုးနွယ်စုသည် ဤစစ်ပွဲအတွက် သူတို့တတ်နိုင်သည်ထက်ပင် ပို၍ စွမ်းဆောင်ပေးခဲ့ပြီးပြီဖြစ်သည်။
၎င်းတို့၏ စွမ်းဆောင်ချက်ကို မည်သူမျှ ငြင်းပယ်နိုင်မည်မဟုတ်ပေ။
သူတို့သည် သားရဲဒီရေလှိုင်း၏ အကြမ်းတမ်းဆုံးသော ရိုက်ခတ်မှုများကို ရှေ့တန်းမှနေ၍ ရင်ဆိုင်ပေးခဲ့ကြသည်။
မိစ္ဆာအကြီးအကဲ အများစုကိုလည်း သုတ်သင်ပေးခဲ့ကြသည်။
အခြားသူများ တုန်လှုပ်ချောက်ချားနေချိန်တွင် ပြိုလဲလုနီးပါးဖြစ်နေသော စစ်မျက်နှာပြင်ကို တည်ငြိမ်အောင် ထိန်းကျောင်းပေးခဲ့ကြသည်။
ထို့ပြင် ကောင်းကင်အင်ပါယာအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်သည့် ချီလင်းတပိုင်း သားရဲကြီးကိုလည်း သူတို့ပင် ကိုင်တွယ်ဖြေရှင်းပေးခဲ့ကြသည်မဟုတ်ပါလော။
အကယ်၍သာ ပိုင်မျိုးနွယ်စု မရှိခဲ့လျှင် ဆုံးရှုံးမှုများမှာ ခန့်မှန်းရခက်လောက်အောင်ပင် ဆိုးရွားသွားပေလိမ့်မည်။
စစ်သူကြီးရှု ကိုယ်တိုင်ပင်လျှင် သူ၏ ကျေးဇူးတင်ရှိမှုကို လှိုက်လှိုက်လှဲလှဲ ဖော်ပြခဲ့သည်။
စစ်ပွဲပြီးနောက် နောက်ဆက်တွဲကိစ္စများ အားလုံးပြီးစီးပါက အင်ပါယာမှနေ၍ ပိုင်မျိုးနွယ်စုအား ထိုက်ထိုက်တန်တန် ဆုလာဘ်များ ချီးမြှင့်မည်ဖြစ်ကြောင်း သူက ကတိပြုခဲ့သည်။
အထူးသဖြင့် ချီလင်းတပိုင်း သားရဲကြီးနှင့် ပတ်သက်၍ ဖြစ်သည်။
ဤမျှ မြင့်မားသော အဆင့်ရှိသည့် မိစ္ဆာသားရဲကြီးတစ်ကောင်သည် လမ်းလျှောက်နေသော ရတနာတိုက်ကြီး တစ်ခုကဲ့သို့ပင် တန်ဖိုးရှိလှသည်။
၎င်း၏ မိစ္ဆာအမြုတေတစ်ခုတည်းနှင့်ပင် ထိပ်တန်းအဆင့် လက်နက်ပစ္စည်းများ သွန်းလုပ်ရန် သို့မဟုတ် ကျင့်ကြံမှုအတွက် အထောက်အကူပြုပစ္စည်းအဖြစ် အသုံးချရန် အကောင်းဆုံးဖြစ်သည်။
၎င်း၏ အကြေးခွံနှင့် အရေခွံကို မဖျက်ဆီးနိုင်သော ချပ်ဝတ်တန်ဆာများအဖြစ် သန့်စင်သွန်းလုပ်နိုင်ပြီး၊ ၎င်း၏ အရိုးများနှင့် ဦးချိုများမှာလည်း အဆင့်မြင့် လက်နက်ကိရိယာများနှင့် မှော်ပစ္စည်းများအတွက် အကောင်းဆုံး ကုန်ကြမ်းများ ဖြစ်ကြသည်။
ထို့ပြင် ၎င်း၏ အသွေးမှာမူ-
အဖိုးမဖြတ်နိုင်သော အရာပင်ဖြစ်သည်။
ချီလင်းအသွေးသည် အလွန်တရာ ကြီးမားသော သက်စောင့်စွမ်းအားနှင့် သန့်စင်ခြင်း ဂုဏ်သတ္တိများ ရှိပေရာ ဆေးဆရာများနှင့် ခန္ဓာသန့်စင်သူများအတွက် အလွန်ပင် တပ်မက်ဖွယ်ကောင်းလှသည်။
ထိုသားရဲကြီးကို သတ်ဖြတ်ရာတွင် ပိုင်ရမ် သည် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည့်အတွက် ချီလင်းသားရဲ၏ ခန္ဓာကိုယ်
အစိတ်အပိုင်း အများစုသည် ပိုင်ရမ်နှင့် ပိုင်မျိုးနွယ်စုတို့သာ တရားဝင်ပိုင်ဆိုင်ကြောင်းစစ်သူကြီးရှုက အတိအလင်း ပြောကြားခဲ့သည်။
လုပ်ထုံးလုပ်နည်းများ ပြီးဆုံးသွားသည့်နောက်တွင် ပိုင်မျိုးနွယ်စု၏ ဝေဟင်ပျံသင်္ဘောအုပ်စုကြီးသည် နောက်ဆုံး၌ ထွက်ခွာခဲ့ကြလေပြီ။ သင်္ဘောပျံများသည် စနစ်တကျ အစီအစဉ်တကျဖြင့် ကောင်းကင်ယံကို ဖြတ်သန်းကာ ပိုင်ကျီဟန်ကို ပိုင်မျိုးနွယ်စု၏ ဗဟိုနယ်မြေဆီသို့ ပြန်လည်ခေါ်ဆောင်သွားကြသည်။
သင်္ဘောပျံတစ်စင်း၏ အတွင်း၌ ပိုင်ကျီဟန်သည် မျက်လုံးများကို မှိတ်လျက် ငြိမ်သက်စွာ လှဲလျောင်းနေကာ ပြင်ပမှ ကြည့်သူတိုင်းအတွက် သူ၏ အရှိန်အဝါသည် အားနည်းကာ မတည်မငြိမ် ဖြစ်နေ၏။
လောကကြီး၏ အမြင်တွင်မူ သူသည် ဒုက္ခိတဖြစ်သွားသော ပါရမီရှင်တစ်ဦးဖြစ်သည်။
ရန်သူများအတွက်မူ ဇာတ်သိမ်းသွားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
ပိုင်မျိုးနွယ်စုအတွက်မူ ဘယ်လိုပင်ဖြစ်စေ အစွမ်းကုန် ကာကွယ်ရမည့်သူတစ်ဦးဖြစ်သည်။
သို့သော် ပိုင်ကျီဟန် ကိုယ်တိုင်အတွက်မူ-
ဤအခြေအနေသည် ပိုမိုကြီးမားသော အရာတစ်ခု မလာမီ ခေတ္တမျှ ငြိမ်သက်နေခြင်းသာ ဖြစ်သည်။ ကောင်းကင်အင်ပါယာကြီးအတွက် မုန်တိုင်းကြီးတစ်ခုမှာ စတင်အုံ့မှိုင်းနေပြီသာ